ဉာဏ်အလင်းကိုလုယူခြင်း
Vol. 80 Ch. 1107
လူတစ်ယောက် ဉာဏ်အလင်းအောင်မြင်သွားသည်ကို အပြင်မှလူများ ထင်လိုက်သည်။ သို့သော် အသံနှစ်သံထွက်ပြီး ဉာဏ်အလင်းအောင်မြင်စွာရ သည်မှာ လူနှစ်ယောက်ဖြစ်သည်ကို ချင်ယိတစ်ယောက်သာသိသည်။ နာလန်လန်သည် အချိန်တိုအတွင်းတွင် ဉာဏ်အလင်းရသည်ကို ပျော်နေ သည်။ သူမ၏ ခန္ဓာကိုယ်ကသာ သူမ တံခါးကိုအလွယ်တကူဝင်လို့ရအောင် လုပ်ပေးခြင်းဖြစ်သည်။
“မြင့်မြတ်တဲ့ ဖြူစင်တဲ့ ကြာပန်း နှလုံးသား”
ကောင်းကင်နှင့်မြေကြီးအကြားတွင် ကျယ်လောင်သောအသံထွက်ပေါ် လာရာ သူမ ပျော်ရွှင်စွာပင် လက်ခံလိုက်သည်။
“ကြာပန်းခန္ဓာကိုယ်နဲ့ထိုက်တန်တယ် သူတို့ရတဲ့ဉာဏ်အလင်းကလည်း မြင့်မြတ်ပြီး ဖြူစင်တယ်” လူတစ်ယောက် ပြောလိုက်သည်။
“တန်ဖိုးထားတယ် ကာကွယ်မယ်”
နောက်အသံတစ်ခုသည် ကောင်းကင်နှင့် မြေကြီးအကြားတွင်ပေါ် ထွက်လာသည်။
“ဟင် သူမ ဉာဏ်အလင်းနှစ်ခုရတာလား”
“ဟားဟား ဆရာ ဂျူနီယာညီမလေးက ဉာဏ်အလင်းနှစ်ခုရလိုက်တာပဲ”
“ဉာဏ်အလင်းနှစ်ဆင့်ရတာ အရင်ကရော နောက်ရောဖြစ်မှာမဟုတ် ဘူး စံအိမ်တော်သခင်ယွိ ခင်ဗျားရဲ့ အဖိုးတန်တပည့်လေးရဲ့ အနာဂတ်က တော့တောက်ပနေပြီ”
“ဟားဟား…”
ယွိချန်းဘိုင်သည် သေတော့မည့်အတိုင်းပျော်နေကာ သူမဝင်နိုင် သော်လည် သူမဝင်နိုင်သော်လည်း သူ့တပည့်က ဉာဏ်အလင်းနှစ်ခုရတာ မဆိုးလှပေ။
“အာ ဘာလို့လူနှစ်ယောက်လဲ”
လူအုပ်သည် သစ်ပင်ထိပ်ပိုင်းမှ တစ်ယောက်ကိုတွေ့သောအခါ တအံ့တသြအော်လေသည်။
ယွိချန်ဘိုင်၏ ရယ်သံမဆုံးသေးခင်မှာပင် သစ်ပင်ထိပ်တွင် လူနှစ်ယောက်ကိုမြင်လိုက်သဖြင့် အံ့သြကာ ရယ်ရင်းနှင့် နင်သွားလေသည်။
အလင်းပျောက်ကွယ်သွားပြီး နာလန်လန်နှင့် ဟန့်မြောင်ရွှမ်တို့သည် တစ်ချိန်တည်း ပေါ်လာသည်။
“တကယ်ပဲ လူနှစ်ယောက်ပဲ”
“ဒါဆို လူတစ်ယောက်တည်းက ဉာဏ်အလင်းနှစ်ခုရတာမဟုတ်ဘဲ လူနှစ်ယောက်က တစ်ချိန်တည်းဉာဏ်အလင်းရသွားတာပဲ”
ရွှေရောင်အလင်းတန်း ကောင်းကင်ပေါ်တွင်ပေါ်လာကာ တန်ဖိုးထား ခြင်း၊ ကာကွယ်ခြင်း၊ မြင့်မြတ်ခြင်း၊ ဖြူစင်ခြင်း၊ ကြာပန်းနှင့် နှလုံးသားဟူသော စာလုံးများသည် အားလုံးရှေ့တွင်ပေါ်လာလေသည်။
စာလုံးရှစ်လုံးသည် လေထဲတွင် အစီအစဉ်မကျလိုက်ရာ ထိုရွှေစာလုံး များသည် ကလေးများသဖွယ် လှည့်ပတ်လိုက်သည်ကို မြင်သောအခါ ဟန့်မြောင်ရွှမ် ဆွံ့အမိသည်။
သူမသည် နာလန်လန်အားကြည့်လိုက်ရာ ထိုလူသည် သူမ၏ ဂျူနီယာ ညီမလေးကိုသတ်ချင်နေသည့်လူဖြစ်ကြောင်းကို ချက်ချင်းသိလိုက်သည်။
သူတို့နှစ်ယောက်လုံးသည် မမျှော်လင့်ဘဲ တစ်ချိန်တည်းမှာပင် ဉာဏ် အလင်းရခဲ့သည်။ သူမအတွက် ဝမ်းနည်းစရာပဲ။
နာလန်လန်သည် ဟန့်မြောင်ရွှမ်၏ သရုပ်မှန်ကိုမသိပေ။ သူမကိုကြည့် သည့်အကြည့်သည် အမုန်းတရားပါဝင်နေကာ သူမ၏ အလှတရားကိုပင် မနာလိုသည့်အကြည့်ဟူ၍ပင် မှတ်ယူနိုင်သည်။
သူတို့နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် တစ်ချက်စီကြည့် ပြီးနောက် ရွှေရောင်စာလုံးများဆီသို့ အကြည့်ရွှေ့ကာ ထိုစာလုံးများကို သူတို့ ခန္ဓာကိုယ်ဆီသို့ ဆင့်ခေါ်လိုက်သည်။
ထိုရွှေစာလုံးများသည် သစ်ပင်ထိပ်တွင် ဝိုင်းပတ်နေပြီးနောက် ပိုင်ရှင် ကိုရှာပြီး ‘တန်ဖိုးထားခြင်း’ ‘ဖြူစင်ခြင်း’ နှင့် ‘မြင့်မြတ်ခြင်း’ စသောစာလုံးများ သည် တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်ထဲသို့ဝင်သွား လေသည်။
သို့သော် ‘ကာကွယ်ခြင်း’ ‘ကြာပန်း’ နှင့် ‘နှလုံးသား’ စာလုံးများသည် ပူပန်ခြင်းမရှိဘဲ နှစ်ယောက်လုံးကို နောက်တစ်ကြိမ်ပတ်ကာ ‘ကာကွယ်ခြင်း’ စာလုံးသည် ဟန့်မြောင်ရွှမ်၏ ခန္ဓာကိုယ်ထဲသို့ဝင်သွားပြီး ‘ကြာပန်း’ နှင့် ‘နှလုံးသား’ စာလုံးများသည် နာလန်လန်၏ခန္ဓာကိုယ်ထဲဝင်သွားလေသည်။
ပြီးဆုံးပြီဟု အားလုံးထင်လိုက်ချိန်တွင် မိန်းမောလောက်စရာ တစ်စုံတရာဖြစ်သွားလေသည်။
‘နှလုံးသား’ စာလုံးသည် နာလန်လန်ကိုဝန်းပတ်ပြီးနောက်တွင် သူမ ခန္ဓာကိုယ်ထဲဝင်မသွားဘဲ လှည့်ကာပျံသန်းပြီးနောက် ဟန့်မြောင်ရွှမ်၏ ခန္ဓာကိုယ်ထဲဝင်သွားလေသည်။
ထိုမြင်ကွင်းအားမြင်လိုက်သောအခါ အားလုံးသည် ကြက်သေသေသွား ကြသည်။ ‘နှလုံးသား’ ဟူသည့်စာလုံးသည် နာလန်လန်ကိုစွန့်ပစ်သွားခဲ့ သည်။
နာလန်လန်နှင့် ဟန့်မြောင်ရွှမ်တို့သည် ရှုပ်ထွေးသွားကြသည်။ ဘာဖြစ်သွားတာလဲ။
သူမ ခန္ဓာကိုယ်တွင် ‘တန်ဖိုးထားခြင်း’ ‘ကာကွယ်ခြင်း’ နှင့် ‘နှလုံးသား’ စာလုံးများပါဝင်ကာ နာလန်လန်၏ ခန္ဓာကိုယ်တွင် ‘မြင့်မြတ်ခြင်း’ ‘ဖြူစင်ခြင်း’
“ဘာ ဘာဖြစ်သွားတာလဲ”
လူအုပ်ကြီးသည် ဉာဏ်မမှီသလိုခံစားရလေသည်။ ထိုစာလုံးများသည် နာလန်လန်၏ ဉာဏ်အလင်းပွင့်ရာတွင် ပါဝင်သောစာလုံးများဖြစ်သည်။ ဘာလို့ ဟန့်မြောင်ရွှမ်၏ ခန္ဓာကိုယ်ထဲကိုဝင်သွားတာလဲ။
ဒါက စနောက်ရမယ့်အရာမဟုတ်ဘူးလေ။
စာလုံးတစ်လုံးလျော့နေရာ ဉာဏ်အလင်းရသည်မှာ တစ်ဝက်သာ ဉာဏ်အလင်းရသည်ဟု မှတ်ယူ၍ရသည်။
ထို့အပြင် အရေးအကြီးဆုံးစာလုံးဖြစ်သည့် ‘နှလုံးသား’ စာလုံးမရှိရာ သူမ ဘာဉာဏ်အလင်းကိုရလိုက်တာလဲ။
ဟန့်မြောင်ရွှမ်သည် ထိုကဲ့သို့ အဖြစ်အပျက်ကိုမမျှော်လင့်ထားသဖြင့် အံ့သြနေလေသည်။
သူတို့မသိသည်မှာ ‘တန်ဖိုးထားခြင်း’ နှင့် ‘ကာကွယ်ခြင်း’ စာလုံးများသည် စိတ်ရင်းနှင့်ရထားခြင်းဖြစ်သည်။ ကြာပန်းခန္ဓာကိုယ်ပိုင်ဆိုင် ခြင်းကြောင့် ဉာဏ်လင်းရသည့် နာလန်လန်နှင့် ယှဉ်လျှင် ‘နှလုံးသား’ စာလုံးသည် ဟန့်မြောင်ရွှမ်ကို ပိုလိုလားခြင်းဖြစ်သည်။
“မင်းဘယ်သူလဲ ငါ့ရဲ့ ‘နှလုံးသား’ ကိုပြန်ပေး” နာလန်လန်သည် ဟန့်မြောင်ရွှမ်ကိုအော်လေသည်။
ဟန့်မြောင်ရွှမ်သည် လန့်နေရာမှ သတိပြန်ဝင်လာသည်။ သူမဆီသို့ မည်သို့ အကျိုးအမြတ်ယူဆောင်လာမည်ကိုမသိသော်လည်း ထိုစာလုံး သူမဆီသို့ရောက်လာချိန်တွင် နာလန်လန်ဒေါသထွက်နေသည်ကိုကြည့်ပြီး သူမပျော်နေမိသည်။
“မင်း ‘နှလုံးသား’ ပြန်ပေးဆိုတာ ဘာအဓိပ္ပာယ်လဲ” ဟန့်မြောင်ရွှမ် သည် မတ်တတ်ရပ်ကာ သူမ၏ ဝတ်စုံကိုမ,ကာ “ဒီ ‘နှလုံးသား’ က ငါ့ကို ကောင်းကင်ဒွန့်ကပေးသနားထားတာပဲ သူငါ့ကိုရွေးတာ ငါထိန်းချုပ်လို့ရ တာမဟုတ်ဘူး”
“အဲဒါအကုန်နင့်ကြောင့်ပဲ နင်ငါ့နောက်လိုက်ပြီး ထွက်မလာရင် ဘယ်လိုလုပ်နင့်ခန္ဓာကိုယ်ထဲဝင်မှာလဲ” နာလန်လန် အော်လေသည်။
“မင်းမှားသွားပြီ မင်းနောက်လိုက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ ငါဒီကို အရင်လာတာ နောက်ကလိုက်တယ်ဆိုတာ ပြောရရင် မင်းကပဲငါ့နောက် လိုက်လာတာဖြစ်မယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “နှလုံးသား စာလုံးက မင်းကိုဘာလို့စွန့်ပစ်လိုက်တာလဲသိလား”
“ဘာလို့လဲ” လူအုပ်သည် ဝင်ပါလာကာ မေးလေသည်။
“ဘာလို့လဲဆိုတော့ သူမက နှလုံးသားမရှိလို့ပဲ အဲဒီစာလုံး ‘နှလုံးသား’ ဟုတ်တာပေါ့ သူမဆီကိုမသွားဘဲနေမှာပေါ့” ဟန့်မြောင်ရွှမ်သည် ရယ်မော ရင်းပြောလိုက်သည်။
“အဓိပ္ပာယ်ရှိတယ် အဲလိုပုံပဲ မဟုတ်ရင် ‘နှလုံးသား’ စာလုံးက သူမကို အထင်သေးမှာမဟုတ်ဘူး”
ထိုအသံသည် သူမနှင့် ရင်းနှီးသည်ဟု ဟန့်မြောင်ရွှမ်ခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ ရှီချန်းကျိသည် ယပ်တောင်ခပ်ရင်း ရယ်မောနေလေ သည်။
လူရှုပ်ကောင်…
ဟန့်မြောင်ရွှမ်သည် သူ့ကို မျက်လုံးလှန်ပြပြီး နာလန်လန်အား နိုးကြား စွာ စိုက်ကြည့်လိုက်သည်။
သူမရဲ့ မြင့်မြတ်မှု၊ ဖြူစင်မှုနဲ့ နူးညံ့မှုကနေပဲ အကဲဖြတ်မနေနဲ့။ ရှီမာယူယူ တွေ့ကြုံပုံအရဆိုရင် ဒီမိန်းကလေးက ညှာတာမှုမရှိတဲ့လူပဲ။
အမှန်ပင်… မည်သည့်လက္ခဏာမှမပြဘဲ နာလန်လန်သည် ဝိညာဉ် စွမ်းအင်စုကာ သူမကိုတိုက်ခိုက်လေသည်။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်နှင့် တစ်ယောက်နီးကပ်စွာရှိနေသဖြင့် သူမသာ သတိမရှိပါက နာလန်လန်၏ ချောင်းမြောင်းတိုက်ခိုက်မှုမှာ အောင်မြင်သွားပေမည်။
နာလန်လန်သည် ရှီမာယူယူနှင့် ရွယ်တူလောက်ပင်။ နာလန်လန်၏ အဆင့်သည် သူမလောက်မကောင်းသော်လည်း ကြာပန်းခန္ဓာကိုယ်၏ အကူအညီဖြင့် ထိုနှစ်များတွင် အဆင့်လျင်မြန်စွာတက်ခဲ့သည်။ အခုချိန်တွင် သူမသည် အံ့ဖွယ်နယ်ရှင်အဆင့်ရောက်နေပြီဖြစ်သည်။
သို့သော် သူမအားသည် ဟန့်မြောင်ရွှမ်နှင့်ယှဉ်လျှင် လျော့နည်းသဖြင့် သူမ ချောင်းမြောင်းတိုက်ခိုက်မှုမှာမအောင်မြင်ပေ။ ထိုအစား ဟန့်မြောင်ရွှမ် သည် သူမ လက်ကောက်ဝတ်ကိုဖမ်းပြီး မြေပေါ်သို့လွှဲချလိုက်သည်။
သူမ ဓားကိုမထုတ်လိုက်ရခင်မှာပဲ နောက်ဆုံးမိနစ်တွင် သူမကိုယ်သူ ထောက်ကူလိုက်နိုင်ကာ လေထဲတွင် လှည့်ပြီး တည်ငြိမ်စွာဆင်းသက်နိုင်ခြင်း မရှိလိုက်ပါက သူမအတွက် အရှက်ရစရာဖြစ်သွားမည်။
နာလန်လန်သည် ဟန့်မြောင်ရွှမ်ကို တိုက်ခိုက်ရန်ဟန်ပြင်လိုက် သော်လည်း ချင်ယိ တားလိုက်သည်။ သူ လက်ဝေ့ရမ်းလိုက်သည်နှင့် အင်အားတစ်ခုသည် သူမကို ဝိညာဉ်အတားအဆီးအပြင်သို့ ခေါ်ထုတ်သွား လေသည်။
ချင်ယိ၏ အရိပ်သည် သစ်ပင်အပေါ်တွင် မျောနေကာ လူအုပ်ကိုကြည့် ပြီးပြောလိုက်သည် “ကောင်းကင်ဒွန့်ရဲ့ ရွေးချယ်မှုက လူသားတွေ ထိန်းချုပ် လို့ရတာမဟုတ်ဘူး ရလဒ်ကဘာဖြစ်နေနေ အဲဒါကောင်းကင်ဒွန့်ရဲ့ ရွေးချယ်မှုပဲ ဆုံးဖြတ်ပြီးမှတော့ ဒီမှာ ငြင်းခုံတဲ့လူမှန်သမျှကို သတ်ပစ်မယ်”
နာလန်လန်သည် အစပိုင်းတွင် ပြန်ဝင်ပြီး ဟန့်မြောင်ရွှမ်အား ပြဿနာ ရှာချင်သည်။ သို့သော် ချင်ယိ ထိုသို့ပြောလိုက်သောအခါ ရှေ့တစ်လှမ်းတိုး နေရင်းမှ မတတ်သာစွာဖြင့် ရပ်လိုက်၏ ။
သူမသည် ချင်ယိ၏ စကားကိုနားမထောင်ဘဲ ဟန့်မြောင်ရွှမ်ကို သတ်လိုက်၍ရသည်။
ထိုဧကရာဇ်အဆင့်လူ၏ အလောင်းသည် မြေပေါ်တွင်ရှိနေသေးသည် မှာ ချင်ယိ၏ စကားများသည် အလကားမဟုတ်သည်ကို သက်သေပြနေ သည်။
ကျုံကျန်းဟန်ယဲ့သည် သူမ ဉာဏ်အလင်းမရသည့်အတွက် နာလန်လန်ကို မနာလိုဖြစ်မိသည်။ ဒါပေမဲ့ ဒီကောင်မလေးက တကယ် ဉာဏ်အလင်းရသွားခဲ့တယ်။
သူမက သူမရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကောင်းတာကို မှီခိုနေတာ မလား။ ဟင်း အခုကျ ကောင်းတာ ဘာတစ်ခုမှမတွေ့ပါလား။
ဉာဏ်အလင်းတစ်ဝက်သာရသွားရာ သူမ နောက်တစ်ချိန်တွင် ဂုဏ်ယူဝံ့ကြွားစရာမရှိတော့ပေ။
“စံအိမ်တော်သခင် အသက်သစ်ပင်က အဲလူဘက်ကထင်တယ်” သူမ သည် ယွိချန်ဘိုင်၏ ဘေးသို့လျှောက်သွားလေသည် “ဂျူနီယာညီမလေးရဲ့ ဉာဏ်အလင်းရတာက နည်းနည်းလျော့သွားတယ်ဆိုပေမယ့် သူမက ဉာဏ် အလင်းရတုန်းပဲလေ နည်းနည်းလောက်လျော့တာကကိစ္စမရှိပါဘူး ဆရာ ဒီ အသက်သစ်ပင်ကို ရန်သွားစလို့မရဘူး နောက်တစ်ခါ အခွင့်အရေးရှိဦးမှာပါ”
ယွိချန်းဘိုင်၏ ဟန့်မြောင်ရွှမ်ကိုကြည့်သောအကြည့်များသည် လူသတ် မည့်အကြည့်များဖြင့်ပြည့်နေသည်။
***