ရှောင်ချီ တစ်ခုခုဖြစ်နေပြီ
Vol. 80 Ch. 1113
“ရှောင်ချီလား” “သြော် ဟုတ်သားပဲ” ရှီမာယူယူ ပြောလိုက်သည်။ “ရှောင်ချီ ချင်ယိကိုဘယ်လိုကြည့်လဲဆိုတာ မှတ်မိလား သူမနဲ့ ချင်ယိ တစ်ယောက်နဲ့တစ်ယောက် သိနေတာ သေချာတယ်”
ဟန့်မြောင်ရွှမ် စဉ်းစားကြည့်သည်။ ထိုစဉ်က ရှောင်ချီ ထူးဆန်းစွာ ပြုမူ ခဲ့သည်။
“ဒါပေမဲ့ ချင်ယိက ဒီမှာနှစ်တွေအများကြီးနေခဲ့တာ ရှောင်ချီက ဒီကို တစ်ခါမှမလာဖူးဘူး သူတို့ဘယ်လိုတွေ့တာလဲ” သူမ နားမလည်ပေ။
ထိုအကြောင်းကိုတော့ ရှီမာယူယူလည်း မရှင်းလင်းပေ။
“ဖြစ်နိုင်တာက သူတို့အရင်တုန်းကများ တွေ့ဖူးတာလား ရှောင်ချီ ထွက်လာရင် သူမကိုမေးကြည့်ရမယ်”
“ငါ ဝင်မလာခင်ကို သူမ ဒီမှာဖွံ့ဖြိုးနိုင်တယ်လို့ ရှောင်ချီပြောခဲ့တယ် တကယ်ပဲ ဒီမှာဖွံ့ဖြိုးမယ်လို့ ထင်မထားဘူးပဲ ဂျူနီယာညီမလေး ရှောင်ချီက အရမ်းအားကောင်းတယ် တကယ်လို့သူမ ဖွံ့ဖြိုးရင် ဘယ်စွမ်းအားအဆင့်ထိ ရောက်မလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။ ရှီမာယူယူ နားမထောင်နေ သည်ကို တွေ့သောအခါ သူမ အော်လိုက်သည် “ဂျူနီယာညီမလေး ဂျူနီယာ ညီမလေး”
“ရှိတယ်လေ စီနီယာအစ်မ ဘာလို့လဲ” ရှီမာယူယူ ပြန်ဖြေလေသည်။
“ငါ စကားပြောနေတာ ဘာတွေစဉ်းစားနေတာလဲ အဲလောက်နစ်မြော နေတာ”
“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူ အားရပါးရပြုံးလေသည်။
သူမကို ချင်ယိ အရင်ကပြောခဲ့သည်ကို သတိရသွားသည်။ ရှောင်ချီ သည် တခြားတစ်ယောက်အဆင့်တက်သည်ကို ကူညီပေးနိုင်သည်၊ အထူးသဖြင့် ဧကရာဇ်အဆင့်ထက်မြင့်သောအဆင့်များအတွက် ကူညီပေး နိုင်သည်ဟု ချင်ယိပြောခဲ့သည်။
ထိုစဉ်က သူမ အာရုံမစိုက်ခဲ့ပေ။ အခုပြန်တွေါ်မှပင် ချင်ယိ ထိုအကြောင်းပြောစဉ်က သူ့အသံထဲတွင် တုန်ယင်မှုများစွက်နေသည်။ ထိုစဉ်က သူ စိတ်ခံစားချက်များနေခြင်းဖြစ်မည်။
သူ အဲအကြောင်းကိုပြောတုန်းက ဘာလို့အဲလောက်စိတ်ခံစားချက်မြင့် နေတာလဲ။ သူအရင်က ကြုံတွေ့ဖူးလို့များလား။
ရှီမာယူယူ ဘာမှမပြောဘဲ အတွေးလွန်နေသည်ကို ဟန့်မြောင်ရွှမ် မြင် လိုက်ရသည်။ သူမ စဉ်းစားနေသည်ကို သိသောအခါ သူမကိုမနှောင့်ယှက် တော့ပေ။
အပြင်တွင် လူများနည်းနည်းသွားသည်။ အများစုသည် ချင်ယိ၏ အကျင့်ကို သဘောပေါက်သွားကြသည့်ပုံပင်။ မျှော်လင့်ချက်မရှိသည်ကို သိ သွားကြကာ ဆက်နေရင် ပျင်းသွားကြလေသည်။
ရက်အနည်းငယ်ကြာသောအခါ စူးရှောင်ရှောင်သည် ဉာဏ်အလင်းရမှု အောင်မြင်လေသည်။ သူသည် ရိုးရှင်းစွာပင် ဇွဲလုံ့လကို အတည်ပြုပြီးလေ သည်။
စာလုံးနှစ်လုံးတည်းဆိုသော်လည်း အရည်အချင်းမကောင်းလှသော စူးရှောင်ရှောင်အတွက် အဆင်ပြေလှသည်။
“ရှောင်ရှောင်ထွက်လာပြီ အခုရှောင်ချီနဲ့ ကျန်းကျူးရှန့်ကိုစောင့်ရုံပဲ” ဟန့်မြောင်ရွှမ်သည် စူးရှောင်ရှောင်အတွက် ပျော်ရွှင်မိလေသည်။
“စီနီယာအစ်ကိုလည်း လာတာလား” စူးရှောင်ရှောင် မေးလိုက်သည်။
“လာတယ် လာရုံတင်မကဘူး စီနီယာအစ်မနဲ့တောင် ပြန်တည့်သွားကြ သေးတယ်” ရှီမာယူယူ သတင်းပေးလေသည်။
“ဂျူနီယာညီမလေး မင်းငါ့ကို ထပ်စပြန်ပြီ” ဟန့်မြောင်ရွှမ်သည် စိတ်ဆိုး ချင်ယောင်ဆောင်လေသည်။
စူးရှောင်ရှောင်သည် လူထွားကြီးဖြစ်သည်။ သို့သော် သူသည် တုံးအ သည်ဟု မဆိုလိုပေ။ ထိုနှစ်ယောက် ရှေ့တိုးနောက်ဆုတ်လုပ်နေသည်ကို မြင်သောအခါ အဖြစ်အပျက်ကိုချက်ချင်းနားလည်လိုက်သည်။
“စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့က အတူရှိသွားပြီလား” သူသည် ရှီမာယူယူကိုမေးလိုက်သည်။
ရှီမာယူယူ ပြုံးပြီးခေါင်းညိတ်လိုက်သ်ည။
“တကယ်ပဲ ထင်မထားဘူးပဲ ဒါပေမဲ့ ဒါကောင်းတာပဲလေ သူ့အကြောင်း စဉ်းစားရင် စီနီယာအစ်မကဝမ်းနည်းနေခဲ့တာပဲ” စူးရှောင်ရှောင် ပြောလိုက် သည်။
“သူ့အကြောင်းတွေးတာနဲ့ ဘယ်သူကဝမ်းနည်းလို့လဲ” ဟန့်မြောင်ရွှမ် ငြင်းဆန်လေသည်။
“ကျွန်တော်မသိဘူးထင်နေတလား ဂျူနီယာညီမလေးက ကျွန်တော်တို့ နဲ့အမြဲမရှိလို့လေ ဒါပေမဲ့ ကျွန်တော်တို့ကကျနေလာတာကြာပြီ စီနီယာအစ်မ ငိုတိုင်း ကျွန်တော်သိတယ်” စူးရှောင်ရှောင် ပြောလေသည်။
“သိရင်လည်း ငါ့ကိုဘာလို့မနှစ်သိမ့်တာလဲ” ဟန့်မြောင်ရွှမ်သည် စူးရှောင်ရှောင်၏လက်ကို ညှစ်လိုက်သည်။
“ကျွန်တော်က စီနီယာအစ်ကိုမှမဟုတ်တာ နှစ်သိမ့်နေလည်း ဘာထူး မှာလဲ” စူးရှောင်ရှောင်ပြောလိုက်သည်။
“….”
ကောင်းပြီ တကယ်ကိုမဖြစ်တော့ဘူး… ဒါပေမဲ့ ဘာမှမဖြစ်တာထက် စာရင်တော်ပါသေးတယ်။
အထူးသဖြင့် သူမ ကောင်းကောင်းဖုံးကွယ်နိုင်တယ်လို့ ထင်နေတာပဲ။ စူးရှောင်ရှောင်က အစကနေအဆုံးထိသိနေလိမ့်မယ်လို့ ထင်မထားဘူး။
စူးရှောင်ရှောင်၏ ဉာဏ်အလင်းရခြင်းကြောင့် ရှောင်ချီ၏ ပြောင်းလဲမှုကို ချင်ယိ အာရုံခံမိသွားသည်။ သူ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားကာ ချက်ချင်းပင် လျှပ်တပြက်ပျောက်ကွယ်သွားလေသည်။
သူနှင့် မနီးမဝေးတွင်ရပ်နေသော ရှီမာယူယူသည် သူအလောတကြီး ဖြစ်နေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
ရှောင်ချီများ တစ်ခုခုဖြစ်လို့လား။
သစ်ခေါင်းထဲတွင် ရှောင်ချီသည် နာကျင်မှုကြောင့် ညည်းတွားနေ သည်။ အဖြူရောင်အလင်းတန်းသည် သူမကို လွှမ်းခြုံထားကာ တစ်ခါတရံ တွင် အားကောင်းလာတကာ တစ်ခါတလေ အားလျော့သွားလေသည်။
“ရှောင်ချီ…” ချင်ယိသည် ဝိညာဉ်စွမ်းအင်စုစည်းပြီး အဖြူရောင်အလင်း တန်းသို့ထည့်ကာ သူမလိုအပ်သည့် အားကိုဖြည့်တင်းလိုက်သည်။
“ချင်ယိ…” တိုးညင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသည်မှာ ရှောင်ချီသည် သက်တောင့်သက်သာမဖြစ်ကြောင်းကိုပြသနေ သည်။
“ရှောင်ချီ မကြောက်နဲ့ အဆင်ပြေသွားမှာ” ချင်ယိသည် စွမ်းအားပေး ရင်းနှင့် သူမကို အားပေးနေသည်။
“ယူယူ… ယူယူ…” ရှောင်ချီသည် နှစ်ကြိမ်မျှခေါ်ပြီးနောက် ပြန်တိတ်ဆိတ်သွားပြန်သည်။
ချင်ယိသည် ခေတ္တမျှ နောက်ဆုတ်လိုက်သ်ည။ ထို့နောက်တွင် သူ့ နေရာမှ ပျောက်ကွယ်သွားပြီး သစ်ကိုင်းများဆီသို့သွားကာ ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်ကာ သစ်ခေါင်းထဲသို့ ခေါ်သွားလိုက်သည်။
“ချင်ယိ ဘာလုပ်တာလဲ” ရှီမာယူယူ၏လက်သည် သူဆုပ်ကိုင်ထားခြင်း ကြောင့် နာကျင်လာသည်။ သူမသည် ရှောင်ချီ့ကို အဖြူရောင်အလင်းတန်း ဖြင့် လွှမ်းခြုံထားသည်ကိုတွေ့လိုက်သည်။ သူမ လက်မှနာကျင်မှုကို လျစ်လျူရှုကာ ပြေးသွားလိုက်သည် “ရှောင်ချီ ဘာဖြစ်တာလဲ ဘာလို့ သူမ ရောင်ဝါက မတည်ငြိမ်နေတာလဲ”
“သူမ ဖွံ့ဖြိုးနေတာ ဒီမှာပြဿနာမရှိသင့်တာကို စွမ်းအင်တွေ အကုန်စုပ်ခံလိုက်ရတဲ့ သူမရဲ့ ဒဏ်ရာဟောင်းကြောင့် အခုအဆင့်တက်ဖို့ စွမ်းအင်မလောက်ဘူးဖြစ်နေတာ” ချင်ယိ ရှင်းပြလေသည်။
ထိုစဉ်က ဒဏ်ရာဟောင်းကြောင့် ရှောင်ချီ၏ခန္ဓာကိုယ်သည် ထိခိုက်နေ ဦးမည်ဟု သူ မထင်ထားပေ။ သူမ၏ ဖွံ့ဖြိုးမှုတွင်လည်း သက်ရောက်မည်ဟု မထင်ထားပေ။
သူသည် သူ့စွမ်းအင်များကိုဆက်ပြီး ပေးနေသော်လည်း ရှောင်ချီ့ အတွက် အကူအညီမဖြစ်ပေ။
ရှီမာယူယူသည် ဝိညာဉ်စေတွအတွင်းမှ ဆေးများနှင့် ဆေးပစ္စည်းများ ကိုထုတ်ပြီး ရှောင်ချီဆီသို့ ပစ်လိုက်သည်။ သို့သော် မလုံလောက်သေးပေ။
“သေစမ်း ရှောင်ချီရဲ့ စွမ်းအားစိမ့်ထွက်နှုန်းက တအားမြန်နေပြီ မြန်မြန် ထပ်ဖြည့်တာတောင်မလောက်ဘူး” သူမ စိုးရိမ်တကြီးပြောလိုက်သည်။
“အဲဒါ အကုန်ငါ့အမှားတွေပါ ငါ သူမခန္ဓာကိုယ်ကို မစမ်းသပ်ဘဲ အဆင့် တက်ဖို့လုပ်ခိုင်းမိတယ်” ချင်ယိသည် သူ့ကိုယ်သူ အပြစ်တင်လေသည်။ ရှောင်ချီ ဖွံ့ဖြိုးအောင်သာ သူမလုပ်ခိုင်းခဲ့လျှင် ထိုသို့ဖြစ်မည်မဟုတ်ပေ။
“ချင်ယိ နင့်အမှားမဟုတ်ပါဘူး” ရှောင်ချီ၏ အသံထပ်ထွက်ပေါ်လာ သည်။ သည်တစ်ခေါက်တွင် မဖွံ့ဖြိုးလျှင်တောင် နောက်တစ်ကြိမ် ဖွံ့ဖြိုးလျှင် ထိုသို့ဖြစ်လာမည်သာဖြစ်သည်။
“ငါတို့ ဘာလုပ်ရမလဲ” ရှောင်ချီ၏ စွမ်းအားသည် ဆက်လက်ပျံ့လွှင့်နေ သည်ကို ရှီမာယူယူ တွေ့လိုက်ရသည်။ သူမ ပိုပြီးစိုးရိမ်လာသည်။
စွမ်းအား စွမ်းအား သူမ ရုတ်တရက်ပင် ပြီးခဲ့သည့်တစ်ခေါက်က ရခဲ့သည့် လျှပ်စီးဝိညာဉ်အရည်ကို သတိရသွားသည်။ ထိုအရာသည် ခန္ဓာကိုယ်များကို စနစ်တကျဖြစ်စေသည်ဟု ပြောခဲ့သည်။ သို့သော် သုံးရန် အခွင့်အရေးမရှိခဲ့ပေ။
အလုပ်ဖြစ်ပါ့မလားဆိုသည်ကို သူမ မသိပေ။
အခုချိန်တွင် အလုပ်ဖြစ်မည် မဖြစ်သည်ကို သူမ ဂရုမစိုက်တော့ပေ။ သူမသည် လျှပ်စီးဝိညာဉ်အရည်ကိုထုတ်ပြီး ရှောင်ချီရှိရာသို့ ပုလင်းကုန် လောင်းချလိုက်သည်။
လျှပ်စီးဝိညာဉ်အရည်သည် ရှောင်ချီ၏ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ဝင်သွားကာ သူမကိုယ်ထဲမှ အားအင်များစွာကို အားဖြည့်ပေးရာ ချင်ယိ အံ့သြ သွားလေသည်။
“လျှပ်စီးဝိညာဉ်အရည်လား”
ရှောင်ချီ၏ စွမ်းအားသည် အနည်းငယ် ပြည့်တင်းသွားသည်။ သို့သော် အခုချိန် ဖွံ့ဖြိုးရန် မလုံလောက်သေးပေ။ ဝိညာဉ်စွမ်းအားသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
လျှပ်စီးဝိညာဉ်အရည်သည် အသုံးဝင်သည်ကို ချင်ယိမြင်သောအခါ မေးလိုက်သည် “လျှပ်စီးဝိညာဉ်အရည်က အသုံးဝင်တယ် ရှိသေးလား”
“မရှိတော့ဘူး ငါအကုန်ထည့်လိုက်ပြီ” ရှီမာယူယူ ပြန်ဖြေလေသည်။
မရှိတော့ဘူး…
“အခုဘာလုပ်ကြမလဲ”
ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များကို မဖြည့်နိုင်ပါက ရှောင်ချီ သည် ဖွံ့ဖြိုးရန်မပြောနှင့် အသက်ပါဆုံးရှုံးနိုင်သည်။
“ရှောင်ချီ ငါတို့ပြန်တွေ့တာ ဒီလောက်တိုမယ်လို့မထင်ထားဘူး နောက်တစ်ခါ မင်းကိုငါကာကွယ်မယ်လို့ပြောခဲ့တယ်လေ နောက်တစ်ခါ ဆိုရင် မင်းကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ”
ချင်ယိသည် ပြောပြီးသည်နှင့် လက်ကိုပြန်ရုတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ ရွှေရောင်အဆီအနှစ်အဖြစ်ပြောင်းကာ ရှောင်ချီ့ဆီသို့ တဖြည်းဖြည်းဝင်လိုက်သည်။
ချင်ယိ ဘာလုပ်ချင်သည်ကို ရှောင်ချီသိသည်။ သူမ အော်လိုက်သည် “ချင်ယိ ရူးမိုက်တာတွေမလုပ်နဲ့ ငါ နင့်ကိုလက်မခံဘူး နင့်အသက်ကို ငါ့အသက်နဲ့လဲတာကို သဘောမတူဘူး”
ရှောင်ချီ လက်မခံသဖြင့် ချင်ယိ၏ စွမ်းအားသည် အဖြူရောင် အလင်းတန်းသို့ဝင်မသွားပေ။
“ရှောင်ချီ အချိန်မရှိတော့ဘူး ငါ့မျက်စိရှေ့မှာ နင်နောက်တစ်ခေါက် သေသွားတာကို မကြည့်နိုင်ဘူး” ချင်ယိ အော်လိုက်သည်။
ရှီမာယူယူသည် မသိမသာ လှုတ်ခပ်သွားသည်။ နောက်တစ်ခေါက် သေတယ်ဟုတ်လား… ရှောင်ချီက တစ်ခါသေပြီးသားလား။
“ချင်ယိ ငါသဘောမတူဘူး ငါ့မှာ တခြားနည်းလမ်းရှိတယ်” ရှောင်ချီ၏ အသံမှာ အားနည်းနေသော်လည်း သူမ၏ သဘောထားမှာ ခိုင်မြဲနေသည်။
***