နတ်ဆိုးနှင့် အမတနတ်ဆိုး
Vol. 13 Ch. 190
ချန်ရှီ ဒီလိုပြောပြီးတာနဲ့ သစ်သားတွန်းလှည်းမှာ ထိုင်ပြီး ပေါင်းထားတဲ့ ပေါင်မုန့်ကို စားနေတဲ့ ဟေးဟော် ချက်ချင်း လန့်သွားသည်။ သူက မုန့်ပေါင်းကို ပါးစပ်ထဲသို့ အလျင်အမြန်ထည့်ကာ ရင့်ရူးမုန့်ကို စိုက်ကြည့်နေ၏။
အေးစက်သော လေသည် ၎င်းပတ်ပတ်လည်၌ တိတ်တဆိတ် မှုတ်ထုတ်လိုက်ပြီး ချန်ရှီကို အချိန်မရွေး သယ်ဆောင်သွားဖို့ အသင့်ဖြစ်နေသည်။
သစ်သားလှည်းကတော့ သူ့ပါးစပ်ထဲသို့ အစားအစာများကို မိုက်မဲစွာ ထည့်နေခဲ့ပြီး ဆိုးရွားသော အခြေအနေကို လုံးဝ သတိမထားမိသေးချေ။
ထိုစဥ် ရင့်ရူးမုန့်က တခစ်ခစ် ရယ်လေသည်။
"မော်? ဘယ်ကလာတဲ့ မော်လဲ.. ပူပူနွေးနွေးနဲ့ နူးညံ့တဲ့ ပေါင်းမုန့်တွေပဲ ရှိတာ မင်းစားချင်တာလား?"
ချန်ရှီသည် သူမကို စစ်မှန်ကြောင်း သိလိုဟန်ဖြင့် သူမမျက်လုံးများကို စိုက်ကြည့်သော်လည်း သူမမျက်လုံးများထဲမှ ဘာကိုမှ မမြင်နိုင်ပေ။ ဒါကြောင့် သူက ပြုံးပြီးပြောလိုက်သည်။
"ကုံကျိုးမှာရှိတဲ့ ရွှေဘုရားရုပ်တုကို အပေါက်ဖောက်ပြီး အန္တရာယ်ပေးနေတဲ့ ကုံကျိုး နတ်ဆိုးက လွတ်မြောက်သွားပြီ... ဆရာတော်ဝါးခါးနဲ့ အကြီးတန်းအစ်ကို ဝူချန်ကပဲ ကုံကျိုးကို ဝင်လာတာ.... ဦးလေးရင့်ကိုတော့ မတွေ့ခဲ့ရလို့ ခင်ဗျားက နတ်ဆိုးပဲလို့ ထင်နေလို့ ခင်ဗျားကို တမင်တကာ လှည့်စားပြီး ပြောလိုက်တာပါ..."
ရင့်ရူးမုန့်ကလည်း ချန်ရှီရဲ့ နှလုံးသားကို မြင်လိုသည့်အတိုင်း သူ့မျက်လုံးများကို စိုက်ကြည့်နေသော်လည်း သူမ မြင်လိုက်ရသည်မှာ သူ့ကိုယ်သူ့ထက် ပိုအစွမ်းထက်သော နတ်ဆိုးများသာ ဖြစ်သည်။
ခဏကြာတော့ သူမက ရယ်မောပြီး :"ဒါတော့ မထူးဆန်းပါဘူး ငါက သီလရှင်တစ်ပါးဖြစ်ပြီး စိတ်ပူစရာတွေ ကင်းစင်ပါတယ်... ဘယ်လိုလုပ် စိတ်ဆိုးမှာလဲ... ငါ ကုံကျိုးကိုသွားရတဲ့ အကြောင်းရင်းက အစ်ကိုတော်ဝါးခါး ကွယ်လွန်တာကို ကြားသိရတဲ့အတွက်ကြောင့် နောက်ဆက်တွဲကို ဖြေရှင်းဖို့ အပြေးအလွှား သွားခဲ့တာ..."
နားရွက်နောက်က ဆံပင်တွေကို တွန်းသိမ်းဖို့ သူမလက်တွေကို မြှောက်လိုက်တဲ့အခါ သူမရဲ့ အင်္ကျီလက်တွေက အောက်ကို လျှောကျသွားပြီး ပန်းနုရောင်နဲ့ အဖြူရောင် လက်မောင်းတွေက ဝိုင်းစက်ချောမွတ်နေတာကို ပေါ်လွင်လာစေလေသည်။
ချန်ရှီ ဤမြင်ကွင်းကို လျစ်လျူရှုကာ စားသောက်ဆိုင် အဝင်ဝကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"အရာအားလုံးက အချည်းနှီးဖြစ်နေပြီ သေခြင်းတရားဟာ သေခြင်းတရားပဲ... ကျွန်တော်တို့က ဘာကြောင့် ဘဝနောက်ကို လိုက်နေရမှာလဲ"
ရင့်ရူးမုန့် ရင်ဘတ်သည် အနည်းငယ် ဖောင်းလာပြီး သူမအဝတ်အစားများက ပိုပါးသွားပုံရသည်။ သူမက ပြုံးပြီးပြောလေ၏။
"ငါတို့က နံစော်နေတဲ့ အရေခွံအိတ်တစ်ခုပါပဲ... ငါတို့က သေနိုင်တဲ့ကမ္ဘာထဲမှာ ရှိနေသရွေ့တော့ ဒါကို ရင်ဆိုင်ရမှာပဲ"
ချန်ရှီက လူတွေ လာလည်တဲ့ စားသောက်ဆိုင်ကို ကြည့်ပြီး ပြန်မေးလိုက်သည်။
"ဗုဒ္ဓဘာသာ အဆုံးအမတွေ များများဖတ်ရင် နတ်ဆိုးက ဗုဒ္ဓဖြစ်လာမှာလား"
ရင့်ရူးမုန့်ကို ကြည့်ပြီး ချန်ရှီ ရယ်လိုက်သည်။
"ကျွန်တော် ခင်ဗျားကို ရည်ရွယ်ချက်ရှိရှိ စမ်းသပ်နေတာပါ... ခင်ဗျား ဘယ်လောက်ကြောက်နေလဲ ကြည့်စမ်းပါဦး!"
ရင့်ရူးမုန့်က တခစ်ခစ်ရယ်ပြီး "မင်းဘာတွေ့လဲ"
ချန်ရှီ ခေါင်းယမ်းပြီး :"ဘာမှ ရှာမတွေ့ဘူး"
ထိုစဥ် ဟေးကော် သူ့ခေါင်းထက်မှာ ပေါက်နေတဲ့ အသံကို ကြားလိုက်ရ၏။ သူ့လက်ကို မြှောက်လိုက်ပြီး ခေါင်းကို ထိလိုက်တော့ မထင်မှတ်ပဲ မှိုတစ်ကောင် ထွက်လာတာကြောင့် လက်ဖျားနဲ့ ခါထုတ်လိုက်ရသည်။
သစ်သားတွန်းလှည်းသည် အဆက်မပြတ် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ချက်ချင်းတွင် လှည်းတစ်ခုလုံး မှိုငယ်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဟေးကော် ကြောက်လန့်လာပြီး သူ့သခင်ငယ်လေး ထပ်မကြိုးစားဖို့ ဆုတောင်းနေမိသည်။
ချန်ရှီ: "တပေါက်ဖာ ဘုံကျောင်းမှာ အမျိုးသမီး ရဟန်းတွေလည်း ရှိလား"
ရင့်ရူးမုန့်လည်း ချန်ရှီဟာ အလှတရားဖြင့် မလှုပ်မယှက် ဖြစ်နေကြောင်း မြင်တာကြောင့် အတွေးတစ်ခု ဝင်လာခဲ့သည်။
'သူ့ရဲ့စရိုက်က ကောင်းကောင်းကြီး ပျိုးထောင်ထားတာပဲ.. ခဏနေဦး သူက လိင်အကြောင်း မသိသေးလို့ ဖြစ်နိုင်လား ဒါဆို ငါ့ရဲ့ လုပ်ရပ်က မျက်မမြင်ကို ပြနေတာပဲ မဟုတ်ဘူးလား'
သူမက ပြုံးပြီးပြော၏။
"ဒြပ်စင်လေးခုက ဘာမှမရှိဘူးဆိုတော့ ယောက်ျားနဲ့ မိန်းမကို ဘာလို့ ခွဲခြားနေမှာလဲ"
ချန်ရှီ: "ကျွန်တော်တို့က နံစော်နေတဲ့ အရေခွံအစုအဝေးသာသာပဲ ဆိုရင်တောင် ဒီလောကမှာ ရှိနေရတုန်းပဲ...အဲဒါကြောင့် သဘာဝအရတော့ ယောက်ျားနဲ့ မိန်းမကြား ကွဲပြားမှုတွေ ရှိနေသေးတယ်"
ရင့်ရူးမုန့် ချန်ရှီမျက်လုံးတွေကို စိုက်ကြည့်နေမိသည်။ သူမ အစောကတင် ချန်ရှီကို ထိုစကားများဖြင့် တုံ့ပြန်ခဲ့ဖူးသည်။ ချန်ရှီက သူမကို တူညီတဲ့ စကားလုံးတွေနဲ့ တုံ့ပြန်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့။
ချန်ရှီလည်း သူမကို စိုက်ကြည့်လိုက်သည်။ ဟေးကော်မှာတော့ မှိုတွေကို လှည့်ထဲက ဆွဲထုတ်ဖို့ လုပ်ရင်း ကြောက်စိတ်နဲ့ ကြည့်နေ၏။ ထိုစဥ် ချန်ရှီက ရုတ်တရက် ရယ်မောလိုက်ပြီး။
"ဦးလေးရင့်...ကျွန်တော် ခင်ဗျားကို စမ်းသပ်နေတာပဲ စိတ်မဆိုးပါနဲ့"
ရင့်ရူးမူန့်ရဲ့ လေးနက်မှုက အခုမှ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပေသည်။
"ငါ မင်းကို ကြောက်နေပါပြီ!"
ဟေးကော်သည် အံကြိတ်ကာ ခေါင်းမှ မှိုကို ဆွဲထုတ်ရင်း ပါးစပ်ထဲသို့ အပြင်းအထန် ထိုးထည့်ကာ ထိုနှစ်ယောက်သား ကိုရက်စက်စွာ ကြည့်နေလေသည်။
သစ်သားတွန်းလှည်းသည်လည်း လက်နှစ်ဖက်က တိတ်တဆိတ် ကြီးထွားလာကာ ၎င်း၏ခန္ဓာကိုယ်မှ မှိုများကို ခူးဆွတ်ကာ မြည်းစမ်းကြည့်ရာ အရသာက မဆိုးလှကြောင်း တွေ့သွားသောကြောင့် များများခူးပြီး များများ စားနေတော့သည်။
ထိုအချိန်တွင် ဘုန်းကြီးဝူချန်က စားသောက်ဆိုင်ထဲမှ လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။
"ဦးလေး အရှင်ဘုရား... အလှူရှင်ချန်... ကိုရင် နောက်ထပ် ထမင်းတစ်နပ် ထပ်အလှူခံခဲ့ပါတယ်... အတူတူ စားရအောင် အတူတူ စားရအောင်!"
ချန်ရှီသည် လှည်းပေါ်က စားပွဲဝိုင်းလေးကို ထုတ်ယူကာ လမ်းထောင့်ရှိ သစ်ပင်ရိပ်အောက်တွင် ထားကာ ထိုင်ခုံအသေးလေးများကိုလည်း ထုတ်ယူလိုက်သည်။
"ဟေးကော်... မင်းလည်း ဆင်းလာစား"
ဟေးကော်က သူ့ခေါင်းကို ပလုတ်တုတ်ကဲ့သို့ လှုပ်ခါပြီး နားရွက်ဖြင့် ခွေးမျက်နှာကို ပိတ်ထားလေရာ ချန်ရှီ အတင်း မတိုက်တွန်းတတ်တော့ချေ။ သူတို့ သုံးယောက် ထိုင်ပြီး ဝူချန် အလှူခံထားတဲ့ အစားအစာကို စားလိုက်သည်။ အားလုံးက သက်သတ်လွတ်ဟင်းတွေ ဖြစ်ပေမယ့် အရသာရှိလှ၏။
ချန်ရှီ: "ဘုန်းကြီး... မင်း ဘာလို့ ရှင်းရှန်မှာပဲနေပြီး တပေါက်ဖာ ဘုရားကျောင်းကို မပြန်သေးတာလဲ"
ဘုန်းကြီးဝူချန်: "ငါ့ဦးလေးက ငါ့မှာ လောကီ နှလုံးသား ရှိတယ်.. လောကီ လောကမှာ ပိုပြီး လေ့ကျင့်ဖို့လိုတယ် ဆိုတော့ ဒီမှာနေနေတာလေ... တရားဓမ္မနဲ့ မဟာဝီရ ရွှေအလင်း မန္တန်တွေ ဒီထက်မက တိုးသွားဖို့ လိုတယ်"
ချန်ရှီ ရင့်ရူးမုန့်ကို တအံ့တသြကြည့်ကာ ဆိုလိုက်သည်။
"ဦးလေးရင့်ကလည်း ဗုဒ္ဓဘာသာနဲ့ မင်ဧကရာဇ်ရွှေကိုယ်ထည် အလင်းမန္တန်ကို နားလည်တယ်ပေါ့?"
ရင့်ရူးမုန့်က ပြုံးပြီးပြော၏။
"ဆရာတူအစ်ကို ဝါးခါး ကွယ်လွန်ပြီးပြီ ဆိုတော့ မဟာယာနနယ်ပယ် ရွှေအလင်းမန္တန်မှာ ငါ့ရဲ့ အောင်မြင်မှုက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်လာတော့မှာ"
ချန်ရှီက မျက်ခုံးပင့်လိုက်ပြီး :"ကုံကျိုးမှာရှိတဲ့ နတ်ဆိုးက ဆရာကြီးဝါးခါးရဲ့ ရွှေကိုယ်ထည်ကို စုပ်ဖို့ ရောဂါပိုးမွှားတွေကို သုံးခဲ့တယ်လို့ ကျွန်တော် ကြားမိတယ်... အဲ့ရွှေရောင်ကိုယ်ထည်က ဦးလေးရင့်ထက် မနိမ့်လောက်ဘူး ဟုတ်တယ်မလား"
“ဖူး!”
ဘုန်းကြီးဝူချန်ခမျာ နှာခေါင်းမှ ဆန်စေ့များကို ဖူးကနဲ မှုတ်ထုတ်ရင်း ကျယ်လောင်စွာ ချောင်းဆိုးကာ သူ့မျက်နှာကြီးပါ နီရဲလာတော့သည်။ ရင့်ရူးမုန့်က ချန်ရှီ၏ အကြည့်များကို အပြုံးတစ်ခုဖြင့် ဆုံတွေ့လိုက်သည်။
ချန်ရှီကတော့ ထမင်းစားရင်း ရယ်နေ၏။
"အခုမှ နောက်ပြောင်နေတာပါ... ဆရာတော့ ကျေးဇူးပြုပြီး သုံးဆောင်ပါ"
ရင့်ရူးမုန့်ကလည်း အံကြိတ်ပြီး ရယ်မောပြလိုက်သည်။
"ရယ်တာများတဲ့ လူတွေက လွယ်လွယ်နဲ့ သေကြလိမ့်မယ်တဲ့... ပြီးခဲ့တဲ့ တစ်ခေါက်က ဟင်းစားရင်းနဲ့ တစ်ယောက်ယောက် သေသွားသေးတယ်... သူဘယ်လိုသေသွားလဲ ခန့်မှန်းကြည့်ပါဦး"
ချန်ရှီက သူမထံ ချဉ်းကပ်လာပြီး စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော သူ့မျက်လုံးများက ရင့်ရူးမုန့်ကို စိုက်ကြည့်နေသည်။
"ဘယ်လိုသေသွားတာလဲ?"
ရင့်ရူးမုန့်: "ထူးထူးဆန်းဆန်း ပုံစံနဲ့လေ... ဒီစကားက ရယ်စရာကြီးလို့ မထင်ဘူးလား? ဟားဟား!"
ချန်ရှီလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးများထဲမှ မျက်ရည်များတောင် ထွက်ကျလာသေးသည်။
ဘုန်းကြီးဝူချန်က စကားလမ်းကြောင်းကို မြန်မြန်ပြောင်းဖို့ ကြိုးစားလေသည်။
"မင်း စာမေးပွဲအောင်လို့ ရှင်းရှန်မှာ နေနေတယ်ဆို... နယ်ချဲ့စာမေးပွဲ အောင်ပြီးရင် ခရီးသွားရတာ ပိုအဆင်ပြေစေတယ်တဲ့...ဒကာလေးချန်က စာရင်းမှာ ထိပ်ဆုံးကပဲ... ကိုရင် မင်းနာမည်ကို တွေ့လိုက်ပါတယ်... မိသားစုကြီးတွေထဲက သားသမီးတွေထက်တောင် ပိုမြင့်သေးတယ်"
ချန်ရှီက အမြဲတမ်း မိုက်မဲနေတတ်သည်။ သူ့ရာထူးကြီးတာကြောင့် သူ့ကို အထင်သေးခံရမယ်ဆိုတာ သိနေတာကြောင့် ဘုန်းကြီးဝူချန်ကိုပဲ မေးခွန်း ပြန်ထုတ်လိုက်သည်။
"နယ်ချဲ့စာမေးပွဲက ဖြေပြီးပြီ... ဘုန်းကြီးငယ်လေးမှာရော ဘာအစီအစဉ်ရှိလဲ"
ဘုန်းကြီးဝူချန်: "ပြည်နယ် အသီးသီးကို ခရီးထွက်ဖို့ ငါ့ဦးလေးနောက် လိုက်မယ်... ဒေသ ဓလေ့နဲ့ လူတွေကို ကြည့်ပြီး ငါ့စိတ်ကို ထက်မြက်ခါအောင် လုပ်မယ်"
သူ ခဏတာ တုံ့ဆိုင်းသွားသည်။ ဗုဒ္ဓဘာသာကို အပြင်းအထန် သင်ယူခဲ့ပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို မလိုချင်ခဲ့ပါ။ မူလက သူသည် ရှီးကျင်းမြို့သို့ သွားကာ တပေါက်ဖာဘုံကျောင်းရဲ့ အမည်ကို အသုံးပြုကာ မိသားစုကြီးထဲက သားသမီးများနှင့် မိတ်ဖွဲ့ကာ နောက်ခံကောင်းများ ရှာဖွေရန် စီစဉ်ခဲ့သော်လည်း မိုက်မဲသော ရင့်ရူးမုန့်က ရယ်မောကာ ကမ္ဘာအနှံ့ ခရီးထွက်ရင်း ဘုန်းကြီးတစ်ပါး၏ ဘဝကို ဖြတ်သန်းစေချင်ခဲ့သည်။
သူ့ခမျာ ခုခံရန် နည်းလမ်းမရှိတော့သဖြင့် နတ်ဆိုးနှင့်သာ လေ့ကျင့်နေခဲ့ရသည်။
ဆွမ်းစားပြီးသောအခါ ဘုန်းကြီးဝူချန်သည် ကြေးအိုးကို ထုပ်ပိုးကာ လက်အုပ်ချီရင်း ချန်ရှီအား ဦးညွှတ်လိုက်သည်။
"ဒကာလေးချန်... ငါ့ဦးလေးနဲ့ ငါ ခရီးဆက်ရတော့မယ်... ငါတို့ ဒီမှာပဲ နှုတ်ဆက်လိုက်ကြတာပေါ့"
ချန်ရှီကလည်း ပြန်လည် ဦးညွှတ်လိုက်သည်။
"နောက်နှစ် ရှီးကျင်းက ဧကရာဇ်စာမေးပွဲမှာ ပါဝင်မှာလား?"
ဘုန်းကြီးဝူချန် :"ကျောင်းတော်မှာ ကထိကဖြစ်ချင်ရင် စာမေးပွဲဖြေရမှာပဲ နှုတ်ဆက်ပါတယ်"
ချန်ရှီ အနည်းငယ် ခေါင်းညိတ်ပြပြီး ဝူချန်နဲ့ ရင့်ရူးမုန့် ထွက်ခွာသွားတာကို ကြည့်နေလိုက်သည်။ သူတို့ ဝေးကွာသွားတဲ့အခါ ချန်ရှီရဲ့ ခြေထောက်တွေ အားနည်းလာပြီး မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။ သူသည် လှည်းဘီးကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
သူ့တစ်ကိုယ်လုံး တုန်နေ၏။ ခြေထောက်တွေကလည်း တုန်နေကာ မတ်တပ်မရပ်နိုင်။ ဟေးကော်က စားပွဲနှင့် ထိုင်ခုံအသေးစားများကို သပ်ရပ်အောင် လုပ်ရင်း သူ့ကို မနှောင့်ယှက်ခဲ့ပေ။ ခက်ခက်ခဲခဲနဲ့ လှည်းပေါ်တက်ပြီးနောက် အသက်ရှုကြပ်လာကာ လှဲအိပ်လိုက်ရ၏။ အခုနတုန်းက တင်းထားတဲ့ ချွေးသီးပုတီးတွေက အရူးလို ထွက်ကျလာလေသည်။
ချန်ရှီရဲ့ မျက်လုံးများသည် အသက်မဲ့နေပြီး သူ့အကြည့်များက ဘာကိုမှ အာရုံမစိုက်နိုင်ဘဲ သိသိသာသာ ထိတ်လန့်သွားသည်။ အစောကတော့ အမြဲတမ်း အေးအေးဆေးဆေး ဟန်ဆောင်ပြီး ရင့်ရူးမုန့်နဲ့ ထပ်ခါထပ်ခါ ဟာသတွေတောင် လုပ်ခဲ့သေး၏။ အခု နောက်ဆက်တွဲ သက်ရောက်မှုတွေ ပေါ်လာတော့ သူလည်း တတ်နိုင်သလောက် ကြောက်သွားခဲ့သည်။
ဟေးကော်ကတော့ သူ့ကိုကြည့်ရင်း "မင်းနဲ့တန်တယ်" လို့ ပြောနေသလိုမျိုး လုံးဝ စိတ်မကောင်း မဖြစ်ချေ။
အချိန်အတော်ကြာပြီးနောက် ချန်ရှီသည် တုန်တုန်ယင်ယင်ဖြင့် ရပ်တန့်ကာ ညစ်ညမ်းသောလေကို ရှုရှိုက်လိုက်သည်။
"ဗုဒ္ဓဘာသာအကြောင်း တော်တော်များများ ဖတ်ဖူးပါတယ် နတ်ဆိုးက ဗုဒ္ဓဖြစ်လာနိုင်လို့လား...ငါတော့ မယုံဘူး ဒီနတ်ဆိုးက ဘာလုပ်ဖို့ ကြံစည်နေတာလဲ... ငါတို့ ဒီမှာ အကြာကြီးနေလို့မရဘူး ဟေးကော်! သွားကြစို့!"
ဟေးကော်လည်း သံလိုက်အိမ်မြှောင်ကို အမြန်ထုတ်ယူပြီး ရှန်းဟယ်မြို့မှ မောင်းထွက်သွားခဲ့သည်။
သူတို့သည် မူလက ချိုမြိန်မြိန် ငါးအသားလေးစားရန် မြို့ထဲသို့ ဆက်သွားဖို့ စီစဉ်ထားခဲ့သော်လည်း ယခုအခါ ထိုစိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။ နောက်ဆုံးတွင်တော့ ရင့်ရူးမုန့်ဟာ ဘယ်အချိန်မှာ ဧရာမမှိုအဖြစ် ပြောင်းလဲသွားပြီး အမြစ်စွဲကာ ဤနေရာကို နောက်ထပ် နတ်ဆိုးနယ်မြေအဖြစ် ပြောင်းလဲပစ်မလဲ ဘယ်သူမှ မသိနိုင်ပေ။
ဘုန်းကြီးဝူချန်နဲ့ ရင့်ရူးမုန့်လည်း ရှန်းဟယ်မြို့မှ ထွက်လာခဲ့သည်။ ဝူချန် အရှေ့ကနေ ခပ်သွတ်သွတ်လေး လျှောက်သွားနေစဥ် ရုတ်တရက် ရင့်ရူးမုန့်အသံက သူ့အနောက်မှ ထွက်လာသည်။
"လမ်းလျှောက်တာ.... ဖြည်းဖြည်း လျှောက်ပါ..."
ဘုန်းကြီးဝူချန် ရပ်ပြီး လှည့်ကြည့်လိုက်တော့ ရင့်ရူးမုန့်က သစ်ပင်ကို ကိုင်ထားရင်း ခြေထောက်တွေ တုန်နေကာ လမ်းမလျှောက်နိုင်သလို ဖြစ်နေတာ တွေ့လိုက်ရသည်။
"ဆရာတူဦးလေးက လူ့ခန္ဓာကိုယ်နဲ့ မရင်းနှီးသေးဘူးလား... သူ့ကို ဖယ်လိုက်ပြီ မဟုတ်ဘူးလား?"
"မဟုတ်ဘူး"
ရင့်ရူးမုန့်က ခေါင်းယမ်းရင်း ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့
"ငါ သူ့ကို ဖယ်လိုက်ပြီလို့ ထင်ခဲ့ပေမဲ့ သူ ငါ့ကို ရှာတွေ့တုန်းပဲ... သူက ငါ့ကို လာဖမ်းပြီး တံဆိပ်ခတ်တော့မလို့ ကံကောင်းချင်တော့ ငါ ဉာဏ်ကောင်းပြီး ငါ့ရဲ့ အထောက်အထား အစစ်အမှန်ကို ထုတ်ဖော်မပြခဲ့ဘူး"
ဘုန်းကြီးဝူချန်မှာ အံ့အားသင့်သွားလေသည်။ ချန်ရှီက သူ့ဦးလေးရဲ့ မျက်လုံးထဲမှာ ဘာလို့ အရမ်းကြောက်စရာ ကောင်းနေတာလဲ။
ရင့်ရူးမုန့် မြင်လိုက်ရတဲ့ မြင်ကွင်းက ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲဆိုတာ သူမသိပါဘူး။ အဲဒါကြောင့် ရင့်ရူးမုန့်ရဲ့ အကြောက်တရားကို သူ နားမလည်နိုင်တာ သဘာဝပါပဲ။
ရင့်ရူးမုန့်မှာ မသက်သာခင် ခဏလောက် အနားယူလိုက်ရသည်။
"ဒီနေရာက ချက်ချင်း ထွက်သွားရအောင်... နောက်ဘယ်တော့မှ မဆုံပါစေနဲ့လို့ ဆုတောင်းရမယ်!"
ဘုန်းကြီးဝူချန်လည်း သဘောတူ၏။
"ဦးလေးရင့်က အတွေ့အကြုံနဲ့ စိတ်ကို ထက်မြက်အောင်လုပ်ဖို့ လိုတယ်လို့ ပြောခဲ့တယ်... သူလည်း ချန်ရှီကို အကြောက်အလန့် မရှိအောင် လေ့ကျင့်မှုထားဖို့ လိုတယ်လို့ ထင်တယ်"
ဒါကို သူ တွေးနေရင်းနဲ့ သူ့နောက်ကနေ ဘီးသံတွေ ရုတ်တရက် ထွက်ပေါ်လာ၏။ နှစ်ယောက်သား လှည့်ကြည့်လိုက်ချိန် ရင့်ရူးမုန့် မျက်နှာက ရုတ်တရက် ဖျော့တော့လာတာ တွေ့လိုက်ရလေသည်။ သူက တိုးတိုးလေး ရေရွတ်နေ၏။
"သူ ငါ့ကို သွားခွင့်မပြုသေးဘူးလား... ငါတို့ သူ့ကို ဘယ်လို တိုက်ကြမလဲ!"
ချန်ရှီ လှည်းပေါ်တွင် ထိုင်နေပြီး ရင့်ရူးမုန့်နဲ့ ဘုန်းကြီးဝူချန်ကို တွေ့လိုက်ရသဖြင့် သူက ချက်ချင်းပဲ ပြာယာခတ်သွားလေသည်။
"ဒီနတ်ဆိုးက ငါ့ကို ဒီမှာစောင့်နေတာလား... ဟုတ်ပြီ ငါ့ကိုစားတော့မှာတော့ မဟုတ်ဘူးမလား"
ရင့်ရူးမုန့်၏ မျက်လုံးများသည် လူသတ်ချင်သည့်အသွင်ကို ထင်ရှားလာစေပြီး သူသည် တိတ်တဆိတ် လူသတ်တော့မယ့် ရည်ရွယ်ချက်များလည်း ပေါ်လာတော့သည်။ ချန်ရှီကလည်း သူ့ဦးခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ထဲ နတ်ဆိုးအား ပစ်ထည့်ပစ်ဖို့ အဆင်သင့်ဖြစ်နေသည်။
နှစ်ဘက်စလုံး နီးကပ်လာပြီ။ ထိုအချိန်တွင် ချန်ရှီ အမျိုးသမီးတစ်ဦးရဲ့ ရယ်မောသံကို နားထဲတွင် ကြားလိုက်ရသည်။
"ငါ ကောင်းကောင်း အိပ်ပျော်သွားတာပဲ.... သံတမန်...ကျွန်မ အလုပ်တွေ အရမ်းများပြီး ပင်ပန်းနေတာနဲ့ အကြာကြီး အိပ်ပျော်သွားတာပါ မင်းကို လျစ်လျူရှုဖို့ မရည်ရွယ်ပါဘူး... မယ်မယ်ကြီးက မင်းကို ကျွန်မကို လာကယ်တင်ခိုင်းခဲ့တာလား ဟေး ဒီမှာ နတ်ဆိုးတစ်ကောင် ရှိနေတာပဲ"
"မယ်မယ်ရှစ်ကျီ?"
ချန်ရှီ ထိုအသံကို ကြားလိုက်သောအခါ အလွန်ဝမ်းသာသွားပြီး ချက်ချင်း စိတ်သက်သာရာ ရသွားသည်။
"မယ်မယ် နိုးပြီလား..ယ ရိုးရိုးသားသားပြောရရင် ခင်ဗျားကို ကယ်တင်ဖို့ ကျွန်တော့်ကန့်ညောင်က တောင်းဆိုခဲ့တာပါ"
ကျောက်လှေပေါ်မှာ နောက်ဆုံးအကြိမ်က မယ်မယ်ရှစ်ကျီကို ဘုံကျောင်းငယ်လေးထဲကို ခေါ်သွင်းတုန်းက သူ့ရဲ့ သေးငယ်သော ဘုံကျောင်းကို မြင်သောအခါ သူမ သူ့ကို အထူးသံတမန်အဖြစ် လေးစားသွားခဲ့သည်။
သေးငယ်သော ဘုံကျောင်းကို သူ့ကန့်ညောင်က ပေးအပ်ထားသောကြောင့် ချန်ရှီလည်း ကန့်ညောင်အမည်အား ရိုးရှင်းစွာ အသုံးချလိုက်သည်။
"မယ်မယ်ရှစ်ကျီ?"
သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်၏ အဓိကနတ်ကွန်းထဲတွင် မယ်မယ်ရှစ်ကျီက ချန်ရှီကို အလွန်ရိုသေကြောင်း ပြသနေခဲ့သည်။
တခြားသူများက ချန်ရှီရဲ့ ကန့်ညောင် ဇစ်မြစ်ကိုမသိသော်လည်း သူမက ၎င်းကို ရှင်းရှင်းလင်းလင်း သိထားသည်။ ဤနတ်ဘုရားသည် ဟွာရှနတ်ဘုရားမများကြားတွင် ပထမဆုံးသော နတ်ဘုရားဖြစ်သည်။ သူမတွင် အလွန်ရှေးကျသော မူလဇစ်မြစ်ရှိပြီး အကန့်အသတ်မရှိသော စွမ်းအားရှိ၏။ မြေကြီးနှင့် မြေအောက်ရှိ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်။
ရှစ်ကျီဟာ မယ်မယ်တစ်ပါး ဖြစ်ကာ သူမသည် ကမ္ဘာမြေပေါ်က နတ်ဘုရားမလည်း ဖြစ်သော်လည်း ထိုနတ်ဘုရားမနှင့် ယှဉ်လျှင် သူမသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ဖြစ်ပြီး နိမ့်ကျသော ဆက်ဆံရေးသာ ရှိသည်။
"မိဖုရားမယ်မယ်က သူ့ကို မွေးစားသားတော်အဖြစ် တကယ် မွေးစားခဲ့တာ ဖြစ်မယ်... သံတမန်ကတော့ မြင့်မြတ်တဲ့ သံတမန်ဖြစ်ထိုက်ပါပေတယ်"
မယ်မယ်ရှစ်ကျီ ဝမ်းသာအားရနဲ့ မေး၏။
"မိဖုရားမယ်မယ်က ငါ့ကို ကူညီပေးနေတာလား... ရှစ်ကျီရဲ့ ပုံစံအစစ်ကို ပြန်ယူဖို့ ကြိုးစားနေတာလား"
ချန်ရှီဟာ သူ့အသက်သူ ကယ်တင်ချင်နေတာကြောင့် ချက်ချင်းပဲ သူမစကားအတိုင်း လိုက်သွားခဲ့သည်။
"အင်း.... ကန့်ညောင်က ခင်ဗျား လူဆိုးတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှု ခံခဲ့ရတယ်လို့ ပြောတယ်.... အနောက်နွားရှင်းကျိုး ကျွန်းကို ရောက်ပြီးနောက်မှာ ခင်ဗျား တော်တော် ဒုက္ခရောက်ခဲ့တယ်တဲ့... အဲဒါကြောင့် ခင်ဗျားအတွက် တကယ့်ခန္ဓာကိုယ်ကို ဖန်တီးပေးဖို့ တောင်းဆိုခဲ့..."
သူ စကားမဆုံးခင်မှာပဲ မယ်မယ်ရှစ်ကျီက ရုတ်တရက် ဝမ်းနည်းပူဆွေးပြီး မျက်ရည်တွေ လိမ့်ကျလာတော့သည်။
ချန်ရှီလည်း အံ့အားသင့်သွားပြီး "သူမက ဟွာရှမှာ တကယ် အနိုင်ကျင့်ခံခဲ့ရတာလား" ဟု မတွေးဘဲ မနေနိုင်ခဲ့။
မယ်မယ်ရှစ်ကျီက ခဏတာ ငိုပြီးမှ သူမ စိတ်တည်ငြိမ်သွားကြောင်း သိလိုက်သည်။ သူမ မကျေနပ်ချက်တွေကို မျိုသိပ်ပြီး ငိုချလိုက်ပြန်၏။ ထို့နောက်။
"သံတမန်ကို ရယ်မောစေမိလို့ ခွင့်လွှတ်ပါ... ကျွန်မကို အဲ့ဆရာတပည့် နှစ်ယောက်က အကြောင်းပြချက်မရှိဘဲ အနိုင်ကျင့် နှိပ်စက်ခံရပြီး ခန္ဓာကိုယ် တကယ်ပျက်စီးသွားတယ်.. ရှင်းကျိုးမှာ ရပ်တည်စရာ နေရာတောင် မရှိတော့ဘူး... ကျိုးသွားတဲ့ ခန္ဓာကိုယ်ကို ကျောက်တုံးတွေအဖြစ် သုံးပြီး အိမ်ဆောက်ခိုင်းပစ်တယ်... အဲဒါကြောင့် ပင်လယ်ကိုဖြတ်ပြီး လှေကို ကယ်တင်ဖို့လည်း မလွယ်တော့ဘူး... တာအိုကျင့်စဥ်ကို ပြန်လည်ထိန်းသိမ်းဖို့ ကြိုးစားရင်းနဲ့ ကျွန်မရဲ့ကိုယ်ခန္ဓာ အစစ်အမှန်ကို တည်ဆောက်ဖို့ ကြိုးစားရင်း မမျှော်လင့်ဘဲ ဘုရင်ကျန်းက ရှာတွေ့သွားပြီး ထောင်ပေါင်းများစွာ အကျဉ်းချပစ်ပြန်တယ်..."
သူမ စကားပြောရင်းနဲ့ ငိုချင်လာပြန်သည်။ ချန်ရှီ သူမကို ဝင်နှောက်ယှက်လိုက်သည်။
"မယ်မယ်...ခင်ဗျား ဒီနတ်ဆိုးနဲ့ဆို ဘယ်လိုနှိုင်းလို့ရလဲ"
မယ်မယ်ရှစ်ကျီလည်း သူမ၏ ဝမ်းနည်းမှုကို ရပ်တန့်လိုက်ပြီး ရင့်ရူးမုန့်ကို နတ်ကွန်းထဲမှ လှမ်းကြည့်လိုက်သည်။
"ငါက သံတမန်ရှေ့မှာ ကိုယ်လုပ်တော်ပဲ... ဒါပေမဲ့ သူ့ရှေ့မှာတော့ ဘုရင်မပဲ"
ချန်ရှီ၏ သတ္တိသည် ရုတ်တရက် ကြီးထွားလာသည်။ ဟေးကော်ကို လှည်းရပ်ခိုင်းပြီး ချန်ရှီ ပြောလိုက်သည်။
"ကျွန်တော်တို့ တစ်သက်လုံး ဘယ်မှာမှ မဆုံကြဘူးလို့ တွေးထားခါမှ မင်းတို့နှစ်ယောက်ကို ထပ်တွေ့ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး... ဆရာရင့် တစ်ချက်လောက် တွယ်ကြည့်မလား!"
မယ်မယ်ရှစ်ကျီ: "ဒါပေမဲ့ ဖန်တီးခံရှောင်ဝူလို့ ခေါ်တဲ့ လူကို နှိမ်နှင်းဖို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဖိုးအိုတစ်ယောက် ကျွန်မရဲ့ မြင့်မြတ်တဲ့ တန်ခိုးကို ချေးယူခဲ့တာ... အခု အများကြီး မကျန်တော့ဘူး ကျွန်မတို့ တကယ် တိုက်ခိုက်ရင် ကျွန်မ ဒီနတ်ဆိုးလေးရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူး"
ချန်ရှီရဲ့ နှလုံးခုန်သံ ရပ်သွားတော့သည်။ သူပြောသမျှကို ပြန်ယူချင်သော်လည်း သူစကားပြောတာက အရမ်း မြန်လွန်းပြီး စကားလုံးတွေက အကုန် ပြောပြီးသွားပြီ။
ရင့်ရူးမုန့်လည်း ချန်ရှီ၏ ဦးခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်မှ နားမလည်နိုင်သော တန်ခိုးတော်တစ်ခုကို ခံစားလိုက်ရတာကြောင့် သူမ စိတ်ထဲတွင် အံ့သြထိတ်လန့်သွားသည်။
"သူက တကယ် လှုပ်ရှားတော့မယ်... အဆိုးဆုံးက သေတဲ့အထိ ရန်ပွဲပဲ!"
ရှစ်ကျီ: "သူမ လှုပ်ရှားချင်နေပြီ! သံတမန် ကျွန်မကို ခဏလောက် အထိန်းအကွပ်မဲ့တာတွေ လုပ်ဖို့ ခွင့်ပြုပါဦး!"
ချန်ရှီသည် သူ့မျက်စိရှေ့က မြင်ကွင်းတွေ ရုတ်တရက် ပြောင်းလဲသွားတာ မြင်လိုက်ရပြီး မယ်မယ်ရှစ်ကျီက သူ့ခန္ဓာကိုယ်ထဲကို အုပ်စိုးသွားကာ နတ်ကွန်းတစ်ခုပေါ်တွင် ထိုင်နေသော မိမိကိုယ်ကို တွေ့လိုက်ရသည်။
"ဒီဘုံကျောင်းတော်က သခင်အစစ်အမှန်တွေကို မနှိမ်နှင်းနိုင်တာကလွဲလို့ အတော်လး ကောင်းပါတယ်..."
ချန်ရှီ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဖန်တီးခံရှောင်ဝူ၊ တောင်တန်းအရှင်နဲ့ မယ်မယ်ရှစ်ကျီတို့ဟာ ဘုံကျောင်းငယ်ထဲ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပြီး ၎င်းတို့ကို ဖမ်းဆုပ်ထား၍မရပေ။ သူတို့သည် ချန်ရှီရဲ့ ခန္ဓာကိုယ်ထဲသို့ အချိန်မရွေး ဝင်ရောက်နိုင်ပြီး သူ့ခန္ဓာကိုယ်ကို အရေခွံအဖြစ် အသုံးပြုနိုင်သည်။
"ကလေးမ!"
"ချန်ရှီ" သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်များကို ရုတ်တရက် ထုတ်လွှတ်ကာ အမတ အငွေ့အသက်တွေကိုပါ သယ်ဆောင်သွားခဲ့သည်။ ရှစ်ကျီက တိုးတိုးလေးပြောသည်။
“မင်း သစ္စာဖောက်ပြီး ငါ့ကို တိုက်ခိုက်မှာလား”
"ဒါက အမတနတ်ဆိုးပဲ!" ရင့်ရူးမုန့် ထိတ်လန့်သွားပြီး ချက်ချင်း ဦးညွှတ်လိုက်သည်။
"အကြီးအကဲ ကျွန်မ မလုပ်ရဲပါဘူး"
"ရှစ်ကျီ" က သူ့အင်္ကျီလက်တွေကို ဝှေ့ယမ်းပြီး ဆို၏။
"မင်း မလုပ်ရဲဘူး ဆိုမှတော့ ဘာလို့လူသတ်ဖို့ ကြံနေသေးတာလဲ"
နတ်ဆိုးနတ်သမီး၏ ပြင်းထန်သော ဖိအားကို ခံစားနေရသဖြင့် ရင့်ရူးမုန့်၏ နဖူးသည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားလေသည်။
"ဒါက မင်းရဲ့ပထမဆုံး ပြစ်မှုမလို့ ငါမင်းကို ဒီတစ်ကြိမ် ခွင့်လွှတ်လိုက်မယ်... နောက်တစ်ခါ ထပ်လုပ်ရဲရင် ငါ မင်းကို ကရုဏာမရှိ သတ်ပစ်မယ်"
ထိုစကားကို ပြောပြီးနောက် မယ်မယ်ရှစ်ကျီက ချန်ရှီ၏ခန္ဓာကိုယ်ကို ပြန်ဝင်ခွင့် ပြုလိုက်ပြီး ဘုံကျောင်းငယ်လေးထဲသို့ ချက်ချင်း ပြန်ဝင်သွားခဲ့သည်။ သူမက ပြုံးပြီးပြောလေ၏။
"သံတမန်.. ကျွန်မ သူ့ကို ကြိမ်းမောင်းပြီးပြီ၊ သူဘာမှ အရွဲ့တိုက်ဝံ့မယ် မထင်ပါဘူး"
ချန်ရှီကတော့ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
"အမတနတ်ဆိုး... မယ်မယ်ရှစ်ကျီလည်း နတ်ဆိုးပဲ! ငါသူ့ကို ကိုယ်ခန္ဓာအစစ်အမှန်ကို ပြန်လည် ပုံဖော်ပေးမယ်လို့ ကတိပေးလိုက်မိပြီ..."