မြေအောက်ကမ္ဘာက ကြာပန်းခင်းမှာ ကြာပန်းကို ရွေးလို့ရတယ်
Vol. 13 Ch. 184
"တောင်နီခန်းမဘက်က ဆက်ပြီး စုံစမ်းနေစရာ မလိုပါဘူး"
ချန်ရှီ အလေးအနက်ထား၍ ပြောလိုက်သည်။ ယွိထျန်းချန်လည်း သူ့စကားထဲမှ ဝှက်ထားတဲ့ အဓိပ္ပာယ်ကို သဘောပေါက်လေသည်။
"မင်းလည်း နောက်ထပ် စုံစမ်းစရာ မလိုပါဘူး အဲ့သခင်လေးက ဂိုဏ်းကြီးထဲမှာ အာဏာကြီးပြီး နောက်မျိုးဆက် ခေါင်းဆောင်အတွက်တောင် အခြေခံအားဖြင့် အမတ်လောင်း ဖြစ်နေလောက်တာ်... မျိုးနွယ်ကြီးတဲ့ တရားရုံးမှာ အမှုထမ်းသူတွေက အရမ်း အဆင့်အတန်း မြင့်ပုံပေါက်ပေမယ့် တကယ်တော့ သူတို့က မျိုးနွယ်စုခေါင်းဆောင်လောက် မမြင့်မားကြသေးဘူး.. သူတို့တွေက မျိုးနွယ်စုအတွက် အခြေအမေ ခြားနားချက်တွေကို ပြောတတ်သူတွေလောက်ပဲ အဆင့်ရှိတာ"
ချွမ်ကျိုးရှိ လီမိသားစုကလည်း မိသားစုကြီးဆယ့်သုံးခုထဲမှ တစ်ခုဖြစ်သည်။
လီထျန်းချင်သည် ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားကို ရရှိခဲ့ပြီး သဘာဝအတိုင်း အရည်အချင်းရှိသော အမျိုးသားတစ်ဦးဖြစ်သော်လည်း လီမိသားစုတွင် ၎င်း၏အဆင့်အတန်းမှာ အလွန်မြင့်မားခြင်း မရှိသည့်အပြင် တစ်လလျှင် လစာငါးဆယ်သာရရှိခဲ့သည်။ မိသားစု အနေအထားအရတော့ မရှိပေ။ အထူးလေ့ကျင့်ပေးထားသည့် ကလေးတစ်ယောက်သာ ဖြစ်သည်။
သို့သော် ယွိသောက သခင်လေးဟာ တကယ့်အာဏာကို ကိုင်စွဲထားပြီး အခြားနေရာကနေတောင် အကြီးစား လုပ်ငန်းများကို ပိုင်ဆိုင်ထားသည်။ သူသည် သူ့အတွက် ရတနာများကို ရှာဖွေရာတွင် အထူးပြုသော လူတစ်စုကို အလုပ်ခန့်ထားပြီး အမှုကိစ္စများကို စုံစမ်းရန် နတ်အသွင်ပြောင်းနယ်ပယ်က လူများကိုပင် စည်းရုံးနိုင်သည်။
လီထျန်းချင်ရဲ့ အဆင့်အတန်းက သူ့နှင့် ခြားနားသော ကမ္ဘာတစ်ခုလိုပဲ ဖြစ်သည်။
ချန်ရှီက ပြုံးပြီး "နားလည်ပါတယ် ခန်းမသခင်ယွိ စိတ်မပူပါနဲ့"
ယွိထျန်းချန်က စိုးရိမ်နေဆဲ။
"ငါအရင်တုန်းကလည်း မင်းလိုပါပဲ... ငါက စိတ်အားထက်သန်မှု အပြည့်ရှိတဲ့ လူသစ်တစ်ယောက် ဆိုပေမယ့် နေရာတိုင်းမှာ အတားအဆီးတွေနဲ့ ပြေးလွှားရတယ် ပွန်းပဲ့သွေးထွက်သံယို ဖြစ်ခဲ့ရတယ်... နောက်ပိုင်းမှာ တောင်နီမယ်မယ် မွေးဖွားလာပြီး လူတွေ အများကြီး သေသွားခဲ့တယ်လေ... ဒီရွှယ်ထိုက်ဆွေ့က နတ်ဆိုးဖြစ်လာတော့မယ်လို့ အားလုံးက ထင်နေကြတာကြောင့် မယ်မယ့်ကို ဘယ်သူမှ မသတ်ရဲကြဘူး"
"မယ်မယ် နတ်ဆိုးဖြစ်သွားရင် ကုံကျိုးကို အရင် ကိုက်စားလိမ့်မယ် သင်္ချိုင်းမရှိဘဲ လူပေါင်း သန်းနဲ့ချီပြီး သေလိမ့်မယ်တဲ့.. အဲဒီတုန်းက ငါက မှော်ဆရာငယ်လေးပဲ တရားမျှတမှုအတွက် အသက်စွန့်ဖို့ စိတ်ကူးပြီး မယ်မယ့်ကို သွားကြည့်တယ် သူ့ကို တိုက်ခိုက်ဖို့ ကြံရွယ်ထားတာလေ... မမျှော်လင့်ဘဲနဲ့ မယ်မယ့်ကို တွေ့တော့ ငါ့ စိတ်ဓာတ်တွေက မထိန်းနိုင်တော့ဘူး"
"သူမကို စွမ်းအားနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နည်းကို ငါသင်ပေးခဲ့တယ် သူမကို ကုံကျိုးကို သယ်လာပြီး တောင်နီခန်းမကို တည်ထောင်ခဲ့တယ် ဒါပေမယ့် ကုံကျိုးမှာ ရှင်သန်ဖို့က မလွယ်ဘူး... မင်းနှလုံးသားထဲမှာ တရားမျှတမှု ရှိရင်တောင် မင်းမှာ အခက်တွေ့နေရလိမ့်မယ်...တောင်နီခန်းမ ရှင်သန်ချင်ရင် အစိုးရကို အားကိုးရမယ်။ အဲဒါကြောင့် ကုံကျိုးက အရာရှိတွေကို နှစ်တိုင်း ငွေအများကြီးပေးရတယ်"
သူက ခဏရပ်ပြီး "ပညာရှင်လေး... ငါ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ဘူး ဒါကြောင့် ငါက အဲဒါကို အားကိုးပြီး အဲဒါနဲ့အတူ ယှဉ်တွဲနေမယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ငါ့ရဲ့ ကိုယ်ကျင့်တရား အခြေခံမူတွေကို ငါ လိုက်နာမယ်!"
သူက ချန်ရှီရဲ့ ပုခုံးကို ပုတ်ပြီး ထပ်ပြောလိုက်သည်။
"တစ်ခါတလေ မင်း ကမ္ဘာကြီးကို ပြောင်းလဲလို့ မရဘူး အဲဒါကို အားကိုးပြီး အတူနေဖို့ လိုတယ်"
ချန်ရှီ ထိတ်လန့်သွားပေမယ့် ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်"
ယွိထျန်းချန်က ပြုံးပြီး :"စန့်ရန် လူတွေရဲ့ စုဝေးမှုက ပြီးဆုံးတော့မယ် မင်းရဲ့ အစီအစဉ်က ဘာလဲ"
ချန်ရှီ: "ထျန်းချင် ပြီးတာနဲ့ ကျွန်တော်တို့ ကုံကျိုးကို အရင်ပြန်ပြီး ရှင်းရှန်ကို ပြန်သွားမယ်... ကုံကျိုးက ဒီတစ်ခါ နတ်ဆိုးအသွင်ပြောင်းတဲ့ ကိစ္စ ဖြစ်သွားပြီဆိုတော့ ဆောင်းဦးပေါက်စာမေးပွဲဖြေဖို့ မဖြစ်နိုင်တော့ဘူး... ကျွန်တော်တို့ အိမ်ပြန်ပြီး သတင်းစောင့်နေရမှာပဲ"
ယွိထျန်းချန်က ညင်သာစွာ ခေါင်းညိတ်ပြသည်။
"လူကြီးနှစ်ယောက်ကလည်း ကုံကျိုးကို သွားဖို့ စီစဉ်ထားတယ်...ငါ သူတို့နောက်ကို လိုက်ချင်တယ် အဲဒါကြောင့် အရင်သွားမယ် မင်း နယ်ချဲ့ စာမေးပွဲ မအောင်ရင်တောင် အရေးမကြီးပါဘူး။ နောက်တစ်ခါ ရှိလာလိမ့်မယ်... စာမေးပွဲ အောင်ရင် ငါတို့ အတူတူ စာမေးပွဲ ဖြေလို့ရတာပေါ့"
ချန်ရှီလည်း အားကိုးရာမဲ့နေခဲ့သည်။ ၎င်းသည် စာမေးပွဲတစ်ခုဟု ယူဆရသော်လည်း ဤမျှလောက်များသော မတော်တဆမှုမျိုး ဖြစ်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားသောကြောင့် သူ့အရည်အချင်းများကို ပြသရန် နေရာမရှိတော့ပေ။
ဒီလိုမှမဟုတ်ရင် ဒီစာမေးပွဲမှာ သူဟာ ကုံကျိုးရဲ့ စာရင်းမှာ နံပါတ်တစ်ဖြစ်နေမှာ သေချာသည်။
"ကံဆိုးလိုက်တာ!"
သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။
ယခုအထိ လီထျန်းချင်သည် ဟောပြောပွဲများကို အစွဲအလမ်း ကြီးနေပြီး ပေါ်လာခဲသည်။ ဆရာကြီးများရဲ့ စုစည်းမှု ပြီးဆုံးပြီးနောက် အချို့မှာ မကျေမနပ်ဖြစ်နေပြီး ဆက်လက်၍ အကြံဥာဏ်များ ဖလှယ်ရန်အတွက် တောင်ပေါ်တွင် ဆက်လက်နေထိုင်ခဲ့ကြသည်။ ဤလူများသည် များသောအားဖြင့် တာအိုဘာသာကို အစွဲအလမ်းကြီးပြီး အလွန်နက်ရှိုင်းသော လေ့လာမှုတွေ ပြုလုပ်ထားသောကြောင့်ပင်။ လီထျန်းချင်က ဒီအခွင့်အရေးကို လက်လွှတ်မခံချင်ပေ။
ဒါကြောင့် ချန်ရှီမှာ ရှင်းရှန်ကို အတူတူပြန်ဖို့ စောင့်နေရတော့သည်။ သူ ငြီးငွေ့လာပြီး ဟိုတွေးဒီတွေး လျှောက်တွေးနေတုန်း ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။
"ဟေးကော်! ငါတို့ မတူညီတဲ့ မြေအောက်ကမ္ဘာကို သွားမယ်ဆိုရင် အဲ့ကမ္ဘာရဲ့ ပထဝီဝင်အနေအထားက မတူဘူးလို့ ဆိုလိုတာလား"
သူသည် မြေအောက်ကမ္ဘာကို အကြိမ်များစွာ သွားခဲ့ပြီး အကြိမ်တိုင်း မတူတဲ့ နေရာတွေကို ရောက်သွားလေ၏။ ပထမအကြိမ်က သူဖျားပြီး ဆုံးသွားစဥ် သူသွားခဲ့တဲ့ မြေအောက်ကမ္ဘာ သို့မဟုတ် မရဏကမ္ဘာဟာ မြူခိုးတွေနဲ့ ပြည့်နေတဲ့နေရာ။ ဒုတိယ အကြိမ်ကတော့ တဲကျန်းမြစ်မှာ ကွမ်ကြီးဆီက အစားခံပြီး မေ့လျော့ခြင်းမြစ်ထဲ ဝင်လိုက်တာ ဖြစ်သည်။
တတိယအကြိမ် သူသည် ကုံကျိုးမှာ သေသွားရတဲ့အတွက် မရဏကမ္ဘာသို့ ၀င်ရောက်ခဲ့ရသည်။ ဒီတစ်ခါတော့ မရဏကမ္ဘာက ရွှံ့နွံကြာကန်ထဲ ရောက်သွားခဲ့၏။ ထို့အပြင် ဟေးဟော် တောင်နီခန်းမကနေ မရဏကမ္ဘာထဲ ဝင်ရောက်စဥ်က နေရာမှာလည်း ကွဲပြားနေသည်။
သူမေးတော့ ဟေးကော်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကြာကန်ရဲ့ တည်နေရာက ဖီးနစ်တောင်ထွတ်နဲ့ ကုံကျိုးကြားမှာ ရှိတာ ဖြစ်မယ်... ဒါပေမယ့် မြေအောက်ကမ္ဘာကို ကြည့်ရင် နယ်မြေက အရမ်းကျယ်ပြီး အကန့်အသတ် မရှိဘူး... ယင်နဲ့ယန် ကမ္ဘာကြားက နေရာအကျယ်အဝန်းက ကွာခြားနေလို့ ဖြစ်နိုင်လား.. ဟေးကော် မြေအောက်ကမ္ဘာကို ထပ်ဖွင့်လို့ရလား"
"ဝုတ်!"
ဟေးကော် မတ်တပ်ရပ်လိုက်ပြီး အလုပ်များလာတော့သည်။ ချန်ရှီ အကဲခတ် ကြည့်လိုက်တော့ ၎င်းက ကျောက်တုံးတွေ ရွှေ့ကာ မီးဖိုတစ်ခု ဆောက်နေတာ တွေ့လိုက်ရ၏။ မကြာခင်မှာပဲ ကျောက်မီးဖိုက ဆောက်လို့ပြီးသွားသည်။ ထို့နောက် သူသည် ချန်ရှီရဲ့ ထမင်းအိုးကို သစ်သားတွန်းလှည်းမှ ဆွဲထုတ်ပြီး မီးဖိုပေါ်တင်လိုက်သည်။
လှည်းထဲမှ ပုဆိန်တစ်ချောင်းကို ထုတ်ကာ ထင်းခုတ်ရန် ပြေးသွားခဲ့သည်။ ချန်ရှီ ခွေးတစ်ကောင် သူ့ဘာသာသူ အလုပ်ရှုပ်နေတာကို ကြည့်နေလိုက်သည်။ ဟေးကော်က ထင်းကိုပြင်ဆင်ပြီး ဆားကိုထုတ်သည်။ ထို့နောက် ပါးစပ်ကိုဖွင့်ကာ ထင်းမီးတောက်လာရန် မီးဖိုအောက်မှ မီးကို မှုတ်နေ၏။
"ငါ့ခွေးက မီးလည်း မှုတ်တတ်သေးတာလား?!"
ချန်ရှီ အံ့အားသင့်သွားခဲ့သော်လည်း ရုတ်တရက် လုံးဝ မအံ့သြသလို ဖြစ်သွားခဲ့သည်။ ဟေးကော်က မရဏကမ္ဘာကိုတောင် အရောက် သွားနိုင်သေးတာ မီးမွှေးနိုင်တာလောက်က ထွေးထွေးထူးထူး ကိစ္စ မဟုတ်ချေ။
ဟေးကော်က ဆားလက်တစ်ဆုပ်စာကို ကိုင်လိုက်ပြီး မီးဖိုအောက်မီးထဲသို့ ဖြန်းလိုက်သည်။ ချက်ချင်းပင် မြေအောက်ကမ္ဘာမှ မြင်ကွင်းများက မီးတောက်ထဲတွင် ပေါ်ထွက်လာလေ၏။
ချန်ရှီ ကြည့်လိုက်တော့ မီးထဲမှာ ပေါ်လာတဲ့ မရဏကမ္ဘာဟာ စိမ့်အိုင်ကြာပန်းကန် မဟုတ်ပဲ လျှို့ဝှက်ဆန်းကြယ်သော ယွမ်ချန်နန်းတော်ဆီ ဦးတည်သွားတဲ့ လမ်းဖြစ်နေတာ မြင်လိုက်ရလေသည်။ ဟေးကော် နေ့တိုင်း တိတ်တဆိတ်ဖတ်နေတဲ့ အဓိပ္ပာယ်မရှိတဲ့ စာအုပ်ကို အဲဒီ ယွမ်ချန်နန်းတော်ကနေ ထုတ်ယူလာခဲ့တာပင်။
“ဟေးကော်ရဲ့ မီးဖိုမှော်ဟာ ကြာပန်းခင်းကို မဟုတ်ဘဲ တခြား တစ်နေရာရာကို သွားနိုင်တာ ဖြစ်ရမယ်”
ချန်ရှီ ဒါကို တွေးမိသွားပြီး ဟေးကော်ဘက် လှည့်မေးလိုက်၏။
"ဟေးကော် မင်းရဲ့ မီးဖိုမှော်က ဘာလို့ ဒီမရဏနန်းတော်ကိုပဲ ဦးတည်နေတာလဲ?"
ဟေးကော်က ခြေထောက်ကို မြှောက်လိုက်ပြီး ခေါင်းကုတ်ပြရင်း သူလည်း မသိကြောင်း ညွှန်ပြသည်။ အသက်အရွယ် တစ်ခုအထိ ကြီးပြင်းလာသောအခါတွင် ၎င်း၏သွေးထဲတွင် ဝှက်ထားသော စွမ်းအားများသည် အလိုအလျောက် နိုးထလာမည်။ သွေးထဲတွင် ဝှက်ထားသော ၎င်း၏ဘိုးဘေးများရဲ့ မှတ်ဉာဏ်များကိုလည်း ပြန်လည် သတိရလာကာ ၎င်းအား အံ့ဖွယ်မှော်စွမ်းအား တစ်မျိုးမျိုးကို သဘာဝအတိုင်း ကျွမ်းကျင်နိုင်စေလိမ့်မည် ဖြစ်သည်။
ဒါပေါ့။ အချို့ သဘာဝလွန် စွမ်းအားများက နောက်ထပ်သင်ယူမှုနှင့် စုစည်းမှု လိုအပ်ပါသေးသည်။ သို့မဟုတ်ပါက ခွေးဟာ ၎င်းတို့ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
သူ့သွေးတွေ နိုးထလာချိန်မှာတော့ မီးဖိုဆောင်က သူ့စိတ်ထဲမှာ ရုတ်တရက် ပေါ်လာသည်။ မှော်စွမ်းအင်တွေ ထုတ်ပြီး မရဏကမ္ဘာထဲသို့ ဝင်ရောက်ခြင်းဖြင့် ယွမ်ချန်နန်းတော်ကို မြင်နိုင်သည်။
ချန်ရှီ မေးစေ့ကို ပွတ်သပ်ရင်း တွေးကြည့်နေသည်။
"ဟေးကော် မင်းမိဘတွေ ဒါမှမဟုတ် မင်းအဘိုးက အရမ်းတန်ခိုးကြီးမယ်လို့ ငါထင်တယ်... မင်းရဲ့သွေးထဲမှာ မှတ်ဉာဏ်တွေ စိုက်ထားလိမ့်မယ် မဟုတ်ရင် မင်း ဒီနန်းတော်ကို ရှာတွေ့နိုင်ပါ့မလား ဟေးကော် မင်းက ခွေးတစ်ကောင်တော့ မဟုတ်လောက်ဘူး!"
သူက ခပ်တည်တည်နဲ့ ခွေးခေါင်းကို ကိုင်ပြီး ခွေးမျက်လုံးတွေကို တိုက်ရိုက် ကြည့်ကာ ပြောလိုက်သည်။
"မင်းက တခြားမျိုးစိတ် ဖြစ်နိုင်တယ်!"
ဟေးကော်က သူ့လက်ကို တွန်းဖယ်လိုက်ပြီး သူ့ကို နှစ်ကြိမ် ဟောင်လေသည်။ ချန်ရှီကတော့ ပြုံးပြ၏။
"မင်းဒါကို အလောတကြီး မငြင်းချင်စမ်းပါနဲ့ဦး.. မင်းတကယ် ခွေးမဟုတ်တာလည်း ဖြစ်နိုင်တယ်... ဟေးကော် မင်းမှာ မြေအောက်ကမ္ဘာထဲ ဝင်နိုင်တဲ့ တခြား မှော်ပညာ ရှိသေးလား"
ဟေးကော် ခေတ္တရပ်လိုက်ပြီးနောက် အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်ကာ ပျောက်ကွယ်သွားခဲ့သည်။ လေအေးတွေ တိုက်လာတဲ့အခါ ခွေးက ပြန်ပေါ်လာ၏။ ချန်ရှီရဲ့ မျက်လုံးများ တောက်ပလာပြီး အသက်ရှူသံ အနည်းငယ် မြန်လာသည်။
"မင်းငါ့ကို မရဏကမ္ဘာထဲ ခေါ်သွားပေးနိုင်မလား "
ဟေးကော်က သူ့ကို ကျောပေါ် တက်စီးခိုင်းလိုက်သည်။ ချန်ရှီသည် ခွေးနောက်ကျောပေါ် တက်စီးလိုက်တဲ့အခါ မထွက်ခွာသေးသော လူပေါင်းများစွာကို ရပ်တန့်ကြည့်ရှုရန် ဆွဲဆောင်မိသွားခဲ့သည်။ တစ်စုံတစ်ယောက်က အသံနိမ့်နိမ့်ဖြင့် လှောင်ပြောင်လေ၏။
"ကောက်ညှင်းထုပ်လို..."
သူစကားမဆုံးခင်မှာ အေးစက်တဲ့လေက ဟေးကော်ရဲ့ခြေဖဝါးအောက်ကနေ လေချွန်သံ တစ်ချက် မှုတ်ထုတ်ကာ မြေအောက်ကမ္ဘာထဲ ပြေးဝင်သွားတော့သည်။ ချန်ရှီလည်း သူ့အောက်က ဗလာဖြစ်သွားတာ ခံစားလိုက်ရလို့ ငုံ့ကြည့်လိုက်တော့ သူ့ကိုယ်သူ မြေကြီးပေါ်မှာ ထိုင်လိုက်သည်။
ဟေးကော်သည် အေးစက်သော လေကို နင်းပြီး ပြန်ပြေးလာသည်။ ၎င်းက ပါးစပ်ကိုဖွင့်ကာ လျှာထုတ်ရင်း ချန်ရှီကို ကြည့်၍ 'ဘာလို့ငါနဲ့မလိုက်တာလဲ' လို့ တွေးနေပုံပါပဲ။
"မဖြစ်ဘူး... မင်းရဲ့ မှော်စွမ်းအင်က လူတွေကို မြေအောက်ကမ္ဘာထဲ ခေါ်သွားလို့ မရဘူး"
ချန်ရှီ ဒါကိုစဉ်းစားမိတဲ့အခါ ထိုက်ဖျင်ဂိုဏ်းမှာရှိတဲ့ ယဇ်ပလ္လင်အပြင် အဘွားရှားကသာ မရဏကမ္ဘာထဲကို ၀င်ဖို့ လုပ်ပေးနိုင်ကြောင်း တွေးမိလိုက်သည်။
ထိုက်ဖျင်ဂိုဏ်းက သူ ဖြုတ်ချခဲ့ပြီ။ ယဇ်ပလ္လင်က ထိုနေရာတွင် ရှိနေသော်လည်း ထူးဆန်းသော သားရဲများရဲ့ သွေးမပါတဲ့အပြင် ၎င်းတို့အသုံးပြုခဲ့သော မှော်စွမ်းအင်ကို ဘယ်သူမှ မသိသောကြောင့် ၎င်းကို ပြန်လည်ထူထောင်ရန် ခက်ခဲလိမ့်မည်။
အဘွားရှားနဲ့ ရှောင်တင်းရှန်းတို့က ကုံကျိုးကို ပြန်သွားကြတာ ဖြစ်ပေမည်။
"ဒါ့အပြင် အဘွားရှားရဲ့ မှော်ပညာက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို မြေအောက်ကမ္ဘာကို မကြာခဏ ပို့ပေးနိုင်တယ် တကယ့်ကိုယ်ခန္ဓာကို မြေအောက်ကမ္ဘာဆီ ပို့ပေးဖို့ ယဇ်ပလ္လင်တွေသုံးပြီး တခြားဟာတွေနဲ့ ကြီးမားတဲ့ အစီအရင်လည်း လို... ခဏနေဦး!"
ချန်ရှီ မှင်တက်သွားပြီး ချက်ချင်းပင် အဓိကအချက်ကို တွေးလိုက်မိသည်။ အခုနတုန်းက မြေအောက်ကမ္ဘာထဲကို မဝင်ရတဲ့ အကြောင်းရင်းက သူ့ကိုယ်ခန္ဓာကြောင့်လား။
ဝိညာဉ်ပုံစံနဲ့ ခွေးစီးရင် မရဏကမ္ဘာထဲကို ဝင်နိုင်လောက်လား။
ချန်ရှီ အလွန်စိတ်လှုပ်ရှားသွားပြီး ဟေးကော်ကို ထိုအကြောင်း ချက်ချင်း ပြောပြလိုက်သည်။
ဟေးကော် : "ဝုတ်?"
"ဒါက အရမ်းရိုးရှင်းပါတယ် ငါက ငါ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲက ဆွဲထုတ်ဖို့ ဝိညာဥ်ဆွဲငင်စွမ်းအင်ကို သုံးလိုက်မယ်"
ချန်ရှီသည် အဆောင်ဆွဲဆရာ ဖြစ်တာကြောင့် ဝိညာဥ်ဆွဲစွမ်းအင် အဆောင်လက်ဖွဲ့ ချက်ချင်း လုပ်ဆောင်ခဲ့သည်။ ၎င်းကို အစီအရင် အဖြစ် အသက်သွင်းလိုက်သောအခါ ၎င်းက ဝိညာဉ်ဆွဲငင်စွမ်အား ဖြစ်လာသည်။
ချန်ရှီ တင်ပျဉ်ခွေထိုင်ကာ အပြင်ဘက် ချည်နှောင်ထားသော စည်းတံဆိပ်တစ်ခုကို လက်နှစ်ဖက်ဖြင့် ပုံဖော်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဖြတ်ကာ လက်မကို တွဲနှိပ်၍ ခေါင်းပေါ်တင်ကာ နဖူးကို အကြိမ်အနည်းငယ် ပုတ်လိုက်သည်။ သူ့လက်များကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်နှင့် ဝိညာဉ်က ဖြည်းညှင်းစွာ ထရပ်လာသည်။
ချန်ရှီ သူ့လက်ကို ချလိုက်ပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ နောက်တစ်ယောက်ဟာ မြေပြင်ပေါ်မှာ ထိုင်နေတာ တွေ့လိုက်ရလေ၏။ ဝိညာဥ်ကလည်း မိမိရုပ်ခန္ဓာနှင့် အတိအကျ တူလေသည်။
ယခု ချန်ရှီ သူ့ကိုယ်ပိုင် စွမ်းအင်ဖြင့် ဆွဲထုတ်လိုက်တာက သူ့ဝိညာဉ်မျှသာ ဖြစ်သည်။
သာမန်လူတစ်ယောက်၏ ဝိညာဉ်ကို ခန္ဓာကိုယ်မှ ဆွဲထုတ်လိုက်လျှင် လေနှင့် နေကို ကြောက်ရသော်လည်း၊ လေပြင်းနှင့် တောင်ထိပ်တွေကို ရှောင်ရသော်လည်း ချန်ရှီက ဘာမှ မခံစားရပေ။
သူသည်ကြာပန်း ၄၀၀ ကျော်ကို စားခဲ့ပြီးနောက် သူ့ဝိညာဉ်က ရွှေအမြုတေလို အလွန်တည်ငြိမ်လာပြီး ခိုင်မာလာသည်။
ဝိညာဥ်ပြန်ကြာပန်းဟာ မရဏကမ္ဘာမှ ဆင်းသက်လာပြီး ကြာပန်းခင်းများက အလွန်ကျယ်ပြောသော်လည်း သက်ရှိလောကတွင် လုံးဝ ရှားပါးသော အရာတစ်ခုဖြစ်သည်။ ကျင့်ကြံသူ အတော်များများကလည်း မစားဖူးကြချေ။
အကယ်၍ အပင်တစ်ပင် သို့မဟုတ် ထက်ဝက်ကို ရနိုင်လောက်အောင် ကံကောင်းပါက ၎င်းကို အမျိုးမျိုးသော အဂ္ဂိရတ်ဆေးများနှင့် ပေါင်းစပ်ကာ သုံးလိမ့်မည်။ တစ်ကြိမ်တည်းနဲ့ ဖြုန်းတီးပစ်မိမည်ကို စိုးရိမ်သောကြောင့် ဝိညာဥ်ပြန်ကြာပန်းရဲ့ ဆေးစွမ်းအားကို ထုတ်ပေးရန်အတွက် အကောင်းဆုံး လုပ်ဆောင်မိမှာ ဖြစ်သည်။
ချန်ရှီလို နွားတစ်ကောင် မြက်စားသလိုမျိုး ဘယ်သူမှ လုပ်လိမ့်မည် မဟုတ်။
ချန်ရှီ၏ ဝိညာဉ်သည် ဟေးကော်၏ နောက်ဘက်တွင် ထိုင်နေ၏။ ဟေးကော် ဖြတ်ပြေးလိုက်တာနဲ့ ချန်ရှီ အနက်ရောင်လေ နှင့် ဟေးကော်ကို မြင်လိုက်ရသည်။ အနက်ရောင်လေသည် အလွန်လျင်မြန်စွာ တိုက်ခတ်လာသဖြင့် ဟေးကော်ရဲ့ အမွှေးများပေါ်က အနက်ရောင်လိုင်းများဟာ လေချွန်သံနှင့်အတူ ဝေ့ဝဲနေသည့် အသွင်အပြင်ကိုပင် အမှန်တကယ် မြင်တွေ့နေရသည်။
အနက်ရောင်လေကို ကျော်လွန်ကာ ကြည့်လိုက်ရင်တော့ အဆုံးမဲ့ကြာပန်းခင်း တစ်ခုရှိသည်။
ဟေးကော်သည် ရှေ့သို့ခုန်တက်ကာ အူသံလေပြင်းများထဲမှ ချန်ရှီအား ဆွဲထုတ်သွားသည်။ နောက်အခိုက်အတန့်တွင်တော့ အကွာအဝေး အကန့်အသတ်မရှိသော စိမ့်ရေထဲ၌ ပေါ်လာသည်။
ခွေးလေးဟာ အေးစက်တဲ့ လေထဲကနေ ခုန်ချလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ဟာ လျင်မြန်စွာ ကြီးမားလာပြီး သူ့တစ်ကိုယ်လုံးကို မီးတောက်တွေနဲ့ စတင်လောင်ကျွမ်းစေခဲ့သည်။ ထူထဲသော အနက်ရောင် မီးခိုးလုံးများသည် မီးတောင်များအတိုင်းပင်။
ခွေးကြီးသည် ရွှံ့နွံထဲ လမ်းလျှောက်လာစဉ် ၎င်း၏ပါးစပ်နှင့် နှာခေါင်းတို့မှ မီးခိုးငွေ့များကို မှုတ်ထုတ်ခဲ့သော်လည်း စိမ့်ထဲ နစ်မြုပ်သွားခြင်းမရှိပေ။
ချန်ရှီသည် မူလကတည်းက ခွေး၏ ကျောပေါ်တွင် ထိုင်နေခဲ့သည်။ ခွေးက ရုတ်တရက် အလွန်ကြီးမားလာသော်လည်း သူက ဘာမှ မပြောင်းလဲပေ။ သူ ချော်လဲလုနီးပါး ဖြစ်သွားတာကြောင့် ခွေးမွေးတစ်စကို အမြန်ဆွဲယူလိုက်သည်။
ခွေးအမွေးက သူ့လက်မောင်းလောက် ရှိကာ ထူထဲသော အခိုးအငွေ့များနှင့် မီးတောက်များ အမွေးပေါက်များထဲမှ ထွက်လာနေသည်။ ထူးဆန်းတာက မီးတောက်က လုံးဝ မပူသလို အနက်ရောင် မီးခိုးကလည်း သူ့ကို ချောင်းမဆိုးစေချေ။
ယခု သူသည် တစ္ဆေအခြေအနေတွင် ရှိနေသောကြောင့် သဘာဝအားဖြင့် သူ့တွင် ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များ မရှိနိုင်ပေ။
"ဟေးကော်... ဒီမှာရှိတဲ့ ဧရာမ တစ္ဆေကြီးရဲ့ နားရွက်တွေက အရမ်း ထိလွယ်ရှလွယ်တယ်... ငါတို့ ဘာသံမှ မထွက်ရဘူး မဟုတ်ရင် သူ့ကို သတိပေးမိလိမ့်မယ်"
ချန်ရှီ ခွေးနောက်ကျောကနေ ခွေးနားရွက်နားအထိ တက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်ပါ၏။
"ကြာပန်းခူးမယ် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်မနေနဲ့"
သူသည် ဟေးကော်၏ နောက်ကျောမှ လျှောကျကာ လမ်းတစ်ဝက်တွင် ခုန်ချ၍ စိမ့်မြေပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်ခဲ့သည်။
ခွေးကြီးသည် ပုရွက်ဆိတ်ကဲ့သို့ သေးငယ်သွားသော သခင်လေးကို ကျောခိုင်းကာ ရွှံ့နွံထဲတွင် ထိုင်နေလိုက်၏။ ချန်ရှီကတော့ ကောင်းကင်က တစ္ဆေကြီးကို နှောင့်ယှက်မိမှာ ကြောက်နေသောကြောင့် အလွန်သတိထားကာ စိမ့်တွင်း၌ လျှောက်သွားနေပါသည်။
ကြာပန်းခင်းအထက် ကောင်းကင်သည် ဆယ်ပေကျော်ရှည်သော မျဉ်းတစ်ကြောင်း ဖြည်းညှင်းစွာ ပွင့်လာပြီး တဖြည်းဖြည်းချင်း ကျယ်သထက် ကျယ်လာသည်။ လေထဲမှ မိုးခြိမ်းသံလို အလင်းဟောက်သံကြီး ထွက်ပေါ်လာပြန်၏။
ထိုအသံက အိပ်ချင်ယောင်ဆောင်နေသော တစ္ဆေကြီးရဲ့ အသံပဲ ဖြစ်သည်။
သရဲတစ္ဆေသည် သူတို့ကြောင့် ထိတ်လန့်ကာ နိုးလာခဲ့သည်။ ကြာဖြူသူခိုးကို သတ်ခါနီးတွင် ခွေးနက်ကြီးအား ရုတ်တရက် လှမ်းမြင်လိုက်ရရာ သူ့နှလုံးသားက ထိတ်လန့်သွားပြီး မျက်လုံးကို အမြန် ပြန်မှိတ်ထားလိုက်သည်။
ဗုံတီးသံကဲ့သို့ပင် ကောင်းကင်မှ နှလုံးခုန်သံသည် အလွန်လျင်မြန်ပြီး အရေးပေါ်လို အကူအညီ လိုအပ်နေသလို ဖြစ်နေ၏။ တစ္ဆေရဲ့ နှလုံးခုန်သံမှာ ၎င်း ကြောက်ရွံ့လွန်းသောကြောင့် ဖြစ်သည်။
"မင်းဘာလို့ဒီကို ထပ်ရောက်နေတာလဲ"
တစ္ဆေက တိတ်တိတ်လေး ညည်းလေ၏။ ဒီခွေးလေး နောက်ဆုံးပေါ်လာတော့ သူ့ကို တစ်ပိုင်းသေတဲ့အထိ တိုက်ခိုက်ခဲ့တာကြောင့် ကြောက်ပြီး ကောင်းကင်မှာပဲ ပြန်ပုန်းနေခဲ့ရသည်။
ခွေးအကြောင်း သူ ကြားဖူးသည်။
ခန္ဓာကိုယ်အနှံ့ မီးတောက်နေသော ခွေးကြီးတစ်ကောင်သည် မကြာသေးမီက မြေအောက်ကမ္ဘာထဲတွင် ပေါ်လာခဲ့သည်ဟု ဆိုကြ၏။ ၎င်းသည် အစွမ်းထက်သော သရဲတစ္ဆေများနှင့် နတ်တစ္ဆေ များစွာကို သတ်ဖြတ်ရန် အရှိန်အဟုန်ဖြင့် ပြေးလွှားနိုင်သည်။
သရဲနှင့် နတ်တစ္ဆေများစွာတို့သည် ထိုအကြောင်းကို ကြားပြီးနောက် သားရဲကို ဖမ်းရန် ချောင်းမြောင်း တိုက်ခိုက်နေကြသော်လည်း ၎င်းတို့ထဲမှ အများစုမှာ ခွေးဘီလူးဆီကသာ အကိုက်ခံလိုက်ရ၏။ တချို့ကတော့ ဒဏ်ရာများစွာဖြင့် လွတ်မြောက်သွားခဲ့ကြသည်။
ခွေးဘီလူးကြီး ၎င်းဆီသို့ အပြေးအလွှား ပြေးလာနေတာကို နောက်ဆုံး တစ်ခေါက် မြင်လိုက်ရသောအခါက သူ့အသက်တော့ အန္တရာယ်ရှိပြီဟု ထင်ခဲ့သည်။ မထင်မှတ်ပဲ ခွေးက တစ္ဆေတစ်ကောင်ကိုသာ ဖမ်းမိသွားသဖြင့် သူ့အသက်သူ ကယ်တင်နိုင်ခဲ့၏။
ရက်အနည်းငယ် ငြိမ်သက်ပြီးနောက် ခွေးက ထိုသရဲတစ္ဆေလေးနှင့် ပြန်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။
ဒါက သရဲတစ္ဆေတွေကို နှိပ်စက်နေတာ မဟုတ်ဘူးလား။
အချိန်အတော် ကြာပြီးနောက် တစ္ဆေကြီးသည် ဟေးကော်နဲ့ ချန်ရှီ ထွက်သွားခြင်း ရှိမရှိကို သိလိုသောပြောင့် မျက်လုံးတစ်ဖက်ကို တိတ်တဆိတ် ဖွင့်လိုက်သည်။ မထင်မှတ်ပဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ ခွေးက ခေါင်းစောင်းပြီး မော့ကြည့်လိုက်တာနဲ့ တည့်တည့် သွားတိုးနေ၏။ အဲဒီ့ခွေးလေးက ထိုင်နေတုန်းပဲ။
ဗုန်း! ဗုန်း! ဗုန်း!
ဧရာမ သရဲတစ္ဆေကြီး၏ နှလုံးသားသည် တဆတ်ဆတ်ခုန်ကာ မျက်လုံးများကို အမြန်မှိတ်လိုက်ပြန်သည်။
"ငါက ဥယျာဉ်မှူးပဲ... ဘာလို့ ငါ့လို တစ္ဆေသရဲလေးကို နှောင့်ယှက်နေတာလဲ မင်း ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲလို့..."
ချန်ရှီသည် ဗုံတီးနေသလို နှလုံးခုန်သံကို ကြားရသောအခါ ထိတ်လန့်သွားသည်။ သူသည် ကောင်းကင်ကို လျင်မြန်စွာ မော့ကြည့်လိုက်ရာ ကောင်းကင်က မှောင်မဲနေ၏။ နှလုံးခုန်သံကလည်း ကောင်းကင်မှ ထွက်ပေါ်လာနေသည်။
"အဲဒါကြီးက အိပ်မက်ဆိုးတစ်ခု မက်နေလို့ဖြစ်မယ်... အဲဒါကြောင့် သူ့နှလုံးက ကြောက်ပြီး ခုန်နေတာ!!"
ချန်ရှီ စိတ်သက်သာရာရကာ ကြာပန်းကို ဆက်၍ကောက်သည်။ သူသည် ကြာပန်းကို ခူးဆွတ် စားနေရင်း "တစ္ဆေတွေလည်း အိပ်မက်ဆိုးတွေ မက်တတ်တာလား" ဟု မိမိဘာသာ တွေးတောမိသည်။
တစ္ဆေများသည် ရုပ်ခန္ဓာရှိသော မြေအောက်ကမ္ဘာမှ သတ္တဝါများဖြစ်ပြီး အိပ်မက်ဆိုးများ ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည်။ ကြာပန်းခင်းက ကြီးမားသော်လည်း ဝိညာဉ်ပြန်ကြာပန်းများက အများကြီး မရှိပါ။ တစ္ဆေကြီး အိပ်ပျော်နေပြီး မထွက်သေးတာကို မြင်လိုက်ရတော့ ချန်ရှီ တဖြည်းဖြည်း ရဲရင့်လာပြီး ကြာပန်းရွေးဖို့ အဝေးတစ်နေရာကို သွားလိုက်သည်။
တစ္ဆေကြီးမှာ မှားမှန်းသိနေပါပြီ။ အထက်လူကြီးများ လာစစ်ဆေးပါက အပြစ်ပေးခံရမည်ကို စိုးရိမ်လာသဖြင့် ကောင်လေးကို ဖယ်ထုတ်ပစ်ချင်လာသည်။ ဒါပေမယ့် မျက်လုံးဖွင့်လိုက်တိုင်း ဟေးကော်က ဆင်းရဲလာရင် သတ်ပစ်မယ်လို ပြောနေသလိုမျိုး ခေါင်းစောင်းပြီး ကြည့်နေတာကိုသာ တွေ့လိုက်ရသည်။
"ကြာပန်းက ဘယ်လောက်ပဲ ကောင်းနေပါစေ ငါ့အသက်လောက် အရေးမကြီးဘူး!"
တစ္ဆေဘီလူးကြီးက သူ့ကိုယ်သူ တွေးပြီး နှာစေးကာ နှစ်နှစ်ခြိုက်ခြိုက် ဆက်အိပ်ဖို့ပဲ ဆုံးဖြတ်လိုက်ရရှာ၏။ တစ္ဆေကြီးတစ်ကောင် ဖြစ်ပေမယ့် သိပ်မကြာခင်မှာပဲ တကယ်ကြီး အိပ်ပျော်သွားခဲ့သည်။
ချန်ရှီသည် ဖြူစင်တောက်ပနေသော ကြာဖြူတွေကို စားသောက်နေခဲ့သည်။ ထိုစဥ် ဟေးကော်က ပြေးလာပြီး အမြန်ပြန်ဖို့ အချက်ပြလိုက်သည်။ မဟုတ်ရင် သူ့ခန္ဓာကိုယ်နဲ့ အချိန်အကြာကြီး ဝေးနေရရင် ငတ်သေလိမ့်မည်။ ချန်ရှီ သူ့နောက်ကျောပေါ်သို့ လျင်မြန်စွာ ခုန်တက်သွားပြီး ဟေးကော်က သူ့ကို အနက်ရောင်လေထဲတွင် မူလနေထိုင်သည့် အထက်ကမ္ဘာဆီသို့ ပြန်ခေါ်သွားခဲ့သည်။
ချန်ရှီက သူ့ခန္ဓာကိုယ်ဆီ အမြန်ပြန်ဝင်ပြီးတဲ့အခါ ရက်တချို့ ကုန်သွားသောကြောင့် သူတကယ် ဗိုက်ဆာနေပြီဆိုတာ သိလိုက်ရသည်။ ဟေးကော်မှာ ခါးစည်းကို ၀တ်၍ ထမင်းချက်ရန် ထွက်သွားခဲ့ရာ ချန်ရှီလည်း အကူအညီပေးဖို့ ထွက်လာခဲ့သည်။
ဖြည့်စွက်စာ စားသောက်ပြီးနောက် ဟေးကော်က အိုးများနှင့် ပန်းကန်များကို ဆေးကြောသည်။ ပြီးနောက် ချန်ရှီသည် ကြာပန်းကို ဆက်လက်ကောက်ယူရန် မြေအောက်ကမ္ဘာထဲသို့ ခေါ်သွားခဲ့သည်။
ခြောက်ရက် သို့မဟုတ် ခုနစ်ရက်ကြာပြီးနောက် တောင်ပေါ်တွင် လှည့်လည်သွားလာသူ နည်းပါးလာခဲ့သည်။ ချန်ရှီသည် ခြောက်ရက် သို့မဟုတ် ခုနစ်ရက်ကြာအောင် မရေမတွက်နိုင်သော ကြာဖြူများကို မျိုချခဲ့သည်။ သူ့ဝိညာဉ်သည် အဖြူရောင်အလင်းတန်းမှ ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်သဖွယ် ပြောင်းလဲသွားခဲ့သည်။
ချန်ရှီသည် ကြာဖြူကို ထပ်မံစားသော်လည်း ၎င်းသည် သူ့စိတ်ဝိညာဉ်အတွက် အသုံးမဝင်ဘူးဟု ခံစားလာရ၏။ သူ့စိတ်ဝိညာဉ်ရဲ့ ကန့်သတ်ချက်သို့ ရောက်နိုင်ကြောင်း သိတာကြောင့် အချို့ကို ထပ်မံကောက်ယူပြီး ရောင်းချရန် ပြင်ဆင်ရတော့သည်။
တစ္ဆေကြီးသည် လူနှင့် ခွေးထွက်သွားတာကို စောင့်ကြည့်နေခဲ့သည်။ အကြာကြီး စောင့်ဆိုင်းသော်လည်း ပြန်မလာပေ။ ရက်အနည်းငယ်ကြာအောင် သူစောင့်နေသော်လည်း ချန်ရှီက ပြန်မလာသေး။ နောက်ဆုံးတော့ သူ စိတ်သက်သာရာ ရသွားပြီး ဝမ်းနည်းစရာအကြောင်း တွေးလိုက်တိုင်း မျက်ရည်တွေက မိုးရွာသလို ကျလာတော့သည်။
"ဟင်းသီးဟင်းရွက် ဥယျာဉ်ကို ပြုစုရတာ အရမ်းခက်တာပဲ... အချိန်မရွေး အသက်ကလေး ပျောက်သွားနိုင်တယ်!"