← Chapters

ငါ့ခေါင်းပေါ်မှာ ချေးလာမပါနဲ့

Vol. 80 Ch. 1117

ငါ့ခေါင်းပေါ်မှာ ချေးလာမပါနဲ့

Vol. 80 Ch. 1117

ချင်ယိ သူ့ကိုယ်သူ အပြစ်တင်နေသည်ကိုကြည့်ပြီး ရှောင်ချီထကာ သူပ ဘေးသို့လျှောက်သွားပြီး လက်ကိုဆုပ်ကိုင်ကာ ပြောလိုက်သည် “ချင်ယိ အရင်ကတည်းက ငါနင့်ကိုဘယ်တုန်းကမှ အပြစ်မတင်ဖူးဘူး ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့ အဲတုန်းက နာကျင်ရတယ်ဆိုပေမဲ့ အတိတ်ကအတိတ်ပဲ အခု ကောင်းကောင်းနေနေတာပဲ သိတယ်မလား အခု ငါအရမ်းပျော်နေတယ်”

ချင်ယိသည် ရှီမာယူယူအား ကျေးဇူးတင်စွာဖြင့်ကြည့်လေသည်။ သူမ ကြောင့်ဖြစ်သည်ကို သူသိသည်။ သူမကြောင့်ပင် ရှောင်ချီပိုပျော်လာခဲ့သည်။

သို့သော် ထိုအရာမှာ သူ့ကိုယ်သူအပြစ်တင်သည့်စိတ်ကို မပြောင်းလဲ နိုင်ပေ။

“နောက်ကိုဘာဖြစ်မလဲ” ရှီမာယူယူ မေးလိုက်သည်။ “မင်းမှာ ဖြတ်လပ် မှုမရှိတော့ပေမယ့် မင်းရဲ့အသားက လူသားတွေကို အထောက်အကူဖြစ်နေ တုန်းပဲ ဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလဲ”

“ရှောင်ချီ့ရဲ့နောက်ဆုံးသတိက တစ်ယောက်ယောက်က အဲမျိုးနွယ်ကို တိုက်ခိုက်လိုက်တာပဲ ဒါပေမဲ့ အဲနောက်ကို ဘယ်လိုလုပ် အသက်ရှင်ကျန်နေ ခဲ့တာလဲဆိုတာ မသိဘူး” ရှောင်ချီ ဆက်ပြောလေသည် “ဒါပေမဲ့ အဲဒါ အရေးမကြီးပါဘူး အတိတ်ကသင်ခန်းစာရတာပဲလေ လက်စားချေဖို့လည်း မလိုဘူး ဒီအတိုင်းပဲပြီးသွားပါစေတော့ အခုရှောင်ချီက လူသစ်ဖြစ်နေပြီလေ”

ရှီမာယူယူ ပြုံးလိုက်သည်။ သူမသည် ရှောင်ချီလောက် မပွင့်လင်းနိုင် ပေ။

ထို့အပြင် လွန်ခဲ့သည့်နှစ်ပေါင်းသောင်းချီကြာနေပြီဖြစ်ရာ ကျန်အရာ များ တူညီစွာရှိနိုင်သော်လည်း လူများသည် ပြောင်းလဲသွားခဲ့လေပြီ။ ထိုလူ များသည် သေဆုံးသွားသည်မှာ ကြာပြီဖြစ်ကာ လက်စားချေရန်မဖြစ်နိုင် တော့ပေ။ ထိုအတိတ်ဖြစ်ရပ်များကို ထားခဲ့ပြီး အပူပင်ကင်းသောအနာဂတ် ကိုသာ ယူဆောင်ရမည်။

“ဒါပေမဲ့ ငါထွက်သွားတုန်းက ချင်ယိက သွေးကြောသစ်ပင်ပဲရှိသေးတာ အခုပြန်တွေ့တော့ သူက အသက်သစ်ပင်အဖြစ်တောင် ဖွံ့ဖြိုးနေပြီ” ရှောင်ချီ သည် ချင်ယိ၏ လက်ကိုတွဲလွဲခိုကာ သူမ ခေါင်းကို သူ့ပခုံးပေါ်တွင် မှီကာ လွမ်းဆွတ်မှုအပြည့်ဖြင့်ပြောလေသည်။ “နင်အခု သန်မာလာပြီဆိုတော့ နောက်ဆိုရင် ငါ့ကိုကာကွယ်ပေးရမယ်”

“အင်း” ချင်ယိ တုန့်ပြန်လေသည်။

စကားများများမပြောဘဲ ချဲ့ကားမပြောသော်လည်း သူသည် အလုပ်နှင့် သာ သက်သေပြမည်ကို သူမ သိသည်။

ရှောင်ချီ ချစ်စရာကောင်းသည့်အပြုအမူကို ကြည့်ပြီး သူမသည် လူများကို အဆက်မပြတ်ရိုက်နှက်ခဲ့သည့် အကြောင်းကိုတွေးမိရာ ရှီမာယူယူ၏ နှုတ်ခမ်းထောင့်မှာ မြင့်တက်သွားလေသည်။

ရှောင်ချီ၏ ပျော်ရွှင်မှုမှာ ရောက်လာသည်မှာ ရုတ်တရက်ကြီးဖြစ် သော်လည်း သူမ မှီခိုနိုင်မည့် လူတွေ့သွားသည်ကို ရှီမာယူယူ ပျော်မိသည်။ သူမ သည်အတိုင်းသာဖြစ်သွားပါက နောက်တစ်ကြိမ် အကြမ်းဖက်မည်ကို စိုးရိမ်ရန်မရှိတော့ပေ။

သို့သော် မြန်လွန်းသည်ဟု သူမ တွေးမိသည်။

အကြောင်းမှာ….

“သြော် ဟုတ်သားပဲ ချင်ယိ အပြင်မှာ နင့်ကိုအမြတ်ထုတ်ချင်တဲ့လူတွေ ရှိသေးတယ်မလား သွားကြမယ် ငါတို့သူတို့ကိုသွားရှင်းမယ် ငါ ဖွံ့ဖြိုးပြီးတော့ အားကို စမ်းသပ်လို့ရတာကောင်းသွားတယ်” ရှောင်ချီသည် ချင်ယိ၏ အင်္ကျိ ကို ဆွဲရင်း ပြောလေသည်။

ရှီမာယူယူသည် မြေပေါ်တွင်ထိုင်ကာ အရှုံးပေးလိုက်သောမျက်နှာဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ တကယ့်ကိုပဲ အကျင့်ပြောင်းဖို့က မြစ်တွေ တောင်တွေပြောင်းတာနဲ့ ယှဉ်နိုင်လောက်အောင်ကို ခက်တာပဲ။

ချင်ယိသည် လက်ရှိရှောင်ချီကို ကျင့်သားရနေပြီဖြစ်ကာ သူမ ခေါင်းကို ပုတ်ပြီး ပြောလေသည် “အဲလူတွေက သွားလိုက်ပြီ အပြင်မှာ ဘယ်သူမှမရှိ တော့ဘူး”

“ဟင်း သူတို့သွားလိုက်ပြီလား ဘာလို့အဲလောက်မြန်တာလဲ”

ကံကောင်းလို့ သူတို့ထွက်သွားတာပေါ့။ သူတို့သာ ဒီမှာဆက်နေနေရင် မင်းရိုက်တာကို ခံနေရပြီ။ ရှီမာယူယူသည် စိတ်ထဲမှ ရေရွတ်မိသည်။

“အခု စီနီယာအစ်ကိုနဲ့ တခြားနှစ်ယောက်ထွက်လာတာကိုပဲ စောင့်ရုံပဲ လိုတော့တယ် သူတို့ထွက်လာတာနဲ့ ဖန်အာနဲ့တခြားသူတွေကိုသွားရှာမယ်” သူမ မတ်တတ်ရပ်ရင်းပြောလိုက်သည်။

“သူတို့ထွက်လာပြီးပြီ” ချင်ယိ ပြောလိုက်သည် “ငါ အဲဒါပြောချင်လို့ ဆင်းလာတာ”

ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ သူတို့ဘာလို့အဲလောက်မြန်ရ တာလဲ။

“ဒီမှာ လူတိုင်းဉာဏ်အလင်းရနိုင်တာမဟုတ်ဘူး ဒါပေမဲ့ သူတို့ရလိုက် တဲ့ဟာတွေလည်းမဆိုးါဘူး”

ဟုတ်သားပဲ သူတို့ရနိုင်မယ်လို့ သူမ တွေးလိုက်တာကိုးူ…

“ဒါဆိုလည်း သွားကြမယ်လေ”

“ချင်ယိ နင် ငါနဲ့လိုက်မယ်လို့ပြောထားတယ်နော်” ရှောင်ချီသည် ချင်ယိ ၏လက်များကို ယမ်းလေသည်။

“အင်း” ချင်ယိ ခေါင်းညိတ်ကာ ရှီမာယူယူကို ပြောလေသည် “ငါ ဝိညာဉ်စေတီမှာ အခြေချလိုက်မယ်”

ရှီမာယူယူ ခေါင်းညိတ်ပြီး သူတို့ကိုဝိညာဉ်စေတီသို့ခေါ်သွားလိုက် သည်။

သူမ မသိလိုက်ခင်မှာပင်  ချင်ယိကို သူမနှင့်အတူလိုက်ရန်စဉ်းစားခဲ့ သေးသည်။ သို့သော် ရှောင်ချီက သူ့ကိုခေါ်ပြီးလိမ့်မည်ဟု ထင်မထားပေ။

ချင်ယိသည် ကျယ်ဝန်းသောနေရာတစ်ခုကိုရွေးကာ ဘယ်ဘက်လက် ကို ဖြန့်လိုက်ရာ လက်ဖဝါးပေါ်တွင် အသက်သစ်ပင်ပုံစံငယ်ပေါ်လာသည်။ သူသည်အသက်သစ်ပင်ကို မြေသားပေါ်တွင်စိုက်ပျိုးရာ မကြာခင်တွင် ကြီးထွားလာပြီး အပြင်မှ သစ်ပင်နှင့် ထပ်တူကျလေသည်။

“ပြီးပြီ”

ရှောင်ချီသည် သူမ၏ ပင်မအပိုင်းကိုလည်း ရွှေ့ကာ ချင်ယိ၏ သစ်ပင် အောက်တွင် စိုက်ပျိုးလိုက်သည်။

သူတို့နှစ်ယောက်သည် ထိုပုံစံအတိုင်းပင် တစ်ယောက်နှင့်တစ်ယောက် မှီခိုနေကြလေသည်။

“ဒါကဂန္တဝင် အသက်သစ်ပင်ပဲ” ဟိန်းသံထောင်ချီသည် အသက်သစ်ပင်ကို ပျော်ရွှင်စွာကြည့်လေသည်။ သူ၏အစဉ်အလာအရ အသက်သစ်ပင်သည် လက်လှမ်းမမှီနိုင်သောအရာဖြစ်သည်။ သူ့ရှေ့တွင် ပေါ်လာမည်ဟု မထင်ထားပေ။

“အားအီးယား ဒါဆိုရင် နောက်တစ်ခါ ငါတို့ဒီမှာ ကျင့်ကြံလို့ရပြီလား” သံမဏိလက်သည်းကျားမေးလေသည်။

ချင်ယိသည် တစ်ယောက်တည်းနေလာသဖြင့် တိတ်ဆိတ်မှုဖြင့် နေသားကျနေရာ တစ်စုံတစ်ယောက် သူနှင့်ရှိနေသည်ကို သဘောမကျပေ။ သို့သော် ရှောင်ချီ သဘောတူထားပြီးဖြစ်သဖြင့် သူမကို မပျော်မရွှင် မဖြစ်စေ ချင်ပေ။

ရှောင်ချီ သူတို့ကို မည်မျှနှစ်သက်ကြောင်းကို သူမြင်နိုင်သဖြင့် တဖြည်းဖြည်းချင်း လက်ခံသွားရန် ဆုံးဖြတ်လိုက်သည်။

ကြက်သွေးရောင်မီးတောက်သည် ရုတ်တရက်ပေါ်လာပြီး ချင်ယိကို ကြည့်ကာ ပြောလိုက်သည် “ငါ မင်းရဲ့ နှစ်တစ်သောင်းအဆီအနှစ်အရည်လို ချင်တယ်”

ချင်ယိသည် ကြက်သွေးရောင်မီးတောက်ကိုကြည့်ပြီး ပြောလိုက်သည် “အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက် မင်းက ဒဏ်ရာအပြင်းအထန်ခံစားနေရတာပဲ”

“ငါ့ကိုနှစ်တစ်သောင်းအဆီအနှစ်အရည်ပေး ငါ တခြားပစ္စည်းနဲ့ အလဲအလှယ်လုပ်မယ်” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။

“ငါ လိုချင်တဲ့ဟာစိတ်ထဲမှာ ဘာမှမရှိဘူး” ချင်ယိ ခေါင်းခါလိုက်သည်။

သူ့တွင် ဆန္ဒမရှိပေ။ သူ့တွင် တောင်းဆိုချက်တစ်ခုသာရှိသည်။ ထိုအရာမှာ ရှောင်ချီဖြစ်သည်။ ထို့ကြောင့် ကြက်သွေးရောင်မီးတောက်တွင် သူ့ကိုဆွဲဆောင်နိုင်သည့်အရာမရှိပေ။

ကြက်သွေးရောင်မီးတောက်ထိခိုက်ထားသည်ကို ရှီမာယူယူ အမြဲတစေ သိခဲ့သည်။ သို့သော် သည်လောက်ပြင်းထန်လိမ့်မည်ဟု သူမ မထင်ထားပေ။ သူမ လျော့ပေါ့တွက်ခဲ့သည်။

ပြင်းထန်သည်ဟု ချင်ယိတောင်ပြောမှတော့ ဘယ်လောက်တောင် ပြင်းထန်လို့လဲ။

သို့သော် ကြက်သွေးရောင်မီးတောက်သည် အကြောင်းမရှိဘဲ အကူအညီတောင်းတတ်သူမဟုတ်ပေ။ သည်တစ်ခေါက်တွင် သူ ချင်ယိကို တိုက်ရိုက်တောင်းဆိုခြင်းဖြစ်သဖြင့် ထိုအရာမှာ သူ့အတွက် အရေးကြီးသည် ဟုဆိုလိုခြင်းဖြစ်သည်။

“ချင်ယိ ကြက်သွေးရောင်မီးတောက်ကိုကူညီပေးနိုင်မလား” သူမသည် သူ့ကိုအနည်းငယ်သာ ကူညီပေးနိုင်သည့်ပုံပေါက်နေသဖြင့် အနည်းငယ် တော့ရှက်ရွံ့မိသည်။

သို့သော် ကြက်သွေးရောင်မီးတောက်၏ ကျန်းမာရေးမှာ အရေးကြီး သဖြင့် သူမ မေးရုံသာ တတ်နိုင်လေသည်။

“ချင်ယိ…” ရှောင်ချီသည် ချင်ယိ၏ လက်မောင်းကိုလှုပ်ရမ်းကာ ဘာမှမပြောဘဲ ပြုံးပြီးသာကြည့်နေလေသည်။

ချင်ယိသည် မတတ်သာစွာဖြင့် ခေါင်းရမ်းလိုက်သည်။ မိန်းကလေး တစ်ယောက်က သူမအရွယ်ဆိုတာနဲ့ လက်ထပ်ရမယ်လို့ သူဘာလို့တွေးခဲ့ တာလဲ။

သို့သော် သူမ ပျော်ရွှင်နေသရွေ့တော့ သူ ဘာမဆိုပေးနိုင်သည်။ ထိုအရာသည် သူ့အတွက်လည်း အသုံးဝင်သည့်အရာမဟုတ်ပေ။

သို့သော် ထိုအရာသည် တိရစ္ဆာန်၏ အရေခွံလဲခြင်း၊ ငှက်တစ်ကောင်၏ အမွေးကျွတ်သွားသကဲ့သို့ပင် မည်သူ့ကိုမှ ထိခွင့်မပြုခဲ့ပေ။ သူသည် သူ့ ကိုယ်ပိုင်ပစ္စည်းများကို မတူညီသောခံစားချက်ရှီလေသည်။

ရွှေရောင်သစ်ကိုင်းတစ်ခုသည် သစ်ပင်မှပျံဆင်းကျကာ ကြက်သွေး ရောင်မီးတောက်၏ လက်တွင် ဆင်းသက်လေသည်။

“မင်းအတွက်ပဲ”

ကြက်သွေးရောင်မီးတောက်သည် သစ်ကိုင်းကိုဖမ်းလိုက်ရာ အထဲတွင် ကြံ့ခိုင်ပြီး ဖြတ်လပ်မှုကိုခံစားရလေသည်။

“နောက်ဆိုရင် မင်း င့ါသစ်ပင်မှာလာနားလို့ရပါတယ်” ချင်ယိ ပြော လိုက်သည်။

“ဟင်…” ရှီမာယူယူနှင့် တခြားသူများသည် နားမလည်ပေ။

“ဇာမဏီငှက်တွေက ထီးသစ်ပင်တွေမှာ နားကြတယ် ငှက်တွေကကျ သွေးကြောသစ်ပင်တွေမှာနားကြတယ်” ကြက်သွေးရောင်မီးတောက် ပြော လေသည်။

ထိုငှက်ဆိုသည်မှာ အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက်ကို ညွှန်းဆိုခြင်းဖြစ် သည်။

“ကောင်းတယ် ကောင်းတယ်” ရှောင်ချီ တုန့်ပြန်လေသည်။ “ဒါပေမဲ့ ကြက်သွေးရောင်မီးတောက် ငါ့ခေါင်းပေါ်တော့ ချေးမပါချနဲ့နော်”

“….”

အားလုံးသည် ဆွံ့အသွားကြသည်။ ရှောင်ချီကတော့…

ရှောင်ချီသည် ဂရုမစိုက်ပေ။ ပြီးခဲ့သည့်တစ်ခေါက်က ချင်ယိပေါ်တွင် နားသော ငှက်တစ်ကောင်သည် သူမ ခေါင်းပေါ်ချေးပါချသည့်အဖြစ်မျိုးရှိခဲ့ ဖူးသည်။

သူမ ထိုခံစားချက်ကိုအမြဲတစေမှတ်မိနေပြီး ထိုအချိန်မှစကာ ထိုသစ်ပင်တွင်နားရင်း တင်ပါးမှချေးထွက်လာသော ငှက်များကို မုန်းတီးခဲ့ သည်။

***

All Chapters