← Chapters

အခန်း (၂၉၆)

Vol. 20 Ch. 296

အခန်း (၂၉၆)

Vol. 20 Ch. 296

ဖန်ရင်နှင့်ကုချင်းမန် တို့၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ရှန်ကျင်းဂိုဏ်းမှ ဘိုးဘေးထက် သာလွန်သည့် အရှိန်အဝါများဖြင့် ဘုရင်အဆင့် (၂) ယောက်က ရွှမ်မိသားစုခေါင်းဆောင်အား အလွန်လေးစားစွာ ဦးညွှတ်လိုက်သည်။

ရွှစ်…

သူတို့နှစ်ယောက်က အမိန့်နာခံကြောင်းပြောပြီးသည်နှင့် လက်အားဝှေ့ယမ်းကာ လေဟာနယ်ကို ခွဲဖွင့်လိုက်ပြီး ဖန်ရင်တို့ (၂) ယောက်အား ရှန်ကျင်းဂိုဏ်းရှိရာဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားလိုက်သည်။

ထိုအချိန်တွင် ရှန်ကျင်းဂိုဏ်း၌…

ရှန်ကျင်းဂိုဏ်းတစ်ခုလုံးအား ကာကွယ်ထားသည့် အစီအရင်ကြီးက အကန့်အသတ်မဲ့သော နတ်ဆိုးချီများ၏ တိုက်စားမှုအောက်တွင် ပုံပျက်နေချေပြီ။

မလှမ်းမကမ်းတွင် သွေးနှင့်နတ်ဆိုးအရှိန်အဝါများ ရောပြွန်းနေသည့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်က သူ၏ဒေါသများကို ဖုံးကွယ်မထားပဲ ရှေ့သို့ပြေးတက်၍ အစီအရင်အား အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။

ရှန်ကျင်းဂိုဏ်း၏ ပင်မတောင်ထွတ်ထိပ်တွင် ရပ်နေသူများ ဂိုဏ်းပတ်ဝန်းကျင်သို့ ကြည့်လိုက်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းသားများက လွတ်လမ်းအနည်းငယ်မျှမရှိအောင် အပြည့်အကြပ် ဝန်းရံထားသည်ကို တွေ့လိုက်ရ၏။

“ဂိုဏ်းချုပ်… ကျုပ်တို့မခုခံနိုင်တော့မှာ စိုးမိတယ်…”

အကြီးအကဲတစ်ချို့က အလွန်စိတ်ပျက်အားလျော့စွာဖြင့် မြေပြင်ထက်တွင် ခြေပစ်လက်ပစ်ထိုင်နေကြသည်။

ရန်သူများက (၃) ရက်ကြာပြီးနောက် သူတို့ဂိုဏ်းချုပ်ရောက်လာသည့်အချိန်တွင် ရှန်ကျင်းဂိုဏ်းအား ကမ္ဘာမြေထက်မှ အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။

ယခုတွင် အချိန် (၂) ရက်ခွဲကျော်ကုန်သွားပြီဖြစ်၏။ လူတိုင်း ၎င်းတို့ လည်ပင်းထက်တွင် ဓါးတစ်ချောင်းတင်ထားသကဲ့သို့ ခံစားနေရ၏။

“ရန်သူတွေက အရမ်းများလွန်းတယ်…”

ဂိုဏ်းချုပ်က သူ၏လက်အား ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ အနက်ရောင်သံထိုင်ခုံက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် သွေးကြောများ ပေါက်ထွက်မတတ်တင်းမာနေပြီး အလွန်ဒေါသထွက်နေခဲ့သည်။

ဤပြသနာတွင် ရန်သူဘက်က သူ့အားအရင်ရန်စခဲ့သည်မှာ ထင်ရှားသည်။

ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့်အတွက် ထိုသို့ ရန်စစော်ကားခြင်းကို အဘယ်မှာလျှင် သည်းခံနိုင်လိမ့်နည်း။

ထို့အပြင် သူက အဓိကတရားခံဖြစ်သောကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းထံသို့ သွားရောက်လက်နက်ချ အညံ့ခံခဲ့သည်။ သို့သော် ရန်သူများက အလွန်ကျိုးကြောင်းဆီလျော်မှုမရှိပဲ သူ့အား လျစ်လျူရှုခဲ့ကြသည်။

၎င်းတို့က ရှန်ကျင်းဂိုဏ်းတစ်ခုလုံးအား အမြစ်ဖြတ်သုတ်သင်ရန် စိတ်ပိုင်းဖြတ်ထားသည်မှာ ထင်ရှားသည်။

ဘုန်း…

ထိုအချိန်တွင် ရှန်ကျင်းဂိုဏ်းပိုင်နက် အပြင်ဘက်၌ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားပြီး အက်ကြောင်းများဖြစ်ပေါ်လာကာ လူတိုင်းအား မွန်းကြပ်သွားစေလောက်သည့် စွမ်းအားတစ်ခုထွက်ပေါ်လာသည်။

“ရှန်ကျင်းဂိုဏ်း… မင်းတို့ဆက်ပြီးစောင့်နေစရာမလိုတော့ဘူး… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်တဲ့ ငါ ရောက်လာပြီ…”

ဘုန်း…

ကောင်းကင်နတ်ဆိုးဂိုဏ်းက ရှန်ကျင်းဂိုဏ်းအား ဝန်းရံထားသည်မှာ ကြာမြင့်ခဲ့ချေပြီ။

ယခုတွင် ထိုကြုံးဝါးသံ ထွက်ပေါ်လာသည်နှင့် ၎င်းတို့အားလုံး ဒီရေလှိုင်းများပမာ ရှန်ကျင်းဂိုဏ်းဆီသို့ ပြေးဝင်သွားကြ၏။

“မင်းတို့အားလုံး သေမယ့်အချိန်ရောက်ပြီ…”

ထိုရောက်ရှိလာသူက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ‌ဂိုဏ်းချုပ်ဖြစ်ပြီး အလယ်အလတ်မူလဘုရင်အဆင့် ကျင့်ကြံသူလည်းဖြစ်သည်။

ယခုအချိန်တွင် သူက ရှန်ကျင်းဂိုဏ်းရှိရာဆီသို့ ပြေးဝင်သွားသော သူ၏ ဂိုဏ်းသားများအား ကြည့်နေခဲ့သည်။ သူ့မျက်ဝန်းထဲတွင် ခံစားချက်ဟူ၍ အနည်းငယ်မျှပင်မရှိချေ။ အလွန်အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ကာ သတ်ဖြတ်လိုသည့် ဆန္ဒများသာ ရှိနေ၏။

စကားဆုံးသည်နှင့် သူ၏ လက်အားချက်ချင်းလှုပ်ရှားလိုက်သည်။

ဝုန်း…

ရှန်းကျင်းဂိုဏ်း၏ ကောင်းကင်ထက်တွင် မီတာရာနှင့်ချီရှည်လျားသော လက်ဖဝါးကြီးတစ်ခု ရုတ်ချည်းထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံသွားကာ မိုးခြိမ်းသံများ မီးတောက်များနှင့်အတူ မြေပြင်ထက်သို့ ကျဆင်းလာလေသည်။

၎င်းအထဲတွင် အလယ်အလတ်မူလဘုရင်အဆင့်၏ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင်များ အပြည့်အဝပါဝင်နေသည်။

“မင်းလုပ်ရဲလား…”

ရှန်ကျင်းဂိုဏ်းဘိုးဘေးက ၎င်းအား ခုခံကာကွယ်ရန်အတွက် ကောင်းကင်ထက်သို့ ဝုန်းခနဲ ပြေးတက်သွားလိုက်သည်။

သို့သော် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နောက်တွင် ပါလာသော ဘုရင်အဆင့်ကျင့်ကြံသူက အေးစက်စွာပြုံးလိုက်၏။

ဘုန်း…

ထိုလူက အထင်သေးဟန်ဖြင့် ၎င်း၏လက်အားဝှေ့ယမ်းလိုက်သည်။ ထိုစွမ်းအားများက ရှမ်ကျင်းဂိုဏ်းဘိုးဘေးအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် မလုံလောက်သော်လည်း ၎င်းအား မြေပြင်ထက်သို့ ပြန်လည်လွင့်စင်သွားစေရန်မူ လုံလောက်သည်။

ထိုသို့ မဖြစ်ခဲ့လျှင်ပင် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ တိုက်ခိုက်မှုအား တားဆီးရန် အလွန်ခက်ခဲလှသည်။ မဖြစ်နိုင်လုနီးပါးပင်။

လေထဲမှ ပြုတ်ကျသွားသော ရှန်ကျင်းဂိုဏ်းဘိုးဘေး၏ မျက်ဝန်းများထဲတွင် အဆုံးမဲ့ စိတ်ပျက်အားငယ်မှုများ ဖုံးလွှမ်းသွား၏။

အကယ်၍ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ လက်ဖဝါးမြေပြင်ထက်သို့ ကျရောက်လာပါက ရှန်ကျင်းဂိုဏ်းမှလူတိုင်း ယနေ့ အားလုံးသေဆုံးမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဘုန်း…

သို့သော် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ လက်ဖဝါးချက်က ရှန်ကျင်းဂိုဏ်းပေါ်သို့ ကျဆင်းမလာပဲ လေထဲ၌ ရုတ်တရက် ရပ်တန့်သွားသည်။

ရွှစ်…

လေဟာနယ်အတွင်းမှ ပုံရိပ် (၄) ခုထွက်ပေါ်လာပြီး ထိုအထဲမှ တောက်ပသော ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသော လူတစ်ယောက်က တောက်ပသော အပြုံးတစ်ခုအား ဆက်မြန်းလျက် ပြောလိုက်သည်။

“ကြည့်ရတာ မင်းတို့မှာ ပွင့်ပွင့်လင်းလင်းမပြောပြနိုင်တဲ့ ကိစ္စတစ်ခုရှိ‌နေပုံရတယ်… ဘာလို့ ဒီလောက်ထိ စိတ်ရှုပ်ခံနေကြတာလဲ…”

လေထဲမှ အလွန်ကြီးမားသော လက်ဖဝါးကြီး ရပ်တန့်သွားရခြင်းမှာ ထိုလူက လက်တစ်ဖက်မြှောက်ကာ တားဆီးလိုက်သောကြောင့်ဖြစ်၏။

ရှန်ကျင်းဂိုဏ်းတစ်ခုလုံး အလွန်တုန်လှုပ်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

“သူတို့… သူတို့ ဘယ်နေရာက ရောက်လာတာလဲ…”

ရှန်ကျင်းဂိုဏ်းချုပ်က အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ရှန်ကျင်းဂိုဏ်းဘိုးဘေးအား ကြည့်ကာ နားမလည်နိုင်သော မျက်ဝန်းများဖြင့် မေးလိုက်သည်။

ထိုရောက်လာသောလူ (၄) ယောက်ထဲတွင် (၂) ယောက်က အစွမ်းထက်ဘုရင်အဆင့် ကျင့်ကြံသူများဖြစ်ကြောင်းထင်ရှားပေသည်။

ထိုမျှ သန်မာသူများအား သူမသိထားချေ။ ၎င်းက ဘိုးဘေး၏ မိတ်ဆွေဟောင်းများပေလော။

“ငါ့ကို ကြည့်မနေနဲ့… ငါလည်းမသိဘူး…”

ရှန်ကျင်းဂိုဏ်းဘိုးဘေး ခေါင်းအနည်းငယ် ယမ်းလိုက်၏။ သူ့ မျက်ဝန်းများက အနည်းငယ် သံသယ ဖြစ်နေဟန်ဖြင့် ရွှမ်မိသားစုမှ ဘုရင် (၂) ယောက်အား ဆက်လက်ကြည့်နေခဲ့သည်။

“အဲ့တာ သူတို့မဟုတ်လား…”

အကြီးအကဲများကြားထဲတွင် တစ်ချို့က အံ့ဩသွားပြီး ရေရွတ်လိုက်မိကြသည်။

ဖန်ရင်နှင့် ကုချင်းမန်တို့အား မြင်လိုက်ရ‌သောကြောင့် အကြီးအကဲချင်ဟီက အံ့အားသင့်စွာဖြင့် ရှေ့တိုးသွားခဲ့သည်။

လက်ရှိ ဘာတွေဖြစ်နေကြောင်းကို သူနားလည်သွားသဖြင့် အလွန်စိတ်လှုပ်ရှားသွား၏။

“ဒါ ကုမိသားစု… ဟုတ်တယ် ကုမိသားစုပဲ… ကုချင်းမန်က ထင်သလောက် မရိုးရှင်းဘူး…”

ယခင်က ကုမိသားစုနှင့် ပတ်သက်ပြီးပြောကြားခဲ့စဉ်က သူသိပ်ပြီး အလေးအနက်မထားခဲ့ပေ။ အဇူရာ ဒေသမှ မိသားစုလေးတစ်ခု အလွန်သန်မာသည့်တိုင်အောင် ၎င်းတို့က မည်မျှ သန်မာနိုင်မည်နည်း။

အဆုံးတွင် ၎င်းတို့က သူ့အား အလွန် အံ့အားသင့်စရာတစ်ခု‌ပေးအပ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထိုအစွမ်းထက်ဘုရင်အဆင့် ကျင့်ကြံသူ (၂) ယောက်က ဖန်ရင် ၊ ကုချင်းမန်တို့နှင့် အဘယ်ကြောင့် အတူရှိနေကြောင်း သူနားမလည်နိုင်သော်လည်း စိတ်လှုပ်ရှားခြင်းမှာမူ မတားဆီးနိုင်ခဲ့ပေ။

အစပိုင်းတွင် သူသေတော့မည်ဟု ထင်မှတ်ခဲ့၏။ ယခုအစွမ်းထက်ဘုရင် (၂) ယောက် ရောက်လာသည်ဖြစ်ရာ ကောင်းမွန်သော အလှည့်အပြောင်းတစ်ခု ဖြစ်လာပေတော့မည်။

“ဘယ်သူလဲကွ… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကိစ္စတွေကို ဘယ်လိုတောင် ဝင်ပြီး စွတ်ဖက်ရဲတာလဲ…”

ထိုအချိန်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ ရှည်လျားသော ဆံပင်များက လေနှင့်အတူ လွင့်ပျံနေပြီး ရောက်ရှိလာသူ (၄) ယောက်အား ဒေါသအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

သူ့နံဘေးရှိ ဘုရင်အဆင့်ကျင့်ကြံသူက အေးစက်သောမျက်ဝန်းများဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

“မင်းတို့ကို ဒီနေရာက လှည့်ပြန်သွားဖို့ အကြံပေးချင်တယ်… မင်းတို့မှာ ဘုရင် (၂) ယောက်ရှိနေရင်တောင် ငါတို့ကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး…”

“အနီးပတ်ဝန်းကျင်ကိုလည်း သွားမေးကြည့်လိုက်ဦး… ကောင်းကင်နတ်ဆိုးဂိုဏ်းအကြောင်းမသိတဲ့လူ ဘယ်သူမှ မရှိဘူး… ငါတို့ဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘယ်သူကမှ ဝင်စွတ်ဖက်လို့မရဘူးကွ…”

ထိုစကားအားကြားလိုက်သည်နှင့် ရွှမ်မိသားစု၏ ဘုရင် (၂) ယောက်ထဲမှ တစ်ယောက်က ခေါင်းယမ်းကာ ရယ်မောလိုက်သည်။

နောက်တစ်ယောက်ကမူ နှုတ်ခမ်းထောင့်စွန်းတွင် လှောင်ပြောင်လိုဟန်ရသော အပြုံးတစ်ခုဖြင့် ရှေ့တိုးလာ၏။

“ အိုး…”

“ကောင်းကင်ဒေသမှာ ငါတို့ ရွှမ်မိသားစုက မစွတ်ဖက်နိုင်တဲ့ ကိစ္စတွေရှိသေးတာလား…”

ဘုန်း…

All Chapters