← Chapters

ရွှမ်းချုံဟော်အား ပြန်တွေ့ခြင်း

Vol. 80 Ch. 1120

ရွှမ်းချုံဟော်အား ပြန်တွေ့ခြင်း

Vol. 80 Ch. 1120

ထိုလူသည် ထိုစဉ်က တားမြစ်နယ်မြေအပြင်ဘက်တွင် ရှီမန်ဖန်နှင့် အဖွဲ့ ပိတ်မိနေကြောင်းပြောပြခဲ့သည်။ သူတို့ ထွက်သွားတော့မည်အပြုတွင် အမျိုးသမီးငယ်တစ်ယောက်သည် ရှီမန်ဖန်ကိုပြောခဲ့သည် “အစ်ကို၂ အထဲ မှာရတနာတွေအများကြီးရှိတာ ညီမခေါ်သွားပေးမယ်” ရှီမန်ဖန်ကို အစ်ကို၂ ဟုခေါ်သူမှာ ရှီမန်လီတစ်ယောက်သာရှိသည်။ ပြီးနောက် ရှီမန်လီ၏ အကြီးဆုံးလျှို့ဝှက်ချက်မှာ သူမ ခန္ဓာကိုယ်ထဲမှ အလုံးလေးဖြစ်သည်။

အလုံးလေးသည် သူမအသက်ကို လွန်စွာမှ တန်ဖိုးတာထားလေသည်။ ထိုအရာသည် ရှီမန်လီ၏ သေရေးရှင်ရေးနှင့် ပတ်သတ်နေသဖြင့် ဆော့ကစားသလို ဆက်ဆံမည်မဟုတ်ပေ။

ထိရှုထောင့်မှကြည့်လျှင် ရှီမန်ဖန်နှင့် တခြားသူများသည် ယခုအချိန် တွင် အန္တရာယ်မများပေ။

ထိုအကြောင်းကိုအတည်ပြုပြီးနောက် ရှီမာယူယူ၏ စိတ်များပိုချသွား သည်။

သူတို့သည် အကြွင်းအကျန်များကို စတင်ရှာဖွေပြီး ကျန်ခဲ့သော ပစ္စည်း များကို ကောက်ယူရန်ဟန်ပြင်ကြလေသည်။ သို့သော် လှည့်ပတ်လျှောက် ပြီးနောက်တွင် အရင်ကလာခဲ့ကြသောသူများသည် လယ်ကွင်းတွင် ကျိုးကောင်သန့်ရှင်းရေးလုပ်ထားသလို သိမ်းယူခဲ့ပြီးဖြစ်သည်ကို သိလိုက်ရ သည်။

သူတို့ ထွက်သွားတော့မည့်ဆဲဆဲတွင် ရှီမာယူယူသည် ရှီမန်ဖန်ကို အကူအညီလိုပါကပြောရန် ပေးလိုက်သော သားအမိ ကျောက်တုံးမှ လှုပ်ခါမှုကိုခံစားမိလေသည်။

“ဖန်အာတို့တစ်ခုခုဖြစ်နေပြီ” သူမသည် ဘေးမှလူများကိုပြောလိုက် သည်။

“ဘယ်လိုလုပ်သိတာလဲ”

သူတို့သည် အပြင်လောကနှင့် ဆက်သွယ်၍မရနိုင်ပေ။

ရှီမာယူယူသည် သားအမိကျောက်တုံးကိုထုတ်လိုက်သည်။ တုန်ခါမှု  သည် လုံးဝပျောက်ကွယ်သွားခြင်းမရှိသေးပေ။

“ဖန်အာနဲ့ တခြားသူတွေက အထဲရောက်တောကြာနေပြီ အပြင်နဲ့ အတွင်းက ဆက်သွယ်မှုပြတ်နေတယ်ဆိုတာ သိရမယ် အရေးမကြီးဘူးဆိုရင် သားအမိကျောက်သုံးပြီးဆက်သွယ်မှာမဟုတ်ဘူး ခဏလေးဆိုပေမယ့် အဲဒါ က ငါ့ကိုအချက်ပေးလိုက်တာပဲ”

“သူတို့ဝင်သွားတဲ့နေရာနဲ့ မဝေးဘူးဆိုတော့ မြန်မြန်ရှာကြည့်ရအောင်” ကျန်းကျူးရှန့်ပြောလိုက်သည်။

“အင်း”

သူတို့သည် ရှီမန်ဖန်နှင့် တခြားသူများ ပျောက်သွားသည့်နေရာကို တစ်လျှောက်လုံးရှာကြလေသည်။ သူတို့သည် လေဟာပြင်အတက်အကျဖြစ် သွားသည်ကို သိလိုက်ရသည်။

“တစ်ယောက်ယောက်က တားမြစ်နယ်မြေကိုဖျက်နေတယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“သွားကြည့်ရအောင်”

သူတို့သည် ချောက်ဆီသို့သွားရာ ခြံဝန်းကျယ်တစ်ခုကိုတွေ့လေသည်။ အပြင်တွင် လူတစ်စုစောင့်နေကြသည်။

“သူတို့က တားမြစ်နယ်မြေကိုမတိုက်ဘူးပဲ” ဟန့်မြောင်ရွှမ် လေသံဖြင့် ပြောလေသည်။

“အထဲကနေ တစ်ယောက်ယောက်ထွက်လာတာဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဘယ်သူလဲကြည့်ကြတာပေါ့”

တားမြစ်နယ်မြေသည် ပျက်စီးခြင်းမရှိပေ။ ထိုအရာမှာ ထိုလူသည် တားမြစ်နယ်မြေကို လျစ်လျူရှုနိုင်သည့်လူဖြစ်ကြောင်းကို ညွှန်ပြနေသည်။

သူမသည် အပြင်မှလူများ၏ အဝတ်ကိုကြည့်ပြီး အထဲမှလူကို ခန့်မှန်း ကြည့်မိသည်။

ခဏအကြာတွင် ရွှမ်းချုံဟော်သည် ခြံဝန်းထဲမှထွက်လာသည်။ သူသည် ချက်ချင်းပင် ရှီမာယူယူ၏ ရောင်ဝါကိုခံစားမိသည်။ သူသည် သူမ ရှိရာဘက်သို့ကြည့်လိုက်သည်။

“သခင်လေး” ရွှမ်းချုံမိသားစုမှလူများ စုဝေးလာသည်။

“သခင်လေး ဉာဏ်အလင်းကအောင်မြင်သွားပြီလား”

“သခင်လေး အထဲမှာ…”

ရွှမ်းချုံဟော်သည် ဆက်မပြောရန် လက်ထောင်လိုက်သည်။

သူသည် သူတို့နောက်မှလူကိုကြည့်နေသည်ကို သူတို့ သတိထားမိလိုက်သည်။ နောက်ပြန်လှည့်ကြည့်သောအခါ ရှီမာယူယူနှင့်အဖွဲ့ ကိုသတိထားမိလိုက်သ်ည။

ရွှမ်းချုံဟော်သည် ဘီးတပ်ကုလားထိုင်ကို ပုတ်လိုက်ရာ ဘီးတပ်ကုလားထိုင်သည် မြေပေါ်မှကြွကာ ရှီမာယူယူအဖွဲ့ရှေ့သို့ တိုက်ရိုက် ရောက်လေသည်။

ရှီမာယူယူ လျှောက်လာသည်။ “ရွှမ်းချုံ ရှင်လည်းဒီရောက်နေမယ်လို့ မထင်ထားဘူး”

“မင်းက မိန်းကလေးဆိုတာကိုကြားတော့ ငါ နည်းနည်းအံ့သြသွားသေး တယ်” ရွှမ်းချုံဟော် စပြောလေသည် “တကယ်ပဲ မျှော်လင့်မထားဘူးပဲ”

ရှီမာယူယူ ရယ်လိုက်သည် “အဲဒီကနေထွက်လာတာပဲ ဘာပစ္စည်း ကောင်းတွေရခဲ့လဲ”

ရွှမ်းချုံဟော်သည် ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်ဖြေလေသည် “အမွေအနှစ် ပစ္စည်းတွေတချို့တော့ရှိတယ် ငါကံကောင်းပြီး တစ်ခု နှစ်ခု တော့ရခဲ့တယ်”

“အဲထဲကို တိုက်ရိုက်ပဲသွားနိုင်တာလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်”

“တားမြစ်နယ်မြေတိုင်းနဲ့အလုပ်ဖြစ်တာလား”

ရွှမ်းချုံဟော်သည် ပါးနပ်သူဖြစ်သည်။ သူချက်ချင်းပင် သူမအတွေးကို နားလည်လိုက်သည်။

“မင်းက တောင်ကြားခေါင်းဆောင်ကိုရှာချင်တာလား” သူ မေးလိုက် သည်။

“အင်း သူအကူအညီတောင်းတာကိုအခုပဲ ရတယ်၊ အထဲမှာ အန္တရာယ် များတာတစ်ခုခုတော့ဖြစ်နေပြီ” ရှီမာယူယူ မေးလိုက်သည် “ကျွန်မတို့အထဲ ဝင်ဖို့ကိုကူညီပေးနိုင်မလား”

“ကူညီပေးနိုင်ပါတယ် ဒါပေမဲ့…” ရွှမ်းချုံဟော် တွေဝေနေသည်။

“ဒါပေမဲ့ ဘာလဲ”

“လူတွေကိုဝင်ပြီးထွက်လို့ရတဲ့ ပစ္စည်းရှိတယ် ဒါပေမဲ့ တစ်ယောက်ပဲ သုံးလို့ရမယ် မင်းကိုငါပေးလိုက်ရင်တောင် မင်းတစ်ယောက်ပဲဝင်လို့ရမယ်” ရွှမ်းချုံဟော် ပြန်ဖြေလေသည် “ဒါပေမဲ့ အထဲကအခြေအနေကဘယ်လိုရှိလဲ ဆိုတာ ဘယ်သူမှမသိဘူးလေ ဟုတ်တယ်မလား အသည်းကွဲတောင်ကြားက လည်းအကူအညီလိုတဲ့လူများနေတယ် မင်းဝင်သွားရင် အသုံးမဝင်ဘူး မင်းကိုယ်မင်း အန္တရာယ်ထဲဆွဲသွင်းသလိုဖြစ်လိမ့်မယ်”

“ကျွန်မကိုငှားပေးပါ” ရှီမာယူယူ ခေါင်းမာနေသည် “အဆင်ပြေမှာပါ”

“သေချာရဲ့လား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “သေချာပါတယ် ကူညီပေးပါ”

သူမ ခိုင်မာနေသည်ကို ရွှမ်းချုံဟော်မြင်လိုက်သည်။ သူသည် သစ်ရွက် နှင့်တူသော အရာလေးကိုထုတ်လိုက်သည်။ သူသည် သူလက်ကိုယူကာ လက်ဖဝါးပေါ်တင်လိုက်သည်။

“မင်း ထွက်လာတာမြင်ရဖို့မျှော်လင့်ပါတယ်”

ရှီမာယူယူ အရွက်ကလေးကိုထိလိုက်သောအခါ စိတ်သက်သာရာရမှု ကိုခံစားရလေသည် “ဒါဘာအရွက်လဲ”

“ဗောဓိအရွက် ဒီကမ္ဘာမှာ တစ်ခုတည်းသောအရာပဲ” ရွှမ်းချုံဟော် ပြန်ဖြေလေသည်။

ဗောဓိအရွက်ဟုတ်လား။ ဒီကမ္ဘာမှာ ဗောဓိအပင်တကယ်ရှိတာပဲ။

ဒဏ္ဍာရီများအရဆိုလျှင် ဗောဓိအပင်အောက်တွင် ဉာဏ်အလင်းရခြင်း သည် အကျိုးသက်ရောက်မှုတစ်ဝက်နှင့် ရလဒ်နှစ်ဆရနိုင်သည်။ ထိုသက်ရောက်မှုမှာလည်း အသက်သစ်ပင်ထက်မလျော့ပေ။

သို့သော် ဗောဓိအပင်အောက် ဉာဏ်အလင်းရခြင်းသည် ဗုဒ္ဓဘာဘာ နှင့် စပ်လျဉ်းနေသည်။ အသက်သစ်ပင်အောက် ဉာဏ်အလင်းရခြင်းသည် ပို၍ ဘဝနှင့်သက်ဆိုင်သည်။

အတိတ်များတွင် အသက်သစ်ပင်နှင့် ဗောဓိအပင်နှစ်ပင်လုံးသည် ဒဏ္ဍာရီလာအထွတ်အထိပ်အပင်များဖြစ်ကြသည်။ အခု သူမသည် အသက် သစ်ပင်ကိုမြင်ပြီးကာ ဗောဓိအရွက်ကိုလည်း မြင်ရလိမ့်မည်ဟု ထင်မထား ပေ။

သူမသည် ဗောဓိအရွက်ကို လက်ဖြင့်ကိုင်ထားပြီး “ကျွန်မထွက်လာရင် အတူသွားကြမယ် ရှင့်ကိုအကြွေးတင်မိပြီ”

“ငါအရင်ကပြောဖူးတယ်လေ ငါတို့က သူငယ်ချင်းတွေပဲ သူငယ်ချင်း တွေက လိုအပ်ရင် တစ်ယောက်နဲ့ တစ်ယောက်ကူညီရမယ်” ရွှမ်းချုံဟော် ပြောလိုက်သည်။

“ကောင်းပြီ” သူမ ခေါင်းညိတ်လိုက်သည်။ သူမ စိတ်ထဲတွင် ထိုသို့တွေး ထားပုံမရပေ။ သူ ဂရုမစိုက်ပေ။ ဒါပေမဲ့ သူမ ဘယ်လိုလုပ်မေ့နိုင်ရတာလဲ။

“အသည်းကွဲတောင်ကြားကလူတွေက တောင်ကြားနှစ်ခုကို ထွက်သွား ကြတယ်” ရွှမ်းချုံဟော် သတင်းပေးလေသည်။

“ဘယ်လိုလုပ်သိတာလဲ”

ရွှမ်းချုံဟော်သည် အနည်းငယ် ထိတ်လန့်ကာ “ငါ ဝင်လာတော့ မင်း အဖွဲ့ဝင်တွေအကြောင်းကြားခဲ့တယ် အဲဒါကြောင့် လူတွေကိုမေးထားတာ”

“ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ကျေးဇူးတင်လေသည်။

“ရပါတယ် ငါ မင်းကိုအဲဒီကိုခေါ်သွားပေးမယ်”

“ဒါဆိုရင် ရှင့်ကိုပဲဒုက္ခပေးရတော့မှာပဲ”

ရွှမ်းချုံဟော်သည် သူတို့ကိုခေါ်ပြီး နှစ်ပတ်မျှကွေ့ပြီးနောက်တွင် တောင်ကြားတစ်ခု သို့ရောက်လေသည်။ “ဒီမှာပဲ”

ရှီမာယူယူသည် နေရာအားစစ်ဆေးလိုက်သည်။ တောင်ထိပ်သည် မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်။ အထဲမှ အဖြစ်အပျက်ကိုမြင်ရန် မဖြစ်နိုင်ပေ။

“ဒီက အကန့်အသက်တွေက အရမ်းအားကောင်းတယ် အထဲမှာ ပို အန္တရာယ်ရှိနိုင်တယ် မင်းဂရုစိုက်ရမယ် မခံနိုင်တဲ့ အန္တရာယ်မျိုးနဲ့တွေ့ရင် ထွက်ခဲ့လိုက် အထဲမှာဘာရှိရှိ တားမြစ်နယ်မြေကနေထွက်မသွားနဲ့” ရွှမ်းချုံဟော် ပြောလိုက်သည်။

“သိပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူမသည် ဟန့်မြောင်ရွှမ်နှင့် အဖွဲ့ဘက်လှည့်လိုက်သည်။ “စီနီယာတို့ တခြားနေရာကို စစ်ကြည့်ချင်လား”

ဟန့်မြောင်ရွှမ်သည် ခေါင်းရမ်းလိုက်သည်။ “မင်းထွက်လာတာကို ငါတို့ စောင့်လိုက်မယ် အဲအချိန်မှာပဲ တားမြစ်နယ်မြေကိုဖွင့်လို့ရမယ့်နည်းလမ်းကို ရှာနေလိုက်မယ်”

“ကောင်းပါပြီ” ရှီမာယူယူ ပြောလိုက်သည်။ “ရှောင်ချီ…”

“ရှောင်ချီက ယူယူနဲ့ စာချုပ်ချုပ်ပြီးပြီလေ အဲတော့ ယူယူနဲ့လိုက်မယ်” ရှောင်ချီ ပြောဆိုလေသည်။ “ငါ့ကိုဒီမှာပဲစောင့်နေပါ”

“အကန့်အသက်တွေက ငါ့အပေါ်သက်ရောက်မှုမရှိဘူး” ချင်ယိသည် ရှောင်ချီနှင့်အတူသွားမည်ဟုအဓိပ္ပာယ်ဖြင့် ပြောလေသည်။

နှစ်ပေါင်း သောင်းချီခွဲခွာပြီးနောက်တွင် သူသည် သူမကို မျက်စိရှေ့မှ တစ်မိနစ်မှ အပျောက်မခံနိုင်ပေ။

***

All Chapters