ဉာဏ်အလင်းရခြင်း
Vol. 011 Ch. 1104
“မင်းဘယ်သူလဲဆိုတာ ငါသိတယ်” ရွှမ်းချုံဟော် ပြောလိုက်သည် “မင်းက ငါ့ခေါင်းထဲမှာ ချိပ်ပိတ်ထားတဲ့ဟာမလား မင်းက ငါနဲ့စာချုပ်က နေတစ်ဆင့် ချိပ်ကိုဖျက်ချင်နေတာပဲ”
“ငါတို့က အတူတူပဲလေ မင်းကငါ ငါကမင်းလေ ငါတို့ကခွဲလို့မရဘူး” ထိုအသံသည် ထူးဆန်းစွာရယ်မောလေသည် “ငါမရှိဘဲနဲ့ မင်းအသက်ရှင် မနေနိုင်ဘူး”
“ဒါဆိုရင် ငါသေလိုက်မယ် အနည်းဆုံးတော့ ငါသေသွားရင် မင်းက အပြစ်သားဖြစ်သွားပြီ လုံဝပူဆွေးစရာတော့မဟုတ်ပါဘူး” ရွှမ်းချုံဟော်သည် တိုးညင်းစွာပြောလိုက်သည်။
“မင်းကသေချင်တာလား ဘာလို့သေချင်တာလဲ မင်းက အံ့သြဖို့ကောင်း တဲ့လူပဲ ကောင်းကင်ကမင်းကို လက်ဆောင်ကောင်းတစ်ခုပေးတာကို ဘာလို့ မလိုချင်ရတာလဲ ဒါက ကောင်းကင်ကလက်ဆောင်ပဲ”
“လက်ဆောင်လား မင်းလား… မင်းကို ကောင်းကင်ကလက်ဆောင် တစ်ခုအဖြစ် ငါမြင်မယ်လို့ထင်နေတာလား” ရွှမ်းချုံဟော်သည် ခါးသက်စွာ ရယ်လိုက်သည် “မင်းက ကောင်းကင်ကအပြစ်တစ်ခုပဲ အဲဒါကြောင့် သူတို့က ငါ့ခန္ဓာကိုယ်ထဲမှာ မင်းကိုထည့်ထားတာ မင်းကိုရှင်းပစ်မယ့် နည်းလမ်းရလာ မယ်လို့ ငါသေချာတယ်”
“ကမ္ဘာကြီးရဲ့ထိပ်မှာမရပ်တည်ချင်ဘူးလား မင်းခြေထောက်အောက်မှာ တခြားသူတွေကို ဝပ်မနေစေချင်ဘူးလား မင်းလည်း အဲဒါတွေကို တောင့်တ တယ်မလား”
“မဟုတ်ဘူး…”
“မဟုတ်ဘူးလို့ မပြောနဲ့” ထိုအသံသည် သူ့ကိုစကားဖြတ်လေသည် “မဟုတ်ဘူးဆိုရင် မင်းဒီကိုရောက်မှာမဟုတ်ဘူး ငါကလည်း မင်းခန္ဓာကိုယ် ထဲမှာရှိနေမှာမဟုတ်ဘူး မင်းဒါကိုလိုချင်နေတာကြာပြီ အကုန်လုံးကို မင်း တောင့်တနေတ်ယ”
ရွှမ်းချုံဟော် တိတ်သွားသည်။ သူ၏ ပါးလွှားသော နှုတ်ခမ်းသည် အသာအယာတွန့်ကွေးသွားသည်။
“ဟုတ်တယ် မင်းပြောတာမှန်တယ် ငါတောင့်တတယ် ဒါပေမဲ့ ငါလိုချင် တာက ဒီကမ္ဘာကြီးကိုငါ့မျက်လုံးနဲ့ မြင်ချင်တဲ့တောင့်တမှုမျိုးပဲ မင်းထိန်းချုပ် တာကို ခံရတာမျိုးမဟုတ်ဘူး” ရွှမ်းချုံဟော် ပြောလိုက်သည် “ငါ့ကိုယ်ငါ သစ္စာမဖောက်ဘဲ ငါလိုချင်တာမှန်သမျှကို ငါ့ဘာသာတိုက်ပွဲဝင်မယ် မင်း ငါ့အတွက်နဲ့ အားအကုန်ခံဖို့မလိုပါဘူး”
သူ့စကားများသည် သူ၏ ခိုင်မာသော သဘောထားနှင့်အတူ ပဲ့တင်ရိုက်ကာ အားကောင်းနေသည်။ သူပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ အမှောင်ထုသည် ပျောက်ကွယ်သွားကာ မူလအတိုင်းပြန်ဖြစ်သွားလေသည်။
“ဖြောင့်မတ်တယ် မင်းရဲ့မူလရည်ရွယ်ချက်က ဘာလဲဆိုတာ မမေ့ပါနဲ့”
ထိုစကားလုံးများသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ရိုက်ခတ် နေကာ ကောင်းကင်တွင် ရွှေရောင်စာလုံးများရုတ်တရက်တောက်ပလာ သည်။ ထိုစကားလုံးများသည် လှည့်ပတ်ပျံသန်းပြီးနောက် အသက်သစ်ပင် ထိပ်တွင် ရပ်တန့်သွားလေသည်။
ရွှေရောင်အလင်းတန်းသည် ပေါ်လောပေါ်နေကာ ရွှမ်းချုံဟော်၏ အရိပ်သည် အသက်သစ်ပင်၏ အမိုးပေါ်တွင်ပေါ်လာသည်။
“မြင်လား သူထွက်လာပြီ”
“ရွှေရောင်အလင်းတန်း ဖုံးလွှမ်းပြီးတော့ ကောင်းကင်နဲ့မြေကြီးရဲ့ အံ့ဖွယ်အသံနဲ့အတူ သူဉာဏ်အလင်းရသွားပြီ”
မြက်ခင်းပြင်တွင် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ကောင်းကင်နှင့် မြေကြီး၏ ဉာဏ်အလင်းရသည်ကို လူများသည် မြင်ရခဲသည်။ ကောင်းကင် နှင့် မြေကြီး၏ လက်ဆောင်ဖြစ်သော ဉာဏ်အလင်းကိုရသည်နှင့် ထိုလူသည် ကျင့်ကြံခြင်းတွင် ချောမွေ့ကရှေ့ရောက်နိုငသ်ည်။
ထိုကြီးမားသော စာလုံးများသည် အသက်သစ်ပင်အား ဝိုင်းပတ် ပြီးနောက်တွင် ရွှမ်းချုံဟော်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လေသည်။
ရွှမ်းချုံဟော်၏ မျိုးနွယ်ဝင်များသည် ပျော်ရွှင်ကြသည်။ သူတို့သည် မဝင်ခင်က သခင်ကြီးရင်လင်း၏ ညွှန်ကြားချက်ကိုရရှိခဲ့သည်။ သူတို့ အခွင့်အရေးတစ်ခုရမည်ဟု ပြောထားသည်။ ထိုအရာမှာ သူတို့၏ သခင်လေး ကောင်းကင်ဉာဏ်အလင်းရမည်ဟု သူတို့ထင်မထားပေ။
ထိုအရာမှာ နှစ်ပေါင်းများစွာကြာမှ တစ်ခါဖြစ်သည့်အရာဖြစ်သည်။ နောက်တွင် ရွှမ်းချုံဟော်၏ မျိုးနွယ်သည် ပုန်းကွယ်သည့် မိသားစုများအကြား တွင် ထိပ်တန်းအဆင့်တွင်ရပ်တည်သွားလိမ့်မည်။
ကောင်းကင်မှစာလုံးများ ရွှမ်းချုံဟော်၏ ခန္ဓာကိုယ်ထဲဝင်ချိန်တွင် သူ့ ခန္ဓာကိုယ်ထဲမှ ချိပ်သည် ပိုပြီးခိုင်မာလာသည်ကို ခံစားရပြီး သူ့မျက်လုံးများ သည် အဖြူရောင်အလင်းတချို့ကိုမြင်ရလေသည်။
“မင်းက ဉာဏ်အလင်းရသွားပြီ ဒီကနေထွက်သွားတော့” ချင်ယိပြော လိုက်သည်။ ရွှမ်းချုံဟော်၏ ခန္ဓာကိုယ်သည် အင်အားပမာဏအကန့်အသက် မရှိသော အားဖြင့် အတွန်းခံရသလိုခံစားရကာ ဝိညာဉ်အတားအဆီးမှ လွတ်မြောက်ခဲ့လေသည်။
“သခင်လေး” ရွှမ်းချုံဟော်၏မျိုးနွယ်ဝင်များသည် သူ့နားတွင်ဝိုင်းလာ ကြသည်။
“သွားမယ်” ရွှမ်းချုံဟော် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ သခင်လေး”
ရွှမ်းချုံမျိုးနွယ်ဝင်များသည် သူ့ကိုပြန်တွန်းသွားရာ သူ ထွက်မသွားခင် တွင် ထိုလူကိုထပ်မြင်လိုမြင်ရငြား အသက်သစ်ပင်ကို နောက်ပြန်လှည့်ကြည့် လိုက်သည်။
သူ့သူငယ်ချင်း… သူပြောတာ ဘယ်သူလဲ.. ရှီမာယူယူလား…
ချင်ယိပြောသောသူမှာ ရှီမာယူယူဖြစ်သည်ကို သူ မသေချာပေ။ အကြောင်းမှာ သူ့တွင် သူငယ်ချင်းများစွာရှိသည်လေ။
ရွှမ်းချုံမျိုးနွယ်သည် ရက်အနည်းငယ်လာပြီးနောက်တွင် ပြန်သွားလေ သည်။ ထိုအရာမှာ လူအများ၏ လေးစားမှုကိုခံရလေသည်။
သူတို့သည်လည်း အသက်သစ်ပင်ဆီမှ လက်ဆောင်ရချင်သည်။
လအနည်းငယ်ကြာပြီးနောက်တွင် ပုန်းကွယ်သော မိသားစုအချို့နှင့် အတွင်းပိုင်းဒေသမှ အင်အားစုများလည်းလာကြသည်။ သူတို့သည် အသက် သစ်ပင်အကြောင်းကို တခြားသူများထက်ပိုသိသဖြင့် အမြစ်မှဆွဲနှုတ်ရန်ကို ဘယ်တော့မှမတွေးပေ။ အကြောင်းမှာ ထိုအရာသည် သူတို့ဘာသာလုပ်နိုင် သည့်အရာမဟုတ်သောကြောင့်ပင်။ သူတို့သည် အသက်သစ်ပင်ဆီမှ လက်ဆောင်ယူချင်ရုံသာဖြစ်သည်။ အနည်းငယ်ရလျှင်တောင် ထိုဆီမှ အဆုံးမရှိသော အကျိုးအမြတ်ရနိုင်သည်။
အထူးသဖြင့် ရွှမ်းချုံဟော် အသက်သစ်ပင်ဆီမှ ဉာဏ်အလင်းရချိန်တွင် ထိုသတင်းသည် ထာဝရရှင်သန်သူနယ်မြေမှ မရေတွက်နိုင်သောလူများကို ရောက်လာစေသည်။ သူတို့သည် ထိုကံကောင်းမှုကိုရရန် ဆုတောင်းကြ သည်။
တချို့လူများသည် ရွှမ်းချုံဟော်ကဲ့သို့ဝင်သွားကြသည်။ သူတို့သည် အသက်သစ်ပင်ဆီသို့ဝင်သွားကာ တူညီသောအကဲဖြတ်မှုကိုရရှိသော်လည်း ဉာဏ်အလင်းကိုတော့ မည်သူမှ မရပေ။
သို့သော် သူတို့သည် ချင်ယိပေးသောတခြားအရာများကိုရရှိကြသည်။ ဉာဏ်အလင်းလောက် အင်အားမကောင်းသော်လည်း သူတို့အတွက် အသုံး ဝင်သည့်အရာများဖြစ်သည်။
တချို့လူများသည် ထိုနေရာမှ ထွက်လာကြသည်။ အကြောင်းမှာ သူတို့ သည် ဝိညာဉ်အတားအဆီးကိုမဖြတ်နိုင်သော်ကြောင့် အသက်သစ်ပင်အနား မရောက်နိုင်ကာ သူ့လက်ဆောင်ကိုမရနိုင်သည်ကို သိသောကြောင့်ဖြစ် သည်။ ထိုအခွင့်အရေးမှာ သူတို့နှင့်ကံမစပ်မှတော့ စောစောစီးစီးလက်လျော့ ပြီး တခြားနေရာသို့သွားရှာရန် ထွက်ခွာကြသည်။
ကျန်လူများမှာ ထွက်မသွားသော်လည်း ဖိအားပေးခြင်းသည် အသုံးမဝင်သည်ကို နားလည်သွားကြသည်။ သူတို့သည် ဝိညာဉ် အတားအဆီးထဲသို့ ဝင်ရန် နောက်နည်းလမ်းတစ်ခုကိုစဉ်းစားကြလေ၏ ။
ထိုအချိန်မှစ၍ လူများသည် အဆက်မပြတ်ဆိုသလိုရောက်လာကြ၏ ။ ပြီးခဲ့သည့်အချိန်များက အမွေအနှစ်ကြောင့် ရောက်လာကြသည်ဆိုသော် လည်း ယခုအခါတွင်တော့ ချင်ယိကြောင့် ရောက်လာခြင်းဖြစ်သည်။
သစ်ခေါင်းအတွင်းတွင် ရှီမာယူယူသည် ထိုသစ်ခေါက်များကို ဆက်ပြီး စိုက်ကြည့်ကာ အတွေးများပျောက်ဆုံးနေသည်။ သူမသည် အပြင်မှ တိုက်ပွဲ များကို မသိပေ။ သို့သော် ရွှမ်းချုံဟော် လမ်းကိုနားလည်ပြီးအောင်မြင် သောအခါ ကောင်းကင်ဘုံက သူ့ကိုလမ်းပြချိန်တွင် သူမသည် နတ်ဘုရား၏ ငွေရောင်ကိုခံစားမိပြီး သူမနှလုံးသားသည် တုန်လှုပ်သွားရသည်။
“စီနီယာအစ်ကိုမဟုတ်ရင် စီနီယာအစ်မများအောင်မြင်သွားတာလား”
သူမ မတ်တတ်ရပ်ကာ လျှောက်ပတ်လေသည်။ သူမသည် ဝိညာဉ် စွမ်းအင်ကို မထိန်းညှိနိုင်သဖြင့် သူမတက်ချင်လျှင်တောင် မတက်နိုင်ပေ။
“ပင်ပန်းလိုက်တာ တစ်ရေးလောက်အိပ်တာပေါ့” သူမသည် ခြေလက် ဆန့်ကာ လှဲချလိုက်ရာ သစ်ခေါင်း၏အလယ်တွင် လှဲလျက်သားဖြစ်လေ သည်။
သူမသည် အခေါင်းပေါက်ကိုတည့်တည့်ကြည့်လိုက်ရာ သူမသည် စုပ်ယူခံရသလိုခံစားရလေသည်။
သူမသည် အိပ်ငိုက်နေသော်လည်း မအိပ်နိုင်ဘဲ အပေါ်မှ အပေါက်ကို ဆက်တိုက်စိုက်ကြည့်နေသည်။ ကြည့်ရင်းနှင့်ပင် ထိုအပေါက်သည် သစ်ကိုင်းများအပေါ်တွင် တွန့်တက်သွားလေသည်။
သူမ မျက်လုံးများပွတ်လိုက်သည်။ တူညီနေဆဲဖြစ်သဖြင့် အော်လိုက် သည် “ငါများ စိတ်ချောက်ချားနေတာလား”
သူမ မျက်လုံးများပိတ်ကာ ဘာမှမတွေးရန်ဖိအားပေးလိုက်သည်။ သို့သော် သူမမျက်လုံးထဲတွင် ထိုအခေါက်များကိုသာ မြင်မိလေသည်။
“အဲဒါတွေကို အကြာကြီးကြည့်နေတော့ ငါ့စိတ်ထဲမှာ အဲဒါတွေပဲပြည့် နေပြီ”
သူမသည် သူမခေါင်းကိုခေါက်ကာ မျက်လုံးဖွင့်လိုက်ရာ ထိုအခေါင်းပါ အခေါက်များဖြင့် ပြည့်သွားလေသည်။
“ဘာလို့ ဝါးသွားတာလဲ”
သူမသည် ထိုအခေါက်များကိုကြည့်ရာ မူလက အလွှာလိုက်ဖြစ် သော်လည်း ထိုမျဉ်းများသည် ဖြည်းဖြည်းချင်းကွေးကာ အတူရောသွားရာ လှဲနေရသည်မှာ အသုံးမဝင်သလိုဖြစ်သွားသည်။
သူမသည် လေထဲတွင်လွင့်မျောနေသည့် လေ၏ အစိတ်အပိုင်းတစ်ခု လိုဖြစ်သွားပြီး မြေပေါ်သို့ပြန်ကျလာသလိုပင်။
“ဒီမှာ ခြောက်ကပ်နေတာပဲ ပေါင်းပင်လေးတောင်မရှိရှာဘူး” သူမ တွေးလိုက်သည်။
သူမသည် ပတ်ဝန်းကျင်လေနှင့်အတူ လွင့်မျောနေသော်လည်း မည်သည့်နေရာကို သွားစေကာမူ မြေပြန့်တစ်ခုသာဖြစ်နေသည်။
ပူလောင်စွာ လောင်ကျွမ်းနေမှုနှင့်အတူ ကျောက်တုံးမျက်နှာပြင်သည် မီးခိုးတောင်ထွက်နေရာ ရှီမာယူယူသည် လူသား အသားကင်ဖြစ်သွားသကဲ့ သို့ခံစားရလေသည်။
“သေစမ်း ဒါဘယ်နေရာလဲ ရေတစ်စက်လောက်သောက်ရရင် ကောင်း မယ်”
သူမပြောပြီးသည်နှင့် ချိုမြိန်သော စမ်းရေတစ်ခုသည် ရုတ်တရက် မြေပြင်တွင် အက်ကွဲကြောင်းမှပေါ်ထွက်လာရာ သူမ ထိတ်လန့်တုန်လှုပ်သွား သည်။
***