← Chapters

ရုပ်ရှင်နဲ့ တယ်လီဗီးရှင်းမြို့တော် တည်ထောင်ခြင်း

Vol. 4 Ch. 51

ရုပ်ရှင်နဲ့ တယ်လီဗီးရှင်းမြို့တော် တည်ထောင်ခြင်း

Vol. 4 Ch. 51

ဝမ်ချုံးသည် အမိုက်စားပြိုင်ကားများစုဆောင်းခြင်းကိုဝါသနာပါသည့် ပြိုင်ကားဝါသနာရှင်တစ်ဦးဖြစ်သည်။ သူသည် ကားစုဆောင်းခြင်းကို ဝါသနာပါသော လူချမ်းသာများဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာကားအဖွဲ့အစည်းကိုလည်း ဝင်ရောက်ထားသည်။ထိုအဖွဲ့ထဲကိုဝင်ရန် မိမိ၏ စုဆောင်းထားသောကားများနှင့်ပတ်သက်ပြီး အခြားအဖွဲ့ဝင်များ၏ ထောက်ခံချက်လည်း လိုအပ်သည်။

ဝမ်ချုံး၏ ကားများက သတ်မှတ်ချက်နှင့် မကိုက်ညီခဲ့ပေ။ သို့သော် လွန်ခဲ့သော ခြောက်လက ကာ့နစ်ဆက် ကားကြောင့် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ထိုအဖွဲ့ထဲ ဝင်ရောက်နိုင်ခဲ့သည်။

ထိုကားအဖွဲ့အစည်းသည် အလွန်အာဏာရှိသည်။ ပါဝင်သောအဖွဲ့ဝင်များက သာမန်လူများမဟုတ်ပေ။ မည်သည့်ကားကုမ္ပဏီက ကားတစ်စီးထုတ်သောအခါ သူတို့က အရင်ဦးဆုံးသိခွင့်ရသည်။

လွန်ခဲ့သော ရက်အနည်းငယ်က Apollo Sun God မှ ကားအသစ်တစ်စီးထုတ်သည်ဆိုသော သတင်းကို ခပ်သဲ့သဲ့လေး ကြားမိသည်။ ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ထိုကားက လူတစ်ဦးအတွက် သီးသန့်ထုတ်ပေးခြင်းဖြစ်သည်။

ထိုကားမျိုးဆယ်စီးလောက်သာထုတ်မှာဖြစ်ပြီး ကနဦးအခွန်ငွေနှင့်ပင် ယွမ် သန်း ၄၀ ကုန်ကျလိမ့်မည်။

ထို့ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းသောအချက်မှာ ထိုသီးသန့် ဆယ်စီးသာထုတ်လုပ်ပေးသောကားသည် လူတစ်ဦးအတွက် သီးသန့်ထုတ်ပေးခဲ့သော ကားနှင့်မယှဉ်နိုင်သော အချက်ဖြစ်သည်။

ထိုကားအတွက် တရားဝင်မှာယူနိုင်သောအချိန်မှာ ဒီဇင်ဘာလဖြစ်သည်။ ယခုအခါမှာတော့ ထိုကားနှင့် ချွတ်စွပ်တူသောကားကို ဖန့်ကြွယ်ယွီ၏ ကားဂိုဒေါင်ထဲမှာ တွေ့ခဲ့ရသည်။

ဒါက ဘာသဘောလဲ!!

ဒါဆို ဒီကားကို ဖန့်ကြွယ်ယွီအတွက် သီးသန့်ထုတ်ပေးထားတာလား!!

သူက ဘယ်သူမှသူ့အကြောင်း တိတိကျကျမသိနိုင်တဲ့ လူမျိုးပါလား!!!

“မင်းကားက Sun God VEလား” သူက အဖြေကိုသိသော်ငြား ဖန့်ကြွယ်ယွီထံမှ အတည်ပြုချက်ကိုကြားလိုသဖြင့် မေးခဲ့သည်။

“ဟမ် ခင်ဗျား သိနေတာလား။ သူတို့ပြောတာတော့ ဒီကားမျိုးကို တရားဝင် မရောင်းချသေးဘူးဆိုပဲ”

“မဟုတ်မှလွဲရော မင်းက …..” ဝမ်ချုံးက ထပ်မေးရန် ဟန်ပြင်ပြီးမှ ထိုမေးခွန်းမျိုး မေးဖို့မလိုတော့ကြောင်း ခံစားမိသည်။ သေချာတာတော့ သူက အပိုလိုကုမ္ပဏီ၏ ပိုင်ရှင် သို့ အနည်းဆုံးတော့ အကြီးမားဆုံး ရှယ်ယာရှင်ကြီးဖြစ်ရမည်။

“ဘာပြောရမှန်းမသိတော့လို့ မင်းကိုဦးညွှတ်ပါရစေ” ဝမ်ချုံးက သူ၏ ပြိုင်ကားပေါ်မှာ ပစ်လဲချင်စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။

ဤကားဂိုထောင်ထဲတွင် အမိုက်စားပြိုင်ကားများ ဤမျှလောက်များမည်ဆိုတာ သိခဲ့ပါက သူ၏ ကာ့နစ်ဆက်ကားကို နေပူထဲရပ်ခဲ့ခြင်းက ပိုကောင်းပေဦးမည်။

“မဟုတ်တာ လုပ်ပြန်ပြီ။ လာ အထဲဝင်ပြီး စကားစမြည်ပြောကြတာပေါ့”

“ဘာလို့လောနေတာလဲ။ အိမ်ကိုရောက်တုန်းရောက်ခိုက်လေး လျှောက်ပြီး လှည့်ပတ်ကြည့်ပါရစေဦး”

ဖန့်ကြွယ်ယွီက သူ့အဖေထက်တောင် ပိုချမ်းသာပြီး ပိုပြီး အာဏာရှိမှန်းဝမ်ချုံးလက်ခံလိုက်ရတော့သည်။

ထိုကဲ့သို့ တွေးမိသောအခါ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လက်ခံလာနိုင်သည်။

“မင်းက ဂီတကိုလည်း ဝါသနာပါမယ်လို့ မထင်ခဲ့မိဘူး” သူတို့က ဧည့်ခန်းအတွင်းသို့ ရောက်လာသည်နှင့် စန္ဒရားက ဝမ်ချုံး၏ အာရုံကိုဖမ်းစားလိုက်နိုင်သည်။

သူက ဂီတနှင့် ပတ်သက်ပြီး သေသေချာချာမလေ့လာဖူးပေ။ တစ်ခါတစ်လေမှာ သူ၏ ကုမ္ပဏီမှာရှိနေသော အနုပညာရှင်များထံမှ ဂီတာတီးခြင်းနှင့် သီချင်းဆိုခြင်းကို သင်ယူဖူးသည်။

“ငါ ငယ်ငယ်တုန်းက မိဘတွေက စန္ဒရားနဲ့ တယောကို အတင်းသင်ခိုင်းလို့ပါ။ ဒါပေမဲ့ ခုတော့ သူတို့ကိုကျေးဇူးတင်ရမယ်။ သူတို့တွန်းအားသာမပါလျှင် ငါဒီလောက်တတ်မြောက်မှာမဟုတ်ဘူး”

“ဒီစန္ဒရားက အမိုက်စားပါလား။ ဒါလည်းပဲ စျေးကြီးတယ် မဟုတ်လား” ဝမ်ချုံးက စန္ဒရားကို ကိုင်ကြည့်သောအခါ ရှေးခေတ် အငွေ့အသက်များ ခံစားမိသည်။

“ဒါလည်း စျေးကြီးတာပေါ့။ ဒီစန္ဒရားကို ရှော့ပန်ကို ငါ့ဘိုးဘေးတွေက ဟိုးအရင်တုန်းထဲက လက်ဆောင်ပေးခဲ့တာ။ ရှော့ပန်သေပြီးတဲ့နောက်မှာ ဒီ စန္ဒရားကို ပြန်ပို့ပေးခဲ့တာ”

“ဟုတ်ပါတယ်။ သူဌေးတွေပြောတာဘာမဆိုဖြစ်နိုင်တယ်။ ယုံပါတယ်” ဝမ်ချုံးက မျက်လုံးကစားပြီး ဟိုဟိုဒီဒီကြည့်နေမိသည်။

ဒီစန္ဒရားက ကမ္ဘာမှာ ပထမဆုံးလို့ဘာလို့မပြောတာလဲ!!

ဖန့်ကြွယ်ယွီက ယခုအချိန်မှာ အလွန်ချမ်းသာလျှင်တောင်မှ ရှော့ပန်ဆုံးတာကြာပြီးဖြစ်တာမလို့ သူ၏ မိသားစုက ဟိုးအရင်ကတည်းက ချမ်းသာခဲ့တာလား!!

“ခင်ဗျား ယုံချင်ယုံ မယုံချင်လည်းနေပေါ့”

ဖန့်ကြွယ်ယွီက သူ့ကို တစ်ချက်လှမ်းကြည့်သည်။

သူက ပါဂဲ့နီနီ၏ တယောကိုမထုတ်ရသေးပေ။ သို့မဟုတ်ပါက ဝမ်ချုံးက သူညာပြောနေသည်ဟု သေချာပေါက်ထင်မြင်လိမ့်မည်။

“ထိုင်ပါဦး..တစ်ခုခုသောက်ပါ့လား”

“ကော်ဖီဆိုရပါပြီ..ကျေးဇူးပါ” ဝမ်ချုံးက ဆိုဖာပေါ်ထိုင်သည်။ သူထိုင်လိုက်သောအခါ နူးညံ့သောအထိအတွေ့ကြောင့် ထိုဆိုဖာလည်း သေချာပေါက် တန်ကြေးကြီးပေလိမ့်မည်။

“ကောင်းပြီ”

ဖန့်ကြွယ်ယွီက အိမ်တော်ထိန်းဆီ ဖုန်းဆက်သည်။

“အန်တီစု..အကောင်းဆုံး ကော်ဖီ နှစ်ခွက် ယူလာခဲ့ပေးပါဦး”

“ကဲ ရုပ်ရှင်အကြောင်း ပြောကြတာပေါ့” ဝမ်ချုံးက စီးပွါးရေးအကြောင်းပြောရန် စကားလမ်းကြောင်း စတင်လိုက်သည်။

“ဟုတ်ပြီ။ ခု လုပ်ငန်းက ဘယ်အဆင့်ရောက်နေပြီလဲ” ဟု ဖန့်ကြွယ်ယွီက မေးသည်။

“မူပိုင်ခွင့်တွေ လက်ဝယ်ထားရှိခွင့်တွေ ဝယ်ထားပြီးပြီ။ ပြီးတော့ ဟောလိဝုဒ်က အထူးပြုလုပ်ချက်အဖွဲ့ကိုလည်း ဆက်သွယ်ထားတယ်။ ရုပ်ရှင်ရိုက်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ထားပြီးပြီ။ ဒါပေမဲ့ ပါဝင်မဲ့ သရုပ်ဆောင်တွေ၊ ရိုက်မဲ့နေရာ နဲ့ ဒါရိုက်တာကို စဉ်းစားနေတုန်းပဲ”

“တစ်ခုခု အခက်တွေ့နေတာရှိလို့လား”

“အများကြီးရှိတယ်” ဝမ်ချုံးက သက်ပြင်းချသည်။

“မင်းက ရုပ်ရှင်မရိုက်ဖူးတော့ သိမှာမဟုတ်ဘူး။ နာမည်ကြီးမင်းသား မင်းသမီးငှါးက ဇာတ်ကားက ပေါက်မဲ့ ပုံဖြစ်နေတာ။ အဲ့လို ငှါးလိုက်ပြန်ရင်လည်း ဇာတ်ကားက အရည်အသွေးကျပြန်ရော”

ဝမ်ချုံးက အနုပညာလောကတွင် ဖြစ်ပျက်နေကျအမှန်တရားကို​ပြောနေခြင်းဖြစ်သည်။ အကုန်လုံးက ထိုကဲ့သို့ဖြစ်သည်ဟု မဆိုလိုပေ။

သို့သော် နာမည်ကြီး သရုပ်ဆောင်အများစုက အရည်အချင်းလည်းမရှိသလို သရုပ်ဆောင်လည်း ညံ့ကြသည်။ အဆိုတောင် သို့ ဂီတဘက်မှ ကူးပြောင်းလာသောသူများ၏ သရုပ်ဆောင်ညံ့ဖျင်းမှုအပေါ် ပရိတ်သက်များက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။

“မင်းအမြင်ကို အရင်ဆုံးသိချင်တယ်” ဝမ်ချုံးက ဖန့်ကြွယ်ယွီအား တစ်ချက်လှမ်းကြည့်သည်။

“ခင်ဗျားက ပိုက်ဆံရချင်တာလား ဒါမှမဟုတ် အနုပညာလက်ရာကောင်းကောင်း ချပြချင်တာလား”

“နှစ်ခုလုံးပေါ့” ဝမ်ချုံးက အနုပညာလက်ရာကောင်းလည်းဖန်တီးချင်သလို ပိုက်ဆံလည်းရချင်သည်။

“တကယ်တော့ အဲ့ဇာတ်လမ်းကို ဇာတ်လမ်းတွဲအနေနဲ့ပြတုန်းက ဘယ်မင်းသားမင်းသမီးက ဘယ်ဇာတ်ကောင်နဲ့ သင့်တော်လဲဆိုတာ ငါနဲ့ ငါ့သူငယ်ချင်းတွေပြောဖူးကြတယ်”

“ဆိုပါဦး”

“ရှောင်းယန်နေရာမှာဆို ဟူရီယောင်က အသင့်တော်ဆုံးပဲ” ဟူရီယောင်က ရှန်းရှဇာတ်လမ်းတွဲများစွာမှာ သရုပ်ဆောင်ဖူးသည့် အတွေ့အကြုံများစွာရှိပြီး အနုပညာသမ္ဘာရင့်သူလည်းဖြစ်သည်။ အသက်ကြီးသောကြောင့်မဟုတ်ဘဲ သူ၏ သရုပ်ဆောင်စွမ်းရည်က ထိပ်တန်းဖြစ်သည်။

ထို့ပြင် ယခုလက်ရှိ နာမည်ကြီးနေသော လူငယ်သရုပ်ဆောင်များတန်းတူ ကျော်ကြားသူတစ်ဦးလည်းဖြစ်တာမို့ သူ့ကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းပါက ပရိတ်သက်များစွာကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။

“ငါလည်း အဲ့လိုစဉ်းစားမိတယ်။ ဒါပေမဲ့ သူ့အခန်းက အများကြီးပြောင်းလဲသွားတာမို့ သူက လက်ခံပါ့မလားမသိ”

“ခင်ဗျားသူ့ကိုသာရအောင် ဆက်သွယ်ပါ။ ကျန်တာကျွန်တော့်တာဝန်ထားလိုက်”

သူ့မှာ ဝှက်ဖဲများစွာရှိနေသဖြင့် ဟူရီယောင်လက်ခံအောင် ပြောနိုင်မည်ဟု သေချာပေါက်ယုံကြည်သည်။

“ရှောင်းရွှင်းအာ နေရာမှာတော့ ငါတို့နှစ်ဦးလုံး အတွေးတူမယ်ထင်တယ်” သူတို့နှစ်ဦးတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးမိသည်။

ထိုနေရာအတွက် အသင့်တော်ဆုံးသူမှာ ရုပ်ရှင်ပရိတ်သက်များ၏ အသည်းစွဲ မင်းသမီး လင်းရောဟန် ဖြစ်သည်။

ဟူရီယောင် နှင့် လင်းရောဟန်သည် လွန်ခဲ့သောဆယ်နှစ်ခန့်က တစ်ခါ အတူတူသရုပ်ဆောင်ခဲ့ဖူးသည်။ သူတို့နှစ်ဦး၏ အတွဲညီညီ သရုပ်ဆောင်မှုက ဖန့်ကြွယ်ယွီတို့လို လူငယ်များ၏ ငယ်ဘဝအမှတ်တရကောင်းတစ်ခုအဖြစ် ကျန်ရစ်နေဆဲဖြစ်သည်။

သူတို့နှစ်ဦးသာ အတူတွဲပြီးရုပ်ရှင်ပြန်ရိုက်မည်ဆိုပါက အနုပညာလောကတစ်ခုလုံး အံ့အားသင့်ကြပေလိမ့်မည်။

သူတို့သည် အနုပညာလက်ရာကောင်းတစ်ခုကို ဖန်တီးချင်သဖြင့် ဇာတ်ဆောင်အတွက် သင့်တော်သည့် သရုပ်ဆောင်များကို သေသေချာချာ ရွေးချယ်ရမည်။

သို့သော် ဝမ်ချုံး စိုးရိမ်တာတစ်ခုရှိသည်။ သူတို့ရွေးချယ်ထားသော သရုပ်ဆောင်များသည် အသက်လည်းမငယ်သလို ပရိတ်သတ်လည်း အခိုင်အမာရှိသူများဖြစ်သောကြောင့် သူတို့၏ သရုပ်ဆောင်ကြေးကလည်း မနည်းလောက်ပေ။

တစ်ဘီလီယံသုံးစွဲမည်ဆိုသော ငွေပမာဏက နည်းနည်းအခက်တွေ့လာလိမ့်မည်။

“ငါ စိုးရိမ်တာတစ်ခုရှိတယ်။ နာမည်ကြီး မင်းသား/ သမီးတွေငှါးမယ်ဆို ပိုက်ဆံလောက်ပါ့မလား” ဝမ်ချုံးက စိုးရိမ်ပူပန်မိသည်။

“ငါတို့က ရုပ်ရှင်ရိုက်မယ့် ရိုက်ကွင်းနေရာတောင် သေချာမပြင်ရသေးဘူး။ နောက်ထပ်ကုန်ကျမှာတွေရှိသေးတယ်။ ပြီးတော့ ဟမ်ချန်မှာ ရိုက်ရက်ရမဲ့ အချိန်ဇယားကလည်း ကြပ်နေတာ။ ဒါကြောင့်မို့ ငါတို့မှန်းထားတဲ့အချိန်မှာ စပြီးရိုက်နိုင်ဖို့က အခက်တွေ့နေတာ။ ထပ်ပြီးတော့ ကုန်ကျစရိတ်ပိုက်ဆံတွေ ပိုလိုလာတယ်”

ရုတ်တရက်ဆိုသလို ဖန့်ကြွယ်ယွီတစ်ခုခုကို အမှတ်ရလာသည်။

သူက ပိုက်ဆံကိုဘယ်လိုကုန်အောင်သုံးရမလဲဆိုတာနှင့် ပတ်သက်ပြီး အခက်တွေ့နေတာမလား။

“ရုပ်ရှင်ရိုက်ကွင်းမရွေးရသေးဘူးမလား”

“ဟုတ်တယ်လေ ဘာလို့လဲ”

“ငါ့မှာအကြံရှိတယ်။ ငါတို့ ရုပ်ရှင်မှာပါမဲ့ ချင်ရှန်မြို့တို့၊ ယွင်လန်ဂိုဏ်းတို့၊ ငရဲမီးတောက်တောင်ကြားတို့လို နေရာ တွေကို အရင်ဦးဆုံးပြီးသလောက် တည်ဆောက်လိုက်ရင်ရော”

“တကယ်လုပ်ချင်တာလား”

“ငါတို့ ရုပ်ရှင်အတွက် ရိုက်ကွင်းနေရာတည်ဆောက်ကြစို့”

All Chapters