သူမ မလုပ်နိုင်တာ တစ်ခုတော့ရှိသားပဲ
Vol. 80 Ch. 1119
ရှောင်ချီသည် ချင်ယိဘေးတွင်ထိုင်နေသည်။ သူမသည် မှောင်မည်းနေ သော ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်ရှုနေသည်။ “ချင်ယိ ဘာလို့ လေပေါ်ကမသွားဘဲ မြေအောက်ကသွားတာလဲ”
“တစ်ခါတလေ လေဟာပြင်တွေက အတူတူပဲလို့ထင်ရတယ် ဒါပေမဲ့ ပုံပျက်နေတယ် ငါတို့က တည့်တည့်လမ်းလျှောက်နေတယ်လို့ထင်ရပေမယ့် လမ်းလွဲသွားနိုင်တယ်လေ” ချင်ယိ ရှင်းပြလေ၏ “ပြီးတော့ ငါက မြေပြင်နဲ့ပိုပြီး ရင်းနှီးတယ် ငါတို့မြေပေါ်မှာလျှောက်ရင် ဘယ်နေရာရောက်နေလဲဆိုတာ ငါ ပြောနိုင်တယ်”
“အဲလိုကိုး”
အားလုံး၏ သံသယများရှင်းသွားကြလေသည်။ သို့သော် သူ့ကို သည်လောက်ဇီဇာကြောင်သည့် အကျင့်ရှိမည်ဟု သူတို့မထင်ထားကြပေ။
တခြားသူများ မသိသော်လည်း ဧကရာဇ်အဆင့်လူတစ်ယောက်၏ အကြွင်းအကျန်များသည် ရှာရန်မလွယ်သည်ကို ရှီမာယူယူသိထားသည်။ သူတို့သာ နေရာအနေအထားကိုပြောင်းချင်ပါက သူတို့အတွက် အလွယ် လေးပင်။
သူတို့ မြေအောက်တွင် ၅ရက် ၆ရက်ကြာ သွားနေရသည်ကို သူမ ခန့်မှန်းမိသည်။ ချင်ယိသည် သူတို့ကို မြေပြင်ရှိရာသို့ ပြန်ခေါ်သွားလေသည်။
သူလက်ဝေ့လိုက်သည်နှင့် ဝင်ပေါက်သည် ပျောက်ကွယ်သွားလေ သည်။
“ဒါအကြွင်းအကျန်တွေလား”
သူတို့ လှည့်ပတ်ကြည့်ရာ တစ်ဦးတစ်ယောက်မှ မတွေ့မိပေ။
“အခုက အကြွင်းအကျန်တွေရှေ့မှာရောက်နေတာ အကြွင်းအကျန် နေရာမှာ တားမြစ်နယ်မြေရှိတယ် ထပ်ပြီးဆင်းသွားမယ်ဆိုရင် အန္တရာယ်များ တယ်” ချင်ယိ ပြောလိုက်သည်။
ရှီမာယူယူသည် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ပတ်ပတ်လည်မှ ပန်းများနှင့် အပင်များသည် ထူထပ်နေတုန်းပင်။ ထိုအပင်များကို နင်းချေခံရ သည့်အရိပ်အယောင်မတွေ့ရသည်မှာ မကြာသေးမီက မည်သူမှရောက်လာ ခြင်းမရှိသည်ကို ညွှန်ပြနေသည်။
ဟန့်မြောင်ရွှမ်နှင့် တခြားသူများလည်း ထိုအရာကို သတိထားမိသည် “ဒီမှာဘယ်သူမှမရှိဘူး ငါတို့ကတကယ်ပဲအကြွင်းအကျန်တွေရဲ့အပြင်မှာ လား”
“ရောင်ဝါကတော့ ဟုတ်နေတယ်” ချင်ယိသည် စကားပြောပြီးသည်နှင့် ဘေးတွင် တိတ်ဆိတ်စွာပင် ရပ်နေလေသည်။
သူသည် သူတို့ကို သည်နေရာသို့ခေါ်လာသည်။ သို့သော် သူတို့ကို အမြဲတစေကူညီမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
သူ့ကို အရာအားလုံး ကူညီရန်မဖြစ်နိုင်ပေ။ သူအရင်ကပြောသလိုပင် ရှောင်ချီအန္တရာယ်မကျမချင်း သူ တခြားအရာများကို ဝင်ပါမည်မဟုတ်ပေ။
ရှီမာယူယူသည် ထိုအကြောင်းကိုသိသည်။ ထို့ကြောင့် သူတို့ကို သည်နေရာကိုခေါ်လာသည်ကိုပင် ချင်ယိကို ကျေးဇူးတင်မိသည်။
“အကြွင်းအကျန်နေရာက ဒီလောက်ကြီးတာ လူတွေက နေရာ အကုန်လုံးမှာရောက်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး” သူမ ပြောလိုက်သည် “ငါ ဒီနေရာက ပတ်ဝန်းကျင်ကိုအကဲခတ်ဖို့ ပျားတွေလွှတ်လိုက်မယ်”
သူမသည် နီရဲပျားရာချီကိုခေါ်ထုတ်ကာ လွှတ်လိုက်သည်။ တားမြစ် နယ်မြေသို့ရောက်သွားသည် ပျားတချို့မှာ သူမနှင့် ဆက်သွယ်မှု ပြတ်တောက်သွားလေသည်။
“အားကောင်းလိုက်တဲ့ တားမြစ်နယ်မြေပဲ” ရှီမာယူယူ အသက်ရှုထုတ် လိုက်သည်။
“ဘာဖြစ်တာလဲ”
“တားမြစ်နယ်မြေက တကယ်ပဲဆက်သွယ်မှုပြတ်သွားတာပဲ” ရှီမာယူယူ ပြန်ဖြေလေသည် “ပျားတွေက နီရဲပျားဘုရင်မနဲ့ သခင်ကျွန် စာချုပ် ရှိပြီး အများထဲက တစ်ကောင်ဖြစ်နေလို့ဖြစ်မယ် အဲဒါကြောင့် ညွှန်ကြားမှုက မခိုင်မာလို့ ဆက်သွယ်မှုကိုတားလိုက်တာပဲ”
“ဧကရာဇ်အဆင့်ဆိုရင်တောင်လုံလောက်နေပြီ အကြွင်းအကျန်ရဲ့ တားမြစ်နယ်မြေတောင်မှ ဒီလောက်အားကောင်းနေတာ” ရှီချန်းကျိ သက်ပြင်း ချလိုက်သည်။
“သူ့ပစ္စည်းဖြစ်ဖြစ် အမွေခံပစ္စည်းဖြစ်ဖြစ်ရနိုင်မယ်ဆိုရင် ကောင်းမှာပဲ” ဟန့်မြောင်ရွှမ်သည် ကြေညာလေသည်။
“တကယ်တော့ ဒီမှာဘာမှမကျန်ခဲ့ဘူး” ချင်ယိသည် ရုတ်တရက် ပြော လာသည် “ထာဝရရှင်သန်သူနယ်မြေက အကြိမ်ပေါင်းများစွာဖွင့်ပြီးနေပြီ ရှိနေတဲ့ပစ္စည်းတွေလည်း ယူသွားပြီးနေပြီ”
“အဲအကြောင်းကိုလည်း သိထားတာလား”
“အရင်က ဒီကိုလူတွေအများကြီးလာဖူးတယ် အဲဒါတွေကြားခဲ့ရတာပဲ”
“ဒါပေမဲ့ အကြွင်းအကျန်နေရာက ဒီလောက်ကြီးတာ အကုန်လုံးတော့ ယူသွားခံရတာကမဖြစ်နိုင်ဘူးမလား ပိုက်ကွန်ထဲက လွတ်တဲ့ငါးတော့ရှိမှာပဲ လေ” ရှီချန်းကျိ ပြောလိုက်သည်။
“မင်းထက် သန်မာတဲ့လူအများကြီးရှိတယ်”
ချင်ယိ ပြောသောစကားမှာနားဝင်မချိုသော်လည်း မှန်နေသည်။
“သူတို့အားလုံး အားကောင်းကြတယ် ဟုတ်လား လူတိုင်းတော့မဟုတ် ဘူးထင်တာပဲ”
“ထာဝရရှင်သန်သူနယ်မြေက ဒီဝိညာဉ်လောကမှာ အကန့်အသက်မရှိ ဘူး တခြားနေရာကလူတွေက ဒီဝိညာဉ်လောကထက် ပိုအားကောင်းတယ်” ချင်ယိ ပြောလေသည်။
သို့သော် နိယာမသဘောတရားကိုနားလည်သည့် ထိုအရည်အချင်းရှိ လူများသည် တခြားနေရာများထက် သာလွန်လေသည်။
“တခြားဝိညာဉ်လောကဟုတ်လား”
“ဒီကမ္ဘာမှာ ဒီနေရာကတစ်ခုတည်းမဟုတ်ဘူး ကမ္ဘာတစ်ခုလုံးက အဆုံးအစမရှိကြီးတယ် ဘယ်လောက်ရှိလဲဆိုတာ ငါတောင်မသိဘူး” ချင်ယိ ပြောလေသည်။
“ရပါတယ် နောက်ကို ငါနင့်ကိုကမ္ဘာလှည့်ဖို့ခေါ်သွားမယ်” ရှောင်ချီ သွားဖြဲလေသည်။
“အင်း” ချင်ယိ ပြုံးလိုက်ရာ ရှောင်ချီကိုအံ့သြသွားစေသည်။
သူတို့သည် ဝင်ပေါက်ကိုကြည့်ရင်း စောင့်ကြလေသည်။ တစ်ရက်ကျော် အကြာတွင် နီရဲပျားများသည် သတင်းများဖြင့်ပြန်ရောက်လာသည်။
ရှီမာယူယူသည် သတင်းများကို အကျဉ်းချုပ်လိုက်သည် “အခု ငါတို့က အကြွင်းအကျန်တွေရဲ့အရှေ့ဘက်မှာရောက်နေတယ် ဖန်အာနဲ့ တခြားသူ တွေပျောက်တဲ့နေရာနဲ့အနီးဆုံးပဲ ဒီနေရာက အတင်းကြပ်ဆုံးတားမြစ် နယ်မြေလို့ပြောတယ် အဲဒါကြောင့် ဒီနေရာမှာဝင်တဲ့သူနည်းတယ်”
“ဟုတ်နေပြီ ရှောင်ချီတို့ပစ္စည်းတွေ ဘယ်သူမှလုမှာမဟုတ်ဘူး” ရှောင်ချီ ပြောလိုက်သည်။
“ငါတို့ဝင်ချင်တယ်ဆိုရင် အရင်ဆုံးတားမြစ်နယ်မြေကိုဖျက်ဝင်ရမယ်” ရှီချန်းကျိ ပြောလိုက်သည် “အားကောင်းလေလေ ဖျက်ဖို့ပိုခက်လေလေပဲ”
“အရမ်းမခက်လောက်ဘူးလား” ရှောင်ချီသည် တားမြစ်နယ်မြေ အကြောင်းသိပ်မသိပေ။ သို့သော် သူမသည် ရှီမာယူယူနှင့် အဖွဲ့၏ အမူအရာ ကိုကြည့်ပြီး လွယ်ကူသည်မဟုတ်သည်ကို သိလိုက်သည်။
ထို့အပြင် ကျန်းကျူးရှန့်၊ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် အဂ္ဂိရတ်ပညာရှင်များဖြစ်ကာ ရှီချန်းကျိသည် အဂ္ဂိရတ်ပညာရှင်နှင့် အဆိပ် သခင်ဖြစ်ပြီး ရှီချူးရှောင်သည် ကျွမ်းကျင်သူမဟုတ်ပေ။ ထို့ကြောင့် သူတို့ သည် တားမြစ်နယ်မြေကို ဖျက်ရာတွင် မကောင်းလှပေ။
ရှောင်ချီကတော့ မှီခိုဖို့မဖြစ်နိုင်ဆုံးသူဖြစ်သည်။
ထို့ကြောင့် ရှီမာယူယူသည် တားမြစ်နယ်မြေကို သူမဘာသာ ဖျက်ရ မည်ဖြစ်သည်။
သို့သော်….
“ယူယူ အရင်ကတားမြစ်နယ်မြေကိုဖျက်ဘူးလား”
“မဖျက်ဖူးဘူး” ရှီမာယူယူ၏ အဖြေသည် အားလုံးအား ဆို့နင့်သွားစေ သည် “ဒါပေမဲ့ တားမြစ်နယ်မြေက ဝိညာဉ်အတားအဆီး မဟုတ်ရင် တည်ဆောက်မှုတွေနဲ့ တူပါတယ် အဲလောက်မခက်လောက်ဘူးမလား”
“ဟုတ်မှာပေါ့”
သို့သော် ရလဒ်ကတော့…
“ယူယူ ဒီလောက်ရက်တွေကြာအောင်လေ့လာနေတာ အဖြေရှာလို့ မတွေ့သေးဘူးလား” ရှောင်ချီသည် ရှီမာယူယူဘေးတွင် ဆောင့်ကြောင့်ထိုင် ကာ မြေပေါ်တွင် သူမ ပုံဆွဲနေသည်ကို ကြည့်လေသည်။
“အခုထိမရသေးဘူး” ရှီမာယူယူသည် လက်ထဲမှ သစ်ကိုင်းကိုပစ်ကာ သက်ပြင်းချလေသည် “တားမြစ်နယ်မြေက အဲဒါတွေနဲ့နည်းနည်းတူပေမယ့် နည်းလမ်းရှာမတွေ့ဘူး”
“ယူယူတောင်မလုပ်နိုင်တာ သူတို့ဘယ်လိုလုပ် ဝင်ဖို့နည်းလမ်းရှာတွေ့ တာလဲ” ရှောင်ချီ မေးလိုက်သည် “တားမြစ်နယ်မြေကို အသည်းကွဲ တောင်ကြားကလူတွေက ဖျက်တာမဟုတ်ဘူးမလား”
“သူတို့မဖျက်ဘူး ဒါပေမဲ့…”
“ဒါပေမဲ့ ဘာဖြစ်မလဲ”
ရှီမာယူယူသည် တစ်စုံတစ်ယောက်ကိုတွေးမိလိုက်သည်။ သူတို့မလာ ခင်တွင် ရှီမန်လီကို လူတိုင်းနှင့်လိုက်ရန် ခေါ်ထုတ်ခဲ့သည်။ နောက်တွင် ရှီမန်ဖန်ထွက်သွားချိန်တွင် ရှီမန်လီသည် သူနှင့်လိုက်သွားခဲ့သည်။ ဖြစ်နိုင် သည်မှာ တားမြစ်နယ်မြေကို… ဖွင့်သည်မှာ သူမ ခန္ဓာကိုယ်ထဲက အရာနှင့် ဖွင့်ခဲ့ခြင်းဖြစ်နိုင်သည်။
သူမ ဘာကြောင့်မှန်းမသိ ထိုဖြစ်နိုင်ချေမှာမြင့်နိုင်သည်ဟု ခံစားမိနေ သည်။ ထိုသည်မှာ ရှီမန်ဖန်နှင့် တခြားသူများ တားမြစ်နယ်မြေသို့ဝင်နိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းဖြစ်လိမ့်မည်ဟု ထင်နေမိသည်။
“ဒါဆို အခုဘာလုပ်ကြမလဲ”
“အကြွင်းအကျန်နေရာကိုသွားလို့ရမယ့် နေရာရှာရမှာပေါ့” ရှီမာယူယူ အကြံပေးလေသည်။
အလုပ်မဖြစ်လျှင် သူတို့်သည် တခြားနေရာများကို ကြိုးစားကြည့်ရမည်။ နည်းလမ်းတစ်ခုတော့ တွေ့ရင်တွေ့နိုင်ပေမည်။
“ကောင်းပြီ”
နှစ်ရက်ကြာ ခရီးထွက်ပြီးနောက် တောင်ဘက်ရှိ တောင်အနားသို့ ရောက်လာကြသည်။ ထိုနေရာသည် အရင်က တားမြစ်နယ်မြေဖျက်ထား သော နေရာဖြစ်သည်။
ထိုနေရာတွင် လူပိုများကာ မကြာခင်တွင် လူများနှင့်တွေ့ဆုံကြလေ သည်။
ကံကောင်းစွာပင် ချင်ယိသည် ရုပ်ပြောင်းထားသည်။ မဟုတ်လျှင် သူ့ကို မှတ်မိသွားကြပေမည်။
သို့သော် ရှီမာယူယူ၊ ဟန့်မြောင်ရွှမ်နှင့် တခြားသူများရှိသောကြောင့် အာရုံစိုက်မှုကိုခံရလေသည်။ မကြာမီတွင် အကြွင်းအကျန် အထဲနှင့် အတွင်း နေရာများမှလူများသည် သူမ ထိုနေရာသို့ရောက်လာသည်ကို သိသွားကြ လေသည်။
ရှီမာယူယူ သွားသည့်နေရာတိုင်းတွင် ဝိုင်းကြည့်သည့်အဖွဲ့များရှိစမြဲ ပင်။ ထိုအခါမှပင် သူမသည် မည်မျှနာမည်ကြီးကြောင်းသိလိုက်ရလေသည်။
ကံမကောင်းစွာပင် သူမသည် ထိုကဲ့သို့ဆက်ခံရသည်ကို မနှစ်သက်လှ ပေ။
သို့သော် ထိုအရာသည် သူမကို အကျိုးအမြတ်ယူဆောင်လာပေးပြန် သည်။ သူမသည် အသည်းကွဲတောင်ကြားမှလူများကို လာရှာသည်ကို ထိုလူ များသိကြသည်။ သူတို့သည် ရှီမန်ဖန်နှင့်အဖွဲ့အကြောင်း သတင်းများပေးကြ လေသည်။
တစ်ချိန်တည်းမှာပင် အသည်းကွဲတောင်ကြားမှလူများသည် တားမြစ် နယ်မြေကို မဖျက်ဘဲဝင်သွားနိုင်ကြောင်း သူမခန့်မှန်းချက်ကို အတည်ပြုနိုင် ခဲ့သည်။ အထဲမှပစ္စည်းသည် အမှန်တကယ်ပင် ရှီမန်လီနှင့် ဆက်နွယ်မှုရှိနေ သည်။
***