← Chapters

ဟင်းလင်းပြင်ကို ချိုးဖျက်ခြင်း

Vol. 110 Ch. 1450

ဟင်းလင်းပြင်ကို ချိုးဖျက်ခြင်း

Vol. 110 Ch. 1450

ရှစ်ချီလော်က သူ့စွမ်းအားကို ထုတ်ဖော်လိုက်သဖြင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသုံးယောက်သည် သူ့ရတနာသေတ္တာထဲမှ ကောင်းကင်သို့ ပြေးတက်သွား၏။ သူတို့က ကောင်းကင်နတ်မြစ်ပေါ်တွင် အလျင်အမြန် ကြီးမားလာကြကာ တခဏအတွင်း စွမ်းအားအပြည့်အ၀ကို ထုတ်ဖော်လိုက်သည်။

၎င်းတို့ထဲမှ ‌တချို့သော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီများမှာ ကောင်းကင်နတ်အရှင်ဟောင် ရောက်လာသကဲ့သို့ မွေးရာပါချီတို့ဖြင့် ၀န်းရံခံထားရ၏။ တချို့ဆိုလျှင် နတ်အရှင်မချန်းကိုယ်တိုင် ထိန်းချုပ်နေသကဲ့သို့ အသိစိတ်အလျဉ်တာအိုများဖြင့် ပြည့်နှက်နေသည်။ တချို့မှာ ကောင်းကင်နတ်အရှင်ဟွေ့ ထိန်းချုပ်နေသကဲ့သို့ ကောင်းကင်မီးတောက်တို့ဖြင့် ဟုန်းဟုန်းတောက်နေလေသည်။

နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ရပ်နေသည့် နတ်အရှင်မချန်းမှာ ၎င်းမြင်ကွင်းကို မြင်ရသည့်အခါ အံ့အားသင့်နေသည်။ “ဒီမိန်းမယွမ်မု ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးခဲ့တုန်းက ဟာကွက်တွေ ချန်ထားခဲ့တာပဲ … ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို သုံးတဲ့သူတိုင်း ကောင်းကင်နတ်သိုင်း အသုံးပြုရင် သူက လှမ်းကြည့်နိုင်တယ်…. ငါလည်း တစ်ခါသုံးခဲ့ဖူးတော့ ငါ့ကောင်းကင်နတ်သိုင်းနဲ့ သိုင်းကွက်တွေကို သိသွားခဲ့တာနေမှာ…”

ဝုန်း….

ကောင်းကင်နတ်အရှင်နှစ်ပါးနှင့် ကောင်းကင်လက်နက်လေးခု ထိတိုက်သွားကြသည်။ တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် လှိုင်းဂယက်များက အဝေးရှိ ကောင်းကင်နတ်မြစ်အား လှိုင်းလုံးများထန်လာစေ၏။

ရှစ်ချီလော်က ကောင်းကင်နတ်မြစ်၏ အပိုင်းတစ်ပိုင်းအပေါ်တွင် ရပ်ကာ ကောင်းကင်လက်နက်ကို ထိန်းချုပ်နေသည်။ သူက အံတင်းတင်းကြိတ်ထားရင်း လှုပ်ရှားနေသော်လည်း ဤအခိုက်အတန့်တွင် အန္တရာယ်ကို ဖျဉ်းခနဲ ခံစားလိုက်ရ၏။ ကပျာကယာ ကောင်းကင်အမြင့်သို့ ပျံတက်လိုက်သည့်အချိန် ဓားမရောင်တစ်ချက်က သူ၏လည်ပင်းကို ရွှစ်ခနဲ ဖြတ်သွားသည်။

ရှစ်ချီလော်၏ စုတ်ဖွားဖွား ဦးခေါင်းကြီး လေထဲတွင် လွင့်ထွက်သွားလေသည်။ ကောင်းကင်ရတနာနယ်ပယ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို သူ တွေ့မြင်လိုက်ရ၏။ ချင်မူ၊ တျန်းရှုနှင့် မျက်နှာဖုံးဝတ် လူငါးယောက်က နယ်ပယ်အတွင်း၌ ရပ်နေကာ ဓားမလတစ်လက်ဖြင့် သူ့ခေါင်းကို ပိုင်းဖြတ်လိုက်ခြင်း ဖြစ်သည်။

“ဒီ ခွေးကောင်လေးက‌တော့”

ရှစ်ချီလော်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်သည်။ ချင်မူနှင့် အခြားသူများမှာ အနက်ရောင်အ၀တ်များဖြင့် ဖုံး ထားသည့်တိုင် သူသည် ချင်မူ့ကို မှတ်မိနေ၏။ သူက ခေါင်းပြတ်ခန္ဓာကိုယ်ကို ချက်ချင်း ထိန်းချုပ်ရင်း ရတနာသေတ္တာကို သယ်ကာ ထွက်ပြေးတော့သည်။

ရတနာသေတ္တာ နောက်တစ်ကြိမ် ဖွင့်လာပြီး ထိုအထဲရှိ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ပါး ပျံထွက်လာရန် ပြင်နေစဉ် ဓားမက ထပ်ခုတ်လိုက်ပြန်သည်။

ဓားမရောင်က ထွက်ပေါ်လာကာ ရတနာသေတ္တာကို လွှမ်းခြုံသွားသည်။ ချင်မူ ၎င်းကို လှမ်းဆွဲတော့မည့်အချိန်၌ ရှစ်ချီလော်၏ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးမှာ တဂျွတ်ဂျွတ် မြည်လာကာ နတ်ကျောက်တုံးများဖြင့် ဖွဲ့တည်ထားသည့် ခန္ဓာကိုယ်ကြီးသဖွယ် ရုတ်တရက် နှစ်ခြမ်းကွဲသွားကြောင်း တွေ့လိုက်ရ၏။

ရှစ်ချီလော်၏ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးက အနှိုင်းမဲ့အောင် ထူးကဲ‌သော ကောင်းကင်လက်နက်တစ်ခုကဲ့သို့ ပြောင်းလဲနေသည်ကို ‌တွေ့မြင်ရသောအခါ ချင်မူနှင့် အခြားသူများမှာ အံ့အားသင့်နေကြသည်။ ၎င်းက အလွန်တရာ ရှုပ်ထွေးလှသည့်အပြင် တခဏအတွင်း နှိုင်းမရနိုင်အောင် ကြီးမားသော ကောင်းကင်လက်နက်တစ်ခု ဖြစ်လာချေပြီ။

‘ဒုက္ခပဲ… ရှစ်ချီလော်က ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ သခင်လေ… ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ စွမ်းအား ငှားပြီး သူ့ကိုယ်သူ အသွင်ပြောင်းနေပြီပဲ…”

ချင်မူ သေတ္တာဆီသို့ လှမ်းလိုက်သည့်အခါ ရှစ်ချီလော်၏ ခေါင်းပြတ်ကြီးက ရှုပ်ထွေးလှသော ကောင်းကင်လက်နက်၏ အလယ်ဗဟိုသို့ ကျရောက်လာခဲ့ပြီဖြစ်သည်။ ကောင်းကင်လက်နက်သည် ဝုန်းခနဲ အသက်၀င်လာပြီး မီးတောက်များ တဟုန်းဟုန်း ထတောက်လာကာ ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းအနောက်ရှိ မီးလျှံရောင်ခြည်တော်စက်ဝန်းသဖွယ် ‌ဖွဲ့တည်လိုက်၏။‌ ကောင်းကင်လက်နက်မှာ တာအိုမီးလျှံဘိုးဘေးနယ်မြေကဲ့သို့ပင်။

ဝုန်း..

အဆုံးအစမဲ့သော တာအိုမီးလျှံတို့က ပြေး၀င်လာပြီး အရာအားလုံးကို အငွေ့ပျံသွားစေသည်။

‘အရှင်မယွမ်မုရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်‌တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက တကယ်ကို ထူးကဲတာပဲ…”

ချင်မူမှာ ရှစ်ချီလော်၏ ရတနာသေတ္တာကို လက်လျှော့ရန်ပင် ရွေးချယ်စရာမရှိတော့ပေ။ တာအိုမီးလျှံ သူ့ခန္ဓာကိုယ်သို့ လှမ်းမဟပ်နိုင်ခင် သူက ဟင်းလင်းပြင်ကို ခုတ်ဖွင့်၍ ဟင်းလင်းအလွှာ ၃၀ ထဲသို့ အလျင်အမြန် ၀င်သွားသည်။

တာအိုမီးလျှံများကလည်း တဝှီးဝှီး လောင်ကျွမ်းလျက် ဟင်းလင်းပြင်ကို ဝါးမြိုလိုက်၏။

ကျွဲ့ဟွလီက အလန့်တကြား ထအော်သည်။ “ဒီရှစ်ချီလော်ရဲ့ သိုင်းကွက်တွေကြောင့် ရှင်းအန်းကိုတောင် သတိရတယ်… ရှင်းအန်းရဲ သိုင်းကွက်တွေကလည်း ဒီလိုပဲ ထူးဆန်းတယ် … သူက နောက်ထပ် ရှစ်ချီလော်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်…”

တျန်းရှုနှင့် လောဝူရွှမ်တို့မှာ ရှင်းအန်း မည်သူလဲ မသိသဖြင့် သိပ်တွေးမနေကြပေ။ အခြားတစ်ဖက်တွင် သားသတ်သမားမှာတော့ ရှင်းအန်းအကြောင်း စေ့စေ့ငင အကုန်သိထား၏။ ‘ကျဲ့ဟွလီပြောတာ မှန်တယ်… ရှင်းအန်းရဲ့ သိုင်းကွက်တွေက တကယ်ကို ရှစ်ချီလော်နဲ့ ဆင်တာပဲ…. သူတို့က မတူညီတဲ့ လမ်းစဉ်တွေ ဆိုပေမယ့် ရည်ရွယ်ချက်တူကြတယ်…’

‘အရှင်မယွမ်မုက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်အပေါ် ထိန်းချုပ်ရတာကနေ အကျိုးအမြတ်တွေ အများကြီးရနေတာပဲ… ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတိုင်းမှာ လျှို့ဝှက်ချက် ရှိတယ်…. သူက အဲဒီကနေတစ်ဆင့် တခြားကောင်းကင်နတ်အရှင်တွေရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေအပြင် ကျင့်ကြံခြင်းနည်းလမ်းတွေကို ခိုးထောက်လှမ်းနေတာ…. တခြားကောင်းကင်နတ်အရှင်တွေ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို အပြည့်အ၀ အသုံးပြုတာနဲ့ သူ ထောက်လှမ်းတာကို ခံရလိမ့်မယ်…’

ချင်မူက ရှစ်ချီလော်၏ ခန္ဓာကိုယ် ပြန်လည်ဖွဲ့တည်နေသည်ကို ပြန်လှည့်ကြည့်နေသည်။ ချက်ချင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြောင်း မြင်လျှင် အံ့ဩမှင်သက်စွာ စုတ်တစ်ချက် သပ်လိုက်၏။

ထိုအခိုက်အတန့်တွင် နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်ကြီး ပေါက်ကွဲထွက်လာသည်။ ၎င်းက နတ်အရှင်မချန်း၏ နတ်ဘုရားစီရင်ရာစင်မြင့်မှ နတ်ဘုရားစီရင်ရာဓားမ၊ နတ်ဧကရာဇ်လန်ရွှမ်၏ နတ်ဘုရားလက်ချောင်း ကောင်းကင်နတ်သိုင်းနှင့် ရှစ်ချီလော်၏ ‌ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီလေးယောက်တို့ ထိ‌ပ်တိုက်တွေ့သွားကြခြင်းဖြစ်၏။

ဤလှိုင်းဂယက်က ဟင်းလင်းပြင်အလွှာ ၃၀ အထိ ရောက်လာသောကြောင့် သူတို့၏ခန္ဓာကိုယ်အား ဟန်ချက်မထိန်းနိုင် ဖြစ်သွားစေသည်။

နတ်အရှင်မချန်းမှာ သွေးတို့ဖြင့် ရွှဲရွှဲစိုနေတော့သည်။ လန်ရွှမ်၏ သိုင်းကွက်များနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ခုက သူမ၏ခန္ဓာကိုယ်ကို နတ်ဘုရားစီရင်ရာစင်မြင့်မှ လွင့်ထွက်သွားစေသည်။

သို့သော် သူမ၏ နတ်ဘုရားစီရင်ရာဓားမနှစ်လက်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ပါး၏ ခါးကို ခုတ်ပိုင်းလိုက်၏။ သူတို့က အထဲရှိ ကောင်းကင်တာအိုကို စုပ်ယူလိုက်သဖြင့် စွမ်းအားမှာ အဆပေါင်းများစွာ ခုန်တက်သွားတော့သည်။

နတ်‌ဧကရာဇ်လန်ရွှမ်၏ ဦးခေါင်းနောက်ရှိ ကောင်းကင်နန်းဆောင်များမှာ ခုတ်ပိုင်းခံလိုက်ရသည့်အလျောက် သူ့တာအိုသစ်သီးမှာလည်း ပျက်စီးသွား၏။ တာအိုသစ်သီးထဲရှိ အဆီအနှစ်နှင့် ချီတို့မှာ အဆက်မပြတ် စိမ့်ထွက်နေကြလေသည်။

နတ်ဧကရာဇ်လန်ရွှမ်မှာ သွေးဆာနေသော်လည်း ကောင်းကင်လက်နက်နှစ်ခု၏ အလစ်တိုက်မှုကြောင့် သူ့ကျောတွင် သွေးတို့ ရဲရဲနီသွားသည်။ အရိုးအကြောတို့လည်း ကျိုးပဲ့သွားပြီး သွေးများက သူ့ပါးစပ်မှ ပန်းထွက်ကာ ရှေ့သို့ လဲကျသွားသည်။

ရှစ်ချီလော်၏ ဦးခေါင်းမှာ ချင်မူ့အလစ်တိုက်ကွက်ကြောင့် ဖြတ်တောက်ခံလိုက်ရ၍ ကောင်းကင်လက်နက်များအပေါ် အသေအချာ မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် နတ်ဧကရာဇ်လန်ရွှမ်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ယောက်အား လက်ညှိုးလှမ်းထိုးကာ ဦးခေါင်းပေါက်ကွဲသွားစေသည်။

ရှစ်ချီလော်၏ ဦးခေါင်းမှာလည်း ချင်မူ့ဓားမကြောင့် ပြတ်ထွက်သွားသည့်အပြင် တာအိုဒဏ်ရာများမှာ မသက်သာသေးပေ။ ဦးခေါင်းနှင့်ခန္ဓာကိုယ်ကို မူလသွင်ပြင်အထိ ပြန်လည်မတည်ဆောက်နိုင်သေးချေ။

ယခုတွင် ကောင်းကင်နတ်အရှင်သုံးပါး အမှန်တကယ် ဒဏ်ရာရသွားပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီလေးယောက်ထဲမှ နှစ်ယောက် အမှန်တကယ် ပျက်စီးသွားချေပြီ။

'ဒါက ကောင်းကင်နတ်အရှင်သုံးပါးကို ဒဏ်ရာအပြင်းအထန်ရစေဖို့ အခွင့်ကောင်းပဲ…’

ချင်မူမှာ ပြောပြမရနိုင်အောင် စိတ်လှုပ်ရှားနေသောကြောင့် ခြေထောက်ကို လှုပ်ရှားကာ သူတို့လေးယောက်အား စစ်မြေပြင်သို့ ပြန်လည်‌သယ်ဆောင်သွားသည်။

“မူအာ၊ မရဘူး”

“ကောင်းကင်နတ်အရှင်မူ၊ မရဘူး…”

“ဂိုဏ်းသခင်ချင်၊ မရဘူး...”

သားသတ်သမား၊ လော့ဝူရွှမ်၊ တျန်းရှုနှင့် ကျဲ့ဟွလီတို့က လက်ဆန့်တန်း၍ ချင်မူ့ပခုံးကို လှမ်းဖိထားကြသည်။ သူတို့မျက်နှာအမူအရာများမှာ တည်ကြည်လေးနက်နေကြ၏။ ရှစ်ချီလော်ကို တစ်ကြိမ်တိုက်ခိုက်နိုင်သော်လည်း ဒုတိယတစ်ကြိမ်ကတော့ သေကြောင်းကြံနေသည်နှင့်သာ တူလိမ့်မည်။

ကောင်းကင်နတ်အရှင်သုံးပါးသည် တစ်ယောက်နှင့်တစ်ယောက် မတည့်ကြသော်လည်း ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ ဘုံရန်သူ ရှိကြလေသည်။ ချင်မူမှာ ယခုတွင် ‌လောဘကြောင့် စုံလုံကန်းနေသဖြင့် သူတို့ကိုသာ လွှတ်ချလိုက်ပါက ကောင်းကင်နတ်အရှင်သုံးပါးကြောင့် တစ်ချက်တည်း သေသွားပေလိမ့်မည်။

ချင်မူလည်း အဓိက အ‌ရေးကြီးသည့် တစ်ချက်ကို ချက်ချင်း ‌တွေးမိသွားသည့်အတွက် ရပ်တန့်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ‌တောက်ပသော အလင်းရောင်တစ်ရောင်က ဟင်းလင်းပြင်ထက်တွင် ရုတ်တရက် ပေါ်လာလေသည်။

သူတို့ငါးယောက်မှာ ကြောင်အသွားကြသည်။ ၎င်းက ကောင်းကင်နယ်စားမင်း၏ လက်ဖဝါးဖြစ်ပြီး ကြယ်အလင်းရောင်က အသွင်သဏ္ဍာန်ဖွဲ့ကာ ဧရာမလက်ကြီးတစ်လက် ‌ဖြစ်ပေါ်လာ၏။

လက်ဖဝါးက လှုပ်ရှားသွားပြီး ကောင်းကင်တာအို ၄၉ ခု ၏ တာအိုအသံများကို ထုတ်လွှတ်နေသည်။ အသံသည် တစ်ချိန်တည်းမှာပင် အနှိုင်းမဲ့အောင် နား၀င်ချိုနေလေသည်။

ကောင်းကင်နယ်စားမင်း၏ လက်က လွှဲရမ်း၍ လျှောကျလာသည်။

ဝုန်း… ဝုန်း… ဝုန်း…

၎င်းက ဟင်းလင်းပြင်အလွှာ ၃၅ လွှာကို အဆက်မပြတ် ဖောက်ထွက်လာပြီး အံ့မခန်းလိလိ အင်အားကို သယ်ဆောင်ကာ ကောင်းကင်နတ်အရှင်သုံးပါးကို တိုက်ခိုက်လိုက်၏။

လက်ဖဝါးကြီး ချင်မူနှင့် ကျန်သူများ၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည့်အခါတွင် လက္ခဏာများကိုပင် မြင်နေရသည်။ ၎င်းတို့က ကမ္ဘာခေတ်နှောင်း သက်ရှိများနှင့် နတ်ဘုရားတစ်ပိုင်းတို့၏ အမှတ်အသားများ မဟုတ်ကြ‌ပေ။ ကောင်းကင်တာအို၏ အမှတ်အသားများ ဖြစ်ကြ၏။ ကျယ်ပြောနက်နဲလှသောကြောင့် နားလည်၍မရနိုင်ပေ။ အမှတ်အသားများက ပို၍ကြီးမားထူးကဲကာ အသေးစိတ်နေကြသည်။ ၎င်းထဲတွင် အဆုံးမဲ့သော အ‌သေးစိတ်အချက်အလက်များပင် ပါ၀င်နေကြ၏။

တချို့သော အချက်အလက်များမှာ တောင်တန်းများနှင့် တူပြီး တချို့တချို့မှာ‌တော့ ကြယ်တာရာများ၊ ငှက်များ၊ သားရဲများ၊ ပိုးကောင်များနှင့် ငါးများဖြင့် တူကာ တချို့တလေကတော့ နတ်ဘုရားမိစ္ဆာများ၏ ထူးဆန်းသော ဖြစ်စဉ်များနှင့် တူကြသည်။ နီးကပ်လာလေလေ ပိုမိုအသေးစိတ်ကျလေလေပင်။

ကောင်းကင်နယ်စားမင်း၏ လက်သည် သူတို့ကို ပစ်မှတ်မထားဘဲ ဖြတ်သွားသော်လည်း ဟင်းလင်းပြင်အလွှာများအပေါ် ဖိချေသွားသည်။ ဟင်းလင်းပြင်၏ ပျက်စီးသွားသည့် အစအနများက မုန်တိုင်းသဖွယ် တိုက်ခတ်လာကာ ချင်မူနှင့် ကျန်သူများကို အပေါ်မြှင့်တင်ပေးလိုက်သဖြင့် သူတို့အားလုံး ဟန်ချက်ပျက်ကုန်ကြတော့သည်။

ချင်မူက သူ၏ကောင်းကင်နတ်သိုင်းကို အလျင်အမြန် အသက်သွင်း၍ သားသတ်သမားနှင့် ကျန်သူများကို ခေါ်ဆောင်ကာ ချွန်ထက်နေသော ဟင်းလင်းပြင်အပိုင်းအစများကို ရှောင်တိမ်းလိုက်သည်။ ဗြောင်းဆန်နေသော လှိုင်းဂယက်များကို ခက်ခက်ခဲခဲ ရှောင်တိမ်းပြီးနောက်ဆုံးတွင်တော့ ကောင်းကင်နယ်စားမင်း၏ လက်ပေါ်သို့ ရောက်သွားကြသည်။

ရောက်သည်နှင့် ငါးယောက်သား ‌ကောင်းကင်နယ်စားမင်း၏ လက်တစ်လျှောက် ပြေးတက်သွားကြလေသည်။

ကောင်းကင်နယ်စားမင်း၏ လက်မောင်းရှိ အမှတ်အသားများမှာလည်း သဘာ၀တာအိုအမှတ်အသားများကဲ့သို့ နှိုင်းယှဉ်မရနိုင်အောင် အသေးစိတ်ကျလေသည်။ တစ်ခါတစ်ရံတွင် သူတို့သည် တောင်တန်းများ၊ မြစ်များကို ဖြတ်သန်း၍ ကြယ်တာရာများကို ခုန်ကျော်ကြရ၏။ သာယာနာပျော်ဖွယ်ရာ သံစဉ်တို့ကလည်း သူတို့နားအနီး‌တွင် အဆက်မပြတ် တုန်ခါနေတတ်သည်။

ဝုန်း….

အောက်တွင် ကောင်းကင်နယ်စားမင်း၏ လက်ဖဝါးက ရုတ်တရက် ကောင်းကင်နတ်အရှင်သုံးပါးအပေါ် အုပ်ချလိုက်၏။

ကောင်းကင်တာအိုအသိစိတ်အလျဉ်၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်နယ်စားမင်းကား ကောင်းကင်နတ်အရှင်များနှင့် ထိပ်တိုက်ထိတွေ့သွားလေပြီ။

All Chapters