ချင်ယိမှပြင်ဆင်ထားခြင်း
Vol. 80 Ch. 1118
ကြက်သွေးရောင်မီးတောက်သည် ရှောင်ချီကိုလျစ်လျူရှုကာ ချင်ယိ အားကျေးဇူးတင်စကားပြောကာ အဆီအနှစ်ကိုကိုင်ပြီး သစ်ပင်ထိပ်သို့ပျံသွား လိုက်သည်။ ရှီမာယူယူသည် အသက်သစ်ပင်ကိုကြည့်ပြီး “ဇာမဏီငှက်တွေ က ထီးသစ်ပင်တွေမှာ နားကြတယ် ငှက်တွေကကျ သွေးကြောသစ်ပင် တွေမှာနားကြတယ်” ထိုစကားကို စဉ်းစားမိသွားကာ သက်တန့်လေးနှင့် တခြားသောသူများလည်း လာနားလို့ရမလားဟု သိချင်သွားသည်။
ဖန်အာနှင့် ကျန်လူများ မည်သို့ရှိသည်ကိုလည်း သူမ မသေချာသေး ပေ။
“ကောင်းပြီ ဒါဖြေရှင်းပြီးပြီဆိုတော့ အပြင်သွားရအောင်” ရှီမာယူယူ ရှီမန်ဖန်ကို စိုးရိနေသည်ကို ရှောင်ချီ ခံစားမိသည်။
“အင်း”
ရှီမာယူယူသည် သူတို့ကိုသစ်ပင်အခေါင်းဆီသို့ခေါ်သွားပြီး ချင်ယိ သည် သူတို့ကို ခေါ်ပြီးထွက်ခဲံလေသည်။
ဟန့်မြောင်ရွှမ်နှင့် ကျန်နှစ်ယောက်သည် အပြင်တွင်စောင့်ဆိုင်းနေကာ သူတို့ထွက်လာသည်ကို မြင်သည်နှင့် သူ့ဆီသို့ပျံကာပြီး ပြောလေသည် “ရှောင်ချီ မင်းဖွံ့ဖြိုးတာအောင်မြင်သွားပြီလား မင်း ဒုက္ခဖြစ်ခဲ့တယ်လို့ကြား တယ် အခုရောအဆင်ပြေသွားပြီလား”
“အခုတော့ အကုန်ကောင်းတယ်” ရှောင်ချီ ပြောလိုက်သည်။
ဟန့်မြောင်ရွှမ်သည် ရှောင်ချီ၏ ဦးခေါင်းကို ပွတ်သပ်ပြီး သက်ပြင်းချ လိုက်သည် “ရှောင်ချီက ဒီလောက်ထိအရွယ်ရောက်လာပြီး အမျိုးသမီးကြီး တောင်ဖြစ်လာပြီ”
ရှောင်ချီသည် သူမလက်ကို ရိုက်ထုတ်လိုက်သည် “အစ်မပြောပုံက လူကြီးကျနေတာပဲ ဆိုလိုတာက အစ်မကအိုနေပြီပေါ့”
“အိုတယ်ဟုတ်လား ငါကဘယ်လိုလုပ်အိုမှာလဲ ငါက အမြဲတမ်း ပန်းလို ၁၆နှစ်ပဲ” ဟန့်မြောင်ရွှမ်သည် မေးမော့ကာ ပြောလေသည်။
“ဟီးဟီး ဟုတ်ပါတယ် အစ်မက အမြဲတမ်းအရုပ်ကလေးလိုပါပဲ” ရှောင်ချီသည် သွားဖြဲပြီး ပြောလေသည် “ဒါပေမဲ့ အစ်မက ငယ်ငယ် အိုအို ကိစ္စမရှိပါဘူး သူ့နှလုံးသားထဲမှာတော့ အတူတူပဲလေ”
သူမ ပြောပြီးသည်နှင့် မေးစေ့ကို ကျန်းကျူရှန့်ရှိရာကို ပင့်လိုက်သည်။
“သြော် အခုအရွယ်ရောက်လာပြီဆိုတော့ အကျင့်ပျက်တာတွေလည်း တိုးလာတယ် မင်းနဲ့ဘယ်လိုရှင်းမလဲကြည့်ထား” ဟန့်မြောင်ရွှမ်သည် ပြောရင်းနှင့် ရှောင်ချီကိုရိုက်လေသည်။
ရှောင်ချီသည် ကျန်းကျူးရှန့်ဆီသို့ပြေးရာ ဟန့်မြောင်ရွှမ် သူမကို ဖမ်းမမိ ခင်တွင် သူ့အနောက်သို့ပြေးပုန်းလိုက်ရာ ဟန့်မြောင်ရွှမ်သည် သူ့ရင်ခွင်ထဲသို့ ကျသွားလေသည်။
“တော်ပြီ ရှောင်ချီ နှစ်ယောက်သားဘာတွေငြင်းခုံနေတာလဲ” ကျန်းကျူရှန့်သည် ဟန့်မြောင်ရွှမ်၏ ခါးကိုကိုင်ပြီး တားထားကာ နူးညံ့စွာပြောလေသည်။
သူ့ရင်ခွင်ထဲတွင် ဟန့်မြောင်ရွှမ်၏မျက်နှာသည် နီရဲလာကာ ပြောလိုက် သည် “သူမကို ဖမ်းဖို့ကူညီပေး ဘယ်လိုလုပ် ငါ့ကိုစရဲတာလဲ ဒီနေ့တော့ သူမ နဲ့စာရင်းရှင်းရမယ်”
ရှောင်ချီသည် ရှီမာယူယူနှင့် ချင်ယိအကြားသို့ပျံကာ ပြောလိုက်သည် “အခုတော့ အားကိုးရမယ့်သူရသွားပြီပေါ့ ရှောင်ချီလည်းရှိပါတယ်နော် အစ်မ ကတစ်ယောက်တည်းပေမယ့် ရှောင်ချီ့မှာနှစ်ယောက်ရှိတယ်”
သူမ ချင်ယိလက်မောင်းကို တွဲထားပုံကိုကြည့်ပြီး ဟန့်မြောင်ရွှမ်သည် ညည်းညူလေသည် “မင်းတော်တယ်”
“ဟီးဟီး” ရှောင်ချီသည် ဂုဏ်ယူစွာ ရယ်မောလေသည်။
“ကောင်းပြီ အကုန်လုံးထွက်လာပြီဆိုတော့ အကြွင်းအကျန်တွေဆီကို သွားရအောင် ဖန်အာအဲအထဲမှာပဲရှိသေးတယ် ထွက်မလာသေးဘူး ညီမ နည်းနည်းစိုးရိမ်နေတာ အဲဒီကိုသွားကြည့်ရအောင်” ရှီမာယူယူ ပြောပြီး ရှီချူးရှောင်တို့ဘက်လှည့်ကာ မေးလိုက်သည် “မင်းတို့ရောဘယ်လိုလုပ်မလဲ”
ရှီချူးရှောင်သည် ရှီချန်းကျိနှင့် ကျန်းကျူးရှန့်ကိုကြည့်ကာ ခဏမျှ တွေဝေပြီးပြောလေသည် “ငါတို့လည်း အကြွင်းအကျန်တွေကိုကြည့်ချင် တယ် အတူသွားရအောင် ဒီကျွန်းကနေထွက်မှပဲ လမ်းခွဲကြတာပေါ့”
“ကောင်းတယ် နှစ်ယောက်တည်းကျွန်းမှာသွားလာနေတာ အန္တရာယ် များတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ချင်ယိ စလိုက်ရအောင် ပြီးတာနဲ့ ငါတို့ထွက်သွားကြမယ်” ရှောင်ချီ သည် ချင်ယိကိုလွှတ်လိုက်သည်။
ချင်ယိ ခေါင်းညိတ်လိုက်သည်။ အားလုံးကိုထွက်သွားခိုင်းပြီး သူသည် လေထဲတွင် ပျံကာ လက်ကိုဝေ့ရမ်းလိုက်ရာ သူ့လက်ထဲမှ ရွှေရောင်အလင်း တန်းများဖြာကျကာ အသက်သစ်ပင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
“သူဘာလုပ်နေတာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“သူ သစ်ပင်ကိုသိမ်းနေတာ” ရှောင်ချီ ပြောလိုက်သည်။
“ဘာအတွက်လဲ”
“သိမ်းယူလာမှာလေ ချင်ယိက ရှောင်ချီတို့နဲ့လိုက်မှာ” ရှောင်ချီ ပြော လိုက်သည်။
“ဘာ သူက ငါတို့နဲ့လိုက်မှာလား”
“ဟုတ်တယ် ဘာလို့အဲလောက်တောင်အံ့သြနေတာလဲ” ဟန့်မြောင်ရွှမ် ထုံ့ထိုင်းသွားသည်ကိုမြင်သောအခါ ရှောင်ချီသည် ပါးစပ်ကိုလက်ဖြင့်ပိတ်ပြီး ရယ်လေသည်။
ဟီးဟီး အစ်မ ရှောင်ချီ့ကို အမြဲအနိုင်ကျင့်ခဲ့တာတွေတွေးပြီးတော့ ခဏ တော့ထိတ်လန့်ခိုင်းလိုက်မယ်။
သူမ အတွေးကို ခံစားမိသော ရှီမာယူယူသည်မတတ်သာပဲ နှုတ်ခမ်း ထောင့်မှာ မြင့်တက်သွားခဲ့လေသည်။
ဒီကောင်မလေးက ဘယ်တုန်း အနိုင်ကျင့်ခံရဖူးလို့လဲ။ အရင်ကတည်း က သူမကပဲ တခြားသူတွေကို အနိုင်ကျင့်တယ်ဆိုတာ ယုံမှားစရာတောင်မရှိ ဘူး။
“သူ.. ဘာလို့.. သူကဘာလို့ ငါတို့နဲ့လိုက်မှာလဲ” ရှီချန်းကျိနှင့် တခြား သူများလည်း တုန်လှုပ်သွားလေသည်။
ချင်ယိသည် အသက်သစ်ပင်ကို ကြုံ့ပြီး လက်ထဲထည့်လိုက်သည်။
“ပြီးပြီလား” ရှောင်ချီသည် သူ့ဘေးသို့ပျံလာသည်။
“အင်း” ချင်ယိသည် လက်ဖဝါးကိုဖြန့်ပြကာ အသက်သစ်ပင်သည် သူ့ လက်ဖဝါးထဲတွင် ရှိနေလေသည်။
“နင့်ရဲ့ပုံစံကဘာလို့အဲလောက်ချစ်ဖို့ကောင်းနေတာလဲ” ရှောင်ချီသည် လက်တစ်ဖဝါးစာ အသက်သစ်ပင်ကိုတွေကသောအခါ တအံ့တသြပြောလေ သည်။
“မင်းကြိုက်လား” ချင်ယိ မေးလေသည်။
“အင်း တကယ်ချစ်စရာကောင်းတယ် ငါ့ဟာထက်တောင် ကောင်းသေး တယ်” ရှောင်ချီ ပြောလိုက်သည်။
“ကြိုက်ရင် ဝတ်ထားလိုက် ဟုတ်ပြီလား”
“အင်း”
ချင်ယိသည် အစိမ်းရောင်ကြိုးလေးထုတ်ကာ ဖြတ်၍ချောမွေ့အောင် ဖြီးလိုက်သည်။ အစိမ်းရောင်ကြိုးဖြင့် သစ်ပင်ကိုဖောက်ပြီး လက်ဖြင့်ဖိလိုက် ရာ အသက်သစ်ပင်သည် ဆွဲသီးအသွင်ဖြစ်သွားလေသည်။
သူကိုယ်ကိုကိုင်းကာ ရှောင်ချီအား ဆွဲပေးပြီး နားရွက်နားသို့ နူးညံ့စွာ ပြောလေသည် “မင်းဘယ်သွားသွား ဝတ်သွားနော်”
ရှောင်ချီသည် ရင်ဘတ်မှ အသက်သစ်ပင်ကို အံ့အားသင့်စွာထိနေပြီး သူ၏ကြင်နာသောစကားလုံးများကို ကြားသောအခါ မသိမသာခေါင်းညိတ် လိုက်သည်။
“လိမ္မာတယ်” ချင်ယိသည် ရှောင်ချီ၏ နဖူးလေးကိုနမ်းလိုက်သည်။
“ငါပင်ပန်းပြီး စိတ်ရှုပ်နေပြီ ဆိုလိုတာက သူတို့နှစ်ယောက်ကအတူရှိနေ ပြီလား” ရှီချန်းကျိနှင့် တခြားသူများသည် မျက်လုံးများကိုပွတ်ကြည့်ကြလေ သည်။
ချင်ယိက သူတို့နောက်လိုက်ရုံတင်မကဘဲ ရှောင်ချီနဲ့လည်း အဆင်ပြေ နေသေးတယ်။ ဒီကမ္ဘာကြီးမှာ ဘယ်လိုတွေဖြစ်နေပြီလဲ။
ရှောင်ချီသည် ခေါင်းရမ်းရင်း ရယ်မောပြီး သူနှင့်ခွာလိုက်သည်။
ထင်ထားသည့်အတိုင်းပင်…
“အာ ချင်ယိ ဘာလို့အဲလောက် စိတ်တိုစရာကောင်းတာလဲ ငါ့ကိုအမြဲ ကလေးလိုဆက်ဆံတယ်” ရှောင်ချီသည် ချင်ယိ၏ ပခုံးကို အားအနည်းငယ် ထည့်ကာ တွန်းလိုက်သည်။
ဟိုစကားလုံး လိမ္မာတယ်ဆိုတာက ကလေးတစ်ယောက်ကိုပြောတဲ့ စကားမလား။
“ဟားဟား…” ချင်ယိသည် သူမလက်ကိုဖမ်းပြီး ကျေနပ်စွာရယ်မော လေသည်။
“အမလေး ဒါက ခုနတုန်းက အသက်သစ်ပင်နဲ့လုံးဝကွဲပြားနေပြီ” ရှီချူးရှောင် ရေရွတ်လိုက်သ်ည။
အစောပိုင်းကချင်ယိသည် လူတစ်ယောက်ပြီးတစ်ယောက် သတ်ထား ကာ သူ၏ လျစ်လျူရှုမှုကို အားလုံးအဝေးမှ ခံစားမိလေသည်။
ပြီးတော့ သူတို့ရှေ့ကလူကကျ နူးနူးညံ့ညံ့ကိုပြုံးနေလိုက်တာများ… သူက အရင်ကလူရောဟုတ်သေးရဲ့လား။
“သွားမယ်” ရှီမာယူယူသည် ရှောင်ချီနှင့် တခြားသူများကို လက်ရမ်းပြ ကာ ဟာစွန်အားဆင့်ခေါ်ပြီး ပျံခဲ့လိုက်ကြသည်။
“အကြွင်းအကျန်တွေက ဘယ်မှာလဲဆိုတာ သိလား” ချင်ယိသည် ရှောင်ချီကိုလွှတ်ပြီး လက်ကိုသာကိုင်ထားလေသည်။
“ငါ သူတို့ရှိတဲ့နေရာသိတယ်” ရှီမာယူယူသည် စက္ကူလိပ်ထုတ်ပြီး ကြည့်ရာ သူမ၏ မျက်ခုံများ မြင့်တက်သွားရသည်။
“ဘာဖြစ်တာလဲ ဂျူနီယာညီမလေး”
ရှီမာယူယူသည် လက်ထဲမှ စက္ကူလိပ်ကိုဝေ့ရမ်းလိုက်ရာ စက္ကူလပ်၏ ပုံရိပ်သည် လေပေါ်တွင် ပေါ်လာလေသည်။
“ဖန်အာနဲ့ တခြားသူတွေကိုရှာမရဘူး” ရှီမာယူယူ ပြောလိုက်သည်။
ဟန့်မြောင်ရွှမ်သည် ထိုပုံရိပ်တစ်ခုလုံးကိုကြည့်လိုက်ရာ အမှန်တကယ် ပင် ရှီမန်ဖန်နှင့် တခြားသူများကို ရှာမရပေ။
ချင်ယိနှင့် ရှောင်ချီတို့ပျံလာပြီး စက္ကူလိပ်ကိုကြည့်ကာ ပြောလေသည် “အဲဒါက တားမြစ်နယ်မြေပဲ ဒီမှာတော့ပြမထားဘူး”
“ဒါဆိုရင် အကြွင်းအကျန်တွေဆီသွားပြီး ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။
“ချင်ယိ နင်ဒီမှာနေလာတာကြာပြီဆိုတော့ အကြွင်းအကျန်တွေက ဘယ်မှာလဲဆိုတာ သိလား” ရှောင်ချီ မေးလိုက်သည်။
ချင်ယိ ခေါင်းညိတ်လိုက်သည်။ သူသည် ထိုနေရာကို အမှန်တကယ်ပင် သိထားသည်။
“မင်းတို့ကိုအဲဒီကိုခေါ်သွားမယ်”
သူသည် လေထဲတွင် စက်ဝိုင်းတစ်ခုဆွဲရာ ရွှေရောင်စက်ဝိုင်းပေါ်လာ သည်။
“ဝင်ကြ”
ရှီမာယူယူသည် ချင်ယိကိုတစ်ချက်ကြည့်ပြီး ရွှေစက်ဝိုင်းထဲသို့ဝင်သွား ရာ သူမနောက်တွင် ဟန့်မြောင်ရွှမ်၊ ကျန်းကျူးရှန့်၊ စူးရှောင်ရှောင်နှင့် တခြား သူများလိုက်ဝင်ကြသည်။ သူတို့အားလုံးဝင်ပြီးသောအခါ ချင်ယိသည် ရှောင်ချီ၏လက်ကိုဆွဲကာ ဝင်လိုက်သည်။
သူတို့ကိုလေထဲသို့ ခေါ်ဆောင်သွားမည်ဟုထင်ထားကြသော်လည်း ချင်ယိရောက်လာသောအခါ ထိုရွှေစက်ဝိုင်းသည် မြေထဲသို့ဝင်သွားကာ လျင်မြန်သောအရှိန်ဖြင့် သွားလေသည်။ လမ်းတွင် သစ်ပင်အမြစ်များရှိရာ အမြစ်များသည် ကြိုပြီးလမ်းရှင်းပေးလေသည်။
***