← Chapters

အမဲလိုက်ခြင်း

Vol. 93 Ch. 1297

အမဲလိုက်ခြင်း

Vol. 93 Ch. 1297

အရိပ် မျက်လုံး...

၎င်းကား ကောလဟလ တစ်ခု ဖြစ်ကာ အတည်မပြုနိုင်သည့် တည်ရှိမှု တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း သတင်း အချက်အလက် နယ်ပယ်တွင် ကျင်လည်နေကြသူ အချို့ကတော့ သူ၏ တည်ရှိမှုကို သတိပြုမိကြ ပေသည်။ တစ်ချို့က သူ့ကို မဟာ စက်ဝန်းကြယ်ကွင်းပြင် အနှံ့ ဖြန့်ကျက်နေသည့် သူလျှို ကွန်ယက် တစ်ခု အဖြစ် ဖော်ပြကြသည်။ ကံမကောင်းစွာပင် မည်သူမှ သူ့ တည်ရှိမှုကို အတည်မပြုနိုင်ခဲ့ချေ။

အဘယ်ကြောင့်နည်း။ မည်သူမှ မသိကြသောကြောင့်ပင်။ ၎င်းက သရဲ တစ္ဆေ တစ်ကောင်လို ဖြစ်တည်မှုမျိုး ဖြစ်သည်။ လူတိုင်း သူ့နာမည်ကို သိကြသည့်တိုင် သူ မည်သည့် နေရာ၌ ရှိသည်၊ သူက မည်ကဲ့သို့ ဖြစ်သည်၊ သူက အဘယ်ကြောင့် တည်ရှိနေရသည်ကိုတော့ မည်သူမှ မသိကြချေ။

ဆယ်စက္ကန့်မျှ ကြာမြင့်ပြီးနောက် သူက ဖြူရော်စွာ ပြုံးလိုက်ရင်း လက်စွပ် အတွင်းရှိ အခြား ပစ္စည်းများကို စူးစမ်း လိုက်လေသည်။ ထိုအခါ နေကြယ်များနှင့် ဆင်တူသည့် ရွှေရောင် ဆေးလုံး သုံးလုံးကို သူမ မြင်တွေ့ လိုက်ရလေ၏။ ၎င်းတို့မှာ အကြည်ရောင် ပုလင်းများ အတွင်း လွင့်မြော နေကြကာ ပုံမဖော် နိုင်လောက်အောင် များပြားသည့် အသက်အင်အားများကို ထုတ်ဖော် နေကြသည်။

အဆင့်ကိုး အသက်ဓာတ် ဖြည့်တင်းခြင်း ဆေးလုံး...

ထိုဆေးလုံးများ၏ အာနိသင်မှာ ရိုးရှင်းလှ၏။ အသက် အင်အားကို နှစ်ပေါင်း သုံးရာစီ ပြန်လည် ဖြည့်တင်း ပေးနိုင်ခြင်း ဖြစ်သည်။ ထိုဆေးလုံးများ၏ အကူအညီနှင့် အတူ သူမ ဒုတိယမြောက် ခြေချခြင်းကို နောက်တစ်ကြိမ် ပြန်လည် စိန်‌ခေါ်နိုင်လိမ့်မည် ဖြစ်သည်။

အမျိုးသမီးက ကဒ်ကို ပြန်လည် ကြည့်လိုက်၏။ ပူပြင်းသည့် ဆန္ဒ တစ်စုံက သူမ နှလုံးသား အတွင်း တောက်လောင်လာသည်။ အကယ်၍ ကောလဟလများသာ မှန်ကန်ပါက ထိုအရာမှာ ကျိန်စာ တစ်မျိုးမျိုး ဖြစ်ပေလိမ့်မည်။ သူမ ကဒ်ထက်၌ ရေးထားသည့် စာကို ဖတ်လိုက်၏။

“အရိပ်ထဲကို ဝင်ဖို့ အကြောက်အလန့် မရှိရင် ဒီအစီအရင်ကို အသက်သွင်းပါ...

စကးလုံးများမှာ ရုတ်တရက် လှုပ်ရှားလာကာ ဝင်္ကပါ တစ်ခု အသွင် ပြောင်းလဲ သွား၏။ သူမ၏ စိတ်မှာ အစီအရင်၏ ဝေးကွာသော မှတ်ဉာဏ် တစ်ခုနှင့် ချိတ်ဆက်သွားသလို ခံစားလိုက်ရသည်။ နောက်တစ်ကြိမ် ပြန်လည် ကြည့်လိုက်သော အခိုက်၌ အစီအရင်က ပျောက်ကွယ်သွားသည်ကို သူမ တွေ့လိုက်ရ၏။ ကဒ်ထက်ရှိ ငွေရောင်အဆင်းမှာလည်း မီးခိုးရောင် အဖြစ် ပြန်လည် ပြောင်းလဲ သွားခဲ့သည်။ ၎င်း၏ မှုန်ဝါးဝါး မျက်နှာပြင်ထက်တွင် “ငွေပေးချေမှု” ဆိုသည့် စကားလုံး တစ်ခုသာ ကျန်ရစ်ခဲ့၏။

အမျိုးသမီး၏ အမူအရာက ပြောင်းလဲသွား၏။ သူမ ကဒ်ကို နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးဖို့ ကြိုးပမ်းလိုက်သော်လည်း ဘာမှ ထူးခြား မလာခဲ့ချေ။ ထိုအရာများက စိတ်ကူးယဉ် ပုံရိပ် သက်သက်လော။ သူမ ပြန်လည် ဆန်းစစ်ဖို့ ကြိုးပမ်းလိုက်၏။ တဒင်္ဂ အတွင်းမှာပင် ထိုအရာ အားလုံးက အစစ်အမှန် ဖြစ်ကြောင်း သူမ သဘောပေါက် သွားခဲ့သည်။ သူမ အစီအရင်ကို ရှင်းလင်းစွာ မှတ်မိနေပေသည်။

အမျိုးသမီး တွန့်ဆုတ် သွားခဲ့၏။ ၎င်းကို အသက်သွင်းသင့်သလော။ အတွေးများက သံသယဖြင့် ရစ်သိုင်းလာချိန်တွင်ပင် သူမ စိတ်အတွင်းရှိ မှတ်ဉာဏ်မှာ စတင် မှိန်ဖျော့လာခဲ့၏။ အရေးပေါ် စိတ်ခံစားချက် တစ်ခုကို သူမ ရရှိလိုက်သည်။ အကယ်၍ ထိုအစီအရင်အား ယခု အသက်မသွင်းလိုက်ပါက ထိုအခွင့်အရေးကို သူမ လွဲချော် သွားရတော့မည် ဖြစ်သည်။

သူမ များစွာ စဉ်းစား မနေတော့ချ။ မှတ်ဉာဏ်အတိုင်း လက်ဟန် ချိပ်စည်းများကို ဖော်ထုတ်ကာ အစီအရင်ကို အသက်သွင်း လိုက်၏။

ဝှစ်...

ဝိညာဉ် အလင်း တစ်ခု ဖြစ်ပေါ်လာကာ သူမ၏ နဖူးအတွင်း တိုးဝင်သွားသည်။ အမျိုးသမီး၏ မျက်လုံးများက တဒင်္ဂမျှ ဗလာဟင်းလင်း ဖြစ်သွားခဲ့၏။ တစ်ခဏ ကြာမြင့်ပြီးနောက် သူမ အသိစိတ်နှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကို ပြန်လည်၍ ရရှိလာသည်။ အမျိုးသမီး၏ မျက်လုံးများက ချက်ချင်းပင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် သွားခဲ့၏။ သူမ ထကာ အော်ဟစ်ချင်နေသော်လည်း ဘေးတွင် လူများ ရှိနေလေရာ ကိုယ့်ကိုယ်ကို ထိန်းချုပ် ထားလိုက်ရသည်။

အမျိုးသမီးက ပြတင်းပေါက် အပြင်ဘက်ရှိ မိုးကုပ်စက်ဝိုင်းကု လှမ်းကြည့်လိက်၏။ အဆုံးမဲ့ ကြယ်တာရာ အလင်းများမှ လှပစွာပင် ကွန့်မြူးနေကြပေသည်။ ထိုအခိုက်၌ အဆုံးမဲ့ ကြယ်တာရာ နယ်မြေမှာ ယခုလောက် တစ်ကြိမ်တစ်ခါမှ မလှပခဲ့ဖူးသလို သူမ ခံစားလိုက်ရလေသည်။

“လျန်ကျဲ... ဒီနေ့က နင့်ဘဝရဲ့ အကောင်းဆုံးနေ့ပဲ”

ကောင်းကင်၌ ထွန်းလင်းနေသည့် အကြီးမားဆုံး နေကြယ်ကို ကြည့်ရင်း သူမ တောက်စွာ ပြုံးပြလိုက်လေ၏။

ဘုန်း...

ငါးဆယ့် ခုနစ် စက္ကန့် ကုန်လွန်သွား၏။ ထို့နောက်... ပေါက်ကွဲ ထွက်ပေါ်လာသည့် ရေခဲစွမ်းအား၏ အောက်တွင် ပြုံးရွှင်နေသည့် လျန်ကျဲ၏ ခန္ဓာကိုယ်မှာ တစ်စုံတစ်ရာ တု့န်ပြန်ရန် အချိန်မရခင်မှာပင် အေးခဲ ရပ်တန့်သွားခဲ့သည်။

...

ပင်းကျားလွင်က အမှောင် ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်၏။ လျှို့ဝှက် စွမ်းအင် အလင်းတန်း တစ်ခုမှာ ကောင်းကင်အလွှာများကို ဖြတ်သန်းကာ ပျံသန်းလာနေသည်ကို သူ တွေ့လိုက်ရသည်။ စောစောက မိန်းကလေး နှစ်ယောက်ကို ပြန်လည် တွေးတောလိုက်ရင်း သူ၏ မျက်လုံးများက တောက်ပသွား၏။

အထူးသဖြင့် ရှောင်ပင်းပင်။ သူမက ထာဝရ ရေခဲ အမတေ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ အကယ်၍ ကောင်းစွာ ပြုစုပျိုးထောင်မည် ဆိုပါက သူမမှာ သူ့ အတွက် ထာဝရ ယင်မီးဖို ဖြစ်လာနိုင်ပေသည်။ ထို့အပြင်... မိန်းကလေးမှာ ထာဝရ အပျိုစင် ခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားပေသည်။ ဆိုလိုသည်က သူမမှာ မူလယင်ကို ဘဝ တစ်လျှောက်လုံး သေဆုံးချိန် အထိ ထိန်းသိမ်းထားနိုင်စွမ်း ရှိပေသည်။ အလွန် ကြမ်းတမ်း ခက်ထန်စွာ စုပ်ယူခြင်း မပြုသရွေ့ သူမ၏ မူလယင်က အချိန်တစ်ခုအတွင်း ပြန်လည် ပြည့်ဖြိုး လာလိမ့်မည် ဖြစ်သည်။

၎င်းက အဖိုးမဖြတ်နိုင်ပါချေ။

“ယွင်ချွဲ... မင်း ဒီအခွင့်အရေးကို လွတ်လို့ မဖြစ်ဘူး...”

အခြား ကောင်းကင် လောက အမြုတေ နှစ်ခု တည်ရှိနေသည့် နေရာကို ပြောပြနိုင်သည့် ပင်းထျန်း၏ ဝိညာဉ်ကို သူ ဆုပ်ကိုင်နိုင်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်လေရာ... သူ၏ ရည်ရွယ်ချက်က အောင်မြင်ခဲ့ပြီဟု ဆိုနိုင်ပေသည်။ ဤသည်က ဆုတ်ခွာရမည့် အချိန် ဖြစ်သည်။

သို့သော်လည်း... မူလ အစီအစဉ်ကို အနည်းငယ် ‌ပြောင်းလဲဖို့ သူ ဆုံးဖြတ်လိုက်၏။ သူ့အနေဖြင့် ပိုမို မြန်ဆန်စွာ လှုပ်ရှားရလိမ့်မည် ဖြစ်သည်။

စိတ်ပိုင်းဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် ပင်းကျားလွင်က ဧရာမ ဓားကြီးကို ပခုံးထက်၌ ထမ်းလိုက်၏။ ထို့နောက် လေထုကို ဖနှောင့်ဖြင့် ပေါက်လိုက်သည်။ အလွန်ပြင်းထန်သည့် အရှိန်အဟုန်နှင့် အတူ သူ ပင်းထျန်းနှင့် ပင်းလီယတို့ နောက်ကို လိုက်ချေပြီ ဖြစ်လေတော့သည်။

...

မြို့တော်ထက်၌...

ဝေ့ဝူယင်၏ မျက်လုံးများက သုန်မှုန်နေကာ ဂြိုဟ်တစ်ခုလုံး ပြင်းထန်စွာ ပျက်စီးနေသည့် မြင်ကွင်းကို ကြည့်နေခဲ့သည်။ သူ ခြေရာခံ အစီအရင် အပေါ်ကို အာရုံစိုက် လိုက်၏။ ထိုအခါ... ရှောင်ပင်းမှာ အလွန် မြင့်မားသည့် အမြန်နှုန်ဖြင့် ရွေ့လျား နေကြောင်း သူ သဘောပေါက် လိုက်သည်။ တစ်ချိန်တည်း၌ ဝူယု၏ အကာအကွယ် အစီအရင်က အသက်ဝင်ခဲ့ပြီး ဖြစ်ကြောင်း သူ သိရှိလိုက်သည်။

ဝေ့ဝူယင် ကောင်းကင် အလွှာအောက်မှ မြို့တော်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ချီပျစ်ခဲခြင်း အဆင့်နှင့်အောက် ကျင့်ကြံသူ အားလုံးမှာ သေဆုံးကုန်ကြပြီ ဖြစ်သည်။ တဒင်္ဂ အတွင်းမှာပင် ရေခဲ စွမ်းအားမှာ သူတို့၏ အသက်အင်အားများကို အေးခဲ ပစ်ခဲ့သည်။ လျှို့ဝှက် ကြယ်တာရာ အဆင့် သတင်းပေး အမျိုးသမီး ကဲ့သို့ ပိုမို သန့်စင်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လူများသာ အချိန် အနည်းငယ်ကြာ တောင့်ခံနိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော်... သူမ၏ အသက်စွမ်းအင်သည်လည်း မကြာမီတွင် ရက်စက် ကြမ်းကြုပ်သည့် ရေခဲစွမ်းအင်၏ သုတ်သင် ရှင်းလင်းမှုကို ခံရတော့မည် ဖြစ်သည်။

"...”

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ရေခဲကျောက်စိမ်းဂြိုဟ်ထက်တွင် အကာအကွယ် အစီအရင် များစွာ ရှိသော်လည်း ဤသည်က မည်သူမှ မျှော်လင့်မထားသည့် ဖြစ်ရပ် တစ်ခု ဖြစ်သည်။ လျှို့ဝှက် ဝိညာဉ် အဆင့်များပင် ခုခံ ကာကွယ်နိုင်စွမ်း မရှိခဲ့ပါချေ။

“ဒီစွမ်းအင်က တိမ်ပြာရဲ့ တိုက်ခိုက်မှုနဲ့တောင် နှိုင်းယှဉ်နိုင်တယ်... နောက်ပြီး သန့်စင်တဲ့ လျှို့ဝှက် စွမ်းအင်ကိုလည်း ထိန်းသိမ်းထားတယ်... လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက် ကိုယ့်ကိုယ်ကို ဖောက်ခွဲ တိုက်ခိုက်မှုလား... မဟုတ်နိုင်ဘူး... သင်္ကေတ အကြွင်းအကျန်တွေ မတွေ့ရဘူး... လျှို့ဝှက် ကြယ်တာရာ အဆင့်လား... ဒါပေမဲ့ အင်အားကြီးလွန်းနေတယ်”

ဝေ့ဝူယင် အခြေအနေကို သုံးငပ် နေခဲ့၏။ သူ ရှောင်ပင်းထံ အလောတကြီး သွားရှာခြင်း မပြုခဲ့ချေ။ ရှောင်ပင်းမှာ သေမျိုး တစ်ယောက်သာ ဖြစ်သည်။ အကယ်၍ သူမ သေဆုံးသွားလျှင်ပင် ပြန်လည် အသက်သွင်းနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိပေသည်။

“နေဦး...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ အပ်ပေါက်များ ကဲ့သို့ ကျဉ်းမြောင်း သွားခဲ့၏။ ကောင်းကင်တာအိုကပင် ပုံမှန် မဟုတ်စွာ သတိပေးခဲ့လေရာ ရှောင်ပင်းအတွက် အန္တရာယ်က ပြင်းထန်သည့် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နိုင်သည်။ ပြန်လည် ပြောင်းလဲရန် အလွန်ပင် ခက်ခဲနိုင်သည်။ ထိုအရာက ဆက်စပ်မှု စစ်အလံနှင့် ဆင်တူသည့် တစ်စုံတစ်ခုလော... ဥပဒေသ စွမ်းအားလော။

ဝှစ်...

သတိထားရမည့် အချိန် ရှိသလို လုပ်ဆောင်ရမည့် အချိန်လည်း ရှိပေသည်။ အကယ်၍ သူ ဆက်လက် စောင့်နေလျှင် တစ်ဘဝလုံး နောင်တရသွားရပေလိမ့်မည်။ ဝေ့ဝူယင် ချက်ချင်းပင် အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများကို ဖန်တီးကာ မျက်နှာဖုံး တစ်ခုကို တပ်ဆင်လိုက်၏။ ထို့နောက် ရှောင်ပင်းထံ အရှိန်အဟုန် မြှင့်ကာ ပျံသန်း သွားခဲ့တော့သည်။

...

ဝူယု၏ အကာအကွယ် အစီအရင် အောက်တွင် ရှောင်ပင်းမှာ ပင်းလီယကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့၏။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သော အခိုက်၌ မိုင်ထောင်ပေါင်းများစွာ အကွာတွင် အဆုံးမဲ့‌ အပျက်အစီးများနှင့် ပြည့်နှက်နေသည့် ရေခဲ‌ကျောက်စိမ်းဂြိုဟ်ကို သူမ မြင်တွေ့ လိုက်ရသည်။ ရှောင်ပင်း၏ နှလုံးသားက ပြင်းထန်စွာပင် တုန်လှုပ်သွားခဲ့၏။ မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သနည်း။

သို့သော်လည်း... လက်ဖဝါးဆီမှ တောက်ပနေသည့် သင်္ကေတကို ကြည့်ရင်း သူမ၏ စိတ်ခံစားချက်များက ပြန်လည်၍ တည်ငြိမ် လာခဲ့၏။ ထိုသင်္ကေတမှာ ဝေ့ဝူယင် သူမကို မေ့လိမ့်မည် မဟုတ်ကြောင်း ထင်ရှားစွာ သက်သေခံနေသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်မိ၏။

ဝှစ်... ဝှစ်...

ထိုအခိုက်တွင်ပင် သူမတို့ အနားရှိ အာကာသလှိုင်းများမှာ တွန့်လိမ်လာကာ လူသတ်ချင်စိတ် ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် ချဉ်းကပ်လာသည့် ပုံရိပ် တစ်ခုကို တွေ့လိုက်ရလေ၏။

“ပင်းကျားလွင်...”

ရှောင်ပင်း၏ နှလုံးသားမှာ ကြောက်ရွံ့ ထိတ်လန့်မှုများ အတွင်း နစ်မြုပ် သွားခဲ့လေ၏။

...

“သေကြပြီလား...”

ပုံရိပ် တစ်ခုမှာ ပင်းကလန်၊ အစစ်အမှန် အေးခဲခြင်း နယ်မြေ အစွန်အဖျားနား၌ ပေါ်လာခဲ့၏။ သူ၏ မျက်ဝန်းများက စူးရဲစွာပင် ရေခဲ ကျောက်စိမ်းဂြိုဟ်ကို လှမ်းကြည့် နေခဲ့သည်။

“ငါ သူရဲကောင်း ဝင်လုပ်သင့်လား... အတော်လေးတော့ အရင်းအနှီး များလိမ့်မယ်... ဒါပေမဲ့ သူ့ အတွက် ဆိုတော့လည်း...”

ထိုကဲ့သို့ ဆိုပြီးနောက် ပုံရိပ်မှာ ငွေရောင် အလင်းများနှင့် ခြံရံကာ ပျောက်ကွယ်သွားခဲ့၏။ ပုံသေ ဟင်းလင်းပြင် အတွင်း၌ ပင်းကျားလွင်ထံသို့ ဦးတည်ကာ မျဉ်းတစ်ကြောင်း ဖြတ်သန်း သွားခဲ့လေသည်။

***

All Chapters