← Chapters

မုဒိန်းကျင့်တဲ့မျောက်ဖြူ

Vol. 3 Ch. 30

မုဒိန်းကျင့်တဲ့မျောက်ဖြူ

Vol. 3 Ch. 30

ယဲ့ကျွင်းလင် နေရာမှထွက်ခွာကာ မြင်းစီးနှင်လျက် ဤရှေးဟောင်းဆန်ဆန် တောအုပ်ကြီးကို ဖြတ်သန်းလှည့်လည်လိုက်သည်။

ဝှစ်!

သက်မဲ့ ဝိဉာဥ်သန္ဓေအဆင့် လူစားပင်ကြီးတစ်ပင်သည် သက်ကယ်တဲကြီးတစ်လုံးလောက်ကြီးမားကာ သွေးနီရောင်ပါးစပ်ကြီးကို ဖြဲဟလျက် လာသမျှလူအကုန်ကို မျိုချစားသောက်ဖို့ အဆင်သင့် ဖြစ်လို့နေသည်။

"မိတ်ဆွေ တစ်ခုခုများလိုအပ်ပါသလား?"

ယဲ့ကျွင်းလင်က ယဥ်ယဥ်ကျေးကျေးမေးခွန်းထုတ်ရင်း ကျင့်ကြံဆင့်အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ လူစားပင်ကြီးသည် ပါးစပ်ကို အလျင်အမြန် ပိတ်လျက် ထောင့်တစ်ထောင့်တွင် တုန်ယင်စွာ ကျုံ့ဝင်သွားရှာတော့၏။

သူ့နောက်မှ ရှယိုနျန်က ပတ်ဝန်းကျင်ကိုပတ်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လျက်ရှိသည်။ "ဒါကောင်းကင်ဝိညာဉ်မြက်ဟ ဒါက ခရမ်းဆွဲနွယ် ဟာ! ရွှေဂျင်ဆင်းနဲ့ နှစ်တစ်သောင်း သွေးဂါနိုဒါမာ…"

"အကုန် ပစ္စည်းကောင်းတွေ အားလုံး အဖိုးတန်တွေချည်းပဲဟေး! မြန်မြန် အကုန်သိမ်းကျုံးသာယူကြ!"

"ဟုတ်ကဲ့၊ ဂိုဏ်းချုပ်!"

ရွှယ်ထျန်းဂိုဏ်းမှာ ကျင့်ကြံသူများသည်လည်း စိတ်လှုပ်ရှားမဆုံးကာ ပတ်ဝန်းကျင်ရှိ ရှားပါးသော ဝိညာဉ်ဆေးပင်များကို မြန်မြန်ဆန်ဆန် ခူးယူသိမ်းဆည်းရန် လူခွဲသွားကြလေသည်။

ဘုန်း!

ရုတ်တရက် ရွှေအမြုတေအဆင့် ဧရာမတီကောင်ကြီးတကောင် မြေကြီးထဲမှ တိုးထွက်လာကာ နေရာအနှံ့ တံတွေးများကို ထွေးထုတ်ဖြန့်ကျဲလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ကျင့်ကြံသူဒါဇင်များစွာကို တံတွေးမှတစ်ဆင့် ဆွဲယူဝါးမျိုကာ ထူးဆန်းစွာ မြေပြင်ထဲသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားသည်။

ဤအဖြစ်ကြောင့် ဟွမ်ကျိုးကျင့်ကြံသူများ အနည်းငယ်အခြေအနေပျက်ပြားသွားရ၏။

လူအများအပြားမှာ ရုတ်တရတ်ဖြစ်ပွားသွားသောကိစ္စကြောင့် မင်သက်မိနေဆဲဖြစ်ပြီး ‌ရောင်းရင်းများကို ဆုံးရှုံးလိုက်ရခြင်းကြောင့် ဝမ်းနည်းမှုအရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

သူတို့သည် မူလက ရွှယ်ထျန်းဂိုဏ်း၏ ခြေရာတိုင်း အနောက်မှလိုက်လိုကြပြီး *အသားမစားနိုင်လျှင်ပင် ဟင်းရည်အကျန်အနည်းငယ် ရနိုင်မည်ဟု ထင်ခဲ့သော်လည်း ယခု အခြေအနေအရ အမှန်တရားသည် လွန်စွာရက်စက်နေခဲ့သည်ပင်! (*အဖိုးတန်ပစ္စည်းတွေမရရင်တောင် အကြွင်းအကျန်လေးတွေရနိုင်မည်ဟု)

သူတို့လေးတွေမှာ ဟင်းရည်အကျန်သောက်ရန်ပင် အရည်အချင်း မပြည့်မီခဲ့ကြပေ!

"အင်အားမရှိဘဲ အတင်းလူဝင်ဆံ့ချင်ရင် ဒါကအဆုံးသတ်ပဲ" ဟုန်ချန်ယဲ့သည် သေဆုံးသွားသောကျင့်ကြံသူများကို စာနာစိတ်မရှိစွာ အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။

"ဟူး ဟူး ဟူး!!"

ထိုအချိန်တွင် တောအုပ်တွင်းမှ ပွက်လောရိုက်နေသော မျောက်အော်သံများ ထွက်ပေါ်လာပြီး အဖြူရောင်မျောက် အမြောက်အမြားသည် လက်များကို ဆန့်တန်းကာ နွယ်ပင်များကို တွဲလွဲခိုလွှဲယမ်းလျက် အုပ်စုလိုက် ချီတက်လာကုန်ကြ၏။

သူတို့ဆောင်ယူလာသော အားကောင်းသည့် နတ်ဆိုးစွမ်းအင်သည် ပတ်ဝန်းကျင်တစ်လျှောက် လှိုင်းလုံးကဲ့သို့ ပျံ့နှံ့သွားကာ ကျင့်ကြံသူများစွာကို တစ်ကိုယ်လုံး အေးစိမ့်တောင့်ခဲသွားစေသည်။

"သတိထား! ရန်သူလာပြီ တိုက်ခိုက်ကြ!"

တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။

ဤအဖြူရောင်မျောက်အုပ်စုသည် မျက်လုံးများ နီရဲနေပြီး သူတို့၏ အရေပြားနှင့် အသားများမှာ အလွန်မာကျောကာ ကျင့်ကြံသူများ၏ မှော်လက်နက်တိုက်ခိုက်မှုများကိုပင် တောင့်ခံနိုင်ကြလေသည်။ ထို့နောက် လက်သည်းကြီးများကို ဆန့်ထုတ်ကာ ပါးလွှာနူးညံ့သော လူ့အသားအရည်များအား တစ်ယောက်ပြီးတစ်ယောက် ဆုတ်ဖြဲကြတော့လေ၏။

ယိုစီးကျလာသော သွေးကြောင်းများသည် မြေပြင်ကို နီရဲစိုရွှဲစေပြီး လေထဲတွင် သွေးညှီနံ့များ လွင့်ပျံလာသည်။

လျှို့ဝှက်နယ်မြေရှိ နတ်ဆိုးသားရဲများ၏ ထုံးစံအတိုင်း သူတို့အားလုံးသည် ရွှေအမြုတေအဆင့်မှ စတင်ကြပြီး အားကောင်းသောသားရဲများမှာ ဝိဉာဥ်သန္ဓေဆင့်သို့ပင် ရောက်ရှိပြီးကြသည်။

"အား! ပြေးကြဟေ့!"

"သူတို့ လာနေပြီ! ဒီဘက်ကို!"

"ကယ်ပါဦး! ငါ့ကို ကယ်ကြပါဦး!"

ထိတ်လန့်တကြား အော်ဟစ်သံများ နေရာအနှံ့ ပဲ့တင်ထပ်နေသည်။

အလွန်အံ့သြဖွယ်ကောင်းသောအချက်မှာ...

ဤမျောက်ဖြူအုပ်စုသည် ငယ်ရွယ်သော အမျိုးသမီးကျင့်ကြံသူများကို အထူးကြိုက်နှစ်သက်ကြပြီး တစ်ဦးကို ဖမ်းမိသည်နှင့် အဝတ်အစားများကို ဆုတ်ဖြဲကာ မိတ်လိုက်ချိန်ရောက်သကဲ့သို့ မြူးထူးစွာအော်ဟစ်ကုန်ကြ၏။

"ဝူးဝူး တစ်ယောက်လောက် ကယ်ပေးပါဦး!"

ရွှယ်ထျန်းဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦးမှာ ကံမကောင်းလှစွာဖြင့် အဖြူရောင်မျောက်တစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများ ဆုတ်ဖြဲခံရကာ ဖြူဖွေးနူးညံ့သော အသားအရည်များ ပေါ်လွင်လာတော့သည်။

"လွှတ်လိုက်စမ်း! မျောက်သားရဲကောင်!" အမျိုးသားတပည့်တစ်ဦးက အော်ဟစ်ကာ ဓားပျံကို ပစ်လွှတ်လိုက်သော် ထိုဓားပျံသည် မျောက်ဖြူ၏အရေပြားပေါ်သို့ တည့်တည့်ကျရောက်သွားပေမယ့် သတ္တုကိုဝင်တိုက်မိသံကဲ့သို့ ချွင်ခနဲအသံသာထွက်လာကာ လုံးဝ ပျက်စီးထိခိုက်မှု မရှိပေ။

"မလုပ်ပါနဲ့၊ ဒီလို မလုပ်ပါနဲ့…" သူမ အနောက်က ပူနွေးပြင်းပြသော အသက်ရှူသံကို ခံစားမိသောအခါ အမျိုးသမီးတပည့်၏ မျက်နှာမှာ စိတ်ပျက်အားငယ်မှုများပြည့်လွှမ်းလာပြီး အော်ဟစ်အသနားခံရတော့သည်။

ဘန်း!

ရုတ်တရက် ထိုမျောက်ဖြူသည် ကောင်းကင်ထက်သို့ လွင့်စင်ထွင်သွားပြီး မီးဖြင့်အမြှိုက်ခံလိုက်ရကာ လျင်မြန်စွာ ပြာကျသွားသည်ပင်။

အနီရောင်ဝတ်စုံနှင့် ဟုန်ချန်ယဲ့သည် အေးစက်သော မျက်နှာဖြင့် အမျိုးသမီးငယ်နားသို့ ရောက်လာကာ နှစ်သိမ့်လိုက်သည်။ "မင်း အဆင်ပြေရဲ့လား?"

စိတ်ထဲတွင်တော့ ပြဿနာများလိုက်တဲ့မိန်းမတွေဟု ငြူစူနေမိသည်ပင်။

အမျိုးသမီးတပည့်သည် တရှိုက်ရှိုက်ငိုကြွေးကာ ကျေးဇူးစကားဆိုလာလေသည်။ "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် မမဟုန်ရယ်"

ဟုန်ချန်ယဲ့: "…"

"ဟူး ဟူး ဟူး!!"

ဦးဆောင်ချီတက်လာသော မျောက်ဖြူဘုရင်သည် ခုန်ကျော်လွှားတက်လာပြီး ဟုန်ချန်ယဲ့ကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

အဓိပ္ပာယ်မှာ အလွန်ရိုးရှင်းသည်၊ ၎င်းသည် ဤအမျိုးသမီးကို စွဲလမ်းနှစ်ခြိုက်သွားခြင်းပင်။

ချက်ချင်းဆိုသလို မျောက်ဖြူများသည် ဟုန်ချန်ယဲ့ထံခုန်ဝင်လာကြကာ ဘုရင်အား အရယူဆက်သနိုင်ရန် အပြိုင်အဆိုင် တိုက်ခိုက်ကြတော့သည်။

"သေလမ်းရှာနေကြတာပဲ!"

ဟုန်ချန်ယဲ့၏ ဆံပင်များမှာ ဒေါသတကြီးလှုပ်ရှားမှုကြောင့် ရမ်းခါနေပြီး အနီရောင်ဝတ်စုံသည် သွေးကဲ့သို့ ထင်ရှားပေါ်လွင်လျက်ရှိ၏။ မျက်လုံးများသည် သွေးဆာနေဟန် အကြည့်များဖြင့် ရက်စက်ကြမ်းကြုတ်လို့နေပြီး နတ်ဆိုးဘုရင်တစ်ပါး ဆင်းသက်မြေခလာသကဲ့သို့ ကမ္ဘာကို တုန်လှုပ်စေနိုင်သော အင်အားမျိုးဖြင့် မာန်သွင်းထားလျက်ရှိသည်။

ရုန်းရင်းဆန်ခတ်များ ဖြစ်ပျက်နေလျက်!

အဆုံးမရှိသော မီးလျှံများသည် တိုက်ခိုက်ရန်ခုန်ဝင်လာကြသော မျောက်ဖြူတစ်သုတ်ကို သုတ်သင်ရှင်းလင်းလိုက်သည်။

မျောက်ဖြူဘုရင်လည်း ကြောက်လန့်တကြားဖြစ်သွားရကာ ထွက်ပြေးရန် တစ်ဖက်သို့လှည့်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင်ပင် သူ၏ ကျောဘက်တွင် မီးလျှံများတောက်လောင်လာပြီး တစ်ကိုယ်လုံးကို ပြင်းထန်စွာ လောင်ကျွမ်းဝါးမျိုသွားလေသည်။

ပူလောင်နာကျင်လွန်းသည့် အော်ဟစ်သံများကြားတွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ရှိ အဖြူရောင်မျောက်ဘုရင်သည် ချေမှုန်းခံလိုက်ရလေပြီ။

"ဆရာတူအစ်မဟုန်က တန်ခိုးကြီးမားလိုက်တာ!"

"မမဟုန်က တကယ့်ကိုအံ့သြစရာကောင်းအောင်တော်တာပဲ တောင်ထိပ်သခင်ယဲ့ရဲ့ ပညာအမွေအနှစ်ကို ဆက်ခံထားတာကိုး!"

"နတ်သမီးလေးဟုန်က လှပရုံမက ကြင်နာပြီး ကူညီပေးတတ်တယ်!"

ကျင့်ကြံသူအများမှာ သူ့အား လျှာခလုတ်တိုက်မတတ် အပြေးအလွှားချီးကျူးကုန်ကြလေသည်။

ဟုန်ချန်ယဲ့မှာတော့ နားထောင်လေလေ မျက်နှာလှလှလေး ဒေါသမီးဖြင့် မည်းမှောင်လာလေလေဖြစ်ပြီး သည်းမခံနိုင်သည့်အဆုံး ရေခဲရိုက်အကြည့်ကြီးဖြင့် "အားလုံး တိတ်စမ်း!!" ဟု အော်ဟစ်လိုက်သည်။

"အာ အဲ့လိုလား" လူတိုင်း အံ့အားသင့်သွားရပြီး သူမကို ဘယ်နေရာမှာများ စော်ကားမိလိုက်သလဲ မတွေးတတ်ကြတော့ပါ။

ဟုန်ချန်ယဲ့၏ဒေါသလည်း တဖြည်းဖြည်း ငြိမ်သက်သွားပြီး သာမန်ကာလျှံကာဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ သူ့မျက်နှာတွင် သံသယအရိပ်အယောင်တစ်ခု ပေါ်လာသည်။ "ဟင်? ဟိုကောင် ဘယ်ရောက်သွားတာပါလိမ့်?"

ထိုအချိန်တွင်...

ယဲ့ကျွင်းလင်သည် တောအုပ်၏ အတွင်းပိုင်းသို့ ဆက်လက်သွားရောက်နေဆဲဖြစ်သည်။

"စနစ်၊ မင်းပြောတဲ့ အထူးစွမ်းအင်လှိုင်းဟာ ဒီဘက်မှာဆိုတာ သေချာရဲ့လား?"

【ဒင်၊ ပိုင်ရှင်ကို ပြန်လည်ဖြေကြားပါတယ်၊ ဒီဘက်မှာသေချာပါတယ်ရှင့်!】

ယုံကြည်ရသော အဖြေစကားကြောင့် ယဲ့ကျွင်းလင်၏ မျက်လုံးများ တောက်ပသွားသည်။

ယခုလေးတင် စနစ်က သူ့ကို အချို့နေရာများတွင် အထူးစွမ်းအင်လှိုင်းများ ပြည့်နှက်နေသည်ဟု သတင်းပေးခဲ့ပြီး သူလည်း စူးစမ်းချင်စိတ်ဖြင့် ဝင်ရောက်ခဲ့ခြင်းပင်။

All Chapters