ရှောင်ချီနိုးထခြင်း
Vol. 80 Ch. 1116
ထိုလူများသတိပြန်ဝင်လာချိန်တွင် ရှီမာယူယူကို သွားစကားပြောလိုကြ သည်။ သို့သော် သူမသည်လည်း ပျောက်ကွယ်သွားသည်ကို သိလိုက်လေ သည်။ သူတို့ဆီမှလွတ်မြောက်ရန် သူမသည် လျှပ်တပြက်သိုင်းကိုအသုံးပြု ကာ ရှောင်ရှားမှုအနည်းငယ်နှင့် အဝေးသို့ထွက်သွားလိုက်သည်။
“လျှပ်တပြက်သိုင်း အဲဒါက ဧကရာဇ်အဆင့်နဲ့အထက် တည်ဆောက်မှု သခင်တွေပဲသုံးနိုင်တာ သူမ သိနေမယ်လို့မထင်ထားဘူး” လူတစ်ယောက် အော်လေသည်။
“ဘာတွေအံ့သြစရာရှိလဲ ငါ့ရဲ့နတ်ဘုရားမက အကုန်လုပ်နိုင်တယ်”
“ဟုတ်တယ်”
“သူမအားက ဧကရာဇ်အဆင့်မရောက်သေးဘူး ဆိုလိုတာက သူမက တည်ဆောက်မှုသခင်ပဲ”
“သူမက အဂ္ဂိရတ်ပြိုင်ပွဲမှာလည်း ပထမရထားတာကို တည်ဆောက်မှု မှာလည်း အဲလောက်အားကောင်းမယ်လို့ မထင်ထားဘူးပဲ”
“ငါ့ရဲ့နတ်သမီးလေး ဘက်စုံတော်နေပါလား”
“တော်ပြီ အဲလောက် ထိခိုက်မနေနဲ့တော့ သူမကဖြင့်သွားလိုက်ပြီ”
“အာ.. ငါ့ရဲ့နတ်သမီးလေးက ဒီအတိုင်းသွားလိုက်ပြီလား”
“ဟုတ်တယ် သက်ပြင်းချနေလည်းဘာမှမထူးဘူး ဒီမှာဘာမှမရှိဘူး အကြွင်းအကျန်တွေဆီသွားပြီး ကြည့်ကြတာပေါ့ အသည်းကွဲတောင်ကြားက လူတွေလည်း အကြွင်းအကျန်တွေဆီမှာမလား ရှီမာယူယူလည်း အကြွင်းအကျန်တွေရှိတဲ့နေရာသွားပြီး သူတို့ကိုရှာနိုင်တယ်”
“သြော် ဟုတ်သားပဲ ဒါဆိုရင် အကြွင်းအကျန်တွေရှာဖို့သွားကြတာပေါ့”
ရှီမာယူယူ ထိုအကြွင်းအကျန်များရှိရာသို့သွားနိုင်သည်ဟု ကြားသည် နှင့် အားလုံးသည် ထိုနေရာသို့ဦးတည်ကြလေသည်။
လျင်မြန်စွာပင် မြက်ခင်းပြင်တွင် တစ်ဦးတစ်ယောက်မှမမြင်ရတော့ပေ။
အေးချမ်းသွားသော မြက်ခင်းပြင်ကိုကြည့်ပြီး ရှီမာယူယူ၊ ဟန့်မြောင်ရွှမ် နှင့် ချင်ယိသစ်ကိုင်းပေါ်တွင်ထိုင်နေသော တခြားသူများသည် မရှိသော ချွေး များကိုသုတ်လိုက်သည်။
ထိုအချက်တွင်… အသက်သစ်ပင်သည် ထိုနေရာတွင်ရှိနေသေးသည်။ ချင်ယိ၏ စွမ်းအားဖြင့်ဖျောက်ထားခြင်းဖြစ်သည်။
“ချင်ယိ ဘာလို့အဲလိုလုပ်ဖို့လိုတာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“အဲလူတွေကိုရှင်းထုတ်ဖို့လေ”
“အလိမ်ခံရတော့မလို့ပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ရှောင်ချီ ရှိတာကိုမခံစားမိတော့ဘူး ငါပဲ အဝေးကြီးရောက်သွားလို့လား ရှောင်ချီ ဘယ်လိုနေလဲ”
“အရမ်းကောင်းတယ် ဖွံ့ဖြိုးတာတောင်ပြီးသွားပြီ” ချင်ယိ ပြောလေ သည်။
“သြော် ဟုတ်သားပဲ ဂျူနီယာညီမလေး အခုဘာတွေဖြစ်သွားတာလဲ ဘာလို့ရုတ်တရက်ကြီး အဲလောက်အဆင့်တွေအများကြီးတက်သွားတာလဲ ပြီးတော့ ရှောင်ချီကဘယ်လိုဖြစ်တာလဲ” ဟန့်မြောင်ရွှမ်သည် စိုးရိမ်ကြီးစွာဖြင့် မေးလေသည်။
“ရှောင်ချီက ဖွံ့ဖြိုးနေတုန်းမှာ ပြဿနာတချို့ရှိခဲ့တယ် ညီမတို့ စာချုပ် ချုပ်လိုက်တယ် ညီမအဆင့်တက်တဲ့စွမ်းအားက စာချုပ်ရဲ့စွမ်းအားက ညီမ ဆီကိုပေးထားတာပဲ” ထိုအခိုက်တွင် မည်မျှအန္တရာယ်များခဲ့သည်ကို ရှီမာယူယူ သူတို့ကိုမပြောပြတော့ဘဲ လိုရင်းကိုသာရှင်းပြလိုက်သည်။
သို့သော် စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် မည်မျှအန္တရာယ်များ သည့်အခြေအနေဖြစ်ကြောင်းကို ခန့်မှန်းမိကြသည်။ သို့မဟုတ်လျှင် ရှီမာယူယူနှင့် ရှောင်ချီကြားမှ ဆက်ဆံရေးကို စာချုပ်အဖြစ်ပြောင်းကာ ဖြေရှင်းမည်မဟုတ်ပေ။
“သူမ အဆင်ပြေတယ်ဆိုတော်ပါသေးတယ်” ဟန့်မြောင်ရွှမ်သည် သူမ ပခုံးကိုပုတ်လိုက်သည်။
“အင်း ညီမသွားဆေးကြောလိုက်ဦးမယ်”
သူမ ဒဏ်ရာအပြင်းအထန်မခံစားလိုက်ရသော်လည်း မိုးကြိုးအပစ်ခံရ ပြီး မြေတွင်လူးလှိမ့်ထားရသည့်ပုံစံကို မခံနိုင်တော့ပေ။
သူမ ဝိညာဉ်စေတီအတွင်းဝင်လိုက်ပြီး ပြန်ထွက်လာသည်နှင့် အစိမ်းရောင်အနားသတ်ထားသော အဖြူရောင်ဝတ်စုံအရှည်နှင့် လိုက်ဖက် စွာ အစိမ်းရောင်နားဆွဲနှင့် လည်ဆွဲကိုဝတ်ဆင်ထားသည်မှာ ရိုးရှင်းပြီး လန်းဆန်းမှုကိုခံစားရလေသည်။
“အခုကစပြီး မိန်းကလေးအဝတ်အစားဝတ်တော့မလို့လား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
ရှီမာယူယူသည် သူမ ဝတ်စုံအားမ,ကာ ပြောလိုက်သည် “အခုကစပြီး မိန်းကလေးလိုပဲဝတ်တာပါ အရင်တုန်းက ယောက်ျားလေးလိုဝတ်တာက ကိစ္စတွေကိုင်တွယ်ရတာလွယ်လို့ ဒါပေမဲ့ အခုဒီလျှိုု့ဝှက်ချက်ကိုအကုန်လုံး သိကုန်မှတော့ ယောက်ျားလေးလို့ဝတ်ဖို့မလိုတော့ဘူးလေ”
“ကောင်းတယ်” ဟန့်မြောင်ရွှမ်သည် သူမလက်နှစ်ဖက်လုံးကို ဆုပ်ကိုင် ပြီး ပြုံးကာ ပြောလေသည် “မင်းက မိန်းကလေးပဲ မိန်းလေးအဝတ်အစားနဲ့ ပိုလိုက်တယ်”
“အင်း”
ထိုလူများထွက်သွားသည်နှင့် ချင်ယိသည် ထပ်မံအေးချမ်းစွာပြန်နေနိုင် လေသည်။
လူများသည် ထာဝရရှင်သန်သူနယ်မြေဖွင့်သည့် အချိန်တိုင်းရောက် လာသော်လည်း သူသည် အစကတည်းကပင် ဂရုမစိုက်ခဲ့ပေ။ သို့သော် သည်တစ်ကြိမ်တွင် ရှောင်ချီရောက်လာသဖြင့် သူ ထိုလူများကိုစိတ်မရှည် တော့ပေ။
“ငါ ရှောင်ချီကိုသွားကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် ချင်ယိကို ပြော လေသည်။
ချင်ယိ လက်ဝေ့ရမ်းလိုက်သည်နှင့် သူမသည် ရှောင်ချီရှိသော သစ်ခေါင်းတွင် ပေါ်လာလေသည်။
ရှောင်ချီသည် ဖွံ့ဖြိုးမှုပြီးလုနီးပါးဖြစ်ကာ ရှီမာယူယူသည် သူမဘေး တွင်ထိုင်ကာ သူမကို ထိလိုက်ချင်သော်လည်း အနှောင့်အယှက်ဖြစ်သွားမည် ကိုစိုးရိမ်မိသည်။
ချင်ယိ စိုးရိမ်စိတ်များစဉ်က အကြည့်နှင့် သမူသည် တစ်ခါသေဖူးသည် ဟူသော သူပြောလိုက်သောစကားကို ရှီမာယူယူ မှတ်မိနေသေးသည်။
“မင်းတို့တွေက တစ်ယောက်နဲ့တစ်ယောက် နှစ်သောင်းချီပြီးသိထား တယ်မလား ဆိုလိုတာက ရှောင်ချီက နှစ်သောင်းချီကျော်ကြာအောင်နေခဲ့ပြီး သားပေါ့” သူမ နှုတ်ဆိတ်သွားပြီး တွေးနေမိသည် “ဒါပေမဲ့ မင်းရဲ့ မှတ်ဉာဏ် က နှစ်သောင်းချီမရှိဘူးဆို အဲဒါက မင်းသေသွားတာနဲ့များ ဆက်စပ်နေတာ လား”
သူမရဲ့ စာချုပ်သားရဲတွေက ဘာလို့ခါးသီးတဲ့အတိတ်တွေရှိနေရတာ လဲ။
သူမသည် အရင်ဘဝမှ မျိုးနွယ်ကိုချေမှုန်းခံသည်နှင့်ပတ်သတ်ပြီး အမုန်းတရားရှိခဲ့သည်။ အိမ်မက်လေးသည်လည်း သူမနှင့် တူညီစွာပင်… လွတ်လွတ်လပ်လပ်နေတတ်သော ရှောင်ချီသည်ပင်လျှင် မည်သူမှမသိသည့် အတိတ်ရှိလိမ့်မည်ဟု ထင်မထားပေ။
“ယူယူ…”
သူမ ရှောင်ချီအား တွေဝေစွာစိုက်ကြည့်နေစဉ်တွင် ရှောင်ချီသည် လူသားအသွင်ပြောင်းပြီး ရှီမာယူယူအား ခုန်အုပ်လိုက်ရာ နှစ်ယောက်လုံး မြေပေါ်သို့ကျသွားလေသည်။
ထပ်မံဖွံ့ဖြိုးရာ သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ်ကြီးထွားလာပြီး ဆယ်ကျော်သက်အရွယ်ရောက်နှင့်လေပြီ။
ဖွံ့ဖြိုးမှုအန္တရာယ်သည် သူမ၏ ပျော်ရွှင်မှုကို မသက်ရောက်ပေ။ သူမ၏ မျက်လုံးများသည် အပြုံးများဖြင့် ပြည့်နေသည်။
“ဖွံ့ဖြိုးတာပြီးသွားပြီလား” ရှီမာယူယူသည် သူမ နိုးလာသည်ကိုကြည့်ရ သည်ကို ပျော်ရွှင်မိသည်။
“ပြီးတာကြာပြီလေ ဒါပေမဲ့ ယူယူက ငေးနေလို့ သတိမထားမိတာ” ရှောင်ချီ နှုတ်ခမ်းဆူလေသည်။
“ဟုတ်လား” ရှီမာယူယူ ရယ်မောလိုက်သည် “ဒီလောက်ကြီးနေပြီကို အကျင့်ကဘာလို့ဒီအတိုင်းပဲဖြစ်နေတာလဲ ငါ့ကိုအရင်ထခိုင်းဦး”
“မထဘူး” ရှောင်ချီသည် သွားဖြဲပြီးပြောလေသည် “ယူယူကို မြေပေါ် ပစ်လဲဖို့က ဒီလောက်လွယ်တာကို အစ်ကိုကြီးလင်းယူသာသိရင် သူ ပျော် မလား”
ရှီမာယူယူ၏ မျက်နှာသည် အနက်ကြောင်းများဖြင့်ပြည့်သွားသည်။ ဒီကောင်မလေးတော့…
“ယူယူ့ခန္ဓာကိုယ်က ဘယ်လိုနေလဲ သက်တောင့်သက်သာမဖြစ်တဲ့ နေရာရှိလား ကိုယ်တွင်းကဒဏ်ရာတွေရော ကုပြီးပြီလား” သူမ မေးလိုက် သည်။
ပြောရင်းနှင့် ရှောင်ချီသည် ရှီမာယူယူဆီမှထကာ ပြောလိုက်သည် “အတွင်းဒဏ်ရာတွေက ငါတို့စာချုပ်ချုပ်တုန်းက ကုပြီးသွားပြီလေ နောက် တစ်ခါ ဒီပြဿနာမဖြစ်တော့ဘူး”
“ချင်ယိ ပြောတာဘာအဓိပ္ပာယ်လဲ မင်းတို့က တစ်ယောက်နဲ့ တစ်ယောက်သိလာတာ နှစ်သောင်းချီပြီပေါ့ မင်းမှတ်ဉာဏ်က နှစ်သောင်းချီ မရှိဘူးလို့ ငါထင်နေတာ တစ်ခါသေပြီးပြီဆိုတာလည်း ဘာကိုဆိုလိုတာလဲ” ရှီမာယူယူသည် သူမ သံသယများကို သေချာအောင် မေးလိုက်သည်။
ချင်ယိ ရောက်လာပြီး သူတို့နှစ်ယောက်လုံးကိုကြည့်လေသည်။
ရှောင်ချီသည် ချင်ယိကိုကြည့်ပြီး ပြောလိုက်သည် “ချင်ယိနဲ့ ရှောင်ချီနဲ့ က ပြီးခဲ့တဲ့နှစ်သောင်းချီကတည်းက သိလာတာ”
ချင်ယိသည် သူ၏ သစ်ကိုင်းကိုမှီနေပြီး မျက်လုံးတွင် ပူးဆွေးမှုများပြည့်
“ချင်ယိနဲ့ ရှောင်ချီက ဘဝအဖော်ပဲ ရှောင်ချီတို့ကအတူကြီးလာ ကြတဲ့ အပင်တွေပဲ” ရှောင်ချီ ဆက်ပြောလေသည် “ပြောရင်းနဲ့ ရှောင်ချီက ကံကောင်းတယ် ကမ္ဘာမြေကြီးမျက်လုံးက အခုမရှားတော့ဘူး ဒါပေမဲ့ သွေးကြောသသစ်ပင်နဲ့ အတူကြီးလာတဲ့ တစ်ခုတည်းသော အပင်ပဲ”
“မင်းတို့က ဘဝအဖော်ဆိုတော့ မင်းတို့က ငယ်ချစ်တွေလား” ရှီမာယူယူ ပြောလိုက်သည်။
အဲဒါကြောင့် ချင်ယိက သူတို့ကို မတူအောင်ဆက်ဆံတယ်လို့ ဟန့်မြောင်ရွှမ် ပြောတာကိုး။ တကယ့်ကို အကြောင်းအရင်းရှိ နေတာပဲ။ ထို အရာမှာ ရှောင်ချီနှင့်ပတ်သတ်လိမ့်မည်ဟု သူမ ခန့်မှန်းခဲ့သည်မှာ မှန်နေ
“အင်း” ရှောင်ချီခေါင်းညိတ်ပြီး ဆက်ပြောလေသည်။ “ရှောင်ချီက ချင်ယိထက် ဖွံ့ဖြိုးတာစောတယ် ရှောင်ချီ ကမ္ဘာမြေကြီးမျက်လုံးအနေနဲ့ ရင့်သန်လာတော့ သူက သစ်ပင်စိမ်းကလေးပဲရှိသေးတယ် ရှောင်ချီ့ရဲ့ ဝိညာဉ်စွမ်းအင်ကို လုံးဝစုပ်ယူခဲ့ပေမယ့် မလုံလောက်ခဲ့ဘူး သူက ရှောင်ချီ့ရဲ့ ဖြတ်လပ်မှုကိုစုပ်ယူခဲ့တယ် ကံကောင်းလို့ နောက်ဆုံးမှာ ရှောင်ချီ့ရဲ့မူလ အရင်းအမြစ်နည်းနည်းကို ကာကွယ်နိုင်လိုက်တယ် အဲဒါကြောင့် ရှောင်ချီ မသေခဲ့ဘူး”
“အဲဒါအကုန် ငါ့အမှားတွေပါ မင်းကိုသေချာမကာကွယ်နိုင်ဘူး” ချင်ယိ သည် သူ့ကိုယ်သူ အပြစ်တင်လေသည်။ “မင်းကို ငါကာကွယ်မယ်လို့ ပြောပြီး သားလေ ဒါပေမဲ့ တခြားသူတွေ နင့်ကိုဖမ်းသွားတာကို ငါကြည့်ပဲကြည့်နေခဲ့ ရတယ် ပြီးတော့ သူတို့စုပ်ယူတာကကိုခံရတာကို မြင်ခဲ့ရတယ် မသိနိုင်တဲ့ နေရာတစ်နေရာကို အပစ်ခံလိုက်ရပြီး လေဒဏ် မိုးဒဏ်တွေကို နှစ်ပေါင်း သောင်းချီကျော်ခံခဲ့ရတယ်”
***