ကံကောင်းလို့ သူမ မဟုတ်ဘူးပဲ
Vol. 80 Ch. 1111
ရှီမာယူယူ စိတ်ထဲမှ သက်ပြင်းချမိသည်။ အချစ်ရေးအချစ်ရာသည် ဖြေရှင်းရန်ခက်သည်။ ပုံမှန်အချိန်များတွင် ဘာမှမခံစားရသော်လည်း ကိစ္စများ ကြုံတွေ့လာလျှင်တော့ တစ်စုံတစ်ယောက်သည် နှလုံးသားတွင်ရှိ နေလေသည်။
ထိုအကြောင်းအားစဉ်းစားမိပြီး သူမ ရှီချန်းကျိနှင့် ရှီချူးရှောင်တို့ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြားမှလည်း မည်သို့ဖြစ်နေသည်ကို သူမသိချင်နေသည်။
ရှီချူးရှောင်၏ နှလုံးသားတွင် တခြားတစ်ယောက်ရှိနေသည်။ သို့သော် ရှီချန်းကျိ သူမကိုနှစ်သက်သည်ကို ရှီချူးရှောင် မသိပေ။ အနာဂတ်တွင် သူတို့နှစ်ယောက်ကြားတွင် မည်သို့ဖြစ်မည်ကို သူမ မသိပေ။
ဝူလင်းယူ သတိမေ့နေဆဲဖြစ်သည်ကို တွေးမိသောအခါ သူမ မျက်မှောင်ကြုတ်လိုက်သည်။
သူမ ဉာဏ်အလင်းရနေစဉ်တွင် အချိန်မည်မျှကုန်ဆုံးသွားသည်ကို သူမ မသိပေ။ အချိန်မှာ မတိုလှပေ။ ဝိညာဉ်စေတီအတွင်းမှ အချိန်ကိုစဉ်းစား မိရာ သူ မည်မျှအိပ်ပျော်နေသည်ကို သူမ မသိတော့ပေ။
သူ ဒီလောက်ကြာအောင်ထိ မနိုးတာ… သူမ သူ့အခြေအနေကို စိုးရိမ် လာသည်။
“ချင်ယိ” သူမ ခေါ်လိုက်သည်။
ချင်ယိ၏ ပုံရိပ်ပေါ်ထွက်လာသည်။ ရှီချန်းကျိနှင့် ရှီချူးရှောင်တို့ကို ကြည့်လိုက်သည်။ “မင်းတို့လည်းဝင်လာမှတော့ စမ်းကြည့်ကြပေါ့”
သူလက်ဝေ့လိုက်သည်နှင့် ရှီချန်းကျိတို့နှစ်ယောက်သည် ရွှေရောင် အလင်းတန်းများလွှမ်းခြုံကာ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သစ်ပင်အကိုင်းထိပ်တွင် ဟန့်မြောင်ရွှမ်အား ငုံ့နမ်း ရန်ပြင်နေသော ကျန်းကျူးရှန့်လည်း ပျောက်ကွယ်သွားလေသည်။
ဟန့်မြောင်ရွှမ်သည် မျက်လုံးမှိတ်ကာ သူမ၏ ပထမဆုံးအနမ်းကို စောင့်မျှော်နေသည်။ ဒါပေမဲ့ ဘာဖြစ်သွားတာလဲ လူက ရုတ်တရက်ကြီး ပျောက်သွားတာလား။ (T/N – so sad for စီနီယာအစ်မ)
သူမ မျက်လုံးများဖွင့်ကြည့်ရာ ဘာမှမရှိသော အကိုင်းများကိုသာတွေ့ လေသည်။ သူမ ခေတ္တမျှ မတုန့်ပြန်နိုင်ပေ။ သို့သော် အခုဖြစ်သွားသော အဖြစ်အပျက်ကိုတွေးမိသောအခါ ရှက်ရွံ့သွားရသည်။ ကံကောင်းလို့ သူ ပျောက်သွားလို့ပေါ့ မဟုတ်ရင်.. သူမတော့…
ရှီမာယူယူသည် သစ်ပင်ထိပ်ပိုင်းသို့ပျံသွားလိုက်သည်။ “ချင်ယိ စီနီယာ အစ်ကိုဘာလို့မနိုးသေးတာလဲ သိလား အချိန်ဘယ်လောက်ကုန်သွားပြီလဲ ကျွန်မ သစ်ခေါင်းထဲမှာ ဘယ်လောက်ကြာအောင်နေခဲ့တာလဲ”
“မင်းဒီကိုလာကတည်းကဆိုရင် တစ်နှစ်ကျော်သွားပြီ” ချင်ယိ ပြန်ဖြေ လေသည်။ “မင်းသစ်ခေါင်းထဲမှာရှိနေတဲ့အချိန်နဲ့ဆိုရင် ၁၀နှစ်ကျော်လောက် ပေါ့”
“၁၀နှစ်ကျော်ဟုတ်လား” ရှီမာယူယူ အော်လိုက်သည်။ ဒါဆိုရင် ဝိညာဉ် စေတီထဲကအချိန်နဲ့တွက်ရင် ဝူလင်းယူက နှစ်တစ်ရာကျော် အိပ်ပျော်နေတာ လား။
“ဘာတွေအဲလောက်အံ့သြနေတာလဲ” ချင်ယိ ပြောလိုက်သည်။ “သစ်ခေါင်းထဲက အချိန်က ငါထိန်းချုပ်ထားတာပဲ အပြင်လောကနဲ့ မပတ်သတ်သလို မင်းခန္ဓာကိုယ်ကိုလည်း သက်ရောက်မှုမရှိဘူး မင်းက အသက်၃၀အရွယ်ပဲရှိသေးတယ်”
“အဲဒါကိုစိတ်ပူတာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ရှင် ကျွန်မ လျှို့ဝှက်ချက်ကိုသိတယ်မလား”
“နေရာထဲမှာရှိနေတဲ့သူတွေကို စိတ်ပူနေတာလား” ချင်ယိသည် သူမ အတွေးကို သိသည်။ “အဲဒါက အပြင်ကအချိန်နဲ့အတူတူပဲ ငါဖန်တီးထားတဲ့ အချိန်နဲ့ ဘာမှမဆိုင်ဘူး”
ရှီမာယူယူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သို့သော် သူမ အနည်းငယ်စိတ်ပူနေတုန်းပင်။
“အပြင်မှာ တစ်နှစ်ကျော်သွားပြီဆိုတော့အထဲမှာ ဆယ်နှစ်ကျော်ပြီပဲ စီနီယာအစ်ကိုက ဆယ်နှစ်ကျော်အိပ်ပျော်တာကို မနိုးလာသေးဘူး…”
“သူဒီကိုရောက်လာမှတော့ နှစ်တစ်ရာလောက်အိပ်လည်း မနိုးလာနိုင် ဘူး”
“ဘာလို့လဲ”
“သူက သူ့ဆီကိုပြန်လာနိုင်ပေမယ့် အဲနှစ်တွေမှာ လှည့်ပတ်သွားလာ နေတာလေ သူ့လိပ်ပြာကဒဏ်ရာရထားတာ” ချင်ယိ ရှင်းပြလေသည်။
“အဲဒါက ရှင့်နေရာနဲ့ ဘယ်လိုဆက်စပ်တာလဲ” ရှီမာယူယူ နားမလည် ပေ။
“ငါဘာလဲဆိုတာ မင်းမေ့နေတာလား”
သူက ဘာလဲ အသက်သစ်ပင်လေ…
“ငါ အသက်သစ်ပင်ဖြစ်လာမှတော့ သေချာပေါက်ရှင်သန်ခြင်းဆိုတာ ရှိတာပဲ သူ့အတွက် ငါ့ရဲ့ရောင်ဝါက ဆေးလည်းဖြစ်နိုင်သလို ဖိနှိပ်မှုလည်း ဖြစ်နိုင်တယ်” ချင်ယိ ဆက်ပြောလေသည်။
ရှီမာယူယူ အနည်းငယ်သဘောပေါက်သည်။ “ဒါဆိုရင် သူ ဒီလိုဆက် အိပ်နေရင် ဘယ်လိုသက်ရောက်မှုရှိလာမလဲ”
“သူ့လိပ်ပြာကို ပြန်ကောင်းဖို့အတွက် ကူညီတာရောထည့်တွက်လား” ချင်ယိ ပြောလိုက်သည်။ “တကယ်တော့ သူက ကံကောင်းတယ် သူ့နေရာမှာ မင်းသာဆိုရင် ဘယ်တော့မှပြန်နိုးမလာမှာကိုစိုးရတယ်”
“ဘာလို့လဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
သူမသည် ဝူလင်းယူနှင့် ပတ်သတ်ပြီးနားမလည်သော်လည်း ရှီမာယူယူ နှင့်ဆက်နွယ်မှုရှိနေသဖြင့် ရုတ်တရက် ပူပန်လာသည်။
ရှီမာယူယူသည် အကြောင်းအရင်းကိုသိသည်။
“ဘာလို့လဲဆိုတော့ ကျွန်မရဲ့တစ်ဝက်က တစ္ဆေမျိုးနွယ်ဖြစ်နေလို့လား”
“ဟုတ်တယ်” ချင်ယိ အတည်ပြုလေသည်။
“တစ္ဆေမျိုးနွယ်ဟုတ်လား အဲဒါမင်းနဲ့ဘာပတ်သတ်တာလဲ”
“တစ္ဆေမျိုးနွယ်ဝင်တွေက အမှောင်ဝိညာဉ်စွမ်းအားနဲ့ သေဆုံးမှုစွမ်းအင် တွေကို အဓိကစုပ်ယူပြီးတော့ ရှင်သန်မှုကိုဆန့်ကျင်နေကြတာ” ရှီမာယူယူ ရှင်းပြလေသည် “ကျွန်မသာ သတိမေ့သွားတယ်ဆိုရင် သူ့ရဲ့ရှင်သန်မှု စွမ်းအားကို မခံနိုင်ဘဲ အနိုင်ရဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး”
“ကံကောင်းလို့ မင်းခန္ဓာကိုယ်က တစ္ဆေမျိုးနွယ် ရောင်ဝါရဲ့ လုံးဝ လွှမ်းမိုးမှုကိုမခံရတာ” ဟန့်မြောင်ရွှမ်သည် ဝမ်းသာအားရပြောလေသည်။
“ဟုတ်တယ် မဟုတ်ရင် ဒီဝိညာဉ်လောကနဲ့ စည်းမျဉ်းတွေကို နားလည် လာဖို့မဖြစ်နိုင်ဘူး” ရှီမာယူယူသည်လည်း ကျေးဇူးတင်နေသည်။
“ဝိညာဉ်လောကဟုတ်လား အဲဒါဘာလဲ”
“စီနီယာရဲ့ ဝိညာဉ်လောကက မပေါ်လာဘူးလား”
“ငါ ငါ့စည်းမျဉ်းတွေကိုပဲနားလည်သွားတာ တခြားဘာမှမရှိဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။ “ဝိညာဉ်လောကကဘာလဲ”
“ဝိညာဉ်လောက… ဘယ်လိုပြောရမလဲ… အဲဒါက အချိန်နဲ့နေရာကို ကိုယ်ပိုင်ကမ္ဘာလိုမျိုး အကျိုးအကြောင်းကောက်နုတ်လိုက်တာပဲ” ရှီမာယူယူ ရှင်းပြလေသည် “အဲကမ္ဘာမှာ ကျွန်မက သခင်ပဲ တည်ဆောက်မှုသခင်က နေရာကို ပိတ်လိုက်တာနဲ့တူတယ် ဒါပေမဲ့ အဲဒါကလက်ရှိအချိန်ကိုသုံးပြီး ဝိညာဉ်လောကက ကိုယ်တိုင်နားလည်ရတဲ့နေရာပဲ”
“အရမ်းအားထုတ်ရတာမဟုတ်ဘူးလား” ဟန့်မြောင်ရွှမ် စိတ်လှုပ်ရှား စွာ အော်လိုက်သည်။ “တည်ဆောက်မှုသခင်တစ်ယောက်က နေရာကိုပိတ် တာကိုကာ အားကောင်းနေပြီ မင်းပြောတဲ့ပုံအရဆိုရင် ပိုပြီးတောင် အားကောင်းဦးမယ်”
“ကျွန်မ ကံကောင်းသွားလို့ပါ ချင်ယိရဲ့နေရာမှာ သူ့ စွမ်းအားကိုငှား ပြီးတော့ ဉာဏ်အလင်းရသွားတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဝိညာဉ်လောကဆိုတာက စံတင်အဆင့်ရဲ့အထက်ရောက်တဲ့ ဝိညာဉ် သခင်တွေမှာနားလည်နိုင်တယ် မင်းရဲ့အသက်အရွယ်နဲ့ အားဆိုရင် အရင် တုန်းက တစ်ခါမှမဖြစ်ပေါ်ဖူးဘူး” ချင်ယိ ပြောလိုက်သည်။
ထို့ကြောင့်ပင် သူမ ဝိညာဉ်လောကကိုနားလည်သွားသည်ကို ပထမဆုံး မြင်လိုက်ချိန်က သူ အလွန်အံ့သြသွားခြင်းဖြစ်သည်။
“ရှင်က ထာဝရရှင်သန်သူနယ်မြေထဲမှာပဲ အမြဲရှိခဲ့တာမဟုတ်ဘူးလား တခြားနေရာမှာ မရှိဘူးဆိုတာ ဘယ်လိုလုပ်သိတာလဲ” ဟန့်မြောင်ရွှမ်သည် မယုံကြည်ပေ။
“ငါဘယ်တုန်းကမှထွက်မသွားဖူးပေမယ့် လူတွေအမြဲဝင်လာတယ်လေ” ချင်ယိ ပြန်ဖြေလိုက်သည်။ “သူတို့မှတ်ဉာဏ်တွေထဲကနေပြီးတော့ အပြင်က အဖြစ်အပျက်တော်တော်များများကိုသိရတယ်”
ဟန့်မြောင်ရွှမ်သည် မျက်လုံးအပြူးသားဖြင့် သူ့ကိုစိုက်ကြည့်လေသည်။ အဲဒါ စည်းကမ်းဖောက်တာမဟုတ်ဘူးလား…
“ဒီအရွယ်မှာ တစ်ယောက်ယောက်က စည်းမျဉ်းဉာဏ်အလင်းရသွားပြီး ဝိညာဉ်လောကကို နားလည်သွားတယ်ဆိုရင် အဲသတင်းကတိုင်းပြည်မှာ ပြန့် သွားပြီး မသိတဲ့သူရှိမှာမဟုတ်ဘူး ဝင်လာတဲ့သူတွေသိတယ်ဆိုရင် ငါလည်း အလိုလိုသိမှာပဲ” ချင်ယိ ပြောလိုက်သည်။
“ဘယ်လိုသိတာလဲ ရှင်က သူတို့ဝမ်းဗိုက်ထဲကို လှည့်ပတ်သွားနေတာ လည်းမဟုတ်ဘူး မဟုတ်ရင်…” ဟန့်မြောင်ရွှမ် တုန့်ပြန်လေသည် “ရှင် တခြားသူတွေရဲ့ မှတ်ဉာဏ်ကိုမြင်ရတာလား”
ချင်ယိ အတည်ပြုလိုက်သ်ည။
ဟန့်မြောင်ရွှမ်သည် မသိမသာ အနောက်ဆုတ်လိုက်ချင်သော်လည်း အနောက်တွင်နေရာမကျန်တော့ပေ။ သူမ ကျလုနီးပါးဖြစ်သွားသည်။ ကံကောင်းစွာပင် ရှီမာယူယူသည် သူကို ဆုပ်ကိုင်ပြီး ပြန်ဆွဲလိုက်နိုင်သည်။
သူမ ငြိမ်အောင်ရပ်ပြီးနောက်တွင် “ရှင်က ကြောက်စရာပဲ ဘယ်သူမှ ရှင့်ကိုလျှို့ဝှက်ချက်ထားလို့မရဘူး”
“အဲလိုတော့မဟုတ်ပါဘူး” ချင်ယိ ပြောလိုက်သည် “ငါ မှတ်ဉာဏ်ဖတ် လို့မရတဲ့လူတစ်ယောက်ရှိတယ်”
“ဘယ်သူလဲ”
“ရွှမ်းချုံဟော်… သူ့ခေါင်းထဲကလူက အပြင်ကဝင်စွက်ဖက်တာကို ကာကွယ်ပေးနေတာ” ရွှမ်းချုံဟော်ကိုပြန်တွေးရာ ဘာကြောင့်မှန်းမသိဘဲ အနာဂတ်တွင် တစ်စုံတစ်ရာဖြစ်လာမည်ဟု သူ ခံစားနေရသည်။
“ရွှမ်းချုံဟော်လား သူရော်လာတာလား” ရှီမာယူယူ မေးလိုက်သည်။
“လွန်ခဲ့တဲ့လတုန်းက သူလာပြီးထွက်သွားတယ် သူမြန်မြန်ပဲ ဉာဏ် အလင်းရသွားတယ် သူကလည်း ပါရမီရှင်ပဲ”
“သူ့ကျန်းမာရေးပိုကောင်းလာပြီလား” ရှီမာယူယူ မေးလိုက်သည်။
“စည်းမျဉ်းရဲ့ ကောင်းချီးနဲ့ သူမဆိုးသွားဘူး” ချင်ယိ ပြန်ဖြေလေသည်။
“ကြည့်ရတာ စည်းမျဉ်းဉာဏ်အလင်းရတာ လူများတယ်ထင်တယ်” ဟန့်မြောင်ရွှမ် ကြေညာလေသည် “နာလန်လန်လိုလူတောင် ဉာဏ်အလင်းရ တယ်ဆိုတော့ တခြားသူတွေလည်း လာပြီးထွက်သွားတာ မထူးဆန်းတော့ပါ ဘူး”
“နာလန်လန်ဟုတ်လား သူမလည်း ဉာဏ်အလင်းရတာလား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
“သူမ တင်မဟုတ်ဘူး ကျုံကျန်းဟန်ယဲ့လည်း ရောက်လာတယ်” ချင်ယိ ထပ်ပြောလေသည်။ “ဒါပေမဲ့ မင်းစီနီယာအစ်မက မင်းကိုကူပြီး သူတို့ကိုရှင်း ပေးလိုက်တယ်”
***