← Chapters

နယ်ခြားစောင့်တပ်

Vol. 13 Ch. 185

နယ်ခြားစောင့်တပ်

Vol. 13 Ch. 185

စန့်ရန် လူစုသည်လည်း နောက်ဆုံးတွင်တော့ လူစုကွဲသွားကြပြီး တဖြည်းဖြည်း ထွက်ခွာသွားကြသည်။ ချန်ရှီနဲ့ လီထျန်းချင်တို့လည်း အပြန်ခရီးတွင် ခရီးထွက်ခဲ့ကြရာ လမ်းတစ်လျှောက်တွင် လီထျန်းချင်ဟာ တစ်ချိန်လုံး တိတ်ဆိတ်နေပြီး စန့်ရန်တွေရဲ့ တရားဟောမှုတွေကြား ထိတ်လန့်စွာ နှစ်မြုပ်နေဆဲ ဖြစ်လေသည်။ ရံဖန်ရံခါ သူသည် သစ်သားလှည်းပေါ်မှ ခုန်ဆင်းပြီး မှော်စွမ်းအင် တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို သရုပ်ပြ​သေးသည်။

ဤအချိန်အခါတိုင်း ချန်ရှီက လှည်းကို ရပ်တန့်ကာ စောင့်ဆိုင်းပေးသည်။ ဝင်ရောက်စွက်ဖက်တာမျိုးတွေ မလုပ်ဘဲ လီထျန်းချင်ရဲ့ နားလည်မှုကို ပြသရန် ခွင့်ပြုထားခဲ့သည်။

ဒီကနေ လီထျန်းချင်ဟာ အခြားသူများထံမှ အကြံဥာဏ်များစွာကို စုပ်ယူနိုင်ခဲ့ကြောင်း သူမြင်နိုင်သည်။ ယခုက ဤအသိပညာများကို အစာချေသလို ချေဖျက်ပြီး သူ့အကျိုးအတွက် အသုံးချရန် သူ့အတွက် အရေးကြီးသော ကာလဖြစ်သည်။ သူ့ကို ဝင်နှောင့်ယှက်တာက သူ့ရဲ့ တွေးခေါ်မှုနှင့် လှုံ့ဆော်လေ့ကျင့်မှုကို အနှောင့်အယှက် ဖြစ်စေမည်။ သူ့အနာဂတ်ကိုတောင် ပျက်စီးစေမိလိမ့်မည်။

ဒီအချိန်မှာ ချန်ရှီက တိတ်တိတ်ဆိတ်ဆိတ် နေနိုင်အောင် ကြိုးစားပေးလေသည်။

လီထျန်းချင်ရဲ့ စွမ်းအင်တွေက ပို၍ ပို၍ အားကောင်းလာပြီး ရှုပ်ထွေးလာသည်။ ကနဦးတွင် ၎င်းသည် လီမိသားစု ယင်ကျောက်စိမ်းဘီးခြောက်ဘီးကို အခြေခံထားဆဲ ဖြစ်ပြီး တချို့နေရာတွေကိုတော့ ဖျက်စီးတာတွေ ပြုပြင်တာတွေ လုပ်လိုက်သည်။ နောက်ပိုင်းတွင် ရှောင်ဝမ်စွင်းရဲ့ ဓားသိုင်း အရိပ်ပါ တဖြည်းဖြည်း ပေါ်လာသည်။

လမ်းတစ်ဝက်တွင် ကျောက်စိမ်းဘီးနှင့် ​ရှောင်ဝမ်းစွမ်းရဲ့ ဓားသိုင်းထဲတွင် အခြားသူများ၏ အရာများစွာ ပေါ်လာသည်။

ပထမအချက်မှာ ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဟူ​သော ဒြပ်စင်ငါးပါး၊ ထို့နောက် မိုးကြိုးပစ်စွမ်းအင်၊ အစီအရင် ဖွဲ့စည်းနည်း၊ လွတ်မြောက်နည်း၊ အနစ်နာခံ စစ်ပွဲနည်းလမ်း၊ အနီးကပ် တိုက်ခိုက်နည်းနဲ့ အဘွားရှား၏ ဝိညာဉ်အရိပ်ပင် ပါလာသည်။

သူသည် ကွဲပြားခြားနားသော အရာများစွာကို သင်ယူခဲ့ပြီး စာလုံးပေါင်းများ ပိုမိုသိလာသော်လည်း ၎င်းတို့အားလုံးကို ကျွမ်းကျင်ရန်မှာ သူ့အတွက် ခက်ခဲ​နေသည်။

သို့သော် ကုံကျိုးနဲ့ နီးကပ်လာသည်နှင့်အမျှ ချန်ရှီသည် လီထျန်းချင်ရဲ့ မှော်အတတ်ပညာသည် ပို၍ပို၍ ဆန်းပြား၊ သိမ်မွေ့ပြီး ချောမွေ့လာတာ တွေ့ရှိခဲ့ရသည်။ မှော်စွမ်းအင်များက တဖြည်းဖြည်း လွယ်ကူပြီး သဘာဝအတိုင်း စီးဆင်းနေသော ရေနှင့် တူလာသည်။

ချန်ရှီရဲ့ နှလုံးသားက တုန်လှုပ်သွားသည်။

"ထျန်းချင်က အကွက်တိုင်းကို ချောချောမွေ့မွေ့ စွမ်းဆောင်နိုင်နေပြီ... ဒါကို ကျွမ်းကျင်တယ်လို့ ယူဆလို့ ရလား"

ဒီအမြင်ကို သူ မငြင်းပါ။ လီထျန်းချင်ဟာ သူကိုယ်တိုင်လိုပဲ မတူညီသော မှော်ပညာကို သင်ယူနေသည်။ ဗဟုသုတ အလုံအလောက် စုဆောင်းမိသောအခါ ဤအရာများထဲမှ တာအိုကျင့်စဥ်ရဲ့ ပြောင်းလဲမှု အနှစ်သာရကို သိမြင်နိုင်ကာ ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို သိရှိလာသည်။

သို့မှသာ သူဟာ သခင် ဖြစ်လာလိမ့်မည်။

သို့မှသာ စစ်မှန်သော အမှီအခိုကင်းသော ပုဂ္ဂိုလ်ဟု ခေါ်နိုင်မည် ဖြစ်သည်။

လီထျန်းချင်ဟာ တရားထိုင်နေသလို အခြေအနေမှ နိုးလိုက် အိပ်လိုက် လုပ်နေသဖြင့် သူတို့နှစ်ဦး လမ်းပေါ်တွင် သုံးလေးရက်ကြာ ကြန့်ကြာနေခဲ့တာ တွေ့လိုက်ရသောကြောင့် လီထျန်းချင်က အမြန်တောင်းပန်လိုက်သည်။

ချန်ရှီက ပြုံးပြီး ပြောပြ၏။

"သူငယ်ချင်း တစ်ယောက်အနေနဲ့ ငါ မင်းကို စောင့်သင့်ပါတယ်"

လီထျန်းချင်: "ရှောင်ဝမ်စွင်း အရင်တုန်းက ငါ့ကို အများကြီး သင်ပေးခဲ့တယ် အဲဒါတွေက ငါ့အတွက် အများကြီး အကျိုးပြုခဲ့တယ် နတ်သန္ဓေသားကို သန့်စင်နိုင်အောင် မှန်ကန်တဲ့ နည်းလမ်းကိုလည်း ပေးခဲ့တယ်။ စန့်ရန် လူတွေ စုဝေးတဲ့​နေရာမှာ ပါဝင်ဖို့ သူက ပြင်းပြင်းထန်ထန်တောင် အကြံပေးခဲ့သေးတယ်... ဒီကိုရောက်ပြီးတဲ့ နောက်မှ ဒီကမ္ဘာမှာ ကျင့်စဥ် နည်းလမ်းတွေ အများကြီး ရှိတယ်ဆိုတာ ငါ သိလာတယ်... တစ်ဆယ်လေး မင်းရော ဒီရက်တွေ ဘာတွေ သင်ယူခဲ့လဲ"

ချန်ရှီ ခေါင်းယမ်းလိုက်၏။

"ငါ ဘာမှ မသင်ယူခဲ့ပါဘူး... ဟန်ရှန်းစန့်ရန် သင်ပေးတဲ့ မှော်အစွမ်းကို နားလည်ခဲ့ပြီးကတည်းက တစ်ချိန်လုံး ငါ့ရဲ့ ဝိညာဉ်ကိုပဲ သန့်စင်နေခဲ့တာ"

လီထျန်းချင် ပိုလို့တောင် အပြစ်ရှိသလို ခံစားလာရတော့သည်။

"ငါ မင်းကို နှောင့်နှေး​အောင် လုပ်ခဲ့တာ ကြာပြီ.. မင်း စောစော ထွက်သွားနိုင်တာကို စကားမစပ် ဟန်ရှန်းစန့်ရန် သင်ပေးတဲ့ မှော်ပညာက တစ်ခုခု လွဲနေပြီလို့ ငါ ခံစားနေရတယ်... ငါ အဲဒါကို စဉ်းစားပြီးရင် မင်းကို သင်ပေးမယ်"

ချန်ရှီက ပြုံးကာ: "ငါနားလည်သွားပြီ... အသွင်ပြောင်းတာကို ပြောင်းပြန်သုံးဖို့ပဲ လိုတာ ချီစွမ်းအင်ကို ဓားစွမ်းအင် ဒါမှမဟုတ် တခြားအရာတွေအဖြစ် ပြောင်းလဲနိုင်တယ်... ဒါမှမဟုတ် ရတနာတွေကို ပြောင်းလဲပြီး စစ်မှန်တဲ့စွမ်းအင်ကို ထိန်းသိမ်းဖို့အတွက် စက္ကူကြိုးကြာတွေအစား မှော်လက်နက်တွေကိုလည်း သုံးနိုင်တယ်"

သူက ပြောသည့်အတိုင်း လက်ဟန်ခြေဟန်ပြကာ ဓားကို သူတို့ပတ်ပတ်လည်တွင် ပျံသန်းနေသော ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ဓားအဖြစ်သို့ ပြန်ပြောင်းသွားစေလိုက်သည်။

"တစ်ပြိုင်နက်တည်း အများကြီးကို လုပ်နိုင်ရင်၊း မင်းရဲ့စိတ်ကို အပိုင်းတွေ အများကြီး ပိုင်းခြားနိုင်မှာ... ငါ့ရဲ့ကန့်သတ်ချက်က ၉၇ ပိုင်းပဲ"

ချန်ရှီရဲ့စိတ်က အနည်းငယ် လှုပ်ရှားသွားတဲ့အခါ သစ်သားလှည်း ပတ်ပတ်လည်ရှိ ကျောက်တုံးများသည် သူ၏ မှော်စွမ်းအင်အောက်၌ ဖားကလေးတွေ အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွား​လေသည်။ သူတို့သည် သစ်သားလှည်းဘေး၌ ခုန်ဆွခုန်ဆွ လုပ်နေကြ၏။

“အခု ငါ့ဝိညာဉ်တွေ သန်မာလာပြီ... ငါ့ကိုယ်ငါတော့ ဘယ်လောက် အာရုံပြောင်းနိုင်မလဲ မသိ​သေးဘူး”

လီထျန်းချင် လှည့်ကြည့်လိုက်တော့ သစ်သားလှည်းရဲ့ နေရာအနှံ့မှာ အနည်းဆုံး ရာနဲ့ချီတဲ့ ဖားတွေကို တွေ့နေရတာကြောင့် အံ့သြသွားလေသည်။

နှစ်ယောက်သား အချင်းချင်း ဗဟုသုတတွေ ဖလှယ်ခဲ့ကြသည်။ လီထျန်းချင်သည် ချန်ရှီတစ်ယောက် ဤလှုပ်ရှားမှုကို သင်ယူပြီးလို့ ၎င်းကို ပြီးပြည့်စုံအောင် ကျွမ်းကျင်ပြီး အလွန်အစွမ်းထက်ကြောင်း တွေ့လာရသဖြင့် သူ့ကို အရမ်းသဘောကျသွားသည်။

"ထျန်းချင် မင်း ဝိညာဥ်ပြန်ကြာပန်းကို သိလား"

"သိတယ်လေ!... စိတ်ဝိညာဉ်နဲ့ဆိုင်တဲ့ သန့်ရှင်းတဲ့ ဆေးတစ်မျိုးအတွက် ရှားပါးတဲ့ ဝိညာဉ်ဆေးပင်... ဝိညာဉ်ဒဏ်ရာတွေကို ကုသရာမှာ သုံးနိုင်သလို စိတ်ဝိညာဉ်ကို သန်မာလာအောင်လည်း မြှင့်တင်ပေးနိုင်တယ်... ကမ္ဘာပေါ်က ကျင့်စဥ်တွေက စိတ်ဝိညာဉ်ကို သန့်စင်ပေးလို့ မရဘူး။ ဒါကြောင့် သန့်စင်ပေးနိုင်တဲ့ ကျင့်စဥ်တွေ ရှိရင်တော့ ထင်ရှားတဲ့ လျှို့ဝှက်ချက်တချို့ပဲ... ဝိညာဥ်ပြန်ကြာပန်းက အရမ်း အဖိုးတန်တယ် ရှေးဦးနတ်ဝိညာဥ်ကို ပြုစုပျိုးထောင်တဲ့ နေရာမှာတောင် သုံးနိုင်ကေမယ့် ဒီဆေးဖက်ဝင်ပစ္စည်းမျိုးက ရှားပါးတယ် ဈေးနှုန်းလည်း ကြီးတယ်.."

ချန်ရှီက ဝိညာဉ်​ပြန်ကြာပန်း အနည်းငယ်ကို ထုတ်ပြီး ပြုံးပြလိုက်သည်။

"ငါတို့ ညီအကိုတွေပဲ ဆိုတော့ ဒီဝိညာဉ်ပြန်ကြာပန်း ငါးပွင့်ကို မင်းကို ငွေတထောင်နဲ့ ငါရောင်းလိုက်မယ်"

လီထျန်းချင် တုန်လှုပ်သွားပြီး :"ဒါကို ဘယ်လိုလုပ်... ဒီရတနာမျိုးက အပင်တစ်ပင်ကို အနည်းဆုံး လေးငါးရာလောက် ကုန်ကျတယ် ငွေတစ်ထောင်က ဘယ်လို လုံလောက်နိုင်မှာလဲ... မင်း အပြင်ကို ရောင်းရင်တောင် တစ်ထောင်နဲ့ မတန်ဘူး!"

ချန်ရှီက သူ့ရင်ခွင်ထဲကို ထိုးထည့်ပေးလိုက်ကာ။

"မင်းကိုယ်တိုင် စားလိုက်လို့ရတယ်လေ.. ဆေးနဲ့ရောပြီးရောင်းတာဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ယူသွား... ငါ့ဆီမှာ ကျန်သေးတယ် စားရလွန်းလို့ အန်ထွက်တော့မယ်.. မင်းငါ့ကို ငွေတစ်ထောင် အကြွေးတင်သွားပြီနော်... ငါ့အဝတ်အစားတွေက လွန်ခဲ့တဲ့ ရက်အနည်းငယ်က..."

လီထျန်းချင်က ကြာဖြူကို အမြန်သိမ်းလိုက်ပြီး ပြောလေသည်။

"မင်းကို လျှော်ပေးမယ်..."

သူ ဝမ်းသာအားရ ပြုံးလိုက်ပြီး "ဒီလို ရတနာကို ဘယ်လိုလုပ် တိုက်ရိုက်စားပစ်ရမှာလဲ... အဲဒါကို ဆေးဖြစ်အောင်လုပ်ရမှာပေါ့... အဲဒီကရတဲ့ ဝိညာဉ်ရှင်ပြန်ဆေးက အသက်တွေကို ကယ်တင်နိုင်တယ်... ကြာပန်းတစ်ပွင့်က ဝိညာဉ်ရှင်ပြန်ဆေးကိုးလုံးကို ထုတ်လုပ်နိုင်တယ်... တစ်လုံးကို ငွေငါးရာနဲ့ ရောင်းလို့ရတယ်ကွ!"

ချန်ရှီ နှလုံးခုန်သံ မြန်လာသည်။

"မင်း ဆေးလုံးလုပ်နည်း သိလား"

လီထျန်းချင်က မာနမကင်းစွာ ဖြေ၏။

"ငါနည်းနည်း သိတယ်လေ... ရိုးရိုးသားသား ပြောရရင် ချွမ်ကျိုးမှာနေတုန်း အဝတ်လျှော်ပြီး မုန့်ဖိုးရှာတာအပြင် တခြားသူတွေအတွက် ဆေးလုံးတွေလုပ်ပြီး ပိုက်ဆံရှာတယ်.... ငါက ချွမ်ကျိုးမှာ နာမည်ကြီး အဂ္ဂိရတ်ဆရာတစ်ယောက်နော်... မီးဖိုတစ်အိုးကို ငွေဆယ်ချောင်းနဲ ငါလူတွေကို ဆေးလုံး သန့်စင်ပေးဖူးတယ်..."

ချန်ရှီရဲ့ မျက်လုံးအရောင်များ တောက်ပလာသည်။

"ထျန်းချင် မင်းငါ့ကို ဆေးလုံး သန့်စင်တဲ့နေရာမှာ ကူညီပေးရင် မင်းငါ့ကို ပေးစရာငွေ တစ်ထောင်ကို ပြန်ပေးစရာ မလိုဘူး "

"တကယ်လား?"

လီထျန်းချင် အရမ်းပျော်သွားသည်။ သူ့လစာက ငါးဆယ်ပိုပိုသာ ရှိသည်။ သူသည် ဆေးလုံးများကို သန့်စင်ရင်း ငွေရှာနိုင်သော်လည်း ချွမ်ကျိုးက ကျင့်ကြံသူတွေ အားလုံးသည် အဂ္ဂိရတ်ပညာအတွက် သူ့ထံကိုပဲ လာလိမ့်မည် မဟုတ်ပေ။ တစ်လကို တစ်အိုး နှစ်အိုး အမှာရရင်ကို အတော်လေး ကောင်းနေပြီ။ သူ တခြားနေရာများသို့သွားသည်နှင့် ၎င်းတို့သည် အခြားအဂ္ဂိရတ်ဆရာများရဲ့ နယ်မြေ ဖြစ်သွားနိုင်သည်။

အဂ္ဂိရတ်ဆေး မီးဖိုတစ်ရာ နှင့် ငွေတစ်ထောင်ကတော့ သေချာပေါက် မကြုံစဖူး ကြီးမားသော လုပ်ငန်းတစ်ခုဖြစ်သည်။ ချန်ရှီရဲ့ ပိုက်ဆံအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိတုန်းပဲမလို့ ထပ်မေးလိုက်၏။

"တစ်ဆယ်လေး... မင်း ဘယ်လိုဆေးမျိုးကို သန့်စင်​စေချင်တာလဲ မင်းအတွက် မရှုံးဘူးလား?"

"အရှုံး မရှိပါဘူး"

ချန်ရှီသည် သေတ္တာကို ထုတ်၍ ဖွင့်​ပြကာ ဝိညာဥ်ပြနကြာပန်း အနည်းဆုံး အပင်သုံးရာမှ ငါးရာအထိ ပြည့်နေကြောင်း ဖော်ပြလိုက်ပေ၏။ သူက ပြုံးပြီးပြောလိုက်သည်။

"မင်းပြောခဲ့တဲ့ ဝိညာဥ်ရှင်ပြန်ဆေးကို ငါရရင် တစ်အိုးမှာ ငွေလေးထောင်ငါးရာ​လောက် ​ပြန်ရနိုင်တယ်လေ... ထျန်းချင် ကြိုးကြိုးစားစား လုပ်နော်... အိုး ငါ့အဝတ်တွေကိုလည်း ကူလျှော်ပေးပါဦး.."

"တစ်ဆယ်လေး... မင်း ဒီအတောအတွင်း ငရဲဘုရင်ရဲ့ ဘဏ္ဍာတိုက်ကိုများ သွားလုနေတာလား"

လီထျန်းချင်ခမျာ သူ့ကိုယ်သူ အိမ်ပိုင်ရှင်၏ နှစ်ရှည် လယ်လုပ်သူ ဖြစ်လာသလို ရုတ်တရက် ခံစားလိုက်ရသည်။ ချန်ရှီ ပေး​နေသော အကြည့်သည် ညီအစ်ကိုကောင်းတစ်ယောက်ရဲ့ အသွင်အပြင်မဟုတ်ဘဲ သူ့ကို အမြတ်ထုတ်နေသည့် အိမ်ရှင်တစ်ဦး၏ ပုံစံဖြစ်​နေသည်။

"ဒါပေမဲ့ ငါ့မှာ ဝိညာဥ်ရှင်ပြန်ဆေး ငါးအိုးစာ ရှိတယ်!"

"မီးဖိုတစ်ဖိုမှာ ငွေ ၄၅၀၀ ဆိုရင်... ခဏနေဦး ငါဆေးကို သန့်စင်ရင် တစ်ရာဖိုးကို နုတ်ပစ်ရမယ်"

တွေးရင်း သူထပ်ပျော်လာပြန်သည်။ ရုတ်တရက် သူ့စိတ်ထဲမှာလည်း တင်းကြပ်လာသည်။

အဂ္ဂိရတ်ဆေး တစ်အိုးတည်းအတွက် မီးဖိုတစ်ခု၏ ကုန်ကျစရိတ်မှာ ငွေ တစ်ထောင်ကျော်ဖြစ်သည်။ မီးဖိုတစ်ခု ပျက်စီးသွားရင် ကုန်ကျစရိတ်က သူ့ခမျာ ဒေဝါလီခံဖို့ လုံလောက်နေပြီ ဖြစ်ပြီး ချန်ရှီအတွက် တစ်သက်လုံး အလုပ်လုပ်​မေရလိမ့်မည့။

ရုတ်​တရက်​ ဖိအား​တွေ ခံစား​နေရသည်​။ ငယ်ရွယ်သော အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် ဤမျှကြီးမားသော ဖိအားကို သူ ခံနိုင်ရည်ရှိပါ့မလား။

"ဒီလောက် ကြီးကြီးမားမားတော့ မဖြစ်လောက်ပါဘူး"

သူက ဒီအကြောင်းကို ဆက်စဉ်းစားကြည့်နေသည်။

"ငါက အငယ်တန်း အဂ္ဂိရတ်ဆရာတစ်ယောက်ဖြစ်ပေမယ့် ချွမ်ကျိုးမှာ ငါ့ထက်သာတဲ့ အဂ္ဂိရတ်ဆေးဆရာလည်း များများစားစား မရှိပါဘူး"

နှစ်ယောက်သား ကုံကျိုးမြို့သို့ ပြန်သွားကြသော်လည်း စန့်ရန် လူများစွာက မြို့မှ ထွက်ခွာသွားတေကြတာ တွေ့လိုက်ရသည်။ အလွန်ကြောက်စရာကောင်းသော အရှေ့ဘက်ကမ်းရိုးတန်းမှ ရင်သပ်ရှုမောဖွယ် မှော်စွမ်းအားလှိုင်းလုံးများ ထွက်ပေါ်လာ၏။

မြို့တော်ရှိလူများသည် ထိတ်လန့်တကြား ဖြစ်သွားခဲ့ကြပြီး လူတွေ အများကြီးဟာ ၎င်းတို့အိတ်များကို ထုပ်ပိုးကာ ကုံကျိုးက ထွက်ခွာရန် ပြင်ဆင်နေကြသည်။ ချန်ရှီ တောင်နီခန်းမရဲ့ ပင်မခန်းမသို့ သွားကြည့်လိုက်တော့ ကြိုးကြာကလေးငယ်နဲ့ တောင်နီမယ်မယ်တို့ရဲ့ ခန္ဓာကိုယ်အစစ်တွေ မရှိကြတာ တွေ့လိုက်ရ​လေသည်။

မီးဖိုချောင်ရှိ ထမင်းချက်သူနှင့် တံခါးနားရှိ ကျောက်ခြင်္သေ့များကိုလည်း မည်သည့်နေရာမှ မတွေ့ရတော့ပေ။ ချန်ရှီ ကမန်းကတန်း မေးလိုက်တော့။

"ပင်လယ်ထဲက နတ်ဆိုးတွေ ကမ်းဘက် ကပ်လာတယ်တဲ့.... နတ်ဆိုးတွေ မပြောင်းလဲခင် နယ်စပ်မှာ သူတို့ကို ခုခံဖို့ တပ်ဖွဲ့တွေ ရှိခဲ့ပေမယ့် အခု နတ်ဆိုးအသွင်ပြောင်းပြီးတော့ တပ်ဖွဲ့ အများစုက သေဆုံးသွားပြီလေ... နတ်ဆိုးတွေက ခဏတာ စမ်းသပ်သလို ဆင်းသက်လာကြတာ... တောင်နီခန်းမရဲ့ ခန်းမသခင်ယွိက အဆောင်ဆွဲဆရာ အများကြီးကို ခေါ်ပြီး သူတို့ကို တွန်းလှန်ဖို့ ထွက်သွားတယ်.... တူးမြောင်းအဖွဲ့အစည်း၊ ဆားကြီးအဖွဲ့အစည်းက လူတွေလည်း အဖွဲ့ဝင်တွေကို ကမ်းရိုးတန်းဘက် ခေါ်သွားကြပြီ! အဲဒီမှာ လူတွေအများကြီး သေသွားပြီလို့ ကြားတယ်...”

ချန်ရှီ ထိုစကားကို ကြားလိုက်ရတဲ့အခါ အံ့သြထိတ်လန့်သွားကာ တောင်တန်းအရှင် ပြန်လည်ရှင်သန်လာစဥ်က သူ့ခန္ဓာကိုယ် သိမ်းပိုက်ကာ ရှင်းရှန်ပြည်နယ်မြို့တော် နယ်ခြားစောင့်စခန်းသို့ ရောက်သွားဖူးတဲ့ မြင်ကွင်းကို ပြန်သတိရသွားသည်။

ကြီးမားပြီး ဖြတ်မကျော်နိုင်သော မြို့တော်တံတိုင်းတစ်ခုရှိပြီး နံရံအပြင်က ပင်လယ်ပေါ်တွင်တော့ လင်းလက်တောက်ပနေသည်။ ထိုနေရာက ပင်လယ်သတ္တဝါများကို မောင်းထုတ်သည့် ဧရာမကြေးမှန်တစ်ချပ် ရှိသည်။

ပြည်နယ်မြို့တော် ရှင်းရှန်သည် ကမ်းရိုးတန်းနှင့် နီးကပ်သည်။ ကုံကျိုးကတော့ ကမ်းရိုးတန်းနှင့် မိုင်တစ်ရာကျော် ဝေးကွာပြီး ဟန်ကုံးတောင်ရဲ့ အကိုင်းအခက်များဖြင့် ပိုင်းခြားထားသည်။ ဤသဘာဝ အတားအဆီးသည် ဘီလူးများကို အချိန်အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်သည်။

သို့သော် ကုံကျိုးမြို့သည် ၎င်း၏ အုပ်ချုပ်ရေးမှူး၊ ဘုရင်ခံနှင့် အခြားအရေးကြီး အရာရှိများကို ဆုံးရှုံးခဲ့ပြီး နယ်ခြားစောင့်တပ်များ ပြင်းထန်စွာ အသေအပျောက် များခဲ့တဲ့ သဲသောင်ပြင်ဖြစ်လာခဲ့သည်။ သူတို့သည် ပင်လယ်မှ ဘီလူးများ၏ ကျူးကျော်မှုကို ရပ်တန့်နိုင်မည် မဟုတ်ချေ။

ချန်ရှီ ယွိထျန်းချန်နဲ့ တခြားသူတွေ ခုခံနေတဲ့နေရာကို မေးလိုက်သည်။

"ပင်လယ်ဘီလူးက ယန်းရှာတောင်ထွတ်ကို ဦးတည်နေတာလား... အဲဒါ ဘိုးဘေးမိခင်ဘုံကျောင်း ရှိတဲ့ နေရာ မဟုတ်ဘူးလား"

သူတို့နှစ်ဦး အနားယူရန် အချိန်မဆွဲဘဲ ယန်ရှီလင်သို့ ချက်ချင်း မောင်းထွက်သွားခဲ့သည်။

ယန်းရှာတောင်ထွတ်ဟာ တောင်နီမယ်မယ် မွေးဖွားရာ နေရာဖြစ်သည်။ အမှောင်ပင်လယ်နှင့် နီးသည်။ တောင်တွေ အက်ကွဲသွားပြီးနောက် တောင်နီမယ်မယ်ရဲ့ ခန္ဓာကိုယ်က လရောင်ကို စုပ်ယူပြီး တောင်ပေါ်ကနေ တွားသွား ထွက်လာခဲ့သည်။ သူမသည် သူမစွမ်းအားကို မထိန်းချုပ်နိုင်ဘဲ ပြင်းထန်သော လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး ဆယ်မိုင်ပတ်လည်အတွင်း လူနှင့်တိရစ္ဆာန်များ အားလုံးကို သေဆုံးစေခဲ့သည်။

နောက်ဆုံးအကြိမ်တုန်းက ချန်ရှီသည် ယန်းရှာတောင်ထွတ်က တောင်ကမ်းပါးယံတွင် ဘိုးဘေးမိခင်ဘုံကျောင်းကို ရှာတွေ့ခဲ့သည်။

ယန်းရှာမြို့သို့ ရောက်ရှိလာတဲ့အခါ ကမ်းရိုးတန်းတစ်လျှောက် တောင်တန်းများကြားတွင် အဆောင်ဆွဲ ဆရာများနှင့် ကျင့်ကြံသူ များစွာ ပြေးလွှားနေကြတာ တွေ့လိုက်ရသည်။ တောင်များနှင့် သစ်တောများသည် တုန်ခါနေပြီး လေထုကလည်း ပင်လယ်စာရဲ့ အနံ့အသက်တွေ ပြည့်နေသည်။

ကြီးမားသော သစ်ပင်ကြီးများက ခုတ်ထစ်ခံထားရကာ ချွန်ထက်သော မြှားများအဖြစ် အသုံးပြုကာ အဆောင်ဆွဲဆရာနဲ့ ကျင့်ကြံသူတွေကို ပစ်သတ်လိုက်သည်။ ထို့နောက် ရေဘဝဲနဲ့တူတဲ့ ဘီလူးတစ်ကောင် ဖြစ်သွား၏။

ထိုမှော်ဆရာများနှင့် ကျင့်ကြံသူများသည် သစ်ပင်များကို အပိုင်းပိုင်းခွဲရန် ၎င်းတို့၏ ဓားစွမ်းအင်ကို အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကျောက်တုံးကြီးများက ကောင်းကင်မှ ပြုတ်ကျကာ အားလုံးကို ထိမှန်သွားကြသည်။

နံ့သာသခင်လု ဘေးမှ ပြေးထွက်လာပြီး သူ၏ အခြေတည်ဝိညာဉ်ကို စွန့်ထုတ်လိုက်သည်။ အခြေတည်ဝိညာဥ်ရဲ့ စွမ်းအားနယ်ပယ်သည် ပေါင်ထောင်ပေါင်းများစွာ အလေးချိန်ရှိသည့် ကျောက်တုံးကြီးများကို လေထဲတွင် သယ်ဆောင်​ပေးသွားခဲ့သော်လည်း နောက်ပိုင်းတွင် ကြီးမားသော ကျောက်တုံး ဆယ်ခုကျော်က ပြိုကျလာခဲ့သည်။

နံ့သာသခင်လုဆီက ညည်းတွားသံ ထွက်လာသည်။ အခြေတည်ဝိညာဥ် တပ်ဖွဲ့သည် တောင်ကုန်းငယ်တစ်ခုအား ထိန်းထားနိုင်လုနီးပါး ဖြစ်နေသဖြင့် ခံနိုင်ရည်အား အနည်းငယ် သာလွန်သွားစေသည်။

သူ၏အခြေတည် ဝိညာဉ်သည် တဟုန်းဟုန်းမြည်ကာ လျှပ်တစ်ပြက် အလင်းလို ပြေးထွက်သွားပြီး ဘီလူးရဲ့ ဦးခေါင်းကို ဖြတ်ကာ ၎င်း၏နောက်ကျောမှ ထွက်သွားခဲ့သည်။ ထိုအခါ ဘီလူး၏ ခန္ဓာကိုယ်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြုတ်ကျသွား၏။

နံ့သာသခင်လုရဲ့ အခြေတည် ဝိညာဉ်စွမ်းအား နယ်ပယ်သည် ဒါဇင်များစွာသော ကျောက်ဆောင်ကြီးများရဲ့ တောင်ကုန်းကို မခံနိုင်သဖြင့် သူ့ခြေထောက်များ တုန်လှုပ်သွားသည်။ ကံကောင်းထောက်မစွာပင် ထိုအဆောင်ဆွဲ ဆရာနဲ့ ကျင့်ကြံသူများက ကွင်းပြင်မှ ပြေးထွက်လာကြသည်။ သူသည် ချက်ချင်းဆိုသလိုပင် လျှပ်တပြက်နှင့် ကျောက်တုံးကြီးများ နေရာအနှံ့ လှိမ့်ဆင်းသွားကာ တောင်ငယ်ကို ပြိုကျသွားစေခဲ့သည်။

"ပညာရှင်လေး... မင်းဘာလို့ဒီကို ရောက်နေတာလဲ"

ချန်ရှီနဲ့ လီထျန်းချင်တို့ အပြေးအလွှား ပြေးလာကြတာကို မြင်လိုက်ရပေမယ့် သူတို့ကို လှမ်းနှုတ်ဆက်ရန် မအားတော့ပေ။

"ပင်လယ်ထဲက ဘီလူးတွေ ကမ်းပေါ်ရောက်လာပြီ... ငါ မင်းတို့ကို ဂရုမစိုက်နိုင်တော့ဘူး မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ကြ!"

ချန်ရှီ အသံကျယ်ကျယ်နဲ့ လှမ်းမေးလိုက်သည်။

"ခန်းမသခင် ဘယ်မှာလဲ "

"ခန်းမသခင်က ရှေ့ဆုံးမှာ!"

နံ့သာသခင်လုသည် အခြားနတ်ဆိုးများကို တိုက်ခိုက်ရန် လေထဲ၌ ခုန်ပေါက်ကာ တောင်များနှင့် သစ်တောများဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ သူသည် ဘီလူးများစွာကို ဆက်တိုက်သတ်ပြီး တောင်ထိပ်ရှိ နယ်ခြားစောင့်တပ်ရဲ့ အစောင့်စခန်းဆီသို့ ပြေးသွားခဲ့သည်။

နယ်​ခြားစောင့်တပ်ကို ဘီလူးဆယ်ကောင်ကျော်က သိမ်းပိုက်ထားသည်။ နယ်ခြားစောင့်တပ်ခန်းအား စောင့်ကြပ်နေသည့် တပ်ဖွဲ့များသည် မူလကတည်းက လူအင်အားနည်းပါးပြီး ကျန်စစ်သားအနည်းငယ်မှာ ဘီလူးများ လက်ချက်ကြောင့် သေဆုံးခဲ့ရသည်။

နံ့သာသခင်လုသည် အစောင့်စခန်းထဲသို့ ပြေးဝင်ကာ တစ်ချိန်တည်းတွင် ဘီလူးဆယ်ကောင်ထက်မနည်း၏ တိုက်ခိုက်မှု ဖိအားကို ခံစားခဲ့ရသည်။

ရုတ်တရက် ငှက်တွေ အများကြီး အတောင်ပံခတ်ကာ အစောင့်စခန်းထဲသို့ ပြေးဝင်လာကြသည်။ သူတို့သည် သူ့အား ဖြတ်သွားပြီးနောက် ဓားတိုနှင့် ဓားများအဖြစ်သို့ ပြောင်းလဲသွားကာ ဘီလူးများ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ပစ်ခဲ့ရာ နံ့သာသခင်လုလည်း လန့်သွားသည်။

"ဘယ်ပညာရှင်က ငါ့ကို ကူညီနေတာလဲ"

သူ့မှာ စဉ်းစားဖို့ အချိန်မရှိလို့ အစောင့်စခန်းရဲ့ အပေါ်ဆုံးထပ်ကိုပဲ ပြေးသွားလိုက်သည်။ အပေါ်ဆုံးထပ်မှာ သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး တိုက်ပွဲတွေက အလွန်ရက်စက်ကြောင်း သိသာထင်ရှားပါ၏။ အပေါ်ဆုံးအထပ်ရှိ ကြေးဝါမှန်ကြီးကို ဘီလူးက ဖြိုဖျက်ပြီး ဘေးမှာ ပစ်ချထားသည်။

နံ့သာသခင်လုသည် အခြေတည်ဝိညာဥ်ကို မြှောက်လိုက်ပြီး ကြေးမှန်ကြီး မတ်တပ်​ပြန်ရပ်နိုင်အောင် အစွမ်းကုန် ကြိုးစား​နေခဲ့သည်။ ၎င်းကို ကြေးဘောင်ပေါ်တွင် ချိတ်ဆွဲပြီး ကြေးမုံနှင့် အောက်ခြေရှိ ကြေးမုံအစီအရင် ပုံစံများကို အသက်ဝင်စေသည်။

ဗုန်း!

မှန်ထဲမှ အလင်းတန်းတစ်ခု ပြေးထွက်လာသည်နှင့် တောင်များ၊ သစ်တောများကြား ပြေးလွှားနေသော ဧရာမ ဘီလူးများကို နောက်ပြန်ဆုတ်စေသည်။ သေးငယ်သော ဘီလူးများကတော့ အလင်းရောင်ကြောင့် တဝုန်းဝုန်း ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားကာ ငါးနံ့သင်းသင်းလေးများ လေထဲတွင် ပြည့်သွားသည်။

မရေမတွက်နိုင်သော ဘီလူးများသည် ပင်လယ်ထဲမှ တွားသွား ထွက်လာကြကာ ကျိုင်းကောင်တစ်အုပ်လို တောင်ပေါ်သို့ တွယ်တက်၍ အစောင့်စခန်း အနားသို့ ဝိုင်းအုံလာကြသည်။ နံ့သာသခင်လုသည် ကြေးမှန်ကို အရူးအမူးလှည့်လိုက်ပြီး မှန်ထဲက အလင်းရောင်က ဘီလူးကောင်တွေကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်လိုက်သည်။

သူ့ကို ကြည့်ရတာ ရူးသွပ်သွားသလိုပင်။

"လာစမ်း! မြန်မြန်လာကြစမ်း! အစောင့်စခန်းကို လာ ကာကွယ်ပေးဟ!"

တောင်နီခန်းမ၊ တူးမြောင်းအဖွဲ့အစည်းနဲ့ ဆားကြီးအဖွဲ့အစည်းက အဆောင်ဆွဲဆရာ၊ ကျင့်ကြံသူများလည်း အစောင့်တပ်များဆီသို့ ဦးတည်သွားသော လမ်းများကို စောင့်ကြပ်နေသည်။ အန္တရာယ်ရှိသော နေရာများကို သိမ်းပိုက်ကာ ဘီလူးများ ဝင်ရောက်လာလျှင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ကြသည်။

ရံဖန်ရံခါ အော်သံများကို ​​ကြားရပြီး ဘီလူးများဆီမှ ကိုက်စားခံနေသူများရဲ့ အသံပဲ ဖြစ်သည်။

"ဝူး!"

ငှက်များ ပျံဝဲလာသည်။ ၎င်းတို့က ဓားတိုများ၊ ဓားရှည်များနှင့် သံချောင်းများအဖြစ် ပြောင်းလဲသွားကာ တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်လာသော ဘီလူးများကို ဖောက်ထွင်းကာ ဘီလူးများ၏ ပထမလှိုင်းကို တွန်းလှန်ရန် လူတိုင်းကို ကူညီပေးခဲ့သည်။

ဤအကူအညီကြောင့် လူတိုင်း အပြင်းအထန် တိုက်ခိုက်လာနိုင်ခဲ့ကြပြီး ကျန်ဘီလူးများစွာက တဖြည်းဖြည်း ပင်လယ်ထဲသို့ ပြန်လည် ဆုတ်ခွာသွားကြသည်။

မှောင်မိုက်သော ပင်လယ်ပြင်ထဲတွင်တော့ မျက်လုံး​ကြီးအစုံသည် အမှောင်ထဲတွင် ထွန်းလင်းတောက်ပနေပြီး ပင်လယ်ကမ်းစပ်ရှိ တောင်ကုန်းပေါ်ရှိ အစောင့်စခန်းကို စိုက်ကြည့်သော်လည်း ဆက်လက် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

အားလုံးက သက်ပြင်းချရင်း သူတို့ကို ကူညီနိုင်မယ့်သူကို လှည့်ပတ် ကြည့်နေကြ၏။

"အံ့သြစရာကောင်းတဲ့ မှော်ဆရာကြီးပဲ... ဒီဘေးဆိုးကြီးကနေ လွတ်မြောက်အောင် ဘယ်သူကများ ကူညီပေးခဲ့တာလဲ"

တစ်ယောက်ပြီး တစ်ယောက် ဘေးကို လှည်ပတ်နေ မေး​နေကြသည်။

ချန်ရှီနဲ့ လီထျန်းချင်က တောင်တန်းများထဲသို့ နက်နက်နဲနဲ မောင်းနှင်သွားခဲ့သည်။ ရံဖန်ရံခါ ဘီလူးများသည် တောထဲမှ အပြေးအလွှား ထွက်ကာ ၎င်းတို့ကို တိုက်ခိုက်ကြသေး၏။

လီထျန်းချင် လှည်းပေါ်မှ ခုန်ဆင်းကာ ဘီလူးများကို တိုက်ခိုက်ရန် ချန်ရှီနှင့်အတူ ပူးပေါင်းခဲ့သည်။ သူတို့နှစ်ဦးသည် ဘီလူးများစွာကို ဆက်တိုက်သတ်ရင်း ပင်လယ်ကမ်းစပ်ဆီသို့ ဦးတည်သွား​နေကြသည်။

သစ်သားလှည်းက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ လျှာရှည်ကြီးကို ပျံဝဲရင်း အရပ်ရပ်သို့ တိုက်ခိုက်နေသည်။

သူတို့ မခုခံနိုင်တဲ့အခါတိုင်း မှန်ထဲက အလင်းတန်းတွေကဟာ ကောင်းကင်ကနေ လင်းလက်လာပြီး သူတို့အပေါ် ကျရောက်လာတဲ့အခါ ဘီလူးတွေကို ပေါက်ကွဲသွားစေ၏။ တကယ်တော့ နံ့သာသခင်လုက သူတို့ကို ပိုနက်ရှိုင်းအောင် သွားနိုင်ဖို့ ကူညီပေးရင်း တောင်ထိပ်ကနေ ကြေးမှန်ကို ထိန်းချုပ်ပေးနေလေသည်။

တခြားသူတွေက ချန်ရှီက ကူညီပေးတဲ့သူမှန်း မသိပေမယ့် ငှက်ကို ဓားအဖြစ်ပြောင်းပေးတဲ့ သခင်ဟာ နည်းပြချန်ပဲ ဖြစ်ရမယ်လို့ သူ့စိတ်ထဲ ခန့်မှန်းထားတာကြောင့် အားလုံးကို ကူညီပေးပြီး ကမ်းခြေကို ပို့ဆောင်ပေးခဲ့သည်။

သို့သော် ကမ်းရိုးတန်းနှင့် အခြားတောင်ကုန်းများတွင် မရေမတွက်နိုင်သော ပင်လယ်ဘီလူးများသည် ဆင်းသက်နေပြီ။ တောင်များ၊ လယ်ကွင်းများတွင် နေရာအနှံ့ရှိနေကြပြီး ထိုတောင်ကုန်းများပေါ်ရှိ အစောင့်များကို အရူးအမူး တိုက်ခိုက်နေကြသည်။

ကမ်းရိုးတန်း ကင်းစခန်း အများအပြားကို ၎င်းတို့က သိမ်းပိုက်ထားပြီး အချို့တောင်ထိပ်များသည် ပင်လယ်ဘီလူးများ၏ တိုက်ခိုက်မှုကြောင့် နောက်ကြောင်းပြန်လှိုင်းကို တွန်းလှန်ကာ ကြေးမုံအလင်းများဖြင့် အဆက်မပြတ် တောက်နေခဲ့သည်။ သို့သော် ပင်လယ်ဘီလူးများသည် တဟုန်းဟုန်း တောက်နေသော ဒီရေကဲ့သို့ ခုန်တက်လာ​ကြကာ ခဏအတွင်းမှာပင် ကင်းစခန်းတစ်ခု နစ်မြုပ်သွားခဲ့သည်။

ချန်ရှီနဲ့ လီထျန်းချင်တို့လည်း ကြောက်လန့်သွားကြသည်။

ဒီလောက်များတဲ့ ဘီလူး​တွေကို ဘယ်လိုလုပ် ခုခံနိုင်မလဲ။

ချန်ရှီ ချောက်ကမ်းပါးအစွန်းသို့ ရောက်လာသည်။ အောက်ကို ငုံ့ကြည့်သော်လည်း ချောက်နှစ်ဖက်စလုံးရှိ ကမ်းပါးများတွင် ဘီလူးများ​ဖြင့် ပြည့်နေပြီး ရူးသွပ်စွာ တွားသွားကာ ချောက်ကမ်းပါးပေါ်ရှိ ဘိုးဘေးမိခင် ဘုံကျောင်းဆီသို့ တည့်တည့်သွားနေတာ တွေ့လိုက်ရသည်။

၎င်းတို့ထဲက ဘီလူးများကြားတွင် ထင်ရှားပေါ်လွင်နေသော အံ့သြဖွယ် ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ဘီလူးများက မိုးခြိမ်းသံတွေလို ဟိန်းဟောက်ခြင်းရင်း ယွိထျန်းချန်နဲ့ တခြားသူများ၏ ဝိညာဉ်များနှင့် တန်းတူ တိုက်ခိုက်နေသူများလည်း ရှိသည်။

ချန်ရှီ အံ့သြသွားသည်။

"ဒီဘီလူးတွေရဲ့ ပစ်မှတ်က ဘိုးဘေးမိခင်ဘုံကျောင်းပဲ!"

All Chapters