← Chapters

အစွန်းရှစ်ပါးရွှေနန်းတော်ရဲ့ သက်တမ်းကန့်သတ်ချက်

Vol. 13 Ch. 191

အစွန်းရှစ်ပါးရွှေနန်းတော်ရဲ့ သက်တမ်းကန့်သတ်ချက်

Vol. 13 Ch. 191

သူသည် မယ်မယ်ရှစ်ကျီကို ဟွာရှရှန်ကျိုးက နတ်ဘုရားတစ်ပါးဖြစ်သည်ဟု အမြဲတွေးထင်ခဲ့သော်လည်း မယ်မယ်ရှစ်ကျီသည် သူမ၏နတ်ဆိုးစွမ်းအားကို ထုတ်ဖေါ်ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုကာ သူ့ဘုံကျောင်းငယ်လေးတွင် ပထမဆုံး နေထိုင်သော အမှန်တကယ် နတ်ဆိုးဖြစ်​နေကြောင်းကို သိရှိသွားစေခဲ့သည်။

နတ်ဆိုးရဲ့ ပုံစံအစစ်ကို ပြန်လည်ပုံဖော်ရန် သူသဘောတူခဲ့သည်။ သူ့အဖြစ်က ဝံပုလွေပါးစပ်က ထွက်ပြေးပြီး ကျားတွင်းထဲ ပြန်ကျသွားသလိုပါပဲ။

"အရှင်သံတမန်... သူနဲ့ သိပ်အဆက်အသွယ် မလုပ်ပါနဲ့ မဟုတ်ရင် ကျွန်မရဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်နဲ့ ဒီနတ်ဆိုးလေးက ဒုက္ခလာပေးမှာ သေချာတယ်"

ရှစ်ကျီက တိုးတိုး​​လေး ပြောသည်။ ချန်ရှီ အားရပါးရ ပြုံးကာ မေးလိုက်သည်။

"ဦးလေးရင့် ဘယ်သွားမလို့လဲ"

ရင့်ရူးမုန့် ဘာမှ သိပ်ပြန်မဖြေရဲပေ။

"လေ့ကျင့်ဖို့ လူ့ကမ္ဘာမှာ လှည့်လည်ရမယ်... ပြင်းထန်တဲ့ နတ်ဆိုးစွမ်းအင်ရှိတဲ့ နေရာကို ရှာနေတာပါ"

ချန်ရှီ သက်ပြင်းတစ်ချက်ချပြီး ဆိုလိုက်သည်။

"ကျွန်တော်က ရှဲ့၊ ဆွေ့တွေကို သုတ်သင်ဖို့ ထွက်လာခဲ့တာ...ကြည့်ရတာ ကျွန်​တော်​တို့က လမ်းမတူဘူးထင်တယ်... အဲဒါကြောင့် ကျွန်တော် လိုက်မပို့တော့ဘူးနော်"

ရင့်ရူးမုန့်ကလည်း တိတ်တိတ်လေး သက်ပြင်းချလေ၏။

"ဒါဆို သူက ငါ့ကို ပို့တယ်လို့ ပြောလိုက်တာက ငါ့ကို လွှတ်ပေးဖို့ တကယ် ရည်ရွယ်ခဲ့တာပဲ...ငါက သူငါ့ကို သတ်ပစ်မယ်လို့ ထင်နေတာ...."

ကမ္ဘာကြီးက အန္တရာယ်များပြီး အရွယ်မရောက်ခင်မှာ ပေါ့ပေါ့ဆဆ မလုပ်ဆောင်ရဘူးလို့ သူမ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတာကြောင့် မြန်မြန်ဆန်ဆန် နှုတ်ဆက်ခဲ့လိုက်သည်။

ဘုန်းကြီးဝူချန်က ဦးညွှတ်လေသည်။

"ဒကာလေးချန်ကို နှုတ်ဆက်ခဲ့ပါတယ်!"

အဲဒီနောက် ကမန်းကတန်း သူမနောက်ကို လိုက်သွားခဲ့သည်။ ချန်ရှီလည်း သူတို့ ထွက်သွားတာကို ကြည့်ပြီး နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားပေမယ့် သူ့နှလုံးသားက ပိုလေးလာပြန်၏။

ရင့်ရူးမုန့်က ထွက်သွားပေမယ့် မယ်မယ်ရှစ်ကျီကတော့ ဒီမှာရှိနေတုန်းပင်။ သူမအတွက် သူမရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်လည် ပုံဖော်ပေးရတော့မည်။

"ကျားက လူသားစားတယ်... သရဲတစ္ဆေတွေ လူသားစားရင် ဝိုင်းသတ်ပြီး စားတယ် ပြီးရင် အစားထိုးပြန်ရှာခိုင်းတယ်... အဲဒါကို ကျားရဲ့ကြံရာပါလို့ ခေါ်တယ် အခု ငါက ကျားရဲ့ ကြံရာပါ ဖြစ်နေတာလား"

ဒါကို သူတွေးတုန်းရှိသေး သူ့ရဲ့စစ်မှန်တဲ့ ချီစွမ်းအင် စီးဆင်းမှုဟာ အလွန်ချောမွေ့လာတယ်လို့ ခံစားလိုက်ရပြီး ရွှေအမြုတေ ဆေးလုံးလေးရဲ့ ရွေ့လျားမှုက အရင်ကထက် ပိုပျော့ပြောင်း၊ ချောမွေ့လာတယ်လို့ ခံစားလိုက်ရရာ တစ်ယောက်တည်း အံ့သြသွားခဲ့ရသည်။

မယ်မယ်ရှစ်ကျီ နိုးလာပြီးနောက် သူ့ရဲ့ချီကို ထိန်းညှိပေးကာ ရွှေအမြုတေကို သန့်စင်ပေးခြင်းဖြင့် ယခင်ကထက် ပိုမိုလွယ်ကူလာခဲ့သည်။ အထူးသဖြင့် မယ်မယ်ရှစ်ကျီရဲ့ လမ်းညွှန်မှုအောက်တွင် ရွှေအမြုတေသည် နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့ကို သန့်စင်ပေး​နေသည်။

ရွှေအမြုတေက ချီအတွင်းခန်း အပါအဝင်၊ ခုနှစ်ချက်တုံ့ပြန်၊ ရှစ်ချက်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာတို့ကို လျှင်မြန်စွာ တိုးတက်လာစေခဲ့သည်။

အရင်ကထက် ပိုမြန်လာခဲ့သည်။

ချန်ရှီ အလင်းသုံးပါးကျင့်စဥ် အသက်သွင်းလိုက်တဲ့အခါ ဘုံကျောင်းငယ်လေးထဲရှိ နေ၊ လနှင့် ကြယ်တို့သည် ဒီရေတက်လာသကဲ့သို့ ကြီးမားပြီး တုနှိုင်းမရတဲ့ အလင်းတန်းများ ဖုံးလွှမ်းလာတော့သည်။ ကောင်းကင်က အလင်းသုံးမျိုးသည် ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းလာသည်။

၎င်းတို့က ရွှေအမြုတေကို ရစ်ပတ်ကာ ခဏတာလေး အတွင်းမှာပဲ တိုးတက်မှုက တစ်နေကုန် ကြိုးစားလေ့ကျင့်တာထက် ပိုကောင်းသွား၏။ သူ လီထျန်းချင်ကို အမီလိုက်နိုင်ဖို့ သိပ်မကြာလောက်တော့ချေ။

တစ်နည်းဆိုရသော် မယ်မယ်ရှစ်ကျီရဲ့ "နတ်သန္ဓေသား" အတုသည် ခရမ်းကျောက်စိမ်း နတ်သန္ဓေသားထက် များစွာသာလွန်သည်။

"မွေးရာပါ တာအိုသန္ဓေသားနဲ့ ယှဉ်နိုင်​လောက်လား"

ချန်ရှီ တစ်ယောက်တည်း တွေးနေမိသည်။

အခု မယ်မယ်ရှစ်ကျီဟာ နတ်သန္ဓေသားတစ်ဦးဖြစ်ပြီး သူမ၏ ကြီးထွားမှုနှုန်းသည် အလွန်လျင်မြန်သည်။ ၎င်းသည် မွေးရာပါ တာအိုသန္ဓေသားရဲ့ ကြီးထွားနှုန်းကို ပြသနေသလိုပင်။ လူတစ်ဦးသည် ဆယ်နှစ်တိုင်တိုင် အတားအဆီးမရှိဘဲ အပြင်းအထန် လေ့ကျင့်ပါက ဘယ်အတိုင်းအတာအထိ တိုးတက်နိုင်လောက်သလဲ။

"ငါ့မှာ နတ်ကွန်းတစ်ခု အပိုရှိသေးတယ်... ဘု့ကျောင်းထဲကို အစောက နတ်ဆိုးမကိုသာ ထည့်ပြီး လေ့ကျင့်နိုင်ရင် မွေးရာပါ တာအို သန္ဓေသားကို ကျော်လွန်နိုင်မလား မသိဘူး"

တစ်နည်း စဉ်းစားမိပြန်သည်။

ကံမကောင်းစွာပဲ ရင့်ရူးမုန့်သာ ဘုံကျောင်းထဲဝင်သွားလျှင် မယ်မယ်ရှစ်ကျီဟာ အပြင်ဘက်တွင် သန်မာသော်လည်း အတွင်းပိုင်းတွင် အားနည်းနေကြောင်း သဘောပေါက်သွားပြီး မိမိအတွက် အန္တရာယ် ဖြစ်လာလိမ့်မည်။

"သံတမန်ရဲ့ အရည်အချင်းက မဆိုးပါဘူး!... မင်းကျင့်တဲ့ ကျင့်စဥ်က မသေမျိုးလမ်းစဥ်ကို မွေးမြူဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တဲ့ ကျောက်စိမ်းဧကရာဇ်နှလုံးကျင့်စဥ် လို့ခေါ်တဲ့ မြင့်မြတ်ကောင်းကင်နှလုံး ဖြောင့်မတ်မှန်ကန်တဲ့ နည်းလမ်းကနေ လာတာ...."

ချန်ရှီသည် မွေးရာပါ တာအိုသန္ဓေသားနှင့် ပတ်သက်သော အတွေးအမြင်များကို မျိုသိပ်ကာ ခေါင်းခါလိုက်၏။

"ကျွန်တော် ရထားတဲ့ အလင်းသုံးပါးကျင့်စဥ်မှာ အမတလမ်းစဥ်ကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းမရှိဘူး"

မယ်မယ်ရှစ်ကျီလည်း အံ့အားသင့်သွားသည်။

"မင်းမှာ အသွင်ပြောင်းဖို့ မှော်ပညာမရှိရင်လည်း အရေးမကြီးပါဘူး အလင်းသုံးပါးကျင့်စဥ် ပညာမှာ နတ်မီးဖုံးနဲ့ ကောင်းကင်လမ်းစဥ် ပါ၀င်တယ်.. အနီးနားက နတ်တွေနဲ့ အဝေးက နတ်တွေကို ဖမ်းယူနိုင်တယ် အဲဒါကလည်း အရမ်း အစွမ်းထက်ပါတယ်"

ချန်ရှီ ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး"

မယ်မယ်ရှစ်ကျီက တခဏမျှ တိတ်ဆိတ်သွားပြီး ထပ်မေးလိုက်သည်။

"နတ်ဆိုးတွေကို သန့်စင်ပေးတဲ့ စည်းတံဆိပ်ရော?"

"မရှိဘူး"

"ဧကရာဇ်ငါးပါးရဲ့ နတ်ဘုရားတွေကို အမိန့်ပေးစွမ်းအင်ကရော?"

"အဲဒါလည်း မရှိဘူး"

……

သူရရှိထားသော အလင်းသုံးပါးကျင့်စဥ်က တကယ်ကို မပြည့်စုံကြောင်း ချန်ရှီ သဘောပေါက်သွားသည်။ ၎င်းတွင် ဘယ်လို မှော်စာလုံး၊ အမတ အသွင်ပြောင်းရေးနည်းလမ်း၊ နတ်ဆိုးများကို သန့်စင်ခြင်းနှင့် တပ်များကို စည်းရုံးခြင်း၊ မြင့်မြတ်သော မျိုးနွယ်ဆက်နည်းများကဲ့သို့သော တိုက်ခိုက်ရေးနည်းလမ်းများ မပါဝင်ပါ။

သိပ်ပြီး မပြည့်စုံတာ သိသာပါ၏။

အံ့ဩစရာ​တော့ မဟုတ်ချေ။ အလင်းသုံးပါးကျင့်စဥ်ဟာ ဘုရင်ကျန်း ဂူဗိမာန်အပြင်ဘက်ရှိ ကျောက်ပြားပေါ်တွင် ရေးထွင်းထားသော ကိုယ်ခံပညာ ကျင့်စဥ်တစ်ခုသာ ဖြစ်သည်။ ကျောက်​ပြားကြီးသည် အလွန်ကြီးမားပြီး ၎င်းပေါ်တွင် ရေးထွင်းနိုင်သော အရာအနည်းအကျဉ်းသာ ရှိ၏။ ကိုယ်ခံပညာ တချို့ကိုသာ ထွင်းထုထားပြီး အခြားနည်းလမ်းများကို ချန်လှပ်ထားခဲ့သည်။

မယ်မယ်ရှစ်ကျီက ခဏလောက် နှုတ်ဆိတ်သွားပြီး ဆိုလိုက်သည်။

"သခင်လေး... ကျွန်မကို နောက်တစ်ကြိမ် ပြောင်ပြောင်တင်းတင်း ဝင်နေခွင့်ပြုပါ!"

ထို့နောက်တွင် သူမသည် ချန်ရှီရဲ့ ခန္ဓာကိုယ်ထဲသို့ ထပ်မံဝင်ရောက်ခဲ့ပြီး ခဏအကြာတွင် ခန္ဓာကိုယ်ကို ချန်ရှီဆီ ပြန်ပေးလိုက်သည်။

"ဒီကမ္ဘာကြီးက မပြည့်စုံတော့ ဟွာရှနဲ့လည်း အဆက်အသွယ် ပြတ်သွားပြီ ကျွန်မတို့မှာ တပ်တွေကို စည်းရုံးဖို့ နည်းလမ်းရှိရင်တောင်မှ သူတို့ကို စည်းရုံးလို့ မရ​တော့ဘူး... ကျွန်မတို့မှာ မရှိရင် ကြီးကြီးမားမား လုပ်လို့ရတော့မှာ မဟုတ်ဘူး... သနားစရာတော့ ကောင်းတာပေါ့"

ချန်ရှီ အံ့သြသွားသည်။ ဘုရင်ကျန်း ဂူသင်္ချိုင်းထဲက ကျင့်စဥ်တွေက ကမ္ဘာပေါ်မှာ ရှားပါး​လေသည်။ သူသည် စန့်ရန် စုစည်းမှုတွင် ပါဝင်ခဲ့ပြီး အဆိုပါ လေ့ကျင့်သူများ၏ အရည်အချင်းများအကြောင်းကို သိရှိခဲ့သော်လည်း ၎င်းတို့သည် ဘုရင်ကျန်း၏ သင်္ချိုင်းထဲက ကျင့်စဥ်တွေထက် နိမ့်ကျနေဆဲ ဖြစ်သည်။

ဘုရင်ကျန်းဂူသင်္ချိုင်းရှိ အရည်အချင်းများပင် မပြည့်စုံသောကြောင့် ကမ္ဘာပေါ် ပျံ့နှံ့နေသော ကျင့်စဥ်စွမ်းရည်များက ဘယ်လောက်တောင် မပြည့်စုံနေလိုက်မလဲ စိတ်ကူးကြည့်နိုင်ပါသည်။

"ထူးဆန်းတယ်... ကျွန်မ ဒီကမ္ဘာကို လာတဲ့အခါတုန်းက ဒီအတိုင်းအတာအထိ ပြိုလဲမသွားသေးပါဘူး.... ဘာကြောင့် ဒီနှစ်တွေကြာအောင် တောင့်မခံနိုင်ရတာလဲ"

မယ်မယ်ရှစ်ကျီက ညည်းညူလိုက်သည်။ ထိုစဥ် ချန်ရှီမျက်နှာက လေးနက်လာပြီး သတိပေးစကား ဆိုလေ၏။

"ရှစ်ကျီ... တကယ်လို့ ကျွန်တော့်ခန္ဓာကိုယ်ကို သုံးချင်ရင် ကြိုပြောထားရမယ်.. ကျွန်တော် သဘောတူရင် ရတယ်... ကျွန်တော် သဘောမတူရင် ခင်ဗျားကိုယ်တိုင် လုပ်လို့မရဘူး နားလည်လား"

မယ်မယ်ရှစ်ကျီက ခပ်မြန်မြန် ပြုံးပြီး "နားလည်ပါတယ် နားလည်ပါတယ်... ရှစ်ကျီ ခုနက ရိုင်းစိုင်းခဲ့မိပါတယ်... ခွင့်လွှတ်ပါ အရှင်သံတမန်"

ချန်ရှီ သက်ပြင်းအသာ ချလိုက်သည်။ မယ်မယ်ရှစ်ကျီသာ တစ်ခုခုမှားသွားခဲ့လျှင် သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"ကောင်းကင်နဲ့မြေကြီး ပြိုကျတယ်လို့ ခင်ဗျား ပြောတာက ဘာအကြောင်းလဲ။"

ချန်ရှီ လှည်းပေါ်မှာထိုင်ပြီး ဟေးကော်အား လှည်းကို လွတ်လွတ်လပ်လပ် မောင်းခိုင်းလိုက်သည်။

မယ်မယ်ရှစ်ကျီ: "အနောက်နွားရှင်းကျိုး ကျွန်းပေါ်ကို ပထမဆုံး ဆင်းသက်ချိန်တုန်းက ဒီကမ္ဘာကြီးက မပြည့်စုံဘူး.. တကယ့် နေနဲ့ လဆိုတာ မရှိဘူး ထူးဆန်းတဲ့ စွမ်းအားတွေရှိတဲ့ နေနဲ့ လလို ပြုမူတဲ့ အာကာသထဲက ဧရာမ သတ္တဝါတွေရဲ့ မျက်လုံးတွေပဲ ရှိတယ်။ တကယ့် နေနဲ့ လဆိုတာ မရှိတဲ့အတွက် ရာသီလေးခု မရှိဘူး။ ရာသီလေးခု မပြောင်းလဲဘဲနဲ့ တောတောင်တွေလို လူတွေရဲ့ ဘဝနေထိုင်မှု သက်တမ်း နှစ်ဆယ်တောင် မရှိတော့ဘူး... တိရစ္ဆာန်မွေးမြူတာ၊ ငါးဖမ်းတာတွေကအစ ဟွာရှနဲ့ ကွာခြားပြီး အာကာသမှ ဧရာမသတ္တဝါ​​ကြီး အပေါ်ကိုပဲ မှီခိုလာကြရတယ်”

သူမသည် ဝေးလံခေါင်သီသော နေရာကို ကြည့်ရင်း ပြောနေသလိုပင်။

"အခုအချိန်မှာ လူသားတွေရဲ့ စွမ်းအားက အသုံးမဝင်တော့ဘူး...လူတွေရဲ့ နေ့စဉ်ဘဝ၊ လယ်ယာ၊ ငါးဖမ်း၊ တစ်နေ့ သုံးနပ်စားတာ ဒါတွေက ကောင်းကင်ပြင်နတ်ဘုရား အပေါ်မှာ မူတည်တယ်.... ဟွာရှရှန်ကျိုးမှယ ကျင့်ကြံတဲ့ သူတွေက သဘာဝဘေးအန္တရာယ်တွေကို တိုက်ဖျက်နိုင်ပြီး ရိက္ခာသီးနှံတွေ ရိတ်သိမ်းဖို့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ပေးနိုင်တယ်....ပြည်သူတွေကို ကောင်းကင်ဘုံ စစ်သည်နဲ့ စစ်သူကြီးတွေ အားလုံးက ကာကွယ်စောင့်ရှောက်နိုင်တယ်... ဒီလို အာကာသထဲက ဧရာမသတ္တဝါကို ရင်ဆိုင်ရတာက အချည်းနှီးပဲ လူက သဘာဝကို အောင်နိုင်တယ် အဲဒါကြောင့် ကောင်းကင်နဲ့ မြေကြီး ပြိုကျနေပြီလို့ ငါပြောခဲ့တာ..."

ချန်ရှီ တစ်ခုခုကို တွေးနေပုံဖြင့် တိတ်ဆိတ်နေသည်။

"အခု... ကောင်းကင်ပြင်နတ်ဘုရားမှာ မထင်မှတ်ဘဲ တစ်ခုခု ဖြစ်သွားပြီ"

မယ်မယ်ရှစ်ကျီက တစ်ခုခုကို အာရုံခံစားမိပုံဖြင့် ရေရွတ်လေသည်။

"အဲဒါက ကောင်းကင်နဲ့ မြေကြီးပြိုကျမှုကို ပိုဆိုးစေမယ်... နတ်ဆိုးတွေရဲ့ စွမ်းအားကို ပိုအားကောင်းစေလိမ့်မယ်"

သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး: "ပြိုကျမှုက ပိုဆိုးလာတာလား... ပြိုကျတာကို ရှီးကျင်းလည်း သတိပြုမိ​လောက်ပြီ သူတို့မှာ ဘယ်လို တုံ့ပြန်မှုတွေ ရှိမလဲလို့တော့ တွေးမိသား..."

ဤတစ်ကြိမ် ကုံကျိုးက ပြန်လာသောအခါတွင် ချန်ရှီရဲ့ ကျင့်ကြံမှု အဆင့်သည် ရွှေအမြုတေ တတိယအဆင့်မှ အဆင့်၅ အထိ ဖြတ်သွားခဲ့ပြီး ဟန်ချန်းတို့ သက်ကြီးရွယ်အိုနှစ်ဦး၏ မိုင်သောင်းချီဓားပျံကိုလည်း ကျွမ်းကျင်လာကာ သူ့ခွန်အားက အလွန်တိုးတက်လာခဲ့ပြီ။

ထို့အပြင် ကုံကျိုး၏ ဖြိုခွင်းမှုကြောင့် တောင်များနှင့် မြစ်များ၏ ပထဝီဝင်မြေပုံသည် ကုံကျိုး ပြည်နယ်တစ်ခုလုံးကို တောက်ပစေပြီး ကုံကျိုးပြည်နယ်ရှိ နတ်များ၏ စွမ်းအားကို စုစည်းကာ အကာအကွယ် ထပ်ဆောင်းပေးနိုင်သော အလွှာတစ်ခု ဖြစ်လာခဲ့သည်။

သူအများကြီး ကြီးထွားလာတယ်လို့ ထင်ပေမယ့် ညက မယ်မယ်ရှစ်ကျီ ပြောခဲ့တဲ့အတိုင်း ကောင်းကင်နဲ့မြေကြီး ပြိုကျမှုက ပိုပြင်းထန်လာတယ် ဆိုတဲ့ စကားက သူ့ရဲ့ကျင့်ကြံမှုစွမ်းရည်ကို မြှင့်တင်လိုစိတ် ပြင်းပြလာစေခဲ့သည်။

ချန်ရှီ : "ဘုရင်မင်းမြတ်ခေတ်ကို အဆုံးသတ်တဲ့ ဘုရင်ကျန်းခေတ်ရဲ့ အဆုံးမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မယ်မယ် သိလား"

မယ်မယ်ရှစ်ကျီ: "မသိဘူး အနောက်နွားရှင်းကျိုးကို ရောက်တော့ ဒီကမ္ဘာကြီး ပျက်စီးနေတာကို တွေ့လိုက်ရတယ်... ကိုယ့်ကိုကိုယ် နတ်ဆိုးဖြစ်သွားလို့ အရမ်းပျော်သွားသေးတယ်... ဒေသခံနတ်ဆိုးတွေနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်လို့ ပြိုင်ကြည့်တာ မကြာခင်မှာ အင်အားအပြည့်နဲ့ သူတို့ကို ကျော်ဖြတ်နိုင်ခဲ့တယ်.... အဲဒီနောက် ဟွာရှကို ပြန်လာပြီး အဲ့ဆရာတပည့်ကို လက်စားချေဖို့ ကြိုးစားခဲ့တယ်... ကံမကောင်းချင်တော့ ဘုရင်ကျန်းလက်အောက်က ကျင့်ကြံသူတွေဆီမှာ အဖမ်းခံလိုက်ရတယ်"

သူမက ပြောရင်း မျက်ရည်ကျကာ :"နောက်တော့ ဟွာရှကို ပြန်တော့မယ်လို့ ပြောပြီး သင်္ဘောပေါ်တင်ပြီး ထွက်လာခဲ့တယ်... ကျွန်မက နတ်ဆိုးဖြစ်ခါစပဲ ရှိသေးတယ်... ရှင်းပြဖို့ အချိန်မရသေးခင် ဟွာရှရှန်ကျိုးကို ပြန်သွားရတယ်လေ...."

……

ချန်ရှီ ဝင်နှစ်သိမ့်ပေးလိုက်တော့မှ နောက်ဆုံးတွင် သူမ မငိုတော့ပေ။

"မယ်မယ်... ခင်ဗျားရဲ့ အကြံအစည်က အစကတည်းက မှားနေတာ ခင်ဗျားလည်း ဟွာရှရှန်ကျိုးက နတ်ဘုရားပဲလေ... နတ်ဆိုးဖြစ်ဖို့ အနောက်နွားရှင်းကျိုးကို လာနေစရာမှ မလိုတာ... တခြား မော်အဆင့်၊ ကျိုင်းအဆင့်၊ အယ့်အဆင့် နတ်ဆိုးတွေကို ချေမှုန်းဖို့ အနောက်နွားရှင်းကျိုးက ကျင့်ကြံသူတွေနဲ့ လက်တွဲသင့်တယ်"

မယ်မယ်ရှစ်ကျီက ခဏလောက် နှုတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။

"ရိုးရိုးသားသား ပြောရရင် ကျွန်မလည်း အဲဒါကို တွေးမိပါသေးတယ် ဒါပေမယ့် ကျွန်မရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘူးလေ.. မကောင်းတာလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး ..."

ချန်ရှီ တိတ်ဆိတ်နေခဲ့သည်။

မကောင်းမှုလုပ်ဖို့ အနောက်နွားရှင်းကျိုးကို ပြန်ပြေးလာခဲ့သော ဤ "နတ်သန္ဓေသား" က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့လေသည်။ မကောင်းမှု လုပ်ပြီးနောက် ဖမ်းမိခြင်းခံရ၊ အဆုံးအဖြတ်ပေး ခံရတယ်ဆိုကတည်းက သူမရဲ့ ဂုဏ်သတင်းက အလွန်ဆိုးရွားနေခဲ့ပေမည်။

သူမကို နတ်သန္ဓေသားအဖြစ် သုံးရင် လူတွေက သူ့ကို နတ်ဆိုးလေးလို့ ခေါ်မှာလား။

သို့သော် မယ်မယ်ရှစ်ကျီကို သူ၏ နတ်သန္ဓေသားအဖြစ် သုံးလိုက်တဲ့အခါ သူ၏တိုးတက်မှုသည် အလွန်လျင်မြန်ခဲ့ပြီး ရွှေအမြုတေကိုလည်း ပိုမိုကောင်းမွန်စွာ သန့်စင်စေသောကြောင့် စွန့်လွှတ်ရန် တွန့်ဆုတ်စေခဲ့သည်။

အရှုံးပေးစရာ လမ်းမရှိ။

မယ်မယ်ရှစ်ကျီက နတ်ဆိုးနတ်ဘုရားဖြစ်သည်။ သူမသည် မပြည့်စုံသော်လည်း အမတနတ်ဆိုး ဖြစ်တဲ့ နတ်ဆိုးနတ်ဘုရား ဖြစ်နေဆဲပင်။ သူမ စိတ်မချမ်းသာရင် ချန်ရှီကို ကျောက်တုံးအဖြစ်ပြောင်းပြီး ကြံရိုးတစ်ချောင်းလို စားပစ်ပေလိမ့်မည်။

"မယ်မယ်မှာ ကျင့်စဥ် အစုံအလင်ရှိလား"

"ရှိတယ်"

မယ်မယ်ရှစ်ကျီက သူဆိုလိုရင်းကို နားလည်ပြီး ခေါင်းညိတ်ပြသည်။

"ဒါပေမယ့် ကျွန်မ အမတနတ်ဆိုးတစ်ကောင်... ကျွန်မကျင့်စဥ်က လူသားတွေနဲ့ မလိုက်ဖက်ပါဘူး... ကျွန်မရဲ့ ကျွမ်းကျင်မှုတွေက လူရဲ့အရိုးတွေကို သန့်စင်ဖို့နဲ့ အရိုးတွေကို အာဟာရဖြစ်စေဖို့အတွက် သုံးတာ...အဲဒါကြောင့် ကျွန်မနေထိုင်တဲ့ မြင့်မြတ်တဲ့တောင်ကိုတောင် အရိုးစုတောင်လို့ ခေါ်တယ်... ကျွန်မနေထိုင်တဲ့ ဂူနဲ့ တာအိုဘုံကျောင်းကို အရိုးဖြူဂူလို့ခေါ်တယ်"

ချန်ရှီသည် ကမ်းပေါ်ရောက်သည်နှင့် ဖိနှိပ်ခံရလိုက်ရတဲ့ အလွန်မတရားဘူးဟု ခံစားခဲ့ရသည်။

"နောက်တော့ အဲဒီဆရာနဲ့ တပည့်က ကျွန်မကို သတ်လိုက်တာ...ပြီးတော့ နတ်လမ်းစဥ်ကို လျှောက်ကြည့်တယ်...အဲဒါနဲ့ လဆန်းကြယ်သခင်လို့ အမည်တွင်ခဲ့ပြန်ရော!"

မယ်မယ်ရှစ်ကျီမှာ သူမရဲ့ ကံကြမ္မာအတွက် ဝမ်းနည်းသလို ခံစားလိုက်ရသည်။ သူမက ငြိမ်သက်သွားပြီး ချန်ရှီကို ဆက်ပြောပြ၏။

"အမတလမ်းစဥ်ကို ကျင့်တဲ့ နည်းလမ်းပဲဖြစ်ဖြစ် နတ်ဘုရားလမ်းစဥ်ကို မွေးမြူတာပဲဖြစ်ဖြစ် သံတမန်အတွက်က မသင့်တော်ပါဘူး"

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ ဘုရင်ကျန်းသည် သူ၏ စစ်မှန်သောဘုရင်၏ ဂူသင်္ချိုင်းမှ ရွက်လွှင့်သွားသော်လည်း ဂူသင်္ချိုင်းကတော့ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။ ဂူဗိမာန် အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျောက်ပြားများ ရှိပြီး ကျင့်စဥ် အမျိုးမျိုးကို ရေးထွင်းထားခဲ့သည်။

ဘယ်သိုင်းပညာက အစွမ်းထက်တယ် ဆိုတာ သူ မသိပေမယ့် မယ်မယ်ရှစ်ကျီကတော့ သေချာပေါက် သိလိမ့်မည်။ ဟွမ်ဖောရွာကို ပြန်ရောက်ပြီးနောက် ချန်ရှီ ဘုရင်ကျန်း သင်္ချိုင်းသို့ ချက်ချင်းသွားခဲ့သည်။

ဘုရင်ကျန်းရဲ့ သင်္ချိုင်းနယ်မြေထဲသို့ ခြေချလိုက်တာနဲ့ သင်္ချိုင်းအပြင်ဘက်က ဒဏ္ဍာရီလာ သားရဲများ၏ ကျောက်ရုပ်ထုများသည် ကြောက်မက်ဖွယ် အကန့်အသတ်မရှိ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်နေရာနှင့် အချိန်ကို ကွဲလွဲသွားစေခဲ့သည်။

ဒါကိုမြင်တော့ မယ်မယ်ရှစ်ကျီက အသာ ခေါင်းညိတ်လေသည်။

"အရှင်သံတမန်က မျှော်လင့်ထားတဲ့အတိုင်း ဘုရင်ကျန်းရဲ့ သင်္ချိုင်းအပြင်ဘက်က တန်ခိုးကြီးတဲ့ အကောင်တွေတောင်မှ သူ့ကို လေးစားရတယ်... သံတမန်ရောက်လာတာနဲ့ ဒီကောင်တွေက သူ့ကို နှုတ်ဆက်ဖို့ ပေါ်လာတယ် ငါသာဆိုရင် သူတို့ဒီလိုရှိနေမှာ မဟုတ်ဘူး"

ဆိတ်ချိုများပါသော သင်္ချိုင်းစောင့်သားရဲနှင့် လူ့ခန္ဓာကိုယ်တစ်ပိုင်း သားရဲများသည် ချန်ရှီကိုကြိုဆိုရန် အုပ်လိုက်ကြီး ထွက်လာကြဖို့ မူလက စီစဉ်ထားခဲ့သည်။ သို့သော် ချန်ရှီရဲ့ သေးငယ်သော ဘုံကျောင်းထဲမှ ကြီးမားသော အမျိုးသမီး ဦးခေါင်းက ချောင်းကြည့်နေတာ တွေ့လိုက်ရသောအခါတွင် အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့သည်။

"ဒီနတ်ဆိုးရှစ်ကျီ မဟုတ်ဘူးလား ဒီနတ်ဆိုးမက ဘယ်လိုလုပ် ထွက်လာတာလဲ"

ပဟေဠိတစ်ခု ဖြစ်ခဲ့သော်လည်း ရှစ်ကျီဦးခေါင်းသည် ယခု ချန်ရှီရဲ့ ဘုံကျောင်းထဲတွင် ရှိနေသောကြောင့် မေးခွန်းထုတ်ရန် အဆင်မပြေပေ။

"သူတော်စင် သံတမန်က မယ်မယ်ရှစ်ကျီကို ဘာလို့ ဒီကို ခေါ်လာတာလဲ"

သူ့ဘာသာသူပဲ တွေးနေရသည်။

ချန်ရှီသည် တစ်လမ်းလုံး အရှိန်ပြင်းပြင်းနှင့် ပြေးနေခဲ့ပြီး နောက်ဆုံးတွင်တော့ သစ်တောထဲသို့ ရောက်ရှိလာခဲ့ကာ ကျောက်ပြားတစ်ချပ်ကို သူမ မြင်လိုက်ရသည်။

ချန်ရှီက မြန်မြန်ပြောသည်။

"မယ်မယ် ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတာ ကူညီပေးပါဦး... မြန်မြန်လေး.."

မယ်မယ်ရှစ်ကျီခမျာ အံ့ဩသွားရသည်။ သူဘာကြောင့် မြန်မြန်သွားချင်လဲ မသိ။ သူမအမြင်အရ ဤသင်္ချိုင်းစောင့် သားရဲများသည် ချန်ရှီကို အလွန်ရိုသေကြသောကြောင့် အလွန်စိုးရိမ်နေရန် မလိုအပ်ပါ။

"သံတမန်က သင့်တော်တဲ့ ကျင့်စဥ်ကို ရှာဖို့ စိတ်အားထက်သန်နေပုံရတယ်"

မယ်မယ်ရှစ်ကျီလည်း အဲဒါတွေကို တစ်ခုပြီးတစ်ခု ဖတ်ကြည့်သည်။ ကျောက်ပြားပေါ်ရှိ အမျိုးမျိုးသော စွမ်းရည်များသည် ထက်မြက်သော်လည်း ၎င်းတို့သည် အလင်းသုံးပါးကျင့်စဥ်ထက် များစွာသာလွန်ခြင်း မရှိပါ။ အများစုမှာ မပြည့်စုံကြ။ အချို့မှာ အတတ်ပညာရှိသော်လည်း ဗေဒင်အတတ်မရှိ၊ အချို့မှာ စာလုံးပေါင်း ရှိသော်လည်း အတတ်ပညာမရှိ၊ အချို့မှာ ဘုရားအဖြစ်သို့ ပြောင်းလဲနိုင်သော နည်းလမ်းများ ရှိကြပြီး တချို့မှာ ယဇ်ပလ္လင်တည်ဆောက်ရန် နည်းလမ်းများသာ ရှိကြသည်။

"ဒီကျောက်ပြားပေါ်က အစွန်းရှစ်ပါးရွှေနန်းတော် နတ်အခန်းက အခု သံတမန်အတွက် သင့်လျော်တဲ့ အဂ္ဂိရတ်ပညာနဲ့ အခြေတည်ဝိညာဥ် ဖွဲ့နည်းတွေကို မှတ်တမ်းတင်ထားပေးတယ်... အစွန်းရှစ်ပါးရွှေနန်းတော် နတ်အခန်းက ဆယ်လအတွင်း ရွှေအမြုတေကို နဝမအဆင့်အထိ သန့်စင်နိုင်တယ်... သန္ဓေသားကို ပြောင်းလဲပြီး အခြေတည်ဝိညာဥ် ကလေးတစ်ဦး အသွင် သန့်စင်ပေးနိုင်တယ်....မင်းက ရွှေအမြုတေ အဆင့်၅ကို ရောက်ရှိနေပြီ... နောက်ထပ် လေးလ​​လောက်ကြာရင် မင်း အခြေတည်ဝိညာဥ် ဆေးကို သေသေချာချာ ကျင့်ကြံနိုင်လောက်မှာပါ"

ချန်ရှီ ကျောက်ပြားပေါ်ရှိ စကားလုံးများကို ကြည့်နေစဥ် မယ်မယ်ရှစ်ကျီက ဆက်ပြောသည်။

"... ချီစွမ်းအင်တွေ တိုးလာတဲ့အခါ စိတ်ဝိညာဉ်က သဘာဝအတိုင်း စီးဆင်းသွားလိမ့်မယ်... ဝိညာဉ်က ဆယ်လကြာရင် အခြေတည်ဝိညာဉ်ဖြစ်လာလိမ့်မယ်... ဆယ်လကြာအောင် လေ့ကျင့်ပြီးရင် သူတော်စင် သန္ဓေသားလေး ဖြစ်ပေါ်လာပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားသွားနိုင်ပြီ!"

"ယန်စွမ်းအင် လုံလောက်တဲ့အခါ သူတော်စင်သန္ဓေသားကို ပြုစုပျိုးထောင်ပြီး အနှစ်သာရက မူလဝိညာဉ်ကို ဖုံးအုပ်ထားမယ် လက်ခြေတွေကို ပွင့်စေမယ်...တစ်ကနေ ကိုးအထိ၊ ကိုးကောင်က သန့်စင်ပြီးရင် တစ်ကိုယ်လုံးကို အများကြီး ပိုင်းခြားထားနိုင်ပြီ"

ဤအပြုသဘောဆောင်သော စွမ်းအင်သည် အလင်းသုံးပါးကျင့်စဥ် စွမ်းအင် လျှို့ဝှက်ချက်၏ ရွှေရောင်လျှို့ဝှက်ချက်နှင့် ချိတ်ဆက်နိုင်သည်။ သူတော်စင် သန္ဓေသားနှင့် ပြင်ပခန္ဓာကိုယ်သည် အခြေတည်ဝိညာဉ်ကို ရည်ညွှန်းခြင်းသာ ဖြစ်ပါ၏။

အလင်းသုံးပါးကျင့်စဥ်ကို ရွှေရောင်အကူအဆင့်သို့ လေ့ကျင့်ပြီးနောက် နောက်ဆက်တွဲနည်းလမ်းများမှာ အနည်းငယ် ပြည့်စုံပြီး အစွန်းရှစ်ပါး ရွှေနန်းတော် နတ်အခန်းကို ဆက်လက် လေ့ကျင့်လိုက်ရင် မှန်ကန်သွားပြီ။

သူသည် အစွန်းရှစ်ပါးရွှေနန်းတော်ကို အလျင်အမြန် ကျက်မှတ်ကာ လှည့်ပြန်၍ ဘုရင်ကျန်း သင်္ချိုင်းထဲမှ လျစ်ကနဲ ထွက်ပြေးသွားခဲ့သည်။ သင်္ချိုင်းစောင့် သားရဲများက တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ရင်း ကျန်ရစ်ခဲ့သည်။

ချန်ရှီ သက်ပြင်းချလိုက်သည်။ အိမ်ကိုပြန်ရောက်သောအခါ အစွန်းရှစ်ပါး ရွှေနန်းတော် နတ်အခန်းကို ချက်ချင်း မှတ်ဉာဏ်ထဲကအတိုင်း ချရေးပြီး ထပ်ခါထပ်ခါ လေ့လာခဲ့သည်။

"အစွန်းရှစ်ပါး ရွှေနန်းတော်နတ်အခန်းက ရှင်းလင်းဖြောင့်မတ် ချီကျင့်စဥ်ထဲက ရွှေအမြုတေနဲ့ အခြေတည်ဝိညာဉ်ကို သန့်စင်တဲ့ နည်းလမ်းပဲ....မင်း ဒီပညာကို ကျွမ်းကျင်ရင် အနှစ်တစ်ထောင် အသက်ရှင်နိုင်တယ်"

ချန်ရှီ လေ့လာနေတုန်း ဒါကိုကြားသောအခါ ထိတ်လန့်သွားသဖြင့် အလျင်စလို ထပ်မေးလိုက်၏။

"သက်တမ်းက ဘယ်လောက်ကြာမှာ"

"အနှစ်တစ်ထောင် အသက်ရှင်မယ်"

ချန်ရှီ: "မဖြစ်နိုင်ဘူး!...လုံးဝ မဖြစ်နိုင်ပါဘူး! ကျင့်ကြံသူ တစ်ယောက်အတွက် အနှစ်တစ်ရာ အသက်ရှင်ရတာကတင် အံ့သြစရာကောင်းနေပြီ... အခြေတည်ဝိညာဉ်ကို သန့်စင်ရုံနဲ့ အနှစ်တစ်ထောင် ဘယ်လိုလုပ် နေနိုင်မှာလဲ"

မယ်မယ်ရှစ်ကျီက ပြုံးပြီးပြော၏။

"မင်း မယုံရင် အစွန်းရှစ်ပါး ရွှေနန်းတော် မြင့်မြတ်တဲ့ အခန်းကို စမ်းသုံးကြည့်လေ... မင်းသာ ဒီပညာနဲ့ အောင်မြင်ရင် မင်းရဲ့ သက်တမ်းကို သိနိုင်တယ်"

ချန်ရှီ သံသယဝင်လာကာ အစွန်းရှစ်ပါး ရွှေနန်းတော် မြင့်မြတ်သောအခန်းကို စေ့စေ့စပ်စပ်လေ့လာပြီးမှသာ စတင် လေ့ကျင့်ခဲ့သည်။

နတ်သန္ဓေသား ရှစ်ကျီရဲ့ အကူအညီဖြင့် ရက်အနည်းငယ်အကြာတွင် အစွန်းရှစ်ပါး ရွှေနန်းတော် နတ်အခန်းထဲကအတိုင်း တိုးတက်မှုအချို့ကို ပြုလုပ်နိုင်ခဲ့သည်။ ထိုနေ့တွင် ချန်ရှီ ရုတ်တရက် သူ့နှလုံးသားထဲတွင် တစ်ခုခုကို ခံစားလိုက်ရပြီး သူ့ဘဝရဲ့ အဆုံးသတ်ချိန်ကို ခံစားလိုက်ရသည်။

၄၈၇ နှစ်ကြာသောအခါ သူ့ရဲ့ ရွှေအမြုတေက ပြိုကွဲသွားပြီး အသက်ကြီး၍ ကွယ်လွန်သွားခဲ့သည်။

ချန်ရှီ အံ့ဩသွားသည်။

All Chapters