← Chapters

ပင်းကျားလွင်

Vol. 93 Ch. 1296

ပင်းကျားလွင်

Vol. 93 Ch. 1296

“နှေးလွန်းတယ်...”

အသံက ပင်းကျင်းရု၏ ကျောရိုး တစ်ခုလုံးကို အေးစိမ့် သွားစေခဲ့၏။ သူမ လုပ်ကြံသူကို မေ့လျော့ နေခဲ့ခြင်း ဖြစ်သည်။ မဟုတ်သေး... သူမ မမေ့ချေ။ လျှို့ဝှက် ကြယ်တာရာ အဆင့်၏ ပေါက်ကွဲမှုမှာ လုပ်ကြံသူ ထွက်ပြေးရန် လှည့်ကွက် တစ်ခုဟု သူမ ယူဆ နေခဲ့ခြင်း ဖြစ်သည်။

ပင်ကျင်းရု ပင်းကျားလွင်ကို ပြန်လည် အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်၏။ သို့သော်လည်း သူမ၏ ရေခဲ စွမ်းအင်များမှာ ပေါက်ကွဲမှုကို လွှမ်းခြုံဖို့ ကြိုးပမ်းနေကာ သူမ၏ ဝိညာဉ် အင်အားမျာလည်း သိုလှောင် လက်စွပ် အတွင်း ရောက်ရှိနေခဲ့သည်။ သူမ ထိုစွမ်းအင် နှစ်ခုကို လျှင်မြန်စွာ ပြန်လည် စုစည်းလိုက်ရင်း အသံလာရာဘက်ကို လှည့်ကြည့်လိုက်၏။ ထိုအခါ... ဧရာမ ဓားကြီးကို ကိုင်ရင်း မိစ္ဆာ တစ်ကောင်လို ပြုံးနေသည့် ပင်းကျားလွင်ကို တွေ့လိုက်ရလေသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မိစ္ဆာ အော်ရာက သူမကို ကြက်သီးမွေးညှင်း ထသွားစေခဲ့၏။

ပင်းကျင်းရု ခပ်မြန်မြန်ပင် လျှို့ဝှက် ဝိညာဉ်နှင့် ချိတ်ဆက်ကာ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို အသက်သွင်းဖို့ ကြိုးပမ်း လိုက်သည်။ သို့သော်လည်း...

ဝှစ်...

ဓားမှာ အလွန်ပင် လျှင်မြန်လွန်းလှ၏။ ၎င်းက တိုက်တန်အရွယ် ဂြိုဟ်တစ်စင်း၏ အ‌လေးချိန်ဖြင့် သူမ၏ ခန္ဓာကိုယ် အပေါ် လျှပ်စီးလက်သလို ပြုတ်ကျလာခဲ့သည်။ ပင်းကျင်းရု အတွက် အချိန် မရှိတော့ချေ။ သူမ လုပ်နိုင်သမျှက လက်ကို ဆန့်ထုတ်လိုက်တာသာ ဖြစ်ပေသည်။ ထာဝရ ရေခဲ အမတေ စွမ်းအင်များမှာ သူမ လက်ဝါးထက်၌ အေးခဲ သွားကာ ဓားကို ဟန့်တားလိုက်၏?။

ဘုန်း...

မိစ္ဆာ ဆန်လွန်းသော အင်အားဖြင့် ဓားမှာ သူမ လက်ဖဝါးကို ပိုင်းဖြတ်သွား၏။ ပင်းကျင်းရု၏ အကြည့်များ အောက်မှာပင် သူမ၏ လက်ဝါးမှာ သွေးများ၊ အရိုးများ၊ အသားအပိုင်းအစများ အဖြစ် ပြန့်ကျဲ သွားသည်။ ဓားက လက်ကို ခုတ်ပိုင်းပြီးနောက် ရပ်တန့်နေခြင်း မရှိပါချေ။ ရှေ့သို့ ဆက်လက် တိုဝင်လာကာ သူမ၏ ဘယ်ဘက် ပခုံးကိုပါ ခုတ်ပိုင်းလိုက်၏။

ပင်းကျင်းရု သူမ၏ လျှို့ဝှက် ဝိညာဉ်ကို အသည်းအသန်ပင် လောင်ကြွမ်းဖို့ ကြိုးပမ်းလိုက်၏။ အကယ်၍ သေချာ ရေရာသည့် စွမ်းအင် တစ်ခုကို မစုစည်းနိုင်ပါက သူမ၏ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားတော့မည်မှန်း သူမ ခန့်မှန်းမိပေသည်။ အာရုံများ ပြန့်ကျဲနေသည့်တိုင် လျှို့ဝှက် ဝိညာဉ်ကို လောင်ကြွမ်း ပစ်ရသည်က အလွန်ပင် လွယ်ကူပေသည်။ ထိုကဲ့သို့ ပြုလုပ်ရန် အတွေးတစ်ချက်သာ လိုအပ်၏။

သို့သော်လည်း... ကံဆိုးစွာပင် ဓားက ပခုံးကို ဖြတ်ပိုင်းလိုက်သောအ ခိုက်၌ အလွန်အမင်း ဖိနှိပ်နိုင်သည့် စွမ်းအား တစ်ခုမှာ သူမ၏ ခန္ဓာကိုယ် အတွင်း ကျူးကျော်လာခဲ့လေသည်။

“ဒါက...”

ပင်းကျင်းရု တစ်ယောက် ထိုမျှ မိစ္ဆာဆန်သည့် စွမ်းအင်မျိုးကို တစ်ခါမှ မခံစားခဲ့ဖူးချေ။ ထိုအခိုက်အတန့်တွင်ပင် သူမ ဘဝ တစ်လျှောက်လုံး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော ကြောက်ရွံ့စိတ်ကို ခံစားလိုက်ရ၏။ ဓားက သူမ၏ ခန္ဓာကိုယ်ကို ထောင်လိုက် ဖြတ်ပိုင်း ဝင်ရောက်သွားကာ လမ်းကြောင်း တစ်လျှောက်ရှိ အရာအားလုံးကို ပျက်စီး သွားစေခဲ့သည်။ ပင်းကျင်းရု၏ ထျန်းတျန်မှာ ပင်းကျားလွင်၏ ပန်းတိုင် ဖြစ်ပေသည်။ တစ်ချက် လှုပ်ယမ်းလိုက်ရုံဖြင့်ပင် သူမ၏ လျှို့ဝှက် ဝိညာဉ်နှင့် လျှို့ဝှက် အမတေတို့မှာ စုတ်ပြဲ သွား၏။

ဘုန်း...

ချက်ချင်းပင် ပင်းကျင်းရု၏ ခန္ဓာကိုယ်မှာ အသွေးအသား၊ အပိုင်းအစများ အဖြစ် ပေါက်ကွဲ သွားခဲ့တော့သည်။ ထိုအခိုက်အတန့်တွင်ပင် ကြမ်းတမ်း ရက်စက်သည့် သေခြင်းတရားက တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို သူမ ခံစားလိုက်ရ၏။ ၎င်းက သူမ ဘဝ တစ်လျှောက် တစ်ခါမှ မစဉ်းစားခဲ့ဖူးသည့် ကံကြမ္မာမျိုးပင် ဖြစ်လေသည်။

ပင်းကျင်းရု၏ စိတ်အတွင်း အဆုံးမဲ့သော မေးခွန်းများမှာ မွေးဖွားလာခဲ့၏။ ပင်းကျားလွင်က အဘယ်ကြောင့် ညီမလေးအား သတ်ဖြတ်ခဲ့သနည်း။ အဘယ်ကြောင့် သူမအား သတ်ဖြတ်ခဲ့ရသနည်း။ သူတို့က အဘယ်ကြောင့် သေခြင်းတရားနှင့် ထိုက်တန်ခဲ့ရသနည်း။

ဘုန်း...

အတားအဆီး ကင်းမဲ့သွားသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက် ကြယ်တာရာ အဆင့်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုမှာ ဆက်လက် ကြီးထွားလာ၏။ ၎င်းက ကမ္ဘာပျက်သုဉ်းနိုင်သည့် အရှိန်အဟုန်မျိုးနှင့် ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့သည်။ ၎င်းမှာ သာမန် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုထက် အဆပေါင်း များစွာ ပိုမို ပြင်းထန်ကာ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည် ဖြစ်သည်။

စက္ကန့်ပိုင်း အတွင်းမှာပင် လှပလှသော ဂြိုဟ်တစ်ခုလုံးမှာ အပျက်အစီး အခြေအနေ တစ်ခု အတွင်း ကျရောက် သွားခဲ့ရပြီ ဖြစ်သည်။ ဂြိုဟ်၏ တစ်ဝက်ခန့်မှာ ဖျက်ဆီးခံလိုက်ရကာ အခြား တစ်ဝက်ကတော့ ပင်းဟန်ကျူး၏ ရေခဲ အခြေပြု စွမ်းအား အောက်တွင် အေးခဲ သွားခဲ့လေ၏။

...

နောက်ကြောင်းပြန်ရစ်ခြင်း...

ပင်းထျန်း ရောက်ရှိ မလာခင် စုစုပေါင်း ငါးဆယ့် ခုနစ်စက္ကန့် အလိုခန့်က ဖြစ်သည်။ ရေခဲကျောက်စိမ်းဂြိုဟ်မှာ သာမန်နေ့တစ်နေ့လိုပင် ငြိမ်းချမ်း သာယာ နေခဲ့၏။

ပင်းကွန်းမြို့...

ပင်းကွန်းမြို့မှာ ရေခဲ‌ကျောက်စိမ်းဂြိုဟ်ထက်ရှိ လူဦးရေ အများဆုံးနှင့် အချမ်းသာ အကြွယ်ဝဆုံး မြို့ကြီးများထဲမှ တစ်ခုဖြစ်သည်။ ၎င်းမှာ ထုံးစံအတိုင်းပင် ရောင်းဝယ် ဖောက်ကားမှုများ၊ ဧည့်သည် ခရီးသွားများ၊ ကျင့်ကြံသူများနှင့် စည်ကား ပြည့်နှက် နေခဲ့သည်။ ပင်းကွန်းမြို့ရှိ ပင်းကလန်၏ တရားဝင် သံရုံး တစ်ခု အတွင်းတွင် ပုံရိပ် နှစ်ခုမှာ ညင်သာစွာ ထိုင်နေခဲ့၏။ လောလောလတ်လတ် ခပ်ထားသည့် ရေနွေးကြမ်း၏ ချိုမြိန်သည့် ရနံ့က အခန်း တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ဝေ့ဝူယင်မှာ ပြတင်းပေါက် နံဘေးတွင် ထိုင်ကာ လက်က်ရည်ကို အရသာခံ စုပ်ယူ သောက်သုံးရင်း အပြင်ဘက်သို့ ငေးကြည့် နေခဲ့သည်။

“မေမေ... မေမေ... သားဒါလေး ယူလို့ ရမလား... သား ဒါလေး ယူချင်တယ်”

ခြောက်နှစ် ခုနစ်နှစ် အရွယ်လောက် ရှိမည့် ကောင်လေးတစ်ယောက်မှာ မိခင်ဖြစ်သူ၏ လက်ကို ဆွဲရင်း အဆက်မပြတ် ဂျီကျ နေခဲ့သည်။ မိခင်ဖြစ်သူ၏ မျက်နှာက ပင်ပန်း နွမ်းနယ်မှုများနှင့် ပြည့်နှက် နေ၏။ သူမ၏ ကျင့်ကြံခြင်း အခြေခံက မဆိုးသော်လည်း ပိုက်ဆံအိတ်ကတော့ အလားတူ အခြေအနေမျိုး မရှိပါချေ။

သူမက သားဖြစ်သူ ဂျီကျနေသည့် ဆိုင်တန်းကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့မှာ ကျင့်ကြံခြင်း အခြေခံနှင့် ခန္ဓာကိုယ် အတွက် အလွန် အထောက်အကူ ပြုနိုင်သည့် ရှားပါးသော သစ်ဥသစ်ဖုများ ဖြစ်ကြပေသည်။ ကောင်လေးမှာ မီးတောက်များ တောက်လောင်နေသည့် ပန်းသီးနှင့် ဆင်တူသော အသီး တစ်ခုကို လက်ညိုးထိုးပြနေခြင်း ဖြစ်သည်။ ၎င်းမှာ ခင်းကျင်းထားသည့် သစ်ဥသစ်ဖုများထဲ၌ စျေးအကြီးဆုံး တစ်ခု ဖြစ်ပေသည်။

ကူရာကယ်ရာမဲ့ပင် သူမမှာ သိုလှောင် လက်စွပ်ကို ထိတွေ့ကာ ငွေပေးချေလိုက်၏။ ထို့နောက် သူမက အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း မျက်ဝန်းများ အတွင်းမှ နာကျင်မှုကို ဖုံးကွယ် လိုက်သည်။

“သေချာလေး စားရမယ်နော်... ဟုတ်ပြီလား...”

သားဖြစ်သူ ပျော်နေသည်ကို ကြည့်ရင်း သူမ၏ နာကျင်မှုများနှင့် နှမြောမှုများက လွင့်စဉ် သွားသည်။ ယခုလတွင် အလုပ် ပိုမို၍ ကြိုးစားရတော့မည်ဟု သူမ ဆုံးဖြတ်လိုက်၏။

“ဒီအထဲမှာ ရှောင်ပင်းလို့ ခေါ်တဲ့ ကလေးမရဲ့ ဆယ့်ငါးနှစ်တာ ကာလ အတွင်း အချက်အလက်တွေ အကုန် ရှိပါတယ်... ပင်းကလန်ရဲ့ ထိပ်သီး ကျင့်ကြံသူတွေ၊ ရွေးချယ်ခံတွေနဲ့ ခေါင်းဆောင်ရဲ့ အချက်အလက်တွေကိုပါ ကျွန်မ ထည့်သွင်းထားပါတယ်... မိတ်ဆွေ ပေးထားတဲ့ အချိန်တိုလေး အတွင်း ကျွန်မ အစွမ်းကုန် ကြိုးစားပေးထားပါတယ်... တစ်ခုခု လိုအပ်တာ ရှိမယ် ဆိုရင်တော့ ခွင့်လွှတ်ပေးပါ”

အသက်လတ် မိန်းမကြီး တစ်‌ယောက်က စားပွဲ‌ပေါ်ကို ဝိညာဉ် ကျောက်စိမ်း တစ်ခု တင်လိုက်ရင်း ညင်သာစွာ ပြောလိုက်သည်။ သူမ၏ မျက်လုံးများကတော့ အရှေ့ရှိ ပုဂ္ဂိုလ်ကိုသာ စူးရဲစွာ စိုက်ကြည့် နေခဲ့၏။ ထိုပုဂ္ဂိုလ်မှာ မျက်နှာကို ဝိညာဉ် အလင်း တစ်ခုဖြင့် ဖုံးကွယ်ထားသည့်တိုင် အာဏာရှင် အဖွဲ့ဝင် တစ်ယောက် ဖြစ်ကြောင်း သူမ သိပေသည်။ သူတို့က ဝေ့ဝူယင်ကို အမှုထမ်းကြ၏။

ထို့အပြင် အာဏာရှင် အဖွဲ့ဝင်များမှာ သူတို့ လိုချင်သည့် အရာများကို ရက်ရောစွာ ပေးဝယ်တတ်ကြခြင်းဖြင့်လည်း ကျော်ကြားသည်။ လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း၌ ထိုပုဂ္ဂိုလ်မှာ သူမကို ဆက်သွယ်လာကာ ရှောင်ပင်း ဆိုသည့် မိန်းကလေးနှင့် ပတ်သက်နေသည့် အချက်အလက်များကို စုစည်းပေးဖို့ အလုပ်အပ်ခဲ့သည်။ သူ့ဘက်မှ ကမ်းလှမ်းမှုက မယုံကြည်နိုင်စရာ ဖြစ်သည်။ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် အနေဖြင့် ထိုအခွင့်အရေးကို သူမ မည်ကဲ့သို့ ငြင်းဆန်ဝံ့မည်နည်း။

ဝေ့ဝူယင်က လက်ဘက်ရည်ကို နောက်တစ်ကြိမ် စုပ်ယူကာ သောက်သုံးရင်း ဝိညာဉ် ကျောက်စိမ်းကို လက်ခံလိုက်၏။ အချက်အလက်များကို စစ်ဆေးလိုက်ပြီနောက် သူ ကျေနပ် သွားခဲ့သည်။ သတင်း ရောင်းဝယ်သည့် အဖွဲ့အစည်းများမှာ အလွန်ပင် ကြောက်စရာ ကောင်းလှကာ အရိပ်တိုင်း၌ သူတို့၏ လူများ ရှိနေသည့်ပုံ ရသည်။ ရွှေရောင်ဂိတ်တံခါး နန်းတော်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း အကျော်ကြားဆုံးသော သတင်း အချက်အလက် ရောင်းချရာ ဌာန ဖြစ်ကာ အင်အားနှင့် အဆင့်အတန်း အရ သူတို့ကို မည်သူမှ မစော်ကားဝံ့ကြပါချေ။

သူ့ရှေ့ရှိ အမျိုးသမီးမှာလည်း ကောင်းကင် ပုရောဟိတ် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း... သူမမှာ ရွှေရောင် ဂိတ်တံခါး နန်းတော်၏ ပယ်ချခံခဲ့ရကာ ရေခဲကျောက်စိမ်းဂြိုဟ်ထက်တွင် သတင်း အချက်အလက် ရောင်းဝယ်ရေး အဖွဲ့အစည်း တစ်ခု တည်ထောင်ပြီး အသက်မွေးနေခြင်း ဖြစ်သည်။

ကျောက်စိမ်း အတွင်း ပါဝင်နေသည့် အချက်အလက်များကို ဝေ့ဝူယင် အတော်လေး ကျေနပ်မိပေသည်။ ရှောင်ပင်း၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အရာများ အပါအဝင် အခြေအနေ အကြောင်း အသေးစိတ်ကို နားမလည်ပဲ လှုပ်ရှားရတာကို သူ လုံးဝ မကြိုက်ချေ။ သို့သော်လည်း... ရှောင်ပင်း၏ အကာအကွယ် အစီအရင်ကိုတော့ သူ အစဉ်အမြဲ စောင့်ကြည့် နေခဲ့ပေသည်။

“ကောင်းပြီလေ...”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ၎င်းက အသက်လတ် မိန်းမကြီးကို ကျေနပ်သွားစေခဲ့သည်။ သူမ၏ မျက်ဝန်းများ အတွင်း၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ ဝေ့ဝူယင်က သိုလှောင် လက်စွပ် တစ်ကွင်းကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် သူက ထိုင်ရာမှ ထရပ်လိုက်၏။

“ဒီအထဲမှာ ခင်ဗျား လျှို့ဝှက် ဝိညာဉ် အဆင့်ကို ရောက်နိုင်တဲ့ အခွင့်အရေး တစ်ခု ပါတယ်... ခင်ဗျား လိုချင်ရင် ယူနိုင်တယ်... တစ်ခုခု လိုအပ်ရင် ထပ်ပြီး ဆက်သွယ်လိုက်မယ်”

ဝေ့ဝူယင်မှာ ထွက်လာခဲ့၏။ အသက်လတ် မိန်းမကြီးမှာ သိုလှောင် လက်စွပ်ကို စိတ်ဝင်တစား ကြည့်ကာ လက်ဖြင့် ထိတွေ့လိုက်သည်။ ဝိညာဉ်အာရုံက အတွင်းကို စိမ့်ဝင်သွားကာ စစ်ဆေး ကြည့်လိုက်၏။ မကြာခင်မှာပင် သူမ၏ မျက်လုံးများမှာ ပြူးကျယ်လာခဲ့၏။

သိုလှောင်လက်စွပ်၏ အလယ်ဗဟို၌ အရိပ် ရည်ရွယ်ချက်ဖြင့် ဖန်တီးထားသည့် ငွေရောင်ကဒ် တစ်ကဒ် ရှိနေပေသည်။

“အရိပ်မျက်လုံး...”

သူမ၏ နှလုံးသားက တုန်ခါလာကာ တံခါးဝထံ လှမ်းကြည့်လိုက်၏။ ထိုအခါ မျက်နှာကို ကာထားသည့် လူငယ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဝိညာဉ်အာရုံကို မိုင်ပေါင်းများစွာ ဖြန့်ကျက် လိုက်သည့်တိုင် သူမ သူ့ကို ရှာမတွေ့တော့ချေ။ စက္ကန့်နှင့် အမျှ မိန်းမကြီး၏ အသက်ရှူသံများမှာ ပိုမို၍ လေးပင် လာခဲ့လေ၏။

***

All Chapters