← Chapters

အခန်း (၂၈၇)

Vol. 20 Ch. 287

အခန်း (၂၈၇)

Vol. 20 Ch. 287

ကျန်းချင်က ကျန်းရှန်ရီ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်လျှင် ရွှမ်ယီအား မြင်လိုက်ရ၏။ ထို့နောက် သူမ၏ မျက်ဝန်းများ တောက်ပလာကာ အနည်းငယ် အံ့ဩသွားခဲ့သည်။

သူမက ဤမတိုင်ခင် လုံးဝမြင်ခဲ့ဖူးသော်လည်း ယခုကြည့်ရသည်မှာ ထိုအဖြူရောင်ဝတ်စုံနှင့် လူငယ်က ချောမောပြီး ပတ်ဝန်းကျင်မှလူများအား သက်တောင့်သက်သာ ရှိစေနိုင်သော အရှိန်အဝါမျိုးပိုင်ဆိုင်ထားသည်။

ထိုလူထံတွင် ကြောက်စရာတစ်စက်မှ မရှိချေ။

“အစ်ကို… ဘယ်နားက ကြောက်ဖို့ကောင်းတာလဲ…”

ကျန်းချင် ခဏရပ်တန့်လိုက်ပြီးနောက်

“သူ့ကြည့်ရတာ ဖော်ရွေပုံပါဘဲ… ဘာလို့လဲ..သူက အရမ်းသန်မာလို့လား…”

ကျန်းချင်၏ အမြင်တွင် သူမအစ်ကိုကအလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

“သူက အစ်ကို့ထက်ပိုပြီး အစွမ်းထက်လို့လား…”

ကျန်းချင်က ရိုးရှင်းစွာမေးလိုက်၏။ ထိုအခါ ကျန်းရှန်ရီ၏ မျက်နှာထက်တွင် ထိတ်လန့်ဟန် ပေါ်သွားပြီး အောင့်သက်သက်ဖြင့် ပြုံးလိုက်မိသည်။

“ငါက ဘယ်လိုလုပ်ပြီး သူနဲ့ ယှဉ်နိုင်မှာလဲ…”

ကျန်းရှန်ရီက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“ငါက မိသားစုထဲမှာသာ နံပါတ် (၁) ပါရမီရှင်ဖြစ်နေပေမယ့် သူ့ရှေ့မှာဆိုရင် တိုက်ခိုက်မှုတစ်ခုကိုတောင် ကာကွယ်နိုင်မယ်မထင်ဘူး…”

ထိုစကားများ ထွက်ပေါ်လာသောအခါ ကျန်းချင် အလွန်တုန်လှုပ်သွားခဲ့၏။

သူမက ရွှမ်ယီအား မယုံကြည့်နိုင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ကာ ဖောက်မြင်နိုင်ရန် ကြိုးစားလိုက်သည်။

လက်ရှိ ရွှမ်ယီ၏ အသွင်အပြင်အရ သူ့ထံမှ လွှမ်းမိုးနိုင်စွမ်းကို အနည်းငယ်မျှ မခံစားရချေ။

‘ ကျန်းမိသားစုက နံပါတ် ၁ ပါရမီရှင် ငါ့အစ်ကိုက သူ့ရှေ့မှာ ဘာမှမဟုတ်ဘူးလား…’

“အစ်ကို… သူက ဘယ်သူများလဲ…”

ကျန်းချင်၏ နှလုံးသားထဲတွင် စူးစမ်းလိုစိတ်ဖြစ်ပေါ်လာကာ မေးလိုက်၏။

ထိုလူက မည်သူများနည်း…?

သူ့အကြောင်းသိရှိရန် မစောင့်နိုင်တော့ချေ။

“မင်းသူ့ကို မသိဘူးဆိုပေမယ့် သူ့အ‌ကြောင်းတော့ ကြားဖူးလောက်မှာပါ…”

စကားပြောနေရင်း ကျန်းရှန်ရီ၏ မျက်ဝန်းများ အားကျစိတ်များဖြင့် တောက်ပသွားသည်။

“သူက တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးက မူလဘုရင်အဆင့်မှာ အစွမ်းထက်ဆုံးဖြစ်တဲ့ ရွှမ်ယီ ပဲ…”

ဘုန်း…

ထိုစကားသံထွက်ပေါ်လာသည်နှင့် ကျန်းချင် အံ့အားသင့်သွားပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။

သူမ၏ မြင်းမြီးပုံ ဆံပင်လေးက လေထဲ၌ ယမ်းခါသွားကာ မျက်လုံးများလည်း ပြူးကျယ်သွား၏။

“သူ…”

“ဒါဆို..သူက ဟိုတစ်လောတုန်းက တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးမှာ အရမ်းကျော်ကြားခဲ့တဲ့ ရွှမ်ယီပေါ့…”

ထိုအချိန် တိုက်ပွဲကွင်းပြင်တွင်…

ကိုင်လင်းအာက အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှ အဆင့် (၃) အား အနိုင်ယူခဲ့ပြီးသည့်အချိန်တွင် ဗဟို သူတော်စင်အကယ်ဒမီဘက်၌ ပြိုင်ပွဲဝင် (၈) ဦးတိတိကျန်နေသေး၏။

ပြိုင်ပွဲအစ၌ ဆက်တိုက်ဖယ်ထုတ်ခံလိုက်ရသော (၂) ယောက်မှလွဲလျှင် ဗဟိုသူတော်စင်အကယ်ဒမီ၏ ကျောင်းသားများ အားလုံး ၎င်းတို့ တိုက်ပွဲတိုင်း၌ ရှုံးနိမ့်ခဲ့ခြင်းမရှိချေ။

သို့သော် အခြားသော အကယ်ဒမီများတွင်မူ ထက်ဝက်ကျော် သို့မဟုတ် ထက်ဝက်နီးပါး ဆုံးရှုံးခဲ့ချေပြီ။ ထိုအထဲမှ သနားစရာကောင်းဆုံးမှာ ပိုင်ချန်အကယ်ဒမီဖြစ်ပြီး ၎င်းတို့၏ အဆင့် (၁) နှင့် အဆင့် (၂) နှစ်ယောက်လုံး ဖယ်ရှားခြင်းခံခဲ့ရသည်။ လက်ရှိ ပိုင်ချန် အကယ်ဒမီ၌ အဆင့် (၂) မှလွဲလျှင် ကျန်သူများ အားလုံး တစ်ခြားအကယ်ဒမီများမှ ထိပ်ပိုင်းအဆင့်များနှင့် တိုက်ခိုက်နိုင်စွမ်းမရှိချေ။

လက်တွေ့ကျကျပြောရမည်ဆိုလျှင် ယခုနှစ်တိုက်ပွဲ၌ သူတို့အကယ်ဒမီ လမ်းဆုံးသွားပြီဖြစ်၏။

ပိုင်ချန် အကယ်ဒမီမှ ဌာနမှူး၏ မျက်နှာ အလွန်မဲမှောင်နေချေပြီ။

ဤသို့နှင့် တိုက်ပွဲအနည်းငယ် ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် ဗဟို သူတော်စင်အကယ်ဒမီမှ အဆင့် (၈) လီလင်းနှင့် အနောက်ကြယ် အကယ်ဒမီမှ အဆင့် (၆) တို့ဆုံတွေ့ခဲ့သည်။

တိုက်ပွဲစသည်နှင့် လီလင်းက မိုးကြိုးလျှပ်စီးများဖုံးလွှမ်းလျက် ပြေးဝင်တိုက်ခိုက်လိုက်သည်။ သို့သော် ပြိုင်ဘက်အား အနိုင်မယူနိုင်ယုံသာမက ပြိုင်ဘက်၏ ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရပြီး စင်ပေါ်မှ တိုက်ရိုက် ပစ်ထုတ်ခံလိုက်ရသည်။

ထိုမြင်ကွင်းအား မြင်လိုက်လျှင် လူတိုင်း စိတ်သက်သာရာ ရသွားကြ၏။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ဗဟိုသူတော်စင် အကယ်ဒမီက ၎င်းတို့၏ ပုံစံအမှန်သို့ ပြန်ရောက်သွားချေပြီ။

လီလင်း၏ တိုက်ပွဲပြီးလျှင် တိုက်ပွဲကွင်းပြင်၌ လူ တစ်ဒါဇင် ကျော်ခန့်သာ ကျန်တော့၏။

ဤသို့ဖြင့် တိုက်ပွဲအနည်းငယ်ဆက်လက်ဖြစ်ပွားပြီးနောက် ပြိုင်ပွဲ၏ ထိပ်ဆုံး (၁၀) ယောက်သာကျန်တော့၏။

၎င်းတို့အနက် ဗဟိုသူတော်စင် အကယ်ဒမီက နေရာအများစုကို သိမ်းပိုက်ထားသည်။

ထိပ်ဆုံး (၁၀) ယောက်အတွင်းမှ အဆင့်များ အစဉ်လိုက်ရွေးချယ်ရာတွင် ဗဟို သူတော်စင် အကယ်ဒမီက အင်အား အလုံးအရင်းဖြင့် သိမ်းပိုက်ခဲ့သည်။ ယုလင်းလုံက ရန်သူများ အားလုံးကို သူမ ခြေရင်း၌ ဝတ်ဆင်းသွားစေခဲ့၏။

ကျန်းချန်ကလည်း သူမနောက်မှ ကပ်ပါလာကာ မင်ယွဲ့ရှုကလည်း သူမအပိုင်းကို တာဝန်ကျေစွာ လုပ်ဆောင်ခဲ့ပြီး တဟုန်ထိုး ပေါက်ကွဲထွက်လာသည့် ကိုင်လင်းအာ၏ သက်တံ့ ဓါးရည်ရွယ်ချက်ကြောင့် ၎င်းတို့အား မည်သူမှ မတားဆီးနိုင်ခဲ့ချေ။

လေပေါ်ကျွန်း တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စင်မြင့်ထက်၌ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသော လူ (၆) ယောက်အား ကြည့်နေခဲ့ကြသည်။

ဒီဝူဖန်က မချိပြုံးပြုံးလိုက်ပြီး ခေါင်းယမ်းကာ ရှေ့သို့ တက်လိုက်ပြီး ၎င်းတို့အနားတွင် ရပ်နေလိုက်သည်။

အလယ်ပိုင်း သူတော်စင်အကယ်ဒမီက ဗဟို သူတော်စင်အကယ်ဒမီမှ လူများအား သေအောင်ရိုက်မည်ဟု ပြောကြားခဲ့ပြီးနောက် ရွှမ်ယီ၏ တပည့်များအားလုံး ၎င်းတို့အား အညှာအတာမဲ့စွာ တိုက်ခိုက်ခဲ့ကြသည်။

အလယ်ပိုင်း သူတော်စင်အကယ်ဒမီမှ အဆင့် (၁) ဖြစ်သော ကျင်းဝူလင်း၏ မျက်နှာထက်တွင် ညိုမဲယောင်ရမ်းကာ အပြဲအကွဲများ အပြည့်ဖြင့် ထို (၇) ယောက်နောက်တွင် ဗလာဖြစ်နေသော မျက်ဝန်းများဖြင့် ရပ်နေခဲ့သည်။

သူက ယုလင်းလုံကို အနိုင်မယူနိုင်ခဲ့ချေ။ ထို့နောက် ကျန်းချန်နှင့် ရင်ဆိုင်ခဲ့၏။

အလွန်ဂုဏ်သိက္ခာ ကြီးမားသော နံပါတ် (၁) အကယ်ဒမီကြီး မှ အဆင့် (၁) ဖြစ်သူက ဗဟို သူတော်စင် အကယ်ဒမှ ကျောင်းသား (၇) ယောက်နှင့် ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး ထိုအထဲမှ တစ်ယောက်ကိုမှ အနိုင်မယူနိုင်ခဲ့ချေ။

၎င်းတို့ထဲမှ ၆ ယောက်က ဓါးများအား တူညီစွာ ကိုင်ဆောင်ထားကြပြီး တူညီသော ဇစ်မြစ်တစ်ခုတည်းမှ ဖြစ်ကြောင်း ထင်ရှားလှသည်။ ထို့အပြင် နောက်တစ်ယောက်ကလဲ တိုက်ခိုက်ရန် ‌မွေးဖွားလာသည့်အလား ဖြစ်နေပြီး ကြောက်မက်ဖွယ် အစွမ်းထက်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားကာ ကျားဖြူ စိတ်ဝိညာဉ် ခန္ဓာကိုယ်ထက်ပင် ကျော်လွန်နေခဲ့သည်။

ကျင်းဝူလင်း အနေဖြင့် ၎င်းတို့၏ ပြိုင်ဘက်မဖြစ်နိုင်သောကြောင့် အဆင့် (၈) နေရာ၌ ရှိနေခဲ့သည်။

အဆင့် (၉) ကမူ အနောက်ကြယ် အကယ်ဒအမီမှ ကျားဖြူ စိတ်ဝိညာဉ် ခန္ဓကိုယ်ပိုင်ရှင် ရှန့်ကွမ်းကျင်း ဖြစ်၏။

အဆင့် (၁၀) နေရာအား အလယ်ပိုင်း သူတ်ေ စင်အကယ်ဒမီမှ အဆင့် (၂) ဖြစ်သော ရွှီချန်လျူမှ ရရှိသွားသည်။

အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာချိန်တွင် လေပေါ်ကျွန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

စာရင်းတွင် စုစုပေါင်း (၁၀) နေရာသာ ရှိသော်လည်း ဗဟို သူတော်စင် အကယ်ဒမီမှ နေရာ (၇) ခုကို သိမ်းပိုက်ထားသည်။

ဒါက မည်ကဲ့သို့ ခွန်အားမျိုးနည်း။

ဤစာရင်းအား ကြည့်လိုက်လျှင် ဗဟိုသူတော်စင်အကယ်ဒမီက ကျန်အကယ်ဒမီကြီး (၄) ခု၏ ပေါင်းစပ်မှုကိုပင် ကျော်လွန်နိုင်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပေလော။

ဗဟို သူတော်စင်အကယ်ဒမီမှ ဌာနမှူးက ရွှမ်ယီအနားသို့ သွားကာ ပြုံးပြလိုက်၏။ သူက မည်သည့် စကားမှမပြောခဲ့သည့်တိုင် သူက ရွှမ်ယီအား ကျေးဇူးတင်ကြောင်းဖော်ပြနေသည်ကို မြင်သူတိုင်းသိနိုင်သည်။ သို့သော် ထိုမြင်ကွင်းအား မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရချေ။

ကျန်လူများ အနေဖြင့် ဗဟို သူတော်စင်အကယ်ဒမီ၏ သင်ကြားမှုစွမ်းရည် တဟုန်ထိုး တိုးတက်သွားသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ‌ဗဟိုသူတော်စင်အကယ်ဒမီမှ ဌာနမှူးအပါအဝင် လက်ထောက်နည်းပြများ အားလုံး ထိုသို့မထင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ထိပ်တန်း (၁၀) နေရာအား သိမ်းပိုက်ထား‌သော (၇) ဦးတွင် (၆) ဦးက အလွန်လျှို့ဝှက်ဆန်းကျယ်ကြောင်းသိရှိထားသောကြောင့်ဖြစ်၏။

၎င်းတို့အားလုံး ရွှမ်ယီ၏ တပည့်များဖြစ်ကြသည်။

တစ်နည်းဆိုရသော် ရွှမ်ယီ၏ သင်ကြားမှုစွမ်းရည်က တောင်ပိုင်းတိုက်ကြီးမှ ထိပ်တနအကယ်ဒမီကြီး (၅) ခုထက်သာလွန်နေသည့်အလားပင်။

သို့သော် ရွှမ်ယီက ဗဟိုသူတော်စင်အကယ်ဒမီ၌ ရှိနေခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့လည်း လိုက်ပါမြင့်တက်သွားခြင်းဖြစ်၏။

ရွှမ်ယီကလည်း ပြုံးပြီး မတ်တပ်ရပ်လိုက်ကာ အနီးအနားမှ လက်ထောက်နည်းပြများအား ခေါင်းညိတ်ပြလိုက်ပြီး သူ၏ တပည့်အလိမ္မာလေးများနှင့် ‌တွေ့ဆုံဖို့အတွက် သွားရန်ပြင်လိုက်သည်။

ဝုန်း…

အလွန်ပြင်းထန်သော ဓါးရည်ရွယ်ချက် စွမ်းအားတစ်ခု ကောင်းကင်ထက်မှထွက်ပေါ်လာပြီး ရွှမ်ယီအား တိုက်ရိုက်စိန်ခေါ်လိုက်သည်။

“မူလဘုရင်အဆင့် ဇယား နံပါတ် (၁) ရွှမ်ယီဆီကနေပြီး လမ်းညွှန်မှုလိုချင်ပါတယ်…”

ထိုအသံတွင် စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းအသုံးပြုထားသည်ဖြစ်ရာ ပတ်ဝန်းကျင် တစ်ခွင်လုံးသို့ ကျယ်လောင်စွာ ပျံ့နှံ့သွားလေသည်။

ဗဟိုသူတော်စင်အကယ်ဒမီမှ လူများလည်း ထိတ်လန့်သွားခဲ့ပြီး လက်ထောက်ဌာနမှူး စုကျင်း မျက်မှောင်ကျုံ့လိုက်မိ၏ ။ သူက ဓါးရည်ရွယ်ချက်စွမ်းအား ထွက်ပေါ်လာသည့်နေရာအား ကြည့်လိုက်လျှင် နောက်ကျော၌ ဓါးတစ်ချောင်းလွယ်ထားသူတစ်ယောက်ကို တွေ့လိုက်ရသည်။

“တာအိုရောင်းရင်း ဒါက အကယ်ဒမီကြီး (၅) ခုပြိုင်ပွဲကျင်းပတဲ့နေရာပါ… ပြီးတော့ မင်းက ရွှမ်ယီရဲ့ပြိုင်ဘက်မဟုတ်တာသေချာတယ်… ဘာလို့ အပင်ပန်းခံနေမှာလဲ…”

စုကျင်းက ထိုလူအား ပြန်လည်တုန့်ပြန်လိုက်၏။။ သူက နှောင်းပိုင်းလူသားဘုရင်အဆင့် ကျင့်ကြံမှုအခြေခံရှိသည်ဖြစ်ရာ ထိုစိန်ခေါ်သည့်လူက အထွတ်အထိပ်မူလဘုရင်အဆင့်၌သာ ရှိသေးကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ထိုလူ၏ ဓါးရည်ရွယ်ချက် စွမ်းအားကိုပါ ထည့်သွင်းတွက်ချက်ကြည့်မည်ဆိုလျှင် သူ၏တိုက်ခိုက်နိုင်စွမ်းက အစောပိုင်းလူသားဘုရင်အဆင့်နှင့် ညီမျှနိုင်သည်။

ထိုလူက မူလဘုရင်အဆင့်ဇယားအား စိန်ခေါ်ရန် အရည်အချင်း ပြည့်မှီ၏။

All Chapters