ဒါက အရမ်းနည်းလွန်းတဲ့ ပမာဏလို့ ထင်နေတာ
Vol. 4 Ch. 52
“မင်းတကယ်လုပ်မှာလား ရူးနေပြီလား” ဝမ်ချုံးသည် ဖန့်ကြွယ်ယွီ၏ ပြတ်သားသောအတွေးကြောင့် အံ့အားသင့်ရသည်။
ထိုကဲ့သို့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုတည်ဆောက်ရန် ပိုက်ဆံမည်မျှ ကုန်သလဲဆိုတာ သူမသိတာလား!!!
မြေဝယ်ခြင်းတစ်ခုတည်းနှင့်ပင် ကုန်ကျစရိတ်များစွာရှိသည်။ ထို့အပြင် ဆောက်လုပ်ရေးစရိတ်များပါ ထပ်ပေါင်းထည့်ပါက သူ၏ ဖခင်ဖြစ်သူ ဝမ်လင်းတောင်မှ ထိုကဲ့သို့ လုပ်ငန်းမျိုး မလုပ်ရဲပေ။
ဟမ်ချန်သည် ၁၉၉၆ခုနှစ်က တည်ထောင်ထားသော ဘီလီယံပေါင်းများစွာကုန်ကျသည့် ရုပ်ရှင်ရိုက်ကွင်းတစ်ခုဖြစ်သည်။ တဖြည်းဖြည်းနှင့် ထိုရိုက်ကွင်းနေရာကို ချဲ့ထွင်ရင်း တစ်ဆင့်ပြီး တစ်ဆင့်အဆင့်မြှင့်တင်လာခဲ့သည်။
ထို့ကြောင့် စုစုပေါင်းကုန်ကျစရိတ်သည် ဘီလီယံပေါင်းများစွာရှိလိမ့်မည်။
သာမန်ကုမ္ပဏီတစ်ခုအဖို့ ထိုမျှပမာဏကြီးကို မရင်းနှီးနိုင်ပေ။
“ငါ တကယ်ပြောတာ” ဖန့်ကြွယ်ယွီက ခပ်ပြတ်ပြတ်ပြန်ဖြေသည်။ သူ၏ ပိုင်ဆိုင်မှုများက အခုချိန်ထိ မလျော့သေးပေ။ ပိုက်ဆံကတဖြည်းဖြည်းနှင့် ပိုပြီးများပြားလာသည်။
ထို့ကြောင့် ထိုပိုက်ဆံကို ကုန်အောင်သုံးရန် နည်းလမ်းတစ်ခုမှာ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်ရန် ဖြစ်သည်။
“ဖန့်ကြွယ်ယွီ မင်းက ဒီကိစ္စကိုပေါ့သေးသေးမှတ်နေလား” ဟု ဝမ်ချုံးက ပြောသည်။
“ငါတွေးထားတာက ရှောင်ယန်းက သုံးနှစ်စာချုပ်ပြည့်တဲ့အထိ ရုပ်ရှင်ရိုက်မယ်။ နောက်ဆုံး ယွင်လန်ဂိုဏ်းရဲ့ တိုက်ပွဲနေရာမှာ အဆုံးသတ်မယ်။ အဲ့ထဲမှာ ကမ်မာ အင်ပါယာ နဲ့ တာကိုရယ်ကန္တာရနဲ့ နေရာအစုံလည်းပါမယ်။ ဒါတွေကို တည်ဆောက်ဖို့ဆိုတာ လုပ်ငန်းအကြီးကြီးဖြစ်မှာ”
“အဆောက်အဦးအားလုံးက ခေါင်မိုးအပြားနဲ့တည်ဆောက်တယ်ဆိုတော့ သိပ်မကြာဘူး။ ဒါပေမဲ့ ဆောက်လုပ်ရမဲ့နေရာကကြီးမားလွန်းတယ်။ ဆောက်လုပ်တဲ့ကာလကို လျှော့ချချင်တယ်ဆို အလုပ်သမားများများလိုအပ်မှာ။ အဲ့အတွက်လည်း ပိုက်ဆံအများကြီးကုန်မှာ”
“မင်းပြောတာနားထောင်ကြည့်တော့ ပိုက်ဆံကိစ္စက တိုင်ပတ်နေတာမလား” ဖန့်ကြွယ်ယွီက ကော်ဖီကိုတစ်ငုံသောက်ရင်းပြောသည်။
“သောက်ပါဦး။ ဒါက ကြောင်ကတိုးရဲ့ မစင်ကနေ လုပ်ထားတဲ့ကော်ဖီပါ။ ကော်ဖီ တစ်ပေါင်ကို
ဒေါ်လာသောင်းချီတန်တယ်”
“ပိုက်ဆံကိစ္စပဲဆိုတာတော့ ဟုတ်ပါတယ်။ ဒါက ပိုက်ဆံဘီလီယံနည်းနည်းပဲ ကုန်ကျမဲ့ အရာမဟုတ်ဘူး။ တစ်နှစ်အတွင်းပြီးချင်တယ်ဆို အနည်းဆုံး ယွမ် ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့လိုတယ်”
ဝမ်ချုံးတို့ တစ်မိသားစုလုံး၏ ပိုင်ဆိုင်မှုပမာဏသည် အိမ်၊ ကားနှင့် အခြားရွှေ့ပြောင်းမရသော ပိုင်ဆိုင်မှုများ ဖယ်ပါက ယွမ် ၃၀၀ ဘီလီယံပဲရှိသည်။
ထိုသို့ ရိုက်ကွင်းကြီးတည်ဆောက်ရန် ဝမ်လင်းဆိုလျှင်တောင်မှ ငွေကြေးအထောက်အပံ့များစွာ ယူရလိမ့်မည်။
“၅၀ ဘီလီယံ!!!” ဖန့်ကြွယ်ယွီက သက်ပြင်းချသည်။
“ခုတော့ ဘယ်လောက်မလွယ်လဲဆိုတာ မင်းသိပြီ မဟုတ်လား” ဝမ်ချုံးက သူ၏အမူအရာကိုကြည့်ပြီး ဖန့်ကြွယ်ယွီမှာလည်း ငွေကြေးအခက်အခဲရှိလောက်မည်ဟု ကောက်ချက်ချမိသည်။
“ဒါက အရမ်းနည်းလွန်းတဲ့ ပမာဏလို့ ထင်နေတာ”
၅၀ ဘီလီယံ ယွမ်သည် ဒေါ်လာ ဆယ်ဘီလီယံတောင်မရှိပေ။ သူ့နောက်မှာရှိတေသော လုပ်ငန်းများ၏ အနေအထားနှင့်ဆို ထိုပမာဏကို အများဆုံး သုံးလအတွင်း ပြန်ရှာနိုင်သည်။
တစ်နှစ်အတွင်းမှာ သူ၏ ရင်းနှီးမြှုပ်နှံမှုပမာဏက နည်းနေသေးသည်။
“ဘာပြောတယ်။ နည်းတယ်ဟုတ်လား” ဝမ်ချုံးက ဖန့်ကြွယ်ယွီ၏ မျက်နှာပေါ်သို့ ကော်ဖီများထွေးထုတ်မတတ် အံ့ဩမိသည်။
“ဒါက ၅၀ ဘီလီယံနော် သိန်း ၅၀၀လည်းမဟုတ်သလို၊ ၅ သန်းလည်းမဟုတ်ဘူး။ ဒါတောင်နည်းတယ် ထင်နေတုန်းလား”
“ငါ နောက်ပြောတာမဟုတ်ဘူး။ တကယ့်ကိုနည်းနေတာ” ဖန့်ကြွယ်ယွီက တွေးတောနေမိသည်။
“အကောင်းဆုံးပစ္စည်းတွေသုံးပြီး အတော်ဆုံးဒီဇိုင်နာနဲ့ ဆောက်လုပ်ရေးအဖွဲ့ကိုသုံးပါ။ အဖွဲ့တစ်ဖွဲ့နဲ့ မလောက်လျှင် နှစ်ဖွဲ့။ ဒါတောင် မလောက်သေးဘူးဆို လေးဖွဲ့သုံးပစ်။ တစ်နှစ်အတွင်း ဒီရုပ်ရုပ်မြို့တော်ကို တည်ထောင်နိုင်ဖို့က ငါ့ရည်ရွယ်ချက်ပဲ”
“မင်းတကယ်ရူးနေပြီပဲ။ ဒီလိုအနေအထားလိုချင်တယ်ဆိုဘအနည်းဆုံး ၁၀၀ဘီလီယံ သုံးမှရမှာ။ မင်းမှာ အဲ့လောက်ပိုက်ဆံရှိလို့လား”
“ငါ့မှာ အဲ့လောက်ရှိ မရှိဆိုတာ မင်းစိတ်ပူဖို့ မလိုပါဘူး။ တစ်ခုပဲမေးမယ်။ ငါ့မှာအဲ့လောက်ပမာဏရှိတယ်ဆို ရုပ်ရှင်မြို့တော်ဆောက်လုပ်ဖို့ မြေတို့ ဒီဇိုင်းတို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့ကို ခင်ဗျား စီမံခန့်ခွဲနိုင်လား”
“ပိုက်ဆံသာရှိမယ်ဆို ဘာမဆိုလုပ်နိုင်တယ်” ပိုက်ဆံက အရာရာမဟုတ်ဘူးဆိုသော်လည်း ဤကိစ္စမှာတော့ ပိုက်ဆံက ပြသနာအများစုကိုဖြေရှင်းပေးနိုင်မည်ဟု ဝမ်ချုံးယုံကြည်သည်။
“ဒါဆို ကိစ္စအားလုံးအဆင်ပြေမှာပါ။ အရင်ဆုံး သရုပ်ဆောင်တွေကို ရအောင်ဆက်သွယ်ပါ။ ကျန်တာ ငါ့ကိစ္စထားပါ”
“မင်းမှာ ၁၀၀ဘီလီယံရှိရောရှိလို့လား” ဟု ဝမ်ချုံးက မေးသည်။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်၏ ပိုင်ဆိုင်မှု အားလုံးပေါင်းလျှင်တောင်မှ ဒေါ်လာ ၁၀၀ဘီလီယံပဲရှိသည်။ ယွမ် ၁၀၀ ဘီလီယံသည် ဒေါ်လာ ၆၀ ဘီလီယံနှင့် ညီမျှသည်။ ထိုမျှလောက်ပမာဏကို ငွေသားအနေနှင့်ရှိနိုင်ပါ့မလား!!
“အကိုကြီးဝမ်” ဖန့်ကြွယ်ယွီက ဝမ်ချုံး၏ ပုခုံးကိုပုတ်သည်။ “ အကိုကြီးက ကျွန်တော့်ပိုင်ဆိုင်မှုတွေအကြောင်း ဘာမှ မသိပါဘူး။ ကျွန်တော်ပြောဖူးပါတယ်။ ကျွန်တော်ဘယ်လောက်ချမ်းသာလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင်မသိပါဘူးလို့။ ယွမ် ၁၀၀ဘီလီယံဆိုတာ တကယ့်ကိုများတဲ့ပမာဏပါ။ ဒါပေမဲ့ ကျွန်တော်ပိုင်ဆိုင်တဲ့ငွေကနေ တစ်နှစ်ထဲမှာ အဲ့ထပ်များတဲ့ပမာဏရှာနိုင်တယ်”
“မင်း…..” သူနှင့် ရင်းနှီးတာ သိပ်မကြာသေးသော ဖန့်ကြွယ်ယွီအကြောင်းပိုမိုပြီးနားလည်လာသည်။ ဖန့်ကြွယ်ယွီက ချမ်းသာသော်လည်း သူမှန်းဆနိုင်သည့်ပမာဏထက် ပိုမိုပြီး ချမ်းသာသောလူဖြစ်နေသည်။
ဖန့်ကြွယ်ယွီကို သူအထင်သေးမိသည်။ တစ်နှစ်အတွင်းရင်းနှီးမြှပ်နှံမှုတွေမှ တစ်ဆင့် ဒေါ်လာသန်းနှင့်ချီသည့် ပမာဏကို ရရှိနေသည်။
ဒါဆို သူ့ရဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေကရော!!!
သူ့မှာ ပိုက်ဆံဘယ်လောက်တောင် ရှိနေတာလဲ!!
သူပြောတာတွေသာအမှန်ဆို သူက ဖို့ဘ်စ် (Forbes) မဂ္ဂဇင်း၏ အချမ်းသာဆုံး လူစာရင်းတွင် ထိပ်ဆုံးနေရာမှာ အလွယ်လေး ရှိနိုင်သည်။
“မင်းတကယ်ပြောတာလား”
“တကယ်ပေါ့..မိသားစုဆီက အမွေဆက်ခံရရှိတဲ့ပိုက်ဆံတွေအပြင် ဘာမှမရှိဘူး။ ဒါကြောင့်မို့ ခင်ဗျားအကူအညီကိုလိုအပ်တယ်။ ဒီလိုလုပ်..ခင်ဗျားကို ရှယ်ယာ၁၀% ပေးမယ် ။ အဆင်ပြေလား”
“၁၀%” ထိုအရာသည် ဖန့်ကြွယ်ယွီက သူ့အား ၁၀ဘီလီယံ အလကားပေးသည်နှင့် ညီမျှသည်။ အနာဂတ်မှာရရှိမည့် ဝင်ငွေများမပါသေးပေ။
သူလုပ်ပေးရမှာက မြေဝယ်ပြီး အဆောက်အဦးများဆောက်ပေးရုံပဲဖြစ်သည်။ ဒီ့ထက်ပိုကောင်းသော အရာမရှိနိုင်ပေ။
“မလုံလောက်သေးဘူးလား”
“မဟုတ်.. မဟုတ်ပါဘူး” သူပိုင်ဆိုင်သမျှ ပေါင်းလျှင်တောင်မှ ၁၀ဘီလီယံမရှိပေ။
“ဒါက များလွန်းတယ်လို့ တွေးနေတာပါ။ မင်းအတွက် ငါက အလုပ်လုပ်ပေးစေချင်တာလား”
“အဲ့လိုပဲဆိုပါတော့။ ငါက ပိုက်ဆံစိုက်မယ်။မင်းက လုပ်အားစိုက်ရမယ်။ ငါတို့ အကျိုးတူပူးပေါင်းတာပဲလေ။ မင်းမလိုချင်ဘူးဆို မင်းငါ့ကိုမိတ်ဆွေလိုသဘောမထားဘူးလို့ မှတ်လိုက်မယ်”
“ကောင်းပြီ မင်းပြောတာတွေကို ငါသဘောတူတယ်” ဟု ဝမ်ချုံးက မဆိုင်းမတွပြန်ဖြေသည်။
ဤကဲ့သို့ အခွင့်အရေးဆိုတာ တစ်သက်မှာတစ်ခါပဲရသော ရခဲလှသည့် အရာတစ်ခုဖြစ်သည်။
သူသာလက်မခံခဲ့ပါက တစ်သက်လုံးနောင်တရပေလိမ့်မည်။ သူရိုက်ကူးရန် စိတ်အားထက်သန်နေသော ရုပ်ရှင်ကိုလည်း မြင်ချင်လှပြီဖြစ်သည်။
“ဒါနဲ့ အကိုကြီးဝမ်..ခုတလောရောင်းဖို့ပြင်နေတဲ့ မီဒီယာကုမ္ပဏီလေးဘာလေးရှိတယ်လို့ ကြားမိလား”
ဖန့်ကြွယ်ယွီက ရုတ်တရက် အတွေးပေါ်လာသည်။ ဝမ်ချုံး၏ အနေအထားနှင့် အဆက်အသွယ်နှင့်သာဆို ကုမ္ပဏီတစ်ခုရှာဖွေခြင်းက မခဲယဉ်းပေ။
“မင်းက အနုပညာလုပ်ငန်းကို စိတ်ဝင်စားလို့လား”
ဝမ်ချုံးက သူ့မှာ အနုပညာလုပ်ငန်းနှင့် ပတ်သက်ပြီး အဆက်အသွယ်မရှိတာ သိနေသည်။ သို့သော် တစ်စုံတရာကို သဘောပေါက်ဟန်ဖြင့် ဝမ်ချုံးပြုံးမိသည်။
“အဲ့လုပ်ငန်းကို ဗန်းပြပြီး အနုပညာရှင်တွေနဲ့ ခင်မင်ချင်လို့လား။ ဒါဆိုမလိုပါဘူး။ မင်း ခင်ချင်တယ်ဆို ငါ အနုပညာရှင်တွေနဲ့ မင်းကို မိတ်ဆက်ပေးမှာပေါ့”
“တော်စမ်းပါ။ ငါ့ကို အဲ့လိုလူမျိုးလို့ မင်းထင်နေလား။ အဲ့လို ကုမ္ပဏီမျိုး ရှိ/မရှိသာ ပြောစမ်းပါ” ဖန့်ကြွယ်ယွီစိတ်မရှည်နိုင်တော့ပေ။
“ရှိတော့ရှိတယ်။ ရှားတယ်” ဟု ဝမ်ချုံးပြန်ဖြေသည်။
“ဘာလို့လဲဆို ခုတလော ကိုရီးယားအနုပညာလောကက ဒီဘက်ထဲ ထိုးဖောက်လာတာမို့ ငါ့အသိမိတ်ဆွေတွေရဲ့ မီဒီယာကုမ္ပဏီတွေက ရုန်းကန်နေရပြီး ရောင်းဖို့ပြင်နေကြတာ။ မင်းစိတ်ဝင်စားတယ်ဆို သူတို့နဲ့ ချိတ်ပေးမယ်လေ”
“ကျေးဇူးပါ” ဖန့်ကြွယ်ယွီ မှန်းထားသည့်အတိုင်းပင် ထိုအလုပ်သည် ဝမ်ချုံးအတွက်ာမခဲယဉ်းလှပေ။
“နောက်တစ်ခုအကူအညီတောင်းဖို့ကျန်သေးတယ်” ဟု ဖန့်ကြွယ်ယွီက စကားဆက်သည်။
“ဟမ် ဘာများလဲ”
“ကောရှင်းယွီက မင်းတို့ ဘမ်ဘူးliveနဲ့ နှစ်နှစ်စာချုပ်ချုပ်ထားတာ။ သူ့ကို ငါ့ကုမ္ပဏီကို ခေါ်ချင်တာ။ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ လျော်ကြေးပေးမယ်။ သူ့ကို့သာ ဘာမှ ပြန်မပြောနဲ့”
“ဪ။ ဒါကြောင့်ကိုး” ဝမ်ချုံးတစ်ယောက်လည်း ခုမှ ဇာတ်ရည်လည်တော့သည်။
“မင်းက ဘာလို့ အနုပညာကုမ္ပဏီထောင်ချင်လဲဆိုတာ စဉ်းစားနေတာ။ အဲ့ကောင်မလေးကြောင့်ကိုး။ မင်းက မီးကုန်ယမ်းကုန် ကြိုးစားနေတာပဲ”
ဖန့်ကြွယ်ယွီက သူ့ကိုစူးစိုက်ကြည့်လိုက်သည်။
“ဟုတ်ပါပြီ။ သူ့ကို မင်းကုမ္ပဏီဆီ ပေးလိုက်မှာပါ။ ဘာလျော်ကြေးမှ မပေးပါနဲ့။ ယွမ်တစ်သန်းကျော်ပမာဏ က မင်းပေးတဲ့ ရှယ်ယာနဲ့ယှဉ်ရင် ပါမွှားပါ။ သူနဲ့ စာချုပ်ချုပ်ထားတာကို ခုရက်ပိုင်းအတွင်း ဖျက်သိမ်းလိုက်ပါ့မယ်”
ဖန့်ကြွယ်ယွီ၏ အကြည့်စူးစူးအောက်မှာ ဝမ်ချုံးအရှုံးပေးလိုက်ရသည်။
“ဒါပေမဲ့ တစ်ခုတော့ ပြောရဦးမယ်။ လူတစ်ယောက်ကို အောင်မြင်ဖို့ လုပ်ပေးတာက မလွယ်ဘူးနော်။အခုလက်ရှိ အနုပညာလောကဆိုတာ အရမ်းရှုပ်ထွေးတယ်”
“စိတ်မပူပါနဲ့ဗျာ။ အဆင်ပြေအောင် လုပ်ရမှာပေါ့”
သူ့အနားမှာ ရှင်းယွီသာရှိမယ်ဆို သူမဖြေရှင်းနိုင်တာ ဘာမှ ရှိလိမ့်မည်မဟုတ်ပေ။
“ဒါဆိုလည်း ထပ်မပြောတော့ပါဘူး။ ဗိုက်ဆာနေပြီ။ ဒီနေ့အတွက် ညစာကို မင်းအိမ်မှာပဲ စားသွားတော့မယ်”