လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းက ချစ်ခြင်း ၂
Vol. 011 Ch. 1101
ရှောင်ချီသည် ချင်ယိ၏ရင်ခွင်တွင် အေးချမ်းသော မျက်နှာဖြင့် အိပ်နေ ရာ သူမ၏ မူလပုံစံနှင့် ကွဲပြားနေသည်။ ချင်ယိသည် သူမ မျက်နှာလေးကို ကျေနပ်စွာပွတ်သပ်ပြီး နူးညံ့သောအကြည့်ဖြင့်ကြည့်လေသည်။
“ချင်ယိ…”
သူမ အိပ်နေစဉ်တွင် ရေရွတ်လိုက်ခြင်းသည် သူ့နှလုံးသားကို အရည်ပျော်စေသည်။ သို့သော် သူမ အိပ်ပျော်ရင်းစကားပြောသည်မှာ သူ့ကို ဆွံ့အစေသည်။
“ကောင်းတယ် မင်းက အဲလောက်ရက်စက်မှတော့ ဒီအဘွားက မင်းကို သင်ခန်းစာပေးရမှာပေါ့”
သူသည် မတတ်သာစွာခေါင်းရမ်းပြီး နူးညံ့စွာပြောလိုက်သည် “မင်းက အတူတူပဲကို ဘာလို့အကျင့်တွေကဒီလောက်ပြောင်းသွားတာလဲ ဒါပေမဲ့ မင်း ကတော့ ချစ်စရာကောင်းနေတုန်းပဲ”
သူ ငုံ့ကာ ရှောင်ချီ၏ နဖူးကို အသာအယာနမ်းလိုက်သည်။ သူခေါင်း ပြန်မော့ချိန်တွင်တော့ သူမ၏ တောက်ပသော မျက်လုံးများနှင့် ဆုံမိလေ သည်။
“ငါ့ကိုထပ်ပြီး ခိုးနမ်းပြန်ပြီ” ရှောင်ချီသည် မျက်လုံးများဖြင့် ပြုံးလေ သည်။
ချင်ယိသည် လူမိသွားသည်ကို မရှက်တော့ဘဲ ပြောလိုက်သည် “ကောင်းပြီ မင်း ဖွံ့ဖြိုးသင့်ပြီ”
“ငါ ဖွံ့ဖြိုးရင် ထွက်ပြေးဖို့စဉ်းစားနေတာလား” ရှောင်ချီ မေးခွန်းထုတ် လေသည်။
“မင်းက ငါ့ရင်ခွင်ထဲမှာလေ ငါပြေးရင်တောင် မင်းကိုလည်းခေါ်ပြေးရမှာ မဟုတ်ဘူးလား”
“ဟုတ်တယ်” ရှောင်ချီသည် ခေါင်းညိတ်၊ သက်ပြင်းချပြီး ပြောလိုက် သည် “ငါတို့က အမြဲအတူတူဖြစ်ခဲ့တာ တိုက်ခိုက်ရင်တောင် နင်ကငါ့ထက် သာတယ် ဒါပေမဲ့အခုတော့ နင် ငါ့ကိုအဝေးမှာပစ်ထားတယ်”
“မင်းလိုက်လို့ရအောင် ဒီမှာစောင့်နေမယ်” ချင်ယိ ဆက်ပြောလေသည် “သွားတော့ မင်းဖွံ့ဖြိုးတာပြီးတာကိုစောင့်နေမယ်”
“ဟင်း ဟုတ်သားပဲ နင်အချိန်နှေးအောင်ညှိလိုက်ဦး ယူယူနဲ့ငါက အမွေအနှစ်အကြွင်းအကျန်ရချင်သေးတယ်” ရှောင်ချီ ပြောလိုက်သည်။
“သူမ ထွက်မလာနိုင်မှာကို မစိုးရိမ်ဘူးလား” ချင်ယိ မေးလိုက်သည်။
“မစိုးရိမ်ပါဘူး အဲဒါယူယူလေ မထွက်နိုင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ် နိုင်မှာလဲ” ရှောင်ချီသည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည် “လူတိုင်း နားမလည်ရင်တောင် ယူယူကတော့ သေချာပေါက်သိလိမ့်မယ် အဲဒါက သစ်ပင်အခေါက်တွေကို နားလည်တာနဲ့တော့ သက်ဆိုင်တယ် နည်းနည်း တော့ခက်တာပေါ့ သူမ အတွက် အချိန်ပိုပြီးပြင်ဆင်ပေးနော် ငါဖွံ့ဖြိုးပြီးတာနဲ့ အတူထွက်သွားကြမယ်”
“ကောင်းပြီ” ချင်ယိ ခေါင်းညိတ်လေသည်။
အံ့ဖွယ်အသက်သစ်ပင်တစ်ယောက်အနေနှင့် သူ့ခန္ဓာကိုယ်ထဲမှ အချိန် ကိုညှိရသည်မှာ ပြဿနာမဟုတ်ပေ။
“အခုသွားတော့မယ်နော်” ရှောင်ချီသည် စိတ်မပါစွာပြောလေသည်။
“သွားတော့”
“အခု တကယ်သွားပြီနော်”
“ဒီမှာစောင့်နေမယ်နော်”
“ကတိပေးထားတယ်နော်…” ရှောင်ချီသည် နှုတ်ခမ်းဆူပြီး ချင်ယိ၏ အင်္ကျိကိုဆွဲကာ သူမဆီသို့ဆွဲပြီး သူ့နှုတ်ခမ်းပေါ်သို့ ရှည်လျားသော အနမ်း ပေးပြီးနောက် သစ်ပင်အခေါင်းဆီသို့ ကျေနပ်စွာထွက်သွားလေသည်။
ချင်ယိသည် မှင်တက်သွားလေသည်။ သူ့နှုတ်ခမ်းထောင့်သည် တွန့်တက်သွားကာ ရှက်ပြုံးပြုံးလိုက်သည်။
“ဣန္ဒြေမဲ့လိုက်တဲ့ကောင်မလေး” သူ ပါးစပ်မှထိုသို့ပြောသော်လည်း စိတ်ထဲတွင်တော့ ပျော်ရွှင်နေသည်။ သူသည် ခေတ္တမျှပြန်တွေးတောကာ သစ်ပင်ပင်စည်သို့ ဝင်သွားလေသည်။
တစ်ဖက်တွင် ရှီမာယူယူနှင့် တခြားသူများ ကျွန်းသို့ရောက်ပြီး ရက်အနည်းငယ်အကြာတွင် လူများရောက်လာကြသည်။
သူတို့သည် ရေစီးကြောင်းအပြောင်းအလဲကိုစောင့်ရကာ စစ်သင်္ဘော၏ အရှိန်ကဲ့သို့မဟုတ်သည်ကိုပါထပ်ပေါင်းလိုက်သော် သူတို့ကျွန်းသို့ရောက်ချိန် တွင်တော့ ရင်ယန်နန်းတော်အဖွဲ့ဝင်များ၏ အလောင်းများကို ဆိုးရွားစွာ မြင်ရလေသည်။
တူညီဝတ်စုံများနှင့် အမှတ်အသားပစ္စည်းများမှ တစ်ဆင့် အားလုံးသည် သူတို့၏ သရုပ်မှန်ကို သတိပြုမိကြသည်။
“ဒီဒဏ်ရာတွေက ပင်လယ်သားရဲတွေလုပ်တာဖြစ်မယ်”
“ဘာလို့ အကုန်လုံးက ရင်ယန်နန်းတော်ကလူတွေပဲဖြစ်နေတာလဲ ကုန်တောင်ကြားနဲ့ အသည်းကွဲတောင်ကြားအဖွဲ့ဝင်တွေမမြင်မိဘူး”
“သူတို့ ကျွန်းရောက်တော့ လမ်းခွဲသွားတာဖြစ်မယ်” တစ်စုံတစ်ယောက် မှတ်ချက်ပေးလေသည်။
“ဟုတ်လောက်မယ် အသည်းကွဲတောင်ကြားအဖွဲ့ဝင်တွေက ရင်ယန် နန်းတော်ကလူတွေကိုသိတာမဟုတ်ဘူး သူတို့က ကုန်ရှန်ယိရဲ့ တောင်းဆို မှုကြောင့်သာ ခေါ်လာတာ လူစုခွဲမှာတော့ သေချာတယ် မဟုတ်ရင် ရတနာ ခွဲဖို့ကခက်တယ်လေ”
“သနားစရာကောင်းလိုက်တဲ့ ရင်ယန်နန်းတော်ပဲ ကျွန်းကို စိတ်မရှည် ဘဲလာလိုက်ပြီး ဘာမှမရှာမတွေ့တဲ့အပြင် အသက်ပါထွက်သွားရတယ်လို့”
“သူတို့ကို ဘယ်သူကစောစောလာခိုင်းလို့လဲ ဒီကိုစောစောလာပြီးသေ သလိုပဲ ဟီးဟီး”
“ဘယ်သူသိမလဲ စောစောလာတဲ့လူတွေက ပြဿနာတက်မယ်လို့ ဒါဆိုရင် ငါတို့လည်းစောတယ်လို့ တွက်လို့ရလား”
“လူတွေအရမ်းများတာ အကုန်လုံးမသေနိုင်ပါဘူး ငါတို့ဒီမှာ အဲဒါတွေ ပြောနေမယ့်အစား အခုပဲ အမွေအနှစ်ရာတာ ပိုကောင်းမယ်”
“ဟုတ်တယ် သွားမယ်”
ကံမကောင်းစွာပင် တခြားသူများမှ ရင်ယန်နန်းတော်အဖွဲ့ဝင်များ၏ အလောင်းများကိုတွေ့သော်လည်း အလောင်းများကို ဘယ်သူမှ ကိုင်တွယ် ပေးခြင်းမရှိဘဲ နေရောင်အောက်တွင်သာ ဆက်လက်ကျန်ရှိလေသည်။
ထိုနေရာမှ မိုင်ပေါင်းထောင်ချီဝေးသော ကျွန်းအလယ်ရှိ တောင်တန်း ၏အရှေ့ မြက်ခင်းပေါ်တွင် ကျောက်တုံးအစုလေးများ ရှိနေသည်။
ရှီမန်ဖန်နှင့် ကုန်ရှန်တို့သည် တခြားသူများကို ထိုနေရာသို့ခေါ်လာရာ မြက်ခင်းတွင် ခြေရာများစွာရောက်နှင့်လေပြီ။
“ကြည့်ရတာ တစ်ယောက်ယောက်တော့ ဒီကိုလာသွားတာပဲ” ကုန်ရှန်ချီ ကြေညာလေသည်။
“ဒါပေမဲ့ သူတို့ အမွေအနှစ်ကိုရှာတွေ့ဘူး” ဘိုင်ရှန်း ပြောလိုက် သည်။
“ဘာလို့အဲလိုပြောတာလဲ”
“အဲဒီကျောက်တုံးတွေကိုကြည့်လေ အဲဒါတွေက သေချာပေါက် အမွေအနှစ်မဟုတ်ဘူး” ဘိုင်ရှန်း ဆက်ပြောလေသည် “အဲဒါက ဖြတ်လမ်းတည်ဆောက်မှုအမျိုးအစားဖြစ်မယ်”
“ကျွန်တော်တို့ဝင်ရင် အကြွင်းအကျန်ရှိတဲ့နေရာကိုများခေါ်သွားပေး မလား”
“တကယ်ပဲ ဧကရာဇ်ရဲ့ အကြွင်းအကျန်ကိုရှာတွေ့မယ်ဆိုရင် သူမက ငါတို့ကို ဒီကိုခေါ်လာမှာပဲ”
“ဒါဆိုရင် ဘယ်လိုစကြမလဲ ဒီကိုလာတဲ့သူတွေက အောင်မြင်စွာနဲ့ စ,သွားနိုင်တာဖြစ်မယ်”
“တည်ဆောက်မှုသခင်ကို စမ်းကြည့်ခိုင်းမယ်” ကုန်ရှန်ယိ ပြောလိုက် သည်။
ကုန်တောင်ကြားနှင့် အသည်းကွဲတောင်ကြားတို့သည် ကိုယ်ပိုင် တည်ဆောက်မှုသခင်များကို ခေါ်လာကြသည်။ ထိုသို့ပြောသည်နှင့် သူတို့ သည် ကျောက်တုံးများဆီသို့ အရင်လျှောက်လာကြသည်။
ခေတ္တမျှလေ့လာပြီးနောက်တွင် အနောက်မှ တခြားသူများကို လက်ဝေ့ ပြလိုက်သည်။
“တောင်ကြားသခင် ဒါကတကယ်ပဲ ဖြတ်လမ်းတည်ဆောက်မှု အသေး စားပဲ ဒါပေမဲ့ ဒါကကျပန်းဖြတ်လမ်းတည်ဆောက်မှုပဲ သူ လူတွေကို ဘယ် နေရာပို့ပေးလဲဆိုတာ မသိနိုင်ဘူး” အသည်းကွဲတောင်ကြားမှ တည်ဆောက် မှုသခင်တစ်ယောက် ပြောလေသည်။
“ငါတို့ကို ကွဲစေနိုင်လား” နီအန်းယိမေးလိုက်သည်။
“ဒီတည်ဆောက်မှုမှာ ဆုံမှတ်တချို့ရှိတယ် မတူညီတဲ့ဆုံမှတ်မှာရပ်နေ တဲ့သူတွေက တစ်နေရာတည်းကိုရောက်လိမ့်မယ်”
ဆုံမှန်များတွင်မရပ်မိသူသည် မတူညီသောနေရာသို့ရောက်လိမ့်မည်။
“ဟုတ်တယ် ငါတို့ဒီတည်ဆောက်မှုနောက်ကွယ်ကဟာကို ရှာဖို့မဖြစ် နိုင်ဘူး အဲနေရာက အမွေအနှစ်ရှိတဲ့နေရာလည်းဖြစ်နိုင်သလို အန္တရာယ်များ တဲ့နေရာလည်းဖြစ်နိုင်တယ် ဒီလွယ်တဲ့တည်ဆောက်မှုက စကြတာပေါ့ ဒါပေမဲ့ ဖြစ်လာမယ့်ဟာကို စိုးရိမ်ထားရမယ်”
“တောင်ကြားခေါင်းဆောင် ကျွန်တော်တို့ရှေ့ဆက်တိုးမှာလား”
ရှီမန်ဖန်သည် အနောက်မှတပည့်များကိုကြည့်ပြီးပြောလိုက်သည် “နောက်ကိုဘာဖြစ်လာမယ်ဆိုတာ မသိရဘူး အဲတော့ ဒီစမ်းသပ်မှုကတော့ ကိုယ့်ဘာသာပြီးမြောက်အောင်လုပ်ရမယ် မသွားချင်ရင် ကိုယ့်ကိုယ်ကို ဖိအားမပေးနဲ့ တခြားနေရာမှာ သွားပြီးအခွင့်အရေးရှာလို့ရသလို ဒီမှာ ငါတို့ကို စောင့်လို့လဲရတယ်”
“တောင်ကြားခေါင်းဆောင် ကျွန်တော်တို့ အတူသွားပါမယ်”
“ဟုတ်တယ် တောင်ကြားခေါင်းဆောင် ကျွန်တော်တို့်အကုန်လုံးက သေကြမှာပဲ ဘယ်လိုအန္တရာယ်မျိုးကိုမတွေ့ဖူးလို့လဲ”
“ဟုတ်တယ် ကျွန်တော်တို့လည်းသွားမယ်”
ကုန်တောင်ကြားအဖွဲ့ဝင်များသည်လည်း တူညီသော အတွေးရှိကြ သည်။ သူတို့အားလုံးက ဒီကိုအခွင့်အရေးရှာဖို့လာခဲ့ကြမှတော့ ဘယ်လိုလုပ် ဒီလို မသိတဲ့အရာနည်းနည်းလောက်က သူတို့ကိုတားနိုင်မှာလဲ။
ရှီမန်ဖန်သည် ကုန်ရှန်ယိကိုကြည့်လိုက်ရာ ကုန်ရှန်ယိသည် လျှောက် လာပြီးပြောလေသည် “ကျွန်မလည်းလိုက်မယ်”
ကုန်ရှန်ချီသည် သူ၏ညီမကို စိတ်ပျက်စွာကြည့်လိုက်သည်။ မိန်းကလေး တစ်ယောက်ကဒီအရွယ်ဆိုရင် လက်ထပ်သင့်ပြီ…
“ဆုံးဖြတ်ပြီးမှတော့ ဝင်ရအောင်” ရှီမန်ဖန် ပြောလိုက်သည်။
သူတို့ ကျောက်တုံးများအလယ်သို့သွားပြီး တစ်ယောက်နှင့် တစ်ယောက်နီးကပ်စွာရပ်ကြလေသည်။ တည်ဆောက်မှုသခင် တည်ဆောက်မှုကို စတင်လိုက်သည်နှင့် တစ်ဖွဲ့လုံးသည် နေရာတွင်ပင် ပျောက်ကွယ်သွားလေသည်။
သူတို့ပျောက်ကွယ်ပြီးမကြာမီတွင် လူတချို့ရောက်လာကာ လှည့်ပတ် စစ်ဆေးပြီးနောက်တွင် ဖြတ်လမ်းတည်ဆောက်မှုအတွင်းဝင်သွားကြလေ သည်။
တချို့လူများသည် လှည့်လည်သွားလာကြရာ ချင်ယိရှိရာနေရာသို့ ရောက်သွားကြလေသည်။
“ကြည့်ဦး ရွှေသစ်ပင်ပဲ” ထိုလူများသည် တအံ့တသြအော်ကြလေ၏ ။ ထိုအသံများကြောင့် ချင်ယိ ရုတ်တရက်နိုးသွားသည်။
“ဒါကဒဏ္ဍာရီအံ့ဖွယ်သစ်ပင်မလား” အကြီးအကဲတစ်ယောက်သည် သတိပြုမိကာ ပျော်ရွှင်မှုကြောင့် တုန်ယင်နေသည်။
***