← Chapters

သရုပ်မှန်ပေါ်ပေါက်ခြင်း

Vol. 80 Ch. 1109

သရုပ်မှန်ပေါ်ပေါက်ခြင်း

Vol. 80 Ch. 1109

သူမ ဘာတွေလုပ်နေသည်ကို ရှီမာယူယူ မသိတော့ပေ။ ပန်းများညှိုးနွမ်းသွားကာ အရွက်များသည် အဝါရောင်ပြောင်းသွားပြီးနောက် ကြွေကျလေသည်။ ချောင်းငယ်ထဲမှ ရေများသည် ခမ်းခြောက်ကာ ကန်ထဲမှ ကြာပန်းများသည် ခြောက်သွေ့သွားလေသည်။ နောက်တွင် တောင်တန်းများ မြင်များပင် ကွဲအက်ကုန်သည်။ သူမရှိနေသည့် တောင်မှလွဲ၍ တခြားသော တောင်ထိပ်များသည် ပြိုကျကုန်လေသည်။

“ဘာဖြစ်သွားတာလဲ” သူမ သတိကပ်ကာ အော်လိုက်သည်။

ဒါက သူမ တည်ဆောက်ထားတဲ့လောကလေ… ဘာလို့ရုတ်တရက်ကြီး ပြိုကျသွားတာလဲ။

“နင် ဘာတွေလုပ်နေတာလဲ”

သူမ၏ မြည်တွန်တောက်တီးသံကို ကိုယ်တိုင်ကြားလိုက်ရသည်။

သူမ လက်နှစ်ဖက်ကို စုကာ မြေပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပြောလိုက်သည် “ငါဘာမှမလုပ်ခဲ့ဘူး ငါဘာမှမလုပ်ခဲ့ဘူး”

“မှန်တယ် နင် ဘာမှမလုပ်လို့ပဲ ဒီလောကကဒီလိုဖြစ်သွားတာပဲ”

ရှီမာယူယူ ခေါင်းမော့ကြည့်လိုက်ရာ အရိပ်ခပ်ဖျော့ဖျော့ကိုမြင်လိုက်ရ သည်။ ထိုသူမှာ သူမဖြစ်ပါလျက်နှင့် သူမ မဟုတ်ပေ။

“ငါ ဘာမှမလုပ်ဘူး…”

“ဟုတ်တယ် နင် သူတို့ပြိုလဲတာကိုကြည့်နေခဲ့တယ် နင်တော်သင့်ပြီ ဒါပေမဲ့ နင်ဘာမှမလုပ်ခဲ့ဘူး အဲအစား ဒီမှာပဲရပ်ပြီး တိရစ္ဆာန်တွေသေတာကို ပဲကြည့်နေခဲ့တယ် ပန်းတွေညှိုးသွားပြီး မြစ်တွေခြောက်သွားတယ် တောင် တွေပြိုလဲသွားတယ်”

“ငါ…”

“စဉ်းစားကြည့်လေ အဲဒါ အကုန်လုံးက နင့်အမှားတွေပဲမဟုတ်ဘူးလား”

“ငါ့အမှားတွေပဲ”

“ဒါဆိုရင် သူတို့ကိုဘာလို့မကယ်တာလဲ”

“ဘယ်လိုကယ်ရမှာလဲ”

“အရင်က သူတို့ကိုဘယ်လိုတည်ဆောက်ခဲ့လဲ အခုအဲလိုပဲလုပ်လေ နင့် ကိုယ်နင်ယုံရမယ် နင်လုပ်နိုင်ပါတယ်”

ထိုအရိပ်သည် ဖျော့သွားကာ ရှီမာယူယူ၏ ဗလာကျင်းနေသော မျက်လုံးသည် တောင့်တင်းသွားသည်။

သူမ စိတ်အခြေအနေပြောင်းသွားသည်နှင့် လောကကြီးသည် ပြိုလဲခြင်းမရှိ မြစ်ကြမ်းပြင်သည်လည်း တဖြည်းဖြည်းရေဖြစ်လာကာ သေနေ သောပန်းများ သစ်ပင်များသည် ဖြည်းဖြည်းချင်း ပြန်ရှင်လာသည်။

သစ်ခေါင်းထဲတွင် ဝိညာဉ်လောကပြန်လည်တည်ငြိမ်လာသည်ကို ချင်ယိမြင်သောခါ စိုးရိမ်နေသော သူ့စိတ်များသည် တည်ငြိမ်သွားသည်။

ယခုအချိန်တွင် ရှီမာယူယူ၏ နှလုံးသားသည် အမှန်တကယ်ပင် သံသယဝင်နေခဲ့ပြီ။ သူမပတ်လည်ရှိ တစ်ခုတည်းသော ဧရိယာသာ မပြိုလဲခဲ့ ပေ။ သည်နေရာသာပြိုလဲခဲ့ပါက သူမ အောင်မြင်နိုင်မည်မဟုတ်ပေ။

“ကောင်းကင်က တစ်ခုကိုထုတ်တယ် တစ်ခုက နှစ်ခုကိုထုတ်လုပ် တယ် နှစ်ခုက သုံးခုကိုထုတ်တယ် သုံးခုက အကုန်လုံးကိုထုတ်တယ်…” ရှီမာယူယူသည် ထိုအရာကို မသိစိတ်မှ ထပ်ခါထပ်ခါပြောနေမိသည်။ ဝိညာဉ် လောကသည် ပိုပြီးတည်ငြိမ်လာကာ အရင်ကထက် ခိုင်မာလာသည်။

ချင်ယိသည် ဝိညာဉ်လောက၏ အရင်နှင့် ယခုပုံစံကိုယှဉ်ကြည့်လေ သည်။ သူမ ပို၍ပင် အံ့သြမှုကိုခံစားရလေသည်။

“ဒါက ပြိုပျက်ပြီးတော့ ရပ်တည်တယ်လို့ခေါ်တဲ့ဟာလား ငါဘာမဟုတ် တာကို စိုးရိမ်မိပြီနဲ့တူတယ်”

ပြန်လည်တည်ဆောက်မှုသည် အရင်ကထက်ပင်မြန်ဆန်ကာ မကြာခင် တွင် အပြင်ဘက်ထိကျယ်ပြန့်ကာ နယ်နိမိတ်ကိုကျော်ပြီး မိုင်တစ်ရာအတွင်း လွှမ်းခြုံလေသည်။

“ဘာဖြစ်တာလဲ ငါ တစ်ခုခုကနေ ထိန်းချုပ်နေသလိုခံစားရတယ်”

“ငါလည်း အဲလိုပဲ”

“ဒါ တစ်ခုခုများမှားသွားတာလား”

“ထူးဆန်းလိုက်တဲ့ ခံစားချက်ပဲ”

“ဟင်း ပျောက်သွားပြီ”

“အခု ထိန်းချုပ်ခံလိုက်ရတဲ့ခံစားချက်က တကယ်ကြီးလား”

“တကယ်ပဲ”

“အသက်သစ်ပင်များလား”

“ဘုန်း ဘုန်း ဘုန်း…”

ပေါက်ကွဲသံ သုံးသံသည် လေထဲတွင် ဆင့်ပေါက်ကာ အသံတစ်သံချင်း စီသည် အရင်ကဖြစ်ခဲ့သောအသံများထက် ပိုကျယ်လောင်လေသည်။ ထိုနေရာတွင်ရှိနေသည့်လူများ နားကွဲသွားသည်မကဘဲ ကျွန်းပေါ်မှလူ အားလုံးနီးပါးကြားရလေသည်။

အနီးအနားမှလူများသည် ထိုသုံးဆင့်ပေါက်ကွဲသံကြောင့် ဆွဲဆောင်ခြင်းခံရကာ တစ်ယောက်ပြီး တစ်ယောက်ထိုနေရာသို့ပျံလာကြ လေသည်။

“လူသုံးယောက်က တစ်ချိန်တည်းမှာ သူတို့ဉာဏ်အလင်းကိုရသွားတာ များလား”

“မဖြစ်နိုင်တာ”

အစောပိုင်းက လူနှစ်ယောက် တပြိုင်နက် ဉာဏ်အလင်းအောင်မြင်သွား သည်ကိုပင် သူတို့မှာ အံ့သြလွန်းနေပြီ။ သုံးယောက် မဆိုထားနှင့်။

“လူတစ်ယောက်က ဉာဏ်အလင်းသုံးခုရသွားတယ်ဆိုရင် ဘာဖြစ်မှာ လဲ”

ထိုနေရာတွင်ရှိနေသောလူများသည် ထိုအကြောင်းကို အဆက်မပြတ် ပြောကြရာ ဖြစ်လာသောကိစ္စများကို အလွန်သိချင်နေကြသည်။

“အချိန် အဆုံးမရှိ နေရာ အဆုံးမရှိ ဘဝ အဆုံးမရှိ”

ထိုစာလုံးများသည် ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ရိုက်နေသည်။ ထိုအသံကိုကြားရသူတိုင်းသည် အချိန်ပြောင်းလဲခြင်း နေရာကျယ်ပြောခြင်း နှင့် ဘဝ၏ ကြီးမြတ်မှုကိုခံစားရလေသည်။

“ဒါက ဘယ်သူ့ဉာဏ်အလင်းလဲ…”

သူတို့သည် တုန်လှုပ်နေမှုများကို ဖော်ပြရန်စကားလုံးများပင်ရှာမရပေ။ ကြည့်ရသည်မှာ လူတစ်ယောက်တည်း၏ ဉာဏ်အလင်းပွင့်ခြင်းသာမဟုတ် ဘဲ တကယ့်အစစ်အမှန် ကောင်းကင်၏ စည်းမျဉ်းဖြစ်မည်။

ရှီမာယူယူသည် နိုးလာသည်နှင့် ရွှေရောင်အလင်းတန်း၏ သစ်ပင်ထိပ် ပိုင်းသို့ ခေါ်သွားခြင်းခံရလေသည်။ ထင်ယောင်ထင်မှားတည်ဆောက်မှု သည် ကောင်းကင်နှင့် မြေကြီးရှေ့တွင် အသုံးမဝင်ပေ။ သူမ ယောက်ျားလေး ဝတ်စုံဝတ်ဆင်ထားသော်လည်း မိန်းကလေးတစ်ယောက်၏ အင်္ဂါရပ်နှင့် ရောင်ဝါများသည် ဖုံးကွယ်မရပေ။

သူမ ခေါင်းမှ အနက်ရောင်ဆံကေသာရှည်များသည် လေထဲတွင် လွင့် နေကာ လှပသော မျက်နှာအသွင်အပြင်သည် အမျိုးသားဝတ်စုံ၏ ကြံ့ခိုင်မှု နှင့်မလိုက်ဖက်သော်လည်း အမျိုးသမီးတစ်ဦး၏သိမ်မွေ့မှုနှင့် ကြင်နာမှုကို ဖော်ပြနေသည်။ တူညီသောမျက်နှာအသွင်အပြင်ငါးမျိုးပင်လျှင် လူများကို မတူညီသည့်ခံစားချက်ကိုပေးလေ၏ ။

ရွှေရောင်အလင်းတန်းပျောက်ကွယ်သွားသောအခါ ရှီမာယူယူသည် အားလုံးရှေ့တွင် လုံးဝပေါ်ပေါက်သွားတော့သည်။ မိန်းကလေးတစ်ယောက် ၏ ပုံရိပ်…

“အဲဒါ… အဲဒါ အဲဒီရှီမာယူယူမလား”

“အဲဒါ သူမ မဟုတ်ဘူးလား ဒါပေမဲ့ ဒါကမိန်းကလေးပဲ ရှီမာယူယူက ယောက်ျားလေးပဲ”

“ဒါပေမဲ့ သူတို့အရမ်းတူတယ်”

“အမွှာလား”

“သူ့မှာ အမွှာညီမရှိတယ်လို့ ဘယ်တုန်းကကြားဖူးလို့လဲ”

“ဒါဆိုရင်… ဒါတကယ်ပဲ ရှီမာယူယူလား သူမက မိန်းကလေးလား”

“မဖြစ်နိုင်ဘူး ဟုတ်တယ်မလား ဒီရှီမာယူယူက ကောင်းကင်ကို ဆန့်ကျင်တဲ့ ပါရမီရှင်ဖြစ်ရုံတင်မကဘဲ မိန်းကလေး တစ်ယောက်ဖြစ်နေ တာလား”

“အမလေး ဒါတကယ့်ကို ထိတ်လန့်စရာပဲ”

ရှီချန်းကျိနှင့် ရှီချူးရှောင်ဘေးတွင် ရပ်နေသော ကျန်းကျူရှန့်သည် မျက်နှာထားပြောင်းသွားသည်။ သူသည် ရှီမာယူယူကိုကြည့်ပြီး ဘာမှမပြော နိုင်ဘဲ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ သူ့ဘေးမှ ရှီချန်းကျိနှင့် ရှီချူးရှောင်တို့သည် လုံးဝအံ့သြခြင်းမရှိသဖြင့် သူ ပြောလေသည် “သူမက မိန်းကလေးဆိုတာ မင်းတို့သိနေတာလား”

ရှီချူးရှောင်သည် သူ့အား မျက်လုံးလှန်ပြလေသည် “သူမ ငါ့ကိုကုသ ပေးတုန်းက ငါ့ကိုကိုယ်လုံးတီးမြင်လိုက်တယ်လေ သူမသာ မိန်းကလေး မဟုတ်ရင် သူမ အခုထိအသက်ရှင်မယ်ထင်နေလား”

“ငါ… မင်း…”

ကျန်းကျူရှန့်သည် စိတ်ဓာတ်ကျသွားသည်။ ရှီမာယူယူသည် သူ၏ ဂျူနီယာညီမလေးဖြစ်သည်။ ရှီချန်းကျိနှင့်တခြားသူများ ထိုအခြင်းအရာကို သိထားသော်လည်း သူမ မိန်းကလေးဖြစ်နေတာကို သူမ သူ့ကိုမပြောခဲ့ပေ။

ထိုနေရာတွင် အကြွင်းအကျန်များရှိသည်ဟု သိစဉ်က သူလာပြီး ကြည့် ချင်ခဲ့သည်။ မထင်မှတ်စွာပင် ပင်လယ်ကိုမဖြတ်ခင်တွင် သူသည် ရှီချူးရှောင်နှင့် တခြားသူများကိုတွေ့ခဲ့သည်။ သူတို့အားလုံးသည် တစ်နေရာ တည်းကိုသာ ဦးတည်နေကြသည်။ သဘာဝကျကျပင် သူ မငြင်းတတ်သဖြင့် သူတို့နှင့်လာလိုက်သည်။

သို့သော် ထိုအရာကိုမြင်ရလိမ့်မည်ဟု သူ မထင်ထားပေ။

“ထင်ထားတဲ့အတိုင်းပဲ ငါကြည့်လိုက်တိုင်းကို အံ့သြရတယ်” ရှီချန်းကျိ သက်ပြင်းချလေသည်။

ရှီချူးရှောင်သည် ရှီချန်းကျိ မျက်လုံးမှ မှင်တက်မှုကိုမြင်သောအခါ ဘာကြောင့်မှန်းမသိ အနည်းငယ် နေရခက်မိသည်။

“ကောင်းကင်ဒေါင်ရဲ့ စရိုက်ဆယ့်နှစ်ခု”

အားလုံးသည် ကောင်းကင်တွင်ပေါ်လာသော ရွှေရောင်စာလုံး ဆယ့်နှစ်လုံးကို အာရုံစိုက်မိကြသည်။ ရွှမ်းချုံဟော်၏ ရလဒ်မှာ စာလုံးရှစ်လုံး ဟန့်မြောင်ရွှမ်နှင့် နာလန်လန်တို့၏ ရလဒ်မှာ စာလုံး၄လုံးစီဖြစ်သည်။ သို့သော် ရှီမာယူယူသည် စာလုံး ဆယ့်နှစ်လုံးဖြစ်သည်။

ပါရှိသည့်အချက်များကိုကြည့်လျှင် ရှီမာယူယူ၏ ရလဒ်မှာ ပို၍ အားကောင်းသည်။

“အချိန် အဆုံးမရှိ နေရာ အဆုံးမရှိ ဘဝ အဆုံးမရှိ”

စာလုံး ဆယ့်နှစ်လုံးသည် လေထဲတွင်ဝဲနေကာ အသက်သစ်ပင်ကို ဝန်းပတ်ပျံသန်းကာ ရှီမာယူယူအား နှစ်ပတ်ပတ်ပြီး သူမ ခန္ဓာကိုယ်ထဲသို့ ဝင် သွားလေသည်။

စာလုံးဆယ့်နှစ်လုံးဝင်သွားချိန်တွင် သူမ ခန္ဓာကိုယ်မှာ ပိုလန်းဆန်းသွား သည်ဟု ရှီမာယူယူ ခံစားမိသည်။ ပြီးနောက် စာလုံးဆယ့်နှစ်လုံးသည် ခန္ဓာ ကိုယ်အတွင်းတွင် လှည့်ပတ်သွားလာနေကာ နောက်ဆုံးတွင် သူမ၏ ပင်မ သွေးကြောများကိုထိကာ အရိုးများဆီသို့ထွင်းထုကာ သူမ၏ အပ်စိုက်သည့် နေရာများဆီသို့ပါ သွားလေသည်။

အချိန် အဆုံးမရှိ၊ နေရာ အဆုံးမရှိ၊ ဘဝ အဆုံးမရှိ… ထိုသည်မှာ သူမ၏ စည်းမျဉ်းဖြစ်ကာ လောကမှ အချိန်၊ နေရာနှင့် ဘဝကိုနားလည်သွားခြင်းဖြစ် သည်။

“ဝါး ဂျူနီယာညီမလေး အရမ်းမိုက်တာပဲ” သူမ ဉာဏ်အလင်းရမှု ပြီးသွားသည်ကိုမြင်သောအခါ ဟန့်မြောင်ရွှမ်သည် သစ်ကိုင်းမှ ပျံလာသည်။  “ဟီးဟီး နောက်ဆုံးတော့ လူရှေ့မှာ မင်းကိုဂျူနီယာညီမလေးလို့ခေါ်လို့ရပြီ မင်းက လှတယ် ငါ တွေ့ရတာကို မငြီးငွေ့ဘူး”

ရှီမာယူယူသည် သူမရင်ဘတ်တွင် ပြန့်ကျနေသော ဆံသားရှည်များကို ကြည့်ပြီး သူမ၏ မိန်းကလေးသရုပ်မှန်မှာ လူကြားထဲတွင် ပေါ်ပေါက်သွားပြီ ကိုသိလိုက်ရသည်။

“နောက်ကိုတော့ ပြဿနာတွေများလာတော့မှာပဲ” ထိုသို့ပြော သော်လည်း သူမ ထိုပြဿနာများကို ဂရုမစိုက်ပေ။ “စီနီယာက ဘာလို့ တစ်ယောက်တည်းလဲ စီနီယာအစ်ကိုနဲ့ ရှောင်ချီရော အတူထွက်မလာသေး ဘူးလား”

“မလာသေးဘူး ဒါပေမဲ့ ချင်ယိပြောသလိုဆို သူတို့မကြာခင်လာတော့ မှာပါ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။ “ရှောင်ချီက ဖွံ့ဖြိုးမှုနောက်ဆုံး အချိန် ရောက်နေပြီ ပြီးတော့ ဂျူနီယာမောင်လေးက ဉာဏ်အလင်းရတဲ့လုပ်ငန်းစဉ် ဖြစ်နေတယ်”

***

All Chapters