← Chapters

သတင်းလွှင့်ခြင်း

Vol. 011 Ch. 1102

သတင်းလွှင့်ခြင်း

Vol. 011 Ch. 1102

“ဒဏ္ဍာရီအသက်သစ်ပင် တကယ်ပဲ အသက်သစ်ပင်ပဲ” ထိုအကြီးအကဲ သည် ဟောင်းနွမ်းနေသော ရှေးဟောင်းစာအုပ်တစ်အုပ်ထုတ်ကာ တစ်ရွက် ချင်းစီလှန်လှောကာ သူ့ရှေ့မှ သစ်ပင်နှင့် ယှဉ်ကြည့်လေသည်။ အမှန်တကယ်ပင် သူနှစ်ပေါင်းများစွာရှာနေသော အသက်သစ်ပင်ဖြစ်ရာ မယုံနိုင်လောက်အောင် ပျော်လေသည် “အသက်သစ်ပင် ဟုတ်လား အဲဒါ ဘာသစ်ပင်လဲ” ဘေးမှတပည့်သည် အကြီးအကဲကိုမေးလေသည်။

“အသက်သစ်ပင်… သွေးကြောသစ်ပင်လို့လည်းခေါ်တယ် အဲအပင်က ကမ္ဘာမှာသက်တမ်းအကြာဆုံးပဲ ရင့်မှည့်လာရင် ရွှေရောင်ပြောင်းပြီးတော့ ဆေးအဖြစ်သုံးလို့ရတယ် ကျင့်စဉ်မှာလည်း အထောက်အကူဖြစ်ပြီး ဉာဏ် အလင်းပွင့်တာကို ကူညီပေးနိုင်တယ်” အကြီးအကဲရှင်းပြလေသည် “ဧကရာဇ်အဆင့်ထိ ကျင့်ကြံပြီးရင် အဆင့်တက်ဖို့က ဉာဏ်အလင်းရဖို့လို တယ် ဉာဏ်အလင်းရမှပဲ အဆင့်ထပ်တက်လို့ရနိုင်မှာ”

“ဒါဆိုရင် ဒီအသက်သစ်ပင်က အသုံးမဝင်ဘူးမဟုတ်ဘူးလား”

“အသက်သစ်ပင်ရဲ့ အဆီအနှစ်က လူတွေကို ကျင့်ကြံရာကိုမြင့်စေနိုင် တယ် တစ်စက်နဲ့ဆိုရင် လူတွေက အံ့ဖွယ်စံတင်ကနေ တစ်ဆင့်တက်နိုင် တယ် ဧကရာဇ်အဆင့်ထက်မြင့်သွားရင်တော့ ဉာဏ်အလင်းမရတဲ့သူဆိုရင် တောင် အဆီအနှစ်စုပ်ယူလိုက်တာနဲ့ အဆင့်တက်နိုင်တယ်” အကြီးအကဲ ပြောရင်းနှင့် သူသည် ဧကရာဇ်အဆင့်ထက်မြင့်သည့် လမ်းကြောင်းကို တွေ့လိုက်သကဲ့သို့ပင် ပိုပျော်လာလေသည်။

“တကယ်လား”

ထိုတပည့်များသည် ပျော်လာသည်။ သူတို့သာ အသက်သစ်ပင်ရဲ့ အဆီအနှစ်ကိုရမယ်ဆိုရင် သူတို့ စိုးရိမ်ဖို့လိုဦးမှာလား။ သူတို့မျိုးနွယ်က အတွင်းပိုင်းဒေသအသန်မာဆုံးမျိုးနွယ် အပြိုင်အဆိုင်တွေကြား သေချာ ပေါက် ခုန်တက်သွားမှာပဲ။

“ရှေးဟောင်းစာအုပ်တွေထဲမှာဆိုရင် အသက်သစ်ပင်က ပျောက်ကွယ် သွားတာကြာပြီလို့ ပြောထားတယ် ဒီမှာတစ်ပင်ရှိနေလိမ့်မယ်လို့ မထင်ထား ဘူး ထာဝရရှင်သန်သူနယ်မြေကတော့ တကယ်ပဲ ထာဝရရှင်သန်သူနယ်မြေ ပဲ ဒီလိုရတနာတောင်ရှိတယ်”

တိုင်းပြည်အတွင်းတွင် သွေးကြောသစ်ပင်တချို့ရှိသည်။ သို့သော် ရွှေရောင်မပြောင်းလျှင် အသက်သစ်ပင်၏ လုပ်ဆောင်ချက်နှင့်မကိုက်ညီ သောကြောင့် အသက်သစ်ပင်ဟုခေါ်မရပေ။

သို့သော် သူတို့ရှေ့မှ အပင်သည် ကွာခြားသည်။ ထိုအရာသည် တရားဝင် အသက်သစ်ပင်ဖြစ်လေသည်။

“ဂိုဏ်းအကြီးအကဲ ဒါဆိုရင် ကျွန်တော်တို့် ဒီအသက်သစ်ပင်ကို ပြန်ရွေ့ရမှာလား”

“စိတ်အရမ်းမလှုပ်ရှားနဲ့ ဒီသစ်ပင်က ကိုင်တွယ်ဖို့မလွယ်ဘူး” ဂိုဏ်း အကြီးအကဲ ဆက်ပြောလေသည် “ရှေးစာအုပ်တွေမှာ အသက်သစ်ပင်က သူ့ ဘာသာသူ ဝိညာဉ်အတားအဆီးလုပ်တတ်တယ်လို့ပြောထားတယ် ဒီဝိညာဉ် အတားအဆီးကို ဘယ်လိုဖျက်ရမလဲဆိုတာ အရင်စဉ်းစားရမယ်”

သူတို့သည် တဖြည်းဖြည်းချင်ယိအနားကပ်သွားရာ သူနှင့် မီတာ ၁၀၀ အနီးအရေအရောက်တွင် ပုံစံမဲ့အတားအဆီးဆီသို့ ရောက်လာလေသည်။

“ဒါက ဝိညာဉ်အတားအဆီးရှိတဲ့နေရာဖြစ်ရမယ် ဂိုဏ်းအကြီးအကဲ ကျွန်တော်တို့ဘာလုပ်ကြမလဲ”

“နောက်ဆုတ် ဒီဝိညာဉ်အတားအဆီးကို ဖွင့်နိုင်မလားကြိုးစားကြည့် မယ်” ဂိုဏ်းအကြီးအကဲသည် သူ့နားမှလူများကို အမိန့်ပေးလိုက်သည်။

ဂိုဏ်းအကြီးအကဲ၏ အားသည် စံတင်သခင်များနီးနီးဖြစ်ရာ သူ၏ တိုက်ကွက်သည် လူငယ်မျိုးဆက်များ ခံနိုင်သည့်အရာမဟုတ်ပေ။ သူတိုက် ခိုက်မည်ဟု ကြားသည်နှင့် အားလုံးသည် အဝေးသို့ပုန်းကြလေသည်။

ဂိုဏ်းအကြီးအကဲသည် လေထဲသို့ပျံတက်သွားကာ ဝိညာဉ်စွမ်းအင် အားလုံးကို စုစည်းလိုက်သည်။ ဝိညာဉ်စွမ်းအင်ရသောအခါ ဝိညာဉ် အတားအဆီးရှိရာသို့ အားပါပါဖြင့် တိုက်ခိုက်လိုက်သည်။

“ဘုန်း…”

ကြီးမားသော ပေါက်ကွဲမှုသည် အကြီးအကဲလွင့်သွားအောင်လုပ်လိုက် ပြီး လေထဲတွင် အကြိမ်အနည်းငယ်လည်နေပြီးနောက်တွင် မြေပေါ်ကျလေ သည်။

မြေကွဲအက်မှုများသည် ကီလိုမီတာအထိ သက်ရောက်ကာ အဝေးတွင် ပုန်းနေသော လူငယ်မျိုးဆက်များပါ ထိခိုက်လေသည်။ အားနည်းသောသူ များသည် သေဆုံးကြကာ သန်မာသူများသာ ကျန်ခဲ့လေသည်။ သို့သော် သူတို့အားလုံး ဒဏ်ရာရကြလေသည်။

“ဂိုဏ်းအကြီးအကဲ”

အသက်ရှင်သူများသည် ဂိုဏ်းအကြီးအကဲဆီသို့ပြေးကြလေသည်။ ဂိုဏ်းအကြီးအကဲသည် မှောက်လျက်လဲနေသဖြင့် သူ့ကိုလှန်လိုက်ရာ သူ၏ အရှေ့ပိုင်းသည် မမှတ်မိလောက်အောင် ဆိုးရွားစွာဖြစ်နေသည်ကိုတွေ့ လိုက်ရသည်။

ကံကောင်းစွာပင် သူ မသေသေးပေ။ သူသည် အသက်ရှုနိုင်ဆဲဖြစ် သည်။

သူတို့သည် သူ့ကိုအမြန်ပင် ဆေးပေးလိုက်သည်။ ခဏအကြာတွင် သူ၏ကျန်ရှိသော မျက်လုံးဖြင့် ခပ်မှေးမှေးထွက်လာသည်။

“အသက်သစ်ပင်…”

“ဂိုဏ်းအကြီးအကဲ မစိုးရိမ်ပါနဲ့ အဲဒီသစ်ပင်က အကောင်းအတိုင်းပဲ” အကြီးအကဲတစ်ယောက်ပြောလေသည်။

အကြီးအကဲသည် သွေးအန်လိုက်သည်။ သူ ဒီအခြေအနေထိရောက် အောင် အကုန်လုံးရင်းထားတာကို အဲဒီသစ်ပင်က အကောင်းအတိုင်းရှိနေ သေးတယ်။ ဒါဆိုရင် သူက ဘာမှမဟုတ်တာအတွက် ဒဏ်ရာရလိုက်တာ လား။

သို့သော် တခြားသောအကြီးအကဲများသည် ထိုသစ်ပင်မှာ မပျက်မဆီး ရှိသည်ဟု သူ့ကိုနှစ်သိမ့်ကြသည်။ အဲအားစိုက်မှုကတော့…

“ဂိုဏ်းအကြီးအကဲ ဒေါသမထွက်ပါနဲ့” နောက်အကြီးအကဲတစ်ယောက် နှစ်သိမ့်လေသည် “မင်းပြန်ကောင်းလာရင် နောက်နည်းလမ်းတစ်ခုစဉ်းစား ကြတာပေါ့”

“ပြန်ကောင်းလာဖို့ကို ဘယ်လိုစောင့်မှာလဲ ဒီပေါက်ကွဲမှုက အနီးအနား မှာရှိတဲ့လူတွေကို သတိပေးသလိုဖြစ်သွားတယ် တခြားသူတွေဒီကိုရောက် လာပြီး အသက်သစ်ပင်ကိုတွေ့သွားရင် ကျုပ်တို့ဘယ်ရတော့မလဲ” ဂိုဏ်းအကြီးအကဲ အော်လေသည်။

“တစ်ယောက်ယောက်လာလည်း ဆိုးတာတော့မဟုတ်ဘူး”

“ဘာပြောတာလဲ”

“ဂိုဏ်းအကြီးအကဲ မစိုးရိမ်ပါနဲ့ ပြောပါရစေဦး” ထိုလူငယ် ပြောလေ သည် “အသက်သစ်ပင်ရဲ့ ဝိညာဉ်အတားအဆီးက အားကောင်းတယ် အကြီးအကဲရဲ့ အားအကုန်သုံးတာတောင် ထိလို့မရဘူး အကြီးအကဲပြန် ကောင်းလာရင်တောင် အကုန်လုံးရဲ့ အားနဲ့ဆိုရင်လည်း ဒီဝိညာဉ်အတား အဆီးကို ဖွင့်ဖို့ဖြစ်နိုင်တယ်လို့ ကျွန်တော်တော့မထင်ဘူး”

“ညီလေးပြောတာမှန်တယ်” လူတစ်ယောက် သဘောတူလေသည်။

“ဂိုဏ်းအကြီးအကဲ ကျွန်တော်တို့ ဒီဝိညာဉ်အတားအဆီးကို ဖွင့်လည်း မဖွင့်နိုင်ဘူး ဒီအသက်သစ်ပင်ကိုယူလို့လည်းမရရင် ဘယ်လောက် စွမ်းရည် ရှိရှိ အသုံးမဝင်မှာမဟုတ်ဘူး ဒီသတင်းကိုသာလွှင့်လိုက်ရင် တခြားသူတွေက ကျွန်တော်တို့အတွက် လမ်းဖောက်ပေးမှာပဲ”

“ဟုတ်တယ် ဂိုဏ်းအကြီးအကဲ ကျွန်တော်တို့မရရင် ကြည့်နေရလည်း အသုံးမဝင်ဘူး”

အကြီးအကဲတွေဝေသွားသည်။ ထိုလူငယ်ပြောသည့်စကားများသည် အဓိပ္ပာယ်ရှိသည်။ မရနိုင်ဘဲ ထိုရတနာကိုကြည့်နေရသည်မှာ အသုံးမဝင်ပေ။

“ဂိုဏ်းအကြီးအကဲက စံတင်အဆင့်ကိုတောင် ရောက်တော့မှာပဲ ဒါပေမဲ့ ဒီအပင်နဲ့ကျအသုံးမဝင်ဖြစ်သွားတယ် သာမန်လူသာဆိုရင်လည်း အသုံးဝင် မှာမဟုတ်ဘူး အဲဒါကြောင့် ကျွန်တော်တို့ သတင်းလွှင့်ရုံတင်မဟုတ်ဘဲ ဝေးဝေးနဲ့ သတင်းကြီးအောင်ဖြန့်ရမယ် အဲဒါမှ သန်မာတဲ့လူတွေဒီကိုလာကြ မှာ”

သေချာစဉ်းစားပြီးနောက်တွင် ဂိုဏ်းအကြီးအကဲသည် သူ့နည်းလမ်းကို သဘောတူလိုက်သည်။

သူတို့၏အားနှင့်ဆိုလျှင် အမှန်ပင် အသက်သစ်ပင်အတွက် အသုံးမဝင် ပေ။ တခြားသူ၏ အင်အားကိုငှားခြင်းသာ တစ်ခုတည်းသောနည်းလမ်းဖြစ် သည်။

“ဒါဆိုရင် မင်းတို့သွားပြီးလုပ်လိုက်ကြတော့” ပြောရင်းနှင့် သူ နှလုံးသားမှ နာကျင်လာသည်။

ဒါက သူ့ရတနာလေ… သူရှာတွေ့ထားတဲ့ ရတနာပဲ… အခု တခြားသူ တွေနဲ့ မျှဝေရတော့မယ်ဆိုတော့ သူ့ခန္ဓာကိုယ်က နာကျင်မှုထက် နှလုံးသား နာကျင်မှုကပိုသည်။

“မင်းတို့နှစ်ယောက် ဂိုဏ်းအကြီးအကဲကို လျှို့ဝှက်နေရာတစ်ခုမှာ နလန်ထဖို့ကူညီပေးလိုက် တခြားနှစ်ယောက်က အလောင်းတွေကိုရှင်းလိုက် ကျန်တဲ့သူတွေ ငါနဲ့လိုက်ခဲ့”

သူတု့နှစ်ယောက်သည် ဂိုဏ်းအကြီးအကဲ တောအနီးသို့သွားကာ ကူညီ ကြပြီး တခြားသူများသည် သတင်းလွှင့်လေသည်။

အားတိုးစေနိုင်သော ဒဏ္ဍာရီအသက်သစ်ပင်သည် အဆင့်တက်ရန် ကူညီပေးနိုင်သည်။ ထိုသတင်းသည် လျင်မြန်စွာပြန့်သွားကာ ကျွန်းပေါ်မှ လူ များသာမကဘဲ ကျွန်းအပြင်မှလူများပင် သိကြလေသည်။ လူများ ပိုပို အလောတကြီးရောက်လာကြသည်။

ကျွန်းပေါ်မှလူများသည် အမွေအနှစ်ရှာရန်အတွက် စိတ်အရှုပ်မခံတော့ ပေ။ အမွေအနှစ်များထဲတွင် ရတနာရှိကောင်းရှိနိုင်မည်၊ သို့သော် အသက် သစ်ပင်လောက် အဖိုးတန်မည်မဟုတ်ပေ။

ထို့အပြင် အမွေအနှစ်များသည် ရတနာဖြစ်ကောင်းဖြစ်နိုင်သည်။ ဧကရာဇ်နေထိုင်သည့် နေရာဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အသက် သစ်ပင်နှင့်ယှဉ်လျှင် အမွေအနှစ်များသည် ထိုမျှလောက် အရေးမကြီးသည့် ပုံပင်။

လူများပိုပိုရောက်လာကာ ထိုလူများသည် ဝိညာဉ်အတားအဆီးကြောင့် လမ်းပိတ်နေကြသည်။ သူတို့ မည်မျှပင် သန်မာပါစေ ဝိညာဉ်အတားအဆီး သည် ပျက်စီးခြင်းမရှိပေ။

ရှီမာယူယူသည် သစ်ပင်အခေါင်းထဲမှ သစ်ခေါက်များကို ခံစားချက်မဲ့စွာ ကြည့်နေလေသည်။ သူတို့ဝင်နိုင်သည်မှာ မည်မျှကံကောင်းသည်ကို မသိ လိုက်ပေ။ သူမ ဟိန်းသံလေးနှင့် ပေါင်းစပ်လိုက်ပြီး ဝိညာဉ်အတားအဆီးကို ဖောက်နိုင်လျှင်တောင် သူတို့ကို ချင်ယိမတိုက်ခိုက်ချင်သည့်အတွက် ကြောင့်သာ အထိအခိုက်မရှိ လာနိုင်ခြင်းဖြစ်သည်။

၁၀ရက်ကြာပြီးနောက်တွင် လူအုပ်လိုက်တွင် ဝိညာဉ်အတားအဆီးကို ဖျက်နိုင်သည့်သူမရှိပေ။

တစ်လကြာပြီးနောက်တွင် မြက်ခင်းပြင်တွင် လူများဖြင့်ပြည့်နှက်နေ ကာ သန်မာသောလူတချို့လည်းလာကြသည်။ သူတို့သည် အသက်သစ်ပင် ရရန် ဆုံးဖြတ်ပြီးဖြစ်လေသည်။

***

All Chapters