← Chapters

ရှစ်ချီလော်

Vol. 110 Ch. 1449

ရှစ်ချီလော်

Vol. 110 Ch. 1449

“ဒီနေ့ ရွှမ်တုက မိစ္ဆာနတ်ဆိုးတွေ ကခုန်နေတဲ့နေရာလို့ ပြောရမယ်”

ချင်မူက ကျဲ့ဟွလီ၊ တျန်းရှုနှင့် ကျန်သူများကို ရွှမ်တု‌ဆီသို့ ခေါ်လာသည်။ ကောင်းကင်နတ်အရှင်များ ဖြတ်သန်းသွားသည်ကို တွေ့မြင်ရသော်လည်း ရှောင်တိမ်းရန် မဖြစ်နိုင်သော်ကြောင့် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ “ကောင်းကင်နတ်အရှင်ဟွေ့ကို အလစ်တိုက်ခိုက်နိုင်မယ့် အခွင့်အရေးကို ရှာဖို့က မဖြစ်နိုင်သလောက်ပဲ…”

ချင်မူမှာ ဤတစ်ကြိမ်လုံး ကောင်းကင်နတ်အရှင်ဟွေ့ကို စိုက်ကြည့်၍ တိုက်ခိုက်နိုင်မည့်အခွင့်အရေး ရှာနေခဲ့ခြင်းဖြစ်သည်။ သို့သော် အချိန်အတော်ကြာ ရှာပြီးသည့်တိုင် မတွေ့သေးချေ။

“မူအာ၊ မင်း ကောင်းကင်နတ်အရှင်ဟွေ့ကိုပဲ တစ်ချိန်လုံး ကြည့်နေလို့မရဘူး.”

သားသတ်သမားက သည်းမခံနိုင်တော့သဖြင့် ဝင်ပြောသည်။ “တခြားကောင်းကင်နတ်အရှင်တွေလည်း အလစ်တိုက်လာနိုင်တယ် ..”

ချင်မူသည် ကောင်းကင်နတ်အရှင်‌ဟွေ့ကိုသာ တစ်ချိန်လုံး စိုက်ကြည့်‌နေသဖြင့် တျန်းရှု၊ ကျဲ့ဟွလီနှင့် လော့ဝူရွှမ်မှာလည်း ဆွံ့အနေကြသည်။ ကောင်းကင်နတ်အရှင်ဟွေ့၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းသည့်အပြင် ဘိုးဘေးနန်းတော်၏ အထွတ်အမြတ်‌တာအိုမီးတောက်က ပံ့ပိုးထားသည်ဆိုလျှင်တောင်မှ သူ့အမြန်နှုန်းမှာ အံ့မခန်းလိလိ မြန်ဆန်နေသေး၏။ သူက မကြာခဏ မီးတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ပျောက်ကွယ်သွားတတ်သည်။

သူသည် ကောင်းကင်နတ်အရှင်ယွဲ့အား လိုက်ဖမ်းနေပြီး သူမကို မသတ်နိုင်မချင်း ရပ်တန့်လိမ့်မည်မဟုတ်ပေ။ အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ယွဲ့သည် သူမ၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား အသက်သွင်းလျက် ကောင်းကင်နတ်အရှင်များအကြား ဖြတ်သန်းသွားလာနေ၏။ သူတို့ကို အပြင်းအထန် ဒဏ်ရာမရစေလျှင်တောင်မှ အတော်လေး ဒုက္ခများစေပေလိမ့်မည်။

ထိုသို့အခြေအနမျိုးတွင် ကောင်းကင်နတ်အရှင်ဟွေ့အား အလစ်တိုက်ဖို့ အခွင့်အရေးရှာရန် မဖြစ်နိုင်ပေ။

ချင်မူသည်လည်း သူ၏အခြေအနေအား သတိထားမိသွားကာ ကောင်းကင်နတ်အရှင်ဟွေ့အပေါ် အာရုံစိုက်နေခြင်းကို လက်လျှော့လိုက်၏။ ထိုအစား သူက ကောင်ကင်နတ်အရှင်တစ်ပါးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို လေ့လာနေသည်။

“ကောင်းကင်နတ်အရှင်ဟုန်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ‌နတ်အရှင်မချန်း၊ ရှစ်ချီလော်တို့ထဲမှာ ကောင်းကင်နတ်အရှင်ဟုန်က အစွမ်းထက်လွန်းတယ် … သူ့လက်ကို ဖြတ်ပြီးသွားပြီဆိုတော့ သူ့အပေါ် အခွင့်ကောင်းယူချင်ရင် သူဒဏ်ရာရနေတဲ့အချိန် ကောင်းကင်တာအိုလက်နက်တွေ ခိုးယူလို့ရတယ် … ကျွန်တော်တို့အလစ်တိုက်ဖို့ကတော့ အတော်လေး ခက်ခဲမှာ…. အရင်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပေမယ့် အခု သူက ပြင်ဆင်ထားတယ်ဆိုတော့ အလစ်တိုက်မှပဲ သူ့ကို သတ်နိုင်လိမ့်မယ်…”

“ကောင်းကင်နတ်အရှင်ဟွေ့ကတော့ အခု လက်ရှိ အများဆုံး လှုပ်ရှားနေတဲ့တစ်ယောက်ပဲ… ဒါပေမဲ့ သိသာအောင် မနေဘူး ... ‌ကောင်းကင်နတ်အရှင်ယွဲ့ကို လိုက်ဖမ်းနေပေမယ့် မသတ်သေးဘူး…. အလုပ်ရှုပ်နေတာပဲရှိတယ်… ဒီလိုနည်းနဲ့ သူ ကောင်းကင်နယ်စားမင်းကို ပထမဆုံး တိုက်ခိုက်စရာ မလိုတော့ဘူး…. ကျွန်တော်တို့ သူ့ကို တိုက်ခိုက်ချင်ရင် အခုအချိန်မှာ အခွင့်အရေး မရှိသေးဘူး…”

“လန်ရွမ်ရဲ့ အတိုက်အခိုက်စွမ်းရည်တွေက ပြင်းထန်လွန်းတယ် … ပြီးတော့ ကျွန်တော်တို့ နတ်အရှင်မချန်းရဲ့ နတ်ဓားမနှစ်လက်ကိုလည်း ခံနိုင်ရည်မရှိဘူး…. အခု တွေးကြည့်တော့မှ အရှင်မယွမ်မုက အလစ်တိုက်ဖို့ အကောင်းဆုံးသူပဲ…”

ချင်မူက မျက်တောင်ခတ်လိုက်ပြီး သူ့အကြည့်သည် ရှစ်ချီလော်ဆီသို့ ရောက်ရှိသွား၏။

ကောင်းကင်နတ်အရှင်များအကြားတွင် ရှစ်ချီလော်၏ မှော်စွမ်းအင်မှာ အားအနည်းဆုံးဖြစ်ပြီး သူ့အတိုက်အခိုက်စွမ်းရည်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအပေါ် အများဆုံး မူတည်နေ၏။ သို့သော် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်လျှင်တောင်မှ သူ့ခန္ဓာကိုယ်အပေါ် အလွယ်တကူ မထိန်းချုပ်နိုင်ပေ။

ထို့အပြင် ချင်မူတို့က ဓားမလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၀ ဘုံ အထိ ရောက်နေသည့်အတွက် ကောင်းကင်တာအိုနှင့် ကောင်းကင်မိစ္ဆာ၏ အထောက်အပံ့နှင့်အတူ ‌ရှစ်ချီလော်ကို အပြင်းအထန် ဒဏ်ရာရရန် ဖြစ်စေနိုင်သည်။

“ရှစ်ချီလော်က အရှင်မယွမ်မုရဲ့ လူဝင်စားခွေးမလေးပဲ …. ဒီခွေးမလေးက ငါနဲ့ဘာမှမဆိုင်ဘူ’… ဘာမှကိုမဆိုင်ဘူး”

ချင်မူ စိတ်ပိုင်းဖြတ်လိုက်သည်။ သူနှင့် အရှင်မယွမ်မုသည် တစ်လောကလုံးကို ဖရိုဖရဲဖြစ်မနေမည်ကို စိုးရိမ်ကြသူများ မဟုတ်လော။ တစ်လောကလုံး ဖရိုဖရဲဖြစ်နေသည့်အချိန် ကောင်းကင်နတ်အရှင်များနှင့် ကောင်းကင်နတ်ဘုံ ဖရိုဖရဲမဖြစ်မည်ကို ချင်မူ စိုးရိမ်လေသည်။

ကောင်းကင်နယ်စားမင်းကို ဖယ်ရှားရမည့်အရေးနှင့် ပတ်သက်လာလျှင် အရှင်မယွမ်မုနှင့် ကောင်းကင်နတ်အရှင်ဆယ်ပါးစလုံးသည် စိတ်တူကိုယ်တူ ဖြစ်ကြ၏။

ဤအခိုက်အတန့်တွင် ရှစ်ချီလော်က ကောင်းကင်နယ်စားမင်း ထိန်းချုပ်ထားသော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် မနီးမဝေးသို့ ရောက်နေသည်။ ဤ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကား ရှေးဟောင်းနတ်ဘုရားဘုရင်၏ ကောင်းကင်လက်နက်များထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ၎င်းမှာ ရွှမ်တု ကောင်းကင်တာအို၏ ဖိနှိပ်ခြင်းခံခဲ့ရသည့်အချိန်၌ ကောင်းကင်နယ်စားမင်း သူတို့ကို တိုက်ခိုက်ရန် အသုံးပြုသော ကောင်းကင်လက်နက်တစ်ခု ဖြစ်လာခဲ့လေသည်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးသူမှာ ရှစ်ချီလော်ဖြစ်၍ သူ ဤတစ်ကြိမ် ရောက်လာခဲ့ခြင်းမှာ ဤ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအပေါ် ဖိနှိပ်ရန်ပင်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်။ သူက ကောင်းကင်တာအိုစွမ်းအားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်၏။ လက်တစ်ဖက် ဝှေ့ရမ်းလိုက်ရုံဖြင့် ကောင်းကင်လက်နက် ၄၉ ခုလုံး၏ နတ်စွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။

သို့သော် သူ့ကို တိုက်ခိုက်နေသည့် နတ်ဧကရာဇ်လန်ရွှမ်မှာလည်း အတော်လေး စွမ်းအားကြီးပေသည်။ ထိုက်ချူတာအို၏ နတ်စွမ်းအားက သူ့လက်များတွင် ကိန်းဝပ်ပါဝင်နေသောကြောင့် ရိုးရှင်းသည့် နတ်ဘုရားလက်ချောင်း သိုင်းကွက်သာ မဟုတ်တော့ပေ။

သူ၏ နတ်ဘုရားလက်ချောင်းသည် အစက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် အင်အားအကြီးဆုံး ကောင်းကင်လက်နက်တစ်ခု ဖြစ်ခဲ့၏။ လက်ချောင်းတစ်ချောင်းတည်းသာ ဖြစ်သော်လည်း စွမ်းအားကတော့ အံ့မခန်းလိလိ ထူးကဲသည်။ အသန်မာဆုံး ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် နာမည်ကြီးသည့် မဟာဧကရာဇ်ပင်လျှင် သူ့လက်ချောင်းတစ်ချောင်းကို ခံနိုင်ရည်မရှိပေ။

ယခုတွင် နတ်ဧကရာဇ်လန်ရွှမ်မှာ ထိုက်ချူတာအိုကို မတူညီသော တာအိုအဆင့်များတွင် သိမြင်နားလည်ပြီးဖြစ်သည်။ ထို့ကြောင့် ဤကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် တိုက်ခိုက်ရာ၌ အရေးနိမ့်မနေပေ။

နဂါးငွေ့တန်းအထက် ရွှမ်တုအာကာပြင်ကျယ်အတွင်း၌ သူတို့နှစ်ယောက် ပြသနေသည့် အတိုက်အခိုက်စွမ်းရည်တို့မှာ အခြားကောင်းကင်နတ်အရှင်များကိုပင် အံ့ဩမှင်သက်နေစေသည်။ အာကာပြင်ကျယ်ထက်ရှိ နဂါးငွေ့တန်းမှာ သူတို့နှစ်ယောက်ကြောင့် ကျိုးပျက်ကုန်ပြီး မရေမတွက်နိုင်သော ‌ဂြိုဟ်များလည်း ပေါက်ကွဲသွားကြသောကြောင့် နေလုံးများပင်လျှင် နေရာရွေ့ကုန်သည်။ နဂါးငွေ့တန်းသည်ပင် သူတို့နှစ်ယောက်ကြောင့် နှစ်ပိုင်းပြတ်သွားတော့သည်။

“လန်ရွှမ်က ဘယ်တုန်းက ဒီလောက်အစွမ်းထက်လာတာလဲ … အခု ငါတို့ သူ့ကို ဖိနှိပ်ရတော့မယ်”

ရှစ်ချီလော်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဆီသို့ စိုက်ကြည့်နေသည်။ သူသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ နတ်ဧကရာဇ်လန်ရွှမ်အပေါ် ဒဏ်ရာရစေပြီးနောက်မှ ကောက်းကင်လက်နက်အား ဖိနှိပ်ရန် ပြင်ဆင်ထား၏။

နတ်ဧကရာဇ်လန်ရွှမ်၏ အတိုက်အခိုက်စွမ်းရည်မှာ ပိုပို၍ မြင့်တက်လာပြီး ထိုက်ချူ၏ နတ်စွမ်းရည်မှာလည်း ပိုပို၍ အားကောင်းသည်။ သူကား အချိန်တိုအတွင်း လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်း ၂၈ ကွက်ကို ပြသခဲ့လေရာ ရှစ်ချီလော်၏ မျက်လုံးထောင့်များ တွန့်သွားတော့သည်။

“သူက ဘယ်လိုလုပ် လမ်းစဉ်ထဲ ဒီလောက် မြန်မြန် ၀င်သွားရနိုင်တာလဲ… ခိုင်ဧကရာဇ် တာအိုကျင့်စဉ်စနစ်ကို ဖြန့်ဝေပေးခဲ့တာ ဆယ်နှစ်ကျော်ပဲ ရှိသေးတယ်… ဒါပေမဲ့ သူက ဒီအဆင့်အထိတောင် ကျင့်ကြံပြီးနေပြီ…. သူ့ရန်သူတော် ထိုက်ချူတောင် ဒီလိုသိမြင်နားလည်မှုမျိုး မရှိဘူးမလား…”

ရှစ်ချီလော်က မျက်တောင်ခတ်လိုက်ပြီး သူ့နှလုံးသားထဲတွင် ခါးသီးလာသည်။ “နတ်ဘုရင်ကုန်းယွင်ရဲ့ မျိုးဆက်က တခြားမျိုးဆက်ထက် ပိုကောင်းတာများလား…”

သူ့အကြည့်က နတ်ဧကရာဇ်လန်ရွှမ်၏ ဦးခေါင်းအနောက်ရှိ ရောင်ခြည်တော်စက်ဝန်းအပေါ် ကျရောက်သွားသည်။ မဟာကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမအထက်ရှိ ကောင်းကင်ထဲတွင် ရိုးရိုးရှင်းရှင်း သစ်သီးတစ်လုံး မျောလွင့်နေသည်။

သစ်သီးသည် ရှုံ့တွနေပြီး အရောင်အဆင်း မရှိပေ။ သို့သော်လည်း ဆက်လက်လှည့်ပတ်နေ၏။

တာအိုသစ်သီး လှည့်ပတ်နေသည်နှင့်အမျှ နတ်ဧကရာဇ်လန်ရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်အရှိန်အဝါတို့မှာလည်း ပိုမိုအားကောင်းလာသည်။ သူအနေဖြင့် တာအိုအဆင့်ကို အချိန်မရွေး တက်လှမ်းနိုင်ကာ တာအိုအဆင့်၏ ၂၉ ခုမြောက် ကောင်းကင်ဘုံသို့ ‌ရောက်နိုင်လိမ့်မည်ဟု အားလုံး ခံစားနေရ၏။

“အဲ့ဒါဘာကြီးလဲ”

ရှစ်ချီလော်မှာ တာအိုသစ်သီးကို သတိမထားမိဘဲ အခွင့်အရေးကို စောင့်နေဆဲဖြစ်သည်။ ရုတ်တရက် နတ်ဘုရားစီရင်ရာစင်မြင့်တစ်ခုက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် နတ်ဧကရာဇ်လန်ရွှမ်အကြားသို့ ရောက်ချလာသည်။ နတ်အရှင်မချန်းက စင်မြင့်ပေါ်တွင် ရပ်လျက် တခစ်ခစ် ရယ်နေ၏။ “လန်ရွှမ်၊ ငါ နင့်ကို ကူညီဖို့ ရောက်လာတာ..”

သွေးနီရောင်အလင်းတန်းနှစ်တန်းက နတ်ဘုရားစီရင်ရာစင်မြင့်မှ ထွက်ပေါ်လာသည်။ ရှစ်ချီလော်မှာ ဒေါသမထိန်းနိုင်တော့ဘဲ ပေါက်ကွဲတော့သည်။ “မဟာဧကရာဇ်၊ မြေနိုး… ငါ့ ကောင်းကင်လက်နက်ကို ဖျက်ဆီးချင်တယ်ပေါ့…”

သူမမှာ စိတ်မထိန်းနိုင်တော့ဘဲ ကောင်းကင်နယ်စားမင်း လုယူသွားခဲ့သော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအပေါ် ပြန်လည်ထိန်းချုပ်ချင်လာ၏။ ကောင်းကင်နတ်အရှင်ဆယ်ပါးလက်ထဲရှိ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ သူမကိုယ်ပိုင်ဖြစ်သည်။ အခြားကောင်းကင်နတ်အရှင်များကို သတ်ဖြတ်ရန် သူမ၏ ဝှက်ဖဲလည်း ဖြစ်လေသည်။

ယခုတွင် သူမလက်ထဲရှိ ကောင်းကင်လက်နက်မှာ နတ်အရှင်မချန်းကြောင့် ဖျက်ဆီးခံရတော့မည်ကို တွေ့နေရသဖြင့် ဒေါသူပုန်ထနေတော့၏။

အခြားတစ်ဖက်တွင် နတ်‌ဧကရာဇ်လန်ရွှမ်မှာလည်း အမျက်ချောင်းချောင်း ထနေတော့သည်။ နတ်အရှင်မချန်းသည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို တိုက်ခိုက်ပုံပေါ်နေသော်လည်း အမှန်တကယ်တွင် သူ့ကိုပါ သတ်ဖြတ်ရန် ကြံစည်နေခြင်းပင်။

ထိုမျှသာမက အဆိုးရွားဆုံးအချက်မှာ နတ်အရှင်မချန်း၏ နတ်‌ဓားမနှစ်လက်မှာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ချိန်ရွယ်ထားခြင်းဖြစ်၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ခုတ်ပိုင်း၍ ကောင်းကင်တာအိုကို စုပ်ယူလိုက်ပါက သူမ၏စွမ်းအားကား တဟုန်ထိုး တိုးတက်သွားပေလိမ့်မည်။ နောက်တခဏ၌ သူမက ‌လန်ရွှမ်၏ လည်ပင်းအား ဖြတ်တောက်ပေလိမ့်မည်။

သူသာ ရှောင်လိုက်ပါက သူ့အနောက်ရှိ မဟာကောင်းကင်နတ်ဘုံမှာလည်း ရှောင်တိမ်းနိုင်မည်မဟုတ်ဘဲ ‌မဟာကောင်းကင်နတ်ဘုံထဲရှိ တာအိုသစ်သီးအနေဖြင့်လည်း ခုတ်ပိုင်းခံရပေလိမ့်မည်။

“မဟာဧကရာဇ်က တာအိုသစ်သီးကို မှတ်မိနေတာပဲ...”

‌နတ်ဧကရာဇ်လန်ရွှမ်မှာ ချက်ချင်း နတ်အရှင်မချန်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ သူက စိတ်ထဲမှ ‌တွေးနေ၏။ ‘သူက ငါ တာအိုအဆင့်ရဲ့ ၂၉ ခုမြောက် ကောင်းကင်ဘုံဆီ သွားမှာကို တားဆီးချင်နေရုံတင် မဟုတ်ဘဲ ငါ့တာအိုလမ်းစဉ်အခြေခံကိုပါ ဖျက်ဆီးပစ်ချင်နေတာပဲ…”

သူ၏မှော်စွမ်းအင်သည် ရုတ်တရုက် ပြောင်းလဲသွားပြီး ထိုက်ချူကောင်းကင်နတ်သိုင်း ၂၈ ခုက အဆက်မပြတ် ပေါက်ကွဲထွက်လာသည်။ သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတင်မကဘဲ နတ်ဘုရားစီရင်ရာစင်မြင့်အထက်ရှိ နတ်အရှင်မချန်းကိုပါ တိုက်ခိုက်လိုက်၏။

ရှစ်ချီလော်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ချက်ချင်း ထိန်းချုပ်၍ ကောင်းကင်တာအိုစွမ်းအားကို ခိုးယူလိုက်သည်။ သူ့မှာ ဤကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ လက်ထဲရှိ ကြောက်မက်ဖွယ်ရာ အဆုံးမဲ့စွမ်းအားကို တမုဟုတ်ချင်း ခံစားလိုက်သဖြင့် ပျော်ရွှင်၀မ်းမြောက်သွားတော့သည်။ “ငါတော့ ရွှမ်တုကို အချိန်ကိုက် ရောက်လာခဲ့တာပဲ… မဟာဧကရာဇ်၊ နတ်ဧကရာဇ်လန်ရွှမ်၊ နင်တို့ သေဖို့သာ ပြင်ထားတော့”

သူကား ဒေါသူပုန်ထနေလေသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ကွက်ကြား ကြားညပ်သွားသည်။ သူ့မှာ နောက်တခဏတွင် သေဆုံးရတော့မည်ကို ကြောက်ရွံ့လာ၏။ သူ့အနေဖြင့် ကောင်းကင်တာအို၏ စွမ်းအားကို စုပ်ယူလျှင်တောင်မှ ကိုယ်ပိုင်ကျင့်စဉ်စွမ်းအင်အဖြစ် အချိန်မီ ပြောင်းလဲနိုင်မည်မဟုတ်ပေ။

“ငါ ဘယ်လောက် ကြောက်ဖို့ကောင်းသလဲ နင်တို့ မသိပါဘူး... ”

All Chapters