← Chapters

ကြင်နာမှုနှင့် တရားမျှတမှုကို ပြသ

Vol. 13 Ch. 195

ကြင်နာမှုနှင့် တရားမျှတမှုကို ပြသ

Vol. 13 Ch. 195

"ဆရာကြီးရဲ့ ကျင့်ကြံခြင်းလမ်းစဥ် ဟုတ်လား?"

ပညာရှင်ကြီးက ဒေါသအရမ်းထွက်လာပြီး မျက်နှာတစ်ပြင်လုံး နီမြန်းလာကာ ရှေ့တစ်လှမ်းတိုးလို​က်သည်။

"ဆရာကြီးရဲ့ သွင်သင်ချက်တွေကို ဘယ်လိုထင်လဲ... ဆရာကြီးရဲ့ သွန်သင်ဆုံးမမှုတွေက လူတွေကို လူကောင်းဖြစ်အောင် သင်ပေးတယ် လူတွေကို ဘယ်လို ပြုစုပျိုးထောင်ရမယ်၊ မိသားစုကို အုပ်ချုပ်ရမယ်၊ တိုင်းပြည်ကို အုပ်ချုပ်ရမယ်၊ ကမ္ဘာကြီးကို ငြိမ်းချမ်းစေရမယ် ဒါတွေကို သင်ပေးတာ!"

ချန်ရှီက ကုလားထိုင်ပေါ်ထိုင်ပြီး အံ့သြတကြီးနဲ့ ပြန်ကြည့်ကာ ပြောပြနေသည်။

"ဆရာကြီးက နွေဦးနဲ့ ဆောင်းဦးရာသီမှာ မွေးဖွားတယ်။ တပည့်ပေါင်း ၃၀၀၀ နဲ့ ကမ္ဘာပတ်ပြီး နိုင်ငံတွေကြား လှည့်လည်သွားခဲ့တယ်... နိုင်ငံတိုင်းက လက်နက်ချရတယ် အင်အားကို အားမကိုးဘူးလို့ ပြောတာမလား.. သူ့ဂုဏ်ရည်ကိုပဲ အားကိုးတာလေ... ဆရာကြီး ပြောတာက သိုင်းပညာက စစ်တပ်ကို သိမ်းလို့ မရဘူးတဲ့ စစ်သူ​ကြီးသုံးပါးထဲမှာ တစ်​ယောက်ရဲ့ခေါင်းကို အိတ်ထဲက တစ်ခုခု ထည့်ယူလိုက်ရတာ လွယ်လွယ်လေးဘဲ... စစ်တပ်သုံးတပ်ကိုတောင် အရှက်မခွဲနိုင်လို့ သူ့ကိုယ်သူပဲ အသေသတ်ပစ်လိုက်မှာ မင်း အဲဒါကိုသိလား?"

ပညာရှင်က ဒေါသတကြီး ရယ်မောပြီး :“မင်းက သူတော်စင်တွေရဲ့ အသိပညာကို စော်ကား​နေတာပဲ…”

ချန်ရှီလည်း အနည်းငယ် ဒေါသထွက်သွားပြီး "ဆရာကြီးက စေတနာနဲ့ ဖြောင့်မတ်ခြင်းအကြောင်း ပြောပြတယ်... နာမည်အရတော့ စေတနာက ပြိုင်ဘက်ကို နှစ်ပိုင်းခွဲလိုက်တာ ကုသိုလ်ဆိုတာ ပြိုင်ဘက်ရဲ့ခေါင်းကို ဗိုက်ထဲကို ရိုက်ချိုးလိုက်တာတဲ့... မင်းက သခင်လေးယွိသောရဲ့ လက်ပါးစေပဲလေ မင်းကသာ သူတော်စင်ရဲ့ အသိပညာကို စော်ကားနေတာ ဒီနေ့ မင်းကို စေတနာနဲ့ ဆက်ဆံ​ပေးပါ့မယ်!"

ပညာရှင်က အငြင်းအခုံ ဖြစ်ချင်နေပြီ ဖြစ်သော်လည်း ချစ်စဖွယ်ဝတ်ထားသည့် အမျိုးသမီးက ဝင်ဆိုလာသည်။

"အစ်ကိုဖေ သူ့ကိုစကားတွေနဲ့ အချိန် မဖြုန်းတီးနဲ့... ချန်ရှီ မင်းက သခင်လေးရဲ့ ဝိညာဥ်ပြန်ကြာပန်းကို ခိုးပြီး ထိုက်ဖျင်ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်လိုက်တယ်... ဒါက ကျင့်ကြံခြင်းလောကရဲ့ ကျင့်ဝတ်စည်းကမ်းနဲ့ ဆန့်ကျင်နေပြီ ဒီနေ့ မင်းကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းရမယ်"

ချန်ရှီက အနည်းငယ်ပြုံးပြီး "ကောင်းလိုက်တာ လူကြီးလူကောင်းတစ်ယောက်ဟာ စကားနှေးပေမယ့် သွက်သွက်လက်လက် ပြောသင့်တယ်လို့ ဆရာကြီးက ပြောခဲ့တယ်... ရန်ဖြစ်ချိန်မှာ ရိုင်းစိုင်းတဲ့ စကားမပြောတတ်ဖို့ သင်ပေးခဲ့တယ် ငါကတော့ လူကြီးလူကောင်း မဟုတ်လောက်ဘူး ထင်တယ်"

"အဓိပ္ပာယ်ကို မရှိဘူး!"

ပညာရှင်က ဒေါသတကြီးနဲ့ ရှေ့ကို ပြေးထွက်သွားလေသည်။ သူ လှုပ်ရှားလိုက်တဲ့အခါ ဈေးသည်နှင့် ဟဲဟွမ်စကတ် ဝတ်ထားသော အမျိုးသမီးလည်း သူနှင့်အတူ လိုက်သွားခဲ့သည်။ သူတို့သုံးဦးစလုံးသည် အခြေတည်ဝိညာဉ်အဆင့်အထိ ကျင့်ကြံထားတဲ့ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

အထူးသဖြင့် အဆင့်အမြင့်ဆုံး ဖြစ်သော ဟဲဟွမ်စကတ်ဝတ် အမျိုးသမီးပင်။

ဒီမိန်းကလေးရဲ့ နာမည်ကတော့ ကျောင်းဖျင်းထင် ဖြစ်ကာ သူမသည် ယွိသောတွင် လူသိများသော အောင်သွယ်လုပ်သူ ဖြစ်ပြီး ယှဉ်ပြိုင်မှုဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ သူမသည် အသက်သုံးဆယ်ထက် မပိုသေးဘဲ အရပ်ရှည်ပြီး လှပသည်။ မကြာခဏ သူမသည် အောင်သွယ် ဖော်လုပ်သောအခါတွင် ယောက်ျားကို အခြားမိန်းကလေးများက ဆွဲဆောင်ခြင်း မရှိဘဲ သူမကသာ ဆွဲဆောင်မိသွားတတ်သည်။

အပေါ်ယံအားဖြင့် သူမသည် ဤအရာမှ အသက်မွေးဝမ်းကြောင်း ပြုသော်လည်း တစ်ချိန်တည်းမှာပင် သခင်​​လေးကိုလည်း အလုပ်အကျွေး ပြုနေပါသည်။

အခြေတည် ဝိညာဉ်နယ်ပယ်ကို အဆင့်ငါးဆင့် ခွဲခြားနိုင်သည်- ဆေးပညာကြီး၊ အဝါရောင်အဖူး၊ မွေးကင်းစဖွဲ့စည်းမှု၊ ခန္ဓာကိုယ်ပြင်ပနဲ့ မဟာဖွဲ့စည်းမှုတို့ ဖြစ်သည်။

ကျောင်းဖျင်းထင်သည် ခန္ဓာကိုယ်ပြင်ပ နှောင်းပိုင်းအထိ ကျင့်ကြံထားပြီးဖြစ်ပြီး သူမ၏ အခြေတည်ဝိညာဉ်သည် တစ်ပေနီးပါးမြင့်သည်။ နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ဖြင့် သူမသည် မဟာဖွဲ့စည်းမှု အဆင့်ထဲ လှမ်းဝင်နိုင်ပြီပဲ ဖြစ်သည်။

ဤအဆင့်သို့ ခြေလှမ်းတိုင်းသည် ခက်ခဲသည်ဟု ဆိုနိုင်ပါသည်။ သူမသည် မြင့်မြတ်သောမိသားစုမှ မဟုတ်သောကြောင့် သာလွန်ကောင်းမွန်သော အရည်အချင်းများနှင့် အရင်းအမြစ်များ ရရှိရန်အတွက် သခင်​လေးထံ ခိုလှုံခွင့်ရရှိမှသာ ဖြစ်လိမ့်မည်။

သူမ ဒီ့ထက် ပိုတက်ချင်ရင် ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရမယ် ဆိုတာကိုလည်း သူမ အမြဲတမ်း သတိပြုမိခဲ့ပြီးသားပါ။

သူမသည် သူမ၏ အစွမ်းထက်ဆုံး စွမ်းအင်ဖြစ်သည့် ကိုးနဂါးဖမ်းစွမ်းအင်ကို ထုတ်သုံးလိုက်သည်။

ကိုးနဂါးဖမ်းစွမ်းအင်သည် ပတ်ဝန်းကျင် သစ်ပင်များကို ထိန်းချုပ်ပြီး အခြေတည်ဝိညာဉ် စွမ်းအားနယ်ပယ်အား ကြီးထွားလာစေရန်ဖြစ်သည်။ အင်အားနယ်ပယ် အတွင်း၌ သစ်ပင်များသည် လွတ်လွတ်လပ်လပ် ပေါက်ဖွားလာပြီး အကိုင်းအခက်များနှင့် အမြစ်များသည် အသွေးအသားအဖြစ်သို့ ပြောင်းလဲကာ အပြန်အလှန် ဖြတ်ခုတ်သွားကြသည်။ အင်အားနယ်ပယ်၏ ကောင်းချီးနှင့်အတူ ၎င်းတွင်နဂါးများကို ဖမ်းယူနိုင်သော စွမ်းအားပင် ရှိသည်။

ထိုစွမ်းအင်ကို ချပြလိုက်သောအခါ ချန်ရှီ၏ အိမ်ခြံဝင်း အတွင်းရှိ သစ်ပင်များသည် အရပ်ရပ်သို့ ရုတ်ချည်း ကြီးထွားလာပြီး မြေပြင်ကို ဖောက်ဖြတ်သွားကြသည်။ အကိုင်းအခက်နှင့် အမြစ်တိုင်းက စပါးအုံးမြွေလောက် ထူသည်။ သူတို့သည် သစ်သားမှ အသွေးအသားသို့ ပြောင်းလဲပြီး ချန်ရှီဆီသို့ ပြေးဝင်သွား၏။

ဒီသစ်ပင်တွေဟာ တစ်ခဏအတွင်းမှာပဲ သစ်သားကနေ အသွေးအသားအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့မှာ အသားအရည်မရှိ၊ အနီရောင် အသားနှင့် အသွေးများ ရောယှက်လျက် အလွန်ကြောက်စရာ ကောင်းသည်။

အသွေးအသားရှိသော သစ်ပင်များက သူမရဲ့လက်များ ဖြစ်သည်။ လက်သီးက ကြီးမားသောစွမ်းအား ရှိနိုင်သည်။ လှည့်ကွက်တစ်ခုနဲ့ ရန်သူကို လည်ပင်းညှစ်နိုင်သည်၊ ဓားနှင့်ထိုးနိုင်သည်။ ၎င်းတို့သည် လျှပ်စီးကြောင်းလိုလညိး လျင်မြန်စွာ ရွေ့လျားနိုင်ကြသေးသည်။

တစ်ချိန်တည်းမှာပင် ဈေးရောင်းသူသည် ကျယ်လောင်စွာ အော်ကာ သူ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်ကို မြှင့်တင်ခဲ့သည်။ တခြားသူများ၏ အခြေတည်ဝိညာဥ် စွမ်းအားနယ်ပယ်သည် အပြင်ဘက်သို့ ကျယ်ပြန့်လာပြီး သူ၏ စွမ်းအားနယ်ပယ်က အတွင်းပိုင်းကို ကျုံ့သွားပါသည်။

သူသည် မဟာယွမ်တစ္ဆေမိခင် ဟုခေါ်သော အနီးကပ် တိုက်ခိုက်ရေး နည်းလမ်းကို ကျင့်သုံးခဲ့သည်။

ထိုစွမ်းအင်ကို အသက်သွင်းလိုက်သော် မူလက ပိန်လှီသော ဈေးသည်သည် လေပူဖောင်းသကဲ့သို့ ရုတ်တရက် ဖောင်းကားလာပြီး အရပ်ဆယ်ပေခန့် ရှည်ထွက်လာသည်။

သူ့ခေါင်းက ဝိုင်းလာပြီး သူ့လက်မောင်းအောက်က ချီသွေးက လက်နှစ်ချောင်းလို ဖြစ်သွားသည်။ သူ့ခေါင်းထဲမှလည်း ချီသွေးများ ထွက်လာပြီး တစ္ဆေရုပ်တစ်ရုပ်သည် လက်နှင့် ခြေထောက်တိုများဖြင့် သူ့ခေါင်းနောက်တွင် ကြီးထွားလာ၏။ အားလုံးက ချီသွေးကနေ ပြောင်းလဲသွားခြင်းပင်။

သူ၏ လက်လေးချောင်းစီတွင် သံကောင်းဖြင့် ပြုလုပ်ထားသည့် ပလုတ်တုတ်ကို ကိုင်ဆောင်ထားပြီး မူလက သာမန်ပလုတ်တုတ်ကဲ့သို့ အရွယ်အစား တူညီသည်။ သို့သော် ရုတ်တရက် လှည့်လာပြီး တိုးတိုးတိတ်တိတ် အသံနှင့်အတူ တစ်မီတာထက် ပိုမြင့်သော ဗုံကြီးတစ်လုံးအသွင် ရုတ်တရက် ဖြစ်သွားသည်။

ဗုံကြီး၏ မျက်နှာပြင်ပေါ်တွင် တစ္ဆေ မျက်နှာများကဲ့သို့ ရှုပ်ထွေးသော စာလုံးများနှင့် နားမလည်နိုင်သော တစ္ဆေစကားလုံးများဖြင့် ဝန်းရံထားသည့် တစ္ဆေမျက်နှာ လိုင်းများရှိနေသည်။

ပလုတ်တုတ်တစ်ခုစီသည် ပေါင်ထောင်ပေါင်းများစွာ အလေးချိန် ရှိလေ၏။ ဒီဈေးသည်က သဘာဝလွန် စွမ်းအားများ ရှိသည်ဟု ဆိုနိုင်သည်။ ခြေတစ်လှမ်း လှမ်းလိုက်သောအခါ မြေကြီးတောင် တုန်လှုပ်သွားကာ လေက လှိုင်းပုတ်ခတ်လိုက်သလိုပင်။

စျေးသည်သည် ကိုးနဂါးဖမ်းစွမ်းအင်ကို ဖြတ်သွားကာ ပလုတ်တုတ်လေးကို ဝှေ့ယမ်းရင်း ပြိုင်ဘက်ကင်းသော အင်အားဖြင့် ချန်ရှီဆီသို့ ထိုးကြိတ်လိုက်သည်။

စျေးသည်၊ ကျောင်းဖျင်းထင်တို့၏ ထူးဆန်းသော မှော်စွမ်းအင်နဲ့ မတူဘဲ ပညာရှင်ရဲ့ မှော်စွမ်းအင်ကတော့ ရိုးဖြောင့်ပုံပေါက်သည်။ သူသည် သန့်စင်သော အဂ္ဂိရတ်ဆေး လမ်းစဉ်ကို လိုက်၍ ဖြောင့်မတ်ခြင်းဖြင့် အခြေတည်ဝိညာဉ်ကို ကျင့်ကြံခဲ့သည်။

သူ၏ အခြေတည် ဝိညာဉ်စွမ်းအား နယ်ပယ်ကို ဖြန့်ကျက်လိုက်သောအခါ ၎င်းကို ယင်နှင့် ယန်ဟူ၍ အလွယ်တကူ ပိုင်းခြားကာ ထိုက်ကျီပုံသဏ္ဌာန် အစွန်းနှစ်ဖက်အဖြစ် ပြောင်းလဲသွားသည်။ ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး ယင်ယန်ငါး၏ မျက်လုံးများပေါ်တွင် ဘယ်ညာ ခြေဖဝါးကို ထားကာ ဘယ်ခြေကို ယန်နှင့် ညာခြေက ယင်ဖြစ်လေသည်။ ခြေထောက်များ ရွေ့လျားလာသည်နှင့်အမျှ ထိုက်ကျီ ပုံကြမ်းသည်လည်း ရွေ့လျားသွားကာ ယင်းယန်ငါးများသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြောင်းလဲ စီးဆင်းသွားကြ၏။

ဤပညာကို ထိုက်ကျီကြာစင်မြင့် ကျင့်စဥ် ဟုခေါ်ပြီး အလွန်အစွမ်းထက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ၎င်းသည် မပြည့်စုံသေးဘဲ အခြေတည်ဝိညာဥ် အဆင့်အထိသာ မွေးမြူနိုင်မှာ ဖြစ်သည်။ ဒါကလည်း ငယ်စဉ်ကပင် သခင်လေးက သူ့အား ကြီးမားသော အထောက်အပံ့များ ပေးခဲ့သောကြောင့် ဖြစ်သည်။

မဟုတ်ပါက ဤမပြည့်စုံသော ကျင့်စဥ်ကိုပင် သင်ယူရန် အရည်အချင်း ပြည့်မီမည် မဟုတ်ချေ။ ထိုက်ကျီကြာစင်မြင့် ကျင့်စဥ်ကို လေ့ကျင့်ပြီးနောက် သူ့ကျင့်ကြံမှုက ပို၍ လေးနက်ပြီး အားကောင်းလာသည်။ သူတို့အထဲမှာ အမြင့်ဆုံးအဆင့်ရှိတဲ့ ကျောင်းဖျင်းထင်ကတောင် ကျင့်ကြံသူမှုနဲ့ပတ်သက်ပြီး သူ့လောက် လေးနက်မှုမရှိခဲ့ချေ။

သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ချီသွေးနှင့် ချီစွမ်းအင်များ တဟုန်ထိုး တက်လာသည်။ ကြီးကျယ်ခမ်းနားသော သွေးနှင့် စွမ်းအင်များက ကမ်းပေါ် ရိုက်ခတ်နေသော လှိုင်းလုံးများကဲ့သို့ ဟောက်လိုက်သည်။ သူ၏ လက်ဖဝါးများသည် ယင်မှ ယန်သို့ ပြောင်းသွားကာ ချန်ရှီကို ဒီရေလှိုင်းသဖွယ် တိုက်ခိုက်လိုက်လေသည်။

ချန်ရှီသည် အဆောင်ဆွဲ ဆရာများထဲမှ သခင်ဖြစ်ကြောင်း လူသုံးယောက် ကောင်းကောင်းသိသည်။ သူတို့၏အဖော်နှစ်ဦးသည် အခြေတည်ဝိညာဉ်အဆင့်ကို အောင်မြင်ခဲ့ပြီး ညအချိန် ချန်ရှီအိမ်ထဲသို့ ဖောက်ထွင်း ဝင်ရောက်ခဲ့ရာ ချန်ရှီဆီက အဆောင်လက်ဖွဲ့ဖြငိ့ သတ်ဖြတ်ခံခဲ့ရသည်။ ထို့ကြောင့် လူသုံးယောက်သည် ၎င်းတို့၏ အခြေတည်ဝိညာဉ်များကို မထုတ်ခဲ့ကြပေ။

အဲဒီအစား သူတို့ခေါင်းနောက်မှာ နတ်ကွန်းတစ်ခုပေါ်လာ၏။ အခြေတည်ဝိညာဉ်သည် နတ်ကွန်းရှိ နတ်သန္ဓေသား၏ လက်ဖဝါးတွင်ရပ်နေကာ မှော်စွမ်းအင်များကို အသက်သွင်းရင်း မှော်ပညာ၏ စွမ်းအားကို မြှင့်တင်ပေး​နေသည်။

ချန်ရှီက လက်တင်ကုလားထိုင်ပေါ်၌ မလှုပ်မယှက်ဘဲ ထိုင်ရင်း အေးစက်စွာပဲ ကြည့်နေခဲ့သည်။ သူတို့သုံးယောက်စပြီး တိုက်ခိုက်တာနဲ့ နံရံနဲ့သစ်ပင်တွေမှာ ချိတ်ဆွဲထားတဲ့ အဆောင်လက်ဖွဲ့များက ချက်ချင်းဆိုသလို အသက်ဝင်လာတော့သည်။

ဟေးကော်ရဲ့ အလွန်အမင်း အစွမ်းထက်လာသော ယန်သွေးနဲ့ ထိုက်ဆွေ့ ကြယ်ပွင့်နတ်ဘုရား နည်းလမ်းဖြင့် ရေးစပ်ထားသော အဆောင်လက်ဖွဲ့ စုစုပေါင်း ခြောက်ဆယ်ရှိသည်။ အဆောင်လက်ဖွဲ့ ခြောက်ဆယ်ရဲ့ စွမ်းအားများ ပေါက်ကွဲ ထွက်လာသောအခါ ထိုက်ဆွေ့ ကြယ်နတ်ဘုရား ခြောက်ဆယ်၏ ရုပ်ပုံများလည်း ပေါ်လာသည်။

ချန်ရှီရဲ့ ကျင့်ကြံမှုက တိုးတက်လာပြီး ချီစွမ်းအင် အားကောင်းလွန်းခြင်းကြောင့်လား သို့မဟုတ် ဟေးကော်ရဲ့ အသွေးအသား ခွန်အားက အားကောင်းလွန်းသောကြောင့်လားမသိ အဆိုပါ ထိုက်ဆွေ့ ကြယ်ခြောက်ဆယ် နတ်ဘုရားပုံ​များသည် လက်တွေ့ဘဝ ရောက်လာသလိုပင်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် အသွေးအသားကဲ့သို့ ဖြစ်တည်လာကာ နတ်တန်ခိုးများ တဟုန်ထိုး ကြီးထွားလာနေသည်။

ထိုက်ဆွေ့ ကြယ်နတ်ဘုရား ခြောက်ဆယ်၏ အငွေ့အသက်များသည် လူသုံးဦး၏ အခြေတည် ဝိညာဉ်စွမ်းအားနယ်ပယ်တစ်လျှောက် ပျံ့သွားကာ သူတို့ကို နှိမ်နင်းပစ်ခဲ့သည်။ ချန်ရှီမှ ချထားသော ထိုက်ဆွေ့ အဆောင်လက်ဖွဲ့ တစ်ခုစီ၏ အဆင့်နှင့် ရပ်တည်ချက်သည် တာဝန် အမိန့်အတိုင်း အလွန်လိမ္မာပါးနပ်​ကြသည်။

မတူညီသော ထိုက်ဆွေ့ ကြယ်နတ်ဘုရား အဆောင်လက်ဖွဲ့များသည် မတူညီသော နတ်ဆိုးများကို ချိုးဖျက်နိုင်ပြီး မတူညီသော လမ်းကြောင်းများတွင် ထားရှိသင့်သည်။

ပင်းယင်ထိုက်ဆွေ့သည် မီးဖိုထဲက မကောင်းသောမီးကို ချိုးဖျက်သောကြောင့် မီးဖိုအနီးတွင် ထားသင့်သည်။ ဝုချန်ထိုက်ဆွေ့သည် သစ်တောအတွင်း မကောင်းသော ထင်းများကို ချိုးဖျက်သောကြောင့် သစ်ပင်များပေါ်တွင် ထားသင့်သည်။

ရွှေနတ်ဆိုးများ၊ မြေကြီးနတ်ဆိုးများနှင့် ရေဆိုးနတ်ဆိုးများ အားလုံးမှာ အမိန့်ကိုယ်စီ ပေးနိုင်သည်။ ချန်ရှီက တချို့ကို ခေါင်မိုးပေါ်တွင် တင်ထားပြီး အချို့မှာ ရေတွင်းများဘေးတွင် ကပ်ထားကာ အရွက် ခြောက်ဆယ်တိတိ ဆိုးသွမ်းသောပုံစံဖြင့် ဖွဲ့စည်းထားသည်။

အဆောင်လက်ဖွဲ့ အားလုံး လင်းလာသောအခါ ဒြပ်စင်ငါးပါးကို အထူးအသုံးပြုထားသည့် ထိုက်ဆွေ့ဖျက်စီးသတ်ဖြတ် အစီအရင်ကို ဖန်တီးပစ်ခဲ့သည်။

ကျောင်းဖျင်းထင်ရဲ့ ကိုးနဂါးဖမ်းစွမ်းအင် စွမ်းအားနယ်ပယ်က ချက်ချင်း ကွဲအက်သွားသည်။ ထိုက်ဆွေ့ဖျက်စီးသတ်ဖြတ် စွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် အသွေးအသား ထူထပ်သော အကြောများ တစ်ခုပြီးတစ်ခု ကွဲထွက်သွားသည်။ သစ်သားတွေလည်း ညှိုးနွမ်း လဲကျသွား၏။

ကျောင်းဖျင်းထင်၏ နတ်ကွန်းရှိ အခြေတည် ဝိညာဉ်သည် ချက်ချင်းပင် ပြင်းထန်စွာ ပျက်စီးသွားပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူမ မတွေးဘဲ နောက်ပြန်ဆုတ်သွားကာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချန်အိမ်နံရံကို ဖြတ်သွားခဲ့ရာ နံရံပင် ချက်ချင်း ပြိုကျသွားသည်။

စျေးသည်သည် သူ၏ကြံ့ခိုင်သော ခန္ဓာကိုယ်ကို အားကိုးကာ ရှေ့သို့ ဆက်ပြေးသွားခဲ့သည်။ သူ၏ ကြီးမြတ်သော ဝိညာဉ်ယွမ်တစ္ဆေသည် မကောင်းသော စွမ်းအင်များဖြင့် ကျင့်ကြံရ၏။ ထိုက်ဆွေ့၏ မကောင်းသော စွမ်းအင်ကို ချိုးဖျက်သည့် နည်းလမ်းကို သူတွေ့လိုက်သောအခါတွင် သူ့စွမ်းအင်မှာ ချက်ချင်း ဖရိုဖရဲ ဖြစ်သွားပြီး သူ့လက်များပေါ်က ချီသွေးနှင့် မကောင်းသော စွမ်းအင်များက တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားလေသည်။

ဦးခေါင်းနောက်ဘက်ရှိ တစ္ဆေရုပ်၏ ပုပ်ပွနေသော မျက်နှာနှင့် ခြေလက်အင်္ဂါများ အရည်ပျော်ကာ အလွန်ကြောက်စရာ ကောင်းလာသည်။ သူ၏ မကောင်းဆိုးဝါး အခြေတည်ဝိညာဥ်ကလည်း ဖိနှိပ်ခံခဲ့ရပြီး မှိန်သွားခဲ့သည်။

ထိုက်ဆွေ့ ဆိုတာဟာ နတ်ဆိုးစွမ်းအင်များကို ချိုးဖျက်နိုင်ပြီး မကောင်းသော နည်းလမ်းများကို ဖျက်ဆီးနိုင်သည်။

သူနှင့် ကျောင်းဖျင်းထင် နှစ်ယောက်စလုံးသည် မကောင်းသော နည်းလမ်းများကိုသာ ကျင့်သုံးခဲ့ကြတာကြောင့် ပျက်စီးမှု အများဆုံး ခံခဲ့ရသည်။ ဆန့်ကျင်ဘက်အနေနှင့် ပညာရှင်သည် ရှေးရိုးစွဲနည်းလမ်းရဲ့ အပိုင်းတစ်ပိုင်းကို ကျင့်ခဲ့သောကြောင့် များစွာ မထိခိုက်ခဲ့ပေ။

ဈေးသည်က ဟောက်ပြီး သံပလုတ်တုတ်ကို ချန်ရှီ၏ ခေါင်းဆီသို့ လှည့်ရိုက်လိုက်သည်။ သံပလုတ်တုတ် မပြုတ်ကျလာခင်မှာ သူ့ခန္ဓာကိုယ်ကို ချွန်ထက်တဲ့ဝါးတွေနဲ့ ထိုးဖောက် ခံလိုက်ရချေပြီ။ သူ့အလောင်းက ဇောက်ထိုး ခုန်ဆင်းပြီး နောက်ပြန် ပြုတ်ကျသွား၏။

ကျောင်းဖျင်းထင် ချန်အိမ်ထဲမှ လွင့်ထွက်သွားစဥ် စျေးရောင်းသူ၏ ခန္ဓာကိုယ် သူမဆီ ပြေးလာတာ မြင်လိုက်ရသည်။ သူမ ထိတ်လန့်သွားပြီး စျေးရောင်းသူ၏ ဖောင်းကားနေသော ခန္ဓာကိုယ်ကြီးကို ရှောင်ရန် ဘေးဘက်သို့ ချက်ချင်း လှိမ့်သွားသည်။

သူမသည် ချန်ရှီနှင့် ပြတ်ပြတ်သားသား တိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ချက်ချင်း လမ်းပေါ် ထွက်ပြေးသွားခဲ့သည်။ သူ့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ စျေးရောင်းသူ၏ ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက် စားသောက်ဆိုင် ထိမှန်သွားသော အသံသာ ဖြစ်သည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် စိမ်းလန်းသော ဝါးများသည် ဈေးရောင်းသူ၏ မျက်ခုံး၊ လည်ချောင်း၊ နှလုံး၊ ဘယ်ဘက်အဆုတ်၊ ညာဘက်အဆုတ်၊ အသည်း၊ သည်းခြေအိတ်၊ ဘယ်ဘက်ကျောက်ကပ်၊ ညာကျောက်ကပ်၊ အသက်ရင်းမြစ်နဲ့ ကျားအင်္ဂါ စသည်တို့ကို ထိုးဖောက်နေတာ တွေ့လိုက်ရပြီး သူ့ကို ကယ်တင်ရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

သူမယခင်က အဆောင်ဆွဲ ဆရာများကြားက မှော်ဆရာကြီးတစ်ဦးသည် နတ်သန္ဓေသားနယ်ပယ်နှင့် အခြေတည်ဝိညာဥ် နယ်ပယ်ရှိ ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်ကြောင်း ကောလဟာလတစ်ခု အမြဲကြားနေရသည်။

အစီအရင်တစ်ခု ဖွဲ့စည်းတည်ထောင်ရန် ချန်ရှီသည် ထိုက်ဆွေ့ ကြယ်နတ်ဘုရား အဆောင်လက်ဖွဲ့များကို သုံးလိုက်တာ မြင်တော့မှ ဒီလူငယ်ရဲ့ အဆောင်ဆွဲဆရာ အဆင့်ကို သူမ သိလိုက်သည်။

အဆောင်လက်ဖွဲ့က အစွမ်းထက်လှသည်။ သူတည်ဆောက်ထားသော မှော်အတတ်သည် သူမ၏ ကိုးနဂါးဖမ်းစွမ်းအင်ရဲ့ အခြေတည်ဝိညာဥ် စွမ်းအားနယ်ပယ်ကို ပြိုကျသွားစေကာ သူမ၏ အခြေတည်ဝိညာဥ်ကိုပင် ပျက်စီးသွားစေခဲ့သည်။ ဆက်နေခဲ့ရင် သေလိမ့်မည်။ လွတ်မြောက်သွားခဲ့ရင် သူမမှာ ရှင်သန်ဖို့ အခွင့်အလမ်း ရှိနေတုန်းပါပဲ။

အနောက်မှ စူးရှသော လေချွန်သံကို ကြားလိုက်ရသည်။ ကျောင်းဖျင်းထင် အလျင်လိုစွာ နောက်သို့ လှည့်ကြည့်လိုက်ရာ အစိမ်းရောင် ဝါးပင်များက လေချွန်သံနဲ့အတူ သူမနောက်ကို လိုက်လာနေတာ မြင်လိုက်ရသည်။

"မင်းရဲ့ လေ့ကျင့်မှု ဘယ်လောက်ပဲ အားကောင်းနေပါစေ မင်းရဲ့ ဓားပျံသတ်နည်းက ကြာရှည်မခံပါဘူး!"

ကျောင်းဖျင်းထင် လမ်းတစ်လျှောက် အမြန်ပြေးသွားခဲ့သည်။ စည်ကားသောမြို့ ဖြစ်သော်လည်း သူမသည် အလွန်လျင်မြန်စွာ ပြေးနေဆဲ ဖြစ်သည်။ လမ်းပေါ်ရှိ လမ်းသွားလမ်းလာများကို ရှောင်ရှားကာ ရှေ့သို့ တဟုန်ထိုး တိုးဝင်သွားခဲ့သည်။

သူမရဲ့ လှုပ်ရှားမှုများသည် သာလွန် မြန်ဆန်ပြီး လမ်းသွားလမ်းလာများကို ရှောင်နေသော်လည်း အရှိန်အပြည့်ဖြင့် ပြေးခြင်းထက် များစွာ နှေးကွေးသွားခြင်း မရှိပေ။ ခြေထောက်က အသည်းအသန် ပြေးနေသော မြင်းတစ်ကောင်လို အစွမ်းထက်လှပြီး ခဏတာအတွင်း လမ်းမများပေါ် ဖြတ်သန်းကာ အရှေ့မြို့တော်၏ ဆင်းရဲသားရပ်ကွက်များကို ဖြတ်ကာ အရှေ့မြို့ထဲသို့ ရောက်ရှိခဲ့သည်။

အရှေ့မြို့တော်၏ မြေမျက်နှာသွင်ပြင်သည် ရှုပ်ထွေးပြီး လမ်းသွယ်များစွာဖြင့် တည်ရှိကာ အချို့မှာ လူတစ်ဦးတည်းသာ နေထိုင်နိုင်သည်။ မှောင်မိုက်၊ စိုစွတ်ပြီး အေးစက်ကာ မြို့၏ အရှုပ်ထွေးဆုံး နေရာလည်း ဖြစ်သည်။

ဝါးကို ဓားပျံအဖြစ် သုံးနေရသောကြောင့် ချန်ရှီဟာ သူမကို ဤနေရာအထိ အမှီမလိုက်နိုင်ဘူးဟု မျှော်လင့်ရသည်။ သူမကို ဒီမှာ ဖမ်းထားရင်တောင်မှ ခြေရာလက်ရာတော့ ရှာမတွေ့နိုင်လောက်ချေ။

သူမသည် မှောင်မိုက်သော လမ်းကြားတွင် မှောင်ရိပ်ခိုကာ ရပ်လိုက်သည်။ ဒဏ်ရာများကို စစ်ဆေးကြည့်တော့မည့် အချိန်တွင် ရုတ်တရက် လန့်ဖျပ်သွားကာ ဝါးစိမ်းတစ်ချောင်းက သူမကို ပစ်သတ်လိုက်ပြီ။ ၎င်းကိုရှောင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမ လုံးဝမလုပ်နိုင်ခဲ့ဘဲ ညာဘက်အဆုတ်ကို ထိုးဖောက်သွားခဲ့သည်။

ကျောင်းဖျင်းထင် ချောင်းတဟွတ်ဟွတ် ဆိုးကာ သွေးများစွာ ထွက်ကျလာသည်။ သူမ၏ မှော်အစွမ်းကို ချက်ချင်း ဆင့်ခေါ်ကာ ထွက်ပြေးသွားခဲ့သည်။

မြို့ပြင်သို့ အပြေးအလွှား ပြေးသည်။ မြစ်ထဲခုန်ချကာ မိုင်ပေါင်းများစွာ ကျယ်သော တဲကျန်းမြစ်ဝကို ဖြတ်ပြေးကာ မြစ်တစ်ဖက်ကမ်းသို့ ပြေးဝင်သည်။ တစ်ဖန် တောထဲတွင် ဖြတ်သန်းနေစဥ် ရင်ဘတ်ထဲ ပူလောင်လာကာ အသက်ရှုရခက်ခဲလာသည်အထိ မိုင်ပေါင်းများစွာ ပြေးခဲ့ရပြီးနောက် ရပ်တန့်သွားခဲ့သည်။

သူမသည် နောက်ထပ် ပါးစပ်ထဲမှ သွေးအနည်းငယ်ကို ချောင်းဆိုးထုတ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ကို မှီကာ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

"ဒီနေရာက ရှင်းရှန်ပြည်နယ်မြို့တော်နဲ့ မိုင်ရှစ်ဆယ်ကျော် ဝေးတယ်... နတ်အသွင်ပြောင်းတဲ့နယ်ပယ်မှာ အားကောင်းတဲ့လူကပဲ လိုက်နိုင်မှာ.. နောက်ပြီး ဝါး ဒီကိုရောက်ခဲ့ရင်တောင် မှော်အစွမ်းက မကြာခင်မှာ ကုန်ဆုံးတော့မှာ... အရင်ကလို အစွမ်းထက်တော့မှာ မဟုတ်ဘူး အခု လုံခြုံလောက်ပြီ"

ကျောင်းဖျင်းထင် သက်ပြင်းတစ်ချက်ချကာ သွားများကို အံကြိတ်ကာ အဝတ်အစားများကို ဆုတ်ဖြဲကာ သူမ၏ ညာဘက်ရင်အုံတွင် ဒဏ်ရာကို ထုတ်ဖော်လိုက်သည်။ ပုခုံးနားက ရင်သားညာဘက်ခြမ်းမှာ ဝါးစိမ်းတွေ ကပ်နေသေးတာကို သူမ တွေ့လိုက်ရ၏။

ဝါးစိမ်းခုတ်ချခါနီးမှာ ရုတ်တရက် ထိုးကြိတ်သံတွေ ကြားလိုက်ရသည်။ စိမ်းလန်းသော ဝါးပင်များသည် သူမနောက်မှ သစ်ပင်တစ်ပင်ကို ထိုးဖောက်ဝင်ရောက်ကာ သူမ နောက်ကျောထဲကို စိုက်ဝင်သွားကြသည်။ တစ်ချောင်းက သူ့ခေါင်းနောက်ကို ဖောက်ပြီး တစ်ချောင်းက နှလုံးနောက်၊ နောက်တစ်ချောင်းက ဘယ်ဘက်အဆုတ်ထဲကို ထိုးဖောက်ထား၏။

ကျောင်းဖျင်းထင်၏ မျက်လုံးထောင့်များ တုန်သွားသည်။ ဝါးစိမ်းနှစ်ချောင်းက သူမ၏ ဘယ်ညာ ကျောက်ကပ်၊ အသည်းနှင့် သည်းခြေအိတ်တို့ကို ထိုးဖောက်ခဲ့ပြီး သူမ၏ သရက်ရွက်ကိုလည်း ဖောက်ပစ်ခဲ့သည်။

"မိုင်ရှစ်ဆယ်လောက် ပြေးလာတာတောင် ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ"

သူမ၏ မျက်လုံးများသည် တဖြည်းဖြည်းမှိန်လာပြီး လည်ချောင်းထဲက သွေးများ စီးကျလာသည်။

"နားမလည်ဘူး..."

ပိန်ညင်းကြီးတစ်ကောင် ပျံသန်းလာခဲ့ကာ သူမမှီနေသော သစ်ပင်ကြီးပေါ် လဲကျသွားသည်။ နောက်တော့ အတောင်ပံတွေကို လှန်ပြီး သူမဘက်ခြမ်းကို ပျံသန်းလာ၏။ သူမ တကယ် သေသွားပြီလားဆိုတာ သိအောင်ကြည့်ဖို့ ခေါင်းကိုတောင် စောင်းထားလိုက်သေးသည်။

သူမသေကြောင်း အတည်ပြုလိုက်သောအခါ ပိန်ညင်းကြီးသည် ရုတ်တရက် အစိမ်းရောင် ဝါးပင်အဖြစ်သို့ ပြောင်းသွားပြီး မြေကြီးထဲ ထိုးစိုက်သွား၏။ ဝါးထဲက ချီစွမ်းအင်များသည် သန်မာသော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားတဲ့အခါ ဝါးပင်သည် မြေကြီးထဲ၌ အမြစ်စွဲကာ အကိုင်းအခက်များနှင့် အရွက်များ ထွက်လာတော့သည်။ မကြာခင်မှာပဲ တစ်မီတာ သို့မဟုတ် နှစ်မီတာအထိ မြင့်လာသည်။

မလှမ်းမကမ်းတွင်တော့ ဘုရင်ခံ ရွှီကျန်း၏ ဝိညာဉ်သည် ဤမြင်ကွင်းကို မြင်နေရရာ သူက တိတ်တဆိတ် ချီးကျူးပြီးနောက် သူ၏ဝိညာဉ်ကို ​ပြန်ရုတ်သိမ်းလိုက်သည်။

ရှင်းရှန်ပြည်နယ်မြို့တော် ချန်အိမ်။

ပညာရှင်သည် သူ့ပတ်ဝန်းကျင်ရှိ ထိုက်ဆွေ့ကြယ်နတ်ဘုရား၏ ကြီးမားသော အရိပ်များကို ကြည့်လိုက်သည်။ ထိုအရိပ်တွေရဲ့ သူ့ထံ ယူဆောင်လာခဲ့သည့် ဖိနှိပ်မှုမှာ အလွန်ပြင်းထန်သဖြင့် သူ့အား ကမောက်ကမ မလုပ်ရဲအောင် ဖြစ်လာစေသည်။

“ဟေးကော်ရဲ့ သွေးတွေက ပိုအားကောင်းလာတာပဲ"

ချန်ရှီမှာ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူ့ရဲ့ အသွင်ပြောင်းဝါးစိမ်းရဲ့ အောင်မြင်မှုမှာ မဆိုးလှကြောင်း သူ့ကိုယ်သူ သိသည်။ သို့သော် အဆောင်လက်ဖွဲ့မှ ထိုက်ဆွေ့ကြယ်နတ်ဘုရား စွမ်းအင် ခြောက်ဆယ်ကို တကယ့်အစစ်ကဲ့သို့ ဆင်းသက်နိုင်မည် မဟုတ်ပေ။

ဟေးကော်ရဲ့ သွေးက အစွမ်းထက်လွန်းသောကြောင့်သာ ဤအဆောင်လက်ဖွဲ့များက ၎င်းတို့ မရရှိသင့်သော စွမ်းအားကို ရသွားကာ ပေါက်ကွဲသွားခဲ့သည်။

"ဟေးကော် နေ့တိုင်း စာအုပ်တွေဖတ်နေတာ... ပိုသန်မာလာအောင် လုပ်နေပုံပဲ"

ထိပ်တိုက်ရင်ဆိုင်တဲ့အခါ ရလဒ်ဟာ မှန်းဆ၍မရသော်လည်း သူသည် ခြုံခိုတိုက်ခိုက်ရန် အစောကြီးကတည်းက ဟေးကော်သွေးနဲ့ အဆောင်လက်ဖွဲ့ ဆွဲထားသည်။ ဟန်ရှန်းစန့်ရန် သင်ပေးသော ဓားပျံနည်းပညာဖြင့် ကျောင်းဖျင်းထင်နဲ့ တခြားသူများရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခဲ့သည်။ ၎င်းတို့ကို အလွယ်တကူ သတ်ပစ်ဖို့ စီစဉ်နိုင်ခဲ့သည်။

"ချန်ရှီ... မင်း အဆောင်လက်ဖွဲ့ရဲ့ တန်ခိုးကို အားကိုးပေမယ့် မင်း ငါ့ကို သေတဲ့အထိ မတိုက်ရဲပါဘူး!"

စာပေ ပညာရှင်က အော်လိုက်သည်။

ချန်ရှီ သူ့လက်ကို မြှောက်လိုက်ပြီး ဝါးစိမ်းတွေ ပျံတက်လာသည်။ ထိုအသံကို ကြားသောအခါ သူ မပြုံးနိုင်ဘဲ မနေနိုင်။ စိမ်းလန်းသော ဝါးပင်များ ပြိုကျလာပြီး သူ့ပတ်ဝန်းကျင်ရှိ အစီအရင်များ ကွယ်ပျောက်သွားသည်။

ပညာရှင်သည်လည်း ဖိအားများ ရုတ်တရက် ပျောက်ကွယ်သွားတာကို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက်ချကာ သူ့ကို စိုက်ကြည့်ကာ အသံနက်ကြီးနဲ့ ပြောလိုက်ပါ၏။

“မင်းကို ငါရိုက်ရင်…”

ချန်ရှီ ပြုံးပြီး :"ငါ မင်းကို လွတ်လမ်းပေးမယ်"

ပညာရှင်က အနည်းငယ် လန့်ဖျပ်သွားပြီး "မင်းကို ငါရိုက်နိုင်ရင် ငါ့ကို အသက်ရှင်ခွင့်ပေးမှာလား။"

"ဒါဟာ ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သေးသရွေ့ ငါ့မှာ မင်းကိုသတ်ဖို့ နည်းလမ်းတစ်ရာလောက် ရှိသေးတယ်"

ပညာရှင်က ခဏလောက် နှုတ်ဆိတ်သွားပြီး ဆိုလာသည်။

"ကောင်းပြီ... ငါအနိုင်ရရင် မင်းက အသက်ရှင်ခွင့်ပေးရမယ်... ငါရှုံးရင် မင်းကို အသက်ပေးမယ်"

ချန်ရှီ ခေါင်းခါပြီး :"မင်းရှုံးရင် ငါမင်းကို မေးခွန်းနည်းနည်း မေးမယ် မင်းဖြေရင် ငါလွှတ်​ပေးလိုက်မယ်"

"ကောင်းပြီ!" ပညာရှင်က ပြတ်ပြတ်သားသားပြောသည်။

ချန်ရှီ အသက်ပြင်းပြင်းရှူကာ အစွန်းရှစ်ပါး ရွှေနန်းတော် နတ်အခန်းကို စတင် အသက်သွင်းခဲ့သည်။ မယ်မယ်ရှစ်ကျီသည် နတ်ကွန်းထဲတွင် ထိုင်နေပြီး ရွှေအမြုတေက ပတ်ပတ်လည် ပျံထွက်သွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက လေ့ကျင့်ပြီးနောက် သူ့ရဲ့ ရွှေအမြုတေဟာ အဆင့်၇ သို့ ရောက်ရှိနေပြီဖြစ်သည်။

ရွှေအမြုတေကို အသက်သွင်းလိုက်တာနဲ့ အစွန်းရှစ်ပါးရွှေနန်းတော်ရဲ့ စွမ်းအားမျညးက သူ့ခြေအောက်တွင် ပေါ်ထွက်လာသည်။ ရွှေအမြုတေ စွမ်းအားနယ်မြေထဲတွင် အစွန်းရှစ်ခုကို တည်ထောင်ခဲ့ပြီး အဆုံးတွင် ရွှေနန်းတော်တစ်ခုစီ ရှိသည်။ နတ်တန်ခိုးတော်သည် ရွှေနန်းတော် ရှစ်ခုထဲတွင် တဟုန်ထိုး တုန်လှုပ်လျက် ရှိသည်။

ချန်ရှီ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က လေကို ဖိနင်းလိုက်ကာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပညာရှင်ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။

ပညာရှင်သည် သူ၏ ချီစွမ်းအင်နှင့် သွေးတို့ကို နှိုးဆွလိုက်သည်။ နတ်သန္ဓေသား၏ လှုပ်ရှားမှုကို ချိန်ညှိကာ အခြေတည်ဝိညာဉ်ကို လှုံ့ဆော်ပေးခဲ့သည်။ ထိုသုံးမျိုးထဲတွင် သူ၏ မှော်စွမ်းအားသည် အစွမ်းအထက်ဆုံး ဖြစ်သည်။ ချန်ရှီလို ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ ရင်ဆိုင်ရတာတောင် သူလုံးဝ မကြောက်ခဲ့ပေ။

နတ်သန္ဓေသားက ဒုတိယဝိဉာဉ်ဖြစ်သည်။ သူ့နတ်သန္ဓေသားသည် တတိယအဆင့် နတ်သန္ဓေသားဖြစ်ပြီး နတ်စွမ်းအားက ရှေးဦး နတ်ဝိညာဉ်ထက် အားမနည်းချေ။

သူသည် ထိုက်ကျီကို နင်းပြီး ယင်းယန် ခြေရာများအတိုင်း လျှောက်သွားကာ ချန်ရှီရဲ့ လက်သီးချက်အား တွေ့ရန် သူ့လက်ကို မြှောက်လိုက်သည်။ ရုတ်​တရက်​ပင်​ ပြင်းထန်​​သော ချီစွမ်းအင်​က သူ့ကို ဖိချနေသလို ခံစားလိုက်​ရ၏။ သူ၏ ချီသွေးနှင့် စွမ်းအင်တို့ ကပြောင်းကပြန် ဖြစ်ကုန်ကာ ကလစ်တစ်ချက်နှိပ်ရုံဖြင့် သူ၏ လက်ငါးချောင်းမှ လေးချောင်း ကျိုးသွားခဲ့သည်။

ချန်ရှီ၏ လက်သီးသည် ကျိုးထားသည့်လက်ကို ဖိထားပြီး ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။ လက်တွေတောင် သူ့ရင်ဘတ်အထဲကို စိမ့်ဝင်သွားရာ နောက်ကျောက ဖောင်းလာပြီး နံရိုးတွေကို နောက်ပြန် တွန်းထုတ်သလို ဖြစ်သွားရာ သူ့အဝတ်အစားတွေလည်း စုတ်ပြဲသွားသည်။

သူ့ကျောပေါ်ရှိ သွေးများနှင့် ချွေးများသည် သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးသွားလေပြီ။ သွေးများက နောက်ပြန် လွင့်သွားကာ နံရံတွင် အပေါက်သေးသေးလေးများ ချန်ထားခဲ့သည်။

ချန်ရှီ၏ အခြားလက်နှစ်ချောင်းသည် သူ့မျက်လုံးများဆီသို့ ပြေးလာကာ မျက်လုံးများကို ဖောက်ထုတ်လုနီးပါး ဖြစ်နေသော်လည်း သူ့ကိုယ်သူ လျင်မြန်စွာ ရပ်တန့်ပစ်လိုက်သည်။

"ဒါက လူသတ်သမား အကွက်... အသုံးချလို့ မရ​သေးဘူး!"

ချန်ရှီ သူ့ကိုယ်သူ အံ့အားသင့်သွားသည်။

ပညာရှင်က စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းကို ခက်ခက်ခဲခဲ မော့နေရ၏။

"မင်းက ဘယ်လို နတ်သန္ဓေသားမျိုး ပိုင်ထားတာလဲ... မင်းက ဘာကြောင့် ဒီလောက် တန်ခိုးကြီးရတာလဲ သခင်လေးကိုတောင် မှီလုနီးနီး ဖြစ်နေပြီ"

ချန်ရှီရဲ့ နှလုံး အနည်းငယ် လှုပ်သွားသည်။

"မင်းရဲ့ သခင်လေးက ဘယ်လို နတ်သန္ဓေသားလဲ"

All Chapters