← Chapters

ထာဝရည ရောက်လာရင်

Vol. 13 Ch. 189

ထာဝရည ရောက်လာရင်

Vol. 13 Ch. 189

သုံးနှစ်တစ်ကြိမ် ပြည်နယ်တစ်ခုစီတွင် ကျဲယွမ်အဆင့် စာပေပညာရှင် အသစ်တစ်ယောက် ပေါ်ထွက်တတ်သည်။ ခရိုင် အုပ်ချုပ်ရေးမှူး၊ စစ်သူကြီးနှင့် အခြားအဆင့်မြင့် အရာရှိများ စာမေးပွဲအောင်သည့်အခါ ဂုဏ်မယူတာမျိုးက မဖြစ်နိုင်ပေ။

အများစုကတော့ အဲဒီသူနဲ့တွေ့ပြီး အားပေးစကားလေးတွေ ပြောကြလိမ့်မည်။ ယခုမူ ရှင်းရှန် ပြည်နယ်၏ ခရိုင်မှူး၊ စစ်သူကြီးနဲ့ တခြားအဆင့်မြင့် အရာရှိများသည် ကျေးလက်ဒေသသို့ လူကိုယ်တိုင် လာရောက်၍ ချန်ရှီကို ချီးကျူးဂုဏ်ပြုကြသည်။

ဒီမြင်ကွင်းကြောင့် ရွာသားတွေ တုန်လှုပ်ခြောက်ခြားပြီး ထိတ်လန့်ကုန်ကြပါသည်။

လူ​​ကြီးမင်းချန်က ဓားပြဖြစ်လာမှာ မဟုတ်ဘူးလား။ မျက်စိတစ်မှိတ်အတွင်း စာမေးပွဲအောင်ပြီး ကုံကျိုး ပြည်နယ်ရဲ့ ပထမနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ။

အဓိကအချက်ကတော့ ဆောင်းဦးစာမေးပွဲမှာ မပါဝင်ဘဲ ပထမနေရာကို ဘယ်လို ရနိုင်တာလဲ။

လီထျန်းချင်ဟာ ချန်ရှီရဲ့ ခြံဝင်းထဲတွင် အဂ္ဂိရတ်ဆေးများ သန့်စင်နေ​ကြသည်။ အရာရှိများစွာသည် ခြံဝင်းထဲသို့ အမြန်ပြေးသွားသော်လည်း သူအလုပ်များနေသဖြင့် သူ့ကို သွားမနှောင့်ယှက်ကြပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ဝိညာဥ်ရှင်ပြန်ဆေးပေါင်း ငါးဆယ်ကျော်ကို သန့်စင်ပြီးပြီမလို့ ဤလုပ်ငန်းစဉ်နှင့် အလွန် ရင်းနှီးလာခဲ့သည်။ ချန်ရှီသည် နယ်ချဲ့စာမေးပွဲကို အောင်ပြီး တော်ဝင်စာမေးပွဲတွင် ပထမရကြောင်း သတင်းသည် ပြင်ပမှ ထွက်ပေါ်လာသော်လည်း သူ့နှလုံးသားကို တုန်လှုပ်စေခြင်းမရှိပေ။ သူသည် မီးဖိုကို ငြိမ်သက်စွာ ထိန်းချုပ် သန့်စင်ပြီးနောက် မတ်တပ်ရပ်နေသေးသည်။

"ခွင့်လွှတ်ပါ... မင်းက ချန်ကျဲ့ယွမ်လို့ခေါ်တဲ့ ချန်ရှီလား"

အရာရှိတစ်ဦးက ငယ်ရွယ်သော်လည်း ထူးထူးခြားခြား မွေးရာပါ အသိဉာဏ်ရှိသဖြင့် ယဥ်ကျေးစွာ မေးလာသည်။

"ကျွန်တော့်နာမည် လီထျန်းချင်ပါ... ချွမ်ကျိုးက.. ချန်ရှီ အပြင်ထွက်သွားတယ် မကြာခင် ပြန်လာလိမ့်မယ် လူကြီးမင်းတို့ ခြံဝင်းထဲမှာ ခဏလောက် အနားယူပြီး စောင့်ပါဦးလား"

"မဝံ့ရဲပါဘူးဗျာ"

အသစ်ခန့်အပ်ထားသော ဘုရင်ခံရဲ့ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလာ၏။

"ကျုပ်နဲ့ တခြားသူတွေ အပြင်မှာပဲ သခင်လေးချန် ပြန်လာတာကို စောင့်နေလိုက်ပါ့မယ်"

လီထျန်းချင် အံ့သြသွားပြီး ချန်မိသားစုအိမ်ထံမှ ထွက်လာကာ ဦးညွှတ်လိုက်သည်။

"လီထျန်းချင်... ဘုရင်ခံနဲ့ လူကြီးလူကောင်း အားလုံးကို နှုတ်ဆက်လိုက်ပါတယ်"

ဘုရင်ခံအသစ်က သူ့ကို အပေါ်အောက် ငုံ့ကြည့်ကာ။

"မင်းက လီထျန်းချင်... ချွမ်ကျိုး လီမိသားစုထဲက ဟုတ်တယ်မလား မင်းက လီမိသားစုရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်လို့ ငါကြားတယ် ကျောက်သင်္ဘောပေါ်က လူတွေအားလုံး ပျောက်ကွယ်သွားပြီး မင်းတစ်ယောက်ထဲပဲ ကျန်တော့တယ်တဲ့ သနားစရာကောင်းတဲ့ သခင်ကြီး လီရှောက်ကျန့် အသတ်ခံရကြောင်းလည်း ကြားပါတယ်..ငါ့ရဲ့ မျိုးနာမည်က ရွှီ... နာမည် ကျန်း....ငါ့ရဲ့ ဆရာသခင် နာမည်က ကျုံးရှ... ဒီကတော့ လူကြီးမင်းချွေး...ရှင်းရှန် ပြည်နယ်ရဲ့ တပ်​တွေကို စည်းရုံးထားတဲ့ ရှင်းရှန်ရဲ့ စစ်ဦးစီချုပ်...."

သူက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးပြီး လီထျန်းချင်ကလည်း သူတို့ကို နှုတ်ဆက်ဖို့ ရှေ့ကို တိုးလာသည်။ အသစ်ခန့်အပ်ခံရသော ရှင်းရှန်က အရာရှိများသည်လည်း မိသားစုကြီး ဆယ့်သုံးစုမှ မကြာခဏ ရာထူးလာတတ်သော လူများကာ မပါသူက လေးယောက်ရှိသည်။

လီထျန်းချင်ဟာ အသိဥာဏ်ကောင်းပြီး မှတ်ဉာဏ်အားကောင်းသူ ဖြစ်သည်။ လူလေးယောက်ရဲ့ အမည်များကို ကြားရုံဖြင့် ၎င်းတို့သည် မိသားစုကြီးထဲက မဟုတ်သော်လည်း ၎င်းတို့သည် သေးငယ်သော မိသားစုများမှ သာမန်လူများမဟုတ်ကြောင်း သူသိသည်။

ရှင်းရှန် ပြည်နယ် ပညာရေးတာဝန်ရှိသူတစ် ဦး က ပြောလာသည်။

"သခင်လေးလီ... မင်းက အဆင့်ကောင်းတစ်ခု ဖြစ်တဲ့ ကုံကျိုး ဆောင်းဦးစာမေးပွဲ စာရင်းထဲမှာ ပါပါတယ် မင်းက နယ်ချဲ့စာမေးပွဲရဲ့ အဆင့်လေး ကျင်းခွေ... "

လီထျန်းချင်က ဂရုမစိုက်ဘဲ :"ကိုယ်စားလှယ်လောင်းတွေက ဘယ်လို အဆင့်သတ်မှတ်တာလဲ?"

ပညာရေးအရာရှိက ပြုံးပြီးပြောလေသည်။

"သေချာပေါက် ရှီးကျင်းက သတ်မှတ်ပေးတာပေါ့.. မင်းရဲ့ရှေ့က ပထမတစ်ယောက်က ချန်ကျဲယွမ်၊ ဒုတိယက ယန်ယယွမ်၊ တတိယတစ်ယောက်ကတော့ ရွှီကျင်းခွေ...ချွမ်ကျိုး လီမိသားစုကြောင့် မင်း စတုတ္ထအဆင့် ရသွားတာလေ... ဂုဏ်ယူပါတယ် လီကျင်းခွေ!"

လီထျန်းချင်လည်း ထိုစကားကို ကြားသောအခါ ကုံကျိုးက စာပေပညာရှင် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဆွေတော်မျိုးတော် ၁၃ ပါး၏ မိသားစုများအလိုက် စီစဉ်ပေးထားကြောင်း သိလိုက်သည်။

ချန်ရှီကို မိသားစု ၁၃ စုရှေ့တွင် ဘာကြောင့် အဆင့်သတ်မှတ် ထားရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေ။

ထိုအချိန်တွင် ချန်ရှီသည် သူ့လက်ထဲက လုံးဝိုင်းဝိုင် ဖရဲသီးနှစ်လုံးကို ခိုးယူရာမှ ပြန်ရောက်လာသည်။ သူ လီထျန်းချင်နဲ့ ဟေးကော်ကို ဖရဲသီးသွားစားဖို့ ခေါ်မယ်အလုပ် ဘုရင်ခံ ရွှီကျန်းက သူ့ကို နှုတ်ဆက်ဖို့ လူအုပ်ကြီးကို အမြန်ခေါ်ချလာခဲ့သည်။

"ချန်ကျဲယွမ်... ငါတို့ မင်းကို ဂုဏ်ပြုဖို့ ဒီကို ရောက်နေတာပါ.... ကျဲယွမ်ဘွဲ့ကို ဆွတ်ခူးနိုင်လို့ ဂုဏ်ယူပါတယ်!"

အခြားတာဝန်ရှိသူများကလည်း သူ့ကို ချီးကျူးဂုဏ်ပြုရန် လာရောက်ခဲ့ကြသဖြင့် ချန်ရှီ အလွန်အံ့သြသွားပြီး ဖရဲသီးနှစ်လုံးကို လီထျန်းချင်ဆီ ပေးထားလိုက်သည်။ အားလုံးက သူ့ကိုရှင်းပြတဲ့အခါမှ နောက်ဆုံးတော့ နားလည်သွားတော့၏။

"ကျွန်တော် တစ်ခွန်းမှ မရေးဖူးသလို ဘာမှလည်း မပြီးမြောက်ခဲ့ပါဘူး... ကုံကျိုးနဲ့ ရှင်းရှန်ရဲ့ ပထမအဆင့်ဖြစ်ဖို့ ဘယ်လိုလုပ် ထိုက်တန်နိုင်မှာလဲ ရှက်လိုက်တာ!"

ရှင်းရှန်ရဲ့ နယ်ချဲ့အရာရှိ ရှမင်တုံးက ထွက်ပြောလာသည်။

"အာ..... ချန်ကျဲယွမ်က စာပေစွမ်းရည်ရှိပြီး စစ်ရေးဗျူဟာ ရှိသူလည်း ဖြစ်ပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာနဲ့ နောက်နှစ်ပေါင်းငါးရာမှာတောင် ချန်ကျဲယွမ်က ကုံကျိုးနဲ့ ရှင်းရှန်အတွက် အကောင်းဆုံးရွေးချယ်မှုပါ... မင်းက ကျဲယွမ် ဖြစ်လာတာကလည်း ရှီးကျင်းက အကြီးအကဲတွေရဲ့ အကဲဖြတ်ချက်မှာ ကောင်းမွန်နေတာကြောင့်ပါ"

လူတိုင်းက ချန်ရှီကို ချီးကျူးကြပြီး သူ့ရဲ့ စာပေစွမ်းရည်နဲ့ ကိုယ်ခံပညာတွေ အကြောင်းကို ချီးကျူးနေကြတော့သည်။ ချန်ရှီသည် သူ ဆောင်းဦးရာသီ စာမေးပွဲတွင် မပါဝင်ကြောင်း သိသော်လည်း သူတို့၏ ချီးကျူးစကားကြောင့် သူ သဘောကျနေဆဲ ဖြစ်သည်။

ဘုရင်ခံ ရွှီကျန်းက ချန်ရှီရဲ့အိမ်ကို ကြည့်လိုက်ပြီး ဆိုသည်။

"သခင်လေးချန်က ဒီလိုဝေးလံခေါင်သီပြီး ဆင်းရဲတဲ့ အရပ်မှာ နေထိုင်လို့ ဘယ်ဖြစ်ပါ့မလဲ? ရှင်းရှန်ပြည်နယ်ရဲ့ မြို့တော်မှာ အိမ်တစ်အိမ်ရှိတယ်... စွန့်ပစ်ပြီး လျစ်လျူရှုထားတဲ့ မြေသုံးဧကလည်း ရှိတယ် သခင်လေးချန် စိတ်မဆိုးဘူးဆိုရင် ငါ ပေးပါ့မယ်"

ချန်ရှီ ငြင်းချင်သော်လည်း ရွှီကျန်းက သူ့လက်ကို ကိုင်ထားပြီး စကားဆက်ပြောနေသည်။

"ညီလေး... ငါ့အိမ်က စွန့်ပစ်ထားတာပါ ဘာလို့ အသုံးမချတာလဲ သူရဲကောင်းကို ဓားတစ်ချောင်း ပေးသင့်တယ်တဲ့... မင်းက ငယ်ရွယ်တဲ့ သူရဲကောင်းပဲလေ..ငါ မင်းသူငယ်ချင်း ဖြစ်ချင်တယ် ငါ့အသက်နဲ့ ပစ္စည်းဥစ္စာတွေကို ပေးချင်ပါသေးတယ်...."

စစ်ဦးစီချုပ်ချွေးကလည်း ပြုံး၍: "ဟုတ်ပါတယ်... ဆောင်းဦးစာမေးပွဲမှာ မင်းရဲ့စွမ်းဆောင်မှုက ငါတို့ကို အံ့အားသင့်စေတယ် အဲဒါက ဘယ်လောက်ကောင်းတဲ့ ဆောင်းပါးနဲ့ ဓားလဲ ဆိုတာ ငါတို့ကို မြင်စေတယ် မိန်းမတွေကို ငါ ဘယ်တုန်းကမှ စိတ်မဝင်စားဘူး အိမ်မှာ အိမ်အကူနဲ့ သီချင်းဆိုတတ်တဲ့ မိန်းကလေးတွေလည်း ရှိတယ်... သူတို့က အရမ်းလှတယ် မင်းအိမ်ကို ပို့ပေးလိုက်မယ်လေ..."

လူကြီးမင်းကောင်း: "အိမ်အကူတွေနဲ့ သီချင်းဆိုနေတဲ့ မိန်းကလေးတွေနဲ့ ငါတို့မှာ အသုံးဝင်တဲ့ အစေခံတွေလည်း ရှိပါတယ်... ငါ့မှာ အမြင် ကောင်းကောင်းရှိတဲ့သူ ရှိတယ် မင်းအိမ်ကို ပို့ပေးမယ်"

လူကြီးမင်းမာကလည်း ရယ်မောပြီး "ကျုပ်က အမြဲစားချင်စိတ် ရှိတတ်တယ်... ကံကောင်းထောက်မစွာပဲ အိမ်မှာ ထမင်းချက်ကောင်းတွေ အများကြီး ရှိတယ်...ချန်ကျဲယွမ် ရှင်းရှန်က ဟင်းလျာ​တွေကို သုံးဆောင်ချင်ရင် မင်းအိမ်ကို ပို့ပေးမယ်လေ..."

"ချန်ကျဲယွမ် အဖိုးတန်ရထားလုံး မပါဘဲ ဘယ်လိုလုပ် ခရီးဆက်နိုင်မှာလဲ ငါ့မှာ နဂါးတွေလို မွေးထားတဲ့ မြင်းကောင်းလေးကောင် ရှိတယ် မင်းအိမ်ကို ပို့ပေးမယ်!"

"ဟေး... ငါ့မှာ ရောင်စုံရထားလုံးတစ်စီး ရှိတယ်... လင်နမ်က ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်က ငါ့ကို ပေးထားတာ... စီးရမှာ ပျင်းရိနေတာ... ချန်ကျဲယွမ်ကို ပေးလိုက််လေ..."

……

ချန်ရှီ ဘာမှပြန်မပြောခင်မှာ အားလုံးက တစ်ယောက်နဲ့တစ်ယောက် စကားစမြည် ပြောပြီး အလှ​လေးတွေ၊ အစေခံတွေ၊ ရထားလုံးတွေ၊ မြင်းတွေနဲ့ တခြားအရာတွေ ပြည့်ပြည့်စုံစုံရှိတဲ့ အိမ်တစ်လုံးကို ချန်ရှီအတွက် ဝယ်လိုက်ကြလေသည်။

မြို့အပြင်ဘက်တွင် မြေသြဇာဧကတစ်ထောင်နှင့် အိမ်ငှားလယ်သမား တစ်ရာတို့နှင့်အတူ ကြီးကြီးမားမား မဟုတ်သော ခြံတစ်ခြံကို ချန်ရှီအား ပေးရန်အတွက်ပင် စီစဉ်လာခဲ့သည်။ အိမ်ငှားခက သူ့ဇနီးချောနဲ့ မောင်းမမိဿံတွေကို ထောက်ပံ့ဖို့တောင် လုံလောက်လေသည်။

"လူတိုင်း ကျွန်တော့်စကားကို နားထောင်ကြပါဦး!"

ချန်ရှီသည် သူ စကား ဝင်မပြောနိုင်လောက်အောင် အလုပ်များနေသူတွေအား လှည့်အော်လိုက်သည်။

"ကျွန်တော် အဲဒါတွေကို မကြိုက်ဘူး"

အားလုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့ကိုကြည့်ကာ စိုးရိမ်စိတ်တွေ များလာကြသည်။ ထိုစဥ် ချန်ရှီက ရုတ်​တရက်​ပြုံးပြီး ဆက်ပြော၏။

"ဒါ​ပေမယ့်​ ခင်ဗျားတို့က အရမ်း​ကြင်နာ​နေတော့လည်း ကျွန်တော် ငြင်းလို့မရဘူးလေ... ကျွန်တော်လည်း လက်​ခံဖို့ကလွဲလို့​ ရွေးစရာ မရှိဘူး!"

အားလုံးက ရယ်မောကြပြီး အိမ်ရှင်နှင့် ဧည့်သည်များက ပျော်ရွှင်သွားကြပါသည်။

ဘုရင်ခံ ရွှီကျန်းသည် နှစ်ပေါင်းများစွာ တစ်ယောက်ကိုတစ်ယောက် သိနေသကဲ့သို့ ချန်ရှီနဲ့ အပြန်အလှန် စကားတွေ ပြောနေသည်။ စကားစမြည် ပြောပြီးနောက် လူတိုင်းက အလွန်ကျေနပ်လာကြသည်။

"ကျွန်တော်တို့ရွာက တော်တော်ဆင်းရဲတယ် ဒါကြောင့် လူကြီးလူကောင်းတွေကို ဒီမှာ ဧည့်မခံနိုင်တာ သည်းခံပေးပါ"

ချန်ရှီ ပြုံးပြုံးလေး ပြောလိုက်သည်။ သူတို့ကို ဂရုတစိုက်နဲ့ ရွာဝင်ပေါက်အထိ ပို့လိုက်သည်။ ချန်ရှီ ဆက်၍ လက်ဝှေ့ယမ်းကာ နှုတ်ဆက်နေပေမယ့် အားလုံးက ထွက်ခွာသွားဖို့ တွန့်ဆုတ်နေခဲ့ကြသည်။

သူတို့ကို လိုက်ပို့ပြီးနောက် ချန်ရှီ အိမ်သို့ပြန်လာခဲ့သည်။ လီထျန်းချင်က အဂ္ဂိရတ်မီးဖိုကို သန့်စင်ပြီး ဆေးလုံးကို ဆက်လက်သန့်စင်ရန် ပြင်ဆင်ခဲ့သည်။ သူပြန်လာတာကို မြင်တော့ လှမ်းပြောလာ၏။

"ချန်ရှီ ငါမင်းကို ပိုတွက်မိခဲ့တယ်.. မင်းက အဲဒီမြင့်မြတ်တဲ့ မိသားစုတွေနဲ့ မတူဘူးပေါ့...မင်းလည်း လောဘကြီး၊ တပ်မက်ပြီး ဇိမ်ခံပစ္စည်းတွေကို နှစ်သက်တာပဲ... မင်း သူတို့ကြောင့် ဖောက်ပြန်ပြီး သူတို့လိုပဲ လူထုခေါင်းဆောင် ဖြစ်လာလိမ့်မယ်!"

ချန်ရှီက ပြုံးပြီး :"ခန်းမသခင်ယွိက ဒီကမ္ဘာကြီးကို အားကိုးပြီး အတူယှဉ်တွဲ နေထိုင်သင့်တယ်လို့ ပြောတယ်လေ.. အခု ငါလုပ်နေတာ ဒီကမ္ဘာကြီးကို အားကိုးနေတာ မဟုတ်ဘူးလား"

လီထျန်းချင်က ဒေါသတကြီးနဲ့ ပြန်ပြောလေ၏။

"ခန်းမသခင်ယွိက တောင်နီခန်းမ ရှင်သန်ဖို့ အခွင့်အရေး ရှာချင်လို့ ကုံကျိုးက အရာရှိတွေကို ဂုဏ်ပြုနေရတာ... မင်းကရော?"

ချန်ရှီ: "ရှင်းရှန်မှာရှိတဲ့ အရာရှိတွေက ငါ့ကို လာဂုဏ်ပြုတာလေ... သူတို့က ဒီကမ္ဘာကြီးကို အားကိုးနေတာပဲ မဟုတ်ဘူးလား"

လီထျန်းချင်: "မင်း ဒီလောကကို မှီခိုနေတာမဟုတ်ဘူး မင်းက ဒီကမ္ဘာပဲ မင်းနဲ့ ဒီကမ္ဘာကြီး ရောထွေးသွားရင် ပျက်စီးသွားပြီ... မင်းနှလုံးသားထဲမှာ ဇွဲရှိနေသေးရဲ့လား... မင်းမှာ စာပေတွေရှိသေးလား... ခန်းမသခင်ယွိမှာကဇွဲလုံ့လနဲ့ နိယာမတွေ ရှိတယ်ကွ!"

ချန်ရှီသည် လျောင်းခုံပေါ်တွင် ထိုင်ကာ နောက်ပြန်မှီရင်း ထန်းရွက်ယပ်တောင်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်နေခဲ့သည်။

"သူတို့အိမ်ကို ငါ သိမ်းပိုက်လိုက်ပြီ... သူတို့ကို သတ်ရမယ့်အချိန်ကျရင် သူတို့ကို သတ်ပစ်လိုက်မယ်... ငါ့ရဲ့ စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင် သတ်မှာပဲ... သူတို့ပိုက်ဆံ ယူထားလို့ ငါ လူကို သတ်မှာ မဟုတ်ဘူးလို့ မင်းထင်နေတာလား... ငါပိုက်ဆံယူထားလို့ မရိုက်နိုင်ဘူး ဆိုတာ မရှိဘူး!"

"မင်း!"

လီထျန်းချင် မျက်လုံးများ ပြူးကျယ်သွားပြီး စကားမပြောနိုင်တော့ချေ။ ချန်ရှီက သူ့ကို တစ်ချက်ကြည့်ကာ ပြုံးပြလာ၏။

"မင်းငါ့ကို အဂ္ဂိရတ်ဆေးအိုး ၄၆ အိုးစာ ပေးစရာရှိသေးတယ်နော်... မြန်မြန်ထပြီး လုပ်လေ!"

လီထျန်းချင်လည်း လိမ်လိမ်မာမာနဲ့ ဆေးသန့်စင်ဖို့ ပြန်လှည့်သွားခဲ့သည်။

ဤကာလအတွင်း သူ၏ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှု အလွန်တိုးတက်လာပြီး သူ သန့်စင်ထားသော ဝိညာဥ်ရှင်ပြန်ဆေးရဲ့ အရည်အသွေးကလည်း ပိုမိုမြင့်မားလာခဲ့သည်။ ဆေးမီးဖိုတစ်ခုအတွက် သူတောင်းသော ငွေဆယ်ချောင်း၏ စျေးနှုန်းသည် အနည်းငယ်နည်းသည်ဟုပင် ခံစားလာမိသည်။

သို့သော် လူကြီးမင်းချန်က မီးဖိုတစ်ရာအတွက် အမိန့်ထုတ်ထားပြီး​ပြီ ဖြစ်သည်။ စျေးတက်ချင်ရင်တောင်မှ အဂ္ဂိရတ်ဆေးအိုးပေါင်း ရာကျော်ကို အရင်သန့်စင်ပြီးတဲ့အထိ စောင့်ရပါလိမ့်မည်။

သိပ်မကြာခင်မှာပဲ ဘုရင်ခံရွှီနဲ့ တခြားလူတွေက ခရိုင်မြို့တော်မှာ နေထိုင်ရမယ့် လိပ်စာကို ပေးပို့ဖို့ လူတွေကို စေလွှတ်လိုက်ပါ၏။ ချန်ရှီ လက်ခံခဲ့ပေမယ့် ပြည်နယ်မြို့တော်မှာ နေထိုင်ဖို့ မသွားခဲ့ပါဘူး။ ယင်းအစား ဟွမ်ဖောရွာမှာပဲ ဆက်နေခဲ့သည်။

သူ မြို့ထဲက ဘယ်သူ့ကိုမှ မသိသော်လည်း အိမ်တွင်တော့ ကျူးရှို့ချိုင်၊ ကန့်ညောင်နဲ့ ဟွမ်ဖောရွာရဲ့ ချစ်စရာကောင်းသော ရွာသားများ ရှိသည်။ မြို့ထဲမှာ နေ့တိုင်း ခွေးလေး ပျော်ပျော်ရွှင်ရွှင် ပြေးလွှားနေဖို့ နေရာကလည်း မရှိချေ။

ချန်ရှီ မြို့သို့ မပြောင်းရသေးသည်ကို မြင်ရသဖြင့် ဘုရင်ခံရွှီ အိမ်အကူများနှင့် အဆိုတော်များကို အိမ်ကြီးတွင် နေထိုင်ခွင့်ပေးကာ လုံ့လစိုက်ထုတ်၍ ချန်ရှီကို လာနေဖို့ တိုက်တွန်း​နေခဲ့သည်။

ထိုနေ့တွင် ချန်ရှီသည် အလင်းသုံးပါးကျင့်စဥ်ကို ပုံမှန်အတိုင်း လေ့ကျင့်နေခဲ့သည်။ ထိုအခိုက် သူ့ခန္ဓာကိုယ်ထဲရှိ ရွှေအမြုတေ ဆေးလုံးလေးသည် အနက်ရောင်မှ တောက်ပသော အဝါရောင် ရွှေအမြုတေ အဖြစ်သို့ ပြောင်းလဲသွားသည်။

"နောက်ဆုံးတော့ ငါ ရွှေအမြုတေနယ်ပယ် ပဉ္စမအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ... ဇွဲသာ မကောင်းခဲ့ရင် ငါ လီထျန်းချင်ထက် ရက်တွေအများကြီး နောက်ကျနေလိမ့်မယ်"

လွန်ခဲ့သည့် သုံးရက်ကပင် လီထျန်းချင်သည် ရွှေအမြုတေရဲ့ ပဉ္စမအဆင့်ကို ပြုစုပျိုးထောင်ခဲ့ပြီ ဖြစ်သည်။ ချန်ရှီသည် ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားရဲ့ တိုးတက်မှုနှုန်းကို ဘုံကျောင်းငယ်ထဲက နတ်ကွန်းနှစ်ခုကို အုပ်စိုးသည့် အချိန်မှသာ အမီလိုက်နိုင်မည်ဖြစ်သည်။ ယခုအခါ ဘုံကျောင်းများထဲမှ တစ်ခုသည် လွတ်နေသဖြင့် သူ့ကျင့်ကြံမှု အရှိန်ကလည်း လီထျန်းချင်လောက် မမြန်ပေ။

"တန်ခိုးကြီးတဲ့ နတ်ဆိုးကို ဘယ်မှာ ဖမ်းရမှာလဲ..."

သူ တွေးနေရင်းနဲ့ အိုးမည်းက ရုတ်တရက် ဟောင်လာ၏။ ချန်ရှီနှလုံးခုန်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်မှာ မီးကို မြင်​နေရပြီ။ နေက ၎င်းရဲ့ မျက်လုံးတွေကို ဖြည်းညှင်းစွာ မှိတ်ချနေပြီပဲ ဖြစ်သည်။

"အ​စောကြီး​ မှောင်​​နေပြန်​ပြီ!"

ချန်ရှီ အံ့သြသွားပြီး မိုးမခပင်အိုကြီးအောက်မှ မတ်တပ်ထရပ်လိုက်သည်။ ရွာအပြင်ဘက်တွင် အလုပ်လုပ်နေသော ရွာသားများသည် ခက်ရင်း၊ ပေါက်ပြားများနှင့် အခြားလယ်ယာသုံးကိရိယာများကို ကိုင်ဆောင်ကာ ရွာဘက်သို့ လှုပ်လှုပ်ရွရွဖြင့် ပြေးနေကြလေပြီ။

မှောင်နေပြီ။ ယခင်ကထက် နာရီဝက်စောပြီး တစ်ဖန် ပြန်မှောင်လာပြန်သည်။ မော့ကြည့်လိုက်တော့ နေနှစ်စင်းရဲ့ အပေါ်က လခြမ်းဟာ အရင်ကထက် အနည်းငယ် ပိုကြီးလာတာ တွေ့လိုက်ရသည်။

သူ့စိတ်တွေ တဒိန်းဒိန်း ခုန်နေပြီး ရုတ်တရက် အကြံအစည်ဆိုးတွေ ပေါ်လာသည်။

"တကယ်လို့ တစ်နေ့မှာ နေက မျက်လုံးကို ထာဝရပိတ်ပြီး လပဲ ရှိမယ်... နေ့ရော ညပါ မရှိတော့ရင် ဘာဖြစ်မလဲ"

ပထမအကြိမ် ညအစောပိုင်း ကျရောက်ချိန်မှစ၍ အလားတူဖြစ်စဉ်က သုံးကြိမ်လောက် ဖြစ်ပွားခဲ့သည်။ ည မှောင်လာချိန် စုစုပေါင်း လေးပုံတစ်ပုံခန့် ပိုစောလာသည်။ တစ်နာရီ လေးပုံသုံးပုံလောက် စောပြီး မှောင်သွားပေမယ့် နေ့က စောပွင့်မလာခဲ့။

တစ်နည်းဆိုရသော် ညသည် တစ်နာရီ၏ လေးပုံသုံးပုံ ကြာသည်။

တစ်စုံတစ်ခုသည် ကျုံ့သွားချိန်တွင် တစ်ခုက ပိုမိုအားကောင်းလာပါက အနောက်နွားရှင်းကျိုးဟာ အမှန်တကယ်ပင် ထာဝရညသို့ ရောက်ရှိသွားပေလိမ့်မည်။

နတ်ဆိုးတွေ သောင်းကျန်းတဲ့ ညမှာ လူတိုင်း ရွာအပြင်မှာ ပေါ်လာနိုင်ပါ့မလား။

"အဲဒီတုန်းက ကပ်ဘေးက ကျိုင်းအဆင့်လား အယ့်အဆင့်လား... ဒါမှမဟုတ်... ကမ္ဘာကြီးရဲ့အဆုံးသတ်လား..."

ချန်ရှီက သူ့စိတ်ထဲက ဆိုးရွားတဲ့ အတွေးတွေကို ဖယ်ထုတ်ဖို့ ခေါင်းယမ်းလိုက်သည်။

သို့သော် အရေးတကြီး ခံစားချက်က သူ့အလိုလိုပေါ်လာပြီး ထာဝရညသည် အနာဂတ်တစ်ချိန်ချိန်တွင် အမှန်တကယ် ဖြစ်လာနိုင်သည်ဟု သူ ခံစားလာမိသည်။ သူ့ရဲ့ ကျင့်ကြံမှုကို တတ်နိုင်သမျှ မမြှင့်တင်ထားနိုင်ရင် ထာဝရည ရောက်လာတာနဲ့ ကြောက်ပြီး အသက်ရှင်ဖို့ အခွင့်အလမ်း မရှိတော့မှာ ကြောက်ရလေ၏။

"ပြင်ပအာကာသက နတ်ဘုရားက အကြီးကျယ်ဆုံး အယ့်အဆင့် ဘေးဥပဒ်ပဲ... သူ့ရဲ့ ပြောင်းလဲမှုတွေက ခဏခဏ ကမ္ဘာကြီး ပျက်စီးတော့မယ့် အဆင့်မှာ ရှိနေတာ"

စိတ်ထဲမှာ တိတ်တိတ်လေး ပြောလိုက်မိသည်။

ဒီအချိန်အစောပိုင်းက နာရီလေးပုံတစ်ပုံလောက်သာ မှောင်နေပေမယ့် သိပ်မကြာဘူးထင်ရတဲ့ သက်ရောက်မှုက ကြီးမားလှသည်။ ရက်တွေတိုလာတယ်၊ ညတွေ ပိုရှည်လာတယ်၊ နတ်ဆိုးတွေက ပိုတက်ကြွလာတယ်၊ အမှောင်ပင်လယ်ထဲက ဘီလူးတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကတောင် အရင်ကထက် ပိုပြင်းထန်လာတယ်။

ချန်ရှီ ဆေးရောင်းရန်အတွက် ခရိုင်မြို့သို့ ရောက်လာသောအခါ နတ်ဆိုးများသည် ရှင်းရှန်ပြည်နယ် နယ်ခြားစောင့်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း သတင်းကြားလိုက်ရသည်။ နတ်ဆိုး ဘီလူးများသည် မြို့စောင့်တပ်များကို ဖြတ်ကျော်ဝင်ရောက်ကာ ရွာများနှင့် မြို့များသို့ ဝင်သောင်းကျန်းခဲ့သဖြင့် လူတွေ အများကြီး သေဆုံးခဲ့ကြောင်း သတင်းများတောင် ထွက်ပေါ်လာခဲ့​သေးသည်။

ထို့အပြင် လရောင်၏ ပြင်းထန်မှုမှာလည်း တိုးလာနေသည်။ လက အရင်ကထက် ပိုတောက်ပ၏။ လထဲက မကောင်းသော စွမ်းအင်သည် နတ်ဆိုးများ၏ ခွန်အားကို များစွာ တိုးမြင့်စေပြီး အလောင်းကောင်များကလည်း လရောင် စုပ်ယူမှု ပိုမိုဆိုးရွားလာသည်။

ချန်ရှီ တာဝန်ယူထားသောကြောင့် ချန်ယန်တောင်သည် အဆင်ပြေသော်လည်း ရံဖန်ရံခါတွင် နတ်ဆိုးများက ဖြတ်သွားကာ မကောင်းမှု ပြုနေသေးသည်။

ချန်ယန်တောင် အပြင်ဘက်မှာ နောက်ထပ် ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ရှိနေသေး၏။ တစ်ချိန်တည်းမှာပင် မြို့နှင့် ကျေးလက်ကလူများ ထိတ်လန့်တုန်လှုပ်စွာ နေထိုင်သွားလာ နေကြရသည်။

လီထျန်းချင်ကတော့ အိမ်မှာပဲ အသက်မွေးဝမ်းကြောင်းပြုရင်း ကျင့်ကြံသည်။ ချန်ရှီသည် ဟေးကော်နဲ့အတူ လမ်းမှ လမ်းပေါ်ထွက်ကာ ရွာတိုင်းနှင့် မြို့တိုင်းတွင် အဆောင်လက်ဖွဲ့များ ရောင်းရင်း နတ်ဆိုးများကို သုတ်သင်သည်။

နတ်ဆိုးများကို သုတ်သင်သည့် အခါတိုင်း အလွန်သက်သာသော ဈေးပေးရသည်။

သူသည် ယခု ဝိညာဥ်ရှင်ပြန်ဆေး များစွာကို ရောင်းချပြီးဖြစ်ပြီး ဤငွေအနည်းငယ်မျှက စကားထဲ ထည့်မပြောတော့ပေ။ သူ၏ အဓိက ရည်ရွယ်ချက်မှာ လူများကို နတ်ဆိုးများရန်က သတ်ဖြတ်ခြင်း မခံရအောင် တားဆီးဖို့သာ ဖြစ်သည်။

ထိုနေ့တွင် ချန်ရှီက အရှေ့မှ လှမ်း၍ ဟေးကော်က သစ်သားတွန်းလှည်းထဲတွင် ထိုင်နေသည်။ လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ဟာ ရှန်းဟယ်မြို့သို့ သွားနေခဲ့သည်။

ဤမြို့သည် ချန်ယန်တောင်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ချန်ယန်တောင်မှ မြစ်ဖျားခံသော ရှန်းမြစ် ရှိ၏။ ၎င်းက ဖြည်းညှင်းစွာ စီးဆင်းပြီး ပင်လယ်ထဲသို့ အရှေ့ဘက်မှ ကွေးစီးဆင်းသွားသည်။

ရှန်းဟယ်မြို့က မြစ်အတိုင်း မှည့်ခေါ်သည်။ ထိုမြို့တွင် ငါးပုံသဏ္ဌာန်ရှိသော ပင်လယ်ဘီလူး၏ သားပေါက်ဟု ဆိုကြသော ချိုမြိန်မြိန် အရသာနဲ့ ငါးမျိုးရှိသည်။ နှစ်စဉ်နှစ်တိုင်း ဆောင်းဦးရာသီတွင် မိစ္ဆာကောင်သည် ဆောင်းရာသီကို ကုန်ဆုံးရန် ချန်ယန်တောင်၏ ပင်းချွမ်ပင်လယ်အော်သို့ ကူးခတ်လာကြသည်။ ထို့နောက် ကြီးပြင်းလာရန် ရှန်းမြစ်တစ်လျှောက် ရေစီးကြောင်းအတိုင်း ကူးခတ်နေတတ်သည်။

လာမည့် နွေဦးရာသီတွင် ၎င်းသည် ရေအောက်၌ မျှောပြီး ပင်လယ်ထဲသို့ ပြန်လည် ဝင်ရောက်ကာ အမှောင်ပင်လယ်ထဲ၌ လူစားသော ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။

ချိုမြသောငါး၏ အရသာသည် အထူးကောင်းမွန်ပြီး ထူးခြားသော ရနံ့ရှိကာ ငါးအရိုးလည်း မပါဘဲ နူးညံ့ချောမွေ့သည်။ ငါးအသားသည် နူးညံပြီး ဝါးစားလိုက်တိုင်း အလွန်လန်းဆန်းရာ အရသာ​ကောင်း ကြိုက်သူများက အလွန် ကြိုက်နှစ်သက်သည်။

ချန်ရှီမြို့ကို ရောက်တဲ့အခါ ချိုမြိန်မြိန်ငါး ဈေးတက်တဲ့ အချိန်ပါပဲ။ လေထဲမှာတော့ လူတွေရဲ့ ခံတွင်းသွားရည် ကျစေတဲ့ ငါးတွေရဲ့ အမွှေးအကြိုင် ရနံ့တွေနဲ့ ပြည့်နေ၏။

ထိုအချိန်တွင် ကြေးဇလုံကိုင်ဆောင်ကာ လမ်းတစ်လျှောက်ရှိ ဈေးဆိုင်များမှ ဆွမ်းခံနေသည့် ရဟန်းငယ်တစ်ပါးကို တွေ့လိုက်ရသည်။ ဘုန်းကြီးတစ်ပါး ရောက်လာပြီးတာနဲ့ မျက်နှာကို ပဝါ​အုပ်ထားတဲ့ ကောင်မလေး တစ်ယောက်လည်း ရောက်လာ၏။

ဘုန်းကြီးက သတ်သတ်လွတ်စားဖို့ပဲ တောင်းဆိုပြီး အသားမစားချေ။

"ဆရာတူဦးလေး ညစာစားချိန် ရောက်ပါပြီ!"

ဘုန်းကြီးဝူချန် ဝမ်းသာသွားသည်။ သူက ကြေးဇလုံကိုင်ထားရင်း စားသောက်ဆိုင်က ထွက်လာပြီး။

"ဆိုင်ပိုင်ရှင်က ကျွန်တော်တို့ကို မုန့်ပေါင်းနဲ့ ပန်းလိပ်တွေကို ပေးလိုက်တယ်... စေတနာ အရမ်းကောင်းတယ်...အခုနကမှ အိုးထဲက ဆယ်ထားတာ... လတ်ဆတ်ပြီး နူးညံ့တယ်... ဒကာလေးချန်!"

သူမော့ကြည့်လိုက်ချိန် ချန်ရှီကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။ သို့သော် ချန်ရှီကို အမြန်မှိတ်ပြပြီး အမြန်ပြေးဖို့ အချက်ပြလိုက်သေး၏။

မိန်းကလေးငယ်​ တစ်ယောက်ရဲ့ အသံထွက်လာလေသည်။

"အလှူရှင်လေးချန်? မင်းဒီကို ရောက်လာပြီဆိုမှတော့ ဘာလို့ အတူတူ ထမင်းလာမစားရတာလဲ? ဝူချန် ဆိုင်ထဲကို ထပ်သွားပြီး အလှူခံလိုက်ပါဦး!"

ချန်ရှီသည် ဘုန်းကြီးဝူချန်မှာ သူ့ခေါင်းကို တင်းတင်းကိုင်ကာ စားသောက်ဆိုင်ထဲ လျှောက်ဝင်သွားတာကို ကြည့်​နေလိုက်သည်။

"တပေါက်ဖာဘုံကျောင်းက ကြီးမြတ်တဲ့ သခင်တစ်ယောက် အစာတောင်းစားတဲ့ အထိ ပြုတ်ကျသွားရပြီ... မိန်းကလေး နာမည် ဘယ်လိုခေါ်လဲ"

"ရင့်ရူးမုန့်..."

မိန်းကလေးက သူ့ကိုကြည့်ကာ အပြုံးတစ်ပွင့်နဲ့ ပြော​ပြသည်။

"တပေါက်ဖာဘုံကျောင်းက ဘုန်းကြီးတွေအတွက် ဆွမ်းတောင်းတာက နာမ်ပိုင်းဆိုင်ရာ ကျင့်စဉ်တစ်ခုပါပဲ... ဝူချန်က အရင်က ဒီလိုမျိုး ဓမ္မကျင့်စဉ်မျိုး မရှိခဲ့ဘူး ဒါကြောင့် ငါ့နောက်ကို လိုက်ဖို့က သူ့စိတ်ကို မွေးမြူဖို့ အခွင့်အရေးကောင်းပဲ"

ချန်ရှီ လှည့်၍ သူမကို မျက်နှာမူလိုက်သည်။

"နတ်ဆိုးတွေကလည်း သူတို့ရဲ့စိတ်တွေကို ပြုစုပျိုးထောင်ပေးဖို့ လိုတာလား?"

ဘာသာပြန် - စာရေးဆရာကိုပဲ 师叔 ဆရာတူဦးလေး လို့ သုံးထားတာပါ။ အနောက်က 叔 က ဦးလေးဆိုတဲ့ အဓိပ္ပာယ်ပါ။ ရင့်ရူးမုန့်ကတော့ လက်ရှိ မိန်းကလေးပါ။

All Chapters