← Chapters

တာ့လောမသေမျိုးခန္ဓာ အသက်ဝင်ခြင်း

Vol. 3 Ch. 31

တာ့လောမသေမျိုးခန္ဓာ အသက်ဝင်ခြင်း

Vol. 3 Ch. 31

ထိုအချိန်တွင်.....

ဧရာမ အမတသစ်ပင်ကြီးတစ်ပင်၏ အထွတ်အထိပ်တွင် ရွှေရောင်အလင်းလုံးတစ်ခု ဆိုင်းငံ့တည်ရှိနေပြီး ၎င်း၏အလင်းရောင်သည် နေမင်းငယ်လေးတစ်စင်းကဲ့သို့ တောက်ပလင်းလက်နေကာ အလွန်အားကောင်းသော စွမ်းအင်လှိုင်းများကိုလည်း ထုတ်လွှတ်နေသည်။

အင်အားကြီးမားသော သတ္တဝါကြီး ခြောက်ကောင်မှာ ထိုနေရာတွင် ရပ်နေကြပြီး ၎င်းတို့၏ မျက်လုံးများတွင် နက်ရှိုင်းသော ဒေါသခိုးများဖြင့် ပြည့်နှက်နေပေသည်။

ထိုသတ္တဝါကြီးများမှာ မတူညီသော အသွင်အပြင် ပုံသဏ္ဌာန်များရှိပြီး မတူညီသော မျိုးနွယ်စုများ၏ ခေါင်းဆောင်များ ဖြစ်ကြလေ၏။

"ချီးပဲကွာ!"

"ငါတို့အားလုံး ဒီလောက်တွက်ချက်စီစဥ်ပြီး ဖုံးကွယ်ထားတာတောင် မွေးဖြူကြွက်တစ်ကောင် လာအမြတ်ထုတ်တာကို ခံရဦးမယ်လို့ မထင်ထားခဲ့ဘူး!"

ငှက်မွေးမျိုးနွယ်စု‌ခေါင်းဆောင်က အံကြိတ်ကာ ပြောလိုက်သည်။

"အသီးက ရုတ်တရတ်ကြီး အမြန်မှည့်သွားတာမလို့ ငါတို့ အချိန်မီ မသိနိုင်ခဲ့တာပေါ့!"

အကြေးခွံမျိုးနွယ်စုခေါင်းဆောင်သည် စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်ပြီး မီးအိမ်တစ်လုံးမျှအရွယ်ရှိ ၎င်း၏ မျက်လုံးများတွင် မကျေမနပ်ခံစားချက်များ ပြည့်နှက်နေတော့၏။

"ဖြစ်လာမှတော့ ရှောင်လွှဲလို့ မရတော့ဘူး အခုသူက အမတသီးကို စားလိုက်ပြီးပြီဆိုတော့ တာ့လော အမတသစ်ပင်က သူ့ကို မှတ်မိသွားပြီ ဒီကာလအတွင်းမှာ ငါတို့ သူ့ကို တိုက်ခိုက်လို့မရဘူး မဟုတ်ရင် အမတသစ်ပင်က ငါတို့ကိုတန်ပြန်တိုက်ခိုက်လိမ့်မယ်"

"သူ့ဝမ်းထဲက အမတသီး ကြေညက်တဲ့အထိ စောင့်ပြီးမှ ငါတို့ အားလုံး ပူးပေါင်းပြီး သူ့ကို ဖမ်းဆီးကြမယ် ပြီးမှ အဲ့ကြွက်ကို ဆေးဖက်ဝင်တဲ့ အသားနဲ့သွေးတွေဖြစ်သွားအောင် လျှို့ဝှက်နည်းတွေနဲ့ ပြုပြင်လိုက်ပြီးမှ ခြောက်ပိုင်းပိုင်းပြီး ခွဲဝေစားသောက်မယ်ဆိုရင် တရားမျှတပြီး သင့်တော်မယ်ထင်တယ်"

"ဟမ့် ငါ ကျိန်ဆိုလိုက်မယ် ဒီနိမ့်ကျတဲ့ မွေးဖြူကြွက်ကို သူ့ရဲ့ အစားအသောက်လောဘအတွက် မှတ်လောက်သားလောက်အောင် အပြစ်ပေးပစ်မယ်!"

ဤသတ္တဝါ ခြောက်ကောင်စလုံးသည် လော့ထျန်းလျှို့ဝှက်နယ်မြေ၏ ဇာတိဖွားများဖြစ်ပြီး ဤနေရာတွင် အင်အားအကြီးမားဆုံးသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူခြောက်ဦးလည်း ဖြစ်သည်။

၎င်းတို့၏ သက်ဆိုင်ရာ မျိုးနွယ်စုများသည် ကိုယ်ပိုင်နယ်မြေများကို သိမ်းပိုက်သတ်မှတ်ထားကာ ဤနေရာတွင် မျိုးဆက်အဆက်ဆက် အုပ်စိုးခဲ့ကြခြင်းဖြစ်၏။

ယခုတစ်ကြိမ်ကိစ္စတွင် အမတသစ်ပင်မှ သီးပွင့်လာသော တာ့လော အမတသီးကို ခွဲဝေစားသုံးရန် စီစဉ်ထားကြသော မျိုးနွယ်စု ခြောက်ခုမှာ သစ်ပင်နေရာသို့ အလျင်အမြန် ရောက်ရှိလာသောအခါ လန့်ဖျပ်သွားကြရသည်။ အကြောင်းမှာ ဘာမျိုးနွယ်ကိုအခြေခံ၍ ဘယ်ဇာတိကရောက်လာမှန်းမသိသော မွေးဖြူကြွက်တစ်ကောင်က အသီးကိုဦးအောင်ခူး၍ ယူသွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။

တာ့လော အမတသီးတစ်ခုလုံးကို ထိုမွေးဖြူကြွက်က စားသုံးပစ်လိုက်သည်ပင်။

မျိုးနွယ်စု ခြောက်ခု၏ ခေါင်းဆောင်များသည်လည်း ဒေါသစိတ်ဖြင့် သေလုမျောပါးဖြစ်သည်ထိ သွေးတက်သွားရကာ ထိုကြွက်ကို အရှင်လတ်လတ် ဖမ်းဆီးကာ ဖြည်းဖြည်းချင်း ညှဉ်းပန်းရန် ပြင်ဆင်ကြတော့သည်။

"ဒါနဲ့ ပြင်ပက ကျူးကျော်သူတွေကိုရော ဘယ်လို ကိုင်တွယ်ကြမလဲ?"

ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်က လေးနက်သောအသံဖြင့် စကားစလိုက်သည်။

ထိုခေါင်းဆောင်ဆိုသူမှာ မည်းမှောင်သောအရောင်အသွေးဖြင့် သပ်သပ်ရပ်ရပ်မရှိလှသော ကျောက်တုံးလူသားတစ်ဦး ဖြစ်သည်။

"သူတို့ရဲ့ အင်အားကိုတော့ အခုထိသေချာမသိသေးပေမယ့် ငါတို့ မျိုးနွယ်စု ခြောက်ခု ပူးပေါင်းတိုက်ထုတ်ဆိုရင် ဒီကျူးကျော်သူတွေတော့ ပြန်လမ်းမရှိတော့မှာ သေချာပါတယ်!"

သားရဲမျိုးနွယ်စုခေါင်းဆောင်သည် နှာခေါင်းပေါက် နှစ်ခုမှ အဖြူရောင်ထွက်သက် နှစ်ချက်ကို ဝူးခနဲ မှုတ်ထုတ်လိုက်သည်။ ထိုဘိုးဘေး ပဉ္စမအဆင့် ဝိညာဉ်လက်နက်နှင့် နှိုင်းယှဉ်နိုင်သော ဝံပုလွေသွားတူကို ကိုင်ဆောင်ထားကာ ၎င်း၏ မျက်နှာတွင် သားရဲတစ်ကောင်၏ ရှိန်ချင်လောက်စရာ ရက်စက်ကြမ်းကြုတ်မှု အပြည့်ရှိသည်ပင်။

သူတို့အားလုံး အမုန်းဆုံးအရာမှာ လျှို့ဝှက်နယ်မြေထဲသို့ ဖောက်ထွင်းဝင်ရောက်ကာ အရင်းအမြစ်များကို လုယက်ယူဆောင်သော လူသတ္တဝါများပင်ဖြစ်သည်။ အကြောင်းမှာ ထိုသို့ဖောက်ထွင်းမှုမျိုးသည် လျှို့ဝှက်နယ်မြေကို များစွာ ထိခိုက်စေသောကြောင့်ပင်။

ထို့ကြောင့် သူတို့ လုပ်ဆောင်ရမည့်တာဝန်မှာ မွေးဖြူကြွက်ကို အရှင်လတ်လတ် ဖမ်းဆီးခြင်းအပြင် ပြင်ပလူများကို ညီညွတ်စွာ ခုခံတိုက်ထုတ်ဖို့လည်း ရှိနေပါသေး၏။

"ကြည့်စမ်း အဲ့မှာ လှုပ်ရှားမှု ရှိနေတယ်!"

ဝူး ဝူး ဝူး...

သစ်ပင်ထိပ်မှ ရွှေရောင်အလင်းလုံးသည် တဖြည်းဖြည်း သေးငယ်လာပြီး တောက်ပသော အလင်းရောင်သည် တစ်စထက်တစ်စ မှေးမှိန်သွားကာ အမြင့် ၁.၅ မီတာခန့်ရှိသော မွေးဖြူကြွက်တစ်ကောင်ကို ပေါ်လွင်စေလာသည်။

မွေးဖြူကြွက်သည် လူသားတစ်ဦးကဲ့သို့ တင်ပျဥ်ချိတ်ထိုင်နေပြီး ၎င်း၏ ပတ္တမြားကဲ့သို့ နီရဲရွှန်းစိုသော မျက်လုံးများကို အသာဖွင့်လိုက်သည်။ ပျားရည်ကဲ့သို့ ချိုမြိန်ကာ ကျေနပ်အားရနေသည့် အပြုံးတစ်ခုကိုလည်း နှုတ်ခမ်းထက်တွင် အားရပါးရထုတ်ဖော်ထားလေသည်။

မြင်ကွင်းကတော့ အတော်လေးရယ်ချင့်စဖွယ်။

"သွား! ဖမ်းကြတော့!!"

မျိုးနွယ်စု ခြောက်ခု၏ ခေါင်းဆောင်များသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးကာ ပြေးထွက်သွားကြတော့သည်။

"ရွှီး!!!!"

ရန်လိုသောအငွေ့အသက်ဖြင့် လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို ခံစားမိသော မွေးဖြူကြွက်သည် ကြောက်လန့်တကြား သတိဝင်လာကာ ၎င်း၏ မျက်လုံးရဲရဲ နှစ်လုံးသည်လည်း ပြူးကျယ်လို့သွားပြီး လေဟာနယ်ကို ဆုတ်ဖြဲဖောက်ထွင်း၍ အလန့်တကြား ထွက်ပြေးသွားတော့သည်။

"နံဟောင်နေတဲ့ ကြွက်စုတ်ကောင်၊ မင်းငါတို့ဆီက လွတ်မြောက်နိုင်မယ်လို့ ထင်မနေနဲ့!"

ငှက်မွေးမျိုးနွယ်စုခေါင်းဆောင်က အားပါးတရ ကြုံးအော်လိုက်သည်။

သူ၏ အရှိန်သည်လည်း အလွန်မြန်ဆန်ပြီး တစ်ကိုယ်လုံးရှိ အမွေးများမှာ ချွန်ထက်သော ဓားသွားများကဲ့သို့ ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမဆို ထိုးဖောက်ဖြဲဆုတ်နိုင်တော့မည့်ဟန်ပင်။

မျိုးနွယ်စု ခြောက်ခု၏ ခေါင်းဆောင်များသည် သူတို့အားအင်များကို စုပေါင်း၍ ပိုက်ကွန်တစ်ခုထောင်ကာ ထိုမွေးဖြူကြွက်ကို ဖမ်းဆီးရန် ဆုံးဖြတ်ထားသည်။

ကံကောင်းစွာဖြင့် မွေးဖြူကြွက်သည် တာ့လော အမတသီးကို စားသုံးပြီးနောက် ၎င်း၏ ကိုယ်ပိုင်ကျင့်ကြံဆင့်မှာ အခြေတည်ထောင်ခြင်းအဆင့်မှ ဝိညာဉ်အဆင့်တက်ခြင်း အစောပိုင်းအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီး ထုတ်လွှတ်သော အင်အားထုမှာလည်း တူညီသောအဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်လေသည်။

ထိုအစွမ်းဖြင့် မျိုးနွယ်စုခေါင်းဆောင်များ၏ထောင်ချောက်အမျိုးမျိုးကို လုံခြုံစွာကျော်လွှားလွတ်ထွက်သွားနိုင်ခဲ့ရာ ခေါင်းဆောင်ကြီးတို့မှာတော့ ဒေါသထွက်ရလွန်းသဖြင့် မျက်လုံးများပင် နီရဲပေါက်ထွက်တော့မတတ်ပင်။

ဘုန်း...

"ရွှိ ရွှစ်!!"

မွေးဖြူကြွက်သည် ထူထပ်သိပ်သည်းသော ပေါင်းစည်းဝန်းရံခြင်းကို အသည်းအသန် ချိုးဖောက်ထွက်ကာ အရှိန်အဟုန်ဖြင့် အဝေးသို့ ထွက်ပြေးသွားသည်။

"ချီးပဲ လိုက်ကြ! အဲ့ကောင်ဒဏ်ရာရထားတာ ကြာကြာခံနိုင်မှာ မဟုတ်ဘူး!"

မျိုးနွယ်စု ခြောက်ခု၏ ခေါင်းဆောင်များသည် ရန်လိုစွာဖြင့် အော်ဟစ်ကာ ပြေးလိုက်ကြလေသည်။

လျှပ်စီးတဖျတ်ဖျတ်လက်သကဲ့သို့ မြန်ဆန်လှသော လိုက်လံဖမ်းဆီးမှုတွင် မွေးဖြူကြွက်၏ အရှိန်အဝါသည်လည်း တဖြည်းဖြည်း အားနည်းလာရ၏။ ၎င်း၏ ဝမ်းဗိုက်တွင် အလွန်ဆိုးရွားသော ဒဏ်ရာတစ်ခုရှိနေကာ ထိုဒဏ်ရာမှ ရွှေရောင်သွေးများရွှဲနစ်နေပြီး မြေပြင်ပေါ်သို့ စီးကျစိမ့်ဝင်သွားလေသည်။

"မပြေးနဲ့တော့၊ မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်ပေတော့!"

"မင်း အမတသီးကို ခိုးစားပြီးခဲ့ပြီဆိုမှတော့ ငါတို့ဆီကနေ အစားခံဖို့လည်း ပြင်ဆင်ထားသင့်တယ်လေ!"

"အားလုံးပဲ မစားခင် ပျားရည်နည်းနည်းလောက်နဲ့ အရင်လူးလိုက်သင့်တယ်လို့ အကြံပြုချင်တယ် ပိုချိုပြီး လန်းဆန်းသွားရလိမ့်မယ်!"

"မင်းကြိုက်တာလုပ်လေ ငါကတော့ ကြွက်သားကင် လုပ်စားချင်တာ ဟဲဟဲ!"

သူ့နောက်မှ စားတော်ပွဲကျင်းပရန် ပြင်ဆင်နေသည့်အသံများသည် မွေးဖြူကြွက်၏ နားထဲသို့ တိုးဝင်လာပြီး အမွေးများထောင်ထသည်အထိ ကြက်သီးထသွားရကာ ကြွက်နှလုံးသားနုနုလေးမှာ ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ပါချေ။

"မလုပ်ပါနဲ့! ကြွက်ကို မစားကြပါနဲ့! ဒီကြွက်လေးက အသက်ဆက်ရှင်ချင်ရုံလေးပါ!!"

မွေးဖြူကြွက်မှာ ဝမ်းနည်းပမ်းနည်းဖြင့် တိတ်တိတ်လေးငိုကြွေးနေရတော့၏။

"ဟမ့် မင်းကိုမိပြီ!"

ကျောက်တုံးမျိုးနွယ်စုခေါင်းဆောင်သည် တိုးတိုးလေး ကြိမ်းဝါးလိုက်ပြီး ကျောက်တုံးများဖြင့် စုစည်းထားသော လက်ကြီးတစ်ခုကို ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အင်အားလှိုင်းတစ်ခုသည် ချက်ချင်း ပျံ့နှံ့ရိုက်ခတ်သွားပြီး မွေးဖြူကြွက်ကို နေရာတွင်ပင် ရပ်တန့်စေခဲ့လေသည်။

ဘုန်း!

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

All Chapters