စာချုပ်၊ ဖွံ့ဖြိုးခြင်း၊ အဆင့်တက်ခြင်း
Vol. 80 Ch. 1114
ချင်ယိရပ်ပြီး ရှောင်ချီအားကြည့်ကာ သူမ၏ အဖြေကိုစောင့်နေသည်။ သူမ အကြံမှာအလုပ်မဖြစ်လျှင် သူ၏ နည်းလမ်းအတိုင်းအသုံးပြုရမည်။ သူသည် နှစ်ပေါင်းသောင်းချီနေထိုင်ပြီးပြီဖြစ်ရာ ဘဝကိုမတပ်မက်တော့ပေ။ သူ၏ဘဝကို ရှောင်ချီ၏ဘဝနှင့် အလဲအလှယ်လုပ်ရန်ကိုသာ ပိုလိုလားသည်။
“ရှောင်ချီ ဘာအကြံရှိလဲ”
“စာချုပ်….” ရှောင်ချီ၏ အသံမှာ တိုးညင်းလှသော်လည်း ရှီမာယူယူကို တုန်လှုပ်စေသည်။
ရှောင်ချီက သူမနဲ့ စာချုပ်တည်ထောင်ချင်နေတာပဲ…
“မဟုတ်ဘူး တခြားနည်းလမ်းရှိမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ ရှောင်ချီသိပါတယ် ရှောင်ချီက ယူယူနဲ့ စာချုပ်ချုပ်လိုက်ရင် တောင် ယူယူက ရှောင်ချီ့ကို စာချုပ်သားရဲအနေနဲ့ ဆက်ဆံမှာမဟုတ်ဘူး” ရှောင်ချီ ဆက်ပြောလေသည် “ဟိန်းသံလေး၊ ငှက်လေး၊ ပန်းလေးနဲ့ အိမ်မက် လေးကိုပဲကြည့်လေ ယူယူက သူတို့ကိုမိသားစုအရင်းလိုကိုဆက်ဆံတာ သူတို့ကို အစေခံလို ဘယ်တုန်းကမှမဆက်ဆံဖူးဘူး သူတို့က ယူယူ့ရဲ့ အထောက်အပံ့တွေပဲ ဒါပေမဲ့ ယူယူကတော့ ညီတူညီမျှဆက်ဆံပေးတယ် ရှောင်ချီ ယူယူနဲ့ စာချုပ်ချုပ်လိုက်ရင်လည်း ရှောင်ချီ့အတွက် အကျိုးမယုတ် စေဘူးလို့ ယုံတယ်၊ ဆန့်ကျင်ဘက်အနေနဲ့ ရှောင်ချီနဲ့ စာချုပ်ချုပ်လိုက်ရင် သာ ယူယူ့ကိုပြဿနာယူလာနိုင်တယ် ချင်ယိကိုအသက်လှဲတာမျိုးအဖြစ်မခံ နိုင်ဘူး ရှောင်ချီ့မှာတခြားနည်းလမ်းမရှိဘူး ယူယူ ရှောင်ချီက ယူယူ့ဆီကို ပြဿနာသယ်လာမှာစိုးရင် စာချုပ်မချုပ်ပါနဲ့ ရှောင်ချီစိတ်ထဲမထားပါဘူး ရှောင်ချီ…”
ရှီမာယူယူ မျက်ရည်များကျလာကာ ရှောင်ချီ့အားကြည့်ပြီး ခေါင်းကို သာ ဆက်တိုက်ရမ်းနေမိသည်။ ရှောင်ချီကိုတားရမည်လား သူမနှင့် စာချုပ် ချုပ်သည်ကို သဘောမတူကြောင်းပြောရမည်လား မသိတော့ပေ။
“ယူယူ ရှောင်ချီ ဘယ်တော့မှ… ယူယူနဲ့တွေ့တာကို...နောင်တမရ…” ရှောင်ချီ၏အသံသည် တုန်ယင်လာသည်။ လျှပ်စီးဝိညာဉ်အရည်မှ စွမ်းအင် သည် ခမ်းလုနီးပါးဖြစ်နေလေပြီ။
“ချင်ယိ တောင်းပန်ပါတယ်…”
နင့်ကိုမျှော်လင့်ချက်ပေးမိတာ တောင်းပန်ပါတယ် ဒါပေမဲ့ နင့်အတွက် စိတ်ပျက်စရာပဲဖြစ်သွားရတယ်။ ငါ နင့်ကိုခွဲသွားတာကို ထပ်မြင်ရတော့မယ်..
အဖြူရောင်အလင်းတန်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားရာ အထဲမှ ရှောင်ချီ၏ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းမြင်ရလေသည်။
သူမ ထပ်ပြီးမခံနိုင်တော့ဘူး
ရှီမာယူယူသည် သူမတွေဝေနေစဉ်အတွင်းတွင် ရှောင်ချီ ရုတ်တရက် ထိုသို့ဖြစ်သွားမည်ဟု မထင်ထားပေ။
“မဟုတ်ဘူး ရှောင်ချီ နင့်ကိုအသေမခံနိုင်ဘူး”
သူမသည် လက်ချောင်းကို ကိုက်ဖြဲကာ ရှောင်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ကြယ်ပုံစဆွဲကာ လျင်မြန်စွာပင် ရေရွတ်လိုက်သည် “အချိန်အကန့်အသက် မရှိ နေရာအပိုင်းအခြားမရှိ ဘဝအဆုံးမရှိ… အချိန်အကန့်အသက် မရှိ နေရာအပိုင်းအခြားမရှိ ဘဝအဆုံးမရှိ.. ကောင်းကင်ဒွန့် အင်အားတွေမျှဝေ ပေးပါ” (T/N - စာချုပ်တည်ထောင်တဲ့ဂါထာမရေးရတာတောင် ကြာပြီ အဟိ)
ရွှေရောင်စာလုံးခြောက်လုံးသည် သူမခန္ဓာကိုယ်မှ ပျံထွက်ကာ ရှောင်ချီ နှင့်သူမကို အနည်းငယ်ပတ်ပြီးနောက် ရှောင်ချီ၏ ခန္ဓာကိုယ်ကိုထိုးဖောက်ပြီး ရှီမာယူယူ၏ ခန္ဓာကိုယ်ဆီသို့ ထပ်ပျံလာလေသည်။
“ဒုတ်…”
နှလုံးခုန်သံသည် ပြန်အားနည်းသွားပြန်သည်။ သို့သော် ချင်ယိနှင့် ရှီမာယူယူတို့မှ ထိန်းလိုက်သည်။
ရှီမာယူယူသည် ဝမ်းသာသွားကာ ရှောင်ချီ၏အမြစ်ဆီသို့လက်တင် ကာ “သွေး၏ မှန်ကန်သည့်အားဖြင့် ခန္ဓာကိုယ်ကိုပေါင်းစည်းခြင်း ယခုမှစ၍ သွေးဖြင့်ဆက်သွယ်ခြင်း၊ အသက်နှင့်သေခြင်းကို မှီခိုခြင်းကိုပြုလုပ်မည်၊ အထက်ပိုင်းမှ ကောင်းကင်ဘုရားသခင် သက်ရှိသတ္တဝါအားလုံးကိုကြည့်ရှုပြီး စာချုပ်တည်ထောင်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် ရပ်တည်ခြင်းများ ပြုလုပ်ပေးပါ ရှောင်ချီ ငါနဲ့ စာချုပ်တည်ထောင်မလား”
ငြိမ်သက်နေသည်…
ရှီမာယူယူ စိုးရိမ်လာကာ ထပ်ပြောလိုက်သည် “သွေး၏ မှန်ကန်သည့် အားဖြင့် ခန္ဓာကိုယ်ကိုပေါင်းစည်းခြင်း ယခုမှစ၍ သွေးဖြင့်ဆက်သွယ်ခြင်း၊ အသက်နှင့်သေခြင်းကို မှီခိုခြင်းကိုပြုလုပ်မည်၊ အထက်ပိုင်းမှ ကောင်းကင် ဘုရားသခင် သက်ရှိသတ္တဝါအားလုံးကိုကြည့်ရှုပြီး စာချုပ်တည်ထောင်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် ရပ်တည်ခြင်းများ ပြုလုပ်ပေးပါ ရှောင်ချီ ငါနဲ့ စာချုပ်တည်ထောင်မလား”
ငြိမ်သက်ဆဲဖြစ်ကာ စာချုပ်သက်ရောက်မှုဖြစ်ပြီးသည်အထိ ရှောင်ချီ သည် တိတ်ဆိတ်နေဆဲပင်။
ရှီမာယူယူသည် စိုးရိမ်တကြီးငိုမိလေသည်။ စာချုပ်တိုင်းတွင် အခွင့်အရေးသုံးကြိမ်ရှိရာ သူတို့သည် နှစ်ကြိမ်သုံးပြီးဖြစ်ရာ နောက်ဆုံး တစ်ခေါက်တွင်သာ ထိုအတိုင်းဆက်ဖြစ်နေပါက ရှောင်ချီနှင့်ထပ်ပြီး စာချုပ် တည်ထောင်နိုင်တော့မည်မဟုတ်ပေ။
“သွေး၏ မှန်ကန်သည့်အားဖြင့် ခန္ဓာကိုယ်ကိုပေါင်းစည်းခြင်း ယခုမှစ၍ သွေးဖြင့်ဆက်သွယ်ခြင်း၊ အသက်နှင့်သေခြင်းကို မှီခိုခြင်းကိုပြုလုပ်မည်၊ ရှောင်ချီ ငါနဲ့ စာချုပ်တည်ထောင်မလား”
နောက်ဆုံးတစ်ကြိမ်မေးပြီးနောက်တွင် ရှောင်ချီဆက်ပြီး တိတ်နေဆဲ ဖြစ်ရာ ရှီမာယူယူ ပြိုကျလုနီးပါးပင်။
“လုပ်…မယ်…” ရှောင်ချီ၏ တိုးညင်းသောအသံသည် နောက်ဆုံး အခိုက်အတန့်တွင် ထွက်လာသည်။
သူတို့အကြားမှ စာချုပ်အလင်း ထွက်ပေါ်လာကာ ရှီမာယူယူသည် သူတို့ကြားမှ စာချုပ်အလွှာကိုခံစားမိသည်။ ထို့နောက်တွင် တည်ငြိမ်သော စွမ်းအင် စီးဆင်းမှုသည် သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေသည်။
ရှီမာယူယူသည် ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပျက်ထိုင်ချကာ မျက်ရည်များသည် အဆက်မပြတ်ကျနေသည်။ သို့သော် ထိုမျက်ရည်များ သည် ပျော်ရွှင်မှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။
လူသားအသွင်ပြောင်းထားသော ချင်ယိသည် မျက်ရည်များ မြစ်ကဲ့သို့ စီးကျနေသော ရှီမာယူယူကိုကြည့်ပြီး စာချုပ်တည်ထောင်စဉ်အတွင်းတွင် ထိုကဲ့သို့လူမျိုးကို သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည် ကိုတွေးလိုက်သည်။
ရှီမာယူယူသည် မျက်ရည်များခြောက်မသွားခင်တွင် ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ အရှိန်ဖြင့်ဝင်သွားသည်ကို ခံစားမိသည်။
စာချုပ်တည်ထောင်ခြင်းသည် သူမ စွမ်းအင်ကိုပြန်ယူလာပေးခဲ့သည်။
သူမ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သည့် စွမ်းအင်ကိုသာ ကောင်းမွန်စွာ မညွှန်ကြားနိုင်ပါက သူမကိုယ်သူမလည်း ပြဿနာတက်နိုင်သည်။
သူမသည် လျင်မြန်စွာ တင်ပျဉ်ခွေထိုင်ကာ ထိုစွမ်းအင်ကို တည်ငြိမ်အောင် ညွှန်ကြားလိုက်သည်။
ထိုအခိုက်တွင် အဆင့်တက်သောအလင်းတန်းများသည် သူမကို ဖုံးလွှမ်းလေသည်။
အဆင့်တက်ခြင်း နောက်တစ်ခုမှာ ဖွံ့ဖြိုးခြင်းများဖြစ်ကာ ကံကောင်းစွာ ပင် သူတို့နှစ်ယောက်လုံး နစ်နာခြင်းများမဖြစ်ပေ။
သူသည် ရှီမာယူယူ၏ တည်ငြိမ်သောမျက်နှာကိုကြည့်ပြီး ယခု အဖြစ်အပျက်ကို တွေးနေမိသည်။
အစပိုင်းတွင် သူမသည် ရှောင်ချီနှင့် စာချုပ်မတည်ထောင်လိုခဲ့ပေ။ သူမ အစောပိုင်းကပြောခဲ့သလိုပင် သူမသည် ရှောင်ချီကို အသုံးမချလိုပေ။ စာချုပ် ချုပ်ပြီးနောက်တွင် ရှောင်ချီအား သူမလိုချင်သလို အသုံးချနိုင်သွားမည်။
သူမသည် ရှောင်ချီ၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်။ သို့သော် ရှောင်ချီသည် ရုတ်တရက် အသက်ရှုမှားသွားလိမ့်မည်ဟု မထင်ထားပေ။ ထိုအခိုက်တွင် နောင်တရမှု၊ ဝမ်းနည်းမှုဖြစ်လာကာ သူမ စိတ်ငြိမ်အောင် ထားပြီး လူတစ်ယောက်ကိုကယ်ရန် ပထမဆုံးအကြိမ်အနေနှင့် ဉာဏ်အလင်း၏စွမ်းအင်ကို သုံးပြီး ရှောင်ချီ၏ အသက်ဆီသို့ သွင်းပြီး အသက်ကယ်နိုင်လိုက်သည်။
သူမ၏ စိတ်ပိုင်းဖြတ်နိုင်မှု၊ ထက်မြက်မှုတို့သည် တခြားတစ်ယောက်မှ ယှဉ်နိုင်သည့်အရာမဟုတ်ပေ။
အခု ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်မှုများကို ကြုံတွေ့ပြီးနောက်တွင် သူမ သည် လျင်မြန်စွာပင် ကျင့်ကြံခြင်းသို့ဝင်သွားကာ စာချုပ်မှပေးသော စွမ်းအင် များကို စုပ်ယူလေသည်။ ထိုအပိုင်းမှာ သူ့အတွက် သူမကို အကောင်းမြင်စေ သည်။
ရှောင်ချီသည် သည်တစ်ကြိမ်တွင် ကောင်းမွန်စွာဖွံ့ဖြိုးလာကာ စာချုပ် သည် သူမ၏ဒဏ်ရာကောင်းကို ကုစားပေးပြီး နောက်တစ်ခါ သူမလိုအပ် သည့် အင်အားကိုပေးစွမ်းနိုင်မည်။ သည်တစ်ကြိမ် သူမ၏ ဖွံ့ဖြိုးမှုသည် ချောမွေ့စွာပြီးဆုံးသွားခဲ့သည်။
ရှီမာယူယူသည် အံ့ဖွယ်သူတော်စင် အလယ်အလတ်အဆင့်မှ အံ့ဖွယ် စံတင် အလယ်အလတ်အဆင့်သို့ ခုန်တက်ခဲ့သည်။
ထို့အပြင် စာချုပ်စွမ်းအားကို သူမ အပြည့်အဝစုပ်ယူထားခြင်းမရှိဘဲ ဝိညာဉ်စံတင်သည် သူမကို စွမ်းအားတစ်စိတ်တစ်ပိုင်းကို ချန်ထားခဲ့သည်။ ထို့ကြောင့် သူမသည် လျင်မြန်စွာအဆင့်မတက်နိုင်ခြင်းဖြစ်သည်။
ချင်ယိသည် သူမ ဖိနှိပ်ခံနေရသည်ကိုမြင်ပြီး သူမ၏မျက်လုံးကိုကြည့် ပြီး တစ်စုံတစ်ရာပြောချင်သော်လည်း သူမ စကားဖြတ်လိုက်သည်။
“ငါ့ကို ဒီကနေမြန်မြန်ခေါ်သွားပေး ဝေးလေကောင်းလေပဲ” ရှီမာယူယူ သည် မတ်တတ်ရပ်ရင်း သူ့လက်ကိုဆုပ်ကိုင်လေသည်။
သူမ ထိုတောင်းဆိုမှုကို ဘာကြောင့်လုပ်သည်မှန်းကို ချင်ယိမသိပေ။ သို့သော် အပြင်မှ အခြေအနေကိုခံစားမိသည်နှင့် သူ့အမူအရာသည် မှောင်မိုက်သွားလေသည်။
သူမတွင် ကြောက်စရာအကောင်းဆုံး နတ်ဆိုးအရှင်မီးတောက်နှင့် မိုးကြိုးဘေးသင့်မှုရှိသည်။
မိုးကြိုးဘေးသင့်မှုတစ်ခုတည်းနှင့်ဆိုလျှင် အဆင်ပြေသေးသည်။ သို့သော် ထူထဲသော ဘေးသင့်မှုတိမ်တိုက်နှင့်တော့ အဆင်မပြေနိုင်ပေ။
ဒီလူရဲ့ အဆင့်တက်မှုက မိုးကြိုးဘေးသင့်မှုကို ဆွဲခေါ်နိုင်တာပဲ။
အပြင်တွင်ရှိနေသော ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် မည်းနက်နေသော မိုးကောင်းကင်ကိုမြင်သောအခါ အော်လိုက်ကြသည်။ “ဂျူနီယာမောင်လေး အဆင့်တက်သွားပြီလား”
အပြင်မှလူများသည် အခြေအနေကိုမသိပေ။ သို့သော် ဘေးသင့်မှု တိမ်တိုက်ကိုမြင်သောအခါ တစ်ယောက်ယောက်တော့ ကောင်းကင်၏ စည်းမျဉ်းကို ချိုးဖောက်၍ အပြစ်ပေးခံပြီဟု တွေးယူကြလေသည်။
ဟန့်မြောင်ရွှမ်နှင့် တခြားသူများ၏ မြင်ကွင်းများ ဝေဝါးသွားပြီး စက္ကူလိပ်သည်အတိုင်း ရှီမာယူယူသည် အဝတ်အစားများစုတ်ပြဲလုနီးပါး အရှိန်ဖြင့် အဝေးသို့ပျံသန်းသွားလေသည်။
ရှီမာယူယူ လှုပ်ရှားသည်နှင့် ဘေးသင့်မှုတိမ်တိုက်သည် သူမနှင့်အတူ လှုပ်ရှားကာ ရှီမာယူယူသွားသော တောထဲမှ တောင်ဆီသို့လိုက်သွားလေ သည်။
တချို့မှာ ထိုမျှကြီးမားသည့် မိုးကြိုးဘေးသင့်မှုသည် နောက်မှလိုက် သွားသည်ကို မမြင်ဖူးသဖြင့် ပါးစပ်အဟောင်းသားဖြစ်ကြလေသည်။ အထူးဖြင့် ရှီမာယူယူသည် မိုးကြိုးဘေးသင့်မှုကို မရှောင်ဘဲ ကြိုဆိုနေသည် ကိုမြင်သောအခါ ပို၍အံ့သြကြသည်။
***