← Chapters

အခန်း (၂၉၂)

Vol. 20 Ch. 292

အခန်း (၂၉၂)

Vol. 20 Ch. 292

ရွှမ်ယီက မူလဘုရင်အဆင့်တွင် တောင်ပိုင်းတိုက်ကြီး တစ်ခုလုံးအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ ယခုတွင် လူသားဘုရင်အဆင့်သို့ ရောက်သောအချိန်၌ လူသားဘုရင်အဆင့်ဇယားမှ နံပါတ် (၉) က သူ၏ပြိုင်ဘက်မဟုတ်ခဲ့ချေ။

“ဒီသတင်းတွေသာ ပြန့်နှံ့သွားလို့ကတော့ ရွှမ်ယီက အထွတ်အထိပ် လူသားဘုရင်အဆင့်မှာ ရှိမနေတာတောင်မှ လူသားဘုရင်အဆင့်ဇယားထဲ ရောက်သွားနိုင်တယ်မလား…”

တစ်စုံတစ်ယောက်က သက်ပြင်းချကာ ပြောလိုက်၏။ သူ၏စကားများက လူတိုင်းကို သတိဝင်သွားစေခဲ့သည်။

ပုံမှန်အတိုင်းဆိုလျှင် လူသားဘုရင်အဆင့်ကို ချိုးဖျက်လိုက်ပြီးနောက်တွင် မိမိပိုင်ဆိုင်ထားသော ကျင့်စဉ် မည်မျှအဆင့်မြင့်စေကာမူ ထိုအဆင့်၌ တည်ငြိမ်စေရန် နှင့် အထက်အဆင့်များသို့ ချိုးဖျက်ရန် အချိန်အတန်ကြာ လိုအပ်ပေသည်။ အထွတ်အထိပ်လူသားဘုရင်အဆင့်သို့ ရောက်မှသာ လူသားဘုရင်အဆင့်ဇယားအတွက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သော်လည်း ရွှမ်ယီက သာမန်မဟုတ်ခဲ့ချေ။ သူက မူလဘုရင်အဆင့်ဇယားသို့ နံပါတ် (၁) အဖြစ် တိုက်ရိုက်ဝင်ရောက်ခဲ့သည်။ ယခုတွင် လူသားဘုရင်အဆင့်သို့ ချိုးဖျက်ပြီးခါစ ဖြစ်သည့်တိုင် လူသားဘုရင်အဆင့်ဇယား နံပါတ် (၉) သို့ရောက်သွားပြီဟု ဆိုရပေမည်။

ထို့အပြင် ရွှမ်ယီ၏ အစစ်အမှန် စွမ်းအားက လူသားဘုရင်အဆင့်ဇယားတွင် မည်သည့်အဆင့်သို့ရောက်နိုင်သနည်း။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။

ရွှမ်ယီက အစောပိုင်းတွင် ယောင်မူ နံဘေးမှ တီးတိုးပြောကြားခဲ့သူအား တစ်ချက်စိုက်ကြည့်လိုက်ရာ ထိုလူ၏ နှလုံးသားတစ်ခုလုံး တုန်ခါသွား၏။

ထို့နောက် ရွှမ်ယီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဖိအားများအားလုံး ရုတ်သိမ်းကာ ဗဟို သူတော်စင်အကယ်ဒမီမှ လူများနှင့် လင်းဝူ စမ်းသို့ဝင်သွားခဲ့သည်။

ရွှမ်ယီ လင်းဝူ စမ်းအတွင်း ရောက်မသွားခင် အချိန်ထိ လင်းဝူ စမ်းရှိရာဘက်သို့ မည်သူမျှ မျက်စောင်းမထိုးရဲကြချေ။

ရွှမ်ယီ လင်းဝူ စမ်းအတွင်းသို့ ဝင်သွားပြီးသည့်နောက် ပတ်ဝန်းကျင် လူအုပ်ကြီးအတွင်းမှ တစ်စုံတစ်ယောက်က ယောင်မူ ကျဆင်းသွားသော တွင်းနက်ကြီးအား မဝံ့မရဲဖြင့်ကြည့်ကာ အနည်းငယ်တွန့်ဆုတ်သွားပြီးနောက် လင်းဝူ စမ်းအတွင်းသို့ လိုက်ဝင်သွားလိုက်သည်။

လူတစ်ယောက်ဝင်သွားလိုက်သောအခါ ကျန်လူများအားလုံးလဲ ယောင်မူအား လျစ်လျူရှုကာ အတွင်းသို့ လိုက်ဝင်သွားခဲ့ကြသည်။

လင်းဝူ စမ်းမှ ရရှိနိုင်သော စွမ်းအားများက အကန့်အသတ်ဖြင့် ရှိ၏။ အရင်ဆုံး ရောက်သူက အကောင်းဆုံးသော အခွင့်အရေးများကို ရရှိပေလိမ့်မည်။

သူတို့ ဝင်ရောက်လာပြီးနောက် လင်းဝူ စမ်းက ၎င်း၏ကျော်ကြားသော ဂုဏ်သတင်းများနှင့် ထိုက်တန်ကြောင်းနားလည်သွားကြ၏။ ၎င်းက တစ်ခြားသော စိတ်ဝိညာဉ်စမ်းများနှင့် မတူညီသော ခံစားချက်ပေးစွမ်းနေသည်။ ၎င်းတွင် မြေကမ္ဘာသွေးကြောမှ ပေါက်ကွဲလာသော စွမ်းအားများနှင့် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်များစုစည်းနေပြီး အလွန်နွေးထွေးသော ခံစားမှုရှိ၏။

မြေကမ္ဘာ စိတ်ဝိညာဉ် သွေးကြောမှ ပေါက်ကွဲထွက်လာသည့် စွမ်းအား ကောင်းကင်နှင့်မြေကြီး၏ အဖိုးတန် စိတ်ဝိညာဉ်စွမ်းအားများ တစ်ခုနှင့်တစ်ခု ဆုံစည်းရာမှ စိတ်ဝိညာဉ်စမ်းတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဆိုလိုသည်မှာ မြေကမ္ဘာစိတ်ဝိညာဉ်စမ်း ပေါ်လာသည့်အချိန်က အတိအကျ သတ်မှတ်ချက်မရှိပဲ အခြေအနေပေါ်လိုက်၍ နေရာဒေသလည်း လိုက်ပါပြောင်းလဲသွားနိုင်သည်။ ၎င်းအား ထိန်းချုပ်ထားရန်မှာ မဖြစ်နိုင်လုနီးပါး ကိစ္စပင်။ ထိုသို့ မဟုတ်လျှင် ဤမျှ အစွမ်းထက်ရတနာက မည်သို့ ပိုင်ရှင်မဲ့ဖြစ်နေနိုင်မည်နည်း။

လူတိုင်း နေရာတစ်ခုရှာလိုက်ပြီး ကျေနပ်စွာ ထိုင်လိုက်ကြသည်။ သူတို့၏ အလယ်တည့်တည့်တွင် မျက်လုံးမှိတ်ကာ ထိုင်နေသော ရွှမ်ယီ ဦးဆောင်သည့် ဗဟိုသူတော်စင်အကယ်ဒမီမှ ကျောင်းသားများရှိသည်။ ရွှမ်ယီ၏ နောက်ခံပေးမှုနှင့်အတူ ၎င်းတို့က လင်းဝူ စမ်းအတွင်း၌ အကောင်းဆုံးသော နေရာကို သိမ်းပိုက်ထားကြကာ မည်သူမှထိုကိစ္စနှင့် ပတ်သက်ပြီး မကျေမနပ်မဖြစ်ဝံ့ကြချေ။

လင်းဝူ စမ်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေ၏။ အဆုံးမဲ့စိတ်ဝိညာဉ်စွမ်းအင်များက ထိုနေရာမှ လူတိုင်းထံသို့ စီးဝင်သွားသည်။ လင်းဝူ စမ်းအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များက အရည်အဖြစ်ပြောင်းလဲနေခဲ့ပြီး ၎င်းတို့မှတစ်ဆင့် အလွယ်တကူစုပ်ယူနိုင်သော စိတ်ဝိညာဉ်စွမ်းအားများအဖြစ်ပြောင်းလဲသွားသည်။

အချိန်အတော်အသင့်ကြာပြီးနောက် လူတိုင်း ခွန်အားများ တိုးတက်လာကြ၏။

အထူးသဖြင့် ရွှမ်ယီဦးဆောင်သော ဗဟိုသူတော်စင်အကယ်ဒမီမှ ကျောင်းသားများဖြစ်သည်။ ၎င်းတို့ထံမှ အရှိန်အဝါများက အစောပိုင်းမူလဘုရင်အဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါနှင့် ယှဉ်နိုင်လုနီးပါးဖြစ်နေချေပြီ။

၎င်းတို့က ရွှမ်ယီပေးအပ်ခဲ့သော အင်ပါယာအဆင့်ကျင့်စဉ်အား လေ့ကျင့်ကာ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်စုဆောင်းနိုင်သော အပ်စိုက်မှတ်ပေါင်း (၄၈၀၀၀) ရရှိခဲ့ကြသည်။ လက်ရှိသူတို့ စုပ်ယူနေသော စိတ်ဝိညာဉ်စွမ်းအင်များတွင် မသန့်စင်သော အစိတ်အပိုင်းများလည်းပါဝင်နေသည်ဖြစ်ရာ ၎င်းတို့အား စုဆောင်းထားပြီး ဖြည်းဖြည်းချင်းသန့်စင်ရန်အတွက် အချိန်လိုအပ်သည်။

ယုလင်းလုံတို့အဖွဲ့ လင်းဝူစမ်းမှ စိတ်ဝိညာဉ်စွမ်းအားများအား ၎င်းတို့ အပ်စိုက်မှတ်များအတွင်း စုပ်ယူလိုက်ပြီးနောက် ၎င်းတို့အား ဖြည်းညှင်းစွာ သန့်စင်ကာ ယခင်ထက်ပိုမိုအားကောင်းလာကြောင်းခံစားမိခဲ့ကြသည်။ ၎င်းတို့အနေဖြင့် အခြေတည်ဝိညာဉ်အဆင့်မှ ကန့်သတ်ချက်အား ချိုးဖျက်ကာ မူလဘုရင်အဆင့်သို့ နီးကပ်လာပြီဖြစ်၏။

ရွှမ်ယီ၏ ခွန်အားလည်း တိုးတက်လာလေသည်။

သူက အင်ပါယာအဆင့်ကျင့်စဉ်အား အသက်သွင်းပြီး လင်းဝူစမ်းအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ တတ်နိုင်သလောက် စုဆောင်းနေခဲ့သည်။

လက်ရှိတွင် ရွှမ်ယီ၏ ခန္ဓာကိုယ်က စိတ်ဝိညာဉ်စွမ်းအင်များအား အရူးအမူးဝါးမြိုနေသော တွင်းနက်ကြီး တစ်ခုအလားပင်။ ဗဟိုသူတော်စင်အကယ်ဒမီမှ လူများနှင့် အနီးဆုံးတွင် ကျင့်ကြံနေသော လူများ ရုတ်တရက် ပြန်လည်နိုးထလာခဲ့ကြ၏။ ဤနေရာတွင် သူတို့ အနေဖြင့် စုပ်ယူနိုင်သော စွမ်းအင် အလွန်နည်းပါးသည်ဟု ခံစားလာရသောကြောင့်ဖြစ်၏။ ထို့ကြောင့် မချိပြုံးပြုံးလိုက်ကြကာ တိတ်တဆိတ်ဖြင့် နေရာပြောင်းလိုက်ကြသည်။

ရွှမ်ယီတို့အဖွဲ့ သိုင်းဒေသမှ လင်းဝူစမ်း၌ စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူကာ ကျင့်ကြံနေကြစဉ်…

ထိုအချိန်တွင် ကောင်းကင်ဒေသ၌ အမျိုးသမီးတစ်ဦး၏ လက်ထဲတွင် ကုချင်းနှင့်ကျောက်စိမ်းအဆောင်အား ကိုင်ဆောင်ထားပြီး ကျောက်စိမ်းအဆောင်အတွင်းမှ အချက်အလက်များအား အာရုံခံလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

“ငါ ယီယီ ကို အမှီလိုက်နိုင်တော့မယ်လို့ ထင်ခဲ့မိတာ… ဒါပေမယ့် ကောင်းကင်ဒေသကို ရောက်ပြီးတဲ့အထိတောင်မှ ယီယီနဲ့ အရမ်းဝေးကွာနေလိမ့်ဦးမယ်လို့ မထင်ထားခဲ့ဘူး…”

ထိုစကားပြောလိုက်သူက လှပသောမျက်နှာနှင့် လှပသောအသွင်အပြင်ရှိသည်။ သူမက တောင်ထိပ်တစ်ခုမှ အဆောက်အဦးထဲတွင် ကုချင်းတစ်ခုအားကိုင်ကာ မတ်တပ်ရပ်နေခဲ့ပြီး ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော တပည့်များ၏ အာရုံကို ဆွဲဆောင်ထားသည်။

သူမက အဇူရာဒေသ ကောင်းကင်လေနိုင်ငံအတွင်းတည်ရှိသော လခြမ်းမြို့ ကု မိသားစုမှ ကုချင်းမန် ဖြစ်သည်။

ကုယီယီ၏ အမဆိုလျှင်လည်းမမှားချေ။

ရွှမ်ယီ ကုယီယီအား တပည့်အဖြစ်လက်ခံခဲ့ပြီးနောက် အမှောင်သစ်တောအားဖြတ်ကာ လခြမ်းမြို့သို့ သွားစဉ် ကုချင်းမန်တို့ ဆရာတူမောင်နှမများ ဓါးပြအုပ်စုနှင့်တိုက်ခိုက်နေသည်ကို မထင်မှတ်ပဲ တွေ့ဆုံခဲ့ကြသည်။ ထိုအချိန်တွင် ရွှမ်ယီက အခြေတည်ဝိညာဉ် အဆင့်၌ သာ ရှိသေး၏။

လခြမ်းမြို့တွင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူက အစွမ်းထက်ဆုံးဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဆိုလျှင် အနှိုင်းမဲ့စွမ်းအားရှင်သဖွယ်ဖြစ်သည်။ ထိုအချိန်တုန်းက ရွှမ်ယီက ကုယီယီ၏ ဆရာဖြစ်လာပြီးနောက် ခရီးသွားစဉ် အသုံးပြုရန်အတွက် ကုယီယီအား မီးတောက်စာကလေး ကိုပေးအပ်ခဲ့သည်။ သူတို့ ကောင်းကင်ထက်မှ ဆင်းလာချိန်တွင် ဓါးပြအုပ်စုလည်း တိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ခဲ့ကြ၏။ ကုယီယီ၏ ဆရာက အလွန်ငယ်ရွယ်သေးသည်ဖြစ်ရာ ကုချင်းမန်လည်း အလွန်ထိတ်လန့်သွားခဲ့သည်။

ထို့နောက်တွင် ကုချင်းမန်အား အလွန်ထိတ်လန့်တုန်လှုပ်စေမည့် အဖြစ်အပျက်များ ဆက်လက်ဖြစ်ပွားခဲ့၏။

ရွှမ်ယီ၏ လမ်းညွှန် သင်ကြားပေးမှုများအောက်တွင် သူမ၏ ညီမဖြစ်သူ ကုယီယီက ခရမ်းလမင်းလျှို့ဝှက်နယ်မြေမှ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်တွင် အဆင့်တစ်ခုချန်ထားနိုင်ခဲ့သည်။

ထို့အပြင် ရွှမ်ယီကလည်း နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ မှတ်တမ်းထိပ်ဆုံးမှလူကို အလွန်ဝေးကွာသော နေရာ၌ ချန်ထားခဲ့ပြီး နံပါတ် (၁) နေရာအား တိုက်ရိုက်ရယူခဲ့သည်။ ထို့နောက် ထိုနေရာတွင် သိမ်းစည်းထားသော ဘုရင်အဆင့် အမွေအနှစ်ကိုလည်း ရရှိခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့၏။

ထိုကိစ္စများပြီးနောက် မည်သည့်အရာများ ဆက်ဖြစ်သွားခဲ့သည်ကို ကုချင်းမန် ဂဂနန မသိတော့ချေ။

ခရမ်းလမင်းလျှို့ဝှက်နယ်မြေမှ ကိစ္စများအားလုံးပြီးဆုံးပြီးနောက် ကုချင်းမန်နှင့်သူမ၏ဆရာက ဆရာချင်ဟီနှင့် တွေ့ဆုံခဲ့ကြသည်။

All Chapters