သူမ၏ ဉာဏ်အလင်း
Vol. 011 Ch. 1105
ရှီမာယူယူသည် စမ်းချောင်းလေးအားစိုက်ကြည့်ပြီး ခြောက်သွေ့နေ သော နှုတ်ခမ်းများကို သပ်လိုက်သည်။ သူမသည် ဆင်းပြီးထိုင်ချကာ မစောင့်နိုင်တော့ဘဲ ရေသောက်လိုက်သည်။။ စမ်းရေသည် အေးမြပြီး လန်းဆန်းနေရာ သူမခန္ဓာကိုယ်ထဲမှ အပူများသည် ချက်ချင်းပင် ငြိမ်းသွားရ သည်။
သူမ ပိုကောင်းလာသည်နှင့် အားယူပြီး ထိုနေရာကိုကြည့်လိုက်သည်။
“ဒါဘယ်နေရာလဲ ဘာမှလည်းမရှိဘူး မြေပေါ်မှာအက်ကြောင်းတွေပဲရှိ တယ် ငါ့စိတ်ချောက်ချားသွားပြီး ကမ္ဘာဦးနယ်မြေကိုများမြင်သွားတာလား” သူမ ကိုယ်သူမပြောနေမိသည်။
သူမ ထိုနေရာတွင် မည်မျှနေရမည်ကို မသေချာပေ။ ထိုအချိန်မှာ နေ့အချိန်ဖြစ်ပြီး မှောင်မိုက်ခြင်းလုံးဝမရှိပေ။
“ဒီနေရာက လောကတွေထဲကတစ်ခုတော့မဟုတ်ဘူး မဟုတ်ရင် နေ့ပဲရှိပြီးဘာလို့ညမရှိရတာလဲ ဒါသာ ငါ့နေရာဆိုရင် ညကိုထည့်ပြီး ပြည့်စုံ အောင်လုပ်လိုက်မိမှာပဲ”
ထိုအတွေးတွေးပြီးနောက်တွင် နေဝင်သွားကာ ညရောက်လာသည်။
“သေစမ်း ဒီမှာက ငါလုပ်ချင်တာလုပ်လို့ရနိုင်တာလား” သူမသည် သူမ အတွေးကိုပင် အံ့သြ၍နေလေသည်။
နေ့နှင့်ညအကြောင်းစဉ်းစားပြီးနောက်တွင် နေ့အလင်းရောင်သည် ည ဝတ်ရုံဖြစ်လာသည်မှာ ထိုနေရာတွင် သူမဖြစ်ချင်သလိုဖြစ်နိုင်ကြောင်းကို အတည်ပြုလိုက်နိုင်သည်။
ကမ္ဘာကြီးကဘယ်လိုပုံလဲ…
သူမသည် ကမ္ဘာကြီး၏ပုံစံကို မမှတ်မိနိုင်တော့ပေ။ သူမစိတ်ထဲတွင် ပုံရိပ်များရှိသော်လည်း မည်သို့ပုံသဏ္ဍာန်ရှိသည်ကို စဉ်းစားမရပေ။
“လူနေမှုဘဝပုံစံ… တစ်ယောက်က နှစ်ယောက်ကိုမွေးဖွားတယ်၊ နှစ်ယောက်က သုံးယောက်… သုံးယောက်ကနေ အကုန်လုံးကိုမွေးဖွားတယ်”
“ဟုတ်တယ် လူနေမှုဘဝပုံစံ… တစ်ယောက်က နှစ်ယောက်ကိုမွေးဖွား တယ်၊ နှစ်ယောက်က သုံးယောက်… သုံးယောက်ကနေ အကုန်လုံးကို မွေးဖွားတယ်” သူမ နှုတ်ခမ်းတွန့်လိုက်သည်။ နောက်ဆုံးတွင် သူမတွေးနေ သည်ကို မှတ်မိသွားသည်။
ကောင်းကင်နှင့် မြေကြီး၏ ကမ္ဘာ… သက်ရှိများအားလုံးပါဝင်ပြီး ဗလာကျင်းနေသော သည်နေရာနှင့် ကွဲပြားသည်။
“လူနေမှုဘဝပုံစံ”
စမ်းချောင်းထဲတွင် ငါးများပေါ်လာပြီး ကမ်းဘေးတွင် ပေါက်ပင်များ ပေါက်ရောက်ကြီးထွားလာသည်။ စမ်းရေသည် ရေစီးလာပြီးနောက် မြစ်ဖြစ် သွားပြီး မြစ်အဆုံးတွင် ကျယ်ပြန့်သော သမုဒ္ဒရာ တဖြည်းဖြည်း ဖြစ်ပေါ်လာ သည်။
ငါးတစ်ကောင်မှ နှစ်ကောင်းဖြစ်ကာ နှစ်ကောင်မှ သုံးကောင်ဖြစ်ပြီး သုံးကောင်မှာ ပိုများပြားလာသည်။
ပေါင်းပင်တစ်ပင်မှ နှစ်ပင်ဖြစ်ကာ နှစ်ပင်မှ သုံးပင်ဖြစ်ပြီး သုံးပင်မှ ပိုများ ပြားလာသည်။
မြစ်ဘေးတါင် အစိမ်းရောင်လွင်ပြင်ဖြစ်သွားကာ တိရစ္ဆာန် တစ်ကောင် ပေါ်လာပြီးနောက် နှစ်ကောင်ပေါ်လာကာ နောက်တွင် တိရစ္ဆာန်အမျိုးအစား စုံလင်စွာပေါ်လာသည်။
ရှီမာယူယူသည် ထိပ်ပိုင်းတွင်ထိုင်ကာ သူမ စိတ်ထဲတွင်ရင်းနှီးသော ကမ္ဘာအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားသည်ကိုကြည့်ပြီး စိတ်ကျေနပ် နေမိသည်။
ကောင်းကင်နှင့် မြေပြင်၊ တောင်များနှင့် ရေ၊ ပန်းများနှင့် သစ်ပင်များ သားရဲပျံများနှင့် မြေပြင်သားရဲများ၊ နေ့နှင့်ည၊ ရင်နှင့် ယန်များရှိလာသည်။
“ဒါက ငါလိုချင်တဲ့ကမ္ဘာလား” သူမသည် မေးထောက်ပြီးရေရွတ်နေမိ သည်။ “ဘာပျောက်နေတာပါလိမ့်”
သူမ အထဲတွင်မည်မျှကြာအောင်ရောက်နေသည်ကို သူမ မသိတော့ ပေ။ သူမဘာလုပ်နေသည်ကိုလည်း မသိတော့ဘဲ အဆက်မပြတ် ဆက်တိုက် စဉ်းစားနေမိသည်။
ခြောက်သွေ့ကာ ထိန်းထိန်းသိမ်းသိမ်းမရှိသော ကမ္ဘာမြေကြီးသည် တဖြည်းဖြည်း သက်ရှိများနှင့် ပြည့်နှက်သည်မှာ သူမကို ပျော်ရွှင်စေသည်။ ထိုနေရာမှာ မည်သည့်နေရာဖြစ်သည် သူမ ဘာတွေလုပ်နေသည်ကိုပင် မေ့ ၍နေလေပြီ။
ချင်ယိသည် ဝင်လာသောထိုလူများကို စမ်းသပ်နေရာ ထိုလူ၄ယောက် ကိုသတိမထားမိပေ။ သူ သူတို့ကိုလှည့်ကြည့်ချိန်တွင်တော့ သူတို့ ပုံစံကို ကြည့်ပြီး သူ တုန်လှုပ်မိသည်။ အထူးသဖြင့် ရှီမာယူယူရောက်နေသော အခြေအနေကိုမြင်သော်အခါ အလွန်ထိတ်လန့်သွားလေသည်။
“ဘယ်လို.. ဘယ်လိုလုပ်ဒီလို…”
သူသည် လျှပ်တပြက်ရွေ့လျားမှုကိုသုံးကာ ရှီမာယူယူ သွားခဲ့သော နေရာအားလုံးကိုသွားရာ တခြားကမ္ဘာအဖြစ်ပြောင်းနေသော ထိုသစ်ခေါင်းကို တွေ့လေသည်။
“လူနေမှုဘဝပုံစံ တစ်ယောက်က နှစ်ယောက်ကိုမွေးဖွားတယ်၊ နှစ်ယောက်က သုံးယောက်… သုံးယောက်ကနေ အကုန်လုံး…”
သူသည် အလယ်တွင်လှဲလျောင်းနေသော ရှီမာယူယူကိုကြည့်လိုက် သည်။ သူမ ပတ်ဝန်းကျင်သည် သစ်ခေါင်းမဟုတ်တော့ဘဲ တခြားကမ္ဘာတစ် ခုအဖြစ် ပြောင်းလဲ၍နေလေပြီ။
“ဝိညာဉ်လောက သူမ တကယ်ပဲ ဝိညာဉ်လောကရသွားတာပဲ မင်းရဲ့ ပြန်လည်မွေးဖွားမှုကပဲ ဘဝရဲ့ အဓိပ္ပာယ်ကိုပိုပြီးနားလည်အောင်လုပ်လိုက် တာလား”
အသက်သစ်ပင်သည် သာယာဝပြောသောဘဝကို ပေးစွမ်းနိုင်သော အပင်ဖြစ်သည်။ တစ်နေ့တွင် တစ်စုံတစ်ယောက်သည် ထိုနေရာ၌ ဝိညာဉ်လောကကိုရလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
သူမ၏ ဝိညာဉ်လောကသည် အခုချိန်တွင် မတည်ငြိမ်သေးပေ။ အထဲ တွင် ပစ္စည်းအသေးလေးများထည့်ရင်းနှင့် ပြည့်စုံအောင် သူမ လုပ်နေသည်။ သူမ မည်ကဲ့သို့ဝိညာဉ်လောကအမျိုးအစားလုပ်မည်ကို သူ သိချင်မိသည်။
ရှီမာယူယူသည် အခုဝိညာဉ်လောကကို ရရှိသည်ကို မသိဘဲ သတိရှိရှိ ဖြင့် တည်ငြိမ်အောင်ပြုလုပ်ပြီးချဲ့ထွင်နေသည်။
“ငါ့ရဲ့ဝိညာဉ်ဘုံမှာ ကောင်းကင်ဘုံဉာဏ်အလင်းရသွားတာပဲ ဘယ်လို တွေဖြစ်လာမလဲဆိုတာ ငါအရမ်းသိချင်တယ် စံတင်အဆင့်ရဲ့ ဝိညာဉ် လောကတောင် မင်းဟာနဲ့ မယှဉ်နိုင်ဘူးဆိုတာ ငါယုံကြည်တယ်”
“ဘုန်း…”
ပြင်းထန်သောပေါက်ကွဲမှုသည် သူ့မျက်ခုံးများကိုမြင့်တက်စေကာ သူ လှည့်ကြည့်ရာ ထိုလူများသည် အပြင်ရောက်နေလေပြီ။
ဧကာရဇ်အဆင့်တချို့သည် အတူပေါင်းစုကာ သူ၏ ဝိညာဉ်အတားအဆီးကိုတိုက်ခိုက်ကြလေသည်။ သူတို့ထဲတွင် စံတင်အဆင့် နှစ်ယောက်လည်းရှိလေသည်။
သူတို့သည် ဝိညာဉ်အတားအဆီးအတွင်းမဝင်နိုင်ဘဲ အသက်သစ်ပင် အနီးသို့မသွားရပေ။ သို့သော် တခြားသူများ ဝင်သွားပြီး အကျိုးအမြတ်ရ သည်ကိုကြည့်ပြီး မတရားမှုကိုခံစားရပြီး အတူတကွတိုက်ခိုက်ရန် ဆွေးနွေး ကြသည်။
ခါတိုင်းလိုဆိုလျှင် ချင်ယိသည် ထိုလူများကို လျစ်လျူရှုမိမည်။ သို့သော် ရှီမာယူယူသည် လက်ရှိတွင် ဝိညာဉ်လောကထဲတွင် ဉာဏ်အလင်းရနေ သည်ဖြစ်ရာ ထိုရှားပါးလှသော အခွင့်အရေးကို ထိုလူများ၏ နှောင့်ယှက်ခြင်း ကိုမခံရလိုပေ။ ရှီမာယူယူ သန်မာလာလျှင် သူမသည် ရှောင်ချီကိုကာကွယ် ပေးနိုင်ပြီး သူမလုံခြုံမှုကို ကာကွယ်ပေးနိုင်မည်။
“ဝိညာဉ်အတားအဆီးကို ဖိအားပေးတိုက်ခိုက်တဲ့သူတွေပဲ သေစမ်း”
ထိုသည်မှာ ချင်ယိစကားပြောသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အပြင်မှတိုက်ခိုက်သူများသည် ရပ်တန့်သွားကြသည်။
“ငါ့ဝိညာဉ်အတားအဆီးထဲဝင်နိုင်တဲ့သူတွေက ကံပါလာလို့ပဲ မင်းတို့ မဝင်နိုင်ရင် မင်းတို့က ကံမပါဘူးဆိုတဲ့အဓိပ္ပာယ်ပဲ မင်းတို့သွားကြတော့” ချင်ယိသည် ညင်သာစွာပြောလေသည်။
“အသက်သစ်ပင် မင်းဒီလောက်ကြာအောင်နေလာပြီ တခြားသူတွေကို ကျပေးနိုင်ပြီး ငါတို့ကိုကျဘာလို့မပေးနိုင်ရတာလဲ”
“ငါပြောပြီးပြီလေ ဝင်လာတဲ့သူတွေက ကံပါတဲ့သူတွေပဲ မဝင်နိုင်တဲ့သူ တွေက ကံမပါလို့ပဲ မင်းတို့ဒီမှာ ၁နှစ် ၁၀နှစ် နှစ်၁၀၀ စောင့်နိုင်တယ် မင်းတို့ ဘယ်လောက်ပဲစောင့်စောင့် ငါ့အလုပ်မဟုတ်ဘူး ဒါပေမဲ့ ငါ့ဝိညာဉ်အတား အဆီးကို တိုက်ခိုက်ရဲတဲ့ဘယ်သူမဆို ငါရိုင်းတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့” ချင်ယိ ခြိမ်းခြောက်လေသည်။
ချင်ယိ၏ စကားများသည် အပြင်မှထိုလူများအတွက် ဒုက္ခကိုခံစားမိ သည့်ပုံမပေါ်ပေ။ အကြောင်းမှာ သူတို့သည် ထိုနေရာတွင် ရောက်သည်မှာ နှစ်တစ်ဝက်ရှိနေကာ ချင်ယိတိုက်ခိုက်သည်ကို မမြင်ဖူးကြပေ။ သူတိုက်ခိုက် မည်ဆိုသည်ကို သူတို့မယုံကြည်ကြပေ။
စိတ်တိုလွယ်သော ဧကရာဇ်အဆင့်မြင့်လူတစ်ယောက်သည်ချင်ယိ၏ စကားများကြောင့်ဒေါသထွက်ကာ ဝိညာဉ်စွမ်းအင်စုစည်းပြီး ဝိညာဉ် အတားအဆီးဆီသို့တိုက်ခိုက်လေသည်။
“ဝုန်း…”
“ဘုန်း…”
အလင်း၏ အမြန်နှုန်းနှင့်အတူ သစ်ကိုင်းတစ်ခုသည် သစ်ပင်ပင်စည်မှ ကြီးထွားလာကာ မျက်စိတစ်မှိတ်အတွင်းတွင် ဝိညာဉ်အတားအဆီးကို ဖြတ် ပြီး အားလုံးကြည့်ကောင်းနေစဉ်မှာပင် ထိုလူ၏ နှလုံးဆီသို့ဖောက်ဝင် သွားလေသည်။
“ဒါက”
အားလုံး တုန်လှုပ်သွားသည်။ ဧကရာဇ်အဆင့်တစ်ယောက်ကို ဒီလို အလွယ်တကူသတ်လိုက်တာပဲ… ဒီအားနဲ့တော့ ဘယ်သူမှသူ့ကို မဆန့်ကျင် ရဲတော့ဘူး။
အတားအဆီးကိုတိုက်ခိုက်သူများသည် ထိုအဖြစ်အပျက်ပြီးနောက်တွင် ကြောက်ရွံ့ထိတ်လန့်ကြလေသည်။ အသက်သစ်ပင်သည် စိတ်ဆတ်သည့် သူမဟုတ်ကာ သူတို့ကိုအစကတည်းက မတိုက်ခိုက်သည်ကို သူတို့ ဝမ်းသာမိသည်။ သူတို့ အရေအတွက်နှစ်ဆရှိလျှင်တောင် သူတို့သည် သူ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
သစ်ကိုင်းသည် လူသေအလောင်းကို ဝိညာဉ်အတားအဆီးထဲသို့ ဆွဲချ လိုက်ပြီး အလောင်းကိုမြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ပြူးနေသော မျက်လုံး တစ်စုံသည် ထိုင်းမှိုင်းကာ သူမ စိတ်အနှောင့်အယှက်ဖြစ်နေသည်ကာ အပြင် ဘက်မှလူများ မရဲတင်းရန် သတိပေးနေသည်။
ချင်ယိ လူသတ်သည်ကိုမြင်ပြီး ပြီးခဲ့သည့် နှစ်တစ်ဝက်အတွင်းတွင် မည်သူမှ ဝိညာဉ်အတားအဆီးကို ဖြိုဖျက်နိုင်သည့်သူမရှိသည်ကို တွေးကြည့် ကြကာ အများစုသည် လက်လျော့သွားကြသည်။
သူတို့သည် ဝိညာဉ်အတားအဆီးကို ဖိအားပေး မတိုက်ခိုက်ရဲတော့ပေ။ သူတို့က ကံမပါလာမှတော့ ထားလိုက်ပါတော့… တခြားနေရာကိုသွားပြီး အခွင့်အရေးရှာဖို့သွားတာပေါ့…
“အဆောင်တော်သခင် ကျွန်တော်တို့ဝင်ပြီးစမ်းကြည့်မယ်” နှစ်လိုဖွယ် ကောင်းသော အသံသည် လူအုပ်အား ဆွဲဆောင်မှုကိုဖြစ်စေသည်။
***