← Chapters

ကမ္မ ဖြတ်တောက်မှု

Vol. 93 Ch. 1291

ကမ္မ ဖြတ်တောက်မှု

Vol. 93 Ch. 1291

ဟူး... ဟူး...

နေကြယ် မျိုးစေ့ အတွင်းတွင်တော့ အဝတ်ဗလာနှင့် ဝေ့ဝူယင်မှာ တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့၏။ သူက မျက်လုံးများကို မှိတ်ထားရင်း လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ဆောင်ထားသည်။ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်မှာ အရှိန်အဟုန်နှင့် နေကြယ်မျိုးစေ့ကို ထိုးဖောက် လွှမ်းခြုံထားခဲ့လေ၏။

မြေကြီး ရှန့်ထို တစ်သောင်း တစ်ယောက်ထံမှ ထုတ်လွှတ်နေသည့် ကြယ်စွမ်းအင်များကို ခံနိုင်ရည် ရှိစွာ ထိန်းချုပ်နေသည့် ဝေ့ဝူယင်ကို ကြည့်ကာ ဝူယု တစ်ယောက် အံ့အားသင့် နေခဲ့၏။ သူတို့ အားလုံး ထုတ်လွှတ်နေသည့် ကြယ်စွမ်းအင်များမှာ ဆန္ဒ တစ်စုံ၏ ထိန်းချုပ်မှု အောက်တွင် သဟဇာတ ဖြစ်စွာ ပေါင်းစပ် သွားနေကြောင်း သူ ခံစားနိုင်ပေသည်။

သေမျိုး တစ်ယောက်မှာ ကြယ်တာရာ စွမ်းအင်ကို ထိန်းချုပ်ကာ နေကြယ် ဖန်တီးခြင်း ဖြစ်စဉ်ကို ပုံဖော်နေသည်။ ၎င်းက စိတ်ကူးပင် မယဉ်နိုင်သည့် ဖြစ်ရပ် တစ်ခု ဖြစ်သည်။ ပိုမို၍ ဆိုးသည့် အရာက သူက ကြယ်တာရာ သခင် အဆင့်ကိုပင် မရောက်သေးခြင်း ဖြစ်သည်။

ဝူယု တစ်ယောက် ထိုကဲ့သို့ အံ့သြ မှင်သက် နေစဉ်တွင် ဝေ့ဝူယင်မှာလည်း အသိစိတ် ပင်လယ် အတွင်းမှ အဆုံးမဲ့သော အကြံပြုမှုများနှင့် ရင်ဆိုင် နေခဲ့ရလေသည်။

“ဆရာ လုပ်လို့ မရဘူး...”

ပိုင်ရှုက ပြင်းပြင်ထန်ထန်ပင် ဆိုလိုက်၏။

“ဒါက အဆင်အခြင်မဲ့လွန်းတယ်”

"ဒီတစ်ကြိမ်တော့ ငါ သူ့ကို ထောက်ခံတယ်”

ကောင်းကင်စစ်ဝိညာဉ်ကလည်း သဘောတူလိုက်သည။

“ဒီလုပ်ရပ်က ကိုယ့်ကိုယ်ကို သတ်သေနေတာနဲ့ အတူတူပဲ... နင့်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အဲဒီလို လုပ်ဖို့ စောလွန်းသေးတယ်... လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ဖန်တီးချင်တယ် ဆိုရင်တောင် ကြယ်အင်အားကို မသုံးပဲ ကြယ်စွမ်းအင်ကို သုံးတာက အဆင်အခြင် မဲ့ရုံတင် မကဘူး...”

"မိုက်ရူးရဲဆန်တာပဲ...”

ပိုင်ရှုက ကြားဖြတ်၍ ပြောလိုက်၏။ သူမ၏ လှပသော မျက်ဝန်းလေးများက စိုးရိမ် ပူပန်မှု၊ ကြောက်ရွံ့ ထိတ်လန့်မှုတို့နှင့် လွှမ်းခြုံ နေပေသည်။

"..."

ဝေ့ဝူယင် တိတ်ဆိတ်စွာပင် နားထောင် နေခဲ့၏။ လောကချည်နှောင် ကြယ်တာရာ နယ်မြေ ဆိုသည်မှာ တစ်သက်တွင် တစ်ခါသာ ဆုပ်ကိုင်ဖို့ ဖြစ်နိုင်သည့် ကျင့်ကြံခြင်းအခွင့်အရေး တစ်ခု ဖြစ်သည်။ ၎င်းကို ကြယ်တာရာ အမြုတေ အဆင့် ကပ်ဘေးတွင်သာ ဖန်တီးလို့ ရရှိနိုင်သည်။

ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များမှ တစ်ဆင့် ဝေ့ဝူယင် လောကချည်နှောင် နယ်မြေ အကြောင်း သိရှိပြီး ဖြစ်သည်။ ဝတ်စုံနက် ဝေ့ဝူယင်မှာ သူတော်စင်တို့၏ အဆင့်ကို ရောက်ရှိရန် အလွန်ပင် လောနေခဲ့လေရာ ထိုအရာမှာ သူ့ဘဝ တစ်လျှောက် အကြီးမားဆုံးသော နောင်တများထဲမှ တစ်ခု ဖြစ်လာခဲ့လေသည်။ ဝေ့ဝူယင်မှာ ယခုဘဝတွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံ အဖြစ်ခံတော့မည် မဟုတ်ချေ။

ကြယ်တာရာ အမြုတေ နယ်မြေ၏ အ‌ကောင်းဆုံးသော အရည်အသွေးများမှာ ချိပ်ပိတ် နယ်မြေတွင် ယနေ့အထိ မစူးစမ်းရသေးသော နယ်ပယ်များ ဖြစ်ကြသည်။ ကြယ်ကွင်းပြင်၏ သမိုင်းကြောင်းတွင် ကြယ်တာရာ ဆင်းတုကို ရရှိထားသည့် ကျင့်ကြံသူ အကြောင်း ဝေ့ဝူယင် တစ်ခါမှ မကြားခဲ့ဖူးချေ။ ကြယ် အမြုတေ အဆင့်မှာ အခြေခံ တည်ဆောက်ခြင်း အဆင့်မှ ကြယ္တာရာ အမြုတေ အဆင့် အထိ သေမျိုး ကျင့်ကြံခြင်း အလွှာ တစ်ခုလုံး၏ ပေါင်းစပ်မှုကို ကိုယ်စားပြုပေသည်။

ကျင့်ကြံခြင်း လမ်းစဉ်ကို အမတေ၊ ခန္ဓာ၊ စိတ်နှင့် ဝိညာဉ် ဟူ၍ ကဏ္ဍ လေးရပ် ခွဲခြားနိုင်ကာ ထိုကဏ္ဍ တစ်ခုချင်းစီတွင် အထွတ်အထိပ် အဆင့် လေးခု ရှိပေသည်။

အမတေ၏ အထွတ်အထိပ်မှာ ကြယ်အင်အား ဖြစ်သည်။ ၎င်းမှာ ကြယ်တာရာ အင်အား၏ အဆင့်မြင့် စွမ်းအား တစ်ခု ဖြစ်ကာ မတူကွဲပြားသည့် အဆင့်များနှင့် အတူ ခြားနားသည့် စွမ်းအင်များကို ဖော်ဆောင် ပေးနိုင်ပေသည်။

ခန္ဓာ၏ အထွတ်အထိပ်မှာကတော့ ကြယ်တာရာ ခန္ဓာ ဖြစ်သည်။ ၎င်းကို ထျန်းတျန်၊ သွေးကြော၊ အသိစိတ် ပင်လယ် စသည်ဖြင့် အပိုင်းများ ခွဲခြားနိုင်ပေသည်။ ကြယ်အင်အား ကဲ့သို့ပင် ၎င်းထံတွင် မတူကွဲပြားသည့် အဆင့်များ၊ စွမ်းအင်များ ရှိပေသည်။ ကြယ်တာရာ ခန္ဓာမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် လျှို့ဝှက် ခန္ဓာ အတွက် အခြေခံ တစ်ခု အဖြစ် ဆောင်ရွက်ပေးနိုင်ပေသည်။

တတိယမြောက် စိတ်၏ အထွတ်အထိပ် ကတော့ လောကချည်နှောင် ကြယ်တာရာ နယ်မြေပင် ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံသူပေါင်းများစွာ လွဲချော်သွားတတ်သည့် အဆင့်တစ်ခုလည်း ဖြစ်သည်။ ထိုအခွင့်အ‌ရေး ရရှိလာသည့် ကျင့်ကြံသူများမှာ သင့်တော်သည့် ပစ်မှတ် တစ်ခုကို လိုအပ်သည်။ ထိုပစ်မှတ်ကတော့ အစစ်အမှန် နေကြယ် တစ်ခုပင် ဖြစ်သည်။

လောကချည်နှောင် ဆိုသည့် စကားလုံးမှာ အတော်လေး အဓိပ္ပာယ် ရှိပေသည်။ ၎င်းကို ရရှိရန် အတွက် ကျင့်ကြံသူ တစ်ယောက်မှာ သူ၏ စိတ်မျက်လုံးကို နေကြယ် တစ်စင်း၏ တည်ရှိမှုနှင့် ချည်နှောင်ဖို့ လိုအပ်သည်။ သေမျိုး အထွတ်အထိပ် ကျင့်ကြံခြင်း အကြီးကျယ်ဆုံး ကိုယ်စားပြုခြင်းနှင့် အကန့်အသတ်မဲ့သော စွမ်းအားများ ကြောင့်ပင် အလွှာ အပြင်ဘက်မှ တိုးတက် ဖွံ့ဖြိုးပြီး ဖြစ်သော ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတွင် ကြယ်အမြုတေ အဆင့် ကျင့်ကြံသူများကို ‘ကြယ်တာရာသခင်များ’ အဖြစ် ရည်ညွှန်းကြခြင်း ဖြစ်လေသည်။

သေမျိုးတာအို၏ အထွတ်အထိပ် ဆိုသည်က အဘယ်နည်း။ ကြယ်တာရာ အမြုတေ အဆင့်ကို ကျော်လွန်ပြီးသည့် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူတိုင်းမှာ ထိုမေးခွန်းကို နေကြယ်များ အဖြစ် ရည်ညွှန်းကြလိမ့်မည် ဖြစ်သည်။ တစ်နည်းနည်းဖြင့် ကြယ်အမြုတေ အဆင့် ကျင့်ကြံသူများမှာ နေကြယ်များဖြစ်လာကြသည်။ နေကြယ် မျိုးစေ့ကို မွေးဖွားကြသည်။ နေကြယ် တစ်စင်း၏ စွမ်းအားမျိုးကို ထုတ်လွှတ်လာနိုင်သည် အထိ ၎င်းကို ပြုစု ပျိုးထောင်ကြသည်။

စိတ် ဆိုသည့် ကဏ္ဍမှာ စိတ်မျက်လုံးနှင့် ဆက်စပ် ပတ်သက်နေသည့် သေမျိုး တာအို၏ အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။ ၎င်းမှာ သေမျိုး ရည်ရွယ်ချက် ဟု ခေါ်သည့် ပြိုင်စံရှား ဆန္ဒ တစ်မျိုးကို ချီးမြှင့် ပေးနိုင်သည်။ ၎င်းမှာ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် ဆင်တူကာ ကျင့်ကြံသူ တစ်ယောက် ပိုင်ဆိုင်သည့် ခြေတစ်လှမ်းချင်းစီ အတွက် အခြေခံ အဖြစ် ဆောင်ရွက်ပေးနိုင်သည်။

သေမျိုး အဂ္ဂိရတ် ကြယ်တရာ ပိုင်ရှင်များမှာ ထိုရည်ရွယ်ချက်ကို လွှမ်းမိုးနိုင်ကြသည်။ သူတို့က သေမျိုး ပျက်သုဉ်းခြင်းကို ဖော်ထုတ်ကာ သေမျိုး ရည်ရွယ်ချက်ကို အသုံးပြု၍ ကျင့်ကြံသူများကို လုံးဝ ပျက်စီးသည် အထိ စွမ်းဆောင်နိုင်ကြသည်။ သေမျိုး ရည်ရွယ်ချက်ကို ဆုပ်ကိုင်ရန်မှာ အလွန်ပင် ခက်ခဲလှလေရာ ၎င်းမှာ အလွန် အကန့်အသတ် ရှိသည့် စွမ်းအား တစ်ခုဟု ဆိုနိုင်ပေသည်။

ကျင့်ကြံသူများ ရရှိနိုင်သည့် သေမျိုး ရည်ရွယ်ချက်မှာ အဂ္ဂိရတ် ပညာရှင်များ လွှမ်းမိုးနိုင်သည့် အရာနှင့် ကွဲပြား ခြားနားပေသည်။

လောကချည်နှောင်ခြင်းမှာ ကျင့်ကြ့သူ တစ်ယောက်၏ ခွန်အား၊ အလားအလာ၊ ကြယ်တာရာ ခန္ဓာ သန့်စင်မှု၊ ကြယ်တာရာ ဆင်းတု၊ ကြယ်အင်အား၊ သေမျိုး တာအိုအပေါ် နားလည်ခြင်းတို့ကို များစွာ အထောက်အကူ ပြုပေသည်။ ကံဆိုးစွာပင်... စိတ်မျက်လုံးနှင့် နေကြယ်ကို ချည်နှောင်ခြင်းမှာ အလွန်ပင် ကန့်သတ်ချက်နှင့် အန္တရာယ် များလှသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။

ပထမ တစ်ချက်... နေကြယ်မှာ သဘာဝ အတိုင်း မဟုတ်ပါက သဟဇာတ ဖြစ်မှု၊ ညီညွှတ်မှုများ ပျောက်ဆုံးကာ ကျင့်ကြံခြင်းကို ထိခိုက်မှုများစွာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ဒုတိယ တစ်ချက်က ဆက်သွယ်မှု ဖြစ်သည်။ စိတ်မျက်လုံးကို နေကြယ်နှင့် လောကချည်နှောင်ခြင်းမှာ အသိစိတ် ပင်လယ် အတွင်း စိတ်နှင့် ဝိညာဉ်တို့ အကြား တံတားထိုးခြင်း ဖြစ်သည်။ အကယ်၍ နေကြယ် ပေါက်ကွဲသွားပါက နောက်ဆက်တွဲ သက်ရောက်မှုများမှာ အလွန်ပင် ကြောက်မက်ဖွယ် ‌ကောင်းလိမ့်မည် ဖြစ်သည်။ လျှင်လျှင်မြန်မြန် သေဆုံးသွားလျှင်ပင် ကံကောင်းလှပြီ ဟု ယူဆနိုင်ပေသည်။

နောက်ဆုံး တစ်ချက် အနေဖြင့် ထိုဖြစ်စဉ်ကို ကြယ်တာရာ အမြုတေ ကပ်ဘေးတွင် နေကြယ် တစ်စင်းကို သင်နှင့် အတူ ယူဆောင်သွားခြင်းဖြင့်သာ ပြီးမြောက်နိုင်ပေသည်။ ပုံမှန်အားဖြင့် နေကြယ်များမှာ မရေမတွက်နိုင်သည့် ကျင့်ကြံသူများကို ကူညီပေးနေသည့် ဖြစ်တည်မှုများဖြစ်သည်။ သို့ဖြစ်လေရာ ၎င်းကို ယူဆောင် သွားခြင်းက အလွန် အန္တရာယ် များသည်။ အကယ်၍ သင်သာ ကျရှုံးမှုက နေကြယ်မှာလည်း သင်နှင့် အတူ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ ထို့အပြင် ၎င်းမှာ စူပါနိုဗာ ဖြစ်စဉ်ကိုပင် တိုက်ရိုက် ဦးတည် သွားနိုင်သည်။ သို့သော်... အောင်မြင်ပါက ကျင့်ကြံခြင်း အတွက် အဆုံးမဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

ဝိညာဉ်၏ အထွတ်အထိပ်ကတော့ ကြယ်တာရာ ဆင်းတုပင် ဖြစ်သည်။ ၎င်းမှာ ဝိညာဉ် ဆင်းတု၏ အဆင့်မြင့် စွမ်းအား တစ်ခု ဖြစ်သည်။ ကျင့်ကြံသူ တစ်ယောက်မှာ အထက် ဖော်ပြပါ လမ်းစဉ် သုံးခုတွင် အထွတ်အထိပ်ကို ရောက်ရှိအောင် ကျင့်ကြံနိုင်ပါက ကြယ်တာရာ ဆင်းတု ဖွဲ့စည်းလာလိမ့်မည် ဖြစ်သည်။

ကြယ်တာရာ ဆင်းတု...

ဝေ့ဝူယင် ထိုစွမ်းအား အဆင့်၏ အကြောင်းကို ဆက်စပ်မှု စစ်မြေပြင်တွင် ကွမ်ယုထံမှ ပထမဆုံး စတင် ကြားဖူးခဲ့ခြင်း ဖြစ်သည်။ သူက ကြယ်တာရာ ဆင်းတုမှာ ကြယ်တာရာ အမြုတေ အလွှာ၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်ဟု ဆိုခဲ့သည်။ ထိုအကြောင်းကို ပထမဆုံး ကြားခဲ့ရစဉ်က ဝေ့ဝူယင်မှာ ၎င်း၏ အစစ်အမှန် စွမ်းရည်များနှင့် အကန့်အသတ်များကို သိပ်ဂရုမပြုမိခဲ့ချေ။ ကြယ်တာရာ ဆင်းတုမှာ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဉ် တည်းဟူသော လမ်းစဉ် ‌လေးခုကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်လျှက် တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတို့ထက် များစွာ ပိုမို၍ အဓိပ္ပာယ် ရှိပေသည်။

ဝေ့ဝူယင် ကောင်းကင် စစ်ဝိညာဉ်နှင့် ရှောင်ပင်းတို့ကို စိုးရိမ် ပူပန်ဖို့ မလိုကြောင်း နှစ်သိမ့်လိုက်ရင်း အလုပ်ကို ပြန်လည် အာရုံစိုက်လိုက်၏။ သူ့အနေဖြင့် ကျင့်ကြံခြင်း အခြေခံကို ဖြစ်နိုင်သမျှ အမြင့်ဆုံးထိ မြှင့်တင်ရန် ဆုံးဖြတ်ထားပေသည်။ ယခု ဖန်တီးနေသည့် နေကြယ်မှာ သူ၏ အနာဂတ် အစီအစဉ်များ အတွက် အလွန် အရေးပါပေသည်။ လောကမှာ တစ်နေ့ထက် တစ်နေ့ ပိုမို၍ ကျယ်ပြန့်လာသလို ပိုမို၍လည်း အန္တရာယ် များလာနေသည်။ လုံလောက်သည့် ခွန်အားများကို ပိုင်ဆိုင်ထားမှသာ ငရဲ၏ ကပ်‌ဘေးများ အပါအဝင် အန္တရာယ်တိုင်းကို သူ ဖြတ်ကျော်ကာ ဆက်လက် ရှင်သန်နိုင်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် ညာဘက်လက်ကို မြှောက်ကာ လက်ကောက်ဝတ်ကို ကြည့်လိုက်၏။ အပြစ်သား တက်တူးမှာ သူ၏ လက်ကောက်ဝတ်ထက်တွင် လှပစွာ၊ လျှို့ဝှက် ဆန်းကြယ်စွာ စွဲထင်လျှက် ရှိနေပေသည်။

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း... ၁/၁

တတိယ ကပ်ဘေး တားဆီးခြင်း... ၃/၃

စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၄၈ နှစ်

ကမ္မတန်ဖိုး... ၉၅၃၇၂.၃ → ၂၁၂၇၆၆.၅

“အစစ်အမှန် မွေးဖွားခြင်းက တကယ့်ကို အပြစ်သားတွေနဲ့ ပြည့်နေတဲ့ နေရာပဲ...”

ဝေ့ဝူယင် တွေးတောလိုက်မိ၏။ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည့် ကုန်းလော့ကို သတ်ဖြတ်ရုံဖြင့်ပင် သူ ကမ္မတန်ဖိုး ငါးရာခန့်ကို ရရှိခဲ့သည်။ ပိုင်လင် အရိပ်ဥအား ရှင်းလင်းခဲ့သည့် နေ့တုန်းက ဆိုလျှင်လည်း ကမ္မတန်ဖိုး နှစ်သောင်းကိုးထောင်ခန့်ကို သူ ရခဲ့သည်။ မြေကြီးရှန့်ထို သုံးဆယ့် ခုနစ်ယောက်နှင့် အရိပ်ဥပေါင်းများစွာကို ရှင်းလင်းခဲ့ပြီး နောက်တွင် သူ၏ ကမ္မတန်ဖိုးမှာ တစ်သိန်းကျော်ထိအောင် မြင့်တက်လာခဲ့သည်။

ဟမ်...

ရုတ်တရက် ရင်းနှီးပြီးသား ခံစားချက် တစ်ခုကို ဝေ့ဝူယင် ရရှိလိုက်၏။ သူ၏ မျက်လုံးများ အောက်တွင်ပင် အပြစ်သား တက်တူးက လှပစွာ ပြောင်းလဲ သွားသည်။

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း... ၁/၁

တတိယ ကပ်ဘေး တားဆီးခြင်း... ၃/၃

စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၄၈ နှစ်

ကမ္မတန်ဖိုး... ၂၁၂၇၆၆.၅ → ၃၁၂၇၃၂.၅

ရုတ်တရက်... ဝေ့ဝူယင်၏ စိတ်အာရုံထဲ၌ အဖြူရောင် ဆံပင်၊ သေးသွယ်သည့် ခန္ဓာ၊ ရေခဲ ကဲ့သို့ အေးစက်စက် အကြည့်များနှင့် မိန်းကလေး တစ်ယောက်၏ ပုံရိပ်က ဖျပ်ခနဲ ပေါ်လာခဲ့၏။

‌‌ရှောင်ပင်း...

ဖောက်...

ပုံရိပ်က ရေပူပေါင်း တစ်ခုကို ဖျပ်ခနဲ ပေါက်ကွဲ သွားသည်။ ဝေ့ဝူယင်၏ စိတ်မှာ ဗလာနတ္ထိ ဖြစ်သွားခဲ့၏။ ထို့နောက် ကောင်းကင်ဘုံ၏ လွှမ်းမိုးမှုက ထိုနေရာတွင်ပင် အဆုံးသတ်သွား၏။

"..."

ထိုအရာက ဝေ့ဝူယင်၏ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ထိုကဲ့သို့ လွှမ်းမိုးမှုမျိုး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ ထိုအရာက... သတိပေးချက် တစ်ခုလော။

***

All Chapters