← Chapters

သခင်လေး၊ ပညာရှင်

Vol. 13 Ch. 183

သခင်လေး၊ ပညာရှင်

Vol. 13 Ch. 183

ချန်ရှီဟာ ဖီးနစ်တောင်ထွတ်မှ ချက်ချင်းမထွက်ခွာဘဲ ရှောင်တင်းရှန်းတို့နှင့်အတူ နေခဲ့ပြီး အရုဏ်တက်ချိန်အထိ စောင့်ဆိုင်းနေခဲ့သည်။

ညအချိန်ရောက်ပြီဖြစ်၍ နတ်ဆိုးများက တောင်ပေါ် ခိုးဝင်လာမလား အာမခံချက် မရှိချေ။ ချန်ရှီ သူတို့ရဲ့ ဘေးကင်းစေ​ရေးအတွက် အတူ စောင့်နေပေးလိုက်သည်။

တောင်ပေါ်မှာ ကလေးနှစ်ဆယ့်ခုနစ်ယောက် ရှိသည်။ ချန်ရှီ ခဏလောက် စဉ်းစားပြီး သူ့ရင်ခွင်ထဲက သေတ္တာကိုဖွင့်ကာ ​ငွေစ တစ်ရာတန်ဖိုးရှိတဲ့ ငွေစက္ကူတစ်ရွက်နဲ့ ဝိညာဉ်ပြန် ကြာပန်းနှစ်ပွင့်ကို ကလေးတွေဆီ ပေးလိုက်သည်။

ဤကလေးများသည် ကြာဖြူခိုးယူရန် မြေအောက်ကမ္ဘာသို့ မကြာခဏ သွားရလေ့ရှိသောကြောင့် ၎င်းတို့ကိုယ်ထဲ၌ ယင်စွမ်းအင်များက ကျူးကျော် ဝင်ရောက်ထားကာ သူတို့၏ဝိညာဉ်များ ပျက်စီးသွားကြ​ပြီ။ စိတ်ဝိညာဉ်ကို ပြုပြင်ပေးသော ကြာပန်းကို စားလိုက်ရင် ဝိညာဉ်များက ယခင်အခြေအနေသို့ ပြန်လည် ရောက်ရှိစေလိမ့်မည်။

သိသာထင်ရှားတဲ့ တိုးတက်မှုကို မျှော်လင့်ဖို့ကတော့ မဖြစ်နိုင်ပေ။ သူ့ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်အတွက်ကတော့ ချန်ရှီသည် ရွှေအမြုတေကို လည်ပတ်ဖို့ သူ့ကိုယ်ပိုင် ယန်စွမ်းအင်ကို အသုံးပြုပြီး ၎င်းကို ပျော်ဝင်အောင် ကြိုးစားခဲ့သည်။

ဒီလိုလုပ်ခြင်းက ကျင့်ကြံမှုက ထိခိုက်စေပေမယ့် ပျက်စီးသွားရင်တောင် ပြန်ကျင့်ကြံလို့ ရသေးသည်။

ဤအရာအားလုံး ပြီးမြောက်ပြီးနောက် တောင်ပေါ်သို့ တစ်ဖန်ပြန်သွားကာ တောင်ပေါ်၌ သေဆုံးသွားသော ကလေးငယ်များ၏ သရဲတစ္ဆေများကို ဘဝကူးဖို့ ပို့ဆောင်ပေးခဲ့သည်။

ချန်ရှီသည် ကလေးများ၏ သရဲတစ္ဆေများကို လွှတ်လိုက်ပြီးနောက် ရုတ်တရက် မူးဝေ ယိမ်းယိုင်သွားတာကြောင့် သူသည် သစ်ပင်ကြီးတစ်ပင်ကို အလျင်စလို ဆုပ်ကိုင်လိုက်ရသည်။

သူ့ရင်ဘတ်ထဲက ခုန်ထွက်သွား​တော့မလိုမျိုး သူ့နှလုံးခုန်သံ ပြင်းပြင်းထန်ထန် ခုန်နေ၏။ သူ့ရဲ့ ဘုံကျောင်းကလည်း လျင်မြန်စွာ ရိုက်ခတ်လာခဲ့သည်။ သူ့မျက်လုံးတွေ ရောင်ရမ်းနေပြီး အသက်ရှုမဝသလို ချွေးသီးပုတီးတွေ သူ့ခန္ဒာကိုယ်ထဲက အထိန်းအကွပ်မဲ့စွာ ထွက်ကျလာခဲ့သည်။

ချန်ရှီခမျာ ပြန်လည် ကောင်းမွန်လာဖို့ စွမ်းအင်အလွန်အကျွံ သုံးစွဲခဲ့ရပြီး ခန္ဓာကိုယ်ကို မထိခိုက်​တော့ကြောင်း မသေချာမီအထိ ခဏတာရပ်လိုက်သည်။

အဲဒီညက သူလုပ်ခဲ့တာတွေ အများကြီးပဲ။ သူသည် ထိုက်ဖျင်ဂိုဏ်း တစ်ခုလုံးကို ချီစွမ်းအားဖြင့် သုတ်သင်ပြီးနောက် ကလေး နှစ်ဆယ့်ခုနစ်ယောက်ကို အပျက်သဘောဆောင်သော ယင်စွမ်းအင်များ ပျော်ဝင်အောင် ကူညီရန် မရပ်မနား လုပ်ဆောင်ခဲ့သည်။ ထို့နောက် မတရားစွာ သေဆုံးသွားသော ကလေးများကိုလည်း နောက်ကျောတောင်ပေါ်၌ လွှတ်လိုက်လေသည်။ သူ့မှာ အနားယူဖို့ အချိန်မရှိသလို သူ့ခန္ဓာကိုယ်ကလည်း တောင့်မခံနိုင်တော့ချေ။

ထိုင်ပြီး စွမ်းအင်နှင့် ချီသွေးအချို့ကို ပြန်လည်ရရှိစေရန် အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းပြီးနောက် ခဏ ကျင့်ကြံလိုက်ရသည်။ ထို့နောက် မတ်တပ်ထရပ်ကာ အရှေ့တောင်ပေါ်သို့ ပြန်လာခဲ့သည်။

အရှေ့ဘက် တောင်တန်းကို ရောက်တော့ ကောင်းကင်က လင်းထိန်နေပြီ။

ချန်ရှီသည် ကလေးငယ်များကို တောင်ပေါ်မှ ခေါ်ဆောင်ကာ အနီးနားရှိ ရွာတစ်ရွာသို့ ရောက်လာသည်။ ကလေးတွေ ကောင်းကောင်းစားနိုင်ဖို့ မြို့ထဲမှာ စားသောက်ဆိုင် တစ်ဆိုင်ကို ဦးစွာ ကြိုတင်မှာထားပြီးတော့ စားသောက်ဆိုင်မှာ ထိုင်စောင့်ခိုင်းထားလိုက်သည်။

သူကတော့ မြူခိုးတောင်ထွတ်သို့ သစ်သားလှည်းစီး၍ ယွိထျန်းချန်ကို သွားရှာခဲ့သည်။

ယွိထျန်းချန်မှာ သူ့မျက်နှာဖြူဖျော့ဖျော့ ဖြစ်နေတာကို မြင်လိုက်ရတော့ အံ့သြသွားပြီး ဘာကြောင့်လဲလို့ မေးလာသည်။ ချန်ရှီက ထိုက်ဖျင်ဂိုဏ်းကို ဖျက်ဆီးလိုက်သည့် အကြောင်း ပြောပြလိုက်သည်။

"ကုံကျိုးမြို့မှာရှိတဲ့ တောင်နီခန်းမက ညီအစ်ကိုတွေကို ဆက်သွယ်ပြီး ဒီကလေးတွေကို သူတို့ရဲ့ သက်ဆိုင်တဲ့ ရွာတွေဆီ ပြန်ပို့ပေးပါ"

"ပညာရှင်လေး....နောက်နောင် ဒီလိုမျိုး ကြုံလာရရင် ငါ့ကို ခေါ်ပါ!"

ယွိထျန်းချန် ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလိုက်သည်။ ရုတ်တရက် တစ်ခုခုကို သတိရပြီး ထပ်ပြောလာ၏။

“ပညာရှင်လေး.. သန့်ရှင်းအောင်ရော လုပ်ခဲ့လား”

ချန်ရှီမှာ သူဘာကိုဆိုလိုသလဲ နားမလည်။

ယွိထျန်းချန်: "လူသတ်ရင် အပြောင် သန့်ရှင်းရမယ် လုယက်ရင် သန့်ရှင်းရမယ်... ဖျက်စီးရင် သန့်ရှင်းရမယိ ဒါက တောင်နီခန်းမမှာရှိတဲ့ ညီအစ်ကိုတွေအတွက် သန့်ရှင်းရတဲ့ စည်းမျဉ်းသုံးရပ်ပဲ... ငါတို့တွေ လိုက်နာတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ"

ချန်ရှီ သူ့စကားကို အံ့သြသွားသည်။ သူ့အဖိုး သူ့ကို ဒီလိုမျိုးအကြောင်း သင်ပေးခဲ့ပေမယ့် အတိအကျ အသေးစိတ်ကိုတော့ မပြောခဲ့ဖူးပါဘူး။ ယွိထျန်းချန်က မကြာခဏ သိုင်းလောကရဲ့ လမ်းပေါ် ထွက်နေတာကြောင့် စည်းကမ်းများကို သိနေတာ ထင်ရှားသည်။

ယွိထျန်းချန်က သူ့အမူအရာကို မြင်ပြီး ရှင်းရှင်းလင်းလင်း မလုပ်ခဲ့မိဘူးဆိုတာ သိလိုက်သည်။ ဒါပေမဲ့ သူက ပြုံးပြီး။

"မင်းကျန်းမာရေးကို ဂရုစိုက်ဖို့ လုပ်ပါ..ကျန်တာ စိတ်မပူပါနဲ့ ငါသွားပြီးတော့ ရှင်းပေးမယ် ဒီလိုမျိုး ဂိုဏ်းခွဲတွေကို မိသားစုကြီးတွေက မကြာခဏ ပံ့ပိုးပေးတယ် မင်း မသန့်ရှင်းထားရင် မင်း အိမ်တံခါးကို လာလာပြီး လက်စားချေဖို့ လွယ်သွားပြီ!"

ချန်ရှီ: "အဝေးက သူငယ်ချင်းတစ်ယောက် လာတာ ဝမ်းသာစရာပဲ မဟုတ်ဘူးလား သူ ကျွန်တော့်အိမ်ကို လာလည်ရင် တစ်ခါတည်း သတ်ပြီး သင်္ဂြိုဟ်​ပေးလိုက်လို့ ရတယ်... အဲဒါကလည်း ပြဿနာကို ဖြေရှင်းပေးတာပဲ မဟုတ်ဘူးလား"

ယွိထျန်းချန်က သူ့အသိပညာအတွက် လေးစားမှု အပြည့်နဲ့ :"ဒါအမှန်ပဲ ဒါပေမယ့် အမှောင်ထဲက မြှားကို ကာကွယ်ဖို့ထက် လှံကိုရှောင်ဖို့က ပိုလွယ်တယ်... သတိထားနေတာက ပိုကောင်းတယ်"

အလျင်စလို ထွက်သွားလေ၏။

ချန်ရှီရဲ့ တက်ကြွမှုသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ပျက်စီးသွားခဲ့ပြီး သူ၏ အသားအရေက အတော် ဆိုးရွားနေသည်။ နှစ်ရက်သုံးရက်လောက် အနားယူပြီးတာတောင် သူ့အခြေအနေက အထွတ်အထိပ်အထိ ပြန်ကောင်းမလာသေးပါဘူး။

ဝိညာဉ်ပြန် ကြာပန်းကိုစားနေစဉ် ချန်ရှီသည် ကြေးမုံအိုင်အိမ်တော်က အခေါင်းငယ်ကိုတောင် လွမ်းဆွတ်သွားခဲ့သည်။ အကယ်၍ သူသည် ၎င်းထဲတွင် တစ်ရက် သို့မဟုတ် နေ့တစ်ဝက်ခန့်လေးပဲ အိပ်နိုင်ခဲ့ပါက ယခုအချိန်မှာ ပြန်ကောင်းနေလောက်ပြီ။

ဤသုံးရက်အတွင်း သူသည် အချိန်ရတိုင်း ကြာပန်းကို စားခဲ့ရာ ကြာပန်းအားလုံးကို စားမိလုနီးပါး ဖြစ်သွားကာ နှစ်ပွင့် သို့မဟုတ် သုံးပွင့်သာ ကျန်တော့သည်။

ဝိညာဥ်ပြန်ကြာပန်းသည် အဂ္ဂိရတ်ဆေးများကို သန့်စင်မယ့် ပါဝင် ပစ္စည်းတစ်ခု ဖြစ်နိုင်သည်။ အခြေတည် စိတ်ဝိညာဉ်အဆင့်မှ ဝိညာဉ်အား နတ်အသွင်ပြောင်းခြင်းအဆင့်သို့ ဖြတ်ကျော်သွားသည့် သော့ချက်နှင့် ဆက်စပ်နေပေမည်။ ၎င်းကို အဂ္ဂိရတ်ဆေး အဖြစ် သန့်စင်ထားလျှင် ရောင်းဈေးကတော့ ကြောက်စရာ ကောင်းလောက်အောင် မြင့်မားလိမ့်မည်ဖြစ်ပြီး ၎င်းသည် မူလတန်ဖိုးထက် လေးဆ သို့မဟုတ် ငါးဆပင် မြင့်မားသွားနိုင်သည်။

သို့သော် ချန်ရှီသည် အဂ္ဂိရတ်ဆေး သန့်စင်နည်းအား မသိသလို သန့်စင်နည်းကလည်း မရှိတာကြောင့် သူ့စိတ်ဝိညာဉ်ကို အားကောင်းစေအောင် ရိုးရှင်းစွာပဲ ကိုက်စားပစ်လိုက်သည်။

သူ၏ ချီသွေးနှင့် ချီစွမ်းအင်များ ကုန်ခမ်းသွားကာ အသက်စွမ်းအင်က ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ လှုပ်ရှားရန် ပျင်းလွန်းလှသော်လည်း သူ့နှလုံးသားက မရဏကမ္ဘာ၏ စိမ့်ကြာပန်းကို တွေးတောနေဆဲပင်။

အဆုံးမရှိသော ကြာပန်းခင်းများကို တွေးကြည့်သောအခါ သူ့နှလုံးသားက ပူလောင်လာ​တော့သည်။

"ငါ ဖရဲသီး​တောင် မခိုးတာကြာပြီ...ငါ ဖရဲခင်းထဲမှာ ပုန်းနေရင် ​​အဘွားကြီး ဝူကျူက သံမဏိခက်ရင်းကို ကိုင်ထားမှာပဲ... မဟုတ်ဘူး ငါက ကြာပန်းခင်းမှာ ပုန်းနေတုန်း အဲဒီဘီလူးသရဲက ခက်ရင်းခွကို ကိုင်ထားမှာ!"

ကြာဖြူကို ခိုးယူရန် ချက်ချင်း ခရီးထွက်ချင်သော်လည်း အိပ်ရာက ထလိုက်တာနဲ့ မူးဝေလာတော့သည်။ ရွှေအမြုတေကို လည်ပတ်ဖို့ကလည်း အလွန်ပျင်းရိသောကြောင့် လက်သာ လျှော့လိုက်ရသည်။ ထိုစဥ် ယွိထျန်းချန်က ရှောင်တင်းရှန်း အပါအဝင် ကလေးများစွာနှင့် ပြန်လာခဲ့သည်။

“ဒီကလေးတွေရဲ့ မိဘတွေကို ရှာမတွေ့ဘူး”

ချန်ရှီ စိတ်ရှုပ်ထွေးစွာဖြင့် ​ပြန်မေးလိုက်သည်။

"သူတို့မိဘတွေ ဘယ်မှာလဲ"

"မတွေ့ဘူး"

ယွိထျန်းချန်က သူ့ကို မျက်တောင်ခတ်ပြီး တိုးတိုးလေး ပြောသည်။

"သူတို့ နတ်ဆိုး အသွင်ပြောင်းတုန်းက သေသွားကြတာ ဖြစ်နိုင်တယ်"

ချန်ရှီ သူတို့အတွက် စိတ်မကောင်း ဖြစ်လာသည်။

"သူတို့အတွက် ဘယ်လိုစီစဉ်​ကြမလဲ?"

ယွိထျန်းချန်: "သူတို့ကို ငါတို့ တောင်နီခန်းမက အဆောင်ဆွဲဆရာ အဖွဲ့မှာ ဝင်ခွင့်ပြုလိုက်ရင်ရော?"

ချန်ရှီ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းခါလိုက်သည်။

"​စော်ကားမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ... တောင်နီခန်းမရဲ့ တာအိုကျင့်စဥ်က ခေတ်နောက်ကျလွန်းတယ် သူတို့ကို အခုမှ သင်ပေးရင် နောက်ကျသွားမှာ ကြောက်ရတယ်"

ယွိထျန်းချန်လည်း မျက်မှောင်ကြုတ်သွားသည်။

"ဒါဆို သူတို့အတွက် ငါတို့ ဘယ်လိုစီစဉ်ရမှာလဲ"

ချန်ရှီ ခဏလောက် စဉ်းစားပြီး "ပြန့်ကျဲနေတဲ့ စန့်ရန်လူတွေ စုဝေးတဲ့​နေရာမှာ ကျွန်တော့်မှာ အဆက်အစပ် နည်းနည်း ရှိတယ် ဖြစ်နိုင်ရင် သူတို့ကို ဆရာကောင်းရှာ​ပေးဖို့ ကျွန်တော် ကူညီပေးနိုင်တယ်"

ယွိထျန်းချန်မှာ "အဆက်အသွယ်" ဟူသော စကားကို ကြားသောအခါ သူမျက်မှောင်ကြုတ်တာကို မထိန်းနိုင်ခဲ့။ နတ်ဆိုး "ချန်ရှီ" သည် အရူးအမူး စားချင်နေတဲ့ ယန်ကောင်းကင်ကောင်လေးနဲ့ ထိုအဖွဲ့ရဲ့ ကုံကျိုးမြို့က အခြေအနေကို သတိရလိုက်သည်။ “သူပြောခဲ့တဲ့ အဆက်အသွယ်က အဲဒီလူတွေ ကို ရည်ညွှန်းလို့ မရဘူးနော် ဟုတ်တယ်မလား” လို့ သူ့ဘာသာသူ တွေးနေခဲ့သည်။

ထင်ထားသလိုပဲ ချန်ရှီက ရှောင်တင်းရှန်းနဲ့ တခြားသူတွေကို ယန်ကောင်းကင်ကောင်လေးကို ရှာဖို့ ခေါ်ချသွားလေသည်။

"အစ်ကို ထျန်းယန်... ကျွန်တော် အကူအညီလေး တောင်းချင်ပါတယ်"

ယန်ကောင်းကင် ကောင်လေးရဲ့ နှလုံးတွေ ဝုန်းကနဲ တုန်ခါသွားပြီး စာအုပ်စင်ပေါ်ကနေ ဒူးထောက်လုနီးပါး ချော်လဲလုနီးပါး ဖြစ်သွားသည်။ သူသည် အခြားသူများထံမှ အကူအညီ လိုက်တောင်းနေသော ချန်ယင်တူးရဲ့ ရဲစွမ်းသတ္တိကို မတွေးတောဘဲ မနေနိုင်လိုက်။

ချန်ရှီက ရှောင်တင်းရှန်းနဲ့ တခြားသူတွေရဲ့ ဇာတ်လမ်းကို ပြောပြနေသည်။

"အစ်ကိုထျန်းမှာ အရည်အချင်းတွေ အများကြီးရှိတယ်... နောက်ဆက်ခံသူမရှိဘဲ သေဆုံးသွားရင် သနားစရာကြီးလေ ဟုတ်ဘူးလား"

'ငါသဘောမတူရင် သူငါ့ကို အသေရိုက်ပြီး ငါ့အရည်အချင်းတွေ ဆုံးရှုံးသွားအောင် လုပ်ပစ်​လောက်လား!'

ယန်ကောင်းကင် ကောင်လေးမှာ သူ့စကားလုံးတွေရဲ့ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်ကို နားလည်လေသည်။ ကလေးတွေ အကြောင်း ကြားတော့ သူ့စိတ်ထဲမှာ အံ့သြထိတ်လန့်သွားပြီး။

"ဒါက တခြားသူတွေကို အပျော်သဘောနဲ့ ကူညီတာပဲလေ.... ငါက အင်္ကျီကိုတောင် ချွတ်ရသေးတာပဲဟာ အမွေဆက်ခံသူ ရလိုက်ပြီဆိုတော့ ဘာလို့ မလုပ်ရမှာလဲ"

ချန်ရှီလည်း အရမ်းပျော်သွားပြီး တပည့် ရွေးခိုင်းလိုက်သည်။

ယန်ကောင်းကင် ကောင်လေးက ရှောင်တင်းရှန်း၊ ရှောင်ထျန်း နဲ့ တခြားသူတွေရဲ့ အမြစ်အရိုးတွေကို စစ်ဆေးသည်။ ရှောင်တင်းရှန်းလည်း လျင်မြန်စွာ မတ်တပ်ထရပ်ကာ သူ့ကို ရွေးချယ်မည်ဟု မျှော်လင့်ကာ မျှော်လင့်တကြီး ကြည့်နေလေသည်။

ယန်ကောင်းကင်ကောင်လေးသည် ချန်ရှီရဲ့ "အာဏာစက်ကို ကြောက်နေသော်လည်း" "ယုတ်ညံ့သော အရာက မရှိခြင်းထက် ပိုကောင်းသည်" ဟူသော နိယာမကိုလည်း လိုက်နာကာ ထိုကလေးများထဲမှ အကောင်းဆုံး ကိုယ်လုံးကိုယ်ပေါက် ရှိသည့် ရှောင်ထျန်းကို ရွေးလိုက်သည်။

"ငါသူ့ကို ရွေးလိုက်မယ် မင်းနာမည် ဘယ်လိုခေါ်လဲ"

"ကျွန်​တော့်နာမည် ရှောင်ထျန်းပါ"

ရှောင်ထျန်းက လေကို ရှူရှိုက်ရင်း ပြောလိုက်သည်။

ဒါကိုကြားတော့ ယန်ကောင်းကင် ကောင်လေးလည်း အရမ်းပျော်သွားတော့သည်။

"ငါ့နာမည် ထျန်းယန်... သူ့နာမည်က ရှောင်ထျန်း... မင်းအခုကစပြီး ရှောင်ထျန်းယန်ပဲ မင်း ငါ့တပည့်ဖြစ်ရမယ်!"

ချန်ရှီသည် ရှောင်တင်းရှန်းနှင့် အခြားသူများကို ဝတ်ရုံစိမ်း ဂီတပညာရှင်နဲ့၊ အခြားသူများက်ု တွေ့ဆုံရန် ခေါ်သွားကာ ၎င်းတို့နှင့် စကားပြောခဲ့သည်။ ဂီတပညာရှင်နှင့် အခြားသူများခမျာ ငြင်းဆိုချင်သော်လည်း "ချန်ရှီ" ၏ဖိအားအောက်တွင် တပည့်တစ်ဦးစွကို ရွေးချယ်ခဲ့ရသည်။

ရှောင်တင်းရှန်းသည် သူတို့အား မျှော်လင့်စွာကြည့်ရင်း ရင်ဘတ်ကို အထပ်ထပ် တည့်မတ်ကာ သူမကို ရွေးချယ်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သူမရဲ့ ဆန္ဒများက အချိန်တိုင်း စိတ်ပျက်စရာချည်း ဖြစ်နေသည်။

နောက်ဆုံးတော့ သူမတစ်ယောက်ပဲ ကျန်တော့၏။ ချန်ရှီ သူမလက်ကိုဆွဲကာ သခင်မဟွာလီဆီ ရောက်သွားတဲ့အခါ သခင်မဟွာလီက ရှောင်တင်းရှန်းရဲ့ အရိုးများကို စစ်ဆေးကြည့်လေသည်။

"တစ်ဆယ်လေး... ဒီကလေးရဲ့ အရည်အချင်းက ညံ့ဖျင်းလွန်းတယ် သူ စာကျက်နိုင်ရင်တောင် ကျွမ်းကျင်မှု တစ်ခုခုကို တတ်မြောက်နိုင်မှာ မဟုတ်ဘူး နတ်သန္ဓေသားကိုတောင် မရနိုင်ဘူး"

ချန်ရှီ: "သူမက အရမ်းလိမ္မာပြီး ဝိညာဥ်အားကောင်းတယ်... ကြင်နာတတ်သူပါ..."

သခင်မဟွာလီက ပြုံးပြီး :"အဓိကက ဝိညာဥ်အားကောင်းတာနဲ့ လိမ္မာပါးနပ်ဖို့ ကြင်နာတတ်ဖို့ မဟုတ်ဘူး... လူကောင်းတွေက လေ့ကျင့်လို့ မရဘူး"

ရှောင်တင်းရှန်း စိတ်ဓာတ်ကျသွားသည်။ သူမက ချန်ရှီရဲ့ အင်္ကျီကို ဆွဲကိုင်လိုက်ပြီး။

"အစ်ကိုတစ်ဆယ်လေး... ငါ့ကိုယ်ငါ ဂရုစိုက်နိုင်ပါတယ် ငါ့အတွက် ဆရာသခင် မရှာပါ​တော့နဲ့"

ချန်ရှီ သူ့လက်ကို ဆုပ်ကိုင်ထားဆဲ။ ထိုစဥ် တင်းတင်းက သူ့နောက်ကို အလျင်အမြန် လိုက်လာရင်း ချန်ရှီကို တားလိုက်သည်။

"သခင်လေး... သခင်မ သူ့ဝိညာဉ်က အရမ်းသန်မာတယ်လို့ ပြောတယ် သူ့ကို ဝိညာဉ်နဲ့ဆိုင်တဲ့ အဂ္ဂိရတ်ဆေးတွေ အများကြီး ပေးသင့်တယ်... ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးတဲ့ အဆင့်အမြင့်ဆုံးက အဘွားရှားပဲ... အဘွားရှားနဲ့ တွေ့ဖို့ ခေါ်သွားကြည့်ပါလား?"

ချန်ရှီ မျက်လုံးများ တောက်ပလာပြီး သူ့ကို အမြန် ကျေးဇူးတင်လိုက်သည်။

တင်းတင်း ပြုံးကာ: "ဘာလို့ ကျေးဇူးတင်ရမှာလဲ။"

ထို့နောက် သူ့ပုခုံးကို ဆောင့်တိုက်ကာ စိတ်လှုပ်ရှားစွာ ခုန်ထွက်သွားသည်။ ချန်ရှီလည်း သူမ ထွက်သွားတာကို စောင့်ကြည့်ပြီးမှ ရှောင်တင်းရှန်းကို ခေါ်ထုတ်လာ၏။ အဘွားရှားလည်း ဒီရက်ပိုင်းမှာ ပျောက်နေတာကြာပြီ။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ဟေးကော်က အဘွားရှားကို အမြန်ရှာတွေ့ခဲ့တာကြောင့် ဒီကိစ္စကို ရှင်းပြနိုင်ခဲ့သည်။

အဘွားရှားသည် ရှောင်တင်းရှန်းကို ကြည့်ကာ သူမ၏အရိုးများကို တို့ထိရင်း ရေရွတ်လိုက်သည်။

"ဒီကလေးက မရဏကမ္ဘာကို အကြိမ်များစွာ ရောက်ဖူးတော့ သူမရဲ့အရိုးတွေက ယင်ချီတွေကြောင့် ဆွေးမြေ့သွားပြီ.. သူ့အရိုးတွေက အစကတည်းက မကောင်းတာ အခု ယင်ချီကြောင့် ပိုတောင် ဆိုး​​နေသေးတယ်"

ရှောင်တင်းရှန်းရဲ့ နှလုံးသားထဲက မျှော်လင့်ချက်လေးတွေက ရုတ်တရက် ဆုံးရှုံးသွားတော့သည်။

"ဒါပေမယ့် ငါ့မျိုးရိုးရဲ့ မှော်ပညာကို လေ့ကျင့်ဖို့ သင့်တော်တယ်... မင်းမှာ ခိုင်ခံ့တဲ့ ယင်စွမ်းအင်နဲ့ သန်မာတဲ့ ဝိညာဉ်ရှိတယ် မင်းက စိတ်စွမ်းအားကို သန့်စင်ဖို့အတွက် မွေးဖွားလာခဲ့သလိုပဲ... တခြားသူတွေရဲ့အမြင်မှာ မင်းက ချေးပိုးကောင်ရဲ့ လက်ထဲက မစင်ဘောလုံးလေး မင်းကိုမြင်ရင်တောင် မထီမဲ့မြင်ပြုလိမ့်မယ်... ဒါပေမယ့် ငါက မစင်ပိုးကောင်ပဲ မင်းငါ့နောက်ကို လိုက်ရင် ခဏကြာတာနဲ့ သူတို့တွေ မင်းကို နှိမ့်ချပြီး ကြောက်လန့်သွားလိမ့်မယ်"

ရှောင်တင်းရှန်းလည်း အံ့အားသင့်ပြီး ပျော်ရွှင်စွာဖြင့် ဂါဝရပြုလိုက်သည်။

"ဒီကောင်မလေးက ဉာဏ်ကောင်းသားပဲ!"

အဘွားရှားက ဝမ်းသာအားရ ပြုံးပြီး သူမကို အမြန်ဆွဲထူလိုက်သည်။

"သူမက လှပနေသေးတာပဲ တစ်ဆယ်လေး သတို့သမီးလိုချင်လား "

ချန်ရှီမျက်နှာမှာ နီမြန်းလာပြီး။

"အဘွား... ကျွန်တော်က ငယ်ပါသေးတယ်!"

"မင်းအသက် မငယ်တော့ပါဘူး... ဒီအတိုင်းဆက်လုပ်နေရင် မင်းအသက် မရှင်နိုင်တော့ဘူးနော်... မကြာခင် မိန်းမနဲ့လက်ထပ်ပြီး မင်းရဲ့အဘိုးကို မြစ်တစ်ယောက် ပေးလိုက်သင့်တယ်...မဟုတ်ရင် မင်း သေတဲ့အခါ မင်းအတွက်ဘယ်သူမှ ဝမ်းနည်းနေမှာ မဟုတ်ဘူး။"

ချန်ရှီသည် ထိတ်လန့်တကြား ထွက်ပြေးသွား​တော့သည်။

အဘွားရှား: "ငါအမှန်တိုင်း ပြောနေတာ... ဒီကောင်လေးကတော့... ဒီကလေးကို မလိုချင်ဘူးဆိုရင် မင်း ကြီးပြင်းလာတဲ့ အချိန်ကျရင် ဇနီးမယားတောင် မယူနိုင်တော့ဘဲနေမယ် "

သူမ ရှောင်တင်းရှန်းကို ပြန်ကြည့်ရင်း ပိုကြည့်လေ၊ ပိုသဘောကျလေ ဖြစ်လာသည်။

"အခြား အသက်ဝိညာဉ်ကို သန့်စင်တဲ့ မှော်ဆရာတွေက မင်းကိုတွေ့ရင် အရမ်းဝမ်းသာသွားမှာ သေချာတယ်... ပြီးတော့မှ မင်းရဲ့ဝိညာဉ်ကို မှော်လက်နက် သန့်စင်ဖို့ ထုတ်ယူသွားကြလိမ့်မယ်"

ရှောင်တင်းရှန်း လန့်သွားသည်။ ထိုစဥ် အဘွားရှားက ပြုံးပြီး ဆက်ပြောလေ၏။

"ဒါပေမယ့် မင်းက ငါ့တပည့်ပဲ မင်းရဲ့ ဝိညာဉ်ကို ဖမ်းရဲလို့ကတော့ သူတို့မိသားစုတစ်ခုလုံးရဲ့ ဝိညာဉ်ကို ငါနုတ်ပစ်မယ်.. စိတ်မပူနဲ့.. မင်းကို ဘယ်သူမှ မထိရဲဘူး"

ရှောင်တင်းရှန်းလည်း အဖွားရှားနောက်သို့ လိမ်လိမ်မာမာလေး လိုက်သွားခဲ့သည်။ သခင်မဟွာလီက ထက်မြက်သော မျက်လုံးရှိသူဟု ဆိုရပေမည်။ ကြိုးစားမှုတစ်ဝက်ဖြင့် ရလဒ် နှစ်ကြိမ်အောင်မြင်ခဲ့ပြီး အဖွားရှား၏ သင်ကြားနည်းများကို လေ့ကျင့်ရာတွင် လျင်မြန်စွာ တိုးတက်ခဲ့သည်။ သို့သော် အခြား ကျင့်စဥ်တွေကို လေ့ကျင့်တဲ့ အခါမှာတော့ သူမ မကြာခဏ လွဲသွားတတ်သည်။

အဘွားရှားသည် သိုးစိမ်း တစ်ကောင်နှင့် လူကောင်းတစ်ယောက်လို မတူသော မုတ်ဆိတ်မွေးရှည်ကြီးနဲ့ လူဆီ မကြာခဏ ချဉ်းကပ်သွားတတ်တာကို သတိထားမိလာသည်။ သူတို့သုံးယောက်သည် တစ်စုံတစ်ခုကို ဆွေးနွေးရန် တိတ်တဆိတ် စုရုံးလေ့ရှိကြသည်။

နောက်ပိုင်းတွင်မှ ချန်ရှီကို အမှန်တကယ် စောင့်ကြည့်နေကြောင်း တွေ့သွားခဲ့သည်။

ဤလူများ စုပေါင်းသောအခါတွင် ချန်ရှီ ယနေ့ပြုလုပ်ခဲ့ရာ၊ ယနေ့အထိ ချန်ရှီ သေဆုံးရသည့် အကြိမ်၊ ချန်ရှီ ငရဲတံခါးဝမှ အခေါက်ခေါက်အခါခါ ပြန်ထွက်နေပုံစသည့် အချက်အလက်များကို ဖလှယ်​နေကြ၏။

"သမီးလေး... အခုကစပြီး ငါတို့မအားရင် တစ်ဆယ်လေကို စောင့်ကြည့်ရမယ့်တာဝန်ကို မင်းလက်ထဲ အပ်ထားခဲ့လိုက်မယ်..."

အဘွားရှားက လေးနက်စွာ ပြောလာသည်။

"အစ်ကိုတစ်ဆယ်လေးကို ဘာလို့ စောင့်ကြည့်နေတာလဲ?"

"သူသေပြီးရင် ကမ္ဘာကြီး ပျက်စီသွားမှာကို ကြောက်နေရလို့လေ..."

တွေ့ဆုံစဉ် ချန်ရှီက နာမကျန်း ဖြစ်နေခဲ့သည်။ စန့်ရန် အစည်းအဝေး ပြီးဆုံးချိန်ရောက်တော့ သူ့ရဲ့ ကြံ့ခိုင်မှု 60% ကနေ 70% လောက် ပြန်ကောင်းလာခဲ့ပါ​ပြီ။

ယွိထျန်းချန်က ထိုက်ဖျင်ဂိုဏ်းအတွက် သင့်လျော်သော အစီအစဥ်များကို ပြုလုပ်ထားပြီး အလောင်း အားလုံးကို သန့်စင်ပေးခဲ့သည်။ ချန်ရှီသည် အနီးနားရှိ ရွာများနှင့် မြို့များသို့ သံထည်ပစ္စည်းဝယ်ရန် သွားခဲ့သော် ကိစ္စကိုလည်း ကိုင်တွယ်ခဲ့ပြီး ပန်းပဲဆိုင်ပိုင်ရှင်အား ထိုကိစ္စကို လုံးဝ မေ့သွားစေရန် အတိတ်မေ့အဆောင်စွမ်းအင်ကို အသုံးပြုခဲ့သည်။

အိမ်ပြန်ပို့ခံရတဲ့ ကလေးတွေ အတွက်ကိုလည်း ထိုက်ဖျင်ဂိုဏ်းက သူတို့ရဲ့ မနှစ်မြို့ဖွယ် အတွေ့အကြုံတွေကို ဆေးကြောပစ်ဖို့ အတိတ်မေ့အဆောင်စွမ်းအင်ကို သုံးခဲ့ရသည်။

ယွိထျန်းချန်သည် အစကတော့ ထိုက်ဖျင်ဂိုဏ်းသားတွေရဲ့ ဝိညာဉ်များကို ဆင့်ခေါ်ပြီး သူတို့၏ စိတ်ဝိညာဉ်များကို ဖျောက်ဖျက်ရန် စီစဉ်ထားသော်လည်း ၎င်းတို့ ဝိညာဉ်များကို ဆင့်ခေါ်ရန် ကြိုးစားလိုက်သောအခါ ဝိညာဉ်တစ်ခုတည်းကိုတောင် မခေါ်နိုင်ခဲ့ပေ။

"ပညာရှင်က ကိုင်တွယ်ပြီးသားဖြစ်နိုင်မလား"

သူ အံ့အားသင့်သွားပေမယ့် အဲဒါကိုတော့ အများကြီး မစဉ်းစားမိလိုက်ချေ။ စန့်ရန် စုဝေးမှု ပြီးဆုံးသည့်နေ့တွင် သူစိမ်းများစွာ ဖီးနစ်တောင်ထွတ်သို့ ရောက်လာကြသည်။

ဖီးနစ်တောင်ထွတ်သို့ ရောက်သော် မောပန်းနွမ်းနယ်နေသည့်ကြားက ဝိညာဉ်ကို ဖိတ်ခေါ်ရန် အဆောင်လက်ဖွဲ့များကို ချက်ချင်း အသုံးပြုခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ လူများနှင့် အလောင်းများကို ရှာဖွေရန် ကြိုးစားကြသည်။

သူတို့ထဲက တစ်ယောက်က တောင်တံခါးကို အပြေးသွားကာ နံ့သာပေါင်းကို မီးရှို့ပြီး တောင်တံခါးကို စောင့်နေတဲ့ နတ်သားရဲဆီက အကြံဉာဏ် တောင်းချင်ခဲ့ပေမယ့် နတ်သားရဲကိုလည်း ချန်ရှီက သတ်သွားတဲ့အတွက် ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပေ။

လူအုပ်ကြီးခမျာ ခိုကိုးရာမဲ့ ဖြစ်သွားသည်။ အနီးနားကျေးရွာများနှင့် မြို့များသို့ သွားရောက်မေးမြန်းရာ တောင်ပေါ်မှ ဆင်းလာခဲ့သော်လည်း ဒေသခံများကတော့ ယင်းဖြစ်ရပ်ကို မသိကျွမ်းကြချေ။

ဤလူများသည် အသုံးဝင်သော အချက်အလက်ကို ရှာမတွေ့သဖြင့် မျက်မှောင်ကြုတ်ကာ ကူကယ်ရာမဲ့ကုန်ကြသည်။ သူတို့တစုတဝေးတည်း စုကာ ဆွေးနွေးကြသည်။

"သခင်လေးက လူသတ်သမားနဲ့ ဝိညာဥ်ပြန်ကြာပန်း သေတ္တာရဲ့ နေရာကို ရှာဖို့ ငါတို့ကို ဒီနေရာ စေလွှတ်လိုက်တာ... အခု ငါတို့ ဘာကိုမှ ရှာလို့ မတွေ့ဘူး ဘယ်လို ပြန်ပြီး သတင်းပို့​ကြမလဲ"

"လှုပ်ရှား​ထားသရွေ့တော့ သဲလွန်စတွေ မချန်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ဒါပေမယ့် တောင်ပေါ်၊ တောင်အောက် ဒါမှမဟုတ် မြေအောက်ကမ္ဘာမှာတောင် သဲလွန်စမကျန်တော့ဘူး... အခု ဓားကို ကိုက်ပြီး သတင်းပို့ဖို့ကလွဲလို့ ရွေးစရာလမ်း မရှိတော့ဘူး"

လူတိုင်းက စိတ်​ဓာတ်​ကျပြီး ပြန်​ဖို့အဆင်​သင့်​​တောင် ဖြစ်​နေပါပြီ။

ထိုအချိန်တွင် အရပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါး လူတစ်ယောက်က သူတို့ဆီသို့ ရောက်ရှိလာသည်။ ထိုသူသည် အစိမ်းရောင်အဝတ်အစား၊ အနီရောင်ပိုးခါးပတ်တစ်ခု​နှင့် ခေါင်းပေါ်တွင် အစိမ်းရောင်ပဝါတစ်ထည်ကို ဝတ်ဆင်ထားသည်။

"အဝေးက သူငယ်ချင်းတစ်ယောက် လာလည်တဲ့အခါ ငါတို့က သူ့ကို အိမ်မှာ ထားသင့်တယ်တဲ့..."

အရပ်ရှည်ရှည်နဲ့ လူက ပြုံးပြီးပြောလေ၏။

"မိတ်ဆွေတို့က ယွိသောကလာတာ ဖြစ်နိုင်တယ်နော်... ဘာလို့ ဒီလောက် အလျင်စလို ပြန်ချင်​နေ​ကြ​တာလဲ..."

သူတို့လေးယောက် ရပ်တန့်သွားပြီး စိတ်ထဲ၌ အံ့သြသွားကြသည်။ ဥပဒေအကြံပေး တစ်ယောက်လို ၀တ်ဆင်ထားသော ထိပ်တန်းခေါင်းဆောင်က သတိကြီးကြီးနဲ့ မေးလိုက်သည်။

“မင်းဘယ်သူလဲ?”

ယွိထျန်းချန်က အနည်းငယ် ပြုံး​ပြပြီး :"ပညာရှင်​လေးကိုယ်စား... မင်းတို့ရဲ့ သခင်လေးကို နှုတ်ခွန်းဆက်ချင်လို့ပါ!"

သူသည် သူ၏ ရှေးဦးနတ်ဝိညာဥ်ကို ဆင့်ခေါ်ကာ ရုတ်တရက် ထခုန်ရင်း လူလေးယောက်နဲ့အတူ ပြေးထွက်သွားခဲ့သည်။

ထိုလူလေးယောက်ဟာ သခင်ငယ်လေးရဲ့ အမိန့်နဲ့ ဒီကိုရောက်လာတာပင်။ တစ်ခုမှာ ထိုက်ဖျင်ဂိုဏ်းကကို ဖျက်ဆီးခဲ့သော လူသတ်သမားကို စုံစမ်းရန်ဖြစ်ပြီး နောက်တစ်ခုမှာ လူသတ်သမားအစစ်ကို ဖမ်းရန် ဖြစ်သည်။ ထိုက်ဖျင်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းနိုင်တဲ့ အဲဒီလူရဲ့ ကျင့်ကြံမှုက ထူးကဲပေမည်။ ဒါကြောင့် ဤနေရာကို စေလွှတ်လိုက်သော ဥပဒေအကြံပေးသည် အမြင့်ဆုံး ကျင့်ကြံမှုအဆင့်ရှိပြီး နတ်အသွင်ပြောင်းနယ်ပယ် ရောက်နေပြီ။

ကျန်တဲ့သုံးယောက်ကတော့ အခြေတည်ဝိညာဥ် နယ်ပယ်က သခင်တွေဖြစ်ပြီး သူတို့ရဲ့ ခွန်အားကလည်း တော်တော်လေးကို အားကောင်းကြပါ၏။ ထိုအခိုက် လူလေးဦး တပ်ဖွဲ့ဝင်များက ယွိထျန်းချန်ကို ဝင်တိုက်ပစ်ခဲ့သည်။ ခဏလေးပဲ ဆိုပေမယ့် သူတို့သုံးယောက်လုံး လဲကျပြီး သေဆုံးသွားကြသည်။

ကျန်လူမှာ ယွိထျန်းချန်ဆီ၌ ဝိညာဉ်ကို အချုပ်ခံထားရ၏။

"အကြီးအကဲတွေနဲ့ ဆယ်ရက်ကျော်လောက် လေ့ကျင့်လိုက်တာ ငါ ဒီလောက် ကြီးကျယ်တဲ့ တိုးတက်မှုတွေ ရခဲ့တာပဲ! ဒီလူရဲ့ ကျင့်ကြံမှုက အဲဒီကောင် ဝူတောက်ကျန့်ထက် မပျော့ပါဘူး... ငါနည်းနည်းလေး လှုပ်ရှားတာတောင် သူ့ကို ဖမ်းနိုင်တယ်!"

အံ့သြပြီး ဝမ်းသာသွားပေမယ့် သူ့မှာ သိပ်စဉ်းစားဖို့ အချိန်မရှိနေပေ။

"မင်းရဲ့သခင်က ဘယ်သူလဲ အခုပြောစမ်း... မဟုတ်ရင် မင်းကိုသတ်ပြီး အရိုးတွေကို ပြာဖြစ်အောင် ကြိတ်ပစ်မယ်!"

သို့သော် ထိုလူရဲ့ မျက်နှာသည် ရက်စက် ကြမ်းကြုတ်နေပုံရပြီး ချက်ချင်းပင် သူ့ဝိညာဉ်က မီးတောက်လောင်သွားသည်။ ယွိထျန်းချန် ထိတ်လန့်တုန်လှုပ်သွားပြီး အမြန် လက်လွှတ်လိုက်ရသည်။ ဝိညာဉ်က ချက်ချင်း မီးလောင်ပြာကျသွား၏။ သူကိုယ်တိုင် မီးရှို့ပြီး အမှန်တကယ် သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။

ယွိထျန်းချန်ရဲ့ မျက်နှာလည်း ဖြူဖျော့ပြီး နှလုံးခုန်မြန်လာသည်။

"သခင်လေးရဲ့ နာမည်ကို ထုတ်ဖော်ပြတာထက် သူ့ဝိညာဉ်ကို ဖျက်ဆီးပစ်တာက ပိုကောင်းတယ်လို့ ဆုံးဖြတ်သွားတာ.... ငါတို့ မစုံစမ်းနိုင်ဘူး!"

ယွိထျန်းချန်က သူ့ကိုယ်သူ ငြိမ်သက်သွားအောင် လုပ်ရင်း ခေတ္တ ရပ်နေလိုက်သည်။ ဆက်ပြီးစုံစမ်းရင် သူ့အသက် အန္တရာယ်ရှိလာလိမ့်မည်။ ချန်ရှီကို တွေ့တာမဲ့ အဖြစ်အပျက်ကို ပြောပြလိုက်သည်။

ချန်ရှီ: "ထိုက်ဖျင်ဂိုဏ်းက ဘယ်သူ့လက်​အောက်ကလဲ... အဲဒီသခင်ငယ်လေးရဲ့ မူလဇာစ်မြစ်က ဘာလဲ... အဝေးကြီးက ယွိသေယမှာနေပေမယ့် သူ့အတွက် ဝိညာဥ်ပြန်ကြာပန်းကို ထုတ်လုပ်ပေးတဲ့ တံခါးတစ်ချပ်က ဟန်ကုံးတောင်မှာ ရှိတယ်... နတ်အသွင်ပြောင်းနယ်ပယ်က သခင်တွေကိုတောင် စေလွှတ်နိုင်တယ်... သူ့နာမည်ကို ထုတ်ဖော်တာထက် သေလမ်းပဲ ရွေးသွားတယ်..."

ယွိထျန်းချန်ရဲ့ မျက်နှာမှာလည်း တည်ကြည်လေးနက်နေသည်။

"သူ့ရဲ့ဇာစ်မြစ်က ဘယ်လိုပဲဖြစ်နေပါစေ သူက မင်းကို စော်ကားဖို့ မဖြစ်နိုင်ဘူး... တတ်နိုင်သလောက် ဝေးဝေးနေမှာရမှာပဲ ရှို့ချိုင်လေး... ဒီကိစ္စက အရမ်းအရေးကြီးပြီး နောက်ထပ် စုံစမ်းလို့ မရဘူး ငါတို့ ဆက်စုံစမ်းရင် မင်းနဲ့ငါတင်မကဘူး တောင်နီခန်းမတောင် မြေကြီးပေါ်က ပြုတ်ကျသွားမှာကို ကြောက်ရတယ်"

All Chapters