မနာခံခြင်း
Vol. 13 Ch. 182
ဟန်ရှန်းစန့်ရန်ဟာ ချန်ရှီရဲ့ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေခဲ့သည်။ ချန်ရှီ တောင်တံခါးကို ကန်ချလိုက်တာကို မြင်တော့ သူ မထိန်းနိုင်ဘဲ မောဟိုက်သွားသည်။
"ဒီကောင်ငယ်လေးက ရက်စက် ကြမ်းကြုတ်လွန်းတယ်... ဟိုတုန်းက ဝူဟူစန့်ရန်ထက်တောင် ပိုဆိုးနေသေးတယ် သူက တစ်ချက်လှုပ်ရုံနဲ့ တောင်တံခါးကို ဖြိုချပြီး တောင်အုပ်ထိန်းသားရဲကိုပါ ရိုက်ချိုးပစ်လိုက်တယ်!"
ဒဏ္ဍာရီလာ သားရဲ၏ ကျောက်ရုပ်တုကို ချိုးဖျက်ခြင်းက နံ့သာပေါင်းကို ဖြတ်တောက်ခြင်းပဲ ဖြစ်သည်။ ချန်ရှီကတော့ ရက်စက်ကြမ်းကြုတ်စွာ လုပ်ခဲ့လေ၏။
"ဒါက ရက်စက်လွန်းတယ်.."
ချန်းခယ့်စန့်ရန်လည်း ဒီမြင်ကွင်းကို မြင်တာကြောင့် ဝင်ပြောလာခဲ့သည်။ ထိုက်ဖျင်ဂိုဏ်းမှ လူ ရှစ်ဆယ့်နှစ်ဦး နှင့် နတ်သားရဲ နှစ်ကောင် အားလုံးကို ချန်ရှီတစ်ယောက်တည်း သတ်ဖြတ်ခဲ့သည်။
ဒါ ဆယ်ကျော်သက်တစ်ယောက် လုပ်နိုင်တဲ့ အရာလား။
"ထိုက်ဖျင်ဂိုဏ်းက လုပ်ခဲ့တာကို အခြေခံပြီးကြည့်ရင်တော့ သူတို့ တကယ်သေဖို့ ထိုက်တန်ပါတယ်"
ဟန်ရှန်းစန့်ရန်က ရေရွတ်သည်။
"သူက ငါ့ရဲ့ မှော်ပညာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်နေလို့ အံ့သြတုန်လှုပ်နေရတာ... ဝူဟူစန့်ရန် ငါ့ရဲ့ မှော်ပညာကို တိတ်တိတ်လေး သင်ယူပြီး သူ့ဆီ လက်ဆင့်ကမ်းခဲ့တာလို့တောင် သံသယဝင်လာပြီ!"
ချန်းခယ့်စန့်ရန်က ရယ်မောပြီး :"ဝူဟူစန့်ရန်က ဘယ်လောက်မာနကြီးလဲ မသိတာလည်း မဟုတ်ဘဲနဲ့... ရှင့်ရဲ့ မှော်ပညာကို ခိုးယူမှာတဲ့လား ရှင့်ရဲ့ မှော်ပညာကို သူမြင်တုန်းက အရမ်းဆိုးတယ်လို့တောင် ပြောသေးတယ်လေ...နည်းနည်းလောက် ပြုပြင်မွမ်းမံထားဦး... ငါကူညီပေးမယ် ပြီးရင်တော့ ရှင် အဲဒါကို လုံးဝမှတ်မိမှာ မဟုတ်ဘူး"
ဟန်ရှန်းစန့်ရန်ဟာ ဒေါသအလွန်ထွက်သွားတာကြောင့် မုတ်ဆိတ်မွေးတောင် တဆက်ဆက် တုန်သွားသည်။ မျက်လုံးများ ပြူးသွားသော်လည်း ရုတ်တရက် ရယ်မောလိုက်မိ၏။ အဲဒါက အမှန်ပင် ချန်ယင်တူးရဲ့ ပုံစံဖြစ်သည်။
"ဒါပေမဲ့ ချန်ရှီက ရှင့်ရဲ့ မှော်ပညာကို သုံးလိုက်တုန်းက သူ့ကို အဆင့်ဆင့် သင်ပေးထားသလိုပဲ"
ချန်းခယ့်စန့်ရန်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီး။
"တတိယစာလုံးကို တကယ် မသင်ပေးထားဘူးလား"
ချန်ရှီ ခေါင်းခါလိုက်ပြီး: "ငါ သေချာပေါက်ကို မသင်ပေးခဲ့ဘူး!"
ချန်းခယ့်က သူ့ကို ခပ်မှိန်မှိန်လေး ကြည့်ပြီး ပြောနေသည်။
"ဒါဆို သူ့ရဲ့ မွေးရာပါ တာအိုသန္ဓေသားကို တစ်ယောက်ယောက်က ဖယ်ထုတ်သွားတဲ့အတွက် သူ့ရဲ့ အရည်အချင်းက အလယ်အလတ်ပဲ ဖြစ်လာခဲ့တာ မဟုတ်ဘူး... ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့ အရည်အချင်းတွေက မြင့်မားလွန်းနေတယ် နတ်ဘုရားက ပေးအပ်ထားတဲ့ မွေးရာပါ တာအိုသန္ဓေသားက သူ့အတွက် သိပ်အရေးမကြီးဘူး"
ဟန်ရှန်းစန့်ရန် အသံပျောက်လုမတတ် :"မင်း အရမ်းဝေးသွားပြီ မွေးရာပါ တာအိုသန္ဓေသားက ဘာလဲ? ခေတ်အဆက်ဆက်မှာ တစ်မျိုးပဲ ရှိတာယ. မင်းမှာ ဒီလို သန္ဓေသားမျိုးရှိရင် မဟာယာနရဲ့ ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီး ဘေးဆိုးကြီးကို ကျော်လွှားမယ်...ပြီးရင် အမတတစ်ယောက် ဖြစ်လာဖို့ပါ ရည်မှန်းထားလို့ရတယ်... ချန်ရှီမှာ အရည်အချင်းရှိပေမယ့် သူ့မှာ နတ်သန္ဓေသား မရှိဘူး... ငါတို့လို နယ်ပယ်အထိ မကျင့်ကြံနိုင်ဘူး"
ချန်းခယ့်လည်း သူ့ရဲ့ချီးကျူးမှုဟာ နည်းနည်းလွန်ကဲတယ်လို့ ခံစားမိတဲ့အတွက် အကြောင်းအရာ ပြောင်းပြီး ပြောလိုက်သည်။
"ချန်ရှီရဲ့နည်းလမ်းတွေက ဆန်းပြားလွန်းတယ် ဒါက ဒါပထမဆုံးအကြိမ်လို့ မထင်ဘူး.. သူ့ရဲ့ လှုပ်ရှားမှုတွေက သေစေနိုင်တယ် တောင်တွေကို ခုတ်လှဲပြီး ကျူပင်ခုတ်ကျူငုတ်မကျန် ဖျက်ဆီးပစ်တယ်... အခြေတည်ဝိညာဥ် နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်အထိ ကျင့်ကြံခဲ့တဲ့ သူတွေတောင်မှ ဆယ်နှစ်သားလေး လက်ထဲမှာ လွယ်လွယ်ကူကူ သေသွားနိုင်တယ်လို့ ဆိုလို့ရတယ်"
သူမခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ချန်ရှီ မရဏကမ္ဘာမှာ ဘာတွေများ ကြုံခဲ့ရလို့လဲ"
ဟန်ရှန်း အနည်းငယ် ထိတ်လန့်သွားပြီး သူမ ဘာကိုဆိုလိုသလဲ နားမလည်သလို ဖြစ်သွားသည်။
ချန်းခယ့်: "ကလေးပညာရှင် သေသွားတာ ရှစ်နှစ်ရှိပြီ သူက နတ်ဘုရားဆီကနေ တန်ဖိုးထားမှုကို ခံခဲ့ရသူ... နတ်ဘုရားက သူ့ကို ထူးခြားတဲ့ မွေးရာပါ တာအိုသန္ဓေသားကို ပေးခဲ့တယ် ဒီလို ဉာဏ်ကြီးရှင်က တိမ်မြုပ်ပြီး မြေအောက်ကမ္ဘာထဲ နစ်ဝင်သွားပါ့မလား... မရဏကမ္ဘာမှာ ရှစ်နှစ်တာအတွင်း သူဘာတွေ တွေ့ကြုံခဲ့ရလဲ တစ္ဆေလေးတွေဆီကများ အနိုင်ကျင့်ခံခဲ့ရတာလား"
ဟန်ရှန်း အံ့သြထိတ်လန့်သွားပြီး :"သူ့ကို ကယ်တင်ဖို့အတွက် ဝူဟူစန့်ရန်က မရဏကမ္ဘာထဲကို ဝင်ပြီး သူ့ဝိညာဉ်ကို ပြန်ဆွဲထုတ်နိုင်ဖို့ အကူအညီတွေကို ရှာခဲ့တယ်မလား... ဝူဟူစန့်ရန်ရဲ့ ခွန်အားက ငါတို့အတွက်တောင် ကြောက်စရာကောင်းတဲ့ အရာတစ်ခုပဲ သူက ချန်ရှီဝိညာဥ်ကို ပြန်ဖမ်းဖို့ သခင်တော်တော်များများကို ဦးဆောင်ပြီး ရှစ်နှစ်ကြာတဲ့အထိ တွန်းလှန်ပြီးမှ လူ့ပြည်ကို ပြန်ခေါ်လာနိုင်ခဲ့တာ..."
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် လေးနက်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ဝိညာဥ်တွေကို ပြန်ခေါ်ဖို့ဆိုတာ တကယ်တော့ မခက်ပါဘူး။
ကျေးလက်ရှိ ဆရာသခင်တွေ အားလုံး ဝိညာဉ်များကို ဆင့်ခေါ်နိုင်သည်။ ၎င်းတို့သည် နတ်သန္ဓေသားနယ်ပယ် သို့မဟုတ် ရွှေအမြုတေနယ်ပယ်ကို ကျင့်ကြံထားသရွေ့တော့ မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများကို ဆင့်ခေါ်နိုင်သည်။
လွန်ခဲ့သည့် ဆယ်နှစ်က ချန်ရှီသညိ ဦးခေါင်းခွံကို ခွဲပြီး သူရဲ့ နတ်သန္ဓေသားကို ဖယ်ထုတ်ခံခဲ့ရသည်။ သူသေဆုံးပြီးနောက်တွင် မရဏကမ္ဘာသို့ ဝင်ရောက်ခဲ့တာ မှန်ပေမယ့် ချန်ယင်တူးက ဘာကြောင့် သူ့ဝိညာဉ်ကို မခေါ်နိုင်ခဲ့တာလဲ။
ထိုအချိန်တွင် ချန်ယင်တူးသည် ကမ္ဘာပေါ်တွင် တန်ခိုးအရှိဆုံး သတ္တဝါများထဲမှ တစ်ပါးဖြစ်ပြီး သူ၏ အစွမ်းသတ္တိမှာ နားမလည်နိုင်အောင် အားကောင်းသည်။ သူသည် အခြားသူများ၏ စွမ်းအားကို အားကိုး၍ မရဏကမ္ဘာထဲသို့ အကြိမ်များစွာ ဝင်ရောက်ကာ ချန်ရှီ၏ ဝိညာဉ်ကို ပြန်လည်မရရှိမီ ရှစ်နှစ်ကြာ အထိ တိုက်ပွဲဝင်ဖို့ ဘာကြောင့် လိုအပ်ခဲ့သလဲက စဥ်းစားစရာ တစ်ချက်ပင်။
ဟန်ရှန်း: "ဒီနေရာမှာ တစ်ခုခုမှားနေပြီ! အဘွားရှား အရင်က ငါ့လက်အောက်မှာ ပညာသင်ဖူးတယ်...သူမက ချန်ယင်တူးရဲ့ ဝိညာဉ် ခေါ်ဆောင်တဲ့အလုပ်မှာ ကူညီပေးခဲ့သူပဲ သူမကို မေးရင်တော့ ဇာတ်လမ်းတစ်ခုလုံးကို သိနိုင်မှာပါ"
ချန်းခယ့်ကလည်း ခေါင်းညိတ်သည်။
ဟန်ရှန်းစန့်ရန်ရဲ့ ဝိညာဉ်အသိက ကြီးမားပြီး အကန့်အသတ်မရှိပေ။ မြူခိုးတောင်ထွတ်အတွင်း သူ့စိတ်စွမ်းအားတွေ ပျံ့လွင့်လာတဲ့အခါ အဖွားရှားရှိတဲ့နေရာကို ရှာတွေ့သွားပြီး ယွိထျန်းချန်ကို သွားဖိတ်ခိုင်းလိုက်သည်။
သိပ်မကြာခင်မှာပဲ အဘွားရှားက အနတ္တလေဟာပြင်ထဲ ဝင်ရောက်လာသည်။
"ဆရာကြီးဟန်ရှန်း ကျွန်မကို ဘာအကြောင်းနဲ့များ တွေ့ချင်တာလဲ?"
ဟန်ရှန်းက သူ့ရဲ့သံသယတွေ အကြောင်းကို ပြောပြလိုက်သည်။
"ငါတို့စိတ်ရှုပ်နေလို့ မင်းကိုမေးချင်တာပါ...ချန်ယင်တူးက ချန်ရှီကိုကယ်တင်ဖို့ မြေအောက်ကမ္ဘာကို သွားခိုင်းတုန်းက ဘာကြောင့် ဒီလောက် ခက်ခဲနေရတာလဲ ချန်ရှီ မြေအောက်ကမ္ဘာမှာ ဘာတွေကြုံတွေ့ခဲ့ရတာလဲ"
အဘွားရှားရဲ့ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွား၏။
"ဒီကိစ္စက ဆရာ့ကို အနှောင့်အယှက် ပေးနိုင်တာလား"
ဟန်ရှန်းသည် ဒေါသအလွန်ထွက်ကာ မျက်နှာပြာသွားသည်။ သူက စားပွဲကို ဆောင့်ရိုက်လိုက်ပြီး။
"ဘယ်လိုပြောနေတာလဲ.. ဒါ မင်းဆရာနဲ့ စကားပြောတာလား"
အဘွားရှားက ခပ်မြန်မြန် ပြုံးပြပြီး "ဆရာဟန်ရှန်းက တစ်ဆယ်လေးရဲ့ ကန့်ညောင် ဖြစ်ဖို့ စီစဉ်နေတာလား"
ဟန်ရှန်း: "ဘာကန့်ညောင်လဲ?"
"ဆိုလိုတာက သူ့ကို နေ့ရောညပါ စောင့်ကြပ်ကြည့်ရှုပြီး အန္တရာယ်တစ်စုံတစ်ရာ မကျရောက်စေရဘူး... သူ့အသိစိတ်အိုင်ထဲက နတ်ဆိုးတွေ မလွတ်မြောက်အောင်လည်း သတိထားရမယ်။ နတ်ဆိုးတွေ ထွက်လာရင် သူတို့ကို ဖယ်ရှားဖို့ နည်းလမ်းတွေ ရှာရမယ် ဒါ့ပြင် အနောက်နွားရှင်းကျိုးကို ဖျက်ဆီးတာလိုမျိုး မိုက်မဲတာတွေ လုပ်နေတာကို သတိထားရမယ်"
ဟန်ရှန်းက ဒေါသတကြီးနဲ့ :"ငါ့မှာ အသက်ရှင်ဖို့ နှစ်တွေ အများကြီး ကျန်နေသေးတယ်... ငါသာ သူ့ကန့်ညောင် ဖြစ်လာရင် အသက်ရှင်ဖို့ ရက်အများကြီး ကျန်တော့မှာ မဟုတ်ဘူး!"
အဘွားရှား: "ဒီလိုမလုပ်နိုင်ရင် မလုပ်နဲ့... ဘာလို့မေးနေတာလဲ ရွာဝင်ပေါက်ကိုသွားပြီး လူအို၊ မိန်းမတစ်ချို့နဲ့ စကား သွားပြောနေလိုက်တာကမီ ပိုကောင်းတယ် မဟုတ်ဘူးလား... ကျွန်မ သွားတော့မယ်!"
ထို့နောက် သူမ လှည့်ထွက်သွားသည်။
သူမက နောက်ပြန်လှည့်ပြီး။
“ဆရာ... နတ်ဆိုးကို နှိမ်နှင်းဖို့ နတ်ရှာဖွေအိတ်ကို သုံးခဲ့တယ်မလား.. တကယ်လို့ ဆရာ မယူချင်ဘူးဆိုရင် တပည့်ဆီ ပေးပါလား”
ဟန်ရှန်းစန်းရီ ဒေါသအရမ်းထွက်ပြီး ခေါင်းတွေတောင် မူးဝေသွားသည်။ သို့သော် သူသည် နတ်ရှာဖွေအိတ်ကို ကောက်ကိုင်လိုက်ပြီး ပစ်ပေးလိုက်သေး၏။
"ငါ မင်းကို နှစ်ကောင်စလုံး ပေးလိုက်မယ်... ခဏနေ အဲ့ကောင်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းသွားပါစေ!"
အဖွားရှားကတော့ နတ်ရှာဖွေအိတ်ကို ယူကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။ ဟန်ရှန်းမှာ ဒေါသအရမ်းထွက်ပြီး ခြေလက်တွေတောင် တုန်နေ၏။ သူက ချန်းခယ့်ကို လှည့်ပြောလိုက်၏။
"ဒီကလေးမလေးက ရဲတင်းလာတယ်... ငါ့စကားကိုတောင် နားမထောင်တော့ဘူး!"
ချန်းခယ့်: "သူမ ဖုံးကွယ်ထားရတဲ့ အကြောင်းရင်းက မရဏကမ္ဘာမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို ကြုံတွေ့ခဲ့ရလို့ ဖြစ်နိုင်တယ်လို့ ထင်တယ်..."
ဟန်ရှန်းရဲ့နှလုံးသည် အနည်းငယ် တုန်ခါသွားသည်။
"သခင်မဟွာလီကိုလည်း အဲဒီတုန်းက ဝူဟူစန့်ရန်က ဖိတ်ကြားခဲ့တာလို့ ကြားတယ် အတွင်းထဲက အချက်အလက်တချို့ကို သူမ သိထားတာ ဖြစ်နိုင်တယ်"
သိပ်မကြာခင်မှာပဲ သခင်မဟွာလီက အကြီးတန်း နှစ်ယောက်နဲ့ တွေ့ဆုံဖို့ အနတ္တလေဟာပြင်ထဲ ဖိတ်ကြားခံခဲ့ရသည်။ ချန်းခယ့်သည် ကြင်နာသော မျက်လုံးရှိသူ အဘွားကြီးဖြစ်သည်။ သူမက အခြေအနေကို ရှင်းပြလိုက်ကာ။
"ငါတို့လည်း ချန်ရှီကို စိတ်ပူပြီး သူ့အကြောင်း ပိုသိချင်တာပါ"
သခင်မဟွာလီက ခဏလောက် စဉ်းစားပြီးမှ ပြုံးလိုက်သည်။
"ပထမတော့ ကျွန်မရဲ့ ကျင့်ကြံမှုက အားနည်းတဲ့အတွက် ဝူဟူစန့်ရန်က ကျွန်မကို ဘယ်တော့မှ အကူအညီ မတောင်းခဲ့ဘူး နောက်ပိုင်း ကျွန်မ တိုးတက်မှုတချို့ရလာတော့ သူက ကျွန်မကို ဖိတ်ခေါ်တယ်... နောက်ဆုံးကယ်ဆယ်ရေးမှာ ပါဝင်ခဲ့ပေမယ့် အဘွားရှားနဲ့ တခြားသူတွေလောက်တော့ မကူညီခဲ့ရပါဘူး အဲဒါကြောင့် ကျွန်မလည်း အများကြီး မသိပါဘူး"
ချန်ရှီအကြောင်း ထပ်မပြောချင်တော့ကြောင်း သိတာကြောင့် အသက်ကြီးသူနှစ်ဦးလည်း တစ်ယောက်ကို တစ်ယောက်သာ ကြည့်လိုက်သည်။
ချန်းခယ့်က ပြုံးပြီး ခေါင်းညိတ်၏။
"မင်းပြောနိုင်သလောက်ပဲ ပြောပါ..."
သခင်မဟွာလီက ခဏလောက် စဉ်းစားနေသည်။
"အဲဒီတုန်းက ဟေးကော်နဲ့ ကျွန်မတို့ မြေအောက်ကမ္ဘာကို သွားခဲ့တယ်...ဟေးကော် ဆိုတာက ချန်ရှီအနားက ခွေးနက်ပါ... ဝူဟူစန့်ရန်က အမှားတစ်ခုခုလုပ်မိရင် သူ့ခေါင်းပေါ် အိုးသွားတင်ထားပြီး အပြစ်ပြောလေ့ရှိတယ် အဲဒါကြောင့် ဟေးကော် (အိုးမည်း) လို့ခေါ်တာ"
"ကျွန်မတို့ အရမ်းကြောက်စရာကောင်းတဲ့ တိုက်ပွဲကို ဖြတ်သန်းခဲ့ရတယ်... အဆုံးမရှိတဲ့ မြေအောက်တစ္ဆေတွေနဲ့ နတ်တစ္ဆေတွေ အများကြီး ကျွန်မတို့ဆီကို ပြေးလာကြတာ.. ရုတ်တရက် ဝူဟူစန့်ရန်နဲ့ ဟေးကော်က ပျောက်သွားတယ် အဲ့သရဲတစ္ဆေတွေနဲ့ နတ်တစ္ဆေတွေ ဝိုင်းရံထားတာကို တွန်းလှန်ဖို့ ကျွန်မတို့ အဖွဲ့ပဲ ကျန်ခဲ့တာ... ကျွန်မတို့ အရှုံးပေးရခါနီးအချိန်မှာ ဝူဟူစန့်ရန်နဲ့ ဟေးကော်တို့ ပြန်ရောက်လာတယ်... ဝူဟူစန့်ရန်က တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ... ချန်ရှီက ဟေးကော် နောက်ကျောမှာ သတိလစ်နေတယ်"
သူမရဲ့မျက်နှာမှာ ထူးဆန်းတဲ့ အမူအရာ တစ်ခုပြသပြီး: "ကျွန်မတို့ ဝိုင်းထားတဲ့ နေရာထဲကနေ ရုန်းထွက်ပြီး အထက်ကမ္ဘာကို ပြန်လာခဲ့ပါတယ်.... ဝူဟူစန့်ရန်က ဒဏ်ရာအပြင်းအထန် ရခဲ့ပေမယ့် အနားယူဖို့ ဂရုမစိုက်ဘဲ ချန်ရှီရဲ့နဖူးမှာ စည်းတံဆိပ်ခတ်တယ်... စကြဝဠာထဲက နတ်ဘုရားတွေအားလုံး အုပ်ချုပ်တဲ့ ကောင်းကင်ဘုံနန်းတော်တစ်ခုရဲ့ ရူပါရုံကို ပုံဖော်ထားခဲ့တယ်.."
ဟန်ရှန်းရဲ့ မျက်လုံးများ ခေတ္တ မှိတ်သွားခဲ့သည်။
"စကြာဝဠာစည်းတံဆိပ်ကြီးလား?"
သခင်မဟွာလီသည် တခဏမျှ တုံ့ဆိုင်းသွားပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဟန်ရှန်း: "မဖြစ်နိုင်ဘူး! စကြာဝဠာစည်းတံဆိပ်ကြီးက နှစ်ထောင်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့တာ... ဝူဟူစန့်ရန်က စကြာဝဠာစည်းတံဆိပ်ကြီးကို မစွမ်းဆောင်နိုင်ဘူး... စကြာဝဠာစည်းတံဆိပ်ကြီးက စကြာဝဠာထဲက နတ်ဘုရားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ အုပ်ချုပ်မှုကို ကိုယ်စားပြုတယ်... စကြာဝဠာစည်းတံဆိပ်ကြီးကို ပြန်မရနိုင်ဘူး... အပိုင်းအစတချို့ကိုပဲ အကောင်းဆုံး အသုံးချနိုင်မှာ!"
သခင်မဟွာလီ: "ကျွန်မကတော့ အပိုင်းအစ တစ်ခုလားဆိုတာ သိနိုင်လောက်အောင် ပညာမတတ်ပါဘူး... ဝူဟူစန့်ရန် ချန်ရှီကို တံဆိပ်ခတ်ပြီးနောက် ချန်ရှီက သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာပြီး ကြီးပြင်းလာဖို့အတွက် ကြေးမုံအိုင်အိမ်တော်ကို မကြာခဏ သွားလေ့ရှိတယ်... သူနဲ့တွေ့တော့ ကျွန်မ ဘယ်သူလဲဆိုတာ မမှတ်မိတော့ဘူး လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူ့မှတ်ဉာဏ်တွေအားလုံး ပျောက်ကွယ်သွားသလိုပဲ"
ဟန်ရှန်းနဲ့ ချန်းခယ့်တို့ အံ့အားသင့်သွားသည်။
ချန်ယင်တူး မရဏကမ္ဘာကနေ ကယ်တင်ခဲ့တဲ့သူက ချန်ရှီရဲ့ တစ္ဆေဝိညာဥ်ဖြစ်ပြီး စကြာဝဠာစည်းတံဆိပ်ကြီးနဲ့ တံဆိပ်ခတ်ထားတာကလည်း ချန်ရှီရဲ့ တစ္ဆေဝိညာဥ် ဖြစ်လေသည်။ အဲ့တော့ စကြာဝဠာစည်းတံဆိပ်ကြီး အောက်မှာ ရှိနေတာက လူငယ် အသိစိတ်ပင်လယ်ထဲက နတ်ဆိုးများကို မဟုတ်ဘဲ ချန်ရှီကို တံဆိပ်ခတ်ရန် ဖြစ်ပေ၏။
ထိုအချိန်တုန်းက နတ်ဆိုးများက ချန်ရှီရဲ့ အသိစိတ်ပင်လယ်ထဲသို့ မ၀င်ရောက်ကြသေးပေ။ အလုံပိတ်ခံရပြီးနောက် ချန်ရှီ နိုးလာကာ အစမှ ပြန်လည်မွေးဖွားလာသကဲ့သို့ သူ၏ ယခင်အမှတ်တရများ အားလုံးကို မေ့သွားခဲ့သည်။
ဒါဆို ချန်ရှီက သူသေတာကြာနေပြီမို့ မှတ်ဥာဏ်တွေ ဆုံးရှုံးသွားတာလား ဒါမှမဟုတ် ချန်ယင်တူးက တံဆိပ်ခတ်ထားလို့လား။
နောက်ဆုံးကဟာ ဖြစ်ရင် ဘာလို့ တံဆိပ်ခတ်ချင်တာလဲ။
"ချန်ရှီက လျှို့ဝှက်ချက်တွေ အများကြီးနဲ့ ဖုံးကွယ်နေတာပဲ"
ဟန်ချန်းတို့ အသက်ကြီးသူ နှစ်ယောက် ဒီအချက်ကို တွေးကြည့်လိုက်သည်။
ချန်းခယ့်: "ဟန်ရှန်း... ဝူဟူစန့်ရန် ကိုယ်တိုင်ကတောင် ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး ဒါကြောင့် ငါတို့လည်း ဝင်မစွက်ဖက်သင့်ဘူး...ငါတို့နည်းနည်း ပိုကြောက်လိုက်ရင် ငါတို့ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်နိုင်မယ်ထင်တယ်"
ဟန်ရှန်းကလည်း အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။
သူတို့အားလုံး ချန်ယင်တူးနဲ့ ပတ်သက်၍ မကျေနပ်ကြသော်လည်း သူရဲ့ အစွမ်းသတ္တိနှင့် ဉာဏ်ပညာကိုတော့ သဘောကျကြသည်။ ချန်ယင်တူးကတောင် မကိုင်တွယ်နိုင်သော အရာတစ်ခုကို အလျင်စလို ဝင်ရောက်စွက်ဖက်ပါက သူတို့ ဘယ်လိုသေလို့ သေသွားရမှန်း မသိဘဲ သေသွားနိုင်သည်။
"အဘွားရှား ငါ့ကို အော်နေတာ အံ့သြစရာ မရှိပါဘူး.. သူက ငါ့ကို အော်ဖို့ ကြံတာမဟုတ်ဘူး မကြာသေးခင်ကပဲ ဖိအားတွေ အရမ်းခံနေရတာ... သူမ နှလုံးသားထဲမှာ ငါ့ကို သူ့ဆရာအဖြစ် သတ်မှတ်ထားတုန်းပဲ"
ဒီလိုပြောပြီးနောက် နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိသွားလေ၏။ သခင်မဟွာလီက ရယ်မောကာ နှုတ်ဆက် ထွက်ခွာသွားခဲ့သည်။ ဟန်ချန်း အကြီးအကဲ နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
ဖီးနစ်တောင်ထွတ်တွင်တော့ ချန်ရှီသည် ကောင်းကင်ယံတွင် ဖုံးလွှမ်းနေသော မိုးကြိုးတိမ်များကို ဖြန့်ကျက်ပြီး နတ်ကွန်းကို တည်ထောင်ကာ နတ်ကွန်းမှ အလင်းရောင်၏ အကူအညီဖြင့် ထိုက်ဖျင်ဂိုဏ်းကို အတွင်းအပြင်ကို ရှာဖွေနေခဲ့သည်။
သူသည် ထိုက်ဖျင်ဂိုဏ်းက စုဆောင်းထားခဲ့သော ဝိညာဥ်ပြန်ကြာပန်းများကို ရှာဖွေနေခြင်းပင်။
ယဇ်ပလ္လင်ကို ဖြတ်သွားသောအခါ ရှောင်တင်းရှန်း၊ ရှောင်ထျန်းနဲ့ တခြားကလေး ဆယ်ယောက်ကျော်ဟာ ယဇ်ပလ္လင်ပေါ် ရပ်နေကြတာ သူတွေ့လိုက်ရသည်။ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတွေကြောင့် မိုးရေတွေ စိုနေကြသည်။ သို့သော် သူတို့သည် သခင်၏ ညွှန်ကြားချက်ကို စောင့်မျှော်နေကြတာကြောင့် မထွက်လာရဲကြပေ။
ဤကလေးများသည် ထိုက်ဖျင်ဂိုဏ်းတွင် တစ်ကိုယ်တည်း အသက်ရှင် ကျန်နေခဲ့ကြတာကို သတိမထားမိပုံရပြီး ကြာဖြူခိုးယူနိုင်ရန် မရဏကမ္ဘာ ပွင့်လာမည့်အချိန်ကိုသာ စောင့်မျှော်နေကြဆဲဖြစ်သည်။
ချန်ရှီ ခဏ ရပ်လိုက်ပြီး သူ့လက်ကို ဆန့်လိုက်သည်။ သူ့လက်ထဲက ဓားသေးသေးလေးဟာ မိုးမျှော်ငှက်အသွင် ပြောင်းလဲသွားကာ အတောင်ပံတွေကို ခတ်လိုက်ကာ ရှောင်တင်းရှန်းရှေ့ ပျံဝဲနေသည်။
ရှောင်တင်းရှန်းသည် သူ့ပတ်ဝန်းကျင်တွင် ပျံဝဲနေသော မိုးမျှော်ငှက်ကို ကြည့်ရင်း အံ့သြပျော်ရွှင်နေမိသည်။ သူမ လက်ဖဝါးကို မြှောက်လိုက်သည်နှင့် ငှက်က သူမ လက်ဖဝါးပေါ်၌ ခုန်ပေါက်ကာ လက်ချောင်းများကို ကိုက်လိုက်သည်။
"နင်က ကြာဖြူခိုးပေးတဲ့ ငှက်ကလေးပဲ"
ရှောင်တင်းရှန်း အလွန်ပျော်ရွှင်စွာဖြင့် ချန်ရှီဆီ ပြေးသွားသည်။
"နင်က အဲ့တုန်းက အကူညီတောင်းခဲ့တဲ့ ကောင်လေးပဲ... နင် အသက်ရှင်နေသေးတာပဲ ကောင်းလိုက်တာ ငါကနင် သေသွားပြီ ထင်နေတာ!"
မျက်ရည်များ ကျလာသည်အထိ ပျော်ရွှင်စွာ ခုန်ပေါက်ရယ်မောနေခဲ့သည်။ နောက်ထပ် ကလေးငယ်လေးက ပြေးလာ၏။
"တင်းရှန်း... ဆူညံမနေနဲ့ အဒေါ်ဝေ့ မင်းကိုရိုက်လိမ့်မယ်..."
ချန်ရှီက ပြုံးပြီး "မင်းရဲ့ အဒေါ်ဝေ့က မင်းကို ဘယ်တော့မှ ရိုက်နှက်မှာ မဟုတ်ဘူး... ဒီတောင်ပေါ်က လူဆိုးတွေကို ငါ သတ်လိုက်ပြီ အခု မင်းတို့ လွတ်သွားပြီ မိုးလင်းရင် မင်းတို့ကို အိမ်လိုက်ပို့ပေးမယ်!"
ယဇ်ပလ္လင်ရှေ့တွင် ယောက်ျားလေးများနှင့် မိန်းကလေးများ အားလုံး အံ့အားသင့်နေကြပြီး သူပြောသည့်စကားကို မယုံနိုင်ဖြစ်နေကြသည်။ ထိုအချိန်တွင် ပိန်လှီသော ယောက်ျားလေးများနှင့် မိန်းကလေးတွေ အပြေးလေး ရောက်ရှိလာကာ ကလေးတစ်ယောက်က အော်ပြောလာ၏။
"အဒေါ်ဝေ့ သေပြီ... လူတွေ အများကြီး သေကုန်ပြီ..."
ရဲရင့်သော ကလေးငယ်တချို့က သွားရောက်စစ်ဆေးခဲ့ရာ တကယ်ပဲ သူပြောတဲ့အတိုင်း သေနေကြတယ တွေ့လိုက်သည်။ တချို့က ထိတ်လန့်ကြောက်ရွံ့နေကြပြီး အချို့က ကျယ်လောင်စွာ အော်ဟစ်ကြသည်။ အချို့က အလွန်ကြောက်လန့်နေတာကြောင့် မြေပြင်ပေါ်တွင် ထိုင်ပြီး ငိုနေကြသည်။
ချန်ရှီ ရှောင်တင်းရှန်းဘက် လှည့်မေးလိုက်၏။
"မင်းတို့ခူးထားတဲ့ ကြာပန်းဖြူကို ဘယ်မှာထားလဲ သိလား"
"သိတယ်! ငါတို့ ကြာဖြူခူးတိုင်း ဘဏ္ဍာစိုးက အဲဒါကို ကောက်ယူပြီး သေတ္တာထဲမှာ ထည့်ထားတတ်တယ် ပြီးတော့ သေတ္တာကို ဂိုဏ်းချုပ်ရဲ့ အခန်းထဲကို ပို့ပေးမယ်"
ချန်ရှီ ပြုံးပြလိုက်သည်။
"ငါ့ကို ခေါ်သွားပေး"
ရှောင်တင်းရှန်းက အရှေ့ကလမ်းကို ဦးဆောင်ပြီး ဖန်ဝမ့်ရှန်းရဲ့ အခန်းဆီ လျှောက်သွားခဲ့သည်။ ဖန်ဝမ့်ရှန်းက အမျိုးသမီးများကို စိတ်မဝင်စားသော ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ မိသားစု သို့မဟုတ် အစေခံများ မရှိဘဲ နေထိုင်ခဲ့သည်။ တခြားအရာတွေကိုလည်း အာရုံစူးစိုက်မှု မရှိဘဲ ရိုးရှင်းတဲ့ လူတွေက အရမ်းရှားတယ်လို့ ဆိုရမည်။
"သူ့ရဲ့ ကျင့်ကြံမှု မြင့်မားနေတာ အံ့သြစရာတော့ မရှိပါဘူး"
ချန်ရှီသည် တိတ်တဆိတ် ချီးကျူးပြီး အခန်းထဲသို့ ဝင်လိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ ရှောင်တင်းရှန်း ပြောထားတဲ့ သေတ္တာကို တွေ့လိုက်သည်။ သေတ္တာပေါ်တွင် အလွန်ရှုပ်ထွေးသော တံဆိပ်တုံးတစ်ခု ပါရှိပြီး ပါးစပ်ဖွင့်ထားသည့် သရဲဦးခေါင်းပုံဖြင့်။
သေတ္တာကို ဖွင့်လိုက်သောအခါ တံဆိပ်ကိုချိုးဖျက်ဖို့ လက်ကို သရဲပါးစပ်ထဲ ထည့်ထားရန် လိုအပ်သည်။ တံဆိပ်တုံးကို မှန်မှန်ကန်ကန် မဖွင့်နိုင်ရင် လက်ကို အကိုက်ခံရလိမ့်မည်။ ချန်ရှီ တစ်ချက်ကြည့်လိုက်ပြီး အဆောင်လက်ဖွဲ့ ဖွင့်နည်းကို သိသောကြောင့် လက်ထည့်၍ တံဆိပ်ကို ပေါ့ပေါ့ဆဆလေးပဲ ဖွင့်လိုက်သည်။
သေတ္တာ ပွင့်သွားသည်။
ဤသေတ္တာ၏ အတွင်းပိုင်းနေရာက အတော်လေးကျယ်သည်။ တောက်တျယ်ကောင်းကင်မျို အစီအရင်လိုမျိုး ဖွဲ့စည်းထားသော်လည်း ပြီးမြောက်မှုမှာ အလွန်မြင့်မားခြင်း မရှိပေ။ ၎င်းသည် သာမန်သေတ္တာတစ်ခု၏ အတွင်းပိုင်းထက် သုံးဆ သို့မဟုတ် လေးဆမျှသာ ကျယ်သည်။
ပုံးထဲတွင် ကြာဖြူများ စုစုပေါင်း သုံးလေးရာခန့်ရှိသည်။ ထိုက်ဖျင်ဂိုဏ်းက လူများသည် ၎င်းတို့ကို အချိန်အတော်ကြာ စုဆောင်းပြီး ယွိသောကို ပို့ဆောင်ရန် ပြင်ဆင်နေကြပုံရသည်။
"ယွိသောက သခင်ငယ်က အရေအတွက် မလုံလောက်ဘူးလို့ ပြောနေတယ် သူက သိုင်းပညာတစ်ခုခု လေ့ကျင့်ဖို့ ဝိညာဥ်ပြန်ကြာပန်းတွေ အများကြီးကို လိုအပ်နေတာ ဖြစ်မယ်"
ဝိညာဥ်ကြာပန်းကို စားလိုက်သောအခါက သူ့စိတ်ဝိညာဉ်သည် ယခင်ကထက် ပိုမိုသန်မာလာခဲ့တာကို သတိရမိသွားရာ ချန်ရှီ၏ စိတ်နှလုံးသည် အနည်းငယ် တုန်ခါသွားပြီး အချက်တစ်ချက်ကို စဉ်းစားမိသည်။
"ရှေးဦး နတ်ဝိညာဥ်ကို ကျင့်ကြံဖို့များလား?"
သေတ္တာထဲတွင် ငွေစက္ကူအထူအပါးလည်းရှိသည်။
ချန်ရှီရဲ့ နှလုံးခုန်သံများ တုန်လှုပ်သွားကာ ဇတ်ကနဲ ကောက်ကိုင်လိုက်ပြီး လှန်ကြည့်လိုက်တယ်။ အများစုမှာ ဝမ့်စန်းငွေစံအိမ်မှ တစ်ရွက်ကို ငွေတစ်ရာ နှစ်ရာ လဲလှယ်နိုင်သော ငွေစက္ကူများ ဖြစ်လေသည်။ ဤငွေစက္ကူ အမျိုးအစားကို အနောက်နွားရှင်းကျိုး ဘယ်ငွေစံအိမ်တွင်မဆို ငွေလဲလှယ်နိုင်သည်။
အချို့သော ငွေစံအိမ်ငယ်များ၏ ငွေစက္ကူများနှင့် မတူဘဲ ၎င်းတို့ကို အထူးငွေစံအိမ်များတွင်သာ လဲလှယ်နိုင်သည်။ ဤနေရာတွင် အနည်းဆုံး ငွေစက္ကူတစ်ရာ ရာဂဏန်းရှိကြောင်း ခန့်မှန်းခဲ့သည်။
“ငွေတစ်သောင်း… အများကြီးပဲ... အိမ်တွေ အများကြီး ဆောက်နိုင်တယ် မယားအများကြီး ယူလို့ရတယ် အရှေ့ဘက်ခန်းမှာ ဇနီးကြီးနဲ့ လက်ထပ်နိုင်တယ်၊ အနောက်ခန်းမှာ ဒုတိယဇနီး၊ တောင်ဘက်ခန်းမှာ တတိယဇနီး၊ မြောက်ဘက်မှာ စတုတ္ထဇနီး... နေ့တိုင်း အိမ်အကူ ခုနစ်ဆယ် ရှစ်ဆယိလောက်ကို ပိုက်ဆံပေးပြီး ကျွေးလို့ရတယ် မိသားစုကို ထောက်ပံ့ဖို့လည်း လောက်တယ်..."
ချန်ရှီရဲ့ မျက်လုံးများ တောက်ပလာသည်။
"အဘိုးအတွက် အဘွားကြီးတချို့ကိုလည်း မီးရှို့ပေးလို့ရတယ်.. အဘွားဝူကျူက နည်းနည်းတော့ ဒေါသကြီးတယ် သူ့ကို မမီးရှို့တော့ဘူး.. အသက် ၂၀ ငယ်ငယ်လေးတွေကို မီးရှို့ပေးလို့ရတယ်... ဒါပေမယ့် အဘိုးက သေတဲ့လူရဲ့ ပိုက်ဆံကို ယူလို့မရဘူးလို့ ပြောတယ်..."
သူက ငွေစက္ကူကို ချလိုက်ပြီး သူ့မျက်နှာက မှုန်ကုပ်နဲ့ မရေမရာ ဖြစ်လာသည်။ ခဏအကြာတွင် ငွေစက္ကူကို ကောက်ကိုင်လိုက်ပြန်သည်။
ချန်ရှီ အံကြိတ်ကာ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နေသည်။ သူသည် ငွေစက္ကူများကို ချ၍ လှည့်ထွက်ကာ အိမ်ထဲမှ မထွက်မီ ရေရွတ်သွားသေးသည်။
"အဘိုး... အဘိုးရဲ့ သွန်သင်ချက်တွေကို ချိုးဖောက်ပြီး မနာခံတဲ့အတွက် ခွင့်လွှတ်ပေးပါ... ဒီတစ္ဆေက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ကျွန်တော် မြင်ချင်တယ်!"
ချန်ရှီ သေတ္တာကို ကိုင်ကာ ပျော်ရွှင်စွာ ထွက်သွားသည်။ ဤခြေလှမ်းများက ချမ်းသာသော သခင်ကြီးချန်လို ဖြစ်နေ၏။