လွတ်မြောက်ခြင်း
Vol. 80 Ch. 1115
“ရှီမာယူယူက အဆင့်တက်တဲ့အချိန်တိုင်းကို အမြဲတမ်းမိုးကြိုးအပစ်ခံ ရတယ်လို့ ကြားဖူးတယ်” လူတစ်ယောက်ကပြောလိုက်သည် “ကြည့်ရတာ အဲလိုပဲ ဂိုဏ်းအဖွဲ့ဝင်တွေက အရင်ကအဲလိုပြောဖူးတယ်”
“ဒါဆိုရင် သူမအဆင့်တက်တိုင်း မိုးကြိုးအပစ်ခံရရင် အရင်က ခဏခဏ မိုးကြိုးအပစ်ခံရမှာပဲ”
“အဲတုန်းက အမှောင်တောကကိစ္စကိုပြန်စဉ်းစားကြည့် ဧကရာဇ်အဆင့် တွေကိုတောင် ထိခိုက်အောင်လုပ်ခဲ့တာ”
“တခြားသူကို ဖိအားပေးဖို့ အဲလူတွေကိုဘယ်သူကခိုင်းလို့လဲ သူတို့ အဲဒါအတွက် မေးဖူးလား”
“ဟုတ်တယ် ရှီမာယူယူက ရန်စတဲ့သူမဟုတ်ဘူး မိုးကြိုးဘေးသင့်မှု ပြင်းထန်တာကိုကြည့်ဦး ဘယ်သူကခံနိုင်မှာလဲ”
“ဒါနဲ့ဆိုရင် လူတိုင်းကိုအထင်သေးဖို့လုံလောက်ပါတယ်”
“နတ်သမီး ငါ့ရဲ့နတ်ဘုရားမပဲ”
“သွားစမ်း သူမက ငါ့နတ်သမီး”
“သူမက ငါ့အပိုင်”
“မင်းသွားလိုက်တော့ သူမက ငါ့နတ်ဘုရားမပဲ”
“ဟင်း မင်းတို့ သူမရှေ့ကိုပြောရဲလား သူမကို မင်းတို့နတ်ဘုရားမလို့ ခေါ်ရဲလား”
“မင်းလုပ်ရဲလား”
“မလုပ်ရဲဘူး မင်းရော”
“လုပ်ရဲတယ်လေ အိမ်မက်ထဲမှာ”
“ဟား…”
ဘေးသင့်မှုထဲသို့ဝင်သွားသော ရှီမာယူယူသည် သူမကို နတ်ဘုရားမ အမည်တပ်လုက်သည်ကို မသိပ။ သူမ သိသည်မှာ သူမခန္ဓာကိုယ်ထဲမှ ယုံကြည်မှုစွမ်းအားသည် များစွာတိုးပွားလာသည်ကိုပင်…
“သေစမ်း ဘယ်သူကငါ့ကိုခိုက်အောင်လုပ်နေတာလဲ” သူမည် မတတ်သာဘဲ ကျိန်ဆဲလိုက်သည်။
သူမအပေါ်တွင် မိုးကြိုးဘေးသင့်မှုပြည့်နေကာ ယုံကြည်မှုစွမ်းအားကို သာ တည်ငြိမ်အောင်မလုပ်နိုင်ပါက သူမသည် မိုးကြိုးပစ်ခံရခြင်းကြောင့် လဲ သွားနိုင်သည်။
“ရွှမ်း”
လျှပ်စီးတစ်ခုသည် သူမခန္ဓာကိုယ်သို့ ပစ်လိုက်ရာ သူမ နာကျင်မှုကို အံကြိတ်ခံလိုက်သည်။
ထိုအချိန်တွင် သူမသည် တိမ်တိုက်ဝိညာဉ်ကိုလွမ်းမိသည်။ ထိုကောင် လေးနှင့်ဆိုလျှင် ပစ်လိုက်သော်လည်း အနည်းဆုံးတော့ သက်ညှာပေးဦး မည်။ ယခုဘေးသင့်မှုတိမ်တိုက်နှင့် ဝိညာဉ်လေးတို့အကြားတွင် ဆက်နွယ်မှု ရှိလား သိချင်မိသည်။ ရှိတယ်ဆိုရင် သူမကို အနားလေးပေးပြီး ဈေးလေး တော့ လျှော့ပေးဦးလေ…
ထိုမိုးကြိုးပစ်ချက်မှာ သူမခန္ဓာကိုယ်ကိုထိမှတ်သွားပါက တစ်ချက် တည်းဆိုလျှင်တောင် သူမအတွက် ခံနိုင်ရည်မရှိနိုင်ဟု သူတို့မှန်းထားကြ သည်။
သို့သော် ရှီမာယူယူသည် မျက်နှာတွင် ခါးသီးမှုကိုသာပြပြီး ထိုအရာမှ လွဲလျှင် အဆင်ပြေနေပုံပေါက်နေသည်။
ရှီမာယူယူ တစ်ယောက်တည်းသိသည်မှာ အပ်စိုက်နေရာများတွင်ရှိ နေသော ထိပ်တန်းအဆင့်ခရမ်းရောင် လျှပ်စီးကြောင့်သာမဟုတ်လျှင် သူမ သည် သေသွားလောက်ပြီဖြစ်သည်။
မိုးကြိုးဘေးသင့်မှု၏ ဘေးသင့်မှုတိမ်တိုက်သည် ဖိနှိပ်ထားသည်။ အားနည်းသော လူသားတစ်ယောက်ကို သူ၏ အားကောင်းသော မိုးကြိုးဖြင့် သေအောင်မပစ်နိုင်ပါက ထွက်သွားလျှင် ရှက်စရာဖြစ်သည်။
ထို့ကြောင့် သူသည် မိုးကြိုးစတင်ပစ်လေသည်။ သို့သော် မည်မျှပင် ပစ်ခတ်စေကာမူ ရှီမာယူယူသည် သေမသွားပေ။
“အဟွတ် အဟွတ်”
ရှီမာယူယူသည် မြေပေါ်တွင်လှဲကာ သူမ၏ ဆံပင်ရှည်များသည် သဘာဝအတိုင်းပင် ကောက်ကွေ့နေသည်။ သူမ၏ ဆံပင်ကောက်ကောက် ကြောင့် ဆံပင်ဖြီးလိမ်းရန်ပင်မလိုတော့ပေ။
“ဘယ်လူသားမှ ဒီလောက်အဆင့်မတက်နိုင်ဘူး”
သူမသည် ကိုယ့်ဘာသာထရန်ကြိုးစားလိုက်သည်။ ကံကောင်းစွာပင် သူမ အဝတ်အစားသည် မိုးကြိုးအပစ်ခံလျှင် ကာကွယ်ပေးရန်အတွက် ဖက်တီးကျူ အထူးတလည်လုပ်ပေးထားခြင်းဖြစ်သည်။ မဟုတ်လျှင် သူမ သည် လုံးဝလစ်ပေါ်နေမည်။
“အဟွတ် အဟွတ်”
သူမ နှစ်ကြိမ်ချောင်းဟန့်ရာ ပါးစပ်ထဲမှ အမည်းခိုးများထွက်လာသည်။ သူမသည် ကိုယ့်ကိုယ်ကို မကြည့်သော်လည်း မည်သို့ပုံစံဖြစ်မည်ကို သိထား သည်။
“ဒီမှာ မင်းသေတဲ့အထိငါ့ကိုယ်ထဲမှာ ဆက်နေမယ်ဆိုရင် ငါ မိုးကြိုးအပစ်ခံရလို့ သေသွားလိမ့်မယ်” သူမသည် သူမ၏ ဝမ်းထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသော ကောင်လေးကိုပြောလိုက်သည်။
ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် မိုးကြိုးလျှပ်စီးများစွာကို စားသုံးပြီး လေပြီ။ သူသည် ခံစားချက်ကောင်းနေကာ ရှီမာယူယူကိုကောင်းပေးလေ သည်။ သူမ သနားစရာကောင်းသည်ကိုကြည့်ပြီး ဝမ်းထဲတွင် ဖြည်းဖြည်းချင်း လမ်းကြောင်းတွေကို ကူးခတ်သွားကာ ဦးခေါင်းထိပ်တွင်ထိုင်လိုက်သည်။
“အဲဒါဘာလဲ” အပြင်မှလူများသည် ထိပ်တန်းခရမ်းရောင်လျှပ်စီးကို ကြည့်ပြီး တအံ့တသြအော်လေသည်။
“မသိဘူး သူမရဲ့ စာချုပ်သားရဲလား”
“ဝိညာဉ်သားရဲနဲ့မတူဘူး”
“ရွှမ်း…”
လျှပ်စီးထပ်ကျရောက်လာကာ သည်တစ်ကြိမ်တွင် ရှီမာယူယူသည် တစ်လမမျှမလှုပ်ဘဲ မြေပေါ်တွင် ခိုင်မြဲစွာရပ်ကာ ထိုလျှပ်စီးကို ခရမ်းရောင် လေး ဝါးမျိုသည်ကိုကြည့်နေလိုက်သည်။
“ကျွတ် မင်းတို့မြင်လိုက်လား မိုးကြိုးကို သူမခေါင်းပေါ်က အရာလေးက စားလိုက်တာ ငါပဲမှားမြင်မိတာလား”
“မဟုတ်ဘူး ငါလည်းမြင်တယ်”
“အဲဒါတကယ်ပဲ ဘာလဲ ကောင်းကင်မိုးကြိုးကိုတောင် စားပစ်တယ်”
“မသိဘူလေ ဒါပေမဲ့ ကြည့်လိုက်တာနဲ့ ဒါက စည်းကမ်းဖောက်တယ်ဆို တာသိတယ်”
“အဲအရာလေးက သူမခန္ဓာကိုယ်ကထွက်လာတာမလား အဲဒါကြောင့် သူမက ကောင်းကင်မိုးကြိုးကိုမကြောက်ဘဲ အခိုင်အမာကိုဆန့်ကျင်နေတာ”
မိုးကြိုးဘေးသင့်မှုသည် အောက်မှ ထိပ်တန်းခရမ်းရောင်လျှပ်စီးကို မြင်သောအခါ တုန်ယင်ပြီး တိမ်များကျသွားလုနီးပါးပင်ဖြစ်လေသည်။
ထိပ်တန်းခရမ်းရောင်လျှပ်စီးလား.. သူမ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုလုပ် ထိပ်တန်းခရမ်းရောင်လျှပ်စီးရှိနေရတာလဲ။
အဲဒါကြောင့် သူမကို မိုးကြိုးဘယ်လောက်ပစ်ပစ်မသေတာကိုး… ထိပ်တန်းခရမ်းရောင်လျှပ်စီးကိုတောင် အစာကျွေးသလိုဖြစ်နေသေးတယ်။
ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် ရှီမာယူယူ၏ ခေါင်းထိပ်တွင်ထိုင် ကာ ပစ်လိုက်သော လျှပ်စီးမိုးကြိုးများကို စားသုံးလေသည်။ ထိုရာမှာ ပုံစံမဲ့ သတ္တဝါလေးဖြစ်သည်မှာ သေချာသော်လည်း မိုးကြိုးဘေးသင့်မှုသည် သူ၏ နှုတ်ခမ်းကိုလျှာနှင့်လျက်ခြင်းများ တောက်ပသောမျက်လုံးများကို မြင်ရသည့် အတိုင်းပင်။ သူ၏ လျှပ်စီးများအစာကျွေးသည်ကို စောင့်စားနေသလိုပင်။
မိုးကြိုးဘေးသင့်မှုသည် စိတ်ဓာတ်ကျလာသည်။ မည်မျှပင်မိုးကြိုးပစ် စေကာမူ အသုံးမဝင်ပေ။ သူ အညှာအတာမဲ့ ပစ်လေလေ ထိပ်တန်းခရမ်း ရောင်လျှပ်စီးအတွက် ပျော်စရာဖြစ်လေလေဖြစ်သည်။
သူသည် ကျန်သည့်လျှပ်စီးများကို ကတိုက်ကရိုက်ပစ်ပြီးနောက် ဘေးသင့်မှုတိမ်တိုက်ကို ဆွဲခေါ်သွားလေသည်။
ဟူး နောက်ဆုံးတော့ ဒီလောက်နှစ်တွေအကြာကြီးစောင့်ခဲ့ပြီးမှ လူ တစ်ယောက်ကိုပစ်ရတာကို ဒီလိုဖြစ်သွားတယ်…
ရှီမာယူယူသည် ဘေးသင့်မှုတိမ်တိုက် စိတ်ဓာတ်ကျသွားသည်ကို ကြည့်ပြီး မည်မျှဝမ်းနည်းနေမည်ကို ခန့်မှန်းနေမိသည်။
သူမသည် လက်ဆန့်တန်းကာ ထိပ်တန်းခရမ်းရောင်လျှပ်စီးကိုဖမ်း လိုက်သည်။ သို့သော် ထိုအကောင်လေးသည် တဖြည်းဖြည်းလျှောက်ကာ သူမခန္ဓာကိုယ်ထဲသို့ လျှောဝင်ကာ ထွက်ပြေးလေသည်။
ရှီမာယူယူ နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။ ဒီကောင်လေးက တကယ်ကို ဘဝင်မြင့်တာပဲ… အဖမ်းမခံချင်ဘူး…
သူမ ဝန်းကျင်ရှိ သစ်ပင်များပါ ဘေးသင့်မှုတွင် ပါဝင်ကာ တစ် ကီလိုမီတာအကွာအဝေးထိ မိုးကြိုးအပစ်ခံရလေသည်။
သူမ အားနာမိသည်။ ထိုအပင်များသည် သာမန်အပင်များဖြစ်သည်။ သို့သော် သူမနှင့်ပတ်သတ်မိပြီး ထိုကဲ့သို့မိုးကြိုးအပစ်ခံလိုက်ရသည်။
“ရှီမာယူယူ တကယ်မိုက်တယ်”
“နတ်သမီး ငါ့ရဲ့နတ်ဘုရားမ”
“ရှီမာယူယူ ကိုယ် မင်းနဲ့အတူရှိလို့ရမလား”
“….”
ရှီမာယူယူ အနားတွင်လူများဝိုင်းလာကာ သူတို့အားလုံးသည် သူမကို မည်မျှလေးစားကြောင်းပြောကြရာ သူမခန္ဓာကိုယ်ထဲမှ ယုံကြည်လေးစားမှု စွမ်းအင်သည် များစွာတိုးလေသည်။
သူမသည် စိတ်ထဲမှအံကြိတ်ပြီးညည်းမိသည်။ သူမ အမှန်တကယ်ပင် ထိုယုံကြည်မှုကိုမလိုလားပေ။
သူမသည် သူတို့ကိုဖြတ်ကျော်ရန်အတတ်နိုင်ဆုံးကြိုးစားပြီး ချင်ယိ နေရာသို့သွားလိုက်သည်။ သူမ ဝိညာဉ်အတားအဆီးသို့ဝင်သည်နှင့် ထိုလူ များသည် မလိုက်လာနိုင်တော့ပေ။
သူမ ထိုလူများကိုခေါင်းညိတ်ပြကာ တောင်များဆီသို့လျှောက်လာ သည်။ သို့သော် သူမ တောင်တန်းကိုဖြတ်ကျော်သည်နှင့် တောင်ထိပ်တွင် ရပ်ပြီး မျက်စိရှေ့မှမြင်ကွင်းကြောင့် မှင်တက်မိသည်။
သူမတင်မဟုတ်ဘဲ တခြားသူများလည်း မှင်တက်ကြလေသည်။ လူတစ်စုသည် တောင်တန်းထိပ်တွင် ကျောက်ရုပ်အဖြစ်ရပ်နေကာ ထူးခြားသော နယ်မြေကိုကြည့်နေသလိုပင်။
“ဘယ်လိုလုပ်ဒီလိုဖြစ်တာလဲ”
“ဘယ်တုန်းကဖြစ်သွားတာလဲ”
“မရှိတော့ဘူးလား ဒါပဲလား”
“ဘယ်လိုထွက်ပြေးရမလဲဆိုတာ သူသိတာပဲ”
“ငါတို့က ရှီမာယူယူ ဘေးသင့်မှုခံယူတာကိုပဲ ကြည့်တာသေချာတယ် မလား တခြားဘာရှိသေးတာလဲ ခေါင်းလှည့်လိုက်တာနဲ့မရှိတော့ဘူးလား”
“…”
ရှီမာယူယူသည် ကျယ်ပြန့်သောမြက်ခင်းပြင်ကိုကြည့်ပြီး နှုတ်ခမ်းတွန့် မိသည်။ သူမသည် ဘေးသင့်မှုကိုရင်ဆိုင်ရုံသားဖြစ်သည်။ ဘယ်လိုဖြစ်ပြီး ချင်ယိ စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတို့ပျောက်သွားတာလဲ။
သူတို့ထွက်ပြေးသွားတာလား။
သူတို့ထွက်ပြေးသွားရင်တောင် သူမကိုတော့ခေါ်သွားသင့်တယ်လေ။
“ဒီအဖွဲ့ကတော့ မယုံကြည်နိုင်လောက်တဲ့လူတွေပဲ” သူမ စိတ်ထဲမှ အော်လိုက်သည်။
သူတို့ သူမ ပြန်လာသည်အထိစောင့်နေပါက ထွက်ပြေးရမည် မဟုတ် ဘူးလေ။
***