← Chapters

ညီအစ်မတွေကြားက စကားပြောဆိုခြင်း

Vol. 80 Ch. 1112

ညီအစ်မတွေကြားက စကားပြောဆိုခြင်း

Vol. 80 Ch. 1112

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ ကူပြီးရှင်းပေးတယ်ဟုတ်လား ဟန့်မြောင်ရွှမ်သည် ခံစားချက်ကောင်းကောင်းဖြင့် “ဂျူနီယာညီမလေး မင်း မသိလို့ နာလန်လန်နဲ့ ငါက တစ်ချိန်တည်းမှာ ဉာဏ်အလင်းရခဲ့တာ ပြီးတော့ ဘာဖြစ်လဲမှန်းကြည့်”

ရှီမာယူယူသည် သူမ အပြုံးကိုမြင်လိုက်သည်။ သူမ ခံစားချက်များ ပို ကောင်းလာသည်။ သူမ ခေါင်းခါလိုက်သည် “မမှန်းတတ်ဘူး”

“မင်း မှန်းလို့လည်းရမှာမဟုတ်ဘူး” ဟန့်မြောင်ရွှမ်သည် ကျီစယ်သည့် အပြုံးပြုံးကာ “ငါတို့ဒွန့်တွေက တစ်ချိန်တည်းမှာပေါ်လာတယ် ငါ့ရဲ့ စာလုံး လေးလုံးက တန်ဖိုးထားခြင်း၊ ကာကွယ်ခြင်း၊ မြတ်နိုးခြင်း၊ စောင့်ရှောက်ခြင်း ဆိုပြီးပေါ်တယ် သူမဟာကက မြင့်မြတ်ခြင်း၊ ဖြူစင်ခြင်း၊ ကြာပန်းနဲ့ နှလုံးသား ဆိုပြီးရှိတယ် နောက်ဆုံးမှာတော့ ငါ့စာလုံးတွေက ငါ့ခန္ဓာကိုယ်ထဲဝင်သွား ပေမယ့် သူမရဲ့ နှလုံးသားစာလုံးက သူမဆီဝင်မသွားဘဲနဲ့ ငါ့ခန္ဓာကိုယ်ထဲဝင် လာခဲ့တာ”

“အစ်မရဲ့ခန္ဓာကိုယ်ထဲဝင်တယ်ဟုတ်လား ဆိုလိုတာက အစ်မက သူမရဲ့ ဒွန့်ကိုလုလိုက်တာပေါ့” ရှီမာယူယူသည် နားမလည်စွာပြောလိုက် သည်။

“ငါက သူမဒွန့်ကိုခိုးတယ်ဆိုတာ ဘာပြောတာလဲ သူမရဲ့ ‘နှလုံးသား’ က သူ့ဘာသာသူ ငါ့ခန္ဓာကိုယ်ထဲဝင်လာတာ ငါဘာမှကိုမလုပ်လိုက်ဘူး” ဟန့်မြောင်ရွှမ် ပြောလေသည်။

“ဟီးဟီး ဒါဆိုရင် သူမဒွန့်က မပြည့်စုံတော့ဘူးပေါ့” ရှီမာယူယူသည် ခံစားချက်ကောင်းသွားသည်။

“ဟုတ်တယ် သူမရဲ့ ‘နှလုံးသား’ ကမကောင်းဘဲ မြင့်မြတ်ချင်ယောင် ဆောင်နေလို့ သူမကိုမကြိုက်တာနဲ့ ငါ့ဆီရောက်လာတာဖြစ်နိုင်တယ်” ဟန့်မြောင်ရွှမ် သွားဖြဲလေသည်။ “အဲတုန်းက မင်းမတွေ့လိုက်လို့ နာလန်လန်နဲ့ ပညာရှိစံအိမ်တော်ကလူတွေက ပျာပျာသလဲဖြစ်သွားကြတာ ဒါပေမဲ့ သူတို့ကြည့်ရုံပဲတတ်နိုင်ကြတယ်လေ”

“သူတို့စရိုက်နဲ့ဆိုရင် အစ်မကိုလွှတ်ပေးဖို့ မဖြစ်နိုင်ဘူး”

“ချင်ယိ ငါ့ကိုကူညီပေးတယ် သူငါ့ကိုကာကွယ်ပေးခဲ့တယ်၊ အဲလူတွေ ကဒီမှာ ရုတ်ရုတ် ရုတ်တရုတ်မလုပ်ရဲကြဘူး ပြီးတော့ လုပ်လည်းမလုပ်နိုင်ကြ ဘူးလေ” ဟန့်မြောင်ရွှမ်သည် အားရစွာရှင်းပြလေသည်။

သူတို့သည် ဝိညာဉ်အတားအဆီးအတွင်းဝင်ပြီး သူမအနားကပ်မရပေ။ ထို့ကြောင့် လက်စားချေခွင့်မရှိခဲ့ပေ။

“ဒါပေမဲ့ စီနီယာ နောက်ကိုတစ်ယောက်တည်း မလှုပ်ရှားနဲ့တော့ ပညာရှိစံအိမ်တော်ကလူတွေက ဘယ်တော့တိုက်ခိုက်မလဲဆိုတာ မသေချာ ဘူး” ရှီမာယူယူသည် တည်တံ့စွာပြောလေသည်။

တခြားကိစ္စဆိုပါက ဖြေရှင်းရန်ဖြစ်နိုင်သည်။ သို့သော် ထိုကိစ္စသည် ကောင်းကင်ဒွန့်နှင့် ပတ်သတ်နေသည်။ သူမသာဆိုလျှင်လည်း မဖြစ်ခဲ့သလို ဟန်မဆောင်နိုင်ပေ။

အထူးသဖြင့် နာလန်လန်သည် သူမ၏ ကောင်းကင်ဒွန့်ကို ဆက်လက် နားလည်နေချိန်တွင်ဖြစ်သည်။ သူမ၏ ကောင်းကင်ဒွန့် မည်သို့ပြည့်စုံသွား သည်ကို သူမ စဉ်းစားနေမည်ဖြစ်သည်။ ဟန့်မြောင်ရွှမ် လုယူခဲ့သော ‘နှလုံးသား’ စာလုံးသည် အရေးအကြီးဆုံးစာလုံးဖြစ်သည်။ သူမ သွေးများပင် အန်နေလောက်ပြီ။

“ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်တဲ့သားတော်တစ်ယောက်လုံး ငါတို့ ဘက်မှာရှိတာပဲ ဘာကြောက်ရမှာလဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။ “မင်းရဲ့ စီနီယာအစ်ကိုမရှိလည်း ငါကမကြောက်ပါဘူး ဒီတိုင်းပဲ ပညာရှိစံအိမ် တော်လေးပဲဟာကို မယှဉ်နိုင်တာလည်းမဟုတ်ဘူး”

“ဟုတ်ပါတယ် ညီမသိပါတယ် စီနီယာအစ်မ အစ်မက အခု အစ်မရဲ့ စီနီယာအစ်ကိုကာကွယ်တာကိုခံနေရပြီလေ စီနီယာအစ်ကိုနဲ့ဆိုရင် ဘာမှ ကြောက်စရာမရှိဘူး” ရှီမာယူယူ စနောက်လိုက်သည်။

“ကောင်းပြီ ဂျူနီယာညီမလေး မင်းငါ့ကိုလှောင်နေတယ်ပေါ့လေ ဒီနေ့ မင်းပါးစပ်ကို ငါဘယ်လိုပိတ်ပေးမလဲကြည့်နေ” ဟန့်မြောင်ရွှမ်သည် ဝိညာဉ် အသီးထုတ်ကာ ရှီမာယူယူ၏ ပါးစပ်ထဲသို့ထည့်ရန်ကြိုးစားလိုက်သည်။

ရှီမာယူယူသည် ပေါ့ပါးစွာဖြင့် အကိုင်းတစ်ခုမှတစ်ခုဆီသို့ ပျံသန်းလေ သည်။ သူမသည် တိုက်ခိုက်မှုကို ရှောင်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ ဘာလို့ဒေါသထွက်နေတာလဲ” ရှီမာယူယူ အားရပါးရပြုံးလေသည်။ “ညီမ အခုထိဘာမှတောင်မမေးရသေးဘူး အစ်မနဲ့ စီနီယာအစ်ကိုကြားက အခြေအနေကဘာလဲ”

“ဘာအခြေအနေရမှာလဲ ငါတို့ကြားမှာဘာမှမရှိဘူး” ဟန့်မြောင်ရွှမ် အမှီလိုက်လေသည်။

“ဘာမှမရှိဘူးဆိုတာ ဘာပြောတာလဲ စီနီယာအစ်ကိုကိုကြည့်တဲ့ အချိန်တုန်းက ဘာလို့ နာနာကျင်ကျင်ငိုနေရတာလဲ ကျွတ် ကျွတ် စီနီယာအစ်ကိုကို ကြည့်တဲ့အချိန်မှာ မျက်ရည်တွေက ရေတံခွန်စီးသလိုကို ကျလာတာ”

“အဲမှာတင်ရပ်” ရှီမာယူယူသည် နောက် အကိုင်းတစ်ခုကိုပျံရာ ဟန့်မြောင်ရွှမ်သည် နီးကပ်စွာ လိုက်လာသည်။

“ဟူး စီနီယာအစ်ကိုက ပျင်းရိတယ်လို့ပဲထင်ခဲ့တာ သူက ဘာမှမစဉ်းစားဘူးပေါ့ တစ်နေကုန်အိပ်နေတယ်လို့ပဲထင်ခဲ့တာ သူဒီလောက် ကြင်နာတတ်မယ်လို့ မထင်ခဲ့ဘူး ကျွတ် ကျွတ် စိတ်ဓာတ်တွေတောင်ကျလာ ပြီ”

“သွားစမ်း မင်းရဲ့စီနီယာအစ်ကိုအတွက်သာ စိတ်မကောင်းဖြစ်နေလိုက်”

“ညီမလည်း ဒီကစီနီယာအစ်ကိုအတွက် စိတ်မကောင်းဖြစ်မိပါတယ် ဟူး အစ်မ ဝန်မခံချင်ဘူးဆိုတာ သူသိရင် သူဉာဏ်အလင်းရနေတာကိုများ ထိခိုက်သွားမလားပဲ”

“မင်းပါးစပ်က အဲလောက်စကားတတ်တာ ငါ အရင်ကဘာလို့မသိခဲ့တာ လဲ မင်း ဒီအတိုင်းပဲ ယောက်ျားလေးလိုပဲ ဝတ်နေသင့်တာ အခု မိန်းကလေး ဖြစ်သွားတော့ အတင်းပြောရတာကိုကြိုက်လာတယ် အဲမှာတင်ရပ်”

“ဟီးဟီး ညီမကိုရပ်စေချင်ရင် အရင်မိအောင်ဖမ်းလေ”

“ငါ ဖမ်းမိတဲ့အထိစောင့်နေ ဘယ်လိုရှင်းမလဲဆိုတာ ကြည့်နေ”

“အရင်မိအောင်ဖမ်းလေ”

“….”

ချင်ယိသည် ပင်စည်ထဲသို့ပြန်လာလိုက်သည်။ သူတို့ အရူးတွေလို လုပ်နေတာကို သူ မကြည့်ချင်ဘူးလေ…

အပြင်မှလူများသည် အသက်သစ်ပင်ပေါ်တွင် တစ်ယောက်နှင့် တစ်ယောက် ပြေးလိုက်နေကြသည်ကို မြင်ကြသည်။ သူတို့အားကျရုံသာရှိ လေသည်။

အသက်သစ်ပင်က သူတို့ကိုကျဘာလို့ မတူအောင်ဆက်ဆံတာလဲ။

အတန်ကြာပြေးလိုက်ပြီးနောက်တွင် ရှီမာယူယူနှင့် ဟန့်မြောင်ရွှမ်တို့ သည် ရပ်လုကိကြသည်။ သူတို့သည် သစ်ကိုင်းပေါ်တွင်ထိုင်ကာ ပင်စည်ကို မှီထားကြသည်။

“ငါ သူ့ကိုပထမဆုံးမြင်တုန်းက သူ့မျက်လုံးထဲမှာ နာကျင်မှုတွေနဲ့ ဘဝကို ပေါက်ကွဲမှုတွေ ကွယ်ဝှက်ထားတာကို တွေ့ခဲ့တယ် အဲတုန်းကတော့ ငါတွေးခဲ့တာက ဒီလူက ဘဝကောင်းကောင်းရှိနေတာကို ဘာလို့အဲလောက် သုန်မှုန်နေတာလဲလို့ပေါ့၊ သူ့သရုပ်မှန်ကို သိမှပဲ နားလည်သွားရတော့တယ်” ဟန့်မြောင်ရွှမ် ရေရွတ်လေသည်။

“အစ်မက သူ့မျက်လုံးတွေရဲ့ဆွဲဆောင်တာခံလိုက်ရတာလား” ရှီမာယူယူသည် သစ်ကိုင်းပေါ်လှဲလျောင်းလိုက်သည်။ သူမ၏ ဆံသားရှည်များသည် အောက်သို့တွဲလွဲကျနေသည်။

“အဲလိုပဲထင်တာပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။ “အဲလူက အိပ်ပဲ အိပ်နေတာလေ ဘယ်သူ့ကိုမှဂရုစိုက်တာမဟုတ်ဘူး ဒါပေမဲ့ အဂ္ဂိရတ်ပညာ ကိုတော့ စွဲလမ်းတတ်တယ်”

“ညီမ ခွဲခွာခြင်းဥယျာဉ်မှာနေတုန်းက ဘာလို့သတိမထားမိတာပါလိမ့်” ရှီမာယူယူ ပြောလိုက်သည် “အစ်မကအရမ်းဖုံးကွယ်တာ တော်လို့ဖြစ်မယ် မဟုတ်ရင် ညီမကပဲ တုန့်ပြန်တာနှေးနေတာလား”

“ငါ ဂရုတစိုက်ဖုံးကွယ်ထားလို့ဖြစ်မယ်” ဟန့်မြောင်ရွှမ် ရေရွတ်လေ သည်။ “မင်းလည်းသိတဲ့အတိုင်း ငါက ဟန်မိသားစုရဲ့ စွန့်ပစ်တာကိုခံခဲ့ရ တယ် အဲတုန်းက သူ့ကိုကျန်းမိသားစုက သခင်လေးလို့ထင်ခဲ့တယ် ငါတို့အတူရှိသွားရင်လည်း နောက်ဆိုရင် သူက ကျန်းမိသားစုကိုပဲပြန်ရမှာ လေ အဲဒါကြောင့် သူနဲ့ဘယ်တော့မှမဖြစ်နိုင်ဘူးလို့တွေးခဲ့တာ”

“ဒါပေမဲ့ သူလည်းစွန့်ပစ်ခံခဲ့ရတယ်လို့ မထင်မိဘူးမလား ပြီးတော့ နှစ်ယောက်လိုက်တယ်လို့ သိသွားခဲ့တယ်လေ” ရှီမာယူယူသည် ပြုံးပြီးပြန် ဖြေလေသည်။

“ဒါပေမဲ့ နောက်တော့ငါတို့မတွေ့ခဲ့ဘူးလေ” ဟန့်မြောင်ရွှမ် ပြန်ဖြေလေ သည်။ “ဒီတစ်ခေါက် ငါတို့ပြန်တွေ့တော့ ရုတ်တရက်ကြီး မတရားသလိုခံစား ရပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး သူ ငါ့ကိုရယ်မယ်ထင်နေတာ ပြီးတော့ သူကဘာမှမဖော်ပြခဲ့ဘူးလေ”

“ညီမလည်း အံ့သြသွားတာပဲ စီနီယာအစ်ကို့မှာအဲလိုပုံစံရှိမယ်လို့ မထင်ထားဘူးလေ သံမဏိကြီးတောင် အရည်ပျော်သွားတာပဲ” ရှီမာယူယူ ပြောလိုက်၏ ။

“သူတို့ဘယ်တော့ထွက်လာမလဲ မသိဘူး” ဟန့်မြောင်ရွှမ် ပြောလိုက် သည်။

ရှီမာယူယူသည် ရှီမန်ဖန်တို့၏ အသက်ကျောက်စိမ်းပြားများကို ထုတ် ကြည့်လိုက်သည်။ သူတို့ အဆင်ပြေနေသည်။ တားမြစ်ဧရိယာထဲတွင် အထူးတလည်မဖြစ်သည့်ပုံပင်။ ထို့ကြောင့် သူမ မလောတော့ပေ။

“ဒါနဲ့ ဂျူနီယာညီမလေး ချင်ယိ ငါတို့ကို ဆက်ဆံတာမတူဘူးလို့ ခံစားမိ လား” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ ဘေးတွင်လှဲလိုက်သည်။

“ဟုတ်လား” ရှီမာယူယူ မထင်မိပေ။

“မင်းက အခုမှထွက်လာလို့မသိတာ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

သူမသည် ထိုအချိန်က မြင်ခဲ့သည့်အရာများကို ရှီမာယူယူအား ယှဉ်ပြောပြလေသည်။ အမှန်တကယ်ပင်မတူပေ။

“အစ်မပြောသလိုဆို တကယ်မတူတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလို့အဲလိုပြောတာလဲ ငါတို့က ဆွဲဆောင်မှုရှိလွန်းလို့ လို့မထင်မိဘူး လား” ဟန့်မြောင်ရွှမ်သည် နောက်တစ်ဝက် အတည်တစ်ဝက်ပြောလေသည်။

“ဟား…” ရှီမာယူယူသည် ရယ်မောလိုက်သည်။ “ဆွဲဆောင်မှုဆိုရင် ရှောင်ချီရဲ့ဆွဲဆောင်မှုဖြစ်မှာပေါ့”

“သူ ငါတို့ကိုကောင်းပေးတာ ရှောင်ချီကြောင့်လို့ပြောချင်တာလား”

***

All Chapters