← Chapters

ဝိညာဉ်လောက အကြပ်အတည်းကျလုနီးပါး

Vol. 80 Ch. 1108

ဝိညာဉ်လောက အကြပ်အတည်းကျလုနီးပါး

Vol. 80 Ch. 1108

ကျုံကျန်းဟန်ယဲ့ ထိုသို့လုပ်မည်ဟု နာလန်လန်ထင်မထားသဖြင့် ယွိချန်းဘိုင်ကိုအော်လိုက်သည် “ဆရာ”

ယွိချန်းဘိုင် ဒီအတိုင်းလက်လျော့လိုက်မည်ကို သူမ ကြောက်ရွံ့မိ သည်။

ယွိချန်းဘိုင်သည် ချင်ယိကိုကြည့်လိုက်သည်။ သူသည် နာလန်လန်ကို နှင်ထုတ်ချိန်တွင် ဟန့်မြောင်ရွှမ်ကို ချင်ယိဘက်လိုက်သည်ကို သူသိထားပြီး နှင့်ပြီ။

ချင်ယိ သူမကို ကွဲပြားစွာဆက်ဆံအောင် ဟန့်မြောင်ရွှမ် မည်သည့် နည်းလမ်းသုံးလမ်းသည်ကို သူ မသိပေ။ သို့သော် သူသိသည်မှာ ချင်ယိရှိနေ လျှင် ဟန့်မြောင်ရွှမ်ကို သတ်မရပေ။

“သွားမယ်” သူသည် နာလန်လန်ကို ပြောလိုက်သည်။

“ဆရာ” သူ တကယ်ပင်လက်လျော့လိမ့်မည်ဟု နာလန်လန်မထင်ထား ပေ။ အဲဒါက သူမရရမယ့် ဉာဏ်အလင်းလေ… သူမ ဒီအတိုင်းပဲ လက်လျော့ ပြီး ရန်မငြိမ်းနိုင်ဘူး။

“ဟန်ယဲ့ပြောတာမှန်တယ် နောက်ကို သူမကိုသတ်ဖို့ မင်းမှာ အခွင့်အရေးအများကြီးရှိတယ် သူမကို အခုသတ်ပြီးအသက်သစ်ပင်ကို ဆန့်ကျင်လို့မရဘူး” ယွိချန်းဘိုင် ပြောလေသည်။

“ဒါပေမဲ့…” သူမရဲ့ ဉာဏ်အလင်းကျဘယ်လိုလုပ်မလဲ…

“ဂျူနီယာညီမလေး အဲဒီ ‘နှလုံးသား’ က သူမခန္ဓာကိုယ်ထဲရောက်သွား ပြီး ပြီးသွားပြီ အခုသူမကိုသတ်လိုက်လို့လည်း မင်းဟာဖြစ်မသွားဘူး” ကျုံကျန်းဟန်ယဲ့ ဆက်ပြောလေသည် “မင်း သူမကိုဘယ်လောက်သတ်ချင် နေလဲဆိုတာ ငါတို့နားလည်တယ် ဒါပေမဲ့ စံအိမ်တော်သခင်နဲ့ ပညာရှိစံအိမ်တော်တစ်ခုလုံး ဒီလိုမျိုး အသက်သစ်ပင်ကိုဆန့်ကျင်တာဖြစ်ချင် လို့လား”

သူတို့အတူတကွပေါင်းပြီး တိုက်ရင်တောင် အသက်သစ်ပင်ကို နိုင်နိုင် မည်မဟုတ်ပေ။

နာလန်လန်သည် အားလုံးသူမကိုကြည့်နေသည်ကို ကြည့်လိုက် ပြီးနောက် သူမ ဝမ်းနည်းလျှင်တောင် အားလုံး၏အသက်ကို စွန့်စားခြင်းမပြု လုပ်နိုင်ပေ။

သူမ ထိုသို့လုပ်လိုက်လျှင် အနာဂတ်တွင် ပညာရှိစံအိမ်တော်တွင် သူမ နေရာပျောက်သွားမည်။

“ကျွန်မ စီနီယာအစ်မရဲ့ အကြံကိုမှတ်သားပါ့မယ် ကျွန်မရဲ့ တစ်ကိုယ် ကောင်းဆန်မှုကြောင့် အားလုံးကိုဆွဲမချနိုင်ဘူး” သူမသည် တခြားသူများ အတွက်မစဉ်းစားပေးသည့် ခံပြင်းသည့်ခံစားချက်နှင့် နှုတ်ခမ်းကိုက်လိုက် သည့်ပုံစံသည် အားလုံးကို သနားသွားစေသည်။

“လန်အာ မစိုးရိမ်နဲ့ နောက်တစ်ခါကို မင်းအတွက် သေချာပေါက် လက်စားချေပေးမယ် ဒီလူ ထာဝရရှင်သန်သူနယ်မြေကနေ အသက်ရှင် လျက်ထွက်မသွားနိုင်စေရဘူး” ယွိချန်းဘိုင်သည် သူမ ခေါင်းကိုပုတ်ပြီး နှစ်သိမ့်လေသည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

“သွားမယ်”

ပညာရှိစံအိမ်တော်မှလူများ ဘယ်သူမှမဝင်နိုင်မှတော့ ထိုနေရာတွင် ကြာကြာနေလည်း အသုံးမဝင်ပေ။

နာလန်လန်ထွက်သွားချိန်တွင် လှည့်ပြီး ဟန့်မြောင်ရွှမ်ကို မုန်းတီးမှု ပြည့်နေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဟန့်မြောင်ရွှမ်သည် သူမ အမူအရာကိုကြည့်ပြီး စိတ်ထဲတွင် ကျေနပ် နေသည်။ သူမ ဒေါသထွက်နေသည်ကိုကြည့်ပြီး မေးပင့်ကာပျော်နေမိသည်။

နာလန်လန် ရန်မကျေညက်နိုင်ဘဲ ထွက်သွားသည်ကို ကြည့်ပြီး ဟန့်မြောင်ရွှမ်သည် ချင်ယိဆီသို့ လက်သီးဆုပ်ဂါရဝပြုကာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

“မင်း ကိုယ့်ကိုယ်ကို ဂုဏ်ယူရမယ်” ချင်ယိသည် လက်ကိုနောက်ပစ်ပြီး သူမ စိတ်ရင်းကိုလက်ခံလိုက်လေသည်။

“ဟုတ်တယ် အဲကောင်မလေးက ဂျူနီယာမောင်လေးကို သတ်ချင်နေ တာလေ ကျွတ် ဒီတစ်ခေါက် သူမကိုနိုင်လိုက်တာ ပျော်လိုက်တာ” ဟန့်မြောင်ရွှမ်သည် ဆက်ပြောလေသည် “ပြောရင်းနဲ့ သူမကို တမင်အနိုင်ယူ တာတော့မဟုတ်ဘူး ‘နှလုံးသား’ ကရွေးအောင် ကျွန်မလုပ်တာမဟုတ်ဘူး”

“မင်းတို့ ဉာဏ်အလင်းကိုသာအတူမရဘူးဆိုရင် တခြားသူရဲ့ ဉာဏ် အလင်းက မင်းကိုအလွယ်တကူရွေးချယ်မှာမဟုတ်ဘူး” ချင်ယိ ပြောလိုက် သည်။

ဟန့်မြောင်ရွှမ် ထိုသို့ပြောလိုက်ရင်းနှင့် ပုံမှန်ကဲ့သို့ဖြစ်ကာ အပြစ်ကင်း သလိုသရုပ်ဆောင်နေဆဲဖြစ်သည်။

“အဲဒါက ကျွန်မထိန်းချုပ်နိုင်တဲ့ဟာမဟုတ်ဘူးလေ ဒါကကံတရားပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “အသက်သစ်ပင် ကျွန်မဂျူနီယာမောင်လေးနဲ့ တခြားသူတွေက ဘယ်မှာလဲ ရှောင်ချီကရော”

“သူတို့က အခွင့်အလမ်းယူနေတုန်းပဲရှိသေးတယ်” ချင်ယိ ဆက်ပြော လေသည် “ပြီးတော့ ငါ့ကိုအသက်သစ်ပင်လို့မခေါ်နဲ့”

“ဒါဆို ဘယ်လိုခေါ်ရမလဲ”

“ချင်ယိ”

ဟန့်မြောင်ရွှမ်သည် သူ့ကိုအပေါ်အောက်ကြည့်ပြီး “ရှင်က အသက် သစ်ပင်ဖြစ်နေတာကိုဘာလို့ ချင်ယိလို့ခေါ်ရမှာလဲ”

ချင်ယိ၏ နဖူးတွင် အနက်မျဉ်းကြောင်းများပေါ်သွားသည်။ သူမ ပြောတာ ဘာလို့ ရှီမာယူယူနဲ့ တူနေတာလဲ။

“မင်းထွက်သွားလို့ တခြားသူတွေသတ်တာမခံချင်ရင် တိတ်တိတ်နေ” ချင်ယိ ပြောပြီးနောက်တွင် သစ်ပင်အကိုင်းများအကြားတွင် ပျောက်ကွယ် သွားလေသည်။

ဟန့်မြောင်ရွှမ်သည် သစ်ပင်ထိပ်တွင် တစ်ယောက်တည်းရပ်ကာ ဝိညာဉ်အတားအဆီးအပြင်မှ လူအုပ်ကိုကြည့်လိုက်ရာ သူမကို ပြပွဲတစ်ခု သဖွယ်ကြည့်နေသည်ကိုခံစားရသည်မှာ ထူးဆန်းပြီး သက်တောင့်သက်သာ မဖြစ်လှပေ။

ချင်ယိ သူမကိုနှင်မထုတ်သဖြင့် သူမထွက်မရပေ။ မဟုတ်လျှင် သူမ အပြင်မှလူများ၏ သတ်ခြင်းကိုခံရလိမ့်မည်။

သူမ ဉာဏ်အလင်းရထားသဖြင့် အားအနည်းငယ်ပိုသန်မာလာသည်။ အသက်သစ်ပင်တွင် အားကောင်းသောဉာဏ်အလင်းရခြင်းမှာ လူတိုင်းရနိုင် သည့်အရာမဟုတ်ပေ။

သူမ သစ်ပင်ထိပ်ပိုင်းထိတက်သွားပြီး တုပ်ခိုင်ကာ သူမထက် သန်မာ မည့် သစ်ကိုင်းကိုရှာပြီး တင်ပျဉ်ခွေထိုင်ကာ သူမ၏ ဉာဏ်အလင်းကို သန်မာ အောင်လုပ်တော့သည်။

အပြင်မှလူအုပ်သည် သူမ အသက်သစ်ပင် အတွင်းတွင် ကျင့်ကြံနေသည်ကို မြင်သောအခါ အားကျမှုများ မုန်းတီးမှုများ လေးစားမှုများ ဖြင့် ပြည့်နေသည်။

“ငါတို့်လည်းဝင်ရရင် မိုက်မှာပဲ”

“မေ့လိုက်တော့ ငါတော့မလိုချင်တော့ဘူး ထွက်ပဲသွားတော့မယ် မင်း ငါနဲ့လိုက်ချင်လား”

“ဘယ်သွားမလို့လဲ”

“ဒီကျွန်းမှာ ဧကရာဇ်ရဲ့ အကြွင်းအကျန်တွေရှိသေးတယ် ဟုတ်တယ် မလား အဲဒီကိုသွားပြီး ဘာလို့မကြည့်ရမှာလဲ”

“အဲဒီအကြွင်းအကျန်တွေကို သူများတွေယူသွားလောက်ပြီ ငါတို့အခု သွားရင်တောင် ဘာရတနာမှရှိမှာမဟုတ်ဘူး”

“ဟုတ်တယ် ငါတို့ အကြွင်းအကျန်တွေရှိတဲ့နေရာကလာတာ အဲဒီမှာ ဘာမှမရှိသလောက်ပဲ”

“တကယ်လား”

“ဟုတ်တယ်”

“အကြွင်းအကျန်ထဲမှာ ပစ္စည်းနည်းနည်းပဲရှိတာလား”

“မနည်းဘူး လူတိုင်းဝင်လို့မရတာပဲရှိတာ”

“ဘာကိုဆိုလိုတာလဲ”

“ဧကရာဇ်ရဲ့ နေရာတိုင်းမှာ အကန့်အသက်တွေရှိတယ် အကုန့်အသက်တွေမရှိတော့မှ အဲနေရာတွေကို ဝင်လို့ရမှာ သန်မာတဲ့သူတွေ က အထဲကိုတိုက်ရိုက်ဝင်သွားကြပြီး ငါတို့ကတော့ အပြင်မှာပဲလည်နေရတာ”

“ဟုတ်တယ် ဒါပေမဲ့ အကန့်အသက်မရှိတဲ့နေရာတွေမှာ ပစ္စည်းနည်း နည်းပဲရှိတယ် အဲဒါကလည်း တခြားသူတွေရဲ့ အထက်အောင်တောင် မြေလှန်ပြီးနေပြီ”

“အာ.. ဒါဆိုရင် ဒီကျွန်းမှာဘာလို့နေနေတော့မှာလဲ မြန်မြန်ထွက်သွား ရအောင် မနေ့ကငါတို့်သွားခဲ့တဲ့နေရာက ပစ္စည်းတချို့ကျန်သေးတယ်”

“အာ… မင်းတို့ကြားလိုက်လား အသည်းကွဲတောင်ကြားက လူတစ်စု ကိုခေါ်ပြီး အကန့်အသက်ကိုဖျက်ပြီးနေရာတစ်ခုကိုဝင်သွားတာ အဲဒါက အကန့်အသက်ထက်ကိုပိုတဲ့ ထောင်ချောက်တည်ဆောက်မှုတွေများတယ်တဲ့ သူတို့သေသလား ရှင်သလားကိုမသေချာဘူး”

“အာ အဲဒါက အင်အားစုအသစ်မလား သူတို့အင်အားက သန်မာတယ် လို့ကြားမိတယ် အထူးသဖြင့် အဲဒီရှီမာယူယူ သူကတကယ့်ကို နတ်ဆိုးလိုပဲ”

“ရှီမာယူယူက အဲအကြွင်းအကျန်တွေရှိတဲ့နေရာသွားလား”

“အဲလိုမထင်ဘူး သူ့ကို အကြွင်းအကျန်ရှိတဲ့နေရာမှာမတွေ့မိဘူးတဲ့”

“သူဘာမှမဖြစ်ဘူးဆိုရင် အလကားပဲ ဘယ်လောက်တောင် အဆိပ်ပြင်းလိုက်လဲ”

“သူဘာမှမဖြစ်ဘဲ တောင်ကြားခေါင်းဆောင် တစ်ခုခုဖြစ်သွားရင် သူက တောင်ကြားခေါင်းဆောင်ဖြစ်သွားမှာလား”

“မဖြစ်နိုင်ပါဘူး သူက ငယ်လွန်းတယ်မဟုတ်ဘူးလား အဲလူတွေက သွေးမိစ္ဆာမြို့ကအဖွဲ့ဝင်တွေပဲ အပေးအယူလုပ်ဖိ့ လွယ်မှာမဟုတ်ဘူး”

“သူတို့နဲ့ အပေးအယူလုပ်မှာက သူလို့ပဲထင်တယ် သွေးမိစ္ဆာမြို့မှာဖြစ် ခဲ့တာတွေမေ့သွားပြီလား”

“မင်းပြောတာက… အဲလိုကြည့်တော့လည်း အဲနေ့က ရက်ပေါင်းများစွာ ကိုမိုးကြိုးတွေပစ်ခဲ့တာ သူက ဆွဲခေါ်လိုက်တဲ့သူလား”

“အဲလိုဆိုရင် မိုးကြိုးကိုခေါ်တဲ့သူက ရှီမာယူယူပဲ”

“ဒါပေမဲ့ တောင်ကြားခေါင်းဆောင်ကို ရှီမာယူယူက လေးစားတာကို တွေ့တယ်”

“သူတို့ သေလား မသေဘူးလားကို မင်းတို့ပြောနေကြတာ သူတို့က အဆင်ပြေနေတယ် ထားလိုက်တော့ သခင်ကြီးရင်လင်းက အဲအင်အားစုနဲ့ ရင်းနှီးနေတာပဲ သူတို့လွယ်လွယ်နဲ့သေမယ်ဆိုရင် သူ့အားစိုက်မှုက အလကားဖြစ်မသွားဘူးလား”

“အမှန်ပဲ”

ချင်ယိသည် ထိုစကားများကိုကြားသောအခါ မျက်ခုံးအနည်းငယ် ပင့်တက်သွားသည်။ ထို့နောက်တွင် သစ်ခေါင်းထဲသို့ အလောတကြီးသွား လိုက်ရာ ရှီမာယူူယူ၏ ပြောင်းလဲမှုများကိုသိလိုက်ရသည်။

ရှီမာယူယူ၏ ဝိညာဉ်လောကမှာ အောင်မြင်သွားပြီး ထိုလူများပြော သည့် စကားများကို သူမကြားလိမ့်မည်ဟု သူ မထင်မိပေ။ ရှီမန်ဖန်နှင့် အသည်းကွဲတောင်ကြားမှလူများ သေသလား ရှင်သလားမသိနိုင်ဟု ကြား လိုက်ချိန်တွင် သူမ၏ အသက်ရှုသံမှာ မတည်မငြိမ်ဖြစ်ကာ ဝိညာဉ်လောက သည် စတင်ကွဲအက်လာကာ ပြိုကွဲတော့မည်မှာ ထင်ရှားနေသည်။ အောင်မြင်မှုမှာ ပြီးဆုံးသွားခဲ့လေပြီ။

“မင်း ပြိုမကျအောင်လုပ်သင့်တယ် ဒီအခွင့်အရေးကိုလွတ်သွားတာနဲ့ နောက်တစ်ခါ ကြိုးစားကြည့်ရင် လွယ်လွယ်နဲ့ရတော့မှာမဟုတ်ဘူး” သူသည် စိုးရိမ်တကြီးပြောလေသည်။

**

All Chapters