← Chapters

ဆက်မဆင်းနိုင် ပြန်မတက်နိုင်

Vol. 81 Ch. 1123

ဆက်မဆင်းနိုင် ပြန်မတက်နိုင်

Vol. 81 Ch. 1123

“အစတုန်းကတော့ အကုန်လုံးအဆင်ပြေနေတာပဲ အကုန်လုံးက အဆင့်တက်ကြပြီးတော့ ကျေနပ်နေကြတယ်” နီအန်းယိ ပြောလေသည် “အထူးသဖြင့် သွေးမိစ္ဆာမြို့ကလူတွေပေါ့ သူတို့က သွေးနတ်ဆိုးသွေးကြောင့် အဆင့်မတက်တာနှစ်တွေကြာနေပြီ သူတို့ထွက်လာတာနဲ့ အဆင့်တက်မယ် လို့ မထင်ထားကြဘူးလေ”

“အဆင့်တက်တာနဲ့ ဒါတွေနဲ့ဘာဆိုင်လို့လဲ” ရှောင်ချီ မေးလိုက်သည်။

“အစတုန်းကတော့ အဆင့်တက်တဲ့သူတွေ အကုန်လုံးအဆင်ပြေကြ တယ် ဒါပေမဲ့ ပြီးလည်းပြီးရော နောက်ပိုင်းအဆင့်တက်တဲ့သူတွေက အဆင့် တက်တာမရပ်နိုင်တော့ဘူး” ရှီချန်း ပြောလိုက်သည်။

“အဆင့်တက်တာမရပ်နိုင်တော့ဘူး ဟုတ်လား ဘာပြောချင်တာလဲ”

“နောက်ပိုင်းအဆင့်တက်တဲ့သူတွေက ခေါင်းပေါ်မှာ ဝိညာဉ်စွမ်းအား လှိုင်းတစ်ခုဖြစ်လာတယ် အဲလှိုင်းက သူတို့ခန္ဓာကိုယ်ထဲကို ဝိညာဉ်စွှမ်းအား ကို အဆက်မပြတ်စုပ်ယူလိုက်တယ် အဲဒါကြောင့်ပဲ တချို့လူတွေက အဆင့် နှစ်ဆင့်လောက်တက်သွားကြတယ် နှစ်ယောက်ဆိုရင် အဲဒါကြောင့် သူတို့ရဲ့ သွေးကြောတွေပေါက်ခဲ့တယ်” ရှီချန်းသည် ထိုစဉ်ကမြင်ကွင်းကို တွေးပြီး ကြောက်နေမိသည်။

“ဒါဆို အဲဒါကိုဘယ်လိုရပ်လိုက်တာလဲ”

“အထဲက ဝိညာဉ်စွမ်းအားတွေ ရှင်းအောင်မစုပ်ရခင်အထိ ရပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ရှီချန်း ပြောလေသည်။

ဝိညာဉ်စွမ်းအားများ ပြောင်ရှင်းအောင်စုပ်ယူခဲ့ပြီးနောက် မြင်ကွင်းကို စဉ်းစားကြည့်ရာ အားလုံးသည် တုန်လှုပ်ကြလေသည်။

“ပြောင်ရှင်းအောင်စုပ်ယူပြီးတဲ့နောက် အဖြစ်အပျက်ကို အစ်ကိုတို့ အားလုံး ကြောက်သွားမှာပဲ” ရှောင်ချီသည် သိချင်စိတ်ဖြင့် ပြောလေသည်။

“အဲမှာ သားရဲတွေအများကြီးရှိခဲ့တယ် တချို့ကခန္ဓာကိုယ်နဲ့ တချို့က ခန္ဓာကိုယ်တောင်မရှိဘူး ပြီးတော့ မျိုးစပ်တွေလည်းရှိသေးတယ် သူတို့အကုန် လုံးက ငါတို့ကိုဂူထဲကနေကြည့်နေတာ” နီအန်းယိ ပြောလေသည်။

“ဂူထဲမှာဟုတ်လား ခုနကပြောတဲ့ဂူထဲမှာလား”

“ဟုတ်တယ်” နီအန်းယိ ပြောလေသည် “ငါတို့ တွင်းပေါက်ထဲက ဝိညာဉ်စွမ်းအင်တွေစုပ်ပြီးတော့ စွမ်းအားအများကြီးပါမယ်လို့ထင်ရတဲ့ ထူးခြားတဲ့ကျောက်တုံးကိုမြင်ခဲ့တယ် အဲဒါဘာလဲဆိုတာ မလေ့လာရသေးခင် မှာပဲ အလုံးလေးက အဲအပေါ်ခုန်တက်လိုက်တယ်”

“အလုံးလေးက မိန်းကလေးလီအာရဲ့ခန္ဓာကိုယ်ထဲက တစ်ခုဖြစ်မယ်” ရှီချန်း ပြောလိုက်သည် “အဲအလုံးလေး ကျောက်ကိုမျိုချတာနဲ့ အိမ်မက်ဆိုး တွေစဖြစ်လာတာပဲ”

အလုံးလေး တည်ဆောက်မှုကျောက်တုံးကိုမျိုချချိန်တွင် ဂူအရှေကမှ အကန့်အသက်သည် ပျောက်ကွယ်သွားလေသည်။ တောင်ကြားတစ်ခုလုံး သည် အသက်ဝင်သွားလေသည်။ သန်မာသော ရှေးခေတ်ရောင်ဝါသည် အဆုံးအစမရှိ ပေါက်ကွဲထွက်လာသည်။ ထို့နောက်တွင် ဝိညာဉ်သားရဲများ ပြေးထွက်လာပြီး သူတို့ကိုတိုက်ခိုက်ခဲ့ကြသည်။

ကံကောင်းစွာပင် အဘိုးဘိုင်မှ တုန့်ပြန်မှုမြန်ဆန်သည်။ သူ အလုံးလေး ကိုမြှောက်ပြီး သူ့ပါးစပ်ထဲမှ ကျောက်တစ်ဝက်ကို နေရာတွင် ပြန်ထားလိုက် သည်။

သို့သော် ဂူူအတွင်းရှိ အရာများသည် ပြန်လည်အသက်ဝင်လာပြီး ဖိနှိပ် ထားသော ကျောက်မှာတစ်ဝက်သာရှိသဖြင့် ဖိနှိပ်ခြင်းအားမှာ နည်းသွား သည်။

ထိုအချိန်တွင် သားရဲများသည် ဂူရှေ့တွင် အကန့်အသက်ကို အလျင်စလိုတိုက်ခိုက်ကြလေသည်။ နောက်ပိုင်းတွင် မပြည့်စုံသည့် တည်ဆောက်မှု ကျောက်တုံးထဲသို့ ဝိညာဉ်စွမ်းအားသွင်းခြင်းသည် ဂူအရှေ့မှ အကန့်အသက် အင်အားကိုတိုးစေနိုင်သည်ကို တွေ့သဖြင့် သူတို့သည် ဝိညာဉ်စွမ်းအားများ ထည့်ခဲ့ကြသည်။

ပြီးနောက် နီအန်းယိနှင့် ကျန်လူများကဲ့သို့ တခြားသူများသည် အစကတည်းကပင် ရှေးခေတ်ဝိညာဉ်သားရဲများလက်မှ ထွက်ပြေးခဲ့ကြ သည်။

“အလုံးလေးက အစ်ကိုတို့ကိုဝင်ခွင့်ပြုမှတော့ ဘာလို့ထုတ်မပေးတာ လဲ အဲဝိညာဉ်သားရဲတွေက အကန့်အသတ်ကို မဖြတ်သင့်ဘူးမလား” ရှောင်ချီ မေးလိုက်သည်။

“အကုန်လုံးက ထွက်သွားချင်ကြတယ် ဒါပေမဲ့ တွင်းပေါက်ထိပ်မှာ မမြင်နိုင်တဲ့ ပိုက်ကွန်ပေါ်လာတာကို တွေ့လိုက်တယ် ပြီးတော့ အဲပိုက်ကွန် က အောက်မှာ ဝိညာဉ်သားရဲတွေနဲ့ တောင်ကြားခေါင်းဆောင်ကိုပိတ်လိုက် တယ် ငါတို့အောက်လည်းမဆင်းနိုင် သူတို့လည်းအပေါ်မတက်နိုင်ဖြစ်သွား တယ်” ရှီချန်း ပြောလေသည် “အောက်ကလူတွေက ဝိညာဉ်စွမ်းအားကို ထည့်ဖို့လုပ်တယ် ဒါပေမဲ့ ဝိညာဉ်စွမ်းအားထည့်တာက ဖြည့်စွက်တာနဲ့ အချိုး မကျဘူး ပြီးတော့ သိပ်မကြာခင်မှာပဲ သူတို့ဝိညာဉ်စွမ်းအားတွေကုန်သွား တယ်”

ရှီမာယူယူသည် နှုတ်ဆိတ်သွားသည်။ အပေါ်လည်းတက်မရ အောက်လည်းဆင်းမရ… တကယ်ပဲ ခေါင်းကိုက်စရာပဲ…

“အပေါ်ကိုဘယ်နယောက်တက်လာလဲ”

“ကျွန်တော်တို့အပြင် ဒါဇင်နည်းနည်းတော့ရှိတယ် ဝိညာဉ်သားရဲတွေ နောက်ကလိုက်နေလို့ အတူမပြေးနိုင်ဘဲ လူခွဲလိုက်ရတယ် အဲဒါကြောင့် ဝိညာဉ်သားရဲတွေလည်း နည်းနည်းကွဲသွားတာ” နီအန်းယိ ပြောလေသည်။

“ယူယူ အခုဘာလုပ်ကြမလဲ” ရှောင်ချီ မေးလေသည်။

ရှီမာယူယူသည် စက္ကူလိပ်ထုတ်ကာ ကြည့်ပြီးနောက် မေးလိုက်သည် “အဲဒီတက်လာတဲ့ ဝိညာဉ်သားရဲတွေက ဘယ်လောက်သန်မာလဲ မင်းကို လိုက်တဲ့ အဲအကောင်တွေထက်လေ”

“အတူတူလောက်ပဲ” နီအန်းယိ ပြောလေသည်။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ပန်းလေး အိမ်မက်လေး မင်းတို့ဒါကိုယူထား ပြီးတော့ ရှီချန်းတဲ့ကျန်တဲ့သူတွေက တခြားသူတွေကိုသွားကယ်မယ် နီအန်းယိနဲ့ ငါက အဲဒီတွင်းပေါက်ကို သွား ကြည့်မယ် အဲနေရာက ဘယ်နေရာလဲဆိုတာ သိသေးလား”

ရှီမာယူယူ သူ့ကိုကြည့်သည်ကိုမြင်သောအခါ နီအန်းယိခေါင်းညိတ် လသေည်။ ထိုနေရာသည်ရှာရန်အလွန်လွယ်ကူကာ သူ ဘယ်တော့မှမေ့နိုင် မည်မဟုတ်သော နက်ရှိုင်းသော မြင်ကွင်းကိုပေးခဲ့သည်။

“သွားမယ် လူခွဲမယ် အိမ်မက်လေးနဲ့ ပန်းလေးက အကုန်လုံးကိုရှာပြီး အဲဒီကိုပဲပြန်ခေါ်လာမယ်နော် မင်းတို့မကိုင်တွယ်နိုင်ရင် အရမ်းဖိအားမပေးနဲ့ ပြီးတော့ ငါ့ကိုဆက်သွယ်မယ် နားလည်လား” ရှီမာယူယူသည် ပန်းလေးနှင့် အိမ်မက်လေးကို ပြောလိုက်သည်။

“နားလည်ပါပြီ” အိမ်မက်လေး ခေါင်းညိတ်လိုက်၏ ။

ထိုအချိန်တွင် သူမသည် အတိတ်ကသူမ မဟုတ်တော့ပေ။ သူမ စိတ်နှင့် အားအင်နှစ်ခုလုံး များစွာတက်လာခဲ့သည်။

“ဒါဆိုရင် မင်းတို့ဂရုစိုက်ကြဦး”

“မင်းရောပဲ”

ပန်းလေးနှင့် အိမ်မက်လေးတို့သည် စက္ကူလိပ်ကို ကိုင်ကာ ရှီချန်းနှင့် ကျန်လူများနောက်လိုက်ပြီး တခြားသူများကို ကယ်ရန်သွားလိုက်ကြသည်။ ရှီမာယူယူသည် အိမ်မက်လေးကိုကြောင်စီစွာကြည့်နေသော နီအန်းယိကို ပုတ်ပြီး ပြောလိုက်သည် “ငါတို့လည်းသွားကြမယ်”

“ခေါင်းဆောင် အိမ်မက်လေးက အရင်ကနဲ့မတူတော့ဘူးလို့ ဘာလို့ ခံစားမိနေတာလဲ” သူတို့် တွင်းပေါက်ဆီသို့ အလောတကြီးသွားရင်းနှင့် နီအန်းယိသည် ရှီမာယူယူအား အမှီလိုက်ကာမေးလိုက်သည်။

“လူတစ်ယောက်က သူတို့အတိတ်အတွေ့အကြုံတွေကိုပြန်မှတ်မိသွား ရင် အလိုလိုမတူတဲ့လူဖြစ်သွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုဖြစ်လို့ မင်းက အိမ်မက်လေးကိစ္စတွေစိတ်ဝင်စားသွားတာလဲ”

“သူမကို အရင်ကမေ့မြောနေတုန်းက မြင်ဖူးခဲ့လားပဲ အဲဒါကြောင့် သူမ ကိုထပ်မြင်လိုက်တော့ အရင်ကပုံစံနဲ့ နှိုင်းယှဉ်မိတယ် သူမ ဘာမှတ်မိသွား

“အခု ငါတို့ပန်းတိုင်ရောက်ဖို့ကိုပဲ အာရုံစိုက်ထား အိမ်မက်လေးရဲ့ ကိုယ်ရေးကိုယ်တာကို သွားမေးရင် နောက်ကို မင်းနောင်တရအောင် သူမ လုပ်လိုက်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

နီအန်းယိသည် သူ့နှာခေါင်းကိုပွတ်လိုက်သည်။ သို့သော် သူ နောင်တ ရမည်ဆိုလျှင်တောင် သိချင်သေးသည်။

ရှီမာယူယူသည် နီအန်းယိနောက်အတန်ကြာအောင်လိုက်ပြီး စကား ပြောရင်းနှင့် တွင်းပေါက်ဆီသို့ လာလိုက်ကြသည်။

“ဒီနေရာပဲ” နီအန်းယိ ပြောလိုက်သည် “ခေါင်းဆောင်ကြည့်လိုက်”

ထိုသို့ပြောရင်းနှင့် သူသည် ကျောက်တုံးတစ်တုံးကိုကောက်ပြီး ပစ်ချ လိုက်ရာ တွင်းပေါက်အပေါ်ပျံသွားသည်နှင့် ရပ်သွားလေသည်။ ပိုက်ကွန် သည် လေပေါ်တွင် ပေါ်လာပြီး ထပ်ပြီးပျောက်သွားလေသည်။

“တကယ်ပဲ ပိုက်ကွန်ရှိနေတာပဲ” ရှောင်ချီ ပြောလိုက်သည် “အဲဒါ တကယ်ပဲဘာလဲ”

“ဒါက ဧကရာဇ်က ဒီရှေးခေတ်ဝိညာဉ်သားရဲတွေကို ရှာတွေ့ပြီးတော့ သူပဲလုပ်ထားတာဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီဝိညာဉ်သားရဲတွေ က တွင်းပေါက်ထဲမှာ ဘာလို့ပိတ်မိနေတာလဲ မသိဘူး ပြီးတော့ သူတို့အချိန် မရွေးအသက်ဝင်လာနိုင်တယ် သူတို့ထွက်လာပြီးလူတွေကို မတိုက်ခိုက်နိုင် အောင်လို့ ဂူအဝင်ပေါက်ကို ဖွဲ့စည်းမှုမဟုတ်ရင် မန္တန်သုံးပြီးတော့ အလုံးလေးစားလိုက်တဲ့ဟာနဲ့ ဖိနှိပ်ပြီး လေထဲမှာ ဒီလိုပစ္စည်းကိုစီစဉ်ခဲ့တာပဲ အောက်ကတည်ဆောက်မှု ပျက်စီးသွားတာနဲ့ အပေါ်ကဟာ အသက်ဝင်လာ တာပဲ”

“ဟုတ်တယ် သူတို့လည်းအဲလိုပဲခန့်မှန်းမိကြတယ်” နီအန်းယိ ပြော လိုက်သည် “ဒါပေမဲ့ ဒါမပွင့်ရင် သူတို့ထွက်လို့ရမှာမဟုတ်ဘူး ဒါပေမဲ့ ဒါပွင့် သွားရင်လည်း အဲရှေးဟောင်းသားရဲတွေက ထပ်ပြီးထွက်လာမှာပဲ သူတို့ကို တားဖို့အတွက် အပြင်အကန့်အသက်များရှိဦးမလားမသိဘူး”

“အဲဒါကြောင့် အကောင်းဆုံးနည်းလမ်းက သူတို့အပြင်မထွက်အောင် ကာကွယ်ဖို့ပဲ”

“ဒါဆို ဘာလုပ်ကြမလဲ”

ရှီမာယူယူသည် တွင်းပေါက်အစွန်းတွင်ရပ်ပြီးနောက် ခဏကြာသည် အထိစစ်ဆေးပြီးနောက်တွင် ရုတ်တရက် လေထဲသို့ ခြေလှမ်းလှမ်းလိုက် သည်။

သူမ မတ်တပ်ရပ်လိုက်သည်နှင့် ထိုပိုက်ကွန်နှင့်တူသော ပုံစံတစ်ခု သည် သူမခြေဖဝါးအောက်တွင် ပေါ်လာကာ သူမကို တားဆီးထားလေ သည်။

***

All Chapters