အခန်း (၂၉၅)
Vol. 20 Ch. 295
“ စီနီယာက အရမ်းထက်မြက်တာပဲ…”
ကုယီယီက အပြုံးတစ်ခုဖြင့် ချီးကျူးစကားဆိုလိုက်သည်။
သူမ ခရီးစဉ်၏ နောက်ဆုံးပန်းတိုင်က ဗဟိုသူတော်စင် အကယ်ဒမီသို့ဖြစ်သည်။ သို့သော် ကောင်းကင်ဒေသကို ဖြတ်သွားချိန် ရွှမ်မိသားစုအကြောင်း သတိရပြီး ၀င်ရောက် လည်ပတ်ခြင်းဖြစ်၏။
သူမ အမည်ကို သတင်းပို့လိုက်ရာ ရွှမ်မိသားစုခေါင်းဆောင် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ထို့နောက် သူမအား အလေးထားမှုကို ပြသရန် တံခါး၀သို့ကိုယ်တိုင် သွားရောက် ခေါ်ဆောင်ခဲ့၏။ ထို့နောက် တစ်ချိန်လုံး ဖော်ရွေသော စကားများ ပြောဆိုနေခဲ့သည်။
သို့သော် ကုယီယီကလည်း မောက်မာခြင်းအလျင်းမရှိဘဲ ရွှမ်ယွမ်ရှေ့၌ လေးစားမှုအပြည့်ရှိ၏။
သူမက အဇူရာဒေသမှ ရွှမ်ယီ၏ အကြောင်းများ ပြန်လည်ပြောပြခဲ့သည်။
ရွှမ်ယွမ်က ပြုံးပြီး ခေါင်းတစ်ညိမ့်ညိမ့်ဖြင့် နားထောင်နေ၏။
“ ဟုတ်ပြီ.. ဒါဆိုရင် ရွှမ်မိသားစု ရက်အနည်းငယ် အနားယူပြီးမှ ခရီးဆက်ပေါ့…”
ရွှမ်ယွမ်က ကုယီယီနှင့် စကားဝိုင်းပြီးဆုံးပြီးနောက် သူမအား ရွှမ်မိသားစု၌ ရက်အနည်းငယ်အနားယူရန် ပြောလိုက်သည်။
သို့သော် သူတို့ ပြန်လည်ထွက်မခွာရသေးမီ အဓိကခန်းမအတွင်းသို့ အစောင့်တစ်ယောက် ရောက်လာခဲ့၏။
“ ခေါင်းဆောင်ကို သတင်းပို့ပါတယ်… တံခါးရှေ့မှာ အမျိုးသမီးနှစ်ယောက်ရောက်လာပြီး သခင်လေးကို သိတယ်လို့ ပြောနေပါတယ်… သူတို့က အဇူရာဒေသ ကုမိသားစုကလို့ပြောနေကြပေမယ့် ကောင်းကင်ဒေသ ဂိုဏ်းတစ်ခုက ၀တ်စုံကို၀တ်ဆင်ထားကြပါတယ်….”
စကားဆုံးသည်နှင့် ရွှမ်ယွမ်နှင့် ကုယီယီတို့ တစ်ယောက်ကိုတစ်ယောက် ကြောင်အစွာကြည့်မိလိုက်ကြသည်။
အဇူရာဒေသ ကုမိသားစု…
ရွှမ်ယီ၏ တပည့် ကုယီယီက သူ့ရှေ့တွင် ရှိနေသည် မဟုတ်လော…?
“ စီနီယာ.. ကျွန်မ အပြင်ခဏ ထွက်ကြည့်လိုက်ဦးမယ်…”
ကုယီယီ၏ မျက်၀န်းများထဲ၌ တွေးဆဟန်များဖြစ်ပေါ်နေသည်။
သူမ အဇူရာဒေသမှ ထွက်မလာခင်အထိ လခြမ်းမြို့ ကုမိသားစုမှ လူတစ်ယောက်ယောက် ကောင်းကင်ဒေသ၌ ရှိနေသည်ဟု မကြားဖူးခဲ့ပေ။
“ အတူသွားကြစို့…”
ရွှမ်ယွမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် နှစ်ယောက်သား အိမ်တော် တံခါးသို့ လျှောက်သွားလိုက်ကြ၏။
ထိုအချိန်တွက် ရွှမ်အိမ်တော် တံခါးအပြင်ဘက်၌ ဖန်ရင် နှင့် ကုချင်းမန်တို့ ဆရာတပည့် မျက်ရည်ကျလုနီးပါး ဖြစ်နေကြချေပြီ။
ရွှမ်မိသားစုထံသို့ အတတ်နိုင်ဆုံး လျင်မြန်စွာ ပြေးလာခဲ့ကြသော်လည်း ဘာမှမပြောရသေးမီ အစောင့်များထံ တားဆီးခံလိုက်ရသည်။
ကုမိသားစုမှ ဖြစ်ကြောင်းပြောခဲ့သော်လည်း အစောင့်များက သံသယအပြည့်ဖြင့် ကြည့်နေခဲ့ကြ၏။ သူတို့အား လူလိမ်များဟု ထင်နေသည်မှာ ထင်ရှားပေသည်။
“ ချင်းမန်.. ငါတို့ ပြန်ကြတော့မလား…”
ဖန်ရင်၏ မျက်၀န်းများထဲ၌ စိတ်ပျက်အားငယ်ဟန်အပြည့်ဖြင့် နှုတ်ခမ်းကိုက်ပြီး ကုချင်းမန်အား ဆွဲကာပြောလိုက်သည်။
သို့သော် ကုချင်းမန်က လက်တွင်းမှ ဇီသာအား တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ပြီး ခေါင်းယမ်းပြလိုက်သည်။
ရွှန်အိမ်တော် တံခါးရှေ့၌ နီရဲသော မျက်၀န်းများဖြင့် ခေါင်းမာစွာ ဆက်ရပ်နေခဲ့ပြီး အစောင့်များအား သတင်းသွားပို့စေရန် တွန်းအားပေးနေသည့်အလားပင်။
ကောင်းကင်ဒေသမှ ထိပ်ဆုံး အင်အားစုကြီး (၃)ခုအနက် တစ်ခုအပါ၀င်ဖြစ်သော ရွှမ်မိသားအနေဖြင့် သူမတို့အား ချက်ချင်း၀င်ခွင့်မပြုဘဲ တားဆီးကာ စစ်ဆေးခြင်းက ပုံမှန်သာဖြစ်သည်။
လုပ်ထုံးများအတိုင်းဆိုလျှင် ၎င်းတို့က သူမတို့အကြောင်း မိသားစုခေါင်းဆောင်ထံ အရင်ဆုံးသတင်းပို့ပေလိမ့်မည်။ ပြီးမှ မိသားစုခေါင်းဆောင်က တွေ့မတွေ့ ဆုံးဖြတ်ပေလိမ့်မည်။
သို့သော် ယခုတွင် ထိုမျှအချိန်မရှိပေ။
သူမတို့ ဆရာတပည့် အမြန်ဆုံးပြေးလာခဲ့ကြသည့်တိုင် ရွှမ်မိသားစုထံသို့ရောက်ရန် အချိန်(၂)ရက်ကြာခဲ့သည်။ သူမတို့ နောက်ကွယ်မှ ရှန်ကျင်းဂိုဏ်းက ရှင်သန်ရန်(၃)ရက်သာ ရှိခြင်းဖြစ်ပြီး ယခုတွင် တစ်ရက်ပင် မကျန်တော့ချေ။
ရှန်ကျင်းဂိုဏ်း စောင့်ဆိုင်းနိုင်တော့မည်မဟုတ်ပေ။
ကုချင်းမန်တို့ နှစ်ယောက် တံခါးရှေ့၌ ပေတေကာ ဆက်ရပ်နေကြသည်ကို မြင်သော်လည်း အစောင့်များအနေဖြင့် ၀င်ခွင့်ပြု၍မရချေ။
ဤသည်မှာ ၎င်းတို့ တာ၀န်ဖြစ်၏။
အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ကုချင်းမန်တို့ ဆရာတပည့်နှစ်ဦး မျက်၀န်းများထဲ၌ စိတ်ပျက်အားလျော့ဟန်များ ပို၍ တိုးပွားလာခဲ့သည်။
ရှန်ကျင်းဂိုဏ်းမှ ရွှမ်မိသားစုထံသို့ ရောက်ရှိရန် အချိန်(၂)ရက်ကြာခဲ့သည်။ အကယ်၍ ရွှမ်မိသားစုထံမှ အကူအညီမရပါက ရှန်ကျင်းဂိုဏ်းအား မကယ်တင်နိုင်တော့မည့်အပြင် သူမတို့အနေဖြင့် ရှန်ကျင်းဂိုဏ်း၏ နောက်ဆုံးမြင်ကွင်းများကိုပင် မြင်နိုင်တော့မည်မဟုတ်ချေ။
ကျီ…
ထိုအချိန် ဆရာတပည့်နှစ်ဦးတို့၏ ကြေကွဲ၀မ်းနည်းနေသော အကြည့်များအောက်တွင် ရွှမ်အိမ်တော် တံခါးမကြီးက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
သို့သော် တံခါးပွင့်လာသည့်နှင့် ကုချင်းမန် ဘယ်တုန်းကမှ မမျှော်လင့်ထားသည့် မြင်ကွင်းအား မြင်လိုက်ရ၏။
“ ချင်းမန်… အစ်မ…”
“ ယီယီလား…”
ကုချင်းမန်၏ လှပသော နှုတ်ခမ်းလေးက ပွင့်အာသွားခဲ့ပြီး ရွှမ်မိသားစုခေါင်းဆောင် နံဘေးမှ ပုံရိပ်လေးအား မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေခဲ့သည်။
သူမ၏ ညီမ ကုယီယီက ရွှမ်မိသားစုအတွင်းမှ အမှန်တကယ် ထွက်လာခဲ့သည်လား…?
“ အစ်မ ချင်းမန်… တကယ် နင်လား…”
ကုယီယီ အံ့ဩ၀မ်းသာဖြစ်သွားပြီး ကုချင်းမန်အား ပြေးဖက်လိုက်သည်။
သူမ အဇူရာဒေသမှ ထွက်မလာမီ ကုမိသားစုထံသို့ ပြန်ခဲ့စဉ်က ကုချင်းမန်အား မတွေ့ခဲ့ရပေ။ သူမ ဗဟိုသူတော်စင် အကယ်ဒမီသို့ရောက်သွားပါက အနာဂတ်တွင် ကုချင်းမန်နှင့်ဆုံတွေ့ရန် ပို၍ မဖြစ်နိုင်တော့ဟု ထင်မှတ်မိခဲ့သည်။
သို့သော် လုံး၀ မမျှော်လင့်ထားသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့၏။
သူမနှင့် ကုချင်းမန်တို့ ရွှမ်မိသားစု၌ လာရောက် တွေ့ဆုံမိကြသည်။
“ အစ်မချင်းမန်… နင် ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ…?”
ကုယီယီက ကုချင်းမန်တို့ ဆရာတပည့်လက်အား ဆွဲကိုင်ပြီး ရွှမ်မိသားစု အိမ်တော်အတွင်း ခေါ်ဆောင်လာခဲ့သည်။
တစ်ဖက်တွင် ရွှမ်ယွမ်က ပြုံးရွှင်စွာဖြင့် ရှေ့ဆုံးမှ ဦးဆောင် လမ်းပြနေ၏။
ထို ကုမိသားစုမှ ဆိုသူနှစ်ယောက်က အတုအယောင်များ မဟုတ်ဘဲ ရွှမ်ယီ၏ တပည့်နှင့် အမှန်တကယ် ဆက်စပ်နေကြောင်း အတည်ပြုလိုက်ပြီးနောက် သဘာ၀အတိုင်း ရွှမ်မိသားစုက ဖော်ရွေစွာ ကြိုဆိုရပေမည်။
“ နေဦး.. ဒီတိုင်းဆို နောက်ကျတော့မယ်…”
ကုချင်းမန် ကုယီယီနှင့် ဆုံတွေ့မှုကြောင့် အံ့အားသင့်နေရာမှ ရုတ်တရက် နိုးထခဲ့သည်။
ထို့နောက် သူမ မျက်၀န်းထဲ၌ စိုးရိမ် ထိတ်လန့်မှုများ ပြည့်နှက်လာပြီး ကုယီယီ၏ အင်္ကျီစအား ဆွဲကိုင်ကာ ခေါင်းအနည်းငယ်ယမ်းလိုက်သည်။
တစ်ဖက်တွင် ဖန်ရင်လည်း ရပ်တန့်လိုက်ပြီး ရွှမ်မိသားစု ခေါင်းဆောင်အား ကြည့်လိုက်၏။
ရွှမ်ယွမ်က ထက်မြက်သူတစ်ယောက်ဖြစ်သည်။
ထိုနှစ်ယောက် အလောတကြီးရောက်လာကတည်းက အရေးကြီးကိစ္စတစ်ခု ရှိမှန်း ခန့်မှန်းသိရှိခဲ့ပြီးဖြစ်၏။
“ မင်းတို့(၂)ယောက် ကိစ္စ တစ်ခုခုရှိရင် ငါ့ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်နော်… ရွှမ်မိသားစုက တတ်နိုင်သ၍ ကူညီဖြေရှင်းပေးမယ်…”
ရွှမ်ယွမ်က ပြုံးပြီး ၎င်းတို့အား အာမခံချက်တစ်ခု ပေးလိုက်သည်။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ကုယီယီ၏ အမျိုးဖြစ်နေသည်။ ရွှမ်ယီနှင့် ပတ်သက်နေသည်ဖြစ်ရာ ရွှမ်မိသားစုက ၎င်းတို့ကိစ္စအား အကောင်းဆုံးကူညီပေးရပေမည်။
ရွှမ်ယွမ်ထံမှ အာမခံချက်အား ကြားလိုက်ရလျှင် ဖန်ရင် ကျေနပ်အံ့အားသင့်သွားပြီး ကုချင်းမန်အား လှည့်ကြည့်လိုက်သည်။
“ စီနီယာ…”
ကုချင်းမန်က ချက်ချင်းရှေ့တိုးသွားပြီး လက်ယှက်ကာ အရိုအသေပေးရင်း ရှန်ကျင်းဂိုဏ်း၏ ပြသနာကို ပြောပြပြီး ကူညီပေးရန် တောင်းဆိုလိုက်သည်။
နံဘေးတွင် ကုယီယီလည်း ငြိမ်သက်ကာ နားထောင်နေခဲ့၏။
ကုချင်းမန်က ရုတ်တရက် အဇူရာဒေသမှ ကောင်းကင်ဒေသသို့ရောက်လာပြီး ဤနေရာ၌ ဘုရင်အဆင့်ဂိုဏ်းတစ်ခု၌ အဖွဲ့၀င်ဖြစ်နေလိမ့်မည်ဟု သူမ လုံး၀ မထင်မှတ်မထားခဲ့ပေ။
သို့သော် ကုချင်းမန်၏ ဂိုဏ်းက ယခုတွင် အကျပ်အတည်းကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်။
ဘုရင်အဆင့်(၃)ယောက်…
ကုချင်းမန်၏ စကားဆုံးသည်နှင့် ရွှမ်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်း စိတ်ဝိညာဉ်စွမ်းအားဖြင့် အော်ပြောလိုက်သည်။
“ ဘုရင်အဆင့် (၂)ယောက်လောက် ဒီကိုလာဦး… ဟောဒီက မိတ်ဆွေလေးတွေကို ရှန်ကျင်းဂိုဏ်းဆီ ခေါ်သွားပြီး သူတို့ ပြသနာကို ဖြေရှင်းပေးလိုက်ပါ….”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူတို့ ပတ်၀န်းကျင်မှ လေဟာနယ်တုန်ခါသွားပြီး တောက်ပသော အရှိန်အဝါများ ဖြာထွက်နေသည့် ချပ်၀တ်အား ၀တ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ဘုရင်အဆင့်(၂) ယောက် ထွက်ပေါ်လာသည်။
သူတို့ မျက်၀န်းများက စူးရှတောက်ပနေပြီး
“ ကောင်းပါပြီ.. မိသားစုခေါင်းဆောင် အမိန့်အတိုင်းပါ….”