← Chapters

အမှောင်ထဲတွင်စီစဉ်ခြင်း

Vol. 81 Ch. 1124

အမှောင်ထဲတွင်စီစဉ်ခြင်း

Vol. 81 Ch. 1124

“ယူယူ သတိထား” ပိုက်ကွန်သည် စွမ်းအင်ထုတ်လွှတ်သည်ကို ရှောင်ချီ သတိထားမိသည်။ သူမသည် ရှီမာယူယူကို အော်လိုက်သည်။ ရှီမာယူယူသည် စွမ်းအင်အတက်အကျကိုခံစားမိပြီး လေပေါ်ရပ်ပြီးနောက် လှည့်ကာ ခုန်လိုက်သည်။

“ကောင်းကင်ဘုံပိုက်ကွန်” ချင်ယိ ပြောလိုက်သည်။

“ချင်ယိ ဘာပြောလိုက်တာလဲ” ရှောင်ချီ မေးလိုက်သည်။

“ဒါက ကောင်းကင်ပိုက်ကွန့်ပဲ” ချင်ယိ ပြောလိုက်သည် “ဒီလိုပိုက်ကွန်မျိုးကို ကောင်းကင်နဲ့မြေကြီး စွမ်းအားနဲ့မှတည်ဆောက်လို့ရ တယ် အထဲမှာပိတ်မိသွားတာနဲ့ ကောင်းကင်ဘုံပိုက်ကွန်ကို စီမံတဲ့သူမဟုတ် ရင် ပြန်ထွက်လို့မရဘူး”

“အစ်ကိုကြီးဖန်နဲ့ တခြားသူတွေအန္တရာယ်မများဘူးလား” ရှောင်ချီ၏ မျက်လုံးများ ပြူးကျယ်လာသည် “သူတို့ အောက်ကနေထွက်လာနိုင်ပါ့မလား”

ချင်ယိ ခေါင်းခါလိုက်သည် “ကောင်းကင်ပိုက်ကွန်က မြေကြီးအပြင် မြေအောက်တစ်ခုလုံးကိုပါ ဖုံးနိုင်တယ်”

“ဘုရားရေ ဒါဆိုရင် ငါတို့ဘာလုပ်ကြမလဲ” နီအန်းယိ ကြက်သေသေ သွားသည်။ ဒါဆိုရင် တောင်ကြားကတပည့်တွေ ဒီအတိုင်းပဲ…

“နည်းလမ်းတော့ရှိမှာပါ” ရှီမာယူယူ ရေရွတ်လိုက်သည် “အရာအားလုံး က တစ်ခုနဲ့တစ်ခု ဖြည့်တင်းနေကြတာပဲ ကောင်းကင်နဲ့မြေကြီး စွမ်းအားဆို ရင်တောင် အဖြေတော့ရှိမှာပဲ”

ချင်ယိ တုန်လှုပ်သွားသည်။ ရှီမာယူယူ ထိုသို့ပြောမည်ဟု သူ မထင်ထားပေ။ သူသည် သူမ၏ သွက်လက်မှုနှင့် ဉာဏ်ပညာကို လေးစား သွားသည်။

“ဟုတ်တယ် ဖျက်ဖို့နည်းလမ်းတော့ရှိတယ်”

“တကယ်လား ဘာလဲ ချင်ယိ ပြောပါဦး” ရှောင်ချီ လောလေသည်။

“ပုံမှန်ဆိုရင် ရှိတဲ့ဟာတော့မဟုတ်ဘူး ဒါပေမဲ့ မင်းရဲ့ဒွန့်နဲ့ လောက အသေးနဲ့က ကောင်းကင်ပိုက်ကွန်ရဲ့ ဆက်စပ်မှုတော့ရှိတယ်” ချင်ယိ ပြန် ဖြေလေသည်။

“ငါ့ဝိညာဉ်လောကနဲ့ ဖျက်လို့ရနိုင်မလား” ရှီမာယူယူ မေးလိုက်သည်။

“ဖျက်လို့မရဘူး အဲဒါမင်းကိုသက်ရောက်မှုမရှိဘူး” ချင်ယိ ထပ်ရှင်းပြ လေသည်။ “မင်းရဲ့ လောကအသေးနဲ့ ဒွန့်က ကောင်းကင်ဘုံပိုက်ကွန်နဲ့ တူ တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားပဲ မင်းကို သူ သတိထားမိရင် ဆင်းသွား ပြီး သူတို့ကို ဝိညာဉ်လောကထဲထည့်ပြီး ချောချောမွေ့မွေ့နဲ့ပြန်ထွက် လာလို့ရတယ်”

“အဲဒါပဲလား” ရှောင်ချီ မေးလိုက်သည်။

“လွယ်မယ်လို့မထင်လိုက်နဲ့” ချင်ယိသည် ရှောင်ချီ၏ ခေါင်းကိုပုတ်ပြီး သူမကို ကလေးတစ်ယောက်ကဲ့သို့ သတ်မှတ်ပြန်သည် “သူတို့က ကောင်းကင်နဲ့ မြေကြီးစွမ်းအားတွေကို ယူထားပေမဲ့ ကွာခြားချက်ကြီးတယ် ကောင်းကင်ပိုက်ကွန်ရဲ့ အသိအမှတ်ပြုတာကို ခံရဖို့ကမလွယ်ဘူး”

“ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့” ရှီမာယူယူသည် တွင်းပေါက်အစွန်း သို့ပျံသွားလိုက်သည်။ သူမသည် တင်ပျဉ်ခွေထိုင်ကာ သူမ၏ ဝိညာဉ်လောက ကို ထုတ်လွှတ်ပြီးနောက် ရွှေစာလုံး ဆယ့်နှစ်လုံးကို ဆင့်ခေါ်ကာ ဝိညာဉ်လောကနှင့်ပေါင်းလိုက်သည်။

ဝိညာဉ်လောက၏ အစွန်းသည် တွင်းပေါက်ထိပ်ပိုင်းဆီသို့ပျံသွားပြီး ဖြည်းဖြည်းချင်း ကောင်းကင်ပိုက်ကွန်ဆီသို့ ကပ်သွားလေသည်။ ကောင်းကင် ပိုက်ကွန်သည် ချက်ချင်းပင် ထိုအရာကိုတားဆီးပြီး အဖြူရောင်အလင်းတန်း များထွက်ပေါ်လာသည်။

ထိုအချိန်တွင် ဝိညာဉ်လောကနှင့် ပေါင်းစည်းထားသည့် ရွှေရောင် စာလုံးဆယ့်နှစ်လုံးသည် ရွှေအလင်းရောင် တောက်ပလာပြီး အဖြူရောင် အလင်းနှင့်ပေါင်းစည်းကာ အချင်းချင်းရင်ဆိုင်ကြလေသည်။

“အလုပ်ဖြစ်လား” ရှောင်ချီမေးလိုက်သည်။

“သူမ လုပ်နိုင်တဲ့အပေါ်မှာမူတည်တယ်” ချင်ယိ မဲ့ပြုံးပြုံးလိုက်သည်။ သူသည် ရှီမာယူယူနှင့်ပတ်သတ်ပြီး ယုံကြည်ချက်ရှိထားသည်။

နီအန်းယိသည် ဘေးတွင်ရပ်နေသည်။ သူသည် အောက်မှအခြေအနေ ကို စိုးရိမ်နေသည်။ သူသည် အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန်လျှောက် နေသည်။ သူသည် အလွန် ပူူပန်လျက်ရှိသည်။ သူသည် သားအမိ ကျောက်တုံးထုတ်ကာ ဖန်ကျိနှင့် တခြားသူများကို ဆက်သွယ်လိုက်သည်။

“အစ်ကိုကြီး အဆင်ပြေလား”

“ညီလေး၆လား မင်းဘယ်မှာလဲ” ဖန်ကျိနှင့်အဖွဲ့သည် ပြီးခဲ့သည့် နှစ်ရက်အတွင်းတွင် အပေါ်မှဘာမှမကြားရပေ။ အခုမှပင် နီအန်းယိနှင့် ဆက်သွယ်မိကာ ပျော်သွားကြသည်။

“ငါအဆင်ပြေတယ် ငါတို့ကိုလိုက်တဲ့ ဝိညာဉ်သားရဲတွေ အကုန်သေ သွားပြီ” နီအန်းယိ ပြောလေသည် “အကုန်လုံးအဆင်ပြေကြရဲ့လား”

“ကံကောင်းလို့ ငါတို့နောက်ထပ်နည်းနည်းခံနိုင်သေးတယ် ဒါပေမဲ့ ဘာမှစဉ်းစားမရ….”

“အစ်ကိုကြီး မစိုးရိမ်နဲ့ ခေါင်းဆောင်ရောက်နေပြီ အပေါ်မှာ နည်းလမ်း စဉ်းစားနေတယ် ငါတို့ကောင်းကင်ပိုက်ကွန်ကိုဖွင့်ပြီးတာနဲ့ အကုန်လုံး အဆင်ပြေမှာပါ” နီအန်းယိ နှစ်သိမ့်လေသည်။

“ခေါင်းဆောင်ဟုတ်လား ခေါင်းဆောင်ရောက်နေတယ်လို့ ပြောလိုက် တာလား”

မျှော်လင့်ချက်မဲ့နေသော ထိုလူများသည် ရှီမာယူယူ ရောက်နေသည်ဟု ကြားလိုက်သောအခါ အားပြည့်သွားကြသည်။

“ဟုတ်တယ်” နီအန်းယိ အတည်ပြုလေသည် “ခေါင်းဆောင်က အပေါ် က ကောင်းကင်ပိုက်ကွန်ကိုဖွင့်ဖို့ ကြိုးစားနေတယ် အကုန်လုံး နောက်ထပ် ရက်နည်းနည်းလောက် တောင့်ခံပေးဦး ခေါင်းဆောင်အောင်မြင်တာနဲ့ အကုန်လုံး ဘေးကင်းမှာပါ”

“ခေါင်းဆောင်က ဘယ်တုန်းကလာတာလဲ”

“တောင်ကြားဒုခေါင်းဆောင်လာပြီဆိုတော့ မျှော်လင့်ချက်ရှိသွားပြီ”

“ဟုတ်တယ် အကုန်လုံးနည်းနည်းလောက် တောင့်ခံပေးပါ ဝိညာဉ် စွမ်းအင်ကုန်သွားတယ်ဆိုရင် ပြန်အားပြည့်ဖို့ ဆေးစားကြ”

ကုန်ရှန်ယိသည် ရှီမန်ဖန်၏ လက်များကို ပျော်ရွှင်စွာ ဆုပ်ကိုင်လေ သည် “ဖန် ယူယူ ယူယူရောက်လာပြီ ရှင်နောက်ဆုံးတစ်ကြိမ်ကြိုးစားကြည့် တုန်းက သူမကို ဆက်သွယ်မိတာဖြစ်မယ်”

ရှီမန်ဖန်သည် အလွန်ပျော်ရွှင်သွားသည်။ နောက်ဆုံးတော့ မျှော်လင့် ချက်ရှိလာပြီ။ သူ၏ ဝိညာဉ်စွမ်းအင်ကုန်ခမ်းကာ ဒဏ်ရာလည်းရထားသည်။

“ဒါပေမဲ့ ငါတို့အကုန် တိုက်ခိုက်တုန်းက အပေါ်ကဟာကြီးက ဘာမှ မတုန့်ပြန်တာ ယူယူက တစ်ယောက်တည်း သူမ ဘယ်လိုဖွင့်နိုင်မှာလဲ” ဘိုင်ရှန်းသည် စိုးရိမ်နေဆဲဖြစ်သည်။

ရှောင်ချီ ခုန်ပေါက်လာကာ “အဘိုးဘိုင် မစိုးရိမ်နဲ့ ကောင်းကင်ပိုက်ကွန် က ဖျက်ဖို့နည်းနည်းခက်ပေမဲ့ ကိုင်တွယ်ဖို့ ယူယူ့မှာနည်းလမ်းရှိတယ် နည်းနည်းပဲအချိန်လိုမှာ”

ရှောင်ချီနှင့် ရှီမာယူယူတို့သည် အမြဲခွဲမရခဲ့ပေ။ သူမ အသံကိုကြားရ သောအခါ ရှီမာယူယူကို မြင်လိုက်ရသကဲ့သို့ သူတို့၏ စိတ်များပိုခိုင်မာသွား ကြသည်။

“သူမ ဘယ်လိုဖျက်မှာလဲ”

ရှောင်ချီသည် သူမအနေအထားမှာ ပြောပြရန် သက်တောင့်သက်သာ မဖြစ်သည်ကို ခံစားရသည်။ သူမသည် နီအန်းယိဆီမှ သားအမိကျောက်ကို ယူကာ မြေပေါ်တွင်ထိုင်ပြီးအားလုံးကို ရှင်းပြလေသည်။

“ဒီကောင်းကင်ပိုက်ကွန်က ကောင်းကင်နဲ့မြေကြီးစွမ်းအားကိုယူပြီး လုပ်ထားတာပဲ အစကတည်းက အရမ်းအားကောင်းတယ် ကောင်းကင်ပိုက်ကွန်နဲ့ ပိတ်မိသွားတဲ့လူတွေက ဘယ်သူမှထွက်မရတော့ဘူး”

ရှောင်ချီပြောသည်ကို နားထောင်ပြီး အားလုံးခါးသက်သွားကြသည်။ အဲလောက်အားကောင်းတာလား။

သို့သော် စဉ်းစားကြည့်ရာ ထိုနေရာတွင် ရှေးဟောင်းဝိညာဉ်သားရဲ များစွာပိတ်မိခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုစဉ်က သည်နေရာသည် ထာဝရရှင်သန်သူနယ်မြေမဟုတ်သေးပေ။ ဖွင့်လိုက်သည်နှင့် အပြင်လောက တွင် မည်သို့ ဘေးကပ်ဆိုးများကျရောက်လာမည်နည်း။ အမှန်တကယ်တော့ ကောင်းကင်ပိုက်ကွန်သည် သူတို့ကို ပိတ်ထားရန် မျှော်လင့်ထားရပေမည်။

ဒါပေမဲ့ အဲလောက်အားကောင်းတဲ့ ကောင်းကင်ပိုက်ကွန်လေ၊ သူတို့ ဘယ်လိုအပြင်ထွက်ကြမလဲ။

ရှောင်ချီသည် သူတို့အတွေးကို မှန်းမိပြီး ဆက်ပြောလေသည် “အခုတကယ်ပဲ အကုန်လုံးစိုးရိမ်နေကြတာလား ဟားဟား ယူယူသာမရှိရင် စိုးရိမ်ဖို့လိုတာပေါ့ ဒါပေမဲ့ ယူယူနဲ့ဆိုရင် ဘာမှစိုးရိမ်ဖို့မလိုဘူး”

“အဲဒါကို စီမံတဲ့လူကလွဲရင် ဖွင့်နိုင်တဲ့သူမရှိဘူးလို့ မပြောခဲ့ဘူးလား” ကုန်ရှန်ယိ မေးလိုက်သည်။

“အစ်မကြီးရှန်ယိ အမှောင်ထဲကစီမံတဲ့ ကိစ္စတွေကိုယုံထားရမယ်” ရှောင်ချီသည် ကစားနေတုန်းပင် “လွန်ခဲ့တဲ့လတွေတုန်းကဆိုရင် ယူယူနဲ့ အစ်မတို့အကုန်လုံး ဒီမှာပိတ်မိနေပြီ မျှော်လင့်ချက်မရှိတော့ဘူး ဒါပေမဲ့ အခု တော့ ဒါပြဿနာမဟုတ်တော့ဘူး”

“ဘာလို့လဲ”

ပြီးခဲ့တဲ့လတွေမှာ ဘာတွေပြောင်းသွားလို့လဲ။

“လူခွဲလိုက်တဲ့အတောအတွင်းမှာ ယူယူက သူမဒွန့်ကိုနားလည်သွားခဲ့ တယ် ပြီးတော့ အဲဒါကကောင်းကင်ဒွန့်နဲ့ ဆက်စပ်နေတယ် သူမက ဝိညာဉ် လောကကိုလည်း နားလည်သွားခဲ့တယ်” ရှောင်ချီသည် ဂုဏ်ယူစွာဖြင့် ရှင်းပြ လေသည် “အဲဒါက ကောင်းကင်ပိုက်ကွန်နဲ့ ဆက်စပ်နေတယ် အခု သူမက ကောင်းကင်ပိုက်ကွန်နဲ့ ဆက်သွယ်မှုတည်ထောင်ကြည့်မလို့ကြိုးစားနေတယ် ဆက်သွယ်မှုအောင်မြင်ရင် အကုန်လုံးကိုခေါ်ထုတ်နိုင်ပြီ”

သူမက တကယ်ပဲ ဒွန့်ကိုနားလည်သွားတာပဲ။ စံတင်အဆင့်တွေပဲလုပ် နိုင်တဲ့ ဝိညာဉ်လောကကိုလည်း နားလည်သွားသေးတယ်။

တွင်းပေါက်ထဲတွင် အော်သံများထွက်လာကြသည်။ သူတို့၏ တောင်ကြားဒုခေါင်းဆောင်သည် အမှန်တကယ်ပင် ထူးခြားလှသည်။

သို့သော် ထိုအကြောင်းကြောင့်ပင် သူတို့အသက်ရှင်ရန် မျှော်လင့်ချက် ရှိလာသည်။

သူတို့သည် သူမ၏ ထိုရှုထောင့်ကိုသဘောကျကြသည်။

အချိန်သည် ထိုအတိုင်းပင် ရက်ပေါင်းများစွာကြာသွားသည်။ လူအများစုမှာ ဝိညာဉ်စွမ်းအင်များ သုံးပြီးသွားသော်လည်း သူမ သူတို့ကို ကယ်နိုင်မည်ဟု ယုံကြည်ထားသဖြင့် တောင့်ခံနိုင်တုန်းပင်ဖြစ်သည်။

***

All Chapters