သူတို့ဘာဖြစ်တာလဲ
Vol. 81 Ch. 1122
“ခေါင်းဆောင်”
“တောင်ကြားဒုခေါင်းဆောင်”
သူတို့သည် မျက်ရည်များရွှဲကာ ရှီမာယူယူဆီသို့ပျံလာလေသည်။ သူတို့ သည် ရှီမာယူယူကိုမြင်သောအခါ မရှင်းလင်းသောခံစားချက်ကို ခံစားမိလေ သည်။
အကြောင်းအရင်းကိုတော့ သူတို့ မသိပေ။ သို့သော် သူတို့သည် သူမကို မြင်သောအခါ မျှော်လင့်ချက်ကိုခံစားမိလေသည်။ လက်ရှိအခြေအနေမှာ အန္တရာယ်များပြီး သူမ တစ်ယောက်တည်းသာဆိုသော်ငြား သူမသည် သူတို့ကို ဤနေရာမှ ခေါ်ထုတ်သွားနိုင်မည်ကို သူတို့ယုံကြည်သည်။
“ခေါင်းဆောင် အာ..အာ… နောက်ဆုံးတော့ရောက်လာပြီလား ခေါင်းဆောင်သာမလာရင် ကျွန်တော်တို့ကိုထပ်တွေ့ရမှာတောင် မဟုတ်တော့ဘူး” နီအန်းယိသည် ရှီမာယူယူ၏ အင်္ကျိကိုတင်းကြပ်စွာ ဆုပ်ကိုင်လေသည်။ သူသည် ကျယ်အောင်စွာငိုနေသော်လည်း သူ့မျက်ရည် ကျမလာပေ။
ရှိမာယူယူသည် မူလအစကသူတို့ကိုး စိုးရိမ်နေခဲ့သည်။ သို့သော် သူ၏ ရယ်စရာအပြုအမူကိုမြင်သောအခါ နှစ်ချက်လောက် ပစ်ရိုက်ချင်မိသည်။
“ကောင်းပြီ ကောင်းပြီ အော်မနေနဲ့တော့ ဟိုကောင်တွေနဲ့ တိုက်နေတဲ့ ပန်းလေးနဲ့ရှောင်ချီ့ကိုအနှောင့်အယှက်ဖြစ်လိမ့်မယ်” သူမသည် နီအန်းယိ၏ နဖူးကိုရိုက်ပြီး တွန်းလိုက်သည်။ သူမသည် ရှီချန်းကိုကြည့်လိုက်သည် “ရှီချန်း မင်းတို့ပဲဘာလို့ဖြစ်နေတာလဲ တခြားသူတွေရော”
“ငါတို့လူကွဲသွားကြတာ အများစုက တောင်ကြားအရှေ့မှာ တခြားသူ တွေက ဘယ်နေရာကွဲသွားလဲမသိဘူး ဒါပေမဲ့ အများစုကတော့ ငါတို့လိုပဲ ပတ်ပြေးနေရလောက်တယ်” ရှီချန်း ပြန်ဖြေလေသည်။
“ဘာတွေဖြစ်ခဲ့တာလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ “မင်း တို့ကောင်းကောင်းလုပ်နေတာပဲမလား ဘာလို့ဒီရောက်လာတာလဲ ဒီထူထဲ တဲ့ ရှေးခေတ်ရောင်ဝါကရောဘာလဲ”
ရင်လင်း၏ စကားများအရ သူတို့သည် အန္တရာယ်မကျသင့်ပေ။ သူတို့ လူခွဲလိုက်တဲ့ ဒီလောက်အချိန်တိုအတွင်းမှာ သူတို့ကဘယ်လိုလုပ် ဒီလောက် အန္တရာယ်များတာကိုတွေ့ရတာလဲ။
“သူတို့အကုန်လုံးက ရှေးဟောင်းဝိညာဉ်သားရဲတွေပဲ” ရှီချန်း ပြော လိုက်သည်။
“ရှေးဟောင်းဝိညာဉ်သားရဲဟုတ်လား… ရှေးဟောင်းဝိညာဉ်သားရဲ ဒီလောက်အများကြီးက ဘယ်လိုလုပ်ဒီရောက်နေတာလဲ” ရှောင်ချီ မေးလိုက် သည်။
“ဧကရာဇ်ချန်ထားခဲ့တာဖြစ်နိုင်တယ်” ချင်ယိ ပြောလိုက်သည်။
ရှီချန်းနျင့် တခြားသူများသည် ချင်ယိကိုကြည့်လိုက်ကြသည်။ သူ၏ အင်အားကို သူတို့မပြောပြနိုင်သဖြင့် သူ့အပေါ် သူတို့၏လေးစားမှုမှာပိုကြီး လာခဲ့၏ ။
ထိုအချိန်တွင် အိမ်မက်လေးနှင့် ပန်းလေးတို့သည် ထိုဝိညာဉ်သားရဲများ ကိုရှင်းလင်းပြီး ပြန်လာသည်။
“ယူယူ ပြီးပြီ”
“ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲ” ရှီမာယူယူ ပြောလိုက်သည် “အခု ဘာတွေဖြစ်နေလဲဆိုတာ ပြောပြတော့”
“ဒီလို…”
လွန်ခဲ့သည့် လပေါင်းများစွာကဖြစ်သည်…
ရှီမန်ဖန်သည် အသည်းကွဲတောင်ကြားမှလူများကိုခေါ်ကာ အကြွင်းအကျန်နေရာတွင် လအနည်းငယ်လှည့်ပတ်နေခဲ့သည်။
“ဘာဖြစ်တာလဲ လီအာ” ရှီမန်ဖန်သည် ရှီမန်လီရပ်လိုက်သောအခါ မေး လိုက်သည်။
“အစ်ကို၂ အဲဒီမှာရတနာတစ်ခုရှိတယ်” ရှီမန်လီသည် တောင်ကြားကို ညွှန်ပြလေသည်။
ရှီမန်ဖန်သည် အဖြူရောင်မြူခိုးများကိုကြည့်လိုက်သည်။ “အဲဒီက အကန့်အသက်က ဖျက်လို့မရဘူး ငါတို့်ဝင်မရနိုင်ဘူး”
“အလုံးလေးက ညီမတို့ကိုခေါ်သွားပေးမယ်တဲ့” ရှီမန်လီ ပြောလိုက် သည် “အဲဒီမှာ ညီမတို့အားကိုမြှင့်ပေးနိုင်မယ့် ပစ္စည်းကောင်းရှိတယ်တဲ့”
သူတို့အားအင်ကို တိုးစေသည်ဟု ကြားသည်နှင့် သူတို့သည် လှုပ်လှုပ် ရှားရှားဖြစ်သွားကြသည်။ သူတို့ အားသန်အောင်လို့ ထာဝရရှင်သန်သူ နယ်မြေကိုလာခဲ့ကြတာမလား။ သူတို့ကျင့်စဉ်ကို တိုးတက်စေမယ့်နေရာရှိနေ မှတော့ ဘယ်လိုလုပ် လက်လွှတ်ခံမလဲ။
“ဒါပေမဲ့ ဒီကအကန့်အသက်က ဘယ်တုန်းကမှ မကျိုးဖျက်ဖူးဘူး အန္တရာယ်မများဘူးလား” ရှီချန်းသည် သူ့အတွေးကိုထုတ်ပြောလေသည။်
“သမိုင်းကြောင်းအရ အခွင့်အလမ်းနဲ့ အန္တရာယ်က ယှဉ်တွဲနေတာပဲ အန္တရာယ်ကြီးလေလေ အခွင့်အလမ်းများလေလေပဲ”
“ဟုတ်တယ် ပြီးတော့ ငါတို့ဒီထာဝရရှင်သန်သူနယ်မြေကိုသွားတဲ့ခရီး မှာ ပြဿနာကြီးကြီးမားမားမရှိဘူးလို့ သခင်ကြီးရင်လင်ပြောလိုက်တယ် မလား သခင်ကြီးရင်လင်းကအဲလိုပြောမှတော့ ဘာပြဿနာမှမရှိလောက်ဘူး ဟုတ်တယ်မလား”
“ဦးလေးဘိုင် ဘယ်လိုထင်လဲ” ရှီမန်ဖန်သည် ဘိုင်ရှန်းအားမေးလေ သည်။
ဘိုင်ရှန်းသည် ခေတ္တမျှတိတ်သွားပြီး “ငါတို့ကြိုးစားကြည့်သင့်တယ်လို့ ထင်တယ် အန္တရာယ်များတယ်ဆိုရင်တောင် အန္တရာယ်က လမ်းကြောင်းရှာ တဲ့ လမ်းမှာ မလွဲမသွေတွေ့ရမှာပဲလေ အခုရှောင်လိုက်ရင်လည်း နောက်ကို ရှောင်ရမှာမဟုတ်ဘူး”
“လီအာ အလုံးလေးက တကယ်ပဲ ငါတို့ကိုခေါ်သွားပေးနိုင်တာလား” ရှီမန်ဖန် မေးလိုက်သည်။
ရှီမန်လီ ခေါင်းညိတ်လိုက်သည်။ “အလုံးလေးက ခေါ်သွားပေးနိုင်တယ် လို့ပြောတယ်”
“ဒါဆိုလည်း ကောင်းပြီလေ ဝင်ပြီးကြည့်ကြတာပေါ့ ဆွဲဆောင်နိုင် လောက်တဲ့ ရတနာကောင်းရှိလောက်တယ်” ရှီမန်ဖန် ပြောလိုက်သည်။
ရှီမန်လီသည် ဝိညာဉ်အတားအဆီးရှေ့သွားကာ အတားအဆီးပေါ်သို့ လက်တင်လိုက်သည်။ မကြာမီတွင် အတားအဆီးတွင် အပေါက်တစ်ပေါက် ဖြစ်သွားသည်။
“ရပြီ” ရှီမန်လီသည် လက်ကိုပြန်ရုတ်ကာ ရှီမန်ဖန်ဘက်သို့ကြည့်လိုက် သည်။
“ဝင်ရအောင် လီအာ ငါ့ဘေးမှာပဲနေ ရှန်ယိ မင်းရောပဲ”
ရှီမန်ဖန်သည် မိန်းကလေးများကို အရင်ဝင်ခိုင်းသည်။
သူတို့သည် ဝိညာဉ်အတားအဆီးအတွင်းတွင် မည်သည့်ရတနာမှ မတွေ့ရပေ။ သာမန်တောင်ကြားတစ်ခုသာဖြစ်သည်။ တောင်ကြားမှ ဆေးဖက်ဝင်အပင်များသည်လည်း အပြင်ကလောက်တန်ဖိုးမကြီးပေ။
ထိုမြင်ကွင်းအားကြည့်ရင်းနှင့် အားလုံးသည် စိတ်ပျက်လာသည်။ ရတနာရှိတယ်လို့ မပြောခဲ့ဘူးလား။ သူတို့အားကိုတိုးနိုင်တယ်ဆိုလို့လေ… ဘာလို့ ဘာမှမရှိရတာလဲ…
“အထဲကိုဆက်ဝင်သွားလို့ အလုံးလေးပြောတယ်” ရှီမန်လီ ပြောလေ သည် “ရှေ့ဆက်သွားရင် နောက်ထပ်အကန့်အသတ်ရှိတယ်”
အကန့်အသတ်နှစ်ခုတောင် ဖိနှိပ်ထားရန်လိုသည့် ရတနာသည် မည်ကဲ့သို့ရတနာဖြစ်သည်ကို သူတို့ သိချင်မိသည်။ ဒါပေမဲ့ သူတို့ ဒီနေရာ ထိရောက်လာပြီးမှတော့ ဘာမှမရဘဲပြန်မသွားနိုင်ဘူး
“ဒါဆိုရင် အထဲဝင်ပြီးကြည့်ရအောင်”
သူတို့သည် တောင်ကြား၏တခြားတစ်ဖက်ကိုလာပြီး ရှီမန်လီကို အကန့်အသက် အထဲသို့ ဦးဆောင်သွားခိုင်းလိုက်သည်။ သူတို့ဝင်လိုက်သည် နှင့် အပြင်နှင့်မတူသော ခံစားချက်ကိုရလေသည်။
“ထူထဲလိုက်တဲ့ ဝိညာဉ်စွမ်းအားပဲ” သူတို့သည် တအံ့တသြဖြင့် မှတ်ချက် ပေးလေသည်။
ထိုနေရာတွင် ရတနာတချို့ရှိသည်ဟု ထူထဲသော ဝိညာဉ်စွမ်းက ပြသ နေသည်။ ထိုနည်းလမ်းဖြင့်သာ ပတ်ဝန်းကျင်ကို အကန့်အသက်အဖြစ် ဖန်တီးနိုင်သည်။
ထိုစဉ်က ယခုကဲ့သို့ ရှေးဟောင်းရောင်ဝါမရှိသလို မည်သည့် ရှေးဟောင်းဝိညာဉ်သားရဲမှ ရှိမနေပေ။
“နောက်ပိုင်းရော ဘာဖြစ်ခဲ့လဲ ဘယ်လိုလုပ်ဒီလိုဖြစ်သွားကြတာလဲ ရှောင်ချီတို့ဝင်လာတာနဲ့ ရှေးခေတ်ရောင်ဝါက မျက်နှာကိုလာရိုက်တယ် နောက်ပိုင်းအဖြစ်တာ အဲဒါအကုန်ပဲလား” ရှောင်ချီသည် ကြီးမားသော မျက်လုံးများကို ခတ်ပြီး သိချင်စိတ်ဖြင့်မေးလေသည်။
“နောက်ပိုင်းကို ဖြစ်ခဲ့တယ်” ရှီချန်း ပြန်ဖြေလေသည် “ငါတို့ဝင်လာပြီး တော့ အလုံးလေးညွှန်ပြတဲ့နေရာဘက်ကို လျှောက်လာခဲ့တယ် အထဲကို ဝင် လေလေ ဝိညာဉ်စွမ်းအားထူလေပဲ”
ထိုစဉ်က ရေကဲ့သို့ ပေါများသော ဝိညာဉ်စွမ်းအားကိုမြင်သောအခါ အားလုံးသည် ပျော်ရွှင်ကြသည်။ သူတို့သာ ထိုနေရာတွင် ကျင့်ကြံပါက တစ်ဝက်သာ အားထုတ်ရန်လိုမည်။
သူတို့သည် ခဏအကြာပျံသန်းပြီးနောက်တွင် တွင်းတစ်ခုကိုတွေ့လေ သည်။ ထိုဝိညာဉ်စွှမ်းအားသည် အောက်ဘက်မှလာသည်ကို သူတို့တွေ့ လိုက်ရသည်။
“ဒီလောက်ထူတဲ့ ဝိညာဉ်စွမ်းအားထွက်ရလောက်တဲ့အထိဆိုတော့ အောက်မှာဘာရှိတာလဲ”
“ဆင်းကြည့်ရင်သိမှာပေါ့”
“လူနည်းနည်းလွှတ်ပြီး စစ်ဆေးခိုင်းလိုက်”
နီအန်းယိသည် လူတချို့ကိုဦးဆောင်ကာ အောက်ဆင်းသွားသည်။ ခဏအကြာတွင် သူပြန်တက်လာသည် “တောင်ကြားခေါင်းဆောင် အောက်က မြူခိုးတွေက ဝိညာဉ်စွမ်းအားတွေနဲ့ပြည့်နေတယ် ဘာမှမမြင်ရ ဘူး ဒါပေမဲ့ ချောက်အောက်ခြေမှာ ဂူတချို့ရှိတဲ့ပုံပဲ ဒါပေမဲ့ တစ်ခုခုကပိတ် ထားသလိုပဲ အနားကပ်သွားလို့မရဘူး”
“အန္တရာယ်ရှိလား”
“မရှိနိုင်လောက်ဘူး အောက်မှာ ဝိညာဉ်သားရဲရော အကန့်အသက်ရော တည်ဆောက်မှုရော ဘာမှမရှိဘူး” နီအန်းယီ ပြောလိုက်သည် “ဘာမှမရှိတဲ့ တွင်းပေါက်နဲ့တူတယ် ဒါပေမဲ့ ဂူထဲမှာဘာရှိလဲဆိုတာ မသိဘူး”
အန္တရာယ်မရှိဟု ကြားသည်နှင့် တစ်ယောက်ပြီးတစ်ယောက်အောက် ဆင်းကြလေသည်။ သူတို့သည် နေရာရှာကြကာ စတင်ကျင့်ကြံလေသည်။
ထိုအချိန်တွင် သူတို့သည် အကြောင်းအရင်းကိုမသိကြသေးပေ။ သူတို့ သည် ပုံမှန်ထက် ဝိညာဉ်စွမ်းအင်ကို ပိုစုပ်ယူနိုင်ခဲ့ကြသည်။ လအနည်းငယ် ကြာသောအခါ အများစုသည် အဆင့်တက်ကြလေသည်။
အားလုံးအဆင့်တက်ပြီးနောက်တွင် ပြဿနာပေါ်လာခြင်းဖြစ်သည်…
(T/N - ဒီနေရာမှာက နီအန်းယိတို့ ညီအစ်ကို ၁၀ယောက်က ယူယူ့ကို ခေါင်းဆောင်(boss) လို့သုံးနှုန်းပြီး ကျန်တဲ့အဖွဲ့ဝင်တွေက ဒုခေါင်းဆောင်(vice leader) လို့သုံးတာပါ… ပြီးရင် အမှန်ဆို ရှီမန်ဖန်နဲ့ ရှီမာယူယူကို E tran မှာရေးတာက အစတုန်းက Leader လို့သုံးပြီး နောက်ပိုင်းကျ master လို့သုံးပါတယ် ဒါပေမဲ့ အစကတည်းက ခေါင်းဆောင် လို့ရေးထားခဲ့တာရော တခြားဂိုဏ်းတွေနဲ့မတူတဲ့ နာမည်ဖြစ်ချင်တာနဲ့ ကိုယ် ကပဲ တောင်ကြားခေါင်းဆောင်၊ တောင်ကြားဒုခေါင်းဆောင်လို့ပဲရေးသွားပါ မယ်)
***