← Chapters

မှန်ကန်သော ကျင့်ကြံခြင်းလမ်းစဥ်

Vol. 13 Ch. 194

မှန်ကန်သော ကျင့်ကြံခြင်းလမ်းစဥ်

Vol. 13 Ch. 194

ဖုလိန်ရှန်းသည် သူ့လက်ထဲက စာရွက်ကို တောင့်တောင့်ကြီး ကိုင်ထားမိ​လေသည်။ မှင်ခြောက်နေပြီ ဖြစ်သော်လည်း စာရွက်ပေါ်ရှိ စကားလုံးများသည် ငယ်ရွယ်စဉ်တုန်းက သူ မြှုပ်နှံထားခဲ့သည့် ရည်မှန်းချက်များ နိုးကြားလာသလိုမျိုး သူ့နှလုံးသားကို လှုပ်ခါသွားစေခဲ့သည်။

ချန်ရှီကို မေးဖူးတဲ့ သူ့မေးခွန်းကို ရုတ်တရက် ပြန်သတိရမိသည်။

"ဒါက ကမ္ဘာကြီးရဲ့ ပုံစံပဲ... မင်း ပြောင်းလဲနိုင်မလား"

သူ့ခန္ဓာကိုယ်ထဲမှာ လေပူတွေ အထပ်ထပ် စီးဆင်းနေပြီး ရင်ဘတ်အထိ ပူနွေးလာခဲ့သည်။ တွေးလေ ပိုပိုပူလာသလို ခံစားရလေပင်။

"ဧကန္တ သူက ကမ္ဘာကြီးကို ပြောင်းလဲပေးတဲ့သူများလား"

ခပ်တိုးတိုးလေး ဆိုလိုက်သည်။

လူကြီးမင်းကျန်း ရှင်းရှန်ခရိုင်မှာ အသတ်ခံရသည့် သွေးထွက်သံယို တိုက်ပွဲအပြီးကစ၍ ချောင်ဝမ်မြို့တွင် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ထျန်းဟွာယိနဲ့ ရှန်ယွိရှန်းအတွက် လက်စားချေလိုက်​ပြီဟု ခံစားခဲ့ရပြီးနောက် လက်ရှိအနေအထားကို တဖြည်းဖြည်း ရောင့်ရဲလာခဲ့သည်။

သို့သော် ချန်ရှီကတော့ သူ့နှလုံးသားထဲက ဤသွေးကြွေးရန်ငြိုးကို ဆုပ်ကိုင်ထားဦးမယ်လို့ တစ်ခါမျှ မတွေးခဲ့မိပေ။

ဤညတွင် ချန်ရှီထံက စာတစ်စောင်ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ညချမ်းက ရေလို အေးမြ​နေသည်။

နှလုံးသားထဲမှာ တောက်လောင်နေတဲ့ မီးတွေက ရှိခဲ့သလို ဖယ်ရှားရန်လည်း ခက်ခဲခဲ့သည်။

ဖုလိန်ရှန်း အိပ်မပျော်နိုင်သောကြောင့် ခြံအပြင်သို့ ရိုးရိုးရှင်းရှင်း ထွက်လာကာ ဝါးတိုင်ရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။ ဝါးကို လှံအဖြစ်အသုံးပြုကာ ခြံဝင်းထဲတွင် လှံသိုင်းကပြ​နေခဲ့သည်။

ဝါးက လေကို ဖြတ်သွားတိုင်း လေချွန်သံတွေ ထွက်လာသည်။ လှံသည် ငါးတစ်ကောင်နှင့် နဂါးကဲ့သို့ ကခုန်နေကာ သူ့နှလုံးခုန်သံကဲ့သို့ပင်။

.......

"ချန်ရှီ အရမ်း အတင့်ရဲနေပြီ!"

လီယင်၊ ယန်ဝမ့်နဲ့ ရှမင်တုံးတို့ ဒေါသတကြီး ပေါက်ကွဲနေကြသည်။ ယန်ကျင်းရှုနဲ့ ရှဝေးရင်းတို့ နှစ်ယောက်စလုံး ချန်ရှီ လက်ထဲမှာ သေဆုံးသွားခဲ့တာကို ရပ်သာ ကြည့်နေရပြီး ချန်ရှီကို လက်စားချေဖို့ သွားမရှာနိုင်ခဲ့ကြပေ။

ဒီလူက စိတ်ရောဂါ ရနေသူသာ ဖြစ်လိမ့်မည်။ ရှင်းရှန်ပြည်နယ် မြို့တော်ကို ရောက်တဲ့ သူ့ရဲ့ပထမဆုံးနေ့မှာတောင် နူးညံ့သိမ်မွေ့တဲ့ ကျေးလက်တော ရွာလေးလို ပျော်နေမယ့်အစား ဝါးခုတ်ပြီး လူတွေကို သတ်ပစ်လိုက်သည်။

ဘုရင်ခံ ရွှီကျန်းနဲ့ တခြားသူတွေလည်း ရောက်လာပြီး ဘုရင်ခံဟောင်းရဲ့ ဇနီးနှစ်ယောက် သေဆုံးသွားတာကို တွေ့လိုက်ရလို့ အံ့အားသင့်သွားကြသည်။

"ချန်ရှီက တရားမဲ့ အရူးတစ်ယောက်ပဲ!"

ဘုရင်ခံရွှီကျန်းရဲ့ မျက်နှာက ညိုမှိုင်းနေသည်။ သူက လက်သီးတွေကို တင်းတင်းဆုပ်ပြီး လှည့်အော်လိုက်သည်။

"ပြည်နယ်မြို့တော်မှာ လာနေတဲ့ ပထမဆုံးနေ့မှာ မင်းက ဒီလောက်ကြီးကျယ်တဲ့ ရာဇ၀တ်မှုကြီးကို ကျူးလွန်ခဲ့တယ်ပေါ့... အားလုံးပဲ အစိုးရရုံးကို ပြန်သွားပြီး သေသေချာချာ ဆွေးနွေးကြရအောင်!"

အားလုံးက ဒေါသကို ထိန်းပြီး အစိုးရရုံးကို ပြန်သွားကြလေ၏။

သူ မထိုင်မီတွင် ရှမင်တုံးရဲ့ ရေခဲလို မျက်နှာက သူ့ကိုကြည့်ကာ မေးလာခဲ့သည်။

"လူကြီးမင်းရွှီ... ချန်ရှီက ဘယ်သူလဲ သိလား ရှီးကျင်းက သူ့ကို ကျဲယွမ် ယဘွဲ့ကို ဘာလို့ ပေးရတာလဲ ဒီဘုရင်ခံတွေရဲ့ သေဆုံးမှုက ဘာလို့ သူ့နဲ့ ပတ်သက်နေသေးတာလဲ"

သူ အတော်လေး ဒေါသကြီး​နေသည်။ ရှဝေးရင်းက ရှမိသားစုတွင် မွေးဖွားခဲ့သူပင်။ သူမသည် လီမိသားစုတွင် အိမ်ထောင်ပြုခဲ့သော်လည်း ရှမိသားစု၏ မိသားစုဝင် ဖြစ်နေဆဲဖြစ်ကာ ဤအသွေးကိုတော့ မခွဲနိုင်ချေ။

ယခု ရှဝေးရင်းက ချန်ရှီဆီမှာ အသတ်ခံလိုက်ရသည်။ လက်ရှိသူ့ပုံစံက အလွန်ယဉ်ကျေး သိမ်မွေ့သော်လည်း ဒေါသကို မထိန်းနိုင်တော့ပေ။ တခြားသူတွေကတော့ ဒီစကားကို ကြားတဲ့အခါ ဂရုတစိုက်နားထောင်ရုံနဲ့သာ တတ်နိုင်ကြသည်။

ချန်ရှီကိစ္စနှင့် ပတ်သက်၍ မိသားစုက ၎င်းတို့တာဝန်မထမ်းဆောင်မီတွင် ဘုရင်ခံ၊ ခရိုင်ရှူးတွေရဲ့ သေဆုံးမှုက ချန်ရှီနှင့် သက်ဆိုင်ကြောင်း၊ ကုံကျိုး ဘုရင်ခံနဲ့ တခြားအဆင့်မြင့် အရာရှိများရဲ့ သေဆုံးမှုလည်း ချန်ရှီနဲ့ သက်ဆိုင်​​​နေကြောင်း ၎င်းတို့အား ပြောပြခဲ့သည်။ ချန်ရှီကို ယဉ်ကျေးစွာဆက်ဆံပြီး သူ့ကို အတတ်နိုင်ဆုံး အနိုင်ယူခိုင်းထားခဲ့သည်။

သို့သော် တိကျသော အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း မဖော်ပြထားပေ။

ဘုရင်ခံ ရွှီကျန်း: "ချန်ရှီရဲ့အဘိုး ချန်ယင်တူးက ရှီးကျင်းမှာ သားသတ်သမားပဲ... အားလုံးသိသင့်တယ် ဟုတ်တယ်မလား?"

ဒါကိုကြားတော့ လူတိုင်း ခေါင်းညိတ်ကြသည်။

လီယင် အံကြိတ်ပြီး :"သင်္ချိုင်းမှာ အရိုးခြောက်တွေတောင် ဖြစ်နေပြီ... ရှီကျင်းရဲ့ သားသတ်သမား သေသွားပြီ သူ့ကို ကာကွယ်ဖို့ နည်းလမ်းမရှိဘူး!"

ဘုရင်ခံရွှီ: "ကုံကျိုးမှာ နတ်ဆိုးပြောင်းလဲမှု နှစ်ခုရှိတယ်... ပထမနတ်ဆိုး ပြောင်းလဲမှုက ဆရာတော်ဝါးခါးရဲ့ သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတာ.. ဒုတိယနတ်ဆိုး ပြောင်းလဲမှုရဲ့ တရားခံကတော့ ချန်ရှီပဲ... ကုံကျိုးမှာရှိတဲ့ အကြီးတန်းအရာရှိ ဆယ့်လေးယောက်စလုံးကို သူ့ပါးစပ်ထဲမှာ မြှုပ်ပြီး စားသောက်ပစ်တာ"

"စားပစ်တာ ဟုတ်လား?" ကြားဖူးနားဝ လွဲမှားစွာ တွေးတောနေသော လူတိုင်း၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

"စားပစ်တာ..."

ဘုရင်ခံရွှီက သက်ပြင်းကို ထပ်ခါတလဲလဲ ချနေ၏။

"လူကြီးတွေလည်း ဒီစကားကို ကြားလိုက်တာနဲ့ အရမ်းအံ့သြပြီး မှားတာပဲ ဖြစ်မယ်လို့ ထင်ခဲ့ကြသေးတယ်... ဒါပေမယ့် ချန်ရှီက ကုံကျိုးက အရာရှိ ဆယ့်လေးယောက်ကို စားခဲ့တာလို့ အကြီးအကဲတွေက ထပ်ခါထပ်ခါ အတည်ပြုခဲ့ကြတယ်"

ခေတ္တရပ်ပြီး အပြုံးတစ်ဝက်ဖြင့် :"သူက သူတို့ရဲ့ဝိညာဉ်တွေကိုပါ စားပစ်တာ... တစ်လုတ်ကို တစ်ယောက်ပဲ... သူက အရမ်း ဇီဇာကြောင်တယ် အလောင်းတွေကိုတော့ မစားဘူး အရမ်း အစွမ်းထက်တဲ့ စန့်ရန် လှည့်လည်သွားလာသူတွေ အများကြီးတောင် သူ့ပါးစပ်ထဲမှာ မြှုပ်ပစ်တာ!"

အားလုံး တိတ်ဆိတ်သွားကြသည်။

၎င်းတို့သည် မိသားစုဆယ့်သုံးစု၏ အဆင့်အတန်း မြင့်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ တစ်ဦးစီသည် သန်မာသော ကျင့်ကြံမှု ခွန်အားရှိပြီး ၎င်းတို့ကိုယ်ကို အထင်ကြီးကြသော်လည်း စုပေါင်း အင်အားက ကုံကျိုးနဲ့ သိပ်ကွာမည်မဟုတ်။ ကုံကျိုးက လူတွေကို ချန်ရှီက သူတို့သာ ဖြစ်ခဲ့လျှင် သူတို့ကိုလည်း စားသောက်ပစ်လိမ့်မည်။

"မြင်တဲ့အတိုင်း ချန်ရှီက ရွှေအမြုတေနယ်ပယ် အဆင့်မှာပဲ ရှိသေးတယ် သခင်တွေ အများကြီးကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ"

လီယင်ရဲ့ ဒေါသက ရုတ်တရက် ပျောက်ကွယ်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သူ့ကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ရှိတယ်"

ဘုရင်ခံရွှီက ရှင်းပြသည်။

"နတ်ဆိုးက ချန်ရှီကိုယ်ထဲ ဝင်ပြီး လူတွေကို စားပစ်တာ... ရိုးရိုးသားသား ပြောရရင် လှည့်လည်သွားလာသူ ဟန်ချန်း နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဟန်ရှန်းက ငါတို့ ရွှီမိသားစုရဲ့ အကြီးအကဲပဲ... သူကငါတို့ရွှီမိသားစုရဲ့ လုပ်ရပ်ကို သည်းမခံနိုင်တော့လို့ ရာထူးက နုတ်ထွက်ပြီး လှည့်လည်သွားလာနေတာ... ရွှီမိသားစုရဲ့ စစ်ပွဲကို သည်းမခံနိုင်တော့လို့ ထွက်သွားတဲ့ အကြောင်း မိသားစုရဲ့ အကြီးအကဲတွေက ရွှီမိသားစုဝင်​တွေကို ပြောပြခဲ့ဖူးတယ်... ချန်ရှီရဲ့ခန္ဓာကိုယ်မှာ ဒီလိုနတ်ဆိုး တစ်ရာကျော် ရှိနေတယ်လို့ အကြီးအကဲက သတင်းပို့လာတယ်"

လူတိုင်း အနည်းငယ် ထိတ်လန့်သွားကြသည်။

နတ်ဆိုးတစ်ရာကျော်။ !

ဒီလိုကြောက်စရာကောင်းတဲ့ အဖြစ်အပျက်က ဘယ်လိုလုပ်များ ဖြစ်လာနိုင်တာလဲ။

ဟန်ရှန်းစန့်ရန်ဟာ မဟာယာနနယ်ပယ်အထိ ကျင့်ကြံထားသော အကြီးတန်း သခင်တစ်ဦးဖြစ်သည်။ သူသည် ကုံကျိုးရှိ နတ်ဆိုးပြောင်းလဲမှု၌ မျက်မြင်သက်သေ တစ်ဦးလည်း ဖြစ်သောကြောင့် သဘာဝအတိုင်း လိမ်ညာမည်မဟုတ်ပေ။ ဒါပေမယ့် ချန်ရှီရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးတစ်ရာကျော်က ယုံရခက်လှ၏။

ချန်ရှီက သူ့အသက်ကို ဘယ်လို ကယ်တင်ထားလို့ ဒီနတ်ဆိုးတွေဆီက အစားမခံရသေးတာလဲ။

ယုတ္တိဗေဒအရ ပြောရရင် သူအစားခံရသင့်တာ ကြာပြီ။

ဘုရင်ခံရွှီက သက်ပြင်းချလိုက်လေသည်။

"ရှီးကျင်းမှာလည်း ရုတ်တရက် ပေါ်လာတဲ့ အလောင်းကောင် တိမ်တိုက်​ကြီးကြောင့် ပိတ်မိနေကြတယ်... လူအင်အားလည်း မရှိတော့ဘူး ရှီးကျင်းရဲ့ ရည်ရွယ်ချက်က ချန်ရှီရဲ့ ခန္ဓာကိုယ်အတွင်းက နတ်ဆိုးတွေ ထပ်မပေါက်ဖွားလာဖို့ တားဆီးဖို့ ကြိုးစားနေတာ"

အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သက်ပြင်းချကြသည်။ ချန်ရှီနဲ့ ဆက်ဆံချင်ပေမယ့်လည်း လုပ်ဖို့ ခွန်အားကလည်း မရှိကြချေ။

"သခင်မနှစ်ယောက်ကြောင်နဲ့ ကြီးကြီးမားမား မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖန်တီးဖို့ဆိုတာ မလွယ်ပါဘူး"

ဘုရင်ခံရွှီက ယန်ဝမ့်၊ ရှမင်တုံးနဲ့ လီယင်တို့အား လှည့်ပြောလိုက်၏။

"အမျိုးသမီးနှစ်ယောက်ရဲ့ သေဆုံးမှုက တကယ်ကို ကြေကွဲဝမ်းနည်းစရာ ကောင်းပါတယ် ဒါပေမဲ့ အခုအခြေအနေ ရောက်လာတော့ ငါတို့လည်း ဘာမှလုပ်လို့ မရတော့ဘူး... လက်စားချေဖို့ကတော့ အနာဂတ်မှာ အခွင့်အရေး အမြဲရှိမှာပါ ရှီးကျင်းက လူလွှတ်လိုက်ရင် သူ မဆင်မခြင် လုပ်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး"

လီာယင်က မျက်ရည်တွေ ဝဲပြီး "ညီမနှစ်ယောက် အချည်းနှီး သေဆုံးသွားတာ သနားစရာပဲ... တစ်နေ့တော့ ငါ လီယင်... ငါ့ခယ်မတွေအတွက် လက်စားချေမယ်!"

ရှမင်တုံး: "ငါ့ညီမအတွက် လက်စားချေဖို့ ငါကိုယ်တိုင်လည်း အရေးယူမယ်!"

ယန်ဝမ့်ကလည်း သူ့သွားတွေကို အံကြိတ်ပြီး "သူ့ကို ရက်နည်းနည်းလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြေးခွင့်ပေးထားလိုက်မယ်.. ပြီးရင်တော့ လက်စားချေတဲ့နေ့မှာ သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်ပစ်မယ်!"

သူက ခဏလောက် တုံ့ဆိုင်းသွားပြီး "ဒါဆို သူ့ကို ဆွမ်းဆက်ကျွေးပြီး မနက်ဖြန် သူ့ကို ကြိုဆိုတဲ့ အခမ်းအနား ကျင်းပရဦးမှာလား?"

"အင်း!"

ဘုရင်ခံ ရွှီ: "နက်နဲတဲ့ မုန်းတီးမှု ရှိနေရင်တောင် နှလုံးသားထဲမှာပဲ မြှုပ်ထားရမယ်... ရယ်ရတဲ့အခါ ရယ်သင့်တယ် မင်းတို့ရဲ့ မုန်းတီးမှုကို မပြကြသေးနဲ့"

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

ထိုအချိန်တွင် တခြားသူလျှိုတစ်ဦး အပြေး ရောက်လာပြီး တိုင်ကြားလာသည်။

"ဘုရင်ခံ လူတစ်ယောက်က ချန်အိမ် အပြင်ဘက်ကနေ သခင်ကြီးချန်ကို စောင့်ကြည့်နေပါတယ်"

ဒါကိုကြားတော့ လူတိုင်း အံ့ဩသွားကြသည်။

သူတို့အပြင် ချန်ရှီရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတဲ့ လူတစ်ယောက် ရှိနေသေးတာလား။

ချန်ရှီကို စောင့်ကြည့်နေတဲ့ လူတွေက ဘယ်သူတွေလဲ။

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ဘုရင်ခံရွှီက ဧည့်ခံပွဲတစ်ခု ပြင်ဆင်ပြီး ချန်ရှီကို ပွဲသို့ဖိတ်ခေါ်ရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။ မထင်မှတ်ပဲ လူက တစ်ယောက်တည်း ပြန်လာပြီး အစီရင်ခံ၏။

"သခင်ကြီးချန်က ကျေးဇူးကန်းပါတယ် သူက တစ်ယောက်တည်း တံခါးပိတ်ပြီး လေ့ကျင့်ချင်တယ် ဒီရက်ပိုင်း ဧည့်သည်တွေကို မတွေ့ဘူးလို့ အစေခံတွေကို ပြောခိုင်ထားပါတယ်"

ဘုရင်ခံရွှီက ဒါကို ခံနိုင်ရည်ရှိတာကြောင့် တခြားအရာရှိတွေကို လှည့်ပြောလိုက်၏။

"ချန်ရှီ မလာသေးမှတော့ ငါတို့ဘာသာ စားသောက်လိုက်တာပေါ့ "

သုံးရက်မြောက်သော နေ့တွင် ဘုရင်ခံရွှီက သူ့ကို ထပ်မံဖိတ်ကြားရန် လူများစေလွှတ်ခဲ့သော်လည်း သူမလာသေးပေ။ ချန်ရှီက တံခါးပိတ်ကျင့်ကြံနေဆဲ။ စတုတ္ထနေ့နှင့် ပဉ္စမရက်များတွင် အလားတူပင် ဖြစ်လာတာကြောင့် ဘုရင်ခံရွှီလည်း ဒေါသတကြီးနဲ့ တုံ့ပြန်လေတော့သည်။

"သခင်ကြီးချန်က တံခါးပိတ်ကျင့်ကြံဖို့ မြို့ကို လာခဲ့တာလားကွ!"

ရှမင်တုံး: "ဒီရက်ပိုင်း သူ အပြင်မထွက်ဘူး... မိန်းမတွေနဲ့များ ကစားနေတာလား"

သို့သော် ချန်ရှီသည် အမှန်ပင် တံခါးပိတ်ကျင့်ကြံနေကာ အဂ္ဂိရတ်ဆေး သန့်စင်နေကြောင်း သူလျှိုများက ပြော​ပြလာသည်။

ရှစ်ရက်မြောက်နေ့တွင် ချန်ရှီ တံခါးပိတ်ကျင့်ကြံနေပြီး ဘုရင်ခံရွှီနှင့် သူ့​လူများကလည်း အနှီကောင်လေးကို ဂရုစိုက်ရန် အလွန်ပျင်းရိလာကြသည်။

"ချန်ရှီကို စောင့်ကြည့်နေတဲ့ လူတွေရဲ့ လှုပ်ရှားမှုတွေရော ရှိလား"

ထောက်လှမ်းရေးက ပြန်ဖြေသည်။

"လူလေးယောက်ပါ... ချန်အိမ်နဲ့ မျက်နှာချင်းဆိုင်က စားသောက်ဆိုင်မှာ နေနေကြတာ ရှစ်ရက်ရှိပြီ ဒါပေမယ့် လှုပ်ရှားမှု မရှိသေးပါဘူး ချန်ရှီရဲ့အိမ်အပြင်မှာ နေ့တိုင်း ထင်းရောင်းတဲ့ ထင်းခုတ်သမားလည်း ရှိတယ်...ချန်ရဲ့ အိမ်နားက စျေးရောင်းတဲ့ ဈေးသည်တစ်ယောက်ကလည်း ကလေးတွေ အများကြီးကို ဆွဲဆောင်နေတယ်... လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်သောက်ဖို့ လူခေါ်နေတဲ့ ပညာရှင်တစ်ယောက်လည်း ရှိတယ်.... သူလည်း ချန်ရှီကို စောင့်ကြည့်နေတာ..."

"သူတို့က ဘယ်သူတွေလဲ?"

သူလျှိုက ခေါင်းခါပြီး "မသိဘူး... လေယူလေသိမ်းကို ကြည့်ရတာတော့ သူတို့က ယွိသောက လာကြပုံပဲ"

"သွားပြန်စစ်စမ်း"

သူလျှိုက ထွက်သွားသည်။

ကိုးရက်မြောက်နေ့မှာ သူလျှိုက သတင်းပို့လာသည်။

“သခင်ကြီး ချန်ရှီကို စောင့်ကြည့်နေတဲ့ လူနှစ်ယောက် သေသွားပါပြီ”

ဘုရင်ခံရွှီ ထိတ်လန့်သွားပြီး :"သူဘယ်လိုသေတာလဲ"

"မနေ့ညက စားသောက်ဆိုင်မှာ လူနှစ်ယောက်က ခန္ဓာကိုယ်တွေထားခဲ့ပြီး အခြေတည်ဝိညာဥ်နဲ့ ချန်အိမ်ထဲကို ခိုးဝင်သွားတာ... ရုတ်တရက် မိုးကြိုးပစ်ချလို့ လူနှစ်ယောက်ရဲ့ အခြေတည်ဝိညာဥ်တွေက သေသွား​ကြတယ်... ဒီမနက်မှာတော့ စားသောက်ဆိုင်ထဲမှာ ဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဧည့်သည်နှစ်ယောက် ရုတ်တရက်သေဆုံးသွားတယ်လို့ ဆိုပါတယ်... အလောင်းတွေကို စစ်ဆေးဖို့ သွားရောက်ခဲ့ပါ​သေးတယ်"

ရွှီကျန်း: "မနေ့ညက ဘယ်လို မိုးကြိုးပစ်တာလဲ"

"သခင်ကြီးချန်က စာသင်ခန်းထဲမှာ ပန်းချီဆွဲနေတာ... ဧည့်သည်ရဲ့ အခြေတည်ဝိညာဥ်က မိုးကြိုးငါးလုံးကို မတော်တဆ မီးလောင်သွားလို့ အသတ်ခံလိုက်ရတာလို့ အိမ်ဖော်က ပြောပါတယ်"

ဘုရင်ခံရွှီက စဉ်းစားပြီး :"သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား ဒါမှမဟုတ် မတော်တဆလား"

"အဲဒါတော့ မသိပါဘူး"

ဘုရင်ခံရွှီက သူ့ကို ထပ်ပြီး စုံစမ်းခိုင်းလိုက်ပြန်သည်။ တစ်ရက်ကြာတော့ သူ့သူလျှိုက ပြန်​ရောက်လာသည်။

"သခင်​ကြီးချန်ရဲ့အိမ်နားက ထင်းခုတ်သမားသေသွားပြီ"

ဘုရင်ခံရွှီ တအံ့တသြနဲ့ "ဒီထင်းခုတ်သမားက ဘယ်လိုသေသွားတာလဲ"

သူလျှို: "သူထင်းသယ်ပြီး ချန်အိမ်အပြင်မှာ ရောင်းနေတာ... ထင်းတစ်ချောင်းစီက ကျင်တစ်ရာကျော် အလေးချိန်ရှိတယ် မတော်တဆ ချော်လဲပြီး ထင်းတစ်ပိုင်း သူ့နှလုံးကို ထိုးဖောက်ပြီး သေဆုံးသွားခဲ့တာ"

ဘုရင်ခံရွှီမှာ အလွန်တုန်လှုပ်သွားပြီး ဒေါသတကြီး မေးလေ၏။

"အဲဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုမျိုးလဲ... သူ ဘယ်လိုလုပ် ထင်းနဲ့ ထိုးသတ်ခံလိုက်ရတာလဲ"

သူလျှိုက "ခွဲခန်းထဲက ခွဲစိပ်စစ်ဆေးရေးမှူးက ဒီလိုပြောခဲ့တာပါ... ပေါက်ထီးရှင်လည်း သူ့ကို တွေ့သွားတယ်... အဲဒီလူရဲ့ နဖူးကို ဖိလိုက်တော့ သူက အခြေတည် ဝိညာဥ်နယ်ပယ်မှာလို့ ပြောခဲ့ပါတယ် သူ့ရဲ့ ကောင်းကင်တံခါးပွင့်သွားပြီး သူ့ဦးခေါင်းပေါ်က အရိုးတွေက ပျော့နေပြီတဲ့"

"အခြေတည်ဝိညာဥ် အဆင့်မှာ ကျွမ်းကျင်တဲ့ စစ်သည်တော်တစ်ယောက် သစ်သားတစ်စနဲ့ ဓားလို ထိုးသတ်ခံလိုက်ရတာလား...မင်းယုံသလား"

"မယုံဘူး"

"ငါလည်းမယုံဘူး!"

ဘုရင်ခံက ပြုံးပြီးပြော၏။

"ချန်ရှီကို စောင့်ကြည့်နေတဲ့ သူတွေလည်း မယုံ​ကြည့်နိုင်မှာကို ကြောက်ရတယ်....ချန်ရှီက သူ့ကိုယ်ပိုင် မှော်အစွမ်းနဲ့ သစ်သားတစ်ပိုင်းကို ဒီထင်းမှာ ရောစပ်ပြီး ထင်းမီးမွှေးဖို့ ပြင်ဆင်ထားတဲ့ လူကို ပြင်ဆင်မှုမရှိဘဲ သတ်ပစ်ဖို့ အဆင်သင့် လုပ်ထားတာ ဖြစ်မယ် သူ့ရဲ့လက်နက်တွေကို ငှက်တွေအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ စွမ်းရည်နဲ့ လုပ်နိုင်တယ်လေ... ဒီလူနှစ်ယောက်ကတော့ တစ်နေ့သေမှာ ကျိန်းသေပဲ... ချန်ရှီ တိုက်ခိုက်တာကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး ဒါမှမဟုတ် သူတို့ နောက်​ပြန်ဆုတ်သွားလိမ့်မယ်... သွားကြည့်ရအောင်!"

ချန်ရှီ ညစာ လာစားမလား ဆိုတာကို သူစိတ်မဝင်စားတော့ပေ။ ချန်ရှီနဲ့ အဲဒီလူတွေကြားက တိုက်ပွဲကို သူစိတ်ဝင်စားနေခဲ့ပြီလေ။ ဒီလူတွေနဲ့ ချန်ရှီ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သူတကယ်သိချင်နေပြီ။

"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကောင်လေးက ပြည်နယ်ငါးဆယ်မှာ အထူးချွန်ဆုံး ပညာရှင်တစ်ဦး အနေနဲ့ ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့တယ်... ဆယ်နှစ်အကြာမှာတော့ မျက်လုံးကို မှိတ်​တောင်မမှိတ်ဘဲ လူသတ်​နေတဲ့ နတ်ဆိုးအိုတစ်ယောက်လို ထင်လာရပြန်ပြီ"

ဘုရင်ခံရွှီက ရယ်မောနေသည်။

"ဒီလူတွေကို မမျှော်လင့်ဘဲ သေအောင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ရအောင်... သူတို့က ချန်ရှီကို စောင့်ကြည့်နေပေမယ့် တကယ်တော့ ချန်ရှီက ပြန်စောင့်ကြည့်နေပုံရတယ် သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ချန်ရှီရဲ့ မျက်လုံးနဲ့ နားတွေကနေ ဖုံးကွယ်ထားလို့ မရဘူး"

ထိုအချိန်တွင် ငှက်များ၏ ကြည်လင်သော တေးဆိုသံကို ကြားလိုက်ရရာ သူ့မျက်နှာ အနည်းငယ် ပြောင်းလဲသွားလေသည်။ လှည့်ကြည့်လိုက်တော့ ပြတင်းပေါက် အပြင်ဘက်ရှိ ချုံပုတ်များကြားမှ ငှက်များကို ကြည့်နေမိသည်။

အစိုးရရုံးက ငှက်တွေကရော တကယ့်ငှက်တွေလား။

ဘုရင်ခံရွှီသည် ချန်အိမ်တွင် သူလျှိုများစွာကို နေရာချထားခဲ့သည်။ ချန်ရှီကရော အစိုးရရုံးမှာ သူလျှိုတွေကို နေရာချထားတာ ဖြစ်နိုင်လား။

ချန်ရှီသည် ဤအခိုက်အတန့်တွင် သူ့လက်နက်ကို ငှက်တစ်ကောင်အဖြစ် ပြောင်းလဲကာ သစ်ပင်ထိပ်များနှင့် ပန်းပင်များကြားတွင် ပုန်းအောင်းနေပြီး သူ့ကို လျှို့ဝှက်စွာ စူးစမ်းနေခဲ့သည်။

ဘုရင်ခံရွှီလည်း သူ့ကိုယ်သူ ငြိမ်သက်သွားအောင် လုပ်လိုက်သည်။ ဒီ​နည်းလမ်းကို မှော်အစွမ်းဟု ခေါ်နိုင်သည်။ ဟန်ရှန်းစန့်ရန်ရဲ့ အစွမ်းအစပင်။ ရွှီမိသားစုထဲမှာ ဘယ်သူ့ကိုမှ သင်ကြားမပေးခဲ့ပေမယ့် မမျှော်လင့်ဘဲ ချန်ရှီကတော့ ၎င်းကို သင်ယူခဲ့ပြီး ကောင်းစွာအသုံးချ​နေခဲ့သည်။

"သခင်ကြီး စားသောက်ဆိုင်ထဲမှာ လူတစ်ယောက် ထပ်သေသွားတယ်"

သူလျှိုက သတင်းပို့လာပြန်သည်။

"သူဘယ်လိုသေတာလဲ"

"သေဆုံးရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး"

သူလျှိုက ခဏတုံ့ဆိုင်းသွားပြီး "အဲဒီလူမှာ အခြေတည်ဝိညာဥ် ရှိတာကို လက်အောက်ငယ်သားတွေက သတိပြုမိတယ်.. အခြေတည်ဝိညာဥ်က စားသောက်ဆိုင်ထဲက ပြေးပြီး ရုတ်တရက် ပျောက်သွားတယ် နောက်တော့ စားသောက်ဆိုင်ထဲမှာ တစ်ယောက်ယောက် သေဆုံးသွားတာပဲ... ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေက သတိပြုမိကြတာပါ... စားသောက်ဆိုင်အောက်က လမ်းကြားလေးမှာ ခွေးမတစ်ကောင် ပေါ်လာတယ် လူသေပြီးတာနဲ့ ခွေးမတစ်ကောင်က လူ့ဘာသာစကား ပြောတတ်တဲ့ ခွေးကလေး မွေးလာတယ်... တွေ့တဲ့လူက နတ်ဆိုးလို့ ပြောနေကြတယ်. ..."

"ကောင်းလိုက်တဲ့ လှည့်ကွက်!"

ဘုရင်ခံရွှီက အသက်ပြင်းပြင်းရှူပြီး ဆိုလေသည်။

"ကောင်းလိုက်တဲ့ လှည့်ကွက်ပဲ... ဒီယွိသောက ဧည့်သည်တွေ မလုပ်နိုင်ရင် ချန်ရှီရဲ့ ပူးပေါင်း ကြံစည်မှုအောက်မှာ တစ်ယောက်ပြီး တစ်ယောက် သေသွားလိမ့်မယ်... ငါသာ ဒီလို ကြောက်စရာကောင်းတဲ့ ဖိအားအောက်မှာ ချန်ရှီကို တိုက်ခိုက်လိုက်ရင် ငါ တားနိုင်မှာ မဟုတ်ဘူး"

သူက အနည်းငယ်ပြုံးပြီး "ဒီလူတွေက သူတို့ကိုယ်သူတို့ ကူညီနိုင်မလားဆိုတာ ငါတကယ် သိချင်ပါရဲ့!"

သူသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ၀တ်ဆင်ကာ ချန်အိမ်နဲ့ မျက်စောင်းထိုးက စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။ ထို့နောက် လမ်းဘေး စားသောက်ဆိုင်၏ ပထမထပ်တွင် ထိုင်​နေလိုက်သည်။ အရံဟင်းအနည်းငယ်ကို မှာကြားပြီး ဝိုင်တစ်အိုးကို ပူပူနွေးနွေး ချက်ခိုင်းသည်။ အရက်သောက်ရင်း လမ်းအပြင်ဘက်မှ လှုပ်ရှားမှုကို ကြည့်နေခဲ့၏။

ခဏအကြာတွင် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး အေးစက်နေသော မျက်နှာဖြင့် စားသောက်ဆိုင်မှ ဆင်းလာသည်။ သူမသည် အောက်ထပ်သို့ တည့်တည့်သွားကာ လမ်းပေါ်သို့ လျှောက်သွားသည်။

တစ်ချိန်တည်းမှာပင် တင်းကုပ်ကလေးများ ဝိုင်းရံထားသော်လည်း ဈေးသည်က သူတို့ကို မကြည့်ဘဲ တင်းကုပ်မှ ထွက်ခွာသွားခဲ့သည်။ တစ်ဖက်က လက်ဖက်ရည်ဆိုင်မှာ ပညာရှင်ကလည်း သူ့စာအုပ်သေတ္တာကို ချလိုက်ပြီး ခွက်ထဲက လက်ဖက်ရည်ကို သောက်လိုက်သည်။ ထို့နောက် အင်္ကျီအိတ်ကပ်ထဲက ငွေကို စားပွဲပေါ်တင်ကာ လက်ဖက်ရည်ဆိုင်ထဲက အမြန်ထွက်လာခဲ့သည်။

"ဆရာ...ခင်ဗျား စာအုပ်ပုံးကို မယူရသေးဘူးလေ..."

လက်ဖက်ရည် အဖျော်ဆရာက ကမန်းကတန်း ပြောလိုက်သည်။

"နောက်မှ ယူမယ်!"

ပညာရှင်က ခေါင်းမလှည့်ဘဲ ပြန်ဖြေ၏။

သူသည် ဈေးရောင်းသူနှင့်တွေ့ပြီး အနီရောင်ဝတ် အမျိုးသမီးနှင့် ဘေးချင်းကပ်လျက် ဤနေရာသို့ လျှောက်ထွက်သွားခဲ့သည်။ သူတို့ သုံးယောက် လမ်းဖြတ်ကူးပြီး ချန်ရှီ နေအိမ်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့ကြသည်။ ထို့နောက် အိမ်နံရံကို ကျော်တက်ပြီး မြေပြင်ပေါ်မှာ ​ခြေချလိုက်ပေ၏။

သူတို့ ဆင်းသက်ပြီးတာနဲ့ ခြံထဲမှာ ထိုင်နေတဲ့ ချန်ရှီကို တွေ့လိုက်ရ၏။ သူ့ပတ်ဝန်းကျင်က သစ်ပင်တွေနဲ့ နံရံတွေမှာ ကပ်ထားတဲ့ အ​ဆောင်လက်ဖွဲ့တွေ ရှိနေကာ ခြံထဲမှာ ချန်ရှီကလွဲလို့ ဘယ်သူမှ မရှိတော့ချေ။

"မင်းတို့က ခွင့်မတောင်းဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြေးဝင်လာတာပဲ... ယဥ်ကျေးမှုကို မရှိဘူး... ဆရာကြီးက ပြောတယ် ကျင့်ဝတ်ကို မလေ့လာရင် မရပ်တည်နိုင်ဘူးတဲ့"

ချန်ရှီက သူ့ဘေးနားက ချွန်ထက်နေတဲ့ ဝါးတွေကို ညင်သာစွာ ပွတ်သပ်ရင်း ပြုံးပြလိုက်သည်။

"ငါ့ကို လေးစားဖို့ ကျင့်ဝတ်သိက္ခာကို လေ့လာထားရင် ငါ့အိမ်ကို ဖောက်ထွက်ဖို့ မလိုပါဘူး...ကျင့်ဝတ် မသင်ထားမှတော့ မင်းတို့ ဒီကမ္ဘာမှာ နေစရာ မလို​တော့ဘူး!"

ပညာရှင်က ဒါကိုကြားတော့ ခေါင်းယမ်းပြီး ပြော၏။

"ချန်ရှီ... ဆရာ​​ကြီးပြောတာကို နားလည်မှုလွဲနေပြီ ဒီစာကြောင်းက မင်းကျင့်ဝတ်တွေ မလေ့လာရင် ခြေကုပ်ယူနိုင်မှာ မဟုတ်ဘူးတဲ့...."

ချန်ရှီက ပြန်လည် လှောင်ပြောင်သည်။

"မင်းလည်း ဆရာကြီးရဲ့ ကိုယ်ခံပညာ စိတ်ဓာတ်ကို နားမလည်ဘူးထင်တယ်... အပေါ်ယံ အသိပညာလေးနဲ့များ... ငါ့ရဲ့ ရှင်းလင်းချက်က ဆရာကြီးရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က အစစ်အမှန် စကားလုံးတွေပဲ!"

All Chapters