အခန်း (၂၉၃)
Vol. 20 Ch. 293
ဆရာချင်ဟီက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်ပြီး ကုချင်းမန်၏ ဆရာလည်းဖြစ်သည်။
သူက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်ရုံမျှမက ရှန်ကျင်းဂိုဏ်းမှ အကြီးအကဲတစ်ဦးလည်းဖြစ်၏။ ဂိုဏ်းတွင် ဘုရင်တစ်၀က်အဆင့် အနည်းငယ်နှင့် မူဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ရှိသည်။
ချင်ဟီ လှည့်ပတ်ခရီးသွားခဲ့စဉ် အဇူရာဒေသသို့ရောက်ချိန်၌ ကုချင်းမန်အား တပည့်အဖြစ် လက်ခံခဲ့ခြင်းဖြစ်၏။
ချင်ဟီက ကုချင်းမန်၏ ပုံစံနှင့် စိတ်ဓာတ်က သူ ငယ်စဉ်ကနှင့် အလွန်ဆင်တူသည်ဟု ခံစားမိသဖြင့် မရမက ပြောဆိုကာ တပည့်အဖြစ်လက်ခံပြီးနောက် ကောင်းကင်ဒေသသို့ ချက်ချင်း ပြန်လာခဲ့သည်။
ကောင်းကင်ဒေသသို့ရောက်ပြီး ကုချင်းမန်အနေဖြင့် ဘုရင်အဆင့် အင်အားစု၌ ပါ၀င်ခွင့်ရခြင်းကြောင့် ၀မ်းသာ၍ပင်မဆုံးသေး ကောင်းကင်ဒေသမှ ရွှမ်ယီ၏ သတင်းများကို ကြားခဲ့ရသည်။
ရတနာများအတွက် ယှဉ်ပြိုင်ခြင်း..
ဘုရင်တစ်၀က်အဆင့် ခွန်အား ပိုင်ဆိုင်ခြင်း…
လျှို့ဝှက်နယ်မြေအတွင်း၌ ဘုရင်အဆင့်အား သတ်ဖြတ်ခြင်း…
ကောင်းကင်ဒေသမှ ယခင်အဓိက အင်အားစုကြီးလေးခုအတွင်းမှ တစ်ခုဖြစ်သော ဖီးနစ်လှိုဏ်ဂူအား ဖျက်ဆီးခြင်း…
ကောင်းကင်ဒေသမှ ချိန်ခွင်လျှာအား ပြောင်းလဲစေကာ ရွှမ်မိသားစုက အဓိက အင်အားစု ဖြစ်သွားစေခြင်း…
ထို ကိစ္စများအားလုံး အလွန်ကြီးကျယ်ခမ်းနားသည့် ကိစ္စများပင်။
အစပိုင်းတွင် ဖန်ရင်နှင့် ကုချင်းမန်တို့က ထို ရွှမ်ယီက သူတို့သိသော ရွှမ်ယီမဟုတ်ဘဲ နာမည်တူနေခြင်းဟုသာ ထင်မှတ်ခဲ့ကြ၏။
သူတို့သိသော ရွှမ်ယီကလည်း အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်သော်ငြား ကောင်းကင်ဒေသက ထိပ်တန်းဒေသ(၂၀)အတွင်းမှ ဒေသကြီးဖြစ်ပြီး အဇူရာဒေသက အဆင့်(၁၀၀)၀န်းကျင်၌သာရှိသည်။ ၎င်းတို့က လုံး၀ နှိုင်းယှဉ်မရပေ။
ထို့ကြောင့် သူတို့သိထားသော ရွှမ်ယီ အစွမ်းထက်သည့်တိုင် ကောင်းကင်ဒေသမှ ရွှမ်ယီဖြစ်မည်ဟူ မယုံကြည်ခဲ့ကြချေ။
သို့သော် ကုချင်းမန်၏ စပ်စုလိုစိတ်ကြောင့် သတင်းအတိအကျသိခဲ့ရသည်။
ကောင်းကင်ဒေသမှ ရွှမ်ယီနှင့် အဇူရာဒေသမှ ရွှမ်ယီတို့က အတူတူပင်ဖြစ်၏။
အတည်ပြုခဲ့ပြီးနောက် သူမ အလွန်တုန်လှုပ်သွားသည်။
“ အခြေတည်ဝိညာဉ်အဆင့်က ဘုရင်အဆင့်ကို တကယ်သတ်နိုင်တာလား….”
ဆရာတပည့်နှစ်ယောက်လုံး အလွန်အံ့ဩသွားကြ၏။
“ အချိန်က ဘယ်လောက်ကြာသေးလို့လဲ…”
ဖန်ရင်၏ မျက်၀န်းထဲ၌ အလွန်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။
ဘုရင်အဆင့်ဆိုတာ မည်သည့်အဓိပ္ပါယ်ဖြစ်ကြောင်း သူမတို့ ကောင်းစွာ နားလည်ထားကြ၏။
၎င်းတို့က အဇူရာဒေသ၌ အုပ်စိုးရှင်းများဖြစ်ကြပေသည်။
ကောင်းကင်ဒေသ၌ပင် ဘုရင်အဆင့်နှင့် အောက်အဆင့်များအကြား အလွန်ကြီးမားသော ကွာခြားချက်ရှိ၏။
သို့သော် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်ဖြင့် ဘုရင်အဆင့်အား သတ်ခဲ့သည်။
ယခုတွင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ဆိုသည်မှာ ကုချင်းမန်အတွက် ဘာမှမဟုတ်တော့ပေ။ အချိန်အတန်ကြာကျင့်ကြံခဲ့ပြီးနောက်သူမ အခြေတည်ဝိညာဉ်အဆင့်သိူ့ ရောက်သွားချေပြီ။
၎င်းက အဇူရာဒေသတွင် အလွန်အထင်ကြီးစရာတစ်ခုဖြစ်နေပြီဆိုသော်လည်း ရွှမ်ယီ ရှေ့၌ ဘာမျှမဟုတ်ဟု သူမ ခံစားမိနေသည်။
ဖန်ရင်နှင့် ကုချင်းမန်တို့ အလွန်ထိတ်လန့် အံ့အားသင့်သွားခဲ့ကြသော်လည်း အဇူရာဒေသမှ ကကောင်းကင်ဒေသသို့ရုတ်တရက် ရောက်လာခဲ့ပြီး ဘုရင်အဆင့် အင်အားစုတစ်ခုသို့ ၀င်ရောက်ခွင့်ရခဲ့ရုံမျှဖြင့် တော်တော်လေး ကျေနပ်နေကြပြီဖြစ်၏။
အထူးသဖြင့် ကုချင်းမန်ပင်။ ရှန်ကျင်းဂိုဏ်းသို့ ရောက်လာပြီးနောက် အမျိုးသားတပည့်များစွာတို့အကြား အလွန်ရေပန်းစားခဲ့သည်အပြင် သူမ ရရှိသော ကျင့်ကြံမှုပတ်၀န်းကျင် နှင့် အရင်းအမြစ်များက ယခင် အဇူရာဒေသ၌ ရရှိခဲ့သည်များထက် အပြတ်အသတ် သာလွန်ပေသည်။
ဤသို့ဖြင့် ထိုအချိန်မှစပြီး သူမ ခွန်အားက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)မှ နေ၍ လျှင်မြန်စွာ တိုးတက်လာခဲ့၏။
လခြမ်းမြို့၌ ရှိနေစဉ် ကတည်းက သူမက ပါရမီရှင်တစ်ဦးဖြစ်သည်။
…
သူမက ချင်ဟီနှင့် သွားတွေ့ကာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမတို့ ကုမိသားစုက အစွမ်းထက်ပုံရိပ်တစ်ခုနှင့် ဆက်နွယ်နေကြောင်း အရိပ်အမြွတ်ပြောကြားခဲ့သည်။
သို့သော် ချင်ဟီက အသာအယာလက်ဝှေ့ယမ်းလိုက်ခြင်းဖြင့် တုံ့ပြန်လိုက်၏။ သူမစကားအား စိတ်မ၀င်စားသည်မှာ ထင်ရှားသည်။
ကုမိသားစုက အဇူရာဒေသကဲ့သို့နေရာမှ နိုင်ငံငယ်လေးတစ်ခုအတွင်းရှိ မိသားစုလေးတစ်ခုမျှသာ။
သူက ဘုရင်တစ်၀က်အဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်သော အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်၏။
ထို့ကြောင့် ဤမျှလောက်ကို ဂရုမစိုက်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကုချင်းမန်အား တာ၀န်တစ်ခုပေးလိုက်၏။
ဖန်ရင်အား အတူခေါ်ဆောင်ပြီး သူ၏ သူငယ်ချင်းထံသို့သွားကာ လက်ဆောင်ပေးအပ်ရန်ဖြစ်သည်။
ချင်ဟီ၏ အဆိုအရ လူငယ်မျိုးဆက်တစ်ယောက်က စီနီယာဖြစ်သူတစ်ဦးထံ ပထမဆုံးအကြိမ် သွားရောက်လည်ပတ် သာမန်ထက်ပို၍စိတ်၀င်စားခံရနိုင်သည်။
သူငယ်ချင်းသူထံမှ မည်သည့်လက်ဆောင်များ ပြန်ရလာမလဲ….?
ဖန်ရင်လည်း ရယ်ရအခက် ငိုရအခက်ဖြင့် ကုချင်းမန်နှင့်အတူ ရှန်ကျင်းဂိုဏ်းမှ ထွက်ခွာလာလိုက်သည်။
သူတို့ ထွက်သွားပြီး ရက်အနည်းငယ် ကြာပြီးနောက်…
ရှန်ကျင်းဂိုဏ်းချုပ် ဂိုဏ်းသို့ ရုတ်တရက် အလောတကြီး ပြန်ရောက်လာ၏။
သူ ပြန်ရောက်ရောက်ချင်း ပထမဆုံး လုပ်သည့်အရာက အကြီးအကဲများအား စုစည်းပြီး အစည်းအဝေးတစ်ခု စတင်လိုက်ခြင်းပင်။
“ ဂိုဏ်းချုပ်.. ဘာများဖြစ်လို့လဲ…?”
ချင်ဟီက ခန်းမ အလယ်၌ ထိုင်နေသည့် ဂိုဏ်းချုပ်အား နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
အဘယ်ကြောင့် ပြင်ပမှ ရုတ်တရက် ပြန်လာပြီး အစည်းအဝေးခေါ်လိုက်ရသနည်း…?
“ငါ.. တစ်စုံတစ်ယောက်ကို သတ်ခဲ့တယ်…”
ဂိုဏ်းချုပ်၏ အမူအရာ အလွန်တင်းမာနေသည်။ သူက လက်သီးအား တင်းနေအောင်ဆုပ်ထားပြီး အံ့ကြိတ်ရင်း ရှင်းပြလိုက်၏။
သူ ကိစ္စတစ်ခုကြောင့် ခရီးသွားနေစဉ် လူငယ် တစ်ဦးနှင့် ပြသနာဖြစ်ပြီး စိန်ခေါ်ခံလိုက်ရသည်။ ထိုအခါ တိုက်ခိုက်ရင်း လက်လွန်ကာ သတ်မိသွားခဲ့သည်။
ပြသနာက ထိုနေရာမှ စခြင်းပင်။
အစပိုင်းတွင် သူက ထိုလူအား သာမန် ဂျူနီယာတစ်ဦးအဖြစ်သာ ထင်မှတ်ခဲ့သည်။ သို့သော် ထင်ထားသည်နှင့် ဆန့်ကျင်စွာ အစွမ်းထက်ဂိုဏ်းတစ်ခုမှ ဆက်ခံသူဖြစ်နေခဲ့၏။
၎င်း၏ အမည်က ကောင်းကင်နတ်ဆိုးဂိုဏ်းဖြစ်ပြီး ဘုရင်အဆင့်ကျင့်ကြံသူ(၃) ယောက်ပိုင်ဆိုင်ထားသည်။ အစောပိုင်းမူလဘုရင်အဆင့်တစ်ယောက်နှင့် အလယ်အလတ် မူလဘုရင်အဆင့် နှစ်ယောက်ဖြစ်၏။
ဘုရင်အဆင့်ကျင့်ကြံသူ(၃)ယောက်ရှိသည်ဟုသော စကားဖြင့်ပင် ခန်းမအတွင်းမှ အကြီးအကဲများအားလုံး ငြိမ်ကျသွားတော့သည်။
သူတို့ ရှန်ကျင်းဂိုဏ်းတွင် ဘုရင်အဆင့်တစ်ယောက်တည်းသာရှိ၏။
အကယ်၌ စစ်ပွဲဖြစ်လာလျှင်မူ…!
“ ဂိုဏ်းချုပ်… ကျုပ်တို့ ဒီကိစ္စကို ဖုံးကွယ်ထားရအောင်…”
ချင်ဟီက ပတ်၀န်းကျင်အား လှည့်ကြည့်လိုက်ရင်း အသံတိုးကာပြောလိုက်သည်။
ဤကိစ္စအား ပိပိရိရိ ဖုံးကွယ်ထားနိုင်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းက သူတို့ ရှန်းကျင်ဂိုဏ်းအား သိရှိနိုင်မည်မဟုတ်ပေ။
အကယ်၍ ဖုံးကွယ်မထားနိုင်ပါက ကပ်ဘေးကျရောက်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“ ဟူးးး မေ့ထားလိုက်တော့…”
“ ဟိုဘက်က သတင်းရပြီးသွားပြီ…”
ဂိုဏ်းချုပ်က ခုံပေါ်၌ အားလျော့စွာ ထိုင်နေရင်း လက်ယမ်းပြလိုက်သည်။
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှန်ကျင်းဂိုဏ်းတစ်ခုလုံး တုန်ခါသွား၏။
ဘုန်း…
ရှန်ကျင်းဂိုဏ်း အထက်ကောင်းကင်ယံ၌ နတ်ဆိုးချီများ လှိုင်းလုံးပမာ ၀င်ရောက်လာပြီး နေရောင်ကိုပင် ဖုံးကွယ်သွားလေသည်။
ရှန်ကျင်းဂိုဏ်းတစ်ခုလုံး ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့် အလွန် တုန်လှုပ်သွားကြ၏။
အကြီးအကဲများ အားလုံး အစည်းအဝေးခန်းအတွင်းမှ ပြေးထွက်လာကြပြီး သူတို့ မျက်၀န်းများက သတိအပြည့်ဖြင့် တောက်ပနေသည်။
နတ်ဆိုးချီများမှ တစ်ဆင့် ဂိုဏ်းပြင်ပမှ အခြေအနေအား ဝိုးတဝါးမြင်နိုင်သည်။ သူတို့ ရှန်ကျင်းဂိုဏ်းအား ကောင်းကင်နတ်ဆိုးဂိုဏ်းသားများ ထွက်ပေါက်မရှိအောင် ၀န်းရံထားပြီး ၎င်းတို့ အားလုံးအထက်တွင် ထွင်းဖောက်မြင်နိုင်စွမ်းမရှိသော ပုံရိပ်တစ်ခု ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ရပ်နေသည်။
စကားတစ်ခွန်းမှမပြောဘဲ သူ၏ အရှိန်အဝါများအား ရှန်ကျင်းဂိုဏ်းတစ်ခုလုံးသို့ ဖြန့်ကျက်ထားလေသည်။
……..