← Chapters

ရွှမ်းချုံဟော်၏ စမ်းသပ်မှု

Vol. 011 Ch. 1103

ရွှမ်းချုံဟော်၏ စမ်းသပ်မှု

Vol. 011 Ch. 1103

အခေါင်းပေါက်အတွင်းတွင် ရှီမာယူယူသည် အပြင်မှအဖြစ်အပျက်များ ကို မသိပေ။

ခြောက်သွေ့ပြီး ပြည့်ညပ်နေသည်။ ထိုသည်မှာ အခုချိန်တွင် သူမ ခံစားရသောအရာပင်ဖြစ်သည်။

သူမသည် သစ်ရွက်များအပေါ်တွင် တင်ပြင်ခွေထိုင်ကာ တံတောင် နှစ်ဖက်ကို ဒူးများအပေါ်ထင်ပြီး မေးထောက်ထားကာ ထိုသစ်ခေါက်များကို တည့်တည့်စိုက်ကြည့်လေသည်။

“အခေါက်တွေ သြော် အခေါက်တွေ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရတာ မပင်ပန်းဘူးလား မင်းပင်ပန်းရင် ငါ့ကို တိုက်ရိုက်ပဲပြောလိုက် တော့လေ ဒီမှာ ဘယ်လိုစည်းမျဉ်းတွေများ ဖုံးကွယ်ထားတာလား”

အဆုံးမရှိသော တိတ်ဆိတ်မှုသာ…

သေချာတာပေါ့ သစ်ပင် အခေါက်တွေက ဘယ်လိုစည်းမျဉ်းတွေရှိတာ ကို သိတောင်မသိတဲ့အတွက် သူမကို ပြောနိုင်မှာလည်းမဟုတ်ဘူး။ အကြောင်းမှာ လူများသည် မတူညီစွာမြင်နိုင်သောကြောင့်ဖြစ်သည်။

တကယ်တော့ မှီခိုးကင်းဖြစ်နေတဲ့အတွက် သူမကို အပြစ်တင်မရပေ။ အကြောင်းမှာ သစ်ခေါက်အပြင် ထိုနေရာတွင် တခြားဘာမှမရှိပေ။ သို့သော် သူမ သစ်ခေါက်ကို ဆက်တိုက်စိုက်ကြည့်လျှင်တောင် ပန်းပွင့်မလာပေ။

အဲလိုမျိုး တစ်ရက် နှစ်ရက်လုပ်ရတာက အိုခေတယ်။ တစ်လ နှစ်လ ဆိုရင်လည်း သူမ လက်ခံနိုင်သေးသည်။ ဒါပေမဲ့ သူမ အဲမှာနေရတာ တစ်နှစ် ကျော်နေရသလိုမျိုးပဲ။ ပြီးတော့ သစ်ခေါက်တွေကို နေ့တိုင်းစိုက်ကြည့်နေရ တာ အမှီအခိုမဲ့လာသည်။

ချင်ယိသည် သူ့ခန္ဓာကိုယ်ထဲမှ လူလေးယောက်ကို အာရုံစိုက်ထား သည်။

စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ် နှစ်ယောက်လုံးသည် လှိုင်းဂယက်ထဲ ရောက်နေကာ လှိုင်းဂယက်အတွင်းတွင် ဉာဏ်အလင်းရနေလေသည်။ သူတို့ ၏ ပင်မစမ်းသပ်မှုမှာ သူတို့၏ စိတ်စွမ်းအင်ဖြစ်ကာ သူတို့ လှိုင်းဂယက်ကို ဖြတ်ကျော်နိုင်ပါက အဆင့်တက်နိုင်မည်ဖြစ်သည်။

ရှီမာယူယူ ဘက်အခြမ်းတွင်သာ ဘာမှမရှိခြင်းဖြစ်သည်။

သူမ မှီခိုကင်းနေပုံကိုကြည့်ပြီး သူမကို အထင်ကြီးမိပြီလားဟု တွေးမိ သည်။ သူမ ဘာမှမရနိုင်တာလည်းဖြစ်နိုင်တယ်။

သူမ လက်ဗလာဖြစ်နေသည်ကိုကြည့်ပြီး ချင်ယိသည် အတွေးပြောင်း ရန် ဆုံးဖြတ်လိုက်သည်။ ရှောင်ချီဖွံ့ဖြိုးရာမှ ထွက်လာပြီးနောက်ွင် သူသည် သူမကို လျော်ကြေးအနေနှင့် တစ်စုံတစ်ခုကိုတော့ပေးရမည်။

“ဘုန်း…”

အပြင်မှလူများသည် ဝိညာဉ်အတားအဆီးကို ထပ်မံတိုက်ခိုက်နေပြန် သည်။ သူတို့သည် ထိုတစ်လအတွင်းတွင် မနားပေ။ သူ မည်မျှပင် တည်ငြိမ် စေကာမူ ထိုအရာသည် သူ့ကိုဒေါသထွက်စေသည်။

သူ မျက်စိငိုက်စိုက်ကြည့်ကာ ပင်စည်ထဲမှလျှောက်ထွက်လာသည်။ သို့သော် သူသည်ကိုယ်ထင်မပြသဖြင့် ထိုလူများသည် သူ့ကိုမမြင်နိုင်ပေ။

ချင်ယိသည် ထိုလူစုကိုကြည့်ပြီး မျက်စိမှေးကာ လက်များကိုဝေ့ရမ်း လိုက်သည်နှင့် ဝိညာဉ်အတားအဆီးကိုတိုက်ခိုက်နေသူများသည် ပြင်းထန် သော တိုက်ခိုက်မှုခံရကာ မီတာထောင်ချီ လွင့်သွားလေသည်။

“အသက်သစ်ပင်က ပြန်တိုက်တယ်” လူတစ်ယောက် အော်လိုက် သည်။

“သူတိုက်ချင်ရင် ပြန်တိုက်နေတာကြာနေပြီလေ ဘာလို့အခုမှ ပြန် တိုက်ခိုက်တာလဲ မင်းမှားတာနေမှာပါ”

“ငါက ဘာလို့မှားမြင်ရမှာလဲ အဲအားက သေချာပေါက် အရင်ကထက် သန်တယ်”

“အာ… ငါတို့ တစ်လကျော်ကြာအောင် တိုက်လာပြီးပြီ ဒါပေမဲ့ အသက်သစ်ပင်နဲ့ နီးဖို့မပြောနဲ့ ဝိညာဉ် အတားအဆီးက မကျိုးပဲ့သွားဘူး”

“ဒီဝိညာဉ်အတားအဆီးက မပျက်နိုင်တာများဖြစ်နိုင်မလား”

“မကျိုးပဲ့နိုင်တဲ့ ဝိညာဉ်အတားအဆီးဆိုတာ မရှိဘူး နည်းလမ်းမှားနေ တာပဲရှိတာ”

“အကုန်လုံးက ခွဲပြီးတိုက်နေကြတာ အကုန်လုံးတစ်နေရာတည်း တိုက် ရင်ရော ဘယ်လိုလဲ”

“အလုပ်ဖြစ်နိုင်တယ်”

“အာ… အားကိုအလဟသ သုံးမနေနဲ့ တကယ်အလုပ်ဖြစ်တယ်ဆိုရင် တောင် မင်းတို့လုပ်နိုင်တာမရှိဘူး အတွင်းပိုင်းဒေသက အင်အားစုတွေ တောင် အကူအညီမဲ့နေတာ သူတို့လက်တွဲလိုက်ပြီလို့ထင်တာပဲ”

“သူတို့ လက်မတွဲရင်လည်း ဘာမှမတတ်နိုင်ဘူး”

“တချို့တွေလာကြပြီ”

ရွှမ်းချုံဟော်သည် ဘီးတပ်ကုလားထိုင်တွင်ထိုင်ပြီးလာရာ သူ၏ ကိုယ်ရံတော်သည် ဘေးတွင်အဖော်ပြုလာသည်။

ရွှမ်ချုံဟော်၏ အဝတ်အစားမှ တံဆိပ်ကိုမြင်သောအခါ အတွင်းပိုင်း

“ပုန်းကွယ်နေတဲ့ မိသားစုတွေလာတာပဲ”

“သခင်လေး ဒီမှာဝိညာဉ်အတားအဆီးရှိတယ်” ရွှမ်းချုံဟော်၏ လက်ထောက်သည် ဝိညာဉ်အတားအဆီးရှေ့တွင် ရပ်လိုက်သည်။

ရွှမ်းချုံဟော်သည် လက်ကိုဆန့်တန်းပြီး ခံစားလိုက်သည်။ ပုံစံမဲ့ ဝိညာဉ် အတားအဆီးသည် သူ့ကို ပိတ်ကာထားသည်။

“ဒီမှာရပ်မယ်” သူသည် အနောက်မှလူကို အမိန့်ပေးလိုက်သည်။

ထိုကိုယ်ရံတော်သည် သူ့ကိုလွှတ်လိုက်ရာ သူ လက်များဖြင့် ဘီးကို အရှေ့သို့ တွန်းလိုက်သည်။ ဘီးတပ်ကုလားထိုင်သည် ဝိညာဉ်အတားအဆီး ကိုဖြတ်ကာ သူ့ကိုခေါ်သွားလေ၏ ။

“ဟေး သူ ဝင်သွားပြီ”

“အမလေး သူ ဘယ်လိုဝင်သွားတာလဲ”

ရွှမ်းချုံဟော်၏ သရုပ်မှန်ကိုမသိသူများသည် အံ့သြကြလေသည်။ သူ့ သရုပ်မှန်ကိုသိသူများသည် ဝမ်းနည်းမိလေသည်။

“သူက ဒီအတိုင်းဝင်သွားတာပဲ တကယ့်ကိုထင်ထားတဲ့အတိုင်း ပုန်း ကွယ်နေတဲ့ မိသားစုပဲ”

“ဘီးတပ်ကုလားထိုင်မှာထိုင်ပြီး ဝိညာဉ်အတားအဆီးကို ချောချောမွေ့မွေ့ဝင်သွားနိုင်တာက ရွှမ်းချုံမျိုးနွယ်က ရွှမ်းချုံဟော်ဖြစ်မယ်”

“သူ ဘယ်လိုလုပ်ဝင်သွားတာလဲ”

“ရွှမ်းချုံဟော်က ဘယ်ဝိညာဉ်အတားအဆီးမဆိုဝင်နိုင်တယ်လို့ ကြား တယ် သူ့ကိုတားနိုင်တဲ့ ဝိညာဉ်အတားအဆီးမရှိဘူး အဲတော့ သူဝင်နိုင်တာ အံ့သြစရာတော့မရှိပါဘူး”

“သူဒီအတိုင်းပဲဝင်သွားတယ် ငါတို့ဝင်နိုင်ရင်လည်း မိုက်မှာပဲ”

“မင်းကတော့ ကြည့်ရုံပဲကြည့်နေ အဲလိုအံ့သြမှုကိုရနိုင်မှာမဟုတ်ဘူး”

“ဟုတ်တယ်”

“အာ.. ဝိညာဉ်အတားအဆီးကိုပဲ ဆက်ဖျက်ရအောင်”

“သူ အသက်သစ်ပင်နားရောက်ရင် တိုက်ခိုက်ခံရမလားမသိဘူး”

“ဖြစ်နိုင်လောက်တယ် ဝိညာဉ်အတားအဆီးက ထိခိုက်လွယ်တယ် အသက်သစ်ပင်က အကျိုးပြုအပင်တော့မဟုတ်ဘူး”

“သူ နီးနီးသွားပြီ”

“သူ့ကိုမတိုက်ခိုက်ဘူးပဲ”

“သူပျောက်သွားပြီ”

“သူ့ကိုမတိုက်ခိုက်ဘဲနဲ့ သူကပျောက်သွားပြီ”

“တိုက်ခိုက်ခံရပြီးတော့ ပျောက်သွားတာမဟုတ်ဘူးလား”

“သူကမှ မခုခံတာ မဖြစ်နိုင်ပါဘူး”

“အားကျလိုက်တာ”

“အာ….”

“ဆက်တိုက်မယ် ဆက်တိုက်မယ်”

ချင်ယိသည် ရွှမ်းချုံဟော်ကိုမြင်သောအခါ အံ့သြနေသည်။ သူသည် ရှီမာယူယူနှင့် ရှောင်ချီတို့၏မှတ်ဉာဏ်ထဲမှ လူကိုမြင်ရလိမ့်မည်ဟု မထင်မိ ပေ။

ရွှမ်းချုံဟော်သည် မူးဝေနေရာမှ သတိပြန်ရလာပြီး သစ်ကိုင်းပေါ်တွင် ထိုင်နေသော ချင်ယိကိုမြင်သော်လည်း မအံ့သြပေ။

“အသက်သစ်ပင် မင်းက တကယ်ပဲဒီမှာရှိတာပဲ” သူသည တိုးညင်းစွာ ပြောလိုက်သည်။

“ငါ့ကိုတွေ့တာတောင် မအံ့သြဘူးပဲ” ချင်ယိ ဆက်ပြောလေသည် “မင်း ခေါင်းထဲမှာ တစ်ခုခုရှိနေတယ် မင်းရဲ့မှတ်ဉာဏ်တွေကို ငါကြည့်မရဘူး အဲဒါက မင်းရဲ့အမြင်ကို ပိတ်နေပြီး ကိုယ်လက်မသန်စွမ်းတဲ့သူဖြစ်စေတာပဲ”

“ဟုတ်တယ် အဲလိုပြောတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်”

“မင်းက မစိုးရိမ်ဘူးပဲ”

“ဘာကိုစိုးရိမ်ရမှာလဲ” ရွှမ်းချုံဟော် ပြုံးလိုက်သည် “အချိန်တန်ရင် ဒါက လည်း ကံတရားပဲ ဘာစိတ်ပူစရာရှိလဲ”

“မင်း အသက်ရှည်ရှည်မနေရမှာကိုမကြောက်ဘူးလား”

“ငါ နေနိုင်သလောက်တော့ နေမှာပဲ သေမယ့်နေ့ဆိုတာလည်းရောက် လာမှာပဲ”

“မင်းပြောတာ သူမပြောတာနဲ့ တူတယ် အဲဒါကြောင့် နှစ်ယောက်သား သူငယ်ချင်းဖြစ်နေကြတာကိုး” ချင်ယိ ပြောလိုက်သည်။

“သူငယ်ချင်းဟုတ်လား”

“ဟုတ်တယ်” ချင်ယိ ဆက်ပြောလေသည် “မင်းဒီရောက်မှတော့ အခွင့်အရေးတစ်ခုပေးမယ်”

ရွှမ်းချုံဟော်သည် နောက်မေးခွန်းမမေးရခင်မှာပင် ပင်စည်ပေါ်မှအရိပ် သည် ပျော်ကွယ်သွားပြီး သူ့ပတ်ဝန်းကျင်သည် ပြောင်းလဲသွားလေသည်။

သူသည် ကလေးတစ်ယောက်ဖြစ်နေကာ သူ့ပတ်ပတ်လည်တွင် လူ တစ်စုကိုမြင်ရပြီး စိုးရိမ်ကြောင့်ကြစွာ စကားပြောနေကြသည်။ သူတို့ပြောနေ သည့်အကြောင်းအရာများကို မကြားရပေ။ ဆူညံသည်ဟု ခံစားရပြီး ထိုလူ များ ဟိုဟိုဒီဒီလှုပ်ရှားနေသည်ကို ခံစားရသည်။

“ငါနဲ့ စာချုပ်ချုပ်မယ် ငါ မင်းကိုဒီကမ္ဘာမှာ ဆရာတစ်ဆူဖြစ်အောင်လုပ် ပေးမယ်” အသံတစ်သံသည် အမှောင်ထဲတွင် ဖမ်းစားလေသည်။

“မင်း ဘယ်သူလဲ”

“ငါက မင်းပဲ”

“မဖြစ်နိုင်တာ”

“ငါ မင်းကိုစောင့်နေတာ ငါတို့က ခန္ဓာကိုယ်တစ်ခုတည်းပဲ” အထိုအသံ ပြောလေသည် “ငါနဲ့ စာချုပ်ချုပ်ရင် မင်းကို ကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာရပ်တည် ပြီး ကမ္ဘာမှာရှိတဲ့အရာအားလုံးကို မြင်ရအောင်ခေါ်သွားပေးမယ်”

“ငါ ဘယ်လိုတန်ရာတန်ကြေးပြန်ပေးရမှာလဲ”

“တန်ရာတန်ကြေးဟုတ်လား မဟုတ်ဘူး မဟုတ်ဘူး တန်ရာတန်ကြေး မရှိဘူး ငါတို့က တစ်ယောက်တည်းပဲ ဘာလို့တန်ရာတန်ကြေးတောင်းရမှာလဲ”

“ငါတို့ကတစ်ယောက်တည်းကို ဘာလို့စာချုပ်ချုပ်ဖို့လိုတာလဲ”

“ငါတို့က ခန္ဓာကိုယ်စာချုပ်သက်သက်ပဲ ဒါပေမဲ့မလုံလောက်ဘူးဆိုရင် ဝိညာဉ်ကိုပါ စာချုပ်တည်ထောင်ဖို့လိုမယ် ပြီးတော့ ဝိညာဉ်တွေက တစ်ခု တည်းပေါင်းသွားမယ်ဆိုရင် ငါတို့အားကို အမှန်အကန်တိုးစေတယ် အဲအချိန် ကျရင် မင်းဘာသာမင်းလျှောက်နိုင်မယ် ကမ္ဘာကြီးရဲ့ပုံစံကို မြင်အောင်လုပ် ပေးမယ် စာချုပ်တည်ထောင်ကြအောင်”

***

All Chapters