← Chapters

အခန်း (၂၉၄)

Vol. 20 Ch. 294

အခန်း (၂၉၄)

Vol. 20 Ch. 294

“ ကျုပ်တို့ ရှန်းကျင်းဂိုဏ်းကို ဘယ်က ဧည့်သည်တော်တွေများ ရောက်လာတာလဲ…”

ဘုန်း…

ရှန်ကျင်းဂိုဏ်း၏ အနောက်ဘက်မှ အလားတူကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

၎င်းက ဆံဖြူအဘိုးအိုတစ်ဦးဖြစ်ပြီး ရှန်ကျင်းဂိုဏ်း၏ ဘိုးဘေးဖြစ်ကာ လက်ထဲ၌ ရှန်ကျင်းဂိုဏ်း၏ အမွေအနှစ်ဇီသာအား ကိုင်ဆောင်ထားသည်။

ရှန်းကျင်းဂိုဏ်းမှ တပည့်များအားလုံး ဘိုးဘေး၏ တည်ရှိမှုအကြောင်းသိထားကြသည်။

ထို့ကြောင့် မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်၀န်းများထဲ၌ ပျော်ရွှင်၀မ်းမြောက်မှုများ ထွက်ပေါ်လာ၏။

“ ဘိုးဘေး… ဘိုးဘေး လှုပ်ရှားပြီ…”

“ ဟုတ်တယ်… ငါတို့ ကယ်တင်ခံရပြီ.. အသက်ရှင်တော့မယ်ကွ…”

ယခုအချိန်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းက အလုံးအရင်းတိုက်ခိုက်ခြင်းမပြုသေးသော်လည်း ၎င်းတို့ တပည့်များက ရောက်လာသည်နှင့် ရှေ့ပြေးထွက်ပြီး နီးစပ်ရာ ရှန်ကျင်းဂိုဏ်း၀င်များအား သတ်ဖြတ်ခဲ့ကြ၏။

သို့သော် ရှန်ကျင်းဂိုဏ်း ဘိုးဘေး၏ အရှိန်အဝါကို မြင်လိုက်ပြီးနောက် ကောင်းကင်နတ်ဆိုးဂိုဏ်းအား ဦးဆောင်လာသည့်ခေါင်းဆောင်က လှောင်ရယ်လိုက်သည်။

ဘုန်း…

သူထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက ယခင်ထက် ပိုမိုအားကောင်းလာခဲ့ပြီး ရှန်ကျင်းဘိုးဘေး၏ အရှိန်အဝါကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

ရှန်ကျင်းဘိုးဘေး မျက်၀န်းများ ကျဉ်းမြောင်းသွားခဲ့၏။

အလယ်အလတ် မူလဘုရင်အဆင့်…!

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ခေါင်းဆောင်၏ မျက်၀န်းများက စူးရှလျက်ရှိပြီး နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးနေခဲ့သည်။

“ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက အမွေဆက်ခံသူကိုသတ်ဖို့ မင်းတို့ကို ဘယ်သူက သတ္တိတွေ ပေးခဲ့တာလဲကွ…”

“ ဟမ့်.. နောက်(၃)ရက်နေရင် ငါတို့ဂိုဏ်းချုပ် ခရီးကနေ ပြန်ရောက်လာတော့မယ်.. ကောင်းကင်ဒေသကို သူပြန်ရောက်တဲ့နေ့က မင်းတို့ ရှန်ကျင်းဂိုဏ်း ပျက်စီးတဲ့နေ့ဘဲ…”

“ မင်းတို့အားလုံး… လက်ကျန် အချိန်လေးမှာ ပျော်ရွှင်ပါစေ…”

စကားဆုံးသည်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း ခေါင်းဆောင်က အစွမ်းကုန်သုံးပြီး ရှန်ကျင်းဂိုဏ်းအား လေဟာနယ်အတွင်း ပိတ်ဆို့လိုက်သည်။

သူ့ထက် သန်မာသူရောက်မလာသရွေ့ ၎င်းအား မည်သူမှ ချိုးဖျက်နိုင်မည်မဟုတ်ပေ။

“ အားလုံး ပြီးပြီ…”

ရှန်ကျင်းဂိုဏ်းချုပ်၏ နှလုံးသားတစ်ခုလုံး မွန်းကြပ်သွားပြီး သက်ပြင်းချလိုက်မိသည်။

ထိုအချိန်တွင်…

ရှန်ကျင်းဂိုဏ်းမှ မိုင်ပေါင်းများစွာ ကွာဝေးသောနေရာ၌..

ဖန်ရင်နှင့် ကုချင်းမန်တို့ ရှန်ကျင်းဂိုဏ်း၏ ဖြစ်စဉ် အစအဆုံးမြင်တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်လုံး ထိုနေရာမှ စကားများကို ကြားခဲ့ရ၏။ ရှန်ကျင်းဂိုဏ်းအား လာရောက်တိုက်ခိုက်သည့်အဖွဲ့က ကောင်းကင်နတ်ဆိုးဂိုဏ်းမှဖြစ်သည်။

သူတို့နှစ်ယောက်လုံး မကောင်းသတင်းဖြင့် နာမည်ကြီးသည့် ထိုဂိုဏ်းအကြောင်း ကြားဖူးထားကြလေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်း၌ ဘုရင်အဆင့်ကျင့်ကြံသူ (၃)ယောက်ရှိ၏။ (၃) ယောက်ထား (၂)ယောက်ပင် မလိုချေ။ ယခုရောက်လာသူ တစ်ယောက်နှင့်ပင် ရှန်ကျင်းဂိုဏ်းအား တစ်စစီခြေမွှရန် လုံလောက်နေချေပြီ။

ပုံမှန်ဆိုလျှင် ရှန်ကျင်းဂိုဏ်းက ထိုသို့ ကျားမြီးဆွဲသည့် အပြုအမူမျိုးလုပ်မည်မဟုတ်ပေ။ ယခုတွင် ၎င်းတို့ အမွေဆက်ခံသူအား မတော်တဆ သတ်မိခဲ့ခြင်းဖြစ်၏။

၎င်းတို့ ဒေါသမထွက်မှသာ ထူးဆန်းနေပေလိမ့်မည်။

ယခုတွင် ရှန်ကျင်းဂိုဏ်းအတွက် သေခြင်းမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။

ဘုတ်..

ဖန်ရင်၏ လက်ချောင်းများ အားလျော့သွားပြီး လက်ထဲ၌ ကိုင်လာသော လက်ဆောင်ပစ္စည်းပင် အောက်ပြုတ်ကျသွား၏။

သူမက တည်ကြည်သော မျက်၀န်းများဖြင့် ကုချင်းမန်အား စိုက်ကြည့်လိုက်ပြီး

“ ရှန်ကျင်းဂိုဏ်း ဖျက်ဆီးခံရတော့မယ်… ဆရာကတော့ လွတ်တော့မယ်မထင်ဘူး.. အခု ငါတို့(၂)ယောက်ပဲ ကျန်တော့မယ်…”

ဖန်ရင်၏ မျက်၀န်းများက တစ်ချက်တောက်ပသွားပြီး ကုချင်းမန်အား သေချာကြည့်လိုက်သည်။ သူမ အသက်ရှုသံများ မြန်လာပြီး စက္ကန့်အနည်းငယ်လောက် အတွေးလွန်ဆွဲကာ ရုန်းကန်လိုက်ပြီးနောက် သူမ မျက်နှာထက်၌ ပြတ်သားဟန်များ ထွက်ပေါ်လာ၏။

“ ချင်းမန်.. မင်း ပြေးနိုင်သလောက် ပြေးတော့…”

ထိုစကားအားကြားလျှင် ကုချင်းမန် အံ့အားသင့်သွားပြီး ဖန်ရင်၏လက်အား ဆွဲကိုင်လိုက်ပြီးနောက် ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

“ ဆရာ.. ဒါ ဘာသဘောလဲ…”

ဖန်ရင်က အံကြိတ်လိုက်ကာ ရှန်ကျင်းဂိုဏ်းရှိရာဘက်သို့ ကြည့်လိုက်ပြီးနောက် ကုချင်းမန်၏ လက်အား ဖယ်ချလိုက်သည်။

“ ဆရာချင်ဟီက ငါ့အပေါ် အရမ်းကောင်းခဲ့တယ်… အခု ငါ ရှန်ကျင်းဂိုဏ်းကို ပြန်သွားတော့မယ်…”

“ မဟုတ်ဘူး…”

ဖန်ရင်အား ကြည့်နေသည့် ကုချင်းမန်၏ မျက်၀န်းထဲ၌ မလိုလားဟန်များ နှင့် ၀မ်းနည်းမှုများ ပြည့်နှက်လာသည်။

အစကတည်းက သူမသာ ဖန်ရင်နှင့် တွေ့ဆုံခဲ့ခြင်းမရှိပါက အဇူရာဒေသမှ နိုင်ငံငယ်လေးအတွင်းရှိ မြို့လေး၌သာ ရှိနေဦး ပေလိမ့်မည်။ ဖန်ရင်နှင့် တွေ့ပြီးနောက်မှ ဤကဲ့သို့ တစ်ဆင့်ခြင်းပြောင်းလဲလာခြင်းဖြစ်၏။

“ နည်းလမ်း တစ်ခုခုတော့ရှိဦးမှာပါ…”

ကုချင်းမန် ဆောက်တည်ရာမရဖြစ်နေစဉ် ရွှမ်ယီ အကြောင်းတွေးမိလိုက်ပြီး မျက်၀န်းများ တောက်ပသွားလေသည်။

သူမအတွက် နောက်ဆုံး ကောက်ရိုးတစ်မျှင်အား ဆုပ်ကိုင်မိလိုက်စကဲ့သို့ပင်။

၀မ်းသာအားရ ရှေ့တိုးသွားခဲ့ပြီး ဖန်ရင်၏ လက်များအား ဆုပ်ကိုင်လိုင်သည်။

“ ဆရာ.. အဲ့လို လုပ်စရာမလိုဘူး.. ကျွန်မတို့မှာ မျှော်လင့်ချက်ရှိသေးတယ်…”

“ ရွှမ်မိသားစု.. ကျွန်မတို့ ရွှမ်မိသားစုကို သွားလို့ရတယ်… ရွှမ်ယီက ရွှမ်မိသားစုက အမွေဆက်ခံသူလေ.. ကျွန်မတို့ ရွှမ်မိသားစုကိုသွားရင် ဒီကိစ္စ ပြေလည်သွားလောက်မှာပါ…”

စကားဆုံးသည်နှင့် ဖန်ရင်လည်း သတိ၀င်ပြီး အံ့အားသင့်သွားသည်။

ခေါင်းလှည့်ပြီး ကုချင်းမန်အား ကြည့်လိုက်၏။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူမ မျက်၀န်းများ အရောင်လက်သွားခဲ့သည်။

“ ရွှမ်မိသားစုက ကောင်းကင်ဒေသက အဓိက အင်အားစုကြီး(၃)ခုထဲက တစ်ခုဘဲ.. သူတို့သာ ကူညီဖို့ဆန္ဒရှိနေသ၍ ရှန်ကျင်းဂိုဏ်းကိစ္စ ပြေလည်သွားလိမ့်မယ်…”

“ ဒါပေမယ့် ရွှမ်မိသားစုက ကူညီဖို့ ဆန္ဒရှိပါ့မလား… ငါတို့မှာ အချိန်အများကြီးမရှိဘူး.. (၃)ရက်ပဲရှိတယ်…”

“ သေချာပေါက် ကူညီမှာပါ…”

ကုချင်းမန် လက်သီးအား တင်းကြပ်အောင်ဆုပ်လိုက်ပြီး ဖန်ရင်အားကြည့်ကာ သေချာသော လေသံဖြင့် ပြောလိုက်၏။

ယခုအချိန်တွင် ရွှမ်မိသားစုက ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ သူတို့အတွက် နောက်ဆုံး အခွင့်အရေးဖြစ်၏။

ရွှစ်..

ဤသို့ဖြင့် (၂)ယောက်သား ရွှမ်မိသားစု တည်ရှိရာ အနောက်ပိုင်းပြည်နယ်သို့ အပြေးအလွှား ထွက်ခွာလိုက်ကြသည်။

….

ထိုအချိန်တွင်

ကောင်းကင်ဒေသ ရွှမ်မိသားစု ပင်မအိမ်တော်၌…

ရွှမ်မိသားစု ခေါင်းဆောင်က အဓိကအခန်းမ အတွင်းရှိ စားပွဲဝိုင်း၏ တစ်ဖက်၌ အလွန်ဧည့်၀တ်ကျေဟန်ဖြင့် ပြုံးရွှင်ကာ ထိုင်နေသည်။

“ ရွှမ်ယီက အဇူရာဒေသမှာ သူ့တပည့်တွေ ကျန်ခဲ့ကြောင်း ငါ့ကို ပြောဖူးလို့ သိတာတော့ကြာပါပြီ… ဒါပေမယ့် မင်းရဲ့ အရည်အချင်းက ဒီလောက် ထူးခြားနေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး… ဟောဒီက အဘိုးကြီး ထင်တာသာ မမှားရင် မင်းမှာ စိတ်ဝိညာဉ် ခန္ဓာကိုယ်တစ်ခု ရှိရမယ်.. ဟုတ်တယ် မလား…”

ရွှမ်ယွမ်၏ မျက်၀န်းများက တောက်ပနေပြီး မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေခဲ့သည်။

သူ၏ ရွှမ်မိသားစု ခေါင်းဆောင်ဖြစ်သဖြင့် မိသားစုအတွင်းမှ လူများ သန်မာအားကောင်းလေ ၀မ်းသာလေဖြစ်၏။

ရွှမ်ယီ၏ သူတို့ ရွှမ်မိသားစုအတွက် ဂုဏ်ယူစရာပုံရိပ်တစ်ခုဖြစ်သည့်အပြင် အမွေဆက်ခံသူလည်းဖြစ်သည်။ ထို့ကြောင့် သူ့ တပည့်များကိုလည်း ရွှမ်မိသားစု၏ အစိတ်အပိုင်းများအဖြစ် ယူဆနိုင်သည်။

ရွှမ်ယွမ်၏ မျက်လုံးထဲ၌ အဇူရာဒေသမှ ကောင်းကင်ဒေသသို့ ရောက်လာခဲ့သော ကုယီယီအား အလွန်သဘောကျ နှစ်ခြိုက်နေလေသည်။

ကုယီယီက သူမ၏ စွမ်းအားကို ထုတ်ဖော်ပြသခြင်းမရှိသည့်တိုင်အောင် သူမထံမှ နှစ်(၁)သောင်းကြာ ဘ၀င်စိုက်နေသော ရေခဲတောင်ကြီးတစ်လုံးကဲ့သို့ အရှိန်အဝါ အစအနကို ခံစားမိနေခဲ့သည်။

စိတ်ဝိညာဉ်ခန္ဓာပိုင်ရှင်များသာ သူအား ထိုကဲ့သို့ ခံစားမိစေပေလိမ့်မည်။

All Chapters