← Chapters

ကျန်းကျူးရှန့်နှင့် ဟန့်မြောင်ရွှမ်

Vol. 80 Ch. 1110

ကျန်းကျူးရှန့်နှင့် ဟန့်မြောင်ရွှမ်

Vol. 80 Ch. 1110

ရှီမာယူယူသည် အပြင်ဘက်မှကြည့်နေသောလူများကိုကြည့်လိုက်ရာ အစောပိုင်းက အကြွင်းအကျန်များအကြောင်းကိုဆွေးနွေးခဲ့သူများကိုတွေ့ လေသည်။ သူမ ဉာဏ်အလင်းရစဉ်က သူမ၏ဝိညာဉ်လောကသည် အထက် သို့ပျံ့နှံ့သွားရာ ဖန်အာနှင့် အသည်းကွဲတောင်ကြားအကြောင်းကို ထိုလူများ ဆွေးနွေးနေသည်ကို ကြားခဲ့ရသည်။ ထိုအရာမှာ သူမကို စိုးရိမ်စေပြီး သူမ၏ ဝိညာဉ်လောကကို ပြိုကျမတတ်ဖြစ်စေသည်။ သူမ၏ ဒွန့်နှင့် သူမ၏ ဝိညာဉ်လောကသည် ဆက်နွယ်နေကြသည်။ သူမ၏ ဝိညာဉ်လောကသာ ပြိုပျက်သွားပါ သူမ၏ ဒေါင်သည် ပျောက်ကွယ်သွားမည်။

“ဒီမှာစောင့်နေဦး” သူမသည် ဟန့်မြောင်ရွှမ်ကိုပြောလိုက်သည်။ သူမ သည် ဝိညာဉ်အတားအဆီးကိုဖြတ်ကာ ထိုလူများအရှေ့သို့သွားလိုက်သည်။

“အသည်းကွဲတောင်ကြားကလူတွေ် အကြွင်းအကျန်ထဲဝင်သွားတယ် လို့ပြောလိုက်တာလား”

ရှီမာယူယူ ပျံလာသည်ကို ထိုလူများမြင်သောအခါ ကြက်သေသေကြ လေသည်။ သူမ၏မေးခွန်းကြားပြီးနောက်မှပင် သတိပြန်ဝင်ကြလေသည်။

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် သူတို့တားမြစ်နယ်မြေကိုဝင်သွား တယ် သူတို့ထွက်လာပြီလားဆိုတာ မသိရသေးဘူး”

“ဘယ်တုန်းကဖြစ်သွားတာလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက် သည်။ သူတို့က ဘယ်လိုလုပ်တားမြစ်နယ်မြေထဲဝင်သွားရတာလဲ။

“လနည်းနည်းတော့ရှိပြီ” ထိုလူပြန်ဖြေလေသည်

“တားမြစ်နယ်မြေကဘယ်မှာလဲဆိုတာ ပြောပြလို့ရလား”

“ရတယ် ဒါပေမဲ့ တားမြစ်နယ်မြေက အရမ်းအားကောင်းတဲ့ပုံပဲ မင်းမှာ သန်မာတဲ့နောက်ခံရှိပေမယ့် အဲနေရာက နောက်ခံရှိရုံနဲ့ရတာမဟုတ်ဘူး” ထိုလူသည် တွေဝေပြီးနောက် ပြောလေသည်။

ရှီမာယူယူ မှင်တက်သွားသော်လည်း ချက်ချင်းပင် တုန့်ပြန်နိုင်လေ သည်။ ထိုလူပြောချင်သည်မှာ သူမသည် မသန်မာသေးသဖြင့် မစွန့်စားသင့် ဟု…

ဒါက နည်းနည်းတော့ကြမ်းတမ်းတာပဲ…

သို့သော် တစ်ဖက်လူသည် သူမအား မကောင်းစိတ်မပါဘဲ ကြင်နာစွာ သတိပေးခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ် ကျွန်မ သတိထားလိုက်ပါမယ်” သူမသည် သူ့ကို ပြုံးပြပြီးနောက် လှည့်ကာပျံသွားလေသည်။

သူမအပြုံးသည် ထိုလူကို နှာခေါင်းသွေးလျှံစေသည်။

“ယူယူ ယူယူ ငါတို့လည်းလိုက်ဝင်မယ်” ရှီချန်းကျိသည် ရှီမာယူယူ အနောက်မှအော်လေသည်။

ရှီမာယူယူသည် သစ်ပင်ထိပ်ပိုင်းသို့ပျံသန်းသွားလိုက်သည်။ သူမ လှည့်ကြည့်ရာ ရှီချန်းကျိနှင့် ရှီချူးရှောင်တို့ အပြင်တွင်ရှိနေသည်ကို တွေ့ လိုက်သည်။

“ချင်ယိ ရှင်လား” သူမ မေးလိုက်သည်။

သူမသည် ချင်ယိနှင့် ရှောင်ချီတို့၏ ပတ်သတ်မှုကိုမသိသေးပေ။ သို့သော် သူမ၏ ဝိညာဉ်လောကနှင့် သူမ၏ ဉာဏ်အလင်းကြောင့် သူ သူမကို ကူညီပေးခဲ့သည်ကို သူမ သိသည်။ သူ၏ အကျင့်စရိုက်မှာကောင်းမွန်ကာ ပြောဆိုရန် မခက်နိုင်ပေ။

တစ်နှစ်တာမျှ ချင်ယိ အပြင်မှလူများကိုဆက်ဆံပုံကိုသိလျှင် သူမ ထိုသို့ စဉ်းစားမည်မဟုတ်ပေ။

ဟန့်မြောင်ရွှမ်သည် ထိုအချိန်က နိုးနေပြီဖြစ်သည်။ သူမသည် ချင်ယိ ၏ အကျင့်ကိုနားလည်ပြီးသားဖြစ်သည်။ သူသည် အသက်သစ်ပင်ဖြစ် သော်လည်း လူသားနှင့်ပတ်သတ်ပြီး နီးစပ်ရန်မပြောနှင့် တွယ်တာမှုမရှိပေ။ ထို့ကြောင့် ရှီမာယူယူ၏ တောင်းဆိုချက်ကို သူ လက်ခံမည်ဟု မထင်ပေ။

ချင်ယိသည် ပြန်မဖြေပေ။ သူ သဘောမတူဟု ဟန့်မြောင်ရွှမ် ထင်လိုက် ချိန်တွင် အကိုင်းသုံးခုသည် ရုတ်တရက်ပျံထွက်လာသည်။ အားလုံးတုန့်ပြန် ရန်မေ့နေချိန်တွင် ရှီချန်းကျိ၊ ရှီချူးရှောင်နှင့် ကျန်းကျူရှန့်တို့သည် သစ်ပင် အောက်တွင်ရောက်နှင့်နေပြီ။

သူတို့သုံးယောက်သည် မျက်စိတစ်မှိတ်အတွင်းတွင် နေရာပြောင်းသွား လိမ့်မည်ဟု မထင်ထားပေ။ အကိုင်းများသာ သူတို့ဆီသို့တိုက်ရိုက်လာပါက ကာကွယ်ရန်မဖြစ်နိုင်ဘဲ မည်သို့သေသွားသည်ကိုပင်သိလိုက်မည်မဟုတ် ပေ။

ထိုအကြောင်းအား စဉ်းစားမိရာ သူတို့စိတ်ထဲတွင် အကြောက်တရားကို ခံစားမိလေသည်။

ကံကောင်းစွာပင် ထိုသည်မှာအမှန်မဖြစ်လိုက်ဘဲ တစ်ဖက်လူသည် သူတို့ကိုတိုက်ခိုက်ခြင်းမရှိကာ ဆွဲခေါ်လိုက်ရုံသာဖြစ်သည်။

ချင်ယိ၏ အရှိန်သည် ရှိနေသာလူများကို ထပ်ပြီးတုန်လှုပ်စေကာ တစ်ချိန်တည်းမှာပင် ပိုလက်ခံလာကြသည်။ သူ၏အရှိန်နှင့် အားနှင့်ဆိုလျှင် သူတို့သည် မည်သည့်အမှားကိုမှမလုပ်ရဲပေ။

တစ်ချိန်တည်းမှာပင် သူတို့သည် ရှီချန်းကျိနှင့် ရှီချူးရှောင်တို့ကို အားကျကြလေသည်။ ကုန်တောင်ကြားနှင့် အသည်းကွဲတောင်ကြားမှလူများ ကျွန်းသို့ စောစောရောက်ခြင်းသည် ရှီမာယူယူကြောင့်ဖြစ်ခြင်းနှင့်အတူတူပင် သူတို့ဝင်နိုင်ရခြင်းမှာ ရှီမာယူယူကြောင့်ဖြစ်သည်ကို သူတို့သိကြသည်။

ထိုအချိန်တွင် အားလုံးသည် ထိုအချက်ကိုတွေးမိကြသည်။

ပြောရင်းနှင့် ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့ဝင်သွားသည်ကို ဘယ်သူမှ မမြင်လိုက်ရဘဲနှင့် သူတို့ကအထဲရောက်နှင့်နေလေပြီ။ ဒါဘာကိုဆိုလိုတာ လဲ။ သူတို့က အသက်သစ်ပင်ကိုတွေ့တာကြာနေပြီး အထဲမှာ ဉာဏ်အလင်း ယူနေတာပဲ။

သူတို့သည် ရှီမာယူယူကိုကြည့်ရင်း အားကျလာသည်။ အဲဒါကြောင့် သခင်ကြီးရင်လင်းက သူမနဲ့ ရင်းနှီးတာကိုး။ သူမက တကယ်ပဲ ကံကောင်းတဲ့ သူပဲ။

ချင်ယိသည် မရင်းနှီးသောလူများကိုဆွဲသွင်းလိမ့်မည်ဟု ရှီမာယူယူ မထင်ထားပေ။ သူ သူမကို စိုက်ကြည့်နေသည်ကိုမြင်သောအခါ သူမ အံ့သြ သွားသည်။

သူမ မတုန့်ပြန်ခင်တွင် ဘေးမှဟန့်မြောင်ရွှမ်သည် ရုတ်တရက် ထခုန် ကာ ကျန်းကျူရှန့်၏ အဝတ်ကိုဆုပ်ကိုင်ကာ သူ့မျက်နှာကို လက်သီးဖြင့် ထိုး လိုက်လေသည်။

“ကျန်းကျူရှန့် မင်း ငါ့ရှေ့ကိုပေါ်လာရဲသေးတယ် မင်းကိုထပ်တွေ့ရင် ငါ ရိုက်မယ်လို့ပြောထားပြီးသားနော်”

ကျန်းကျူရှန့်သည် ပြန်မတိုက်ခိုက်ဘဲ သူမကိုထိုးခွင့်ပြုလိုက်သည်။

ထိုသည်မှာ သူတို့ ရှေးဟောင်းသင်္ချိုင်းဖွင့်ပြီး ကွဲသွားပြီးကတည်းက ပထမဆုံး မျက်နှာချင်းဆိုင်ခြင်းဖြစ်သည်။ သူတို့တိမ်ပင်လယ်မြို့တွင်ရှိစဉ်က တစ်ယောက်နှင့်တစ်ယောက် မဆက်သွယ်ခဲ့ကြပေ။

ကံကောင်းစွာပင် ဟန့်မြောင်ရွှမ်သည် ဝိညာဉ်စွမ်းအင်မသုံးဘဲ ခန္ဓာကိုယ်အားကိုသာသုံးကာ သူ့ကို လက်သီးဖြင့်ထိုးခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူမလက်သာနာကျင်ရသည်။

ရှီမာယူယူသည် ရှေ့တိုးကာ ဟန့်မြောင်ရွှမ်ကို တားလိုက်သည်။ ဖြစ်နိုင်သည်မှာ သူမသည် ကျန်းကျူးရှန့်နှင့် နေရသည်မှာ မကြာသဖြင့် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့လောက် မခံစားရခြင်းဖြစ်နိုင်သည်။ သူမ အတွက်ကတော့ သူ့ကိုခွင့်လွှတ်ရန်မလွယ်ပေ။

ခွင့်လွှတ်တယ်ဟုတ်လား…

သူမသည် သူ့ကိုခွင့်လွှတ်ထားသည်မှာ ကြာပြီဖြစ်သည်။

“ကောင်းပါပြီ စီနီယာအစ်မ ဆက်ရိုက်နေမယ်ဆိုရင် စီနီယာ့ရဲ့လက်ပဲ လက်ခေါက်ပဲကျိုးလိမ့်မယ်”

ဟန့်မြောင်ရွှမ်၏ လက်ကို ရှီမာယူယူ ကိုင်ထားသည်။ သူမသည် ကျန်းကျူးရှန့်၏ စိမ်းသက်သောမျက်နှာကိုသာ ကြည့်လေသည်။

“ဘာလို့လဲ ငါတို့ကို မင်းရဲ့ မျက်နှာအမှန်နဲ့ရင်မဆိုင်ရဲဘူးလား” သူမ သည် တည့်တည့်စိုက်ကြည့်လေသည်။ ဘာကြောင့်မှန်းမသိပေ သူမ မျက်ရည်များကျလာသည်။

ဟန့်မြောင်ရွှမ်သည် မျက်ရည်ကျနေသော မျက်လုံးများနှင့် ကျန်းကျူးရှန့်ကိုကြည့်နေသည်ကို ရှီမာယူယူမြင်လိုက်ရသည်။ သူတို့အကြား တွင် အချစ်နှင့် နာကျင်မှုများရောယှက်နေသည်။ သူမသည် ဟန့်မြောင်ရွှမ်၏ လက်များကိုလွှတ်ပေးလိုက်သည်။

သူမက သူတို့ကို သတိမထားမိလိုက်တာပဲ။ ဟန့်မြောင်ရွှမ်က တကယ် တော့ အဲလိုဖြစ်မယ်လို့ သူမ မသိခဲ့ဘူး…

သူမသည် ကျန်းကျူးရှန့်ကို ကြည့်လိုက်သည်။ ဟန့်မြောင်ရွှမ်ကို ကြည့် သောသူ့အကြည့်များသည် ခံစားချက်မရှိသည်တော့ မဟုတ်ပေ။ ဖြစ်နိုင် သည်မှာ သူတို့နှစ်ယောက်သည် အတူနေထိုင်လာကြကာ တစ်ယောက်ခံစား ချက်ကို တစ်ယောက် မထုတ်ဖော်ဘူးနှင့်တူသည်။ သို့သော် ထိုအဖြစ်အပျက် ပြီးသည့်နောက်တွင် သူတို့၏ ခွဲခွာမှုသည် သူတို့စိတ်ကိုနားလည်သွားစေ သည်။

ဟန့်မြောင်ရွှမ် ငိုသည်ကို ကျန်းကျူးရှန့်သည် အရင်ကမမြင်ဖူးပေ။ သူ သည် နေရခက်စွာ မျက်နှာမှမျက်နှာဖုံးကိုချွတ်လိုက်သည်။ “ဒီမျက်နှာဖုံးက မင်းတို့ကိုတော့ ရှောင်မရဘူးပဲ”

သူ့မျက်နှာကိုကြည့်ရင်းနှင့် ဟန့်မြောင်ရွှမ်၏ မျက်ရည်များ ပိုကျလာရ သည်။ ကျန်းကျူးရှန့်သည် အရှုံးပေးကာ ရှေ့တိုးလာသည်။ သူ လက်များကို ဆန့်ထုတ်ပြီး သူမ မျက်ရည်များကိုသုတ်ပေးလေသည်။ သူ မျက်မှောင် ကြုတ်ကာ “မတွေ့တာ နှစ်နည်းနည်းလောက်ပဲရှိတာကို ဘယ်လိုလုပ် အငိုသန်သွားရတာလဲ”

ကျန်းကျူးရှန့်၏ စကားများသည် ဟန့်မြောင်ရွှမ်ကို ပိုဝမ်းနည်းစေရာ မျက်ရည်များပိုကျလာသည်။

သူတို့နားမှ လူများလေသံဖြင့်ပြောနေကြသည်ကို သူတို့နှစ်ယောက်လုံး သတိမထားမိကြပေ။

“အဟွတ် အဟွတ် စီနီယာအစ်ကို စီနီယာအစ်မ ရှေးဟောင်းနှောင်းဖြစ် တွေကို ဒီဘက်လာပြီးပြောလို့ရပါတယ်” ရှီမာယူယူသည် ချောင်းဟန့်ကာ သူတို့နှစ်ယောက်ကို သစ်ပင်ထိပ်ဆီသို့တွန်းပို့လိုက်သည်။

ချင်ယိရှိနေသဖြင့် ထိုလူများသည် သူတို့အံ့ဖွယ်အာရုံကိုဝင်မရပေ။ သူတို့နှစ်ယောက်သည် ငိုသည်ဖြစ်စေ နှစ်သိမ့်သည်ဖြစ်စေ လုပ်ချင်သလို လုပ်လို့ရသည်။

ထို့အပြင် စောင့်ကြည့်နေသူမရှိဘဲ သူတို့ခံစားချက်များကိုပိုမိုရှင်းလင်း စွာ ကိုင်တွယ်နိုင်ပေမည်။

“အဟွတ် အဟွတ် သူနဲ့ရှိလာတာကြာပြီ သူ ဟန့်မြောင်ရွှမ်ကို တကယ် ကြိုက်တယ်ဆိုတာ မသိခဲ့ရပါလား” ရှီချန်းကျိ ဝန်ခံလေသည်။

“စီနီယာအစ်မလည်း… ကျွန်မတို့ ခွဲခွာခြင်းဥယျာဉ်မှာနေတုန်းက သူတို့ နှစ်ယောက်က အခုလိုမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။ “စီနီယာ အစ်ကိုက ရှင်နဲ့အတူတူလာတာမဟုတ်ဘူးလို့ မပြောခဲ့ဘူးလား ဘယ်လိုလုပ် အခုအတူတူဖြစ်နေတာလဲ”

“ကျွန်းကိုမလာခင်တွေ့ခဲ့တာပဲ ငါတို့နေရာတစ်ခုကိုသွားမလို့ပဲ သူ့ကို တစ်ယောက်တည်းထားခဲ့ရမှာစိုးရိမ်တာနဲ့ အတူလိုက်ဖို့ပြောလိုက်တာ” ရှီချူးရှောင် ပြောလိုက်သည်။

(T/N - ရှီမာယူယူ ကျွန်တော်လို့နာမ်စားသုံးရာကနေ ကျွန်မလို့ပြောင်း လိုက်ပါပြီ ကျွန်တော်လို့အကြာကြီးရေးလာတော့ ကျွန်မလို့သုံးရတာ တစ်မျိုး ကြီးပဲ :D)

***

All Chapters