ရှေးဟောင်းရောင်ဝါ
Vol. 81 Ch. 1121
ချင်ယိ၏ စွမ်းရည်ကိုသိသဖြင့် သူ့လုံခြုံမှုကို မည်သူမှ မစိုးရိမ်ပေ။ ရှီမာယူယူနှင့် ဝင်သွားမည်ဆိုသဖြင့် သူတို့စိတ်အေးရလေသည်။ သူ၏ မူလ ရည်ရွယ်ချက်မှာ ရှီမာယူယူနှင့်လိုက်ဝင်ပြီး ကူညီပေးရန်မဟုတ်ပေ။ သို့သော် ယူယူ သေဆုံးပါက ရှောင်ချီလည်း သူမနှင့်အတူ သေဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ချင်ယိသည် ရှီမာယူယူကို မည်သည့်မတော်တဆမှုမျိုးမှ အဖြစ်ခံ မည်မဟုတ်ပေ။ (T/N - ကိုယ်တို့ဇာတ်လိုက်လေး ယူယူ့အတွက် မျက်ရည်တစ်စက်)
အများအားဖြင့် ပြီးခဲ့သည့်ကိစ္စများသည် ယခုအချိန်တွင် ကြားဝင်နိုင် မည်မဟုတ်ပေ။
ရှီမာယူယူသည် ရှောင်ချီကို ဝိညာဉ်စေတီသို့ပို့လိုက်သည်။ ဗောဓိ အရွက်ကိုကိုင်ပြီး ချင်ယိနှင့်အတူ တောင်ကြားဆီသို့လျှောက်သွားလိုက် သည်။ သူတို့အကန့်အသတ်နေရာသို့ရောက်သောအခါ ရှီမာယူယူသည် ခေတ္တရပ်ပြီးမှ ဝင်လိုက်သည်။
ချင်ယိ၏ ခြေလှမ်းများသည် ထိုအကန့်အသတ်မှာ သူ့အတွက်မရှိသည့် အတိုင်းပင်။
ကျောပြင်ကိုကြည့်နေလေသည်။ သူတို့အကြည့်များ လေးနက်လေလေ အတွေးများဖြင့် ပြည့်လေလေဖြစ်သည်။
သူတို့အကန့်အသတ်အတွင်းသို့ရောက်သည်နှင့် အဖြူရောင်မြူခိုးများ ပျောက်ကွယ်သွားလေသည်။ အပြင်မှကြည့်လျှင်တော့ အဖြူရောင်မြူခိုးများ ရှိနေသေးသည်။
သူမသည် ရှောင်ချီအားခေါ်ပြီး စက္ကူလိပ်ကိုထုတ်ကာ ကြည့်လေသည်။ သို့သော် ရှီမန်ဖန်နှင့် တခြားသူများ၏ ပုံရိပ်ကိုမမြင်ရပေ။
သူမ မျက်မှောင်ကြုတ်လိုက်သည် “သူတို့ဒီမှာမရှိဘူးလား”
ဒါပေမဲ့ သူတို့ရှိတယ်လို့ ရွှမ်းချုံဟော် ပြောလိုက်တယ်လေ။ သူ သူမကို တော့ မလိမ်လောက်ပါဘူး။
“အထဲမှာ အတက်အကျဖြစ်နေတယ် ဝင်ပြီးကြည့်ရအောင်” ရှောင်ချီ ပြောလိုက်သည်။
“အင်း သွားကြမယ်” ရှီမာယူယူသည် စက္ကူလိပ်ကိုပိတ်လိုက်သည်။
သူတို့ ပိုပိုနက်သည်အထိသွားကြလေသည်။ တောင်ကြားတွင် ခြေရာ တချို့ကိုမြင်ရာ မကြာခင်က ထိုနေရာသို့ တစ်စုံတစ်ယောက်လာခဲ့သည်ကို အတည်ပြုနိုင်လေသည်။ အသည်းကွဲတောင်ကြားမှလူဖြစ်သည် မဖြစ်သည် ကိုတော့ သူတို့မသေချာပေ။
“ဒီမှာဘာမှမရှိဘူး လီအာခန္ဓာကိုယ်ထဲက အလုံးလေးက သူတို့ကို ဘာလို့ဒီကိုခေါ်လာတာလဲ” ရှောင်ချီသည် မရှင်းလင်းစွာပြေပြီး ချင်ယိ၏ လက်ကိုဆုပ်ကိုင်လေသည်။
ရှီမာယူယူသည် အလွန်ပဟေဠိဖြစ်သွားသည်။ ထိုတောင်ကြားတွင် ရှားပါးသော ဆေးပစ္စည်းများစွာရှိသော်လည်း တန်ဖိုးမကြီးကာ သူမကို ဆွဲဆောင်နိုင်ခြင်းမရှိပေ။ အနည်းဆုံးတော့ သူမ၏ လောကအသေးနှင့် ဝိညာဉ်စေတီတို့ရှိလျှင် ရှီမန်ဖန်နှင့် တခြားသူများသည် ထိုအရာများကို တပ်မက်လိမ့်မည်မဟုတ်ပေ။
အလုံးလေးသည် ရှီမန်လီနှင့်အတူ ဝိညာဉ်စေတီတွင်နေခဲ့သည်။ ထို့ကြောင့် ဝိညာဉ်စေတီတွင် ဆေးရတနာများရှိသည်ကို သူသိထားသည်။ ထို့ကြောင့် ထိုအရာများသည် ဆွဲဆောင်နိုင်မည်မဟုတ်ပေ။
သို့သော် နေရာအား စစ်ဆေးကြည့်ရာ ရတနာများမရှိသလို ရှားပါးသည့် ရတနာကြောင့် အတက်အကျလည်းမရှိပေ။
အလုံးလေးကို ဆွဲဆောင်နိုင်တာ တကယ်ပဲဘာလဲ။
“ရှေ့ဆက်သွားရင် နောက်ထပ် အကန့်အသတ်ရှိသေးတယ်” ရှောင်ချီ သည် တောင်ကြားအဆုံးကိုညွှန်ပြလေသည်။
ထိုအကန့်အသတ်သည် အပြင်မှတစ်ခုနှင့် ကွာခြားလေသည်။ အပြင်ဘက်ရှိ အကန့်အသတ်သည် မြူခိုးများထူထဲသော်လည်း သည်တစ်ခု ကတော့ ထိုးဖောက်မြင်နိုင်သည်။ အတက်အကျကိုသာ အာရုံမခံမိလျှင် သတိထားမိမည်မဟုတ်ပေ။
“ဒီမှာခြေရာတွေအများကြီးပဲ” ရှီမာယူယူ ပြောလိုက်သည် “ရွံ့တွေနဲ့ ရှုပ်ပွနေတာ သူတို့ဒီမှာ ခဏတော့နေသွားတဲ့ပုံပဲ”
“ဒါဆိုလည်း ဝင်ပြီးကြည့်ကြတာပေါ့ သူတို့အထဲမှာရှိလောက်တယ်” ရှောင်ချီ ပြောလိုက်သည်။
“နေဦး”
“ဘာဖြစ်လို့လဲ ချင်ယိ”
“အကန့်အသတ်က အပြင်ကတစ်ခုထက် သန်မာတယ် အထဲမှာဘာရှိ လဲမသိဘူး ဝင်သွားပြီးရင်တော့ ငါ့ဘေးမှာပဲကပ်နေ” ချင်ယိသည် ရှောင်ချီကို ခိုင်မာစွာပြောလေသည်။
“အင်း ချင်ယိ ငါ့ကိုအဲလောက်စိုးရိမ်ဖို့မလိုပါဘူး ငါ့လက်ရှိအားက မနိမ့် ပါဘူး” ရှောင်ချီ ပြောလိုက်သည်။
ချင်ယိသည် ရှောင်ချီအားကြည့်လေသည်။ သူသည် ပြန်မဖြေ သော်လည်း သူ၏တိတ်ဆိတ်နေမှုသည် သူ ဆိုလိုချင်သည့်အရာကို ဖော်ပြ နေသည်။
ရှောင်ချီသည် သူ၏ညှိုးငယ်သောမျက်လုံးများကြောင့် ဝမ်းနည်းသွား လေသည်။ သူသည် သူမလက်ကို ရမ်းလိုက်သည် “ဟုတ်ပါပြီ ငါသိပါပြီ ကပ်နေပါ့မယ်”
“ကောင်းတယ် သွားမယ်”
“ချင်ယိ ရှောင်ချီ့လက်ကိုလွှတ်လိုက်” သူမသည် ရှီမာယူယူအား မျက်နှာစူပုတ်ပြီး ကြည့်လေသည်။ သူမသည် ရှီမာယူယူ၏ ပြုံးနေသော မျက်လုံးအား သတိထားမိသောအခါ နှုတ်ခမ်းဆူလေသည် “အစ်ကိုကြီး လင်းယူ နိုးလာရင် ဒီလိုဖြစ်မှာပဲကို”
“ဒါပေမဲ့ သူမှ မနိုးသေးတာ” ရှီမာယူယူ ပြုံးလိုက်သည် “လာခဲ့ ဝင်ရ အောင်”
သူမသည် ရှောင်ချီကို ဝိညာဉ်စေတီထဲသို့ထည့်ပြီးနောက် အကန့်အသတ်နေရာကို ချင်ယိနှင့်အတူ ဝင်လိုက်သည်။
သူတို့ဝင်လိုက်သည်နှင့် ချက်ချင်းပင် ပုံမှန်မဟုတ်သည်ကို သိလိုက်ရ သည်။
“ရှေးခေတ် ရောင်ဝါ” ရှီမာယူယူသည် လှည့်ပတ်ကြည့်ရင်း တအံ့တသြ နှင့် လေသံဖြင့်ပြောလေသည်။
“ယူယူ ယူယူ ရှောင်ချီ့ကိုထွက်ခွင့်ပေး” ရှောင်ချီသည် ဝိညာဉ်စေတီထဲ မှ အော်လေသည်။
ထိုနေရာတွင် ရှေးခေတ်ရောင်ဝါကို ခံစားရလိမ့်မည်ဟု ရှီမာယူယူ မထင်ထားပေ။ သူမ၏ အလိုလိုသိစိတ်သည် ထိုနေရာတွင် မသိနိုင်သော အန္တရာယ်ရှိနေသည်ကို ပြောနေသည်။ သူမသည် ခေတ္တမျှစဉ်းစားပြီး ရှောင်ချီ အိမ်မက်လေးနှင့် ပန်းလေးတို့ကိုခေါ်ထုတ်လိုက်သည်။ တခြားသော စွမ်းအား နည်းသော သားရဲများကိုတော့ ဝိညာဉ်စေတီအတွင်းသာထားထားလိုက် သည်။
ပန်းလေးသည် ချင်ယိကိုမြင်သောအခါ ပူပန်မှုကိုခံစားရလေသည်။ ရှောင်ချီနှင့် ရှီမာယူယူသာ သူမကို အားမပေးထားလျှင် နောက်တစ်ကြိမ် ပြန်လဲကျသွားမည်။
“ပန်းလေး ချင်ယိကိုကြောက်ဖို့မလိုဘူး ဒီမှာငါရှိနေရင် သူမင်းကို အနိုင်မကျင့်ရဲဘူး” ရှောင်ချီသည် ပန်းလေး၏ ပခုံးကိုပုတ်လိုက်သည်။
ပန်းလေးသည် ခေါင်းညိတ်ကာ အလိုလိုတံတွေးမျိုချမိလေသည်။
ချင်ယိသည် ရှောင်ချီနှင့် ပန်းလေးကိုကြည့်လိုက်သည်။ သူသည် ဒီ ပန်းဘုရင်သေးသေးလေးကို ဂရုမစိုက်ပေ။ ဒီကောင်မလေးက တခြားသူနဲ့ သူ့ကို အဆင်ပြေဖို့ကြိုးစားနေတာလား။
သို့သော် သူမ အပြုံးကိုမြင်လိုက်ရသည်နှင့်ပင် သူပျော်ရွှင်ရသည်။ အားကောင်းသော မိန်းကလေးနှင့် အားနည်းသော ယောက်ျားလေးတို့၏ မြင်ကွင်းကို မြင်နိုင်သည်။
“ယူယူ ဒီကနေမှ သူတို့နေရာကို ရှာကြည့်ရအောင်” အိမ်မက်လေး အကြံပေးလေသည်။
“အင်း ကြည့်ရအောင်”
ရှီမာယူယူသည် စက္ကူလိပ်ကိုထုတ်လိုက်သည်။ ရှီမန်ဖန်နှင့် အသည်းကွဲတောင်ကြားမှ တပည့်များသတင်းသည် ပေါ်လာသည်။ သူတို့နှင့် တူညီသော နေရာတွင်ရှိနေသည်ဟု ညွှန်ပြနေသည်။
“ဟိုမှာ” ရှီမာယူယူ စကားပြောသည်ကို မစောင့်ဘဲ ရှောင်ချီ အော်လေ သည်။
“ဘယ်လိုလုပ်…” ရှီမာယူယူ စကားပင်မဆုံးလိုက်… အသည်းကွဲ တောင်ကြားမှတပည့်တချို့သည် သူတို့ရှေ့မကွာမဝေးတွင် ဧရာမသတ္တဝါ ကြီးများ အလိုက်ခံနေရသည်ကို မြင်လိုက်ရသည်။
အရှေ့တွင် ပြေးလာသည်မှာ ရှီချန်းနှင့် နီအန်းယိတို့ဖြစ်သည်။ သူတို့ သည် ရှီမာယူယူကိုမြင်သောအခါ တူညီသောအတွေးကိုသာ တွေးမိကြလေ သည်။ ထင်ယောင်ထင်မှားဖြစ်တာပဲ….
ခေါင်းဆောင်ကဘယ်လိုလုပ် ဒီနေရာမှာပေါ်လာမှာလဲ။ သူတို့ ဝိညာဉ် စွမ်းအင်ကုန်သွားပြီး အင်အားတွေလည်း ကုန်ခမ်းနေလို့ မူးနောက်ပြီး အဲလို ဟာတွေမြင်ချင်ရာမြင်နေတာပဲ။
“အိမ်မက်လေး ပန်းလေး သူတို့ကိုသွားကူညီလိုက်” ရှီမာယူယူသည် သူမ၏ ဝိညာဉ်သားရဲနှစ်ယောက်မှာ သန်မာသည်ကို သိထားသည်။ သူမ အားမှာ မလုံလောက်သဖြင့် ပန်းလေးနှင့် အိမ်မက်လေးကိုသွားခိုင်းရသည်။
“ယူယူ စိတ်မပူနဲ့”
ပန်းလေးနှင့် အိမ်မက်လေးတို့သည် တစ်ချိန်တည်းပျံသွားကြသည်။ တပည့်နှစ်ယောက်အနောက်မှ အကောင်များသည် မှီလာတော့မည်ကို သူတို့ တွေကလိုက်ကြသည်။ ပန်းလေးသည် သူမလက်ကိုဝှေ့ယမ်းလိုက်ရာ နွယ်ကြိုးများ ပျံသွားပြီး ထိုနှစ်ယောက်ကိုဘေးသို့ဆွဲလိုက်သည်။ သူတို့သည် ထိုသတ္တဝါကြီးများ၏ အဆိပ်သင့်သောပါးစပ်မှ လွတ်မြောက်သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် တခြားသောနွယ်ကြိုးပျံလာပြီး သတ္တဝါများကို ရစ်ပတ်လေသည်။ တင်းတင်းဆွဲလိုက်ရာ ထိုသတ္တဝါ တစ်ကောင်နှင့် တစ်ကောင်ထပ်လျက်လဲကြလေသည်။
တခြားသောသတ္တဝါမားသည် အိမ်မက်လေးနှင့် ပန်းလေးကို မြင်သောအခါ အသည်းကွဲတောင်ကြားမှလူများကို မလိုက်တော့ပေ။ ထိုအစား သူတို့ကိုလှည့်ပြီး တိုက်ခိုက်လေသည်။
“အဲမှာရပ်နေ” ပန်းလေးသည် လူနှစ်ယောက်ကို ရှီမာယူယူ၏ အဖွဲ့ရှိ ရာနေရာသို့ပို့လိုက်သည်။ သူမသည် နွယ်ကြိုးများကို ဝိညာဉ်သားရဲများရှိရာ သို့ ဝှေ့ယမ်းလိုက်သည်။
အိမ်မက်လေးသည် လေပေါ်တွင် ပျံနေသည်။ သူမ လက်များသည် ဆက်တိုက် ချိပ်များကိုလုပ်နေသည်။ အနက်ရောင်နှင်းဆီပန်းများ ပျံထွက် လာသည်။ နှင်းဆီနုက်များသည် သတ္တဝါကြီးများနားရောက်သောအခါ အလိုလိုပျောက်သွားကြလေသည်။ ပွင့်ဖတ်တစ်ခုစီသည် သတ္တဝါကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်လေသည်။
နီအန်းယိနှင့် တခြားသူများသည် အိမ်မက်လေးနှင့် ပန်းလေးတို့ တိုက်ခိုက်နေချိန်တွင်ရပ်လိုက်ကြသည်။ သူတို့အကြည့်များသည် ရှီမာယူယူ နှင့် ရှောင်ချီတို့ရှိသည့်နေရာကို ရောက်သွားချိန်တွင် ချက်ချင်းပင် ထခုန်ကြ လေသည်။
“ကောင်းတယ် ငါတို့်အသက်ရှင်ပြီ”
“ခေါင်းဆောင် ငါတို့်ခေါင်းဆောင်က လာကယ်ပြီ”
“ခေါင်းဆောင်ရောက်ပြီဆိုတော့ နောက်ဆုံးတော့ထွက်သွားလို့ရပြီ”
နောက်ဆုံးတွင် သူတို့သည် စိတ်ပျက်နေခြင်းမှ ကယ်တင်ခံလိုက်ရလေ ပြီ။
***