← Chapters

အမျိုးကောင်းသားတစ်ဦးက လက်စားချေပြီ၊ လူသတ်ရင် သွေးမြင်ရမယ်

Vol. 13 Ch. 193

အမျိုးကောင်းသားတစ်ဦးက လက်စားချေပြီ၊ လူသတ်ရင် သွေးမြင်ရမယ်

Vol. 13 Ch. 193

ထိုလူများသည် ချန်ရှီ၏ သစ်သားလှည်းနောက်သို့ အနီးကပ်လိုက်ကာ ချန်ရှီကို စိုက်ကြည့်နေကြသည်။ ၎င်းတို့ထဲမှ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အနီရောင် အင်္ကျီနဲ့ စကတ်ရှည်ကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် မိုင်ထောင်ချီအသံပို့အဆောင်ကို အသက်သွင်းခဲ့​နေပြီး ဘယ်သူ့ကို ဆက်သွယ်နေသလဲတော့ မသိရပေ။

သူတို့သည် အလွန်ကျွမ်းကျင်စွာ လိုက်လာခဲ့ကြသည်။ လမ်းဆုံလမ်းခွသို့ ရောက်သောအခါ လူတစ်ဦးသည် လမ်းမကြီးမှထွက်ပြီး လမ်းခွဲသို့ဝင်သွားခဲ့သည်။ ချန်ရှီရဲ့ သစ်သားတွန်းလှည်းရှေ့တွင် အနားယူနေသော ထင်းခုတ်သမားသည် ယခုအချိန်တွင် ထကာ ထင်းနှစ်ထုပ်ကို ကောက်ကိုင်ရင်း ဆက်သွားသော်လည်း သူ့မျက်လုံးများက ချန်ရှီကို စိုက်ကြည့်နေသည်။

လမ်းမကြီးဘေး လမ်းဆုံသို့ ရောက်သောအခါ အနီးနားတွင် မြို့ကလေးတစ်မြို့ ရှိသည်။ ဈေးထဲမှာ ခေါက်ဆွဲစားနေတဲ့ ပညာရှင်တစ်ယောက်က ချန်ရှီရဲ့ သစ်သားလှည်း ဖြတ်သွားနေတာကို တွေ့သော် ပန်းကန်လုံးထဲမှ ခေါက်ဆွဲကို အပြီးသတ်ဖို့ သူ စိတ်မ၀င်စားတော့ချေ။ သူသည် ပါးစပ်ထောင့်ကို ပွတ်သပ်ကာ မတ်တပ်ရပ်ရင်း ပိုက်ဆံကို စားပွဲပေါ်တင်၍ ခရိုင်မြို့တော် စာတိုက်လမ်းမကြီးဆီသို့ အမြန်လျှောက်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ချန်ရှီ နောက်ကို လိုက်လာသူများသည် ကွဲပြားသော အသွင်အပြင်ဖြင့် နှစ်ကြိမ်သုံးကြိမ် ပြောင်းလဲသွားသော်လည်း ဟဲဟွမ်စကတ်ဝတ်ထားသော အမျိုးသမီးကတော့ ပျောက်မသွားခဲ့။

ချန်ရှီသည် လှည်းပေါ်တွင် ထိုင်နေပြီး ဘာကိုမှသတိမထားမိပုံပေါ်သော်လည်း တကယ်တမ်းတွင် သူသည် မြင်ကွင်းတစ်ခုလုံးကို မြင်နေရသဖြင့် နှလုံးသားထဲတွင် အေးခဲ​နေခဲ့သည်။

"ဒီယွိသောက သခင်လေးက ရှင်းရှန်က လူတော်တော်များများကို ငါ့ကို စောင့်ကြည့်ဖို့ စည်းရုံးနိုင်တာပဲ... သူဘယ်လောက် အစွမ်းထက်တယ် ဆိုတာ တွေးကြည့်ဖို့တောင် ခက်လာပြီ"

ညနေစောင်းတော့ သစ်သားလှည်းက ပြည်နယ်မြို့တော် ရှင်းရှန်ထဲကို မောင်းဝင်သွားခဲ့သည်။

ချန်ရှီ စီရင်စုမြို့တော်ကို တစ်ခေါက် ရောက်ခဲ့ဖူးသည်။ ချန်ယန်တောင်က တောင်တန်းအရှင် ပြန်လည် ရှင်သန်လာသောအခါက သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ရှင်းရှန်ပြည်နယ် မြို့တော်သို့ ခေါ်ဆောင်သွားခဲ့ဖူးသည်လေ။ ထိုအချိန်တုန်းက သူသည် ဘုံကျောင်းထဲကနေ အပြင်ဘက်သို့ လှမ်းမျှော်ကြည့်နေခဲ့ဖူးသည်။ ဒီတခေါက်တော့ ပြည်နယ်မြို့တော်ကို လူကိုယ်တိုင် ရောက်ဖူးပြီး မြင်လိုက်ရတာက အရင်တစ်ခေါက်နဲ့ တော်တော်​လေး ကွာခြားနေ၏။

ရှင်းရှန် ပြည်နယ်မြို့တော်ကို ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ဆောက်ထားသည်။ ပင်လယ်နှင့်နီးသော အရှေ့ဘက်တွင် အလွန် မြင့်သောမြို့ရိုး တစ်ခုရှိပြီး ၎င်းဆီကနေ ပြင်းထန်သော ဖိနှိပ်မှုကို ခံစားရစေသည်။

မြို့တော်တံတိုင်းသည် မတ်စောက်ပြီး ကြေးဝါမှန်ကြီးတစ်ချပ်က အပေါ်မှာ ထောင်ထားသည်။ ဂီယာလှည့်သံများ ရံဖန်ရံခါ ထွက်ပေါ်လာသည်။ ကြေးဝါမှန်က ရွေ့လျားပြီး ပင်လယ်ကို လင်းထိန်စေပြီး ဘီလူးများကို နောက်ပြန် မောင်းထုတ်​နေသည်။

အရှေ့ဘက်ခြမ်းရှိ မြို့ရိုးအောက်တွင် ရှင်းရှန် ပြည်နယ်မှ ဆင်းရဲနွမ်းပါးသူများ နေထိုင်သည့် ဆင်းရဲသားရပ်ကွက် ဖြစ်သည်။ တဲအိမ်မျိုးစုံရှိပြီး လမ်းများက ရွှံ့များဖြင့် ဖုံးနေကာ ကျဉ်းမြောင်းပြီး လူစည်ကားသည်။ ဤနေရာရှိလူများသည် အလွှာပေါင်းစုံမှ ရောနှောနေ၏။ လူသားများအပြင် အများဆုံး သားရဲတချို့ကလည်း ရှိသည်။

အလွန်ကြီးမားပြီး အစာမျိုးစုံကို ခိုးယူရန် ထွက်လာတတ်သည့် ရှင်းရှန်ကြွက်များကိုပင် တစ်ခါတစ်ရံ ရေမြောင်းများထဲမှ ထွက်လာတတ်တာကို တွေ့ရလေ၏။

မြို့၏အနောက်ဘက်တွင် ဂုဏ်သရေရှိ ကုန်သည်များနှင့် မြေပိုင်ရှင်များ နေထိုင်လေ့ရှိသော ချမ်းသာသော နယ်မြေဖြစ်သည်။ မြို့တော်တောင်ဘက်နှင့် မြောက်ဘက်တို့ကတော့ ဖွံ့ဖြိုးပြီး ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်သော ကုန်စည်မျိုးစုံဖြင့် အရပ်ဘက်ဒေသ ဖြစ်သည်။

မြို့ထဲ၌ နေထိုင်သောအခါတွင် နတ်ဆိုးများအကြောင်း စိုးရိမ်စရာ မလိုတော့ပေ။ မြို့ကို ဝိညာဉ်တစ်သောင်းအလံနှင့် ကမ္ဘာမြေစာအုပ်မှ စောင့်ကြပ်ထားသည်။ မြို့ထဲကို ခိုးဝင်လာတဲ့ နတ်ဆိုးမှန်သမျှကို ၎င်းတို့က ချက်ချင်း လက်ခံတွေ့ဆုံကာ တိုက်ရိုက် သတ်ပစ်လိမ့်မည်။

မြို့ထဲမှာ လူသေရင် အလောင်းကို ချက်ချင်း မီးရှို့ပစ်ရမည်။

ဒါပေမဲ့ ဒါက ရှင်းရှန်ပင်။ ကြွက်များစွာ ရှိတာကြောင့် ရံဖန်ရံခါတွင် ကြွက်များသေပြီး လရောင်ကို ထိတွေ့သောအခါ နတ်ဆိုးများအဖြစ် ပြောင်းလဲကာ လူ​တွေကို နာကျင်စေတတ်သည်။ တစ်ခါတရံတွင် ဝိညာဥ်တစ်သောင်းအလံနဲ့ ကမ္ဘာမြေစာအုပ်ကတောင် ရှာမတွေ့တတ်တာကြောင့် တုန်လှုပ် ချောက်ချားစရာ ဖြစ်လာခဲ့သည်။

ဤအရာများကို ဖယ်ရှားရန် ခက်ခဲ၏။ ၎င်းတို့က မြောင်းများထဲတွင် ပုန်းနေတတ်ရာ ထိုနတ်ဆိုးများကို သတ်ရန် ရေမြောင်းထဲသို့ ဝင်ဖို့ အစိုးရရုံးမှ အဆောင်ဆွဲဆရာ တစ်ယောက်ယောက်ကို ငှားရမ်းရမှာ ဖြစ်သည်။

ချန်ရှီ၏ သစ်သားလှည်းသည် မြို့အနောက်ဘက်သို့ မောင်းသွားခဲ့သည်။ သူ့အိမ်က မြို့အနောက်ဘက်မှာ။ ဘုရင်ခံ ရွှီကျန်းက လူတွေကို အိမ်နဲ့ မြေကွက်တွေ ပေးခိုင်းတဲ့အခါ အိမ်ရဲ့ ပထဝီဝင်မြေပုံကိုလည်း ပေးပို့ခဲ့ပါ၏။ ချန်ရှီ မြေပုံအတိုင်း လိုက်၍ သူ့အိမ်ရှေ့သို့ ရောက်လာသည်။

အလွန် ကြီးမားသော တံခါးကြီးတစ်ချပ်ကို အရင် မြင်လိုက်ရသည်။ တံခါးဘယ်ဘက်နှင့် ညာဘက်တွင် စာအုပ်ပုံးပုံသဏ္ဌာန်ရှိသော ကျောက်တုံးနှစ်ခုနှင့် လှေကားသုံးဆင့် ရှိသည်။

ချန်ရှီ ရှေ့သို့ လျှောက်လာပြီး တံခါးကို ခေါက်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် လှပသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမရဲ့ မျက်လုံးများက ချန်ရှီကို စိုက်ကြည့်ကာ အလွန်ပျော်ရွှင်နေပါသည်။ သူမ တံခါးကို အမြန် ဖွင့်လိုက်ပြီး။

"သခင်​ကြီး ပြန်လာပြီ.... ကျွမ်းကျီ... ရှောင်ဖုန်း ဒီကိုမြန်မြန်လာ သခင်​ကြီး ပြန်လာပြီ!"

သူမပ တံခါးကို လုံး၀ ဖွင့်လိုက်ပြီး ချန်ရှီကို ကြိုဆိုလိုက်သည်။ ချန်ရှီ အချိန်အတော်ကြာ သိနေသကဲ့သို့ သူမက အလွန် ဝမ်းသာနေသည်။

"သခင်ကြီး... ကျွန်မတို့ညီအစ်မတွေက သခင်ကြီး အိမ်ကို ပြန်လာမယ့်အချိန်ကို စောင့်နေတာ ကြာပြီ... နောက်ဆုံးတော့ ပြန်လာပြီ!"

ချန်ရှီ အံ့ဩသွားရသည်။ သူ့ဆီရောက်လာတဲ့ စိတ်အားထက်သန်မှုကို ခံစားလိုက်ရပေမယ့် ဒီကောင်မလေးကို သူ ပထမဆုံး တွေ့ဖူးတာပါ။

အသံကိုကြားတော့ ခြံဝင်းထဲက မိန်းကလေးတော်တော်များများ ပြေးထွက်လာပြီး ရောင်စုံငှက်ကလေးတွေလို သီချင်းဆိုကခုန်ရင်း သခင်ကြီးက ဘယ်လို ကြိုးစားခဲ့ကြောင်း၊ သခင်အိမ်မှာ ရက်ပေါင်းများစွာ မနေခဲ့ရပုံ အကြောင်းကို ပြောပြသည်။ ဒီစိတ်အားထက်သန်မှုက ချန်ရှီကို ခံနိုင်ရည်ရှိရန် ခက်ခဲစေသော်လည်း တစ်ချိန်တည်းမှာပင် သူ အလွန်ပျော်ရွှင်သွားခဲ့သည်။

အခြားမိန်းကလေးတစ်ဦးသည် ပုံမှန် အပူချိန်ဖြင့် ရေနွေးဖြည့်ထားသော ကြေးနီအင်တုံတစ်ခုနှင့် ရောက်ရှိလာပြီး အိမ်အကူတစ်ဦးသည် ဖြူဖွေး သန့်စင်သော မျက်နှာသုတ်ပုဝါကို အပူပေးကာ ချန်ရှီရဲ့ လက်၊ မျက်နှာနှင့် လည်ပင်းတို့ကို သုတ်ပေးနေသည်။

အိမ်နောက်ဖေးမှာ ခွေးနဲ့ သစ်သားလှည်းကို ခေါ်သွားပြီး တံခါးဖွင့်ကာ ခွေးနဲ့ လှည်းကို အိမ်ထဲကို သေချာ ထည့်နေတဲ့ အစေခံတစ်ယောက်လည်း ရှိသေးသည်။ ဟေးကော်က သိပ်စိတ်မချမ်းသာချေ။ သူက နှစ်ကြိမ်ဟောင်ပြီး ညည်းညူနေခဲ့သည်။

သို့​ရာ​တွင် အ​စေ​ခံ​တစ်​ဦး​က ချက်​ချင်း​လာ​၍ သူ့အမွေးများကို ဖြီး​လေ၏။ အခြားကျွန်တစ်ဦးသည် ထူးခြားဆန်းပြားသော တိရစ္ဆာန်အသားကို ယူဆောင်လာပြီး အမြီးပိုင်းဖြတ်ကာ ကျွေးလာသည်။ တစ်ယောက် ပြီးတစ်ယောက် ပြုစု ကျွေးမွေးကာ သူ့ကို သခင်​​ခွေးလို ခစားနေကြသည်။

ထိုအခါ ဟေးကော်ရဲ့ ဒေါသကလည်း ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်ကျေနပ်သွားသည်။

သစ်သားတွန်းလှည်းတောင် ပြုစုစောင့်ရှောက်ရန်၊ ဖုန်မှုန့်များကို သန့်ရှင်းရေး လုပ်ရန်၊ ဆီလိမ်းပြီး ဖယောင်းလိမ်းရန် လူအသီးသီး ရှိနေသည်။

ချန်ရှီဟာ လက်တင်ကုလားထိုင်ပေါ် ဘယ်အချိန်ထိုင်မိလဲ၊ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး လက်ဖက်ရည် မွှေးသောက်တဲ့ အချိန်လည်း မသိသလို၊ ဒီမိန်းကလေးတွေက သူ့ကို ဘယ်အချိန် ၀တ်စားဆင်ယင်ပြီး သက်တောင့်သက်သာ အ၀တ်အစားတွေ ပြောင်းပေးလိုက်သလဲ မသိ။

သခင်ကြီးချန်ရဲ့ ခြေသလုံး ကြွက်သားများကို နှိပ်ပေးနေစူက ဒူးတဝက် ဒူးထောက်ထိုင်နေတဲ့ မိန်းကလေးတစ်ဦးလည်း ရှိသေးသည်။ ပေါ့ပါးလွန်းလှသည် မဟုတ် လေးလွန်းလှသော ခွန်အားပမာဏလည်း မဟုတ် သူ့ပုခုံးများကို ပွတ်တိုက်နေသော သူ့နောက်တွင် အခြားမိန်းကလေးတစ်ယောက် ရှိနေသည်။

"သခင်​ကြီးတစ်​ယောက်ရဲ့ ပျော်ရွှင်မှုက အပြင်လူတွေအတွက် မထင်မှတ်ထားတဲ့ အရာတွေကိုး"

ချန်ရှီ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ထိုခံစားချက်ကို သေချာ ခံစားလိုက်ရသည်။

ထိုအချိန်တွင် တံခါးပွင့်သွားပြီး တံခါးပြားများကို ကျွန်များက ဖယ်ရှားကာ ပြဇာတ်ရုံတစ်ရုံကို ထုတ်ဖော်ပြသလိုက်သည်။ ကြိုးတန်းတူရိယာများနှင့် တေးဂီတသံများ ကြားလာရပြီး လှပသော ဝတ်စုံများ ဝတ်ထားသည့် မိန်းကလေးတစ်ဦးသည် စင်မြင့်ပေါ်၌ လှပစွာ ကပြဖျော်ဖြေ​နေခဲ့သည်။

သူ့အသံက စပြီး သီဆိုလိုက်တဲ့အခါ နားထဲမှာ ငြိမ့်ညောင်းပြီး သာယာတဲ့ အသံလေးလို ဖြစ်နေသည်။

အဆိုတော်သည် ထာဝရဝမ်းနည်းခြင်း သီချင်းကို သီဆိုပြီးနောက် လေထဲတွင် ရောင်စုံဖဲကြိုးများဖြင့် လေထဲက ခုန်ဆင်းကာ ဇာတ်ရုံတစ်ဝိုက်တွင် လွင့်ပျံသွားခဲ့သည်။ အဆိုတော်သည် ပျာယာခတ်နေသော ဖဲကြိုးကို နင်းကာ လှပစွာ နင်းဖြတ်ရင်း ပြဇာတ်ရှေ့ရှိ ကြာကန်ထိပ်သို့ ရောက်ကာ ကြာပန်းရွက်ပေါ်တွင် ကပြသည်။

နောက်ထပ် မိန်းကလေး နှစ်ယောက်သည် ကြာပန်းကန်၏ ဘယ်ဘက်နှင့် ညာဘက်သို့ ရောက်ရှိလာပြီး လက်ရှည်များကို ဝှေ့ယမ်းလိုက်ကြသည်။ အဖြူရောင် အင်္ကျီလက်များသည် အလယ်က အဆိုတော်ကို ဖုံးအုပ်ထားသည့် တောက်ပသော လမင်းလို ဖန်တီးထားသည်။

အဆိုတော်သည် တောက်ပသောလကို မှီ၍ ညှိုးငယ်စွာ လဲလျောင်းနေ၏။ ရက်စက်ကြမ်းကြုတ်မှုအတွက် ဘုရင်ကို အပြစ်တင်နေသကဲ့သို့ သူ့သီချင်းသည် ဝမ်းနည်းကြေကွဲနေသော်လည်း သူ့အတွက် အနည်းငယ် လွမ်းဆွတ်တေးဆိုနေပါသည်။

"သခင်ကြီးရဲ့ ဘဝက အရမ်းပျော်စရာ ကောင်းတာပဲ"

ချန်ရှီ လက်ခုပ်တီးပြီး သဘောကျစွာ ခေါင်းခါလိုက်သည်။

ဒါက ဘုရားတစ်ပါးတည်းသာ ခံစားနိုင်သော ဘဝတစ်ခု ဖြစ်သည်။ သခင်ကြီးချန်လည်း ဒါကို သဘောကျမိမယ်လို့ မမျှော်လင့်ထားခဲ့။

"ငါ့အဘိုးအတွက် တချို့ကို မီးရှို့​ပေးရမယ်!"

သခင်ကြီးချန် စိတ်ကောင်းဝင်​နေခဲ့သည်။ သူ ဂီတကို နှစ်သက်နေချိန်မှာတော့ အဘိုးက တစ်သက်လုံး ကြိုးကြိုးစားစား အလုပ် လုပ်ခဲ့ပေမယ့် သူ ဘယ်တော့မှ မပျော်ခဲ့ရဘူးလို့ တွေးမိလာသည်။

ညစာစားချိန် ရောက်သောအခါ အိမ်အကူများသည် သခင်ကြီးချန်ရဲ့ အဝတ်အစားများကို ပြောင်း​ပေးကာ အစားအသောက်နံ့များ စိမ့်ဝင်ခြင်းမှ ကာကွယ်ရန် အခြားထမင်းစား ဝတ်စုံကို ၀တ်ဆင်ပေးဖို့ ကူညီခဲ့ကြသည်။ ထို့နောက် အခြားမိန်းကလေးတစ်ဦးသည် ရေနွေးနွေးကို ယူလာပြီး သခင်ကြီးချန်ရဲ့ မျက်နှာနှင့် လက်များကို သုတ်လိုက်သည်။

ထမင်းချက် ပြင်ဆင်ပြီးသော အချိန်တွင် ချန်ရှီ စားပွဲတွင် ထိုင်နေခဲ့သည်။ မိန်းကလေးများက ပန်းကန်များ ကိုင်ဆောင်လညကာ တောင်တန်း​ဒေသနဲ့ ကုန်းမြေမှ အရသာမျိုးစုံဖြင့် စားပွဲကို အပြည့် ခင်းထားကြသည်။

မိန်းကလေးတစ်ယောက်က ထမင်းကျွေးမှာမို့ ချန်ရှီ သူ့ဘာသာသူ တူသုံးဖို့တောင် မလိုတော့ချေ။ သူ့မျက်လုံးတွေကို ရွှေ့ဖို့သာ လိုတော့ပြီး သူစားချင်တဲ့ ဟင်းလျာကို ကောင်မလေးက သိကာ ချက်ချင်း ကောက်ကိုင်လိုက်ပြီး သခင်ကြီးချန်ရဲ့ ပါးစပ်ထဲကို ထည့်​ပေးသည်။ သခင်ကြီးချန်ရဲ့ ပါးစပ်ထောင့်များကို လေးလေးနက်နက် သုတ်ပေးမည့် အိမ်အကူတစ်ယောက်က ဘေးမှာ ရပ်နေသည်။

ဒီမှာပျော်နေပြီ။ ဟွမ်ဖောရွာကိုတောင် မေ့လုနီးပါး။

ချန်ရှီ သက်ပြင်းချလိုက်သည်။ ဒီလိုနေ့မျိုးမှာ တိုက်ပွဲတွေ သတ်ဖြတ်မှုတွေ ဘာကြောင့် လုပ်နေရမှာလဲ။

အစိုးရရုံးတွင်တော့ ဘုရင်ခံ ရွှီကျန်းသည် သူ့သူလျှိုထံမှ အစီရင်ခံစာကို နားထောင်နေခဲ့၏။ အိမ်ကြီးထဲက ချန်ရှီရဲ့ အပြုအမူများကို အသေးစိတ် ဖော်ပြနေခဲ့သည်။ သူက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး သူ့ဘေးမှာ ရပ်နေတဲ့ ရှမင်တုံးကို လှည့်ပြုံးပြလိုက်သည်။

"လူကြီးမင်းရှ... ရှီးကျင်းက လှုပ်ရှားလိုက်ပုံကတော့ အရမ်း ထက်မြက်တယ်... ကြမ်းတမ်းတဲ့ သူရဲကောင်းတစ်ယောက် ဆိုရင်တောင် သိမ်မွေ့မှုကိုတော့ သဘောကျကြမှာ"

ရှမင်တုံးက ပြုံးပြီး :"ချန်ရှီက ဆင်းရဲတွင်းထဲ နက်နေတာကို ငြီးငွေ့နေလောက်ပြီ သူ ဒီပြည်မှာ ချမ်းသာလာတဲ့အခါ သူ့ဒေါသတွေ ပျောက်သွားပြီး ဒီဘဝရဲ့ သာယာမှုတွေထဲမှာ နှစ်မြုပ်သွားမှာ.. သူ့ကိုယ်သူ ရုန်းမထွက်နိုင်လောက်တော့ဘူး"

ချွေးကျန့်က ရယ်ပြီး ဝင်ပြောလာသည်။

"ဆင်းရဲတာက မကောင်းတဲ့ အကြံအစည်တွေကို ဝင်လာစေတာလေ... စည်းစိမ်ဥစ္စာကတော့ ကြံ့ကြံ့ခံစိတ်ကို ဖြစ်ပေါ်စေတာ... ချန်ရှီက ဆင်းရဲတော့ ဆိုးသွမ်းယုတ်မာပြီး သူသွားလေရာရာမှာ လူတွေကို သတ်ဖြတ်နေတာ... ရှင်းရှင်က ခရိုင်တရားသူကြီး နှစ်ယောက်၊ မိုး​ကြိုးက ခရိုင်တရားသူကြီးတစ်ယောက်... အခု သူ့ကြောင့်ပဲ ကုံကျိုးက ဘုရင်ခံလည်း သေသွားပြီ... သူ့ဘဝရဲ့ အံ့သြစရာကောင်းတဲ့ဘဝကို ဆုံးရှုံးသွားမှာကို ကြောက်တဲ့စိတ်နဲ့ လုပ်ရတာ ဖြစ်မှာပါ”

ပေါက်ထီးရှင်က ရယ်မောပြီး "လူတွေက သူတို့ရဲ့ နှလုံးသားထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိလာတဲ့အခါ သူရဲဘောကြောင်လာတတ်ကြတယ်တဲ့... ဒါက ငါတို့အတွက် မှန်ကန်သလို ချန်ရှီလည်း အလားတူပါပဲ"

အစိုးရရုံးတွင် ရှင်းရှန်ပြည်နယ်၏ ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး စုဝေးနေကြပြီး ချန်ရှီ၏နေအိမ်သည်လည်း ၎င်းတို့လူများနှင့် ပြည့်နေသည်။ ချန်ရှီရဲ့ လှုပ်ရှားမှုတိုင်းနှင့် စကားလုံးတိုင်းသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ချန်ရှီသည် မြို့အနောက်ဘက်ရှိ အိမ်သို့ ပထမဆုံးအကြိမ် ပြောင်းရွှေ့ခြင်း ဖြစ်သည်။ ထုံးစံအတိုင်း သူတို့က အဲဒါကို အရမ်းအလေးထားပြီး သူတို့ကို သတင်းပို့ဖို့ လူတွေကို ဆက်ပို့နေတုန်းပင်။

"ဒီလိုအိမ်မှာနေရတာ နေ့တိုင်း သုံးရတဲ့ငွေက ရေနဲ့တူတယ်လေ...အဆောင်ဆွဲ ဆရာတစ်ယောက်အနေနဲ့ ရတဲ့ငွေနည်းနည်းနဲ့ တစ်လမှာ ရတဲ့ငွေက နေ့စဉ်စားရိတ်ကို ကာမိဖို့ မလုံလောက်ဘူး"

စစ်ဦးစီးချုပ် ကျိုင်ချင်ကျိုင်: "သူ့မှာ ပိုက်ဆံမရှိရင် ပိုက်ဆံရှာလိမ့်မယ်.... ပိုက်ဆံရှာချင်ရင် ငါတို့ဆီကိုပဲ လာနိုင်တယ် ဒီလိုနည်းနဲ့ ကောင်လေးက ငါတို့အပိုင် ဖြစ်လာလိမ့်မယ်"

"ဒီနည်းနဲ့ဆို ရှင်းရှန်ကလည်း ငြိမ်းချမ်းသွားလိမ့်မယ်!"

လူတိုင်း အားရပါးရ ရယ်မောလိုက်ကြသည်။

ထိုအချိန်တွင် လူတစ်ယောက်က အပြေးကလေး ရောက်လာ၏။

“သခင်ကြီး... သခင်ကြီးချန် ရေချိုးနေပါတယ် ​​အိမ်အကူတွေက သူနဲ့ ရေချိုးချင်ပေမယ့် သူက အားလုံးကို နှင်ထုတ်ခဲ့တယ်တဲ့”

"သနားစရာ ကောင်းလိုက်တာ... သူက သာမဏေဖြစ်နေတုန်းပဲ အသားမစားဖူး​သေးဘူး"

အားလုံးက ရယ်မောနေကြသည်။

"သခင်ကြီးတို့ အလောင်းအစား လုပ်ချင်လို့လား?"

ယန်ဝမ့် : "ဒီည သူလိင်ဆက်ဆံမယ်လို့ ငါ လောင်းကြေးထပ်တယ်... ချောမောလှပတဲ့ ကောင်မလေးတွေ အများကြီးနဲ့ နေရတာလေ သူ ခံနိုင်ရည်ရှိမယ်လို့ မထင်ဘူး... ငွေတစ်ထောင်နဲ့ လောင်းကြေးထပ်တယ်"

"နှစ်ရက်လောက် လောင်းမယ်!"

စီရင်စု အုပ်ချုပ်ရေးမှူး လီယင်: "ပညာရှင်ဆိုတာ ပညာရှင်ပဲ... အခုထိ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တုန်းပဲ ငွေတစ်ထောင်နဲ့ လောင်းကြေးထပ်လိုက်တယ်"

လူကြီးလူကောင်းများက စိတ်ဝင်စားလာပြီး အလောင်းအစားများ ချထားပေးသည်။

သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က “သခင်ကြီး သခင်ကြီးချန်က ဝါးခုတ်နေတယ်” လို့ သတင်းပို့လာပြန်သည်။

ဘုရင်ခံရွှီလည်း အံ့အားသင့်သွားသည်။

"ဝါးခုတ်​နေတာလား... မိန်းမ​တွေနဲ့ မအိပ်ဘဲ ဝါးကို ဘာလို့ခုတ်​နေတာလဲ.. သွားကြည့်စမ်း!"

ခဏအကြာတွင်။

"သခင်ကြီးချန်က ဘုရင်ခံဟောင်းရဲ့ မုဆိုးမ ဘယ်မှာနေလဲလို့ မေးနေတယ်"

အစိုးရရုံးတွင် အရာရှိများအားလုံး အံ့အားသင့်သွားကြသည်။

ယခင် ဘုရင်ခံက လီရှောက်ကျန့် ဖြစ်သည်။ လီရှောက်ကျန့်သဘ် ကျောက်တုံးသင်္ဘောကို စူးစမ်းလေ့လာဖို့ ထွက်သွားခဲ့ပြီး သေလားရှင်လား မသိရသေးသော်လည်း သူသေသွားပြီဟု ယူဆရသည်။ သူ၏ မုဆိုးမ ရှဝေးရင်းနဲ့ ယန်ကျင်းရှုတို့သည် မြို့အနောက်တောင်ပိုင်းရှိ အိမ်တစ်အိမ်တွင် မိသားစုများနှင့်အတူ နေထိုင်ကြပြီး ကွမ်ကျိုးရှိ ၎င်းတို့၏ မွေးရပ်မြေကိုတော့ ဘယ်တော့မှ မပြန်သွားခဲ့ကြပေ။

"လူကြီးမင်း...သခင်ကြီးချန်က ဝါးကို ငှက်တစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပါပြီ"

"သခင်ကြီးချန် ခုတ်လိုက်တဲ့ဝါးက ငှက်တွေ အများကြီး ဖြစ်သွားပြီး ပျံနေကြတယ်"

အခြားသူတစ်ဦးက သတင်းပို့လာသည်။

အစိုးရရုံးထဲမှာတော့ အရာရှိတွေ အားလုံးက တစ်ယောက်ကို တစ်ယောက် အံ့သြစွာ ကြည့်နေကြသည်။

ပေါက်ထီးရှင်က ရုတ်တရက် သတိရသွားပုံဖြင့်။

"ကျွန်တော် ဖိုင်တွေကို စစ်ကြည့်ဖူးတယ်... ချန်ရှီက ရှင်းရှန်ခရိုင်မှာရှိတဲ့ လီမိသားစုနဲ့ ပဋိပက္ခဖြစ်ဖူးပုံရတယ်... လီမိသားစုရဲ့ ကလေးထိန်းတစ်ယောက်က ရှင်းရှန်ခရိုင်မှာ စာမေးပွဲဖြေနေတဲ့ ကျောင်းသားကို သတ်ပြီး အဲဒီနတ်သန္ဓေသားကို လုယူသွားလို့ပဲ... ချန်ရှီက လီမိသားစုကို သတ်ဖို့ တခြားဆရာနဲ့ ပူးပေါင်းလိုက်တာ..."

နဖူးပေါ်မှ ချွေးအေးများ ထွက်ကျလာရင်း အားလုံး မတ်တပ်ရပ်လိုက်ကြသည်။ သခင် လီယင်က ဒေါသတကြီး ထွက်ချသွားလေသည်။

"သူက ငါ့ခယ်မကို ထိဖို့တောင် သတ္တိရှိတယ်ပေါ့... အသက်ရှင်ရတာ ပင်ပန်းနေပြီ ထင်တယ်!"

ယန်ဝမ့်နဲ့ ရှမင်တုံးတို့လည်း ထိတ်လန့်စွာ ပြေးထွက်လာခဲ့သည်။ ယန်ကျင်းရှုသည် ယန်မိသားစုကနေ အိမ်ထောင်ကျသွားသော သမီးဖြစ်ပြီး ရှဝေ့ရင်းကလည်း ရှမိသားစုမှ ဖြစ်သောကြောင့် ၎င်းတို့ကို သဘာဝအတိုင်း ပိုစိုးရိမ်ကြသည်။

"လူကြီးမင်းတို့ သုံးယောက်!"

ဘုရင်ခံရွှီကျင်းက မတ်တတ် ထရပ်လိုက်သည်။

"သူက ကလေးပညာရှင်နော်... ရှီးကျင်းက သတင်းအရ ငါတို့ သူ့ကို မထိရဘူး!"

လီယင် ထိတ်လန့်သွားပြီး :"ကျွန်တော် ဘေးအန္တရာယ်တစ်ခု ဖြစ်လုနီးပါး ဖြစ်သွားတယ်... ကျွန်တော့်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!"

ရွှီကျန်း: "ဒါပေမယ့် ငါတို့က သူ့ကို ဘာမှ မဆင်မခြင်လုပ်ခိုင်းလို့ မရဘူး! အမျိုးသမီးနှစ်ယောက်ကို သွားပြီးတော့ ကာကွယ်လိုက်ပါ.. ဘာမှ မဖြစ်ပါစေနဲ့!"

လီယင်၊ ယန်ဝမ့်နဲ့ ရှမင်တုံးတို့လည်း သဘောတူပြီး ထွက်ပြေးသွားကြသည်။

ယခုညသည် လရောင်တောက်ပနေပြီး ယခင် ဘုရင်ခံ လီရှောက်ကျန့် နေထိုင်ခဲ့ဖူးသည့် လီစံအိမ်က တိတ်ဆိတ်နေသည်။ ယခင်က လီရှောက်ကျန့် အသက်ရှင်လျက် ဘုရင်ခံအဖြစ် တာဝန် ထမ်းဆောင်နေချိန်၌ လီအိမ်တော်သည် ညဘက်တွင်ပင် အဆက်မပြတ် သီဆိုကခုန်မှုများဖြင့် စည်ကားနေပြီး ဧည့်သည်များနှင့် အိမ်ရှင်များက အချင်းချင်း အော်ဟစ် ရယ်မောကာ ကောင်းကင်သို့ လွှင့်တင်ကာ မိုးလင်းသည့်တိုင်အောင် ကြိုးတစ်ချောင်းဖြင့် တီးခတ်နေတတ်သည်။

ဒါပေမဲ့ လူသေရင် တခြားကိစ္စတွေ အားလုံးက ပြီးသွားလိမ့်မည်။ လီအိမ်တော်သည် ယခုအချိန်တွင် ပို၍ တိတ်ဆိတ်နေ၏။ ဤနေရာတွင် မိသားစုဝင်များ၊ အိမ်ဖော်များနှင့် ကျွန်အချို့သာ နေထိုင်ပါသည်။ ကုန်ကျစရိတ်သက်သာဖို့အတွက် တခြားအစေခံ အားလုံးကို အလုပ်ထုတ်ပစ်လိုက်သည်။

ဒုတိယ သခင်မ ယန်ကျင်းရှု ကျင့်ကြံနေ၏။ သူမသည် သူမရဲ့ ကျင့်ကြံမှုကို အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့သည်။

ဒီကမ္ဘာကြီးက အမျိုးသမီးတွေအတွက် မမျှတချေ။ ကျင့်ကြံမှုက အမျိုးသမီးများအတွက် ပို၍ပင် ခက်ခဲသည်။ သူတို့သည် ဆယ်လကြာ ကိုယ်ဝန်ရရုံသာမက ထိုအချိန်တွင် အခြေတည်ဝိညာဉ်ကို မမွေးမြူနိုင်ကြပေ။ အကယ်၍ လူသည် အခြေတည်ဝိညာဥ် အဆင့်အထိ မွေးမြူထားပါက ကိုယ်ဝန်မဆောင်မီ အခြေတည်ဝိညာဥ်ကို ဖျက်ဆီးပစ်ရမည်။

သူမသည် ယန်မိသားစုတွင် လူသိများသော အရည်အချင်းရှိ အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဒါပေမဲ့ အိမ်ထောင်ကျပြီး နောက်မှာတော့ ကိုယ်ဝန်ရှိလာရာ အခြေတည်ဝိညာဥ်ကို ဖျက်စီးပစ်ခဲ့သည်။

သူမသည် ကလေးသုံးယောက် မွေးဖွားခဲ့ပြီး သူမ၏ သားအငယ်ဆုံး လီထျန်းရှို့မှာ အသက် ၁၂ နှစ်သာရှိသေးသည်။ လီထျန်းရှို့ မွေးဖွားပြီးနောက် အထိ သူမသည် လေ့ကျင့်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ အိမ်ထောင်ဦးစီးဖြစ်တဲ့ လီရှောက်ကျန့်နဲ့အတူ သူမရဲ့ လေ့ကျင့်မှုမှာ အမှတ်အများကြီး မရခဲ့ပါဘူး။

ယခုအချိန်တွင် လီရှောက်ကျန့် သေလားရှင်လား မသိရသေးသော်လည်း ဤမိသားစု၏ ဝန်ထုပ်ဝန်ပိုးသည် သူမနှင့်ပထမဇနီး ရှဝေးရင်းပေါ် ကျရောက်လာသည်။ သူမသည် တစ်စုံတစ်ခုကို အောင်မြင်ရန် မျှော်လင့်ကာ ကျင့်ကြံထားဖို့ လိုအပ်သည်။

ထိုအချိန်တွင်ပင် အပြင်ဘက်မှ ငှက်အော်သံများ ထွက်ပေါ်လာ၏။ အော်သံက အလွန်သာယာလွန်းလှသည်။ ယန်ကျင်းရှု သူမ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ ပြတင်းပေါက် ဘောင်ပေါ်တွင် အစိမ်းရောင် အမွေးအမှင်များ ပျံဝဲနေတာ တွေ့လိုက်ရသည်။

ယန်ကျင်းရှု အံ့သြသွားသည်။

ညဉ့်နက်မှ ပိန်ညင်းငှက်က ဘယ်က ရောက်လာတာလဲ။

ထိုအချိန်တွင် ငှက်များစွာ ပျံသန်းလာကြကာ ပြတင်းပေါက် ဘောင်များပေါ်တွင် ဆင်းသက်ကြသည်။ တချို့က သူမအခန်းထဲကို ပြေးသွားကြပြီး သူတို့၏ ချွန်ထက်သော နှုတ်သီးများဖြင့် သူမကို ကြည့်ရန် ခေါင်းကိုလှည့်ထားသည်။

ယန်ကျင်းရှုလည်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရစဥ် အပြင်မှ ကျယ်လောင်သော အော်သံတစ်သံ ထွက်လာသည်။

"သခင်မတို့ နှစ်ယောက်... ဒီငှက်တွေက တစ်ခုခုတော့ မှားနေပြီ မြန်မြန်ပုန်းနေကြ!"

အသံကြားလိုက်တာနဲ့ ငှက်တွေဟာ ရုတ်တရက် ပျံတက်လာပြီး အစွန်းတစ်ဖက် ချွန်ထက်ထက်မြက်တဲ့ ဝါးစိမ်းတွေ အသွင် ပြောင်းသွားကြလေသည်။ ယန်ကျင်းရှု ထိုဝါးများကို မြင်သောအခါ သူမသား လီထျန်းရှို့ ဝါးဖြင့် အထိုးခံခဲ့ရသည့် မြင်ကွင်းကို မြင်ယောင်မိလာသည်။

"ဒါ သူပဲ!"

ဝူး! ဝှစ်!

ဝါးစိမ်းတစ်ခုစီတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါ၀င်ပြီး အခန်းငယ်လေးထဲတွင် ဓားရှည်များအဖြစ်သို့ ပြောင်းသွားကာ တရွှီးရွှီး ဖြတ်တောက်ပစ်လိုက်သည်။ အလွန်ထက်မြက်သော ဓားစွမ်းအင်သည် အခန်းနံရံအား အပေါက်ပေါင်းများစွာ ဖြစ်သွားအောင် ချက်ချင်း ထိုးဖောက်ပစ်ခဲ့သည်။

အဲဒီအပေါက်တွေကို ကြည့်လိုက်ရင် ယန်ကျင်းရှုရဲ့ ခန္ဓာကိုယ်ကိုလည်း ဖောက်ထားတာ တွေ့နိုင်ပါ၏။

တစ်ချိန်တည်းမှာပင် သခင်မ ရှဝေးရင်းဟာလည်း ကုတင်ပေါ်တွင် ဝါးပေါင်း များစွာဖြင့် ဓားထိုးခံခဲ့ရသည်။ ချွန်ထက်သော ဝါးများက သူမခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ချန်အိမ်တော်တွင်တော့ ချန်ရှီသည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ ကောင်းကင်က တောက်ပနေသော လကို ကြည့်နေ၏။ သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ရာ သူ့လက်ထဲက စက္ကူကြိုးကြာငှက်ဟာ အတောင်ပံတွေကို ခတ်ပြီး ပျံတက်သွားကာ နတ်ကြိုးကြာငှက်တစ်ကောင်အဖြစ် ပြောင်းလဲ၍ ပြေးထွက်သွားခဲ့သည်။

ချောင်ဝမ်မြို့၊ ဝမ်ချိုင်ကျောင်းတော်က ကိုယ်ပိုင်ကျောင်းဆရာ ဖုလိန်ရှန်းသည် ပြတင်းပေါက်မှ ခေါက်သံကို ကြားလိုက်ချိန်၌ အိပ်ရာဝင်နေပြီ ဖြစ်သည်။ ထပြီး သူ့အဝတ်အစားတွေ ဝတ်ကာ ပြတင်းပေါက်ကိုဖွင့်လိုက်တော့ ပြတင်းပေါက်မှာ စက္ကူငှက်တစ်ကောင်ကို တွေ့လိုက်ရသည်။

ဖုလိန်ရှန်း အနည်းငယ် လန့်သွားပြီး စက္ကူငှက်ကို အမြန် ဖွင့်​ကြည့်လိုက်သည်။ လရောင်အောက်က စက္ကူပေါ်တွင်တော့ ပြေပြစ်သော်လည်း အစွမ်းထက်သော လက်ရေးစာတန်းများ ရှိနေသည်။

"စာစစ်သူကြီး ထျန်းဟွာယိ၊ အတန်းဖော် ရှန်ယွိရှန်းတို့ရဲ့ လက်စားချေမှု​ကြီး ပြီးသွားပြီ... အမျိုးသမီးတွေ လက်မြှောက်သွားပြီ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့တော့...ကျွန်တော် ကျောင်းသားချန်ရှီ..."

All Chapters