← Chapters

မြွေကို တွင်းထဲက ဆွဲထုတ်

Vol. 13 Ch. 192

မြွေကို တွင်းထဲက ဆွဲထုတ်

Vol. 13 Ch. 192

"ဒီမှာပြထားတဲ့ သက်တမ်းကန့်သတ်ချက်က ရွှေအမြုတေရဲ့ သက်တမ်း ကန့်သတ်ချက်ကို ရည်ညွှန်းတယ်... ဆိုလိုတာက ၄၈၇ နှစ်ကြာပြီးရင် ကျင့်ကြံသူရဲ့ ရွှေအမြုတေက ပြိုကွဲသွားတော့မှာ... ရွှေအမြုတေ ပြိုကွဲသွားပြီးရင် ကျင့်ကြံသူရဲ့ ရုပ်ခန္ဓာက ဆွေးမြေ့သေဆုံးသွားမှာ..."

မယ်မယ်ရှစ်ကျီက ရှင်းပြနေသည်။

"ရွှေအမြုတေ မပြိုကွဲခဲ့ဘူးဆိုရင် မင်းဆက်အသက်ရှင်နေနိုင်မယ် ဒါပေမဲ့ ရွှေအမြုတေရဲ့ သက်တမ်းက အနှစ် ၅၀၀ ပဲရှိတယ် အခြေတည်ဝိဥာဉ်အဖြစ် မမွေးမြူနိုင်ရင် အနည်းဆုံး နှစ်ပေါင်း ၅၀၀ ပဲ အသက်ရှင်နိုင်မှာ.... ၄၈၇ နှစ်ကြာရင် မင်းသေရမယ်ဆိုတာ သိနိုင်တယ်"

သူမအတွက် ချန်ရှီက အတော်လေး ချီးကျူးစရာ ကောင်းခဲ့သည်။ ရွှေအမြုတေကို အောင်မြင်သော လူအများစုသည် သက်တမ်းနှစ် ၅၀၀ အောက်ရှိသည်။ အချို့မှာ ၂၀၀ တွင်သေဆုံးကြပြီး အချို့မှာ ၃၀၀ တွင် သေဆုံးကြသည်။ ၄၀၀ ကျော်အထိ အသက်ရှင်နိုင်သူများသည် ရွှေအမြုတေနယ်ပယ်က သခင်များအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်။

ချန်ရှီဟာ ယခုနှစ်တွင် အသက်ဆယ့်နှစ်နှစ်ရှိပြီး ၄၈၇ နှစ် ဆိုပါက သူ၏ စုစုပေါင်းသက်တမ်းမှာ ၄၉၉ နှစ် ဖြစ်သည်။

ရွှေအမြုတေ အဆင့်၅ အသွင်ကူးပြောင်းမှုက ကန့်သတ်ချက်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ။ ဆိုလိုသည်မှာ ချန်ရှီရဲ့ ရွှေအမြုတေက အလွန်ခိုင်မာကာ ဆက်လက် ကျင့်ကြံလိုက်ပါက နှစ် ၅၀၀ ကန့်သတ်ချက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

ချန်ရှီ အကြာကြီး မှိန်းနေပြီးမှ ရုတ်တရက် ရေရွတ်လိုက်သည်။

"ငါ့အဘိုးက သရဲတစ္ဆေတွေကို လှည့်စားဖို့ သူ့သေဆုံးမှုကို အတုယူတယ်... နောက်ထပ် နှစ်အနည်းငယ် အသက်ရှင်ပြီး ငါ့ကို ကြီးပြင်းလာဖို့ မျှော်လင့်ခဲ့တယ်... ဆရာတော်ဝါးခါးရဲ့ ရွှေရောင်ကိုယ်ခန္ဓာက တက်ကြွမှုနဲ့ ဝိညာဉ်တွေကို သော့ခတ်ထားရတာကြောင့် သရဲတစ္ဆေတွေ အနားမကပ်နိုင်တော့ဘူး...အဲ့လို အစွမ်းထက်တဲ့ လူကတောင် နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ချင်သေးတယ်..ဒါပေမဲ့ သူက နှစ်ပေါင်း ၁၃၀ လောက် အသက်ရှင်ခဲ့ပြီးပြီ... နောက်ပြီးတော့ ကောင်းကင်နဲ့ လူတွေကို အမျက်ထွက်စေတဲ့ နတ်ဆိုး အသွင်ကူးပြောင်းမှုကြီးကို ဖန်တီးပစ်တယ်"

သူ ရွှေအမြုတေကို ပြီးပြည့်စုံစွာ သန့်စင်နိုင်ပါက အနှစ် ၅၀၀ နီးပါး သက်တမ်းနိုင်ရှိမည်ဟု တွေးမိပြန်သည်။ ဒီလူတွေ ဒီအကြောင်းကိုသာ သိရင် တာအိုဘာသာအပေါ် သူတို့ရဲ့ယုံကြည်မှုက ပျက်ပြားသွားလိမ့်မည်။

မယ်မယ်ရှစ်ကျီ: "ရွှေအမြုတေနယ်ပယ် တစ်ယောက်က အနှစ် ၅၀၀ ရှင်သန်နိုင်တာ ပုံမှန်ပါပဲ.... ကျင့်ကြံသူရဲ့ ရည်ရွယ်ချက်က အသက်ရှည်ပြီး လွတ်လပ်မှု ရရှိဖို့ပဲမလား... အသက်ရှည်ပြီး လွတ်လပ်မှု မရရင် အမတဖြစ်အောင် ကျင့်ကြံနေတော့ ဘာထူးမှာလဲ ကျင့်ကြံကြတဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုကိုယ် သေခြင်းတရားက လွတ်မြောက်ပြီး လူဝင်စားတာကို ကျော်လွှားဖို့... မဟုတ်ရင်ရင် ဘာလို့ ကျင့်ကြံနေ​ကြမှာလဲ"

ချန်ရှီ မှင်တက်သွားသည်။

သို့သော် ဘုရင်ကျန်းခေတ် ကုန်ဆုံးချိန်မှစ၍ လူတိုင်း ဤကဲ့သို့သာ ကျင့်ကြံနေကြပါသည်။

မဟာယာနနယ်ပယ်အထိ ကျင့်ကြံထားခဲ့ရင်တောင် သက်တမ်းမှာ အနှစ်တစ်ရာသာ ရှိသည်။

ဘုရင်ကျန်းခေတ် နှောင်းပိုင်းမှ ယနေ့အထိ ကျင့်ကြံသူတွေဟာ နယ်ပယ်များ တိုးတက်လာသော်လည်း သူတို့၏ သက်တမ်း မတိုးစေသော အရာများက မှားယွင်းနေခဲ့သည်။

ကျင့်စဥ်မှာ ပြဿနာရှိ​နေလို့လား။

"ထျန်းချင်! ထျန်းချင်"

ချန်ရှီ ချက်ချင်းထရပ်ပြီး လီထျန်းချင်ဆီ ပြေးသွားသည်။

"ငါ မင်းကို ကျင့်စဥ်တစ်ခု သင်ပေးမယ် မင်းအရင်လေ့ကျင့်မယ်... အောင်မြင်သွားရင် မင်းသက်တမ်းဘယ်လောက် ကျန်သေးလဲဆိုတာ မင်း သိလာလိမ့်မယ်!"

လီထျန်းချင်သည် အဂ္ဂိရတ်ဆေး သန့်စင်နေရတဲ့အတွက် ပင်ပန်းနေပြီး ရေတွင်းဘေးတွင် အဝတ်လျှော်နေခဲ့သည်။ ဒါကိုကြားတော့ သူက ပြန်ဖြေသည်။

"ငါ့မှာ ကျင့်စဥ်တစ်ခု ရှိပြီးသားပါ... လီမိသားစုရဲ့ ယင်ကျောက်စိမ်းဘီးက အခြေခံအုတ်မြစ်ပဲ... ရွှေအမြုတေနယ်ပယ်ကို ရောက်တဲ့အခါမှာတော့ "နန်ချန်ဂိုဏ်း စုစည်းမှု" ထဲက နည်းလမ်းကို စလေ့ကျင့်ရတယ်... မိသားစု ခေါင်းဆောင်က ငါ့မှာ ထူးကဲတဲ့ စွမ်းရည်ရှိတယ်လို့ ပြောပြီး "နန်ချန်ဂိုဏ်း စုစည်းမှု" ကို လွှဲပေးခဲ့တာ...."

"နန်ချန်ဂိုဏ်းစုစည်းမှု" သည် လီမိသားစု၏ ဘိုးဘေး လီကျုံးယိမှ ထားခဲ့သော ကိုယ်ခံပညာ ကျင့်စဥ် ဖြစ်သည်။ ၎င်းသည် လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်တာကြောင့် မိသားစု ခေါင်းဆောင်ထံသာ အပ်နှံခဲ့သည်။ လီထျန်းချင်ဆီ လီမိသားစုက ဒီကျင့်စဥ်ကိုတောင် ပေးတာကြောင့် သူ့ကို ဘယ်လောက် တန်ဖိုးထားသလဲ ပြသ​နေသည်။

ချန်ရှီက သူ့အလွတ် ကျက်ထားတဲ့ အစွန်းရှစ်ပါးရွှေနန်းတော်ကို ပေးလိုက်သည်။

"အရင်ကြည့်စမ်းပါ"

လီထျန်းချင်က သူ့လက်ထဲမှ ရေများကို သုတ်လိုက်ပြီး စာအုပ်ကိုယူကာ စာမျက်နှာအနည်းငယ်ကို လှန်ပြီး ပေါ့ပါးသော အာမေဋိတ်တစ်ခု ထုတ်လိုက်သည်။

အစွန်းရှစ်ပါး ရွှေနန်းတော် နတ်အခန်း၏ အစမှတ်မှာ ရွှေအမြုတေ သန့်စင်နည်းဖြစ်သည်။ ၎င်းတွင် ယခင်နည်းလမ်းများ မရှိသည့်အပြင် အလွန်သန့်စင်သည်။ သို့သော် ရွှေအမြုတေ ကိုးကြိမ် အသွင်ကူးပြောင်းမှု နည်းလမ်းကတော့ နန်ချန်ဂိုဏ်းစုစည်းမှုထဲတွင် မှတ်တမ်းတင်ထားတာထက် များစွာ နက်နဲပါသည်။

လီထျန်းချင်သည် ဤခရီးစဉ်မှ စန့်ရန်တွေကြောင့် ဗဟုသုတတွေ အများကြီး ရရှိခဲ့သည်။ ရွှေအမြုတေနဲ့ ပတ်သက်ပြီး သူ့​နားလည်မှုသည်လည်း ပိုမိုနက်ရှိုင်းလာသည်။ လီမိသားစုက ကျင့်စဥ်များထဲက ချို့ယွင်းချက်များကိုပင် သူ သတိပြုမိပြီး ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ပစ်ဖို့ စီစဉ်ထားခဲ့သည်။

သို့သော် ချန်ရှီ ထုတ်ယူခဲ့သော အစွန်းရှစ်ပါး ရွှေနန်းတော် နတ်အခန်းသည် သူ ဘယ်လောက်ပဲ ပြင်းထန်စွာ လေ့ကျင့်နေပါစေ နန်ချန်ဂိုဏ်းစုစည်းမှုက ထိုအဆင့်အထိ မတိုးတက်ပေးနိုင်ကြောင်း သိလာစေသည်။

"ဘယ်ကရလိုက်တာလဲ?"

လီထျန်းချင် စာအုပ်ကိုလှန်ကြည့်ရင်း ခေါင်းမထောင်ဘဲ မေးလိုက်သည်။

"မမေးနဲ့... အဲဒါကို လေ့ကျင့်ကြည့်စမ်းပါ!"

လီထျန်းချင်သည် ဤကျင့်စဥ်က အခြေတည် စိတ်ဝိညာဉ်၏ ကြီးမြတ်သော ပြီးပြည့်စုံမှုသို့ ပြုစုပျိုးထောင်နိုင်သလား မတွေ့မချင်း ဆက်လက် ဖတ်ရှုခဲ့သော်လည်း ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။ သူ စိတ်ပျက်လက်ပျက်ဖြင့်။

“သနားစရာ ကောင်းလိုက်တာ... ဒါက အပိုင်းအစ​လေး တစ်ခုပဲ”

အပိုင်းအစတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းက လီမိသားစု၏ ထူးခြားသော စွမ်းရည်ထက် များစွာသာလွန်ကြောင်းကိုတော့ လက်ခံရမှာပင်။ သူသာ ကျင့်ကြံပါက ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်ရဲ့ အခြေခံအုတ်မြစ်က အလွန်ခိုင်မာနေမှာ သေချာသည်။

ခိုင်မာသော အခြေခံအုတ်မြစ်ဖြင့်သာ ကျင့်ကြံခြင်းလမ်းကြောင်းက ပိုမိုတိုးတက်နိုင်မည် ဖြစ်သည်။

သူသည် အဝတ်လျှော်နေစဥ် ကျင့်စဥ်ထဲက အကြောင်းအရာကို စဉ်းစားနေခဲ့သည်။ အဝတ်များကို လျှော်ဖွပ်ပြီး အခြောက်ခံပြီးနောက် စေ့စေ့စပ်စပ် နားလည်သွားရာ ၎င်းကို ချက်ချင်း စတင်လေ့ကျင့်ခဲ့သည်။

ချန်ရှီ ရက်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ လီထျန်းချင်သည် အစွန်းရှစ်ပါးရွှေနန်းတော် နတ်အခန်းကို လေ့ကျင့်ရာတွင် တိုးတက်မှုအချို့ ပြုလုပ်ခဲ့သည်။ ခဏကြာတော့ သူ အံ့သြသွားပြီး။

"ငါ့ရဲ့ သက်တမ်းကို မြင်ရပြီ!"

"မင်းအသက်ဘယ်နှစ်နှစ်လောက် နေရမှာလဲ"

"၈၄ နှစ်ကြာရင် ငါ့ရဲ့ ရွှေအမြုတေက ပြိုကျပြီး အသက်ကြီးရင်း သေသွားမှာ"

ချန်ရှီ မျက်လုံးများ ပြူးသွားပြီး တောင့်တောင့်ကြီး ရပ်နေလိုက်သည်။

ရှစ်ဆယ့်လေးနှစ်။ ဆိုလိုတာက လီထျန်းချင်ဟာ ​​ရွှေအမြုတေကို သန့်စင်ပြီးရင် အသက် ကိုးဆယ်ကျော်သာ အသက်ရှင်နိုင်တော့မည်။ သို့သော် သူ့ရဲ့သက်တမ်းက ၄၈၇ နှစ်ဖြစ်သည်။

ကွာခြားချက်က နှစ်ပေါင်း လေးရာကျော်ရှိပြီ။

"ဒီမှာ တစ်ခုခု မှားနေပြီ..."

ချန်ရှီ စိတ်ထဲတွင် အတွေးမျိုးစုံ ဝင်လာသည်။ လီထျန်းချင် ​​သူ့ရဲ့အခြေခံအုတ်မြစ်ကို တည်ဆောက်နေချိန်မှာ တစ်ခုခုမှားနေခဲ့တာလား။

လီထျန်းချင်ဟာ ကောင်းကင်နှလုံးချီကျင့်စဥ် သို့မဟုတ် လီမိသားစု၏ အခြေခံအုတ်မြစ် တည်ဆောက်သော ကျင့်စဥ်တစ်ခုကို လေ့ကျင့်ခဲ့နိုင်သည်။ ချန်ရှီအတွက်က သူ အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် လေ့ကျင့်ခဲ့သည့်အရာမှာ အလင်းသုံးပါးကျင့်စဥ် ဖြစ်သည်။

ဒါက ပြဿနာ ဖြစ်နိုင်လား။

အရမ်းများသွားပြီ။

သို့သော် ချန်ရှီသည် သူ့အဖိုးဖန်တီးသော အခြေခံအုတ်မြစ် တည်ဆောက်နိုင်တဲ့ ကောင်းကင်နှလုံးချီကျင့်စဥ်ကို လေ့လာခဲ့​သေးသည်။ အဲဒါက လုံးဝပြဿနာ မရှိချေ။

အဘိုးက ထိုကျင့်စဥ်ထဲတွင် ချို့ယွင်းချက်များကို တမင်ချန်ထားခဲ့တာကာ ကျင့်ကြံသူများ၏ သက်တမ်းကို တိုးမပေါက်စေဖို့ လုပ်ခဲ့တာတော့ မဖြစ်နိုင်ပေ။ ထို့အပြင် အဘိုးကိုယ်တိုင်လည်း အသက်မရှည်ခဲ့။

ဒါ့အပြင် မိသားစုကြီး ဆယ့်သုံးစုနှင့် တပေါက်ဖာ ဘုရားကျောင်းကဲ့သို့သော ကာလကြာရှည်စွာ ရပ်တည်နေသော အင်အားကြီးထဲက သခင်များပင်လျှင် အနှစ်တစ်ရာသာ အသက်ရှင်​ကြသည်။

"အတိအကျ ပြဿနာက ဘယ်မှာလဲ"

ချန်ရှီ တွေးနေတုန်း လီထျန်းချင်က သိချင်စွာဖြင့်။

"တစ်ဆယ်လေးက မင်းသက်တမ်းက ဘယ်လောက်လဲ"

ချန်ရှီက “လေးရာရှစ်ဆယ့်ခုနစ်နှစ်” ဟု ပေါ့ပေါ့ဆဆ ပြောလိုက်သည်။

လီထျန်းချင် ရှင်းရှင်းလင်းလင်း မကြားရသလို အံ့ဩသွားသည်။

"ဘယ်လောက်?"

"၄၈၇...."

လီထျန်းချင် အံ့အားသင့်သွားပြီး ရုတ်တရက် ခေါင်းခါပစ်သည်။

"ဒါက မဖြစ်နိုင်ဘူး! လုံးဝ မဖြစ်နိုင်ဘူး၊ မင်း မှား​မြင်ခဲ့တာ ဖြစ်မယ်!"

အချိန်အတော်ကြာပြီးနောက် သူ့ဘာသာ စိတ်ပျက်အားငယ်စွာဖြင့် ဤအဖြစ်မှန်ကို လက်ခံသွားခဲ့သည်။

"မင်း အသက်ကြီးရင် ငါသေတာက အနှစ်လေးရာရှိပြီ"

သူ အနည်းငယ် စိတ်မကောင်းဖြစ်ပုံရသည်။ ချန်ရှီက မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် လုပ်ပြလိုက်ကာ။

"ပြဿနာက ဘယ်မှာလို့ မင်းထင်လဲ ငါက ဘာလို့ နှစ် ၅၀၀ နေရတာလဲ မင်းက အနှစ်တစ်ရာပဲ အသက်ရှင်နေရတာလဲ"

လီထျန်းချင်က ခဏ စဉ်းစားပြီး "မင်းမှာ ငါ့မှာ မရှိတာတွေ စာရင်းလုပ်ကြည့်ရအောင်... ကိုယ်ခံပညာနဲ့ ပတ်သက်ရင် မင်းက ငါ့မှာမရှိတဲ့ အလင်းသုံးပါးကျင့်စဥ်ကို လေ့ကျင့်တယ်နော်"

ကျင့်စဥ်ကို ဦးစွာစဉ်းစားမိပြီးနောက် အလင်းသုံးပါးက ဘာလဲဟု မေးလာခဲ့သည်။

"နေ၊ လ၊ ကြယ်..."

ချန်ရှီ ဒီလိုပြောတဲ့အခါ သူ့ခန္ဓာကိုယ်ဟာ ရုတ်တရက် အနည်းငယ် တုန်ခါသွားလေသည်။

"နားလည်ပြီ နားလည်ပြီ...ငါ အလင်းသုံးပါးကျင့်စဥ် စလေ့ကျင့်တုန်းက ကြယ်အလင်းကို စုပ်ယူလိုက်တာ..."

လီထျန်းချင် စိတ်ရှုပ်ထွေးစွာဖြင့် ​ပြန်မေးသည်။

"ကြယ်ရောင်လား? ဒါပေမယ့် ကောင်းကင်မှာ ကြယ်တွေမရှိဘူး..."

"မှန်တယ်! ငါတို့က ကြယ်တွေကို သာမန်မျက်စိနဲ့ မမြင်ရပေမယ့် အဲဒါတွေ တကယ်ရှိနေတာ ငါ ဒီကျင့်စဥ်ကို စကျင့်လိုက်တာနဲ့ ကောင်းကင်က ကြယ်ရောင်တွေ ကျလာပြီး ငါ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားသလို ခံစားရတယ်... နောက်တော့ မြေပြင်က ထွက်လာတဲ့ ဘုရားကျောင်းမှာ လေ့ကျင့်ပြီး ရှန်ကျိုး ဘိုးဘွားပိုင်မြေက နေရောင်ခြည်နဲ့ လရောင်ကို ခံစားရတယ်... အဲဒီ့အခါမှပဲ အလင်းသုံးပါကို စုပြီး သူတော်စင် သန္ဓေသားခန္ဓာကို လမင်းကနေ ပြုစုပျိုးထောင်ခဲ့တာ"

လီထျန်းချင် အပြန်ပြန်အလှန်လှန် လမ်းလျှောက်​နေခဲ့သည်။ သူသည် ဗဟုသုတရှိပြီး လီမိသားစုမှ စုဆောင်းထားသော ကိုယ်ခံပညာအားလုံးကို အခြေခံအားဖြင့် ဖတ်ရှုခဲ့သည်။ ကျင့်စဥ်မျိုးစုံနဲ့ ကျွမ်းဝင်သည်။

ဤကျင့်စဥ်များထဲတွင် နေ၏အနှစ်သာရကို ဆွဲယူသော၊ လ၏အနှစ်သာရကို ဆွဲယူသော၊ ပတ်ဝန်းကျင်သဘာဝမှ စွမ်းအင်ကို ဆွဲယူသော သို့မဟုတ် ကိုယ်ပိုင်အပြုသဘော ဆောင်သော စွမ်းအင်ကို မွေးမြူသည့် အရာများရှိသည်။ အန္တရာယ်အရှိဆုံး အရာမှာ ​နေအနှစ်သာရကို စုပ်ယူခြင်း ဖြစ်သည်။ သာမာန်လူတစ်ဦး ၎င်းကို လေ့ကျင့်လျှင်ပင် လရောင်ထဲရှိ မကောင်းဆိုးဝါး စွမ်းအင်တွေ ကူးစက်ခံရပြီး နတ်ဆိုး ဖြစ်လာနိုင်သည်။

သို့သော် နေရောင်ခြည် အနှစ်သာရကို စုပ်ယူပြီး ကျင့်ကြံနိုင်ပါက ယင်းအတွက် စိုးရိမ်စရာ မလိုတော့ပေ။

"နေနဲ့လ နှစ်ခုလုံးမှာ တစ်ခုခု မှားနေတာလား..."

လီထျန်းချင် ကောင်းကင်တွင် နေနှင့် လကို မော့ကြည့်လိုက်သည်။ နေ့ခင်းဘက်ဆိုပေမဲ့ လက ပေါ်နေပြီ။ အခုအချိန်က သေနေသော အရာများသည် လရောင်အောက်တွင် နတ်ဆိုးများအဖြစ် ပြောင်းလဲသွားနိုင်သည့် ဘုံသဘော ဖြစ်​နေသည်။

နေရဲ့ ယန်စွမ်းအင်ကို မကျင့်ထားပါဘဲ လစွမ်းအင်ကိုပဲ ကျင့်ကြံထားပါက အချိန်ကြာလာသည်နှင့်အမျှ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ ဒါကို လူတော်တော်များများ သိပ်မသိကြပါဘူး။ ဒါပေမဲ့ နေရောင်မှာတောင် ပြဿနာက ရှိသေး၏။

လီထျန်းချင် ထိုအတွေးကို တွေးမိသွားတဲ့အခါ သူသည် အလွန်ပုန်ကန် ထကြွနေသူဟု ပြန်ခံစားမိလာသည်။

ကောင်းကင်ပြင်နတ်ဘုရားက ကိုယ်ကျိုးမဖက် သူ့မျက်လုံးကို နေနှင့်လဟု မှတ်ယူသည်။ သူသည် အနောက်နွားရှင်းကျိုးကို နေ့ရောညပါ အလှည့်အပြောင်းကို ခွင့်ပြုထားသောကြောင့် ကောက်ပဲသီးနှံများ ကြီးထွားနိုင်ပြီး လူသားများ ရှင်သန်နိုင်ပြီး မျိုးပွားနိုင်သည်။

နေရောင်ခြည်က အဆိပ်သင့်နေတာလို့ ဘယ်လိုလုပ် ထင်နိုင်ရတာလဲ?

"တစ်ဆယ်လေး မင်းရဲ့အလင်းသုံးပါး ကျင့်စဥ်ကို ငါ့ဆီ လွှဲပေးနိုင်မလား"

လီထျန်းချင် ခဏတုံ့ဆိုင်းသွားပြီး "ငါ အဲဒါကို စိစစ်ချင်တယ်... စမ်းကြည့်ချင်တယ်"

ချန်ရှီက သူ့မျက်လုံးတွေကို စိုက်ကြည့်ကာ သေချာလေး မေးလိုက်သည်။

"မင်းရဲ့ လက်ရှိ ရွှေအမြုတေကို ဖျက်စီးပစ်ချင်​နေတာလား"

လီထျန်းချင်က ခဏတုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်​ပြလိုက်သည်။ ရွှေအမြုတေ နဲ့ ဤနှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ ရလဒ်များကို ဖျက်စီးပစ်ဖို့က သတ္တိရှိရန် လိုအပ်သော်လည်း သူသည် ရွှေအမြုတေကို ဖျက်ဆီးပြီး အတည်ပြုဖို့အထိ ဆုံးဖြတ်လာသည်။

"အလင်းသုံးပါး ကျင့်စဥ်ကို မင်းကို ငါ ပေးလို့ရတယ်။"

ချန်ရှီက ခဏလောက်စဉ်းစားပြီး

"ဒါပေမဲ့ အနီးနားမှာ အဲဒီလိုဘုံကျောင်း မရှိဘူး ဘိုးဘွားပိုင်မြေနဲ့ ဆက်စပ်တဲ့ ဘုံကျောင်းမရှိရင် ရှေးဟောင်းဘုံကျောင်းထဲကို ဝင်ပြီး ကောင်းကင်အလင်းသုံးမျိုးစုပြီး လေ့ကျင့်ဖို့ ခက်လိမ့်မယ်.... ပိုနှေးကွေးတဲ့ ကြယ်ရောင်တွေကိုပဲ စုဆောင်းနိုင်မှာ"

သူသည် နေ၊ လနှင့် ကြယ် ပါရှိသော သေးငယ်သော ဘုံကျောင်းကို ပိုင်ဆိုင်ထားသည်။ သို့သော် သေးငယ်သော ဘုံကျောင်းသည် နတ်များကိုသာ ထားရှိနိုင်သည်။ လီထျန်းချင်လို ရုပ်ခန္ဓာရှိသူက ဝင်လို့မရချေ။

လီထျန်းချင်က ပြုံးပြီး :"အနောက်နွားရှင်းကျိုးရဲ့ ပြည်နယ်ငါးဆယ်မှာ ဒီလိုဘုရားကျောင်းတွေ အများကြီး ရှိတယ်... ငါ့ရဲ့ ကျင့်စဉ်ကို ပြီးမြောက်ဖို့ လုံလောက်တဲ့ အလားတူဘုံကျောင်းကို ငါသွားရှာမယ် နောက်နှစ် ဧပြီလမှာ ငါမင်းကို လာရှာလှည့်မယ်!"

ချန်ရှီ: "မင်း သတ္တိကောင်းတာပဲ... ငါ မင်းကို အရမ်းလေးစားတယ် ထျန်းချင် ငါကမင်းလောက်မတော်ဘူး... မင်းက အရည်အချင်းပြည့်မီတဲ့ ပုဂ္ဂိုလ်ဖြစ်နေပြီ ဒီအခြေအနေ ရောက်လာမှတော့ မင်းကို ငါပေးလိုက်မယ်"

အလင်းသုံးပါးကျင့်စဥ်ကို ကူးယူပြီး လီထျန်းချင်ကို ပေးခဲ့သည်။

လီထျန်းချင်က ချက်ချင်း ထွက်ခွာမသွားပေ။ သူသည် နောက်ထပ် နှစ်ရက်ကြာအောင် လက်ကျန် ဝိညာဉ်ရှင်ပြန်ဆေးများကို သန့်စင်ပြီး အဂ္ဂိရတ်ဆေး မီးဖိုတစ်ရာ ပြုလုပ်​ပေးမည်ဟု ကတိပြုခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ ထို့​နောက်မှသာ ပျောက်ဆုံးနေသော ဘုံကျောင်းများကို ရှာဖွေရန် အဆင်သင့်ဖြစ်လာသည်။

ချန်ရှီက သူ မထွက်ခင်မှာ ငွေစက္ကူအရွက် နှစ်ထောင်ကျော်ကို ထုတ်ယူပြီး သူ့လက်ထဲ ထည့်ပေးလာသည်။

“ဒီနေ့အထိ အစာမစားဘဲ သန့်စင်ပေးခဲ့တဲ့ မင်းစရိတ်အတွက် ဒီငွေစက္ကူတွေကို ယူသွားလိုက်”

လီထျန်းချင် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း မငြင်းတော့ချေ။

ရှေးကျသော ဘုံကျောင်းကို ရှာတွေ့သောအခါ မူလကျင့်ကြံမှုကို စွန့်ပစ်ပြီး အစက ပြန်ကျင့်ရမည်။ ထိုအချိန်တွင် သူသည် သူ့ကိုယ်ခန္ဓာအား ပြန်လည် ဖြည့်တင်းရန်အတွက် အဂ္ဂိရတ်ဆေး အချို့ကိုဝယ်ရန် လိုအပ်လာမည်။ သို့သော် လီမိသားစုမှ လစဉ်ထောက်ပံ့ကြေးမှာ မလုံလောက်ဘဲ လီမိသားစုမှ လစဉ်ထောက်ပံ့ကြေးကို သူ့ထံ ပေးအပ်ရန် မဖြစ်နိုင်ကြောင်း မပြောလိုပါ။

သူတကယ် လိုအပ်နေတာက ပိုက်ဆံအများကြီးပင်။ ထိုစဥ် ချန်ရှီက နောက်ထပ် ပုလင်းတစ်ပုလင်းကို ပေးလိုက်ပြီး။

"ဒါက မင်းကို ငါပေးတဲ့ သရေစာပဲ...အခု မကြည့်ရသေးဘူးနော်... လမ်းမှာ ကြည့်လို့ရတယ်"

လီထျန်းချင် လက်ခံလိုက်သည်။ ဗူးက မလေးချေ။ ဒါကြောင့် အထဲမှာ ဘာပါလဲ မသိရ။

"တစ်ဆယ်လေး ရှီးကျင်းမှာတွေ့မယ်"

လီထျန်းချင် ချန်ရှီကို ပွေ့ဖက်ထားပြီး ကျော​ပြင်ကို ပွတ်သပ်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်လိုက်သည်။

"လာမယ့် ဧပြီလမှာ ရှီးကျင်းမှာ စာမေးပွဲ ရှိတယ်နော်...ငါ မင်းကို လိုက်မမီစေနဲ့!"

ချန်ရှီက သူ့နောက်ကျောကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး ပြုံးပြသည်။

"ဒါဆို မင်း သေသေချာချာ လေ့ကျင့်ထားမှ ရတော့မယ်... ငါ မကြာသေးခင်ကမှ မြန်မြန်ဆန်ဆန် လေ့ကျင့်နေတာနော် အချိန်တိုအတွင်းမှာပဲ အခြေတည်ဝိညာဥ်ကို အောင်မြင်သွားမှာတောင် ကြောက်ရတယ်!"

နှစ်ယောက်သား လက်ပြနှုတ်ဆက်ခဲ့ကြသည်။ ချန်ရှီ သူ့ကို အဝေးကြီး ရောက်သွားတဲ့အထိ လှမ်းကြည့်​နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်မှ ရွာသို့ ပြန်လာခဲ့သည်။

လီထျန်းချင် သူ့ခြေရင်းက အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ပြီး ခဏအကြာတွင် ချန်ယန်တောင်မှ မိုင်ပေါင်းများစွာဝေးသော နေရာအထိ ပြေးထွက်သွားခဲ့သည်။

ခရီးက ရှည်လျားလှသည်။ အမတလမ်းစဥ် အမှန်တရားအတွက် နေရာတိုင်းကို သူ ရှာဖွေလိမ့်မည်။

သူ မောပန်းလာသောအခါ အနားယူရန် ရပ်လိုက်ပြီး ချန်ရှီ ပေးလိုက်သော ပုလင်းကို ဖွင့်​​ကြည့်လိုက်သည်။ ပုလင်းထဲတွင် ဝိညာဉ်ရှင်ပြန်ဆေး အနည်းဆုံး အလုံး ရှစ်ဆယ်လောက် ပြည့်နေတာကို သူမြင်လိုက်ရသည်။

"ဒီကောင်ကတော့..."

သူ့နှလုံးသားထဲ နွေးထွေးသွားခဲ့သည်။

ချန်ရှီ အိမ်ပြန်ရောက်ပြီး ရက်အနည်းငယ်ကြာအထိ လေ့ကျင့်ခဲ့သည်။ ရွှေအမြုတေက အဝါရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားပြီး နောက်ဆုံးတွင် ခရမ်းရောင် ရွှေအမြုတေ ဖြစ်လာခဲ့သည်။

ရွှေအမြုတေ အဆင့်၆ပင်။

ဤအရှိန်ဖြင့် သူသည် ရွှေအမြုတေ အဆင့် ၉ကို ပြီးမြောက်ပြီး တစ်လအတွင်း အခြေတည်ဝိညာဥ် အဆင့်သို့ ဝင်ရောက်နိုင်တော့မှာပဲ ဖြစ်သည်။

"အစွန်းရှစ်ပါးရွှေနန်းတော် နတ်အခန်းနဲ့ မယ်မယ်ရှစ်ကျီကို နတ်သန္ဓေသားနေရာမှာ သုံးလိုက်တော့ ကျင့်ကြံရတာ တကယ်ကို မြန်ဆန်နေတာပဲ!"

ချန်ရှီ သူ့စိတ်ထဲတွင် သက်ပြင်းချနေ၏။

သူသည် ဤရက်ပိုင်းအတွင်း လီထျန်းချင် ပြင်ဆင်ခဲ့သော ဝိညာဥ်ရှင်ပြန်ဆေးများကို ထုပ်ပိုးကာ လှည်းပေါ်တက်ပြီး ရှင်းရှန်ခရိုင် ကျွိရှန်းအဆောက်အအုံသို့ အမြန်ပြေးလာခဲ့သည်။

ရှောက်ကျင်က သူ့ကိုမြင်တော့ ဝမ်းသာအားရနဲ့ ကြိုဆို၏။

"ညီလေးချန် မင်းအချိန်ကိုက် ရောက်လာတာပဲ... မင်းနောက်ဆုံးအကြိမ် ပေးခဲ့တဲ့ ဝိညာဥ်ရှင်ပြန်ဆေးကို ခရိုင်မြို့တော်က ဖောက်သည်တစ်ယောက်က ဝယ်သွားတာလေ.. ဖောက်သည်က ဒီဆေးကို ဘယ်သူလုပ်လဲလို့ မေးသေးတယ် မင်းနာမည်ကို ငါမပြောခဲ့ဘူး... နောက်ထပ် ဝိညာဥ်ရှင်ပြန်ဆေးတွေရှိရင် အကုန်ယူမယ်တဲ့"

ထိုသို့ပြောပြီးနောက် ငွေစက္ကူများကို တွန်းထုတ်လိုက်သည်။ ချန်ရှီ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ သူက ငွေစက္ကူကို လက်ခံပြီး ပြန်မေးလိုက်၏။

“အဲဒီဧည့်သည်က ဘယ်သူလဲဆိုတာ သိလား”

ရှောက်ကျင်က ခေါင်းခါလိုက်ပြီး "တစ်နှစ်အတွင်းမှာ စီရင်စုမြို့တော်မှာ ခရိုင်မှူးက နှစ်ကြိမ် ချေမှုန်းခဲ့ပြီး မြို့ဝန်ကိုလည်း သုံးကြိမ်လောက် အစားထိုးခဲ့တယ်... ပုံမှန်အချိန်ဆိုရင် ငါလည်း မှတ်မိနေသေးပေမယ့် အခုတော့ ငါလည်း မသိဘူး ငွေစက္ကူတွေကို ရေကြည့်လိုက်ဦး... စုစုပေါင်း ၁၂၀၀၀၀ ပဲ"

ချန်ရှီက ငွေစက္ကူအထူကို ဆွဲကိုင်လိုက်ပြီး "စစ်စရာမလိုပါဘူး.. ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားကို မယုံရမှာလဲ?"

ဤတစ်ကြိမ်တွင် သူသည် ဝိညာဥ်ရှင်ပြန်ဆေးကို ပေးပို့ခဲ့ပြီး သူတင်ထားသော စျေးနှုန်းသည်လည်း ပုံမှန်ပေါက်ဈေးထက် အနည်းငယ် သက်သာ၏။ ဆေးတစ်လုံးလျှင် ငွေကျပ်သုံးရာ ဖြစ်ကာ စုစုပေါင်း ဆေးလုံး​လေးရာကို ပေးပို့ခဲ့သည်။ ရှောက်ကျင်က တစ်လုံးကို ဘယ်လောက်ရောင်းရလဲ ဆိုတာကိုတော့ သူ မမေးနေတော့ချေ။

မူလက ၎င်းတို့အားလုံးကို တစ်ပြိုင်နက် ရောင်းချရန် မမျှော်လင့်ထားသော်လည်း ဝိညာဥ်ရှင်ပြန်ဆေးကို ဝယ်ရန် ငွေအလုံအလောက် ရှိသော သူဌေးတစ်ဦးရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချန်ရှီလည်း ကျန်ရှိသော ဆေးလုံး ၃၀၀ ကျော်ကို ရှောက်ကျင်ရှေ့ တွန်း​ပေးလိုက်ပြီး။

"ဒါက နောက်ဆုံးအသုတ်ပဲ... နောက်ထပ်တော့ ရှိတော့မှာ မဟုတ်ဘူး"

ရှောက်ကျင်မှာ အလွန်စိတ်မကောင်း ဖြစ်သွားခဲ့ရသည်။ ချန်ရှီ ပေးပို့ခဲ့သော ဆေးလုံးတွေကနေ ကုသိုလ်​တွေ ရယူနိုင်ခဲ့သည်။ ဝိညာဥ်ရှင်ပြန်ဆေးရဲ့ အဆုံးမရှိ ထောက်ပံ့မှုသာ မရှိခဲ့ပါက သူသည် ငွေရှာရန် နည်းလမ်း ဆုံးရှုံးသွားလိမ့်မည်။

"ပြည်နယ်မြို့တော်မှာ တခြားအိမ် ရှိသေးတယ်မလား... ဘာလို့ မသွားတာလဲ"

ချန်ရှီ ငွေစက္ကူတွေကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ဘုရင်ခံရွှီပေးခဲ့တဲ့ အိမ်အကြောင်း ရုတ်တရက် တွေးလိုက်မိ၏။ အခုက အချိန်လည်း စောနေသေးတာကို မြင်တော့ ခရိုင်မြို့တော်ကို သွား​ကြည့်ဖို့ စဉ်းစားလိုက်သည်။

သူသည် ကျွိရှန်းအဆောက်အအုံမှ ထွက်ကာ ရှင်းရှန် ပြည်နယ်သို့ မောင်းနှင်လာခဲ့သည်။ မကြာမီ သစ်သားလှည်းသည် ခရိုင်မြို့မှ ထွက်ခွာပြီး ပြည်နယ်မြို့တော် စာတိုက်လမ်းမကြီးသို့ ရောက်ရှိခဲ့သည်။

"ဝုတ်!"

"ငါသိတယ်"

ချန်ရှီ ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်သည်။

သစ်သားတွန်းလှည်း အနောက်တွင် လူတစ်အုပ်က သူတို့​နောက်ကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ လိုက်လာ​နေကြသည်။

"ရှောက်ကျင်က ဝိညာဥ်ရှင်ပြန်ဆေးကို ရက်အတော်ကြာအောင် ရောင်းချနေတာ ဆိုတော့ ယွိသောက သခင်ငယ်လေးကလည်း ဒါကို သိသွားလောက်ပြီ!"

ချန်ရှီ အဲဒီလူတွေကို မကြည့်ဘဲ ရေရွတ်လိုက်သည်။

"သူ့ရဲ့ လက်လှမ်းမီမှုက အရမ်းဝေးတာပဲ!"

ငှက်များစွာသည် သစ်သားလှည်း အထက်တွင် ပျံဝဲနေပြီး လှည်းနောက်ကွယ်မှ လူများ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။ သူ ကျွိရှန်း အဆောက်အဦတွင် ဆေးလုံး ရောင်းချခိုင်းတဲ့ ရည်ရွယ်ချက်မှာလည်း ထိုယွိသောက သခင်လေးကို ဆွဲဆောင်ရန်သာ ဖြစ်သည်။

All Chapters