ဟန့်မြောင်ရွှမ်၏ ဉာဏ်အလင်း
Vol. 011 Ch. 1106
လူတိုင်းအပေါ်ကိုကြည့်လိုက်ရာ ဝတ်ရုံခြုံထားပြီး ရင်သပ်ရှုမောဖွယ်ရာ အသွင်ပြင်နှင့် မိန်းကလေးနှစ်ယောက်ကိုမြင်ရလေသည်။
“လန်အာ ဟန်ယဲ့ စမ်းကြည့်ချင်တာသေချာရဲ့လား” ယွိချန်းဘိုင် မေးလိုက်သည်။
“ဆရာ အသက်သစ်ပင်က မညှာတာတတ်တဲ့ လူသတ်သမားမဟုတ်ပါ ဘူး သူအဲဒီလူကိုသတ်ပစ်တာလည်း အဲလူက သူ့ရဲ့ဝိညာဉ်အတားအဆီးကို တိုက်ခိုက်လို့ပါ ကျွန်မတို့ ဘာမှမလုပ်ရင် ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး”
“ဟုတ်တယ် အဆောင်တော်သခင် ကျွန်မတို့စမ်းကြည့်ချင်ပါတယ်” ကျုံကျန်းဟန်ယဲ့ပြောလိုက်သည်။
“ဟန်ယဲ့ မင်းက ငါတို့ရဲ့ မြင့်မြတ်တဲ့သမီးတော်ပဲ လန်အာ မင်းက ဆရာ့ တပည့်ပဲ မင်းတို့ဒုက္ခရောက်ရင် ငါကာကွယ်မပေးနိုင်လောက်ဘူး” ယွဲ့ချန်းဘိုင်ပြောလေသည်။
“ဆရာ နည်းလမ်းရှာရင်တော့ အဲဒါတွေထည့်တွက်ဖို့မလိုပါဘူး”
ယွိချန်းဘိုင်သည် ခေတ္တမျှ ဆင်ခြင်ပြီးနောက် ပြောလိုက်သည် “ဒါဆို လည်းသွားလေ”
ခွင့်ပြုချက်ရသည်နှင့် ကျုံကျန်းဟန်ယဲ့နှင့် နာလန်လန်တို့သည် ပျော်ရွှင် စွာဖြင့် သူတို့ပြင်ဆင်ထားသော ပစ္စည်းများကိုထုတ်ကာ ဝိညာဉ်အတားအဆီး ဆီသို့လျှောက်သွားလေသည်။
နှစ်ယောက်လုံးသည် ဝိညာဉ်အတားအဆီးရှေ့တွင်ရပ်ကာ တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။
“ငါတို့လုပ်နိုင်မလားဆိုတာ ငါတို့အပေါ်ပဲမူတည်သွားပြီ” ကျုံကျန်းဟန်ယဲ့ ပြောလိုက်သည်။
“နင့်မှာ မျိုးနွယ်ရဲ့ တန်ဖိုးအရှိဆုံးပစ္စည်းရှိနေတာပဲ အဲဒါက ဝိညာဉ် အတားအဆီးတွေအကုန်လုံးကို သက်ရောက်နိုင်လို့ မစိုးရိမ်နဲ့” နာလန်လန် ပြောလိုက်သည်။
“နင့်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ဆိုရင် ဒီဝိညာဉ်အတားအဆီးက နင့် ကိုမတားနိုင်ပါဘူး” ကျုံကျန်းဟန်ယဲ့သည် သူမအား ငြူစုခဲ့သော်လည်း သူမ ဝေးဝေးမနေခဲ့ပေ။
နာလန်လန် ပြုံးပြီး ပြောလိုက်သည် “စမ်းကြည့်ရအောင်”
နှစ်ယောက်လုံးသည် တစ်ချိန်တည်းမှာပင် ရှေ့တစ်လှမ်းတိုးလိုက်ရာ ဝိညာဉ်အတားအဆီးကိုဖြတ်လိုက်သည်နှင့် ကျုံကျန်းဟန်ယဲ့၏ လက်ထဲမှ ပစ္စည်းမှ အဖြူရောင်အလင်းတန်းများထွက်လာကာ သူမသည် အလွယ်တကူ ပင် ဖြတ်ကျော်နိုင်လေသည်။
သို့သော် နာလန်လန်၏လက်ထဲမှ ပစ္စည်းသည်အသုံးမဝင်ပေ။ သူမ သည် အပြင်တွင်ပိတ်နေခဲ့လေသည်။
“ကြည့်ရတာက ငါက အသက်သစ်ပင်ရဲ့အသိအမှတ်ပြုတာခံလိုက်ရပြီ နဲ့တူတယ် ဒါဆို ငါအရင်သွားနှင့်မယ်” ကျုံကျန်းဟန်ယဲ့သည် လှည့်ပတ် ကြည့်ပြီးနောက် သူမအားတစ်ချက်ကြည့်ပြီး သစ်ပင်ဆီသို့ ပြန်လျှောက်သွား လေသည်။
နာလန်လန်သည် သူမ၏ ဂုဏ်တက်နေသောမျက်နှာကိုကြည့်ပြီး မျက်လုံးထဲတွင် ခါးသီးမှုများပြည့်သွားသည်။ သို့သော် သူမကို မနာလိုနေရ မည့်အချိန်မဟုတ်ပေ။ ဝင်ရမည့်နည်းလမ်းကို သူမ စဉ်းစားဖို့လိုသည်။
သူမ နှစ်ကြိမ်မျှကြိုးစားသော်လည်း အလုပ်မဖြစ်ပေ။ အနောက်မှ လူအုပ်သည် တီးတိုးပြောလာကြပြီ။
အနောက်မှ ဆွေးနွေးနေသည်များကိုကြားပြီး ကျုံကျန်းဟန်ယဲ့ သစ်ပင် အောက်တွင် ပျောက်သွားသည်ကိုကြည့်ကာ သူမ၏ လက်သီးမှာ တင်းကြပ် စွာဆုပ်လိုက်သည်။
သူမသည် အားထည့်သုံးလိုက်ရာ လက်သည်းသည် အသားများကို ဖောက်ပြီး သွေးများသည် သူမလက်ချောင်းများမှ တစက်စက်ကျလာသည်။
သူမသည် ရန်မငြိမ်းနိုင်ပေ။ သူမက ဒုတိယမြောက် ဖြူစင်တဲ့ကြာပန်း ခန္ဓာကိုယ်ပဲ… ဘယ်လိုလုပ် သူမဝင်မရတာလဲ။ နောက်တစ်ခေါက် ကြိုးစား ကြည့်ရင် သေချာပေါက်အောင်မြင်မှာပါ။
သည်တစ်ကြိမ်တွင် သူမ ပစ္စည်းကိုလက်ထဲတွင် ဆက်ထည့်ထားကာ မျက်စိမှိတ်ပြီး အရှေ့တိုးလိုက်သည်။ သူမ ဝိညာဉ်အတားအဆီးနှင့် ထိလိုက် ချိန်တွင်တော့ သွေးနှင့် ဝိညာဉ်အတားအဆီးထိရာမှ အဖြူရောင်အလင်းတန်း ထွက်လာသည်။ အလင်းပျော်ကွယ်ပြီးနောက်တွင် သူမသည် ဝိညာဉ် အတားအဆီးအတွင်းရောက်နေသည်ကို သိလိုက်ရသည်။
“သူမ ဖြတ်သွားပြီ”
အနောက်မှ လူအုပ်သည် နာလန်လန် နောက်တစ် ကြိမ်စမ်းလိုသည်ကို မြင်သောအခါ သူမစွမ်းရည်ကို သူမ အထင်ကြီးသည့်အတွက် ရယ်မောခဲ့ကြ သည်။ မထင်မှတ်ဘဲ ရုတ်တရက် အလှည့်အပြောင်းဖြစ်သွားကာ သူမ ဝင်နိုင် သွားခဲ့သည်။
နာလန်လန် မျက်လုံးများဖွင့်ရာ သူမကိုယ်သူမ ဝိညာဉ်အတားအဆီးထဲ ရောက်နေသည်ကို မြင်သောအခါ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ဖြစ်သွား သည်။
သူမ သိနေတယ်လေ… သူမက ဘယ်လိုလုပ် ဝင်မရရမှာလဲ…
သူမ အရှေ့တိုးလိုက်ပြီး ထိုအလောင်းကိုဖြတ်ကျော်ချိန်တွင် ရပ်ပြီး ထိုလူကိုကြည့်ရာ သူမ မျက်လုံးတွင်ရွံ့ရှာမှုဖြစ်သွားလေသည်။ သို့သော် သူမ သည် လူအုပ်ကိုကျောပေးထားရာ မည်သူမျှမမြင်လိုက်ပေ။
သူမ ငုံ့ကာ လက်ဆန့်တန်းပြီး သူ့မျက်နှာကိုပွတ်ပြီး မျက်လုံးမှိတ်လိုက် သည်။
“အဲဒါကြောင့် သူမက ပညာရှိစံအိမ်တော်ရဲ့ တပည့်ဖြစ်နေတာကိုး စိတ်ကောင်းရှိလိုက်တာ”
“ဟုတ်တယ် ကြည့်လိုက်တာနဲ့ ဒီမိန်းကလေးက ကြင်နာတတ်တယ် ဆိုတာ ပြောနိုင်တယ် ခုနကမိန်းကလေးလိုမဟုတ်ဘူး အဲမိန်းကလေးက ဖြတ်သွားတာကို လှည့်တောင်ကြည့်မသွားဘူး”
“ဒါပေမဲ့ တကယ်တော့ဘာမှမဟုတ်ဘူးပဲ ငါတို့သာဆိုလည်း ဝင်သွား ရင် ဂရုစိုက်မျာမဟုတ်ဘူး”
“ပြောလို့သာပြောတာ နာလန်လန်က ပိုပြီးတန်ဖိုးရှိတာကိုပြောနေတာပဲ”
“ဟုတ်တယ် ယွိချန်ဘိုင်က တပည့်ကောင်းရထားတာပဲ”
နာလန်လန် ထိုချီးကျူးမှုများကိုကြားသောအခါ နှုတ်ခမ်းထောင့်မှာ တွန့်တက်သွားလေသည်။
သူမသည် အသက်သစ်ပင်အောက်လျှောက်ကာ ခေါင်းမော့ပြီး သစ်ပင် ထိပ်ပိုင်းကိုကြည့်ပြီး အသက်သစ်ပင်ဆီမှ လက်ဆောင်ကိုစောင့်မျှော်နေ သည်။
ချင်ယိသည် ရှီမာယူယူ၏ မှတ်ဉာဏ်ထဲမှ ထိုမိန်းကလေးကိုသိသည်။ အရင်တုန်းက မိန်းကလေးကဲ့သို့ပင် ရှီမာယူယူကို မုန်းတီးမှု အနည်းအများ တော့ရှိနေတုန်းပင်။
သို့သော် သူတို့ဝင်လာမှတော့ သူသည် သူတို့ကို အခွင့်အရေးတစ်ခု ပေးရမည်။ ဒါသည်မှာ ကောင်းကင်နှင့် သဘောတူထားသော သဘောတူညီ ချက်တစ်ခုဖြစ်သည်။
“ဝင်လာခဲ့ပါ” သူသည် လက်ဝေ့လိုက်ရာ နာလန်လန်ကို အလင်းများ ဖုံးလွှမ်းကာ အားလုံးရှေ့တွင် ပျောက်ကွယ်သွားလေသည်။
ချင်ယိသညိ သစ်ပင်အကိုင်းပေါ်တွင် လှဲလျောင်းနေကာ ထိုမိန်းလေး နှစ်ယောက် သူမနှင့်သည်နေရာတွင်ရှိနေသည်ကိုသိပါက ရှီမာယူယူ၏ တုန့်ပြန်မှုမည်သို့ဖြစ်မည်ကို တွေးနေမိသည်။
နှစ်ရက်အကြာတွင် ကျုံကျန်းဟန်ယဲ့ထွက်လာသည်။ သူမနှင့်တခြားသူ များ၏ ကွာခြားချက်မှာ သူမသည် ဉာဏ်အလင်းမရခဲ့ပေ။ သို့သော် သူမ သည် သစ်ပင်အခေါင်းထဲသို့မဝင်လိုက်ရဘဲနှင့် ပစ္စည်းတစ်ခုရလာသည်။
စမ်းသပ်မှုပြီးသည့်နောက်တွင် သူမကို အသက်သစ်ပင်သည် အပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့ပြီး ပျော့ပျောင်းသောအဝါရောင်ကိုင်းသည် သူမအရှေ့တွင် လွင့်မျောလာသည်။
ကျုံကျန်းဟန်ယဲ့သည် ထိုအကိုင်းတွင် ခိုင်မာသည့်အင်အားရှိသည်ကို ခံစားမိသည်။ ထိုသည်မှာ အသက်သစ်ပင်၏ အဆီအနှစ်ဖြစ်သည်မှာ သေချာ နေ၏ ။ သူမ စိတ်လှုပ်ရှားစွာဖြင့် ပုလင်းထုတ်ကာ အကိုင်းအောက်တွင် ထား လိုက်သည်။
အသက်သစ်ပင်၏အကိုင်းသည် လှုပ်ခါပြီး အဆီအနှစ်တချို့ကို အစက် ချပေးလိုက်သည်။
အကိုင်းမှ အဆီအနှစ်ထွက်သည်နှင့် ထိုအကိုင်းသည် ခြောက်သွေ့ ညှိုးကျကာ သစ်ပင်အမြစ်များဘေးသို့ ကျသွားလေသည်။
ကျုံကျန်းဟန်ယဲ့သည် ကျောက်စိမ်းပုလင်းကို ဂရုတစိုက်သိမ်းပြီး အသက်သစ်ပင်ကို ဦးညွှတ်ပြီး ပြောလိုက်သည် “အသက်သစ်ပင်ရဲ့ ချီးမြှောက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ဝင်လာသော တခြားသူများလည်း အဆီအနှစ်ကိုရကြသဖြင့် ထို လက်ဆောင်သည် မဆိုးလှပေ။ သို့သော် ချင်ယိတွင် အတွေးရှိသဖြင့် သူမကို နှစ်စက်လျော့ပေးလိုက်သည်။
သူသည် အံ့ဖွယ်အသိစိတ်ကိုသုံးပြီး အတွင်းပိုင်းသို့ ဝေ့ဝဲကြည့်လိုက် သည်။ နာလန်လန်သည် စမ်းသပ်မှုတွင် ကောင်းကင်ဒေါင်ရလိမ့်မည်ဟု သူ မထင်ထားပေ။ စည်းမျဉ်းအရဆိုလျှင် သူသည် သူမကို မနှောင့်ယှက်ရဘဲ သူမ ဉာဏ်အလင်းရသည်ကို ခွင့်ပြုပေးရမည်။
“ခန္ဓာကိုယ်သန့်စင်မှုကလည်း တကယ့်ကိုမတူဘူးပဲ လွယ်လွယ်နဲ့ ဉာဏ်အလင်းရသွားတယ် သူမ ဘယ်လိုဉာဏ်အလင်းရသွားလဲ”
ဟန့်မြောင်ရွှမ်သည် သစ်ပင်အခေါင်းတွင် မည်မျှကြာအောင်နေခဲ့သည် ကိုပင် မသေချာတော့ပေ။ ထိုအချိန်တွင်းတွင် သူမသည် အတိတ်ကအဖြစ် များကို ပြန်ကြုံနေရသည်။ အနိုင်ကျင့်ခံရပြီး စွန့်ပစ်ခံရာမှ ရှုဂျင်း၏ မွေးစားခံရ ခြင်း၊ ဟန့်မျိုးနွယ်ဆီသို့ ပြန်ပို့ခံရခြင်း ဂိုဏ်းသို့လာပြီး ဆေးဖော်သည့်အတတ် ကိုသင်ယူခြင်း… သေးသေးကြီးကြီးကိစ္စများကို သူမ နောက်တစ်ကြိမ်ပြန် တွေ့ကြုံရလေသည်။
အရာအားလုံးကိုနောက်တစ်ကြိမ်ပြန်တွေ့ရာမှာ သူမ ဒေါသထွက်ခြင်း ဝမ်းနည်းခြင်းများ မထိန်းနိုင်မသိမ်းနိုင်ဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း အဆုံးသတ်တွင် သူမသည် ထိုကဲ့သို့မဖြစ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမ သည် တည်ငြိမ်ပြီး တခြားသူ၏ဘဝကိုကြည့်နေသလိုမျိုး ထိုအရာများကို စောင့်ကြည့်နေနိုင်ခဲ့သည်။
“ဘာလို့လဲ ငါဘာလို့ ဒေါသထွက်တာ ဝမ်းနည်းတာတွေမဖြစ်တာလဲ” သူမ ကိုယ်သူမမေးလိုက်မိသည် “ငါ့ရဲ့ လက်ရှိစိတ်ဘောင်က အရင်နဲ့မတူ တော့လို့လား”
သူမကို ပြန်ဖြေမည့်သူမရှိပေ။
သူမ ကြာရှည်စွာစဉ်းစားပြီး ပြောလိုက်သည် “ဟုတ်တယ် အဲလိုပဲဖြစ် မယ် ငါက အရင်နဲ့မတူတော့ဘူး အရင်တစ်ခေါက် ငါအနိုင်ကျင့်ခံရတော့ ဝမ်းနည်းပြီး ဒေါသထွက်တာကိုခံစားရတယ် ဒါပေမဲ့ အခုငါ့မှာဆရာ၊ စီနီယာအစ်ကို ဂျူနီယာညီမလေးရှိတယ် သူတို့က ငါ့ကိုနွေးထွေးမှုပေးတယ် အဲဒါက ငါ့စိတ်ကိုပြောင်းသွားစေတယ် အဲလိုဆိုရင်တောင် ငါ့အတိတ်ကိုပြန် ပြီးကြုံတွေ့ရတာကို တည်ငြိမ်နေတယ် အတိတ်ကအတိတ်ပဲ ငါအရှေ့ကိုပဲ ကြည့်ပြီး ရှိနေတဲ့နွေးထွေးမှုကို တန်ဖိုးထားရမယ် ငါဒီနွေးထွေးမှုကို ကာကွယ် ရမယ်”
ဟုတ်တယ် တန်ဖိုးထား… ကာကွယ်ရမယ်… ဒါသည်မှာ သူမ၏ နောက် ဉာဏ်အလင်းဖြစ်သည်။
ထိုအရာကိုရှင်းလင်းအောင်လုပ်လိုက်ရာ သူမခန္ဓာကိုယ်သည် အားတိုး လာသလိုခံစားရကာ သက်တောင့်သက်သာဖြစ်လာသည်။ သူမ၏ ခြေလက် များ အရိုးများ ပြေလျော့ပြီး ခန္ဓာကိုယ်မှအပေါက်တိုင်းသည် ပွင့်သွားသလို ခံစားရကာ ပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်များကိုစုပ်ယူလေသည်။
“ဒုန်း…”
အသံတစ်ခုသည် လေထုကိုလွှမ်းခြုံလိုက်ရာ လူတစ်ယောက် အောင်မြင်သည်ကို လူတိုင်းကိုအချက်ပြလိုက်သည်။
***